အဓိကလဲလှယ်ခြင်း(၁)
Vol. 8 Ch. 113
အရည်အသွေးခန်းမမှ ထွက်လာကဋ သူ့အဖေနောက်သို့ ခဏလောက် လမ်းလျှောက်လိုက်လာပြီးနောက် လမ်ရှင်းသည် စကားစလာသည်။
"အဖေ ကျွန်တော်ကို..."
သူ့စကားမဆုံးခင်မှာ လမ်ကွမ်းထင်က နောက်ကြောင်းပြန်မကြည့်ဘဲ စကားဖြတ်ပြောလိုက်သည်။
"မရဘူး”
"မင်းကို ငါ ဘယ်နှစ်ခါပြောရမလဲ။ကျောင်းမှာနေပြီးပဲ ကျင့်ကြံပါလို့ ။ မင်းကို အရင်းအနှီးတွေ အကုန် ငါပံ့ပိုးပေးမယ်။ တခြားသူတွေလို အရည်အသွေးအမှတ်တွေ ရဖို့အတွက် ပြေးနေစရာမလိုဘူး”
"ဒါပေမယ့်..."
လမ်ရှင်းသည် ငြင်းခုံချင်နေသေးသော်လည်း လမ်ကွမ်းထင်က ထပ်မံနှောက်ယှက်ခဲ့သည်။
"တော်ပြီ၊ ဆွေးနွေးစရာမရှိတော့ဘူး”
လမ်ရှင်းက တစ်ခုခုပြောချင်သော်လည်း တုန်လှုပ်သွားသည်။ အဆုံးတွင် သူသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့ကာ ထုံးစံအတိုင်း ဖခင်၏ဂုဏ်သိက္ခာကို ငဲ့ခဲ့သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် လမ်ရှင်းက ရုတ်တရက် ပြောလိုက်သည်။
"အဖေ၊ ခုနကလူက ဘယ်သူလဲ၊ သူ့ကို သိလား"
လမ်ကွမ်းထင်က လှည့်လာပြီး သားဖြစ်သူကို ကြည့်လိုက်သည်။ "အဲဒါ လင်းရှန်လေ” ဟု ဘာမှမဖြစ်သလိုပဲ အေးဆေးတည်ငြိမ်စွာ ပြောသည်။
"လင်းရှန်လား? ကျောင်းကိုဝင်ပြီးပြီးချင်း အနက်ရောင်အဆင့် တပည့် ရာထူးတိုးခံခဲ့ရသူလား”
သူ့အဖေက ခေါင်းညိတ်ပြတာကို မြင်တော့ လမ်ရှင်းက အံ့ဩသွားသည်။ သူ အမှတ်တမဲ့တွေ့ခဲ့တဲ့သူက ကောလဟလတွေထဲက ပါရမီရှင်ဖြစ်မည်ဟု မျှော်လင့်မထားပေ။
သို့သော်လည်း သူက ချက်ချင်း အော် ပြောသည် " ဒီကောင်က ကျွန်တော်ကို စိန်ခေါ်ရဲတာ အံ့ဩစရာတော့ မရှိပါဘူး၊ သူက ကျောင်းသားသစ်ပဲ ရှိသေးတာကို”
"သူကနည်းနည်း နာမည်ကြီးလာတော့ မာနကြီးနေတာပါလား။ စောစောသိရင် သင်ခန်းစာ ပေးလိုက်ပါတယ်”
လင်းရှန်သည် စွမ်းအားကြီးမားပြီး ကြာရှည်စွာ အသက်ရှုခြင်းအဆင့်တပည့်ကိုပင် အနိုင်ယူခဲ့ကြောင်း ကောလာဟလများထွက်ပေါ်ခဲ့သော်လည်း လမ်ရှင်းက လုံးဝမကြောက်ခဲ့ပေ။
သူသည် အနက်ရောင်အဆင့် တပည့်တစ်ဦးဖြစ်ရုံသာမက ကြာရှည်စွာအသက်ရှုခြင်းစတုတ္ထအဆင့်တွင်လည်း ရှိနေခဲ့သည်
။လင်းရှန်ကိုအနိုင်ယူဖို့က သူ့အတွက် ပြဿနာမဟုတ်ဘူးလို့ ယုံကြည်ခဲ့သည်။
လင်းရှန်က သူ့ကို အခုလေးတင် ရှုံ့ချခဲ့တာကို ပြန်သတိရတော့ လမ်ရှင်းက ဒေါသနဲ့အတူ သွားတွေကို ကြိတ်လိုက်သည်။
လမ်ရှင်း၏အမူအရာပြောင်းလဲသွားတာကိုမြင်တော့ လမ်ကွမ်းထင်သည် အနည်းငယ်
မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာပြောသည် ။
"ရယ်စရာ ကိစ္စတွေ မလုပ်နဲ့။ ငါ မင်းကို သတိပေးမယ်။ လင်းရှန်ကို မနှောင့်ယှက်နဲ့”
လမ်ရှင်းက အံ့အားသင့်သွားသည် " ဘာလို့လဲ”
"လင်းရှန်က ဆရာစစ်ကိုယ်တိုင် ချီးမြှောက်ထားတဲ့သူပဲ၊ နောက်တစ်ဆင့် စိန်ခေါ်ခြင်း မစမီအထိ ဆရာစစ်က သူ့ကို ဆုတ်ယုတ်အောင်၊ အခက်အခဲဖြစ်အောင် အလုပ်ခံမှာ မဟုတ်ဘူး ။ မင်းဒုက္ခမရောက်ချင်ရင် မနှောက်ယှက်တာ ပိုကောင်းတယ်”
လမ်ရှင်း မယုံကြည်သေးတာကိုမြင်တော့ လမ်ကွမ်းထင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"လင်းရှန်က အချိန်တိုလေးပဲ ကျင့်ကြံတော့ သူ့အနေနဲ့ အနက်ရောင်အဆင့် တပည့်အဖြစ် ကျန်နေဖို့ ဖြစ်နိုင်ခြေက အတော်နည်းပါတယ်။ အဆင့်စိန်ခေါ်မှုတွေ ပြီးဆုံးသွားတဲ့အခါ ဆရာစစ်က သူ့ကို အရမ်းစိတ်ပျက်သွားမှာ ၊ အဲ့ကျ သူ့ကို ထပ်မကာကွယ်ပေးတော့ဘူး။ အဲဒီအချိန်မှာ မင်းဘာမှလုပ်စရာ မလိုဘူး။ သူလဲကျရင် သူကို လာရိုက်မဲ့သူတွေ အများကြီးရှိလိမ့်မယ်။"
သားအဖနှစ်ယောက်ရဲ့ အဖြစ်အပျက်က ဒီအတိုင်း တစ်ခန်းရပ်သွားသည်။ လင်းရှန်
သည် အံ့အားသင့်နေပြီး ၎င်းကို စိတ်ထဲက လွှင့်ပစ်လိုက်သည်။
အရည်အသွေးခန်းမမှထွက်ပြီးနောက် လင်းရှန်သည် လဲလှယ်ရေးခန်းမသို့ သွားခဲ့သည်။
၎င်း၏ယခင်စုငွေများအပါအဝင် ယခုအခါတွင် သာမန် အရည်အသွေးအမှတ် ၅၆ ခုနှင့် အရည်အသွေးအမှတ် ၈၀၀ ကျော်ရှိသည်။ သူသည် မထင်မှတ်ဘဲ ချမ်းသာခဲ့သည်။
လဲလှယ်ရေးခန်းမသို့ရောက်သောအခါ လင်းရှန်သည် တုံ့ဆိုင်းမနေဘဲ အထူးယန်စွမ်းအား ဓားသွားနဲ့ အဆီအနှစ်ဓားသွားလက်ချောင်းကို ယူလိုက်သည်။ အဲ့တာက သူ့ကို စုစုပေါင်း သာမန်အရည်အသွေးအမှတ် ၁၄ခုလောက် ကုန်ကျစေသည်။
ထို့နောက် လင်းရှန်သည် ယန်စွမ်းအားဝတ်ရုံကို လဲလှယ်ခဲ့သည်။
၎င်းသည် သာမန်အရည်အသွေးအမှတ် ငါးခုတန်ဖိုးရှိသော ထူးဆန်းသည့် ကာကွယ်ရေးလက်နက်တစ်ခုဖြစ်သည်။
လင်းရှန်တွင် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာရှိနေပြီဖြစ်သော်လည်း ခုခံကာကွယ်တဲ့ ပစ္စည်းထပ်ရှိနေတာကို မည်သူမျှ ဘာမှ မပြောနိုင်ပေ။
ယန်စွမ်းအား ဝတ်ရုံသည် အဖြူရောင်ဖြစ်သော်လည်း ဝတ်ဆင်သူ၏ဆန္ဒအရ အရောင်ပြောင်းနိုင်သည်။
အထည်ပေါ်တွင် ကြက်ခြေခတ်ပုံစံများ ပါရှိပြီး ရေကို ထိတွေ့ရသကဲ့သို့ ချောမွေ့ကာ ဖုန်မှုန့်များ စွန်းထင်းခြင်း မရှိပေ။
လက်သီးအရွယ် ဘောလုံးတစ်လုံးလို ဆုတ်ချေပြီး လွှတ်ချလိုက်ရင်တောင် အထစ်အငေါ့မရှိဘဲ ၎င်း၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားမည် ဖြစ်သည်။
လင်းရှန်သည် ယန်စွမ်းအားဝတ်ရုံကို သူ့ခန္ဓာကိုယ်ပေါ်တွင် ဝတ်လိုက်သည်။ ၀တ်ရုံသည် အလိုအလျောက် ပွင့်လာပြီး သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ရစ်ပတ်သွားကာ သူ့အရွယ်အစားနဲ့အညီ ကျုံ့သွားပြီး ချိန်ညှိပေးသည်။
အခြားအတွေးတစ်ခုဖြင့် လင်းရှန်က ဝတ်ရုံကို မြင်ကြည့်တဲ့အခါမှာ အပြင်ဘက်တွင် မြင်ရလေ့ရှိသည့် သာမန်အင်္ကျီတစ်ထည်အဖြစ်သို့ ချက်ချင်းပြောင်းသွားသည်။
"ကောင်းလိုက်တာ ၊ သူ့ရဲ့အသွင်အပြင်ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်တယ်၊ ဒါက တကယ်ကို အဆင်ပြေတယ်။"
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
အဝတ်အစားပုံစံနဲ့ မှော်လက်နက်မှန်သမျှက သူ့ရဲ့အသွင်အပြင်ကို ပြောင်းလဲစေသည်။
လင်းရှန်သည် ယခင်က ထိုအရာကို ကြားဖူးရုံမျှသာ ရှိပြီး ဒါက သူ့မျက်စိနှင့် ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူက အနည်းငယ် အံ့သြသွားသည်။
" ယန်စွမ်းအား ဝတ်ရုံရယ်၊ သံမဏိထက် ပိုခိုင်ခံ့တဲ့ တားမြစ်ထားတဲ့ ရွှေရောင်
ချပ်ဝတ်တန်ဆာရဲ့ အကာအကွယ်ရယ်နဲ့ဆို ကြာရှည်စွာအသက်ရှုခြင်းစတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်က သာမန် လေ့ကျင့်သူတွေတောင် ငါ့ကို မထိခိုက်စေနိုင်တော့ဘူး"
ခဏတာ ပျော်ရွှင်ပြီးနောက် လင်းရှန်သည် လဲလှယ်ရေးစာရင်းဆီသို့ အာရုံပြန်လှည့်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။
ဒီမတိုင်ခင်က နေသုံးစင်းအဆောင်ဓားနဲ့ လဲလှယ်ဖို့ စိတ်ကူးထားပြီးသားပင်။ သို့သော် စာရင်းကို ကြည့်လိုက်တော့ တုံ့ဆိုင်းသွားသည်။
အဆီအနှစ် ဓားသွားလက်ချောင်း၊ အထူးယန်စွမ်းအားဓားသွားနဲ့ ယန်စွမ်းအား ဝတ်ရုံတို့ကိုလဲလှယ်ပြီးနောက် လင်းရှန်တွင် သာမန်အရည်အသွေးအမှတ် ၃၇ ခု ကျန်ခဲ့သည်။ ဒါက နေသုံးစင်း အဆောင်ဓားထက် ပိုကောင်းသော မှော်လက်နက်များနှင့် လဲလှယ်နိုင်သည်။
မှော်လက်နက်များကို အထက်အဆင့် ၊ အလယ်အဆင့်နှင့် အောက်အဆင့်ဟူ၍ အဆင့်သုံးဆင့် ခွဲခြားထားသည်။
နေသုံးစင်းအဆောင်ဓားသည် အဆင့်နိမ့်မှော် လက်နက်တစ်ခုဖြစ်သည်။ ထိုအထက်တွင် အလယ်အဆင့် နေခြောက်စင်းအဆောင်ဓားနဲ့
အထက်အဆင့် နေကိုးစင်းအဆောင်ဓားရှိသည်။
၎င်းတို့အနက် နေကိုးစင်းအဆောင်ဓားသည် အလယ်အလတ် အရည်အသွေးအမှတ် ငါးခု လိုအပ်သောကြောင့် လောလောဆယ် စဉ်းစားနေစရာ မလိုတော့ပေ။
သို့သော်လည်း နေခြောက်စင်းအဆောင်ဓားသည် လင်းရှန်တတ်နိုင်သည့် သာမန်
အရည်အသွေးအမှတ် နှစ်ဆယ်သာ လိုအပ်သည်။
ခဏလောက်တွေးပြီးတော့ လင်းရှန်က နေခြောက်စင်းအဆောင်ဓားကို လဲလှယ်
လိုက်သည်။
သူ့မှာ လုံလောက်တဲ့ ရမှတ်တွေ ရှိတာကြောင့် ပိုပြီး အစွမ်းထက်တဲ့ မှော်လက်နက်တွေကို လဲလှယ်ရမည်။
နောက်ဆုံးတွင် ထိုအရာက အသက်ကယ်ပစ္စည်းဖြစ်သည်။
ထို့နောက် လင်းရှန်သည် အရည်အသွေးအမှတ် ခြောက်ခုကို အသုံးပြုကာ ကြယ်ခုနစ်ပွင့်ဓားခြောက်ချောင်းနဲ့လဲလှယ်ပြီး ၎င်း၏ သိုလှောင်အိတ်ထဲတွင် သိမ်းဆည်းခဲ့သည်။
ကိုယ်ပွားကို ခွဲထုတ်ပြီးနောက် သာမန် အဝတ်အစားများကိုပါ ခွဲထုတ်ပေးသော်လည်း လက်နက်များနှင့် မှော်လက်နက်များကတော့ ခွဲထွက်မလာပေ။
သူ့ကိုယ်ပွားများ ပေါ်လာလျှင် အသုံးပြုရန် လက်နက်မရှိခြင်းမျိုးမှ ကာကွယ်ဖို့အတွက် လင်းရှန်သည် တူညီသောလက်နက်ခြောက်ခုကို လဲလှယ်ခဲ့သည်။
အဲ့တာပြီးပြီးချင်းမှာပဲ လင်းရှန်က အဆီအနှစ်ပုလင်း ဆယ်ပုလင်းကို တစ်ကြိမ်တည်းလဲလှယ်ခဲ့ပြီး စုစုပေါင်း အရည်အသွေးအမှတ် ၃၆၀ ကို အသုံးပြုခဲ့သည်။
"ဒီ အဆီအနှစ်ဆေးလုံးတွေက ပဉ္စမအဆင့်ကို ဖြတ်ကျော်ဖို့ လုံလောက်တယ်”
အားလုံးပြီးသွားတော့ လင်းရှန်မှာ သာမန်အရည်အသွေးအမှတ် ၁၅ခုကျန်နေသေးသည်။