ထူးဆန်းသောအဖေနဲ့ သား (၁)
Vol. 8 Ch. 110
လင်းရှန်နှင့်တွေ့ဆုံပြီးနောက် ယန်တောင်သည် လင်းရှန်အပေါ် မကျေနပ်ချက်များနဲ့
ဒေါသများကို မျိုသိပ်ထားပြီး ထုတ်ဖော်မပြမိအောင် ကြိုးစားခဲ့သည်။
အိုက်ကျင့်ထင်က လင်းရှန်ကို ကောင်းမွန်စွာ စကားပြောဆိုတာတောင် လင်းရှန်က သူမကို လျစ်လျူရှုထားပုံရသည်။ ဒါကိုမြင်တော့ ယန်တောင်က ဒေါသထွက်သွားသည်။
သို့သော် ပြောပြီးသည်နှင့် ယန်တောင်က ဝမ်းနည်းသွားသည်။
သူက အိုက်ကျင့်ထင်ရဲ့ သဘောတူညီမှုကို ပျက်ပြားစေပြီး သူမကို ဒေါသထွက်အောင် လုပ်မိတာဆိုလျှင် ဒါက လန့်စရာပင်။
သို့သော်လည်း ဤအချိန်တွင် ယန်တောင်သည် လင်းရှန်၏ ရှေ့မှာ ရှုံးနိမ့်တာကို ဝန်ခံလိုခြင်းမရှိပေ။ သူ့ဘာသာ စကားကို ထိန်းပြီး ပြောဆိုရုံသာ တတ်နိုင်သည်။
"ငါက မြေကမ္ဘာအဆင့် တပည့် ယန်ပဲ”
"ဒါဆို စီနီယာ အစ်ကိုယန်ပေါ့”
လင်းရှန်က တစ်ခုခုကို သဘောပေါက်သွားသည်။
ထိုလူ သူ့ကို ကြည့်တဲ့အကြည့်က နားမလည်နိုင်လောက်အောင် ရန်လိုတယ်လို့ သူခံစားမိနေတာက အံ့ဩစရာမရှိပေ။
သူအတွေးလွန်နေတာလို့ ထင်ခဲ့ပေမယ့် ဒီလူက ယန်မိသားစုကပင်။
လင်းရှန်ကပြုံးပြီး အိုင်ကျင့်ထင်ဘက် လှည့်လိုက်သည်။
"စီနီယာ အစ်မအိုက်၊ ကျွန်တော်ကို ဆေးလုံး ဆယ့်တစ်လုံးပေးရင် တောင်ပေါ်သရဲဆံပင်နဲ့ လဲပေးမယ်”
အိုက်ကျင့်ထင်က အံ့အားသင့်သွားသည်။
ယန်တောင်က ဒေါသထွက်သွားသည်။
"တောင်ပေါ်သရဲ ဆံပင်က အရည်အသွေးအမှတ် အများဆုံးမှ ၃၀၀ကနေ ၄၀၀အထိပဲလေ”
" အခြေခံဆေး ဆယ်လုံးဆိုရင်ပဲ ရက်ရောတဲ့ ကမ်းလှမ်းချက်တစ်ခု ဖြစ်နေပြီလေ။ စျေးထပ်တိုးချင်သေးတာလား"
လင်းရှန်က ယန်တောင်ကို ငုံ့ကြည့်ပြီး "ဆေးလုံး ဆယ့်နှစ်လုံး" ဟု ပြုံးပြုံးကြီးနဲ့ ပြောလိုက်သည်။
"မင်းက အရမ်းတောင်းနေတာပါလား”
"အခြေခံဆေး ဆယ့်သုံးလုံး”
ယန်တောင်သည် သူ့နဖူးရှိ သွေးကြောများ ပေါ်ထွက်လာသည့် အထိ ဒေါသထွက်ပြီး ထပ်ပြောဖို့ လုပ်မည့်အခိုက်တွင် ကျန့်ဝေ့ရုန်နဲ့ ပိုင်ရှောင်ထုံတို့က ဒီအတိုင်း ကြည့်မနေနိုင်တော့ပေ။ သူ့ကိုတားဖို့ ရှေ့ကို ပြေးသွားကြသည်။
"စီနီယာ အကိုယန် စိတ်လျှော့ပါ”
"ဟုတ်တယ် စီနီယာအကိုယန်၊ စီနီယာအမအိုက်က သရဲဆံပင်ကို လိုအပ်နေတဲ့သူလေ။ ဒီကိစ္စကို သူ့ဘာသာ ဖြေရှင်းပါစေ”
ယန်တောင်ကို ဖျောင်းဖျနေစဉ်တွင် ကျန်ဝေ့ရုန်က သရဲဆံပင်ကို လဲလှယ်လိုသူသည် အိုက်ကျင့်ထင်ဖြစ်သည်ဟူသော အရိပ်အမြွက်ကို မမေ့အောင်ပြောပြီး လင်းရှန်အနေနဲ့ သူမကို ဒေါသမထွက်စေရန်လည်း တွန်းအားပေးခဲ့သည်။
လင်းရှန်သည် အလွန်ထက်မြက်သောကြောင့် ကျန့်ဝေ့ရုန်အကြံပြုတာကို သဘာဝကျကျ နားလည်ခဲ့သည်။
သို့သော် ထိုကိစ္စကို သူ ဂရုမစိုက်ပေ။ ဒီလို အသုံးမကျတဲ့ အသင်းဖော်နဲ့ အတူရှိတဲ့အခါ သူ့ကြောင့် အတားအဆီးတွေနဲ့ ကြုံရမယ်ဆိုတာကို လင်းရှန်က သိသည်။
"ဘယ်လိုလဲ စီနီယာအစ်မအိုက်၊ လဲမလား”
သူ့ရှေ့က ပြုံးနေတဲ့ လူငယ်လေးကို ကြည့်ရင်း အိုင်ကျင့်ထင်က သက်ပြင်းချချင်ပေမယ့် မဆိုင်းမတွ ခေါင်းညိတ်ပြလိုက်သည်။
"လဲမယ်”
လင်းရှန်သည် ကြွေပုလင်းကိုယူ၍ စစ်ဆေးလိုက်သည်။ အခြေခံဆေးလုံး ဆယ့်သုံးလုံးရှိကြောင်း အတည်ပြုပြီးနောက် သူသည် တောင်ပေါ်သရဲ၏ဆံပင်ကို အိုက်ကျင့်ထင်အား ပေးအပ်ခဲ့သည်။
"စကားမစပ် အမအိုက်ကိုသတိပေးပါရစေ။ ဒီအတိုင်း မှတ်ထားဖို့ပါ။ အရူးတွေနဲ့ အချိန်အများကြီး ဖြုန်းရင် အမရဲ့ အရည်အချင်းတွေလည်း လျော့သွားလိမ့်မယ်။ အဲလိုလူတွေနဲ့ ခပ်ဝေးဝေးမှာ နေလိုက်တာက ပိုကောင်းပါတယ်။"
ထိုစကားကို ပြောပြီးနောက် ဒေါသတကြီးနဲ့ ယန်တောင်က ဆူပူကြိမ်းမောင်းမှာကို စောင့်ဆိုင်းမနေဘဲ လင်းရှန်က ပြုံးကာ တောင်ထိပ်မှ ထွက်သွားလေသည်။
လင်းရှန်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးမှ အိုက်ကျင့်ထင်၏ မျက်လုံးများတွင် ထူးဆန်းသော အရိပ်တစ်ခု လင်းလက်လာသည်။
"ဂျူနီယာညီမအိုက် ငါ.."
ငြိမ်သက်သွားပြီးနောက် ယန်တောင်က ရှင်းပြချင်သော်လည်း အိုက်ကျင့်ထင်၏ နူးညံ့သိမ်မွေ့သော အသံကြောင့် ရပ်တန့်သွားသည်။
"အဆင်ပြေပါတယ် စီနီယာ အကိုယန်၊ အကိုရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ဘူးဆိုတာ သိပါတယ်။ စိတ်ထဲမထားပါနဲ”
"နောက်ကျနေပြီ၊ ပြန်ကြရအောင်။"
ထို့နောက် သူမသည် တောင်ပေါ်မှဆင်းလာခဲ့သည်။
ယန်တောင်မျက်နှာက အနည်းငယ် ဖြူဖျော့သွားသည်။
အိုက်ကျင့်ထင်က သူ့ကို ညည်းညူတာဖြစ်ဖြစ်၊ ဝုန်းဒိုင်းကြဲတာဖြစ်ဖြစ် လုပ်စေချင်
မိသည်။ ဘာပဲဖြစ်ဖြစ် အဲ့တာက ဒီလို နူးညံ့သိမ်မွေ့ပြီး လျစ်လျူရှုတဲ့ သဘောထားထက် ပိုကောင်းသည်။
သူမက ကြင်နာပြီး နူးညံ့ပုံပေါက်ပေမယ့် ဒါက သူကို နီးစပ်သူတစ်ယောက်
အနေနဲ့ လုံးဝ မဆက်ဆံဘူးလို့ ဆိုလိုတာပင်။ထို့ကြောင့် သူမသည် အလွန်ယဉ်ကျေးနေတာ ဖြစ်သည်။
ဖီရွန်တောင်မှ ထွက်ခွာပြီးနောက် လင်းရှန်သည် နဂါးမြို့တော်သို့ ပြန်သွားခဲ့သည်။
သူသည် နဂါးချောက်နက် တောင်တန်းတွင်
လဝက်ကျော် နေထိုင်ခဲ့ပြီးဖြစ်သည်။ သူ့အနေနဲ့ ပြန်ဖို့အချိန်တန်ပြီပင်။
လင်းရှန်က မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။
[အမည်-လင်းရှန်]
[စွမ်းရည်- သတ်ဖြတ်ခြင်းကို အားပေးသည် ]
[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်၊ ၇၆ %]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (ကျွမ်းကျင်မှုအဆင့် ၃၅%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်းအဆင့်)
အရိပ်( ပြီးပြည့်စုံခြင်းအဆင့်)၊ အရည်ပျော်ခြင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (အထူးကျွမ်းကျင်အဆင့် ၁၅%)
တိမ်တိုက်ကြားမှ နဂါးဟောက်သံ (အထူးကျွမ်းကျင်အဆင့် ၁၁%)၊သေခြင်းအတားအဆီး(ကျွမ်းကျင်အဆင့် ၂၁%)]
[ကိုယ်ပွားအရေအတွက်- ၅ (၃၉%)]
လွန်ခဲ့သည့် လဝက်ခန့်က နဂါးချောက်နက် တောင်တန်း၌ လင်းရှန်သည် ရွှေကျီးကန်းကျမ်းကို များများစားစား မကျင့်ကြံခဲ့ပေ။ သူ၏ ကျင့်ကြံမှုအဆင့် တိုးလာရခြင်းမှာ သတ်ဖြတ်ခြင်းကို အားပေးခြင်း စွမ်းရည်မှတဆင့် တိုးလာခြင်းဖြစ်သည်။
ထို့ကြောင့် သူ၏တိုးတက်မှုမှာ အနည်းငယ်နှေးကွေးနေတာ ဖြစ်သည်။ သူသည် ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့်သို့ မရောက်ရှိသေးပေ။
နှိုင်းယှဉ်ကြည့်လျှင်တော့ ကိုယ်ခံပညာများ တိုးတက်လာမှုက သိသာထင်ရှားသည်။
တားမြစ်ထားသော ရွှေရောင် ချပ်ဝတ်တန်ဆာနှင့် တိမ်တိုက်ကြားမှ နဂါးဟောက်သံ နှစ်ခုစလုံးသည် ကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့သည်။
အရည်ပျော်ခြင်းသည် ပြီးပြည့်စုံခြင်းအဆင့်သို့ပင်ရောက်ရှိသွားခဲ့သည်။
သူ၏ ခွန်အားသည်လည်း သိသိသာသာ တိုးလာသည်။
“သတ်ဖြတ်ခြင်းကိုအားပေးတဲ့စွမ်းရည်နဲ့ ဝိညာဉ်သားရဲတွေကို
လိုက်ဖမ်းရင် ငါ့ရဲ့ခွန်အားတွေ တကယ်တိုးလာတယ်။ နည်းနည်းတော့ပင်ပန်းတာပေါ့”
"ခဏလောက် အနားယူပြီးရင် ထပ်လေ့ကျင့်ဖို့ နဂါးချောက်နက်တောင်တန်းကို လာရမယ်"
လင်းရှန်က ဝမ်းသာအားရ ဆုံးဖြတ်လိုက်သည်။
နဂါးမြို့တော်သို့ပြန်လာပြီးနောက် လင်းရှန်သည် အိုက်ကို တိုက်ခန်းသို့ ဦးစွာပြန်ပို့ပြီး အိမ်တွင်နေရန်နှင့် ကျင့်ကြံရန် ညွှန်ကြားခဲ့သည်။ ကြောင်အစာသေတ္တာပုံကြီးကို ထားခဲ့ပြီးနောက် နိုင်ယန်းကျောင်းသို့ ပြန်လာခဲ့သည်။
တယ်လီပို့စနစ်ခင်းကျင်းမှုကို ဖြတ်ကျော်လာပြီး အဖြူရောင်ကလွဲလို့ ဘာကိုမှ မမြင်ရပြီးတဲ့နောက်မှာတော့ လင်းရှန်သည် နိုင်ယန်းကျောင်းသို့ အမြန်ပြန်ရောက်လာခဲ့သည်။
တောင်ပေါ်လမ်းကို သွားသည့် တပည့်များက ခါတိုင်းလို အလျင်လိုနေကြသည်။
ဒီမှာတော့ အရှိန်က ဘယ်တော့မှ နှေးကွေးသွားပုံ မရပေ။ တပည့်များအားလုံးက ခွန်အားတိုးရန် အချိန်ကို လုနေခဲ့ကြသည်။
ရက်အနည်းငယ်ကြာပြီးနောက် လမ်းပြတိုက်ပွဲ၏ အကျိုးသက်ရောက်မှုသည် များစွာ လျော့နည်းသွားမည်ဟု လင်းရှန်က တွေးမိခဲ့သည်။
သို့သော်လည်း တောင်ပေါ်လမ်းကို တက်တဲ့အချိန်မှာတော့ စူးစူးရဲရဲ အကြည့်များ ရှိနေသေးသည်။ တပည့်များစွာသည် လမ်းခရီးတွင် သူ့ကို ညွှန်ပြနေကြသည်။
လင်းရှန်က သက်ပြင်းချကာ သူတို့ကို လျစ်လျူရှုလိုက်သည်။ ထို့နောက် အရည်အသွေးခန်းမသို့ တည့်တည့် ပြေးသွား၏။
မစ်ရှင်ခန်းမကို ရောက်တော့ ကျောင်းယုကကောင်တာနောက်ကွယ်မှာ တာဝန်ကျနေတုန်းပင်။
လင်းရှန်ကိုမြင်တော့ ကျောင်းယုက ချက်ချင်းပြုံးလိုက်သည်။
"အကိုကြီးလင်း ပြန်လာပြီလား"
လင်းရှန်က ပြုံးပြီး ပြောသည် " ငါ မစ်ရှင် တစ်ခု တင်ချင်လို့။ ဂျူနီယာ ညီမလေး ကျေးဇူးပြုပြီး လက်လွှဲယူပေးပါအုံး”