← Chapters

တောင်ပေါ်မှ သရဲဆံပင် (၃)

Vol. 8 Ch. 109

တောင်ပေါ်မှ သရဲဆံပင် (၃)

Vol. 8 Ch. 109

လင်းရှန်ကိုတွေ့ပြီး သူ့ခွန်အားအစစ်အမှန်ကိုသာမြင်လျှင် သူတို့ရဲ့ အမူအရာတွေက ဘယ်လိုဖြစ်မလဲဆိုတာကို တွေးကာ အံ့ဩမိနေသည်။

ရင်ထဲမှခံစားချက်ကို သက်ပြင်းချရင်း ကျန့်ဝေ့ရုန်သည် ယန်တောင်၏ မျက်လုံးထောင့်မှ မှိုင်းညို့နေသော အမူအရာကို မြင်လိုက်ရသောအခါတွင် သူ့နှလုံးသားက ချက်ချင်းခုန်ပေါက်သွားလေသည်။ သူ့လျှာဖျားက စကားလုံးတွေကို ချက်ချင်း မျိုချလိုက်သည်။

"ငါမေ့တော့မလို့ပဲ၊ ယန်မိသားစုနဲ့ လင်းရှန်က ရန်ငြိုးတွေများနေတယ်”

ကျန့်ဝေ့ရုန်က သူ့ဘာသာတွေးပြီး ပိုင်ရှောင်ထုံကို အလျင်အမြန် ကြည့်လိုက်သည်။

ပိုင်ရှောင်ထုံကလည်း နားလည်လိုက်သည်။ သူမ လျှာကို ထုတ်ပြီး တခြားဘာမှ မပြောတော့ပေ။

ဒီအချိန်မှာတော့ မနီးမဝေးမှ တိုက်ပွဲက ပြီးသွားပြီပင်။

အရည်ပျော်ခြင်း၏ ပြင်းထန်သော စွမ်းအားအောက်တွင် တောင်ပေါ်မှင်စာ ခုနစ်ကောင်၊ ရှစ်ကောင်ခန့်သည် မီးလောင်ကျွမ်းနေသော အလောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် လဲကျနေပြီဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တောင်ပေါ်သရဲတစ်ကောင်သာ ကျန်နေခဲ့သည်။

လင်းရှန်၏ တိုက်ခိုက်မှုအောက်မှာတော့ ဒါက တုန်လှုပ်စရာကောင်းပြီး စိတ်မကောင်းစရာအခြေအနေဖြစ်နေသည်။ ပိုင်းခြားသိမြင်တဲ့မျက်လုံးရှိသူတိုင်းအနေနဲ့ ဒါက အနိုင်ရဖို့ အချိန်တစ်ခုသာ လိုတော့ကြောင်း ပြောနိုင်သည်။

ဒါအမှန်တရားပင်။

စက္ကန့်အနည်းငယ်အကြာတွင် လင်းရှန်သည် ပါးစပ်ကိုဖွင့်ကာ အော်လိုက်သည်။ သူ၏ နဂါးဟောက်သံသည် တောင်ပေါ်သရဲ၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားကာ မူးနောက်သွားစေသည်။ သူ့ခန္ဓာကိုယ်က အရက်မူးသလိုမျိုး လှုပ်ခါနေသည်။

လင်းရှန်က ထိုအခွင့်အရေးကို အမိအရယူကာ လေပြင်းများကဲ့သို့ပင် တောင်ပေါ်သရဲ၏နောက်သို့ ပြေးတက်သွားသည်။ သူသည် တောင်ပေါ်သရဲနောက်ဘက်သို့ရောက်သွားပြီး တောက်လောင်နေသော စွမ်းအားဖြင့် ရိုက်ချလိုက်သည်။

ချက်ချင်းပင် တောင်ပေါ်သရဲ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်လှုပ်သွားပြီး မျက်လုံးများ ပြူးသွားခဲ့သည်။ ခန္ဓာကိုယ်တွင်းရှိ ရှင်သန်နေသော အရာအားလုံးက ချက်ချင်း ငြိမ်းကျသွားသည်။

ဘုန်း

တောင်ပေါ်သရဲသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျလာပြီး သေဆုံးသွားခဲ့သည်။

လင်းရှန်သည် သူ၏လက်ဖဝါးကို ဖြည်းညှင်းစွာပြန်ဆုတ်ပြီး အိုက်ကျင့်ထင်နှင့် အခြားသူများကို လှည့်ကြည့်လိုက်သည်။

သူတို့လေးယောက် တောင်ထိပ်ကို ရောက်လာကတည်းက လင်းရှန်က သူတို့ကို အာရုံခံမိနေသည်။ သို့သော် ရပ်ပြီး တိုက်ပွဲကို စောင့်ကြည့်ရုံမှလွဲ၍ အခြားဘာမှ မလုပ်တာကြောင့် လင်းရှန်က သူတို့ကို လျစ်လျူရှုခဲ့သည်။

လင်းရှန်သည် သူတို့လက်ထဲတွင်ရှိသော လက်နက်များကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းတို့သည် မည်သူမည်ဝါဖြစ်သည်ကို တွေးလိုက်မိသည်။

နိုင်ယန်ကျောင်း၏ အသုံးအဆောင်ပစ္စည်းခန်းမမှထုတ်လုပ်သော သာမန်အဆင့်လက်နက်များအားလုံးကို ပုံစံသတ်မှတ်ထားပြီး ၎င်းတို့တွင် ထူးခြားသောအမှတ်အသားများ ပါရှိသည်။

ဤလူလေးဦး၏လက်ထဲတွင်ရှိသော လက်နက်များကို အသုံးအဆောင်ပစ္စည်း

ခန်းမမှထုတ်လုပ်ခဲ့သည်။ သေချာတာက သူတို့သည် နိုင်ယန်ကျောင်း၏တပည့်တွေဖြစ်ပြီး သူတို့ဘယ်အဆင့်လဲဆိုတာတော့ သူမသိပေ။

လင်းရှန်က စူးစမ်းဖို့လည်း စိတ်မဝင်စားပေ။ အဝေးကို လှည့်မကြည့်မီ သူတို့ကို အကြိမ်အနည်းငယ် ကြည့်လိုက်၏။ သူသည် ဓားမြှောင်တစ်ချောင်းကို ထုတ်ကာတောင်ပေါ်သရဲ၏ဆံပင်ကို စတင်ဖြတ်တောက်လိုက်သည်။

တောင်ပေါ်သရဲတွင် တန်ဖိုးအရှိဆုံးအရာမှာ ၎င်း၏ဆံပင်ဖြစ်သည်။ ၎င်းကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် သို့မဟုတ် ကြာပွတ်နှင့် ကြိုးကဲ့သို့သော အထူးလက်နက်များကို သန့်စင်ရန် အသုံးပြုနိုင်သည်။ ၎င်းကို အသုံးပြုနိုင်မှုကကျယ်ပြန့်သည်။

အရည်အသွေးခန်းမတွင် သက်ဆိုင်ရာ စုဆောင်းရေး မစ်ရှင်တစ်ခု ရှိသည်ကို လင်းရှန် သတိရမိသည်။ ဆုလာဘ်သည် အရည်အသွေးရမှတ် ၃၀၀ မှ ၄၀၀ အထိ ဖြစ်ပုံရသည်။

ထို့ကြောင့် လင်းရှန်သည် တောင်ပေါ်သရဲနှင့် တိုက်ခိုက်သောအခါတွင် ထိုဆံပင်ကို တမင်တကာ ရှောင်ပြီး တိုက်ခဲ့တာ ဖြစ်သည်။

မဟုတ်ရင် သူ့ရဲ့ ခွန်အားနဲ့ ဆို တောင်ပေါ်သရဲက သေတာ ကြာပြီပင်။

တောင်ပေါ်မှင်စာရဲ့ ဆံပင်ကတော့ တန်ဖိုးမရှိပေ။ ၎င်း၏အသွေးအသားတွင် ဝိညာဉ်

ရေးရာသားရဲများစွာကဲ့သို့ ဝိညာဉ်ရေးအနှစ်သာရပင် မပါဝင်ပေ။ သူစားလျှင်ပင် ကျင့်ကြံဖို့ လိုအပ်သော ဝိညာဉ်ရေးရာအနှစ်သာရကို ပေးစွမ်းမည်မဟုတ်ပေ။ လင်းရှန်သည် ၎င်းတို့ကို လျစ်လျူရှုထားပြီး အလောင်းများကို ဒီအတိုင်း စွန့်ပစ်ခဲ့သည်။

မကြာမီတွင် လင်းရှန်သည် တောင်ပေါ်သရဲ၏ဆံပင်ကို ဖြတ်တောက်ပစ်လိုက်သည်။

ထို့နောက် သူသည် တောင်ပေါ်သရဲ၏ဦးခေါင်းကိုဖြတ်လိုက်ပြီး ပြန်သွားလျှင် မစ်ရှင်

လက်မှတ်အဖြစ်အသုံးပြုရန် ပြင်ဆင်နေခဲ့သည်။

ဒါတွေ အားလုံးလုပ်ပြီးလို့ ထပြီး ထွက်သွားဖို့ လုပ်နေချိန်မှာ နူးညံ့တဲ့အသံက တားဆီးလိုက်သည်။

"ဂျူနီယာ မောင်လေးလင်း၊ ခဏစောင့်ပါအုံး”

လင်းရှန် လှည့်ကြည့်လိုက်တော့ လေးယောက်ထဲမှ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ယောက်ကို မြင်လိုက်ရသည်။

"အမနာမည်က အိုက်ကျင့်ထင်ပါ၊ နိုင်ယန်းကျောင်းရဲ့ မြေကမ္ဘာအဆင့် တပည့်ပါ”

လင်းရှန်း လှည့်ကြည့်လိုက်တော့ အိုက်ကျင့်ထင်က သူ့ကိုယ်သူ မိတ်ဆက်လေသည်။

လင်းရှန်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူ့ရှေ့မှလူက မြေကမ္ဘာအဆင့် တပည့်ဖြစ်တယ်လို့ ကြားလိုက်ရင်တောင် သူ့အမူအရာက လုံးဝပြောင်းလဲမသွားပေ။

"ကျွန်တော် ဘာကူညီပေးရမလဲ”

"အမ ဂျူနီယာမောင်လေးလင်းကို ကျေးဇူးပြုပြီး တောင်းဆိုချင်ပါတယ် ။တောင်ပေါ်သရဲရဲ့ ဆံပင်ကို အမကို ပေးလို့ရမလား၊ အဲ့အတွက် ဆေးလုံးတွေနဲ့ ပြန်လဲလှယ်ပေးပါမယ်”

အိုက်ကျင့်ထင်က ဖြည်းညှင်းစွာပြောသည်။ သူမ၏ ရိုးသားတဲ့အမူအရာနဲ့ နူးညံ့သိမ်မွေ့တဲ့လေသံကြောင့် လူတွေက သူမကို သဘောကျတာပင်။

လင်းရှန်က မျက်ခုံးပင့်လိုက်ပြီး " ဘယ်လိုနဲ့ လဲချင်တာလဲ” ဟုမေးလိုက်သည်။

"မင်း စိတ်မဆိုးရင် အခြေခံဆေးလုံးနဲ့ လဲလှယ်ချင်တယ်။"

လင်းရှန်က အနည်းငယ် သွေးဆောင်ခံရသည်ကို မြင်လိုက်ရသဖြင့်

အိုက်ကျင့်ထင်ကသက်ပြင်းချလိုက်သည်။ သူမ၏ လက်ကောက်ဝတ်ကို လှန်လိုက်တော့ လှပသော ကြွေပုလင်းက သူမ၏ လက်ဖဝါးထဲတွင် ပေါ်လာသည်။

"တောင်ပေါ်သရဲ ဆံပင်အတွက် ဒီဆေးလုံးဆယ်လုံးနဲ့ လဲမယ်လေ။ အဲဒါဆို ဘယ်လိုလဲ။"

အိုင်ကျင့်ထင်၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။

တောင်ပေါ်သရဲ၏ဆံပင်သည် ဝိညာဉ်မီးတောက်ဆေးကို သန့်စင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုဖြစ်သည်။ သူမအတွက် အလွန်အရေးကြီးသည်။

သူမကို တရားဝင် အဂ္ဂိရတ်ဆရာအဖြစ် ရာထူးတိုးနိုင်မလားဆိုတာက ဒီအပေါ်မှာမူတည်နေသည်။

လင်းရှန်သည်လည်း သွေးဆောင်ခံခဲ့ရသည်။

အခြေခံဆေးဆေးဆယ်လုံးသည် အရည်အသွေး ရမှတ် ၅၀၀ တန်ဖိုးရှိပြီး တောင်ပေါ်သရဲဆံပင်၏ အမှန်တကယ်တန်ဖိုးထက် များစွာ ကျော်လွန်နေသည်။ ဒါဟာ သူ့အတွက် ချိုမြိန်တဲ့ သဘောတူညီချက်တစ်ခုပင်။

မည်သို့ပင်ဆိုစေကာမူ တောင်ပေါ်သရဲ၏ဆံပင်သည် သူ့အတွက် အသုံးမဝင်ပေ။ အများစုက အရည်အသွေးရမှတ်များနှင့် လဲလှယ်နိုင်သည်။ ထို့ပြင် အိုက်ကျင့်ထင်ဆီက အခြေခံဆေးလုံးနဲ့လည်း လဲလှယ်နိုင်သည်။

ခဏလောက်စဉ်းစားပြီးနောက် လင်းရှန်ကစိတ်ဆုံးဖြတ်ကာ စကားစလုဆဲဆဲဖြစ်နေသည်။

ဒါပေမယ့် ထိုအချိန်မှာ ယန်တောင်က ရုတ်တရက် စကားစလိုက်သည်။

" တောင်ပေါ်သရဲဆံပင်အတွက် ဆေးလုံးဆယ်လုံးတောင်။ ဒီသဘောတူညီချက်ကနေ မင်း အခွင့်ကောင်းရနေပြီပဲ။ ဘာကို တွန့်ဆုတ်နေတာလဲ။"

ဒါကိုကြားတော့ အိုက်ကျင့်ထင်ကမျက်မှောင်ကြုတ်သွားသည်။

ကျန့်ဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့သည်လည်း စိတ်ထဲမှ တစ်ချိန်တည်း

ကျိန်ဆဲလိုက်ကြသည်။

မျှော်လင့်ထားသည့်အတိုင်း လင်းရှန်က ယန်တောင်ကို လှည့်ကြည့်လိုက်သည်။ သူ့ကို ကြည့်ပြီး လင်းရှန်က ပြုံးပြုံးလေးဖြင့် ပြောလိုက်သည် ။

"အကိုကရော ဘယ်သူလဲ"

All Chapters