ထူးဆန်းသောအဖေနဲ့ သား (၂)
Vol. 8 Ch. 111
"ကိစ္စမရှိပါဘူး၊ စီနီယာအကိုလင်း ပစ္စည်းတွေကို ပြကြည့်လေ။ သက်ဆိုင်ရာ မစ်ရှင်ရှိရင် ဒီမှာ စာရင်းသွင်းဖို့ ကူညီပေးပါ့မယ်" ဟု ကျောင်းယုက ပြုံးပြီး ပြောလိုက်သည်။
ဒါပေမယ့် မကြာခင်မှာပဲ သူမ မပြုံးနိုင်တော့ပေ။
သစ်သားဝိညာဉ်ဆေးဖက်ဝင်အပင်များ၊ အနက်ရောင်သစ်မြစ်များ၊ နှင်းပန်းများ၊ ရေခဲအချပ်များနှင့် ရွှေရောင် သဲတိမ်တိုက်ပင် ပါနေခဲ့သည်။
လင်းရှန်က ရှားပါးအပင်တစ်ပင်ပြီးတစ်ပင်ကို ထုတ်နေတာကြောင့် ကျောင်းယု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
အထူးသဖြင့် အဆုံးတွင် လင်းရှန်သည် ရွှေရောင် သဲတိမ်တိုက်များကို တောင်ငယ်
တစ်ခုလို စုပုံထားသည်ကို သူမမြင်လိုက်ရသောအခါတွင် သူမ၏ မျက်လုံးများသည် မယုံနိုင်စရာများဖြင့် ပြည့်နှက်သွားသည်။
"အများကြီးပါလား..."
လင်းရှန်သည် တောင်ကြီးတစ်ခုကို ရှင်းလင်းလာသည်ဟုပင် ကျောင်းယုမှာ သံသယဖြစ်မိသည်။ မဟုတ်ရင် သူဘယ်လိုများ ဒီလောက်အများကြီး စုဆောင်းနိုင်မလဲ။
သာမန် ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်များသည် ပြင်ပတွင် နှစ်ဝက်ကျော်လေ့ကျင့်ပြီးသည့်တိုင် ထိုကဲ့သို့သော ထိတ်လန့်ဖွယ်ရာ အကျိုးကျေးဇူးများ ရရှိမည်မဟုတ်ပေ။
ထိုနေရာမှ ရုန်းရင်းဆန်ခတ်မှုက တပည့်များစွာ၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။
ရှားပါးဆေးဖက်ဝင်အပင်များနှင့် ဝိညာဉ်သားရဲအရိုးစုကြီးများကို ကောင်တာအနီးတွင် တွေ့လိုက်ရသောအခါ လူတိုင်း အံသြသွားကြသည်။
"သဘာဝရတနာတွေ အများကြီးပါလား"
"ရွှေရောင် သဲတိမ်တိုက်တွေတောင် ပါတယ်၊ ပြီးတော့ အဲဒါတွေက အများကြီးပဲ။ အလေးချိန်က ကီလိုဂရမ် ရာနဲ့ချီလောက်မယ်”
"ကောင်းလိုက်တာ၊ ဘယ်သူက အဲ့လောက်တောင် အံ့ဩစရာကောင်းတာလဲ"
"လင်းရှန်၊ တကယ် သူပဲ"
ခန်းမထဲတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။
လမ်းပြတိုက်ပွဲ၏ ရိုက်ခတ်မှုကို ယခုမှ ကျော်လွန်သွားနိုင်ခဲ့ပြီး လွန်ခဲ့သော ရက်
အနည်းငယ်ကအထိ လင်းရှန်သည် လူတိုင်း၏ စကားဝိုင်း ဗဟိုချက်အဖြစ် ရှိနေဆဲဖြစ်သည်။
အခုပဲ လူတော်တော်များများက သူ့အကြောင်းပြောနေကြပြန်ပြီ။ မျက်စိတစ်မှိတ်အတွင်းမှာပင် သဘာဝရတနာအစုအဝေးကြီးကို ယူဆောင်လာပြီး မစ်ရှင်ကိုတင်ပြနိုင်တဲ့သူကို မြင်ရမည်ဟု ဘယ်သူက ထင်မည်နည်း။
အချိန်အတော်ကြာပြီးနောက် ကျောင်းယုသည် ထိတ်လန့်နေရာမှ ပြန်လည်အသိဝင်လာပြီး လင်းရှန်အား လေစားစွာ ကြည့်နေလေသည်။ ထို့နောက် သူမသည် စာရင်းကို စတင် စစ်ယူလေသည်။
အမျိုးမျိုးသော ပစ္စည်းများက အများအပြားရှိနေခဲ့သည်။ ကျောင်းယုသည် အရာအားလုံးကို ရေတွက်ပြီး သက်ဆိုင်ရာမစ်ရှင်များကို စာရင်းသွင်းတာပင် တစ်နာရီနီးပါးကြာသည်။ ထို့နောက် အရည်အသွေးရမှတ်များကို လင်းရှန်၏ အထောက်အထားအမှတ်အသားတွင် ထည့်သွင်းပေးခဲ့သည်။
နောက်ဆုံးတွင် လင်းရှန်သည် သာမန်အရည်အသွေးအမှတ် ၅၄ခု နှင့် အရည်အသွေးအမှတ်၈၉၃ မှတ် ရရှိခဲ့သည်။
လင်းရှန်ကို အထောက်အထားအမှတ်အသားပေးချိန်မှာတောင် ကျောင်းယုကအနည်းငယ် ကြောင်နေသေးသည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်များပင် ကျောင်းမှာ နှစ်နှစ်၊ သုံးနှစ်လောက် နေထိုင်သည့်တိုင် အဲ့ဒီလောက် အရည်အသွေးအမှတ်များစွာကို မရနိုင်ပေ။
လင်းရှန်သည် နဂါးချောက်နက်တောင်တန်းသို့သာ ခရီးထွက်ဖူးသော်လည်း နှစ်နှစ်၊ သုံးနှစ်လောက်ကြာမှ အခြားသူများ အောင်မြင်သည့်ပန်းတိုင်ကို ရောက်ရှိခဲ့တာ ဖြစ်သည်။ တကယ့်ကို မယုံနိုင်စရာပင်။
"ကျေးဇူးတင်ပါတယ်”
လင်းရှန်သည် အထောက်အထားတိုကင်ကို ယူလိုက်သည်နှင့် သူ့မျက်လုံးထဲတွင် ပျော်ရွှင်မှု များ တောက်ပလာသည်။
ဒီခရီးစဉ်က ရတဲ့ အမြတ်တွေက သူ့မျှော်မှန်းထားတာထက် ကျော်လွန်သွားသည်။
များပြားလှသော အရည်အသွေးအမှတ်များအပြင် အခြေခံဆေးလုံး၊ သိုလှောင်အိတ်
နဲ့ မစ်ရှင်မှာမလိုအပ်သော်လည်း အလွန်တန်ဖိုးရှိသည့်ရှားပါးဆေးအပင်များစွာလည်း ရှိသေးသည်။
လိုအပ်ပါက အဲ့တာတွေကို ဝိညာဉ်ဒင်္ဂါးများ ဖြင့် ရောင်းချနိုင်သည်။ ဒါက အတော်များပြားသည့် ကြွယ်ဝချမ်းသာမှုပင်။
သူ့ရဲ့ ခွန်အားတွေ တိုးလာတာကိုတော့ ပြောစရာတောင် မလိုပေ။
ဤလေ့ကျင့်မှု၏ အကျိုးကျေးဇူးများသည် ဖော်ပြ၍မရနိုင်ပေ။
အထောက်အထားကို ယူလိုက်ပြီး လင်းရှန်က "ဂျူနီယာ ညီမကျောင်း၊ မကြာသေးမီက ကျောင်းမှာ တစ်ခုခုဖြစ်ခဲ့သေးလား"
ကျောင်းယုသည် အသိပြန်ဝင်လာပြီး အတွေးတစ်ချို့ကိုထုတ်ကာ ခေါင်းယမ်းလိုက်သည်။
"ဘာမှမဖြစ်ဘူး... ဒါနဲ့ စကားမစပ် စိတ်ဝင်စားမှာ တစ်ခုရှိတယ်”
"အဲဒါဘာလဲ?" လင်းရှန်က စိတ်ဝင်တစား မေးသည်။
"အရင်ရက်တုန်းမှ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ရာဇ၀တ်ကောင်တွေကို ဖမ်းဖို့ဆို့ပြီးကောလိပ်က ကြာရှည်စွာအသက်ရှုခြင်းအဆင့် တပည့်တွေကို စုဆောင်းနေတဲ့ မစ်ရှင်တစ်ခု ထုတ်ပြန်ခဲ့တယ်။ ဆုကြေးက သာမန်
အရည်အသွေးအမှတ် သုံးခု။ ဒါပေမဲ့ ကောင်းကောင်း ပါဝင်ကူညီပေးရင် နောက်ထပ် အရည်အသွေးအမှတ်ဆုလာဘ်တွေ ပေးအုံးမှာတဲ့။ တပည့်တော်တော်များများကတော့ ဒီမစ်ရှင်ကို လက်ခံကြတယ်။"
ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကလား ။ ရာဇ၀တ်ကောင်တွေကို ဖမ်းဖို့ ကူညီပေးရမှာလား။
လင်းရှန်က အလွန်အံ့သြသွားသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှာ တစ်ယောက်မှ မကျန်တော့ဘူးလား။ လူတွေကို စုဆောင်းဖို့ ဘာလို့ ကျောင်းကို ရောက်လာတာလဲ။
လင်းရှန် ရှုပ်ယှက်ခတ်နေတာကို မြင်လိုက်ရသဖြင့် ကျောင်းယုက ပြုံးပြီး ရှင်းပြခဲ့သည် "ဒါကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ပထမဆုံးအကြိမ် လုပ်တာ မဟုတ်ဘူး”
အရင်က အဲ့လိုဖြစ်ရပ်မျိုး နှစ်ကြိမ်၊ သုံးကြိမ်လောက်အထိ ရှိခဲ့ဖူးသည်။ အများအားဖြင့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်သည် အကြီးစားစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်မှသာ ယင်းကို လုပ်ဆောင်တာဖြစ်သည်။
“ပြီးတော့ ဒီလိုမစ်ရှင်တွေမှာ ကျောင်းရဲ့တပည့်တွေက ရာဇ၀တ်
ကောင်တွေကို ရင်ဆိုင်ဖို့ မလိုအပ်ဘူး။ အများစုကတော့ ရှာဖွေတာ၊ စုံစမ်းစစ်ဆေးတာနဲ့ ဝန်းရံခြင်းတာလိုမျိုး မစ်ရှင်တွေကိုပဲ လုပ်ဆောင်ကြရတာ။ အန္တရာယ်လည်း မများပါဘူး၊ အဲ့ဒါကြောင့် တပည့်တွေကြားမှာ ဒါက အရမ်းနာမည်ကြီးတယ်လေ”
လင်းရှန်သည် နားလည်လာခဲ့သည်။
သူ့ဒုတိယအတွေးအရ ကိုယ်ခံပညာတည်မြဲရေးစံအိမ်အနေနဲ့ အချိန်တိုအတွင်း ကျောင်းမှ အကူအညီပေးမည့်သူများကို ခေါ်ယူတာက အံ့သြစရာမဟုတ်ပေ။
ပြီးတော့ ကျောင်းမှ တပည့်များစွာသည် ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
ကိုယ်ခံပညာအရ ၎င်းတို့သည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ အဖွဲ့ဝင်များစွာထက်ပင် အားကောင်းသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှာ လူအင်အား နည်းပါးနေစဉ်တွင် နိုင်ယန်းကျောင်းမှ အကူအညီများကိုခေါ်ယူတာက ရွေးချယ်မှုကောင်းတစ်ခုပင်။
ပြောရရင် ဒါက အလုပ်သင် အမျိုးအစားတစ်ခုလည်း ဖြစ်သည်။
အမှန်တော့ ကျောင်းမှ ထုတ်ပယ်ခံရသော တပည့်များစွာသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်သို့ ဝင်ရောက်ကြသည်။
"အစ်ကိုလင်း၊ ဒီမစ်ရှင်ကို လက်ခံချင်လား" ကျောင်းယုက မေးသည်။
လင်းရှန်က "မစ်ရှင်ရဲ့ အကြောင်းအရာကရော ဘယ်လိုလဲ" ဟု မေးသည်။
“သူတို့က အသေးစိတ်အချက်အလက်တွေကို မပြောဘူး။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လျှို့ဝှက်ထားဖို့ပဲ ပြောတယ်။ ကျွန်မတို့သိတာက မစ်ရှင်ကိုလက်ခံပြီး စိစစ်မှုအောင်မြင်တဲ့ တပည့်တွေက နောက်လကျ အသင့်အနေအထားရှိနေရမယ်ဆိုတာပါပဲ။ သတင်းရတာနဲ့ အလုပ်တာဝန်တွေ မခွဲပေးခင် သတ်မှတ်ထားတဲ့နေရာကို ချက်ချင်းသွားရမယ်တဲ့”
တစ်လလျှင် သာမန်အရည်အသွေးရမှတ် သုံးခု။
သာမာန် ကြာရှည်စွာအသက်ရှုခြင်းအဆင့်တပည့်များအတွက် ဤဆုလာဘ်သည် အမှန်တကယ်ပင် များပြားလှသည်။
ကြာရှည်စွာအသက်ရှုခြင်းအဆင့်တပည့် တစ်ယောက်အနေနဲ့ မြို့ပြင်က ဝိညာဉ်မိုင်းတွင်းကို တစ်လလောက် ကင်းစောင့်မှပဲ သာမန် အရည်အသွေးအမှတ်တစ်မှတ်ကို ရနိုင်သည်။
အဲ့တာက အန္တရာယ်မရှိသော်လည်း ကင်းလှည့်ရင်း၊ စောင့်ကြပ်ရင်းနဲ့ အချိန်အများစုကို ကုန်ဆုံးခဲ့ရသည်။
ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ မစ်ရှင်ကတော့ မတူပေ။ သူတို့သည် တစ်လခန့် အသင့်ဖြစ်နေရသော်လည်း တပည့်များသည် ဤကာလအတွင်း အချိန်ဖြုန်းစရာမလိုဘဲ ဆက်လက် ကျင့်ကြံနိုင်သည်။
ထို့ကြောင့် တပည့်များစွာက အမြန်စာရင်းသွင်းကြတာ အံ့ဩစရာမရှိပေ။
သာမန်အရည်အသွေးအမှတ် (၅၀)ကျော်ကို ရရှိခဲ့သော လင်းရှန်ပင်လျှင် အနည်းငယ် စိတ်ဝင်စားသွားသည်။
သူ ဒီတစ်ကြိမ်မှာ အများကြီး ရရှိခဲ့ပေမဲ့ လေ့ကျင့်ချိန်တိုင်း ရွှေရောင်သဲတိမ်တိုက်လို အရာတစ်ခုကို မတွေ့နိုင်ပေ။ အရည်အသွေးရမှတ်များရရှိနိုင်သည့် လမ်းသည် အမြဲတမ်းချောမွေ့နိုင်တာ မဟုတ်ပေ။ သူအနေနဲ့ မြင့်မားသောဆုလာဘ်များနဲ့ ကောင်းမွန်သောမစ်ရှင်တစ်ခုကို လက်လွတ်မခံနိုင်ပေ။