အဓိကလဲလှယ်ရေး (၂)
Vol. 8 Ch. 114
စဉ်းစားပြီးနောက် သူသည် ဝိညာဉ်သားရဲများ လဲလှယ်ရေးစာရင်းကို ဖွင့်လိုက်သည်။
လင်းရှန်သည် ပြန်ရောက်ပြီးကတည်းက စီးနိုင်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ကို လဲလှယ်ဖို့ စဉ်းစားနေတာ ကြာပြီပင်။နောက်ကျ သူသည် နဂါးမြို့တော်နဲ့ နဂါးချောက်နက်တောင်တန်း ကြား ခဏခဏ ခရီးထွက်ရမည်ဖြစ်သည်။ အကြိမ်တိုင်း ခြေလျင်ခရီး မသွားနိုင်ပေ။
အချိန်အတော်ကြာအောင် လှန်ကြည့်ပြီးနောက် လင်းရှန်သည် ဧရာမချိုနဲ့သမင် ဟုခေါ်သော ဝိညာဉ်သားရဲတစ်ကောင်ကို ရွေးချယ်ခဲ့သည်။
ဧရာမချိုသမင်သည် ခရီးဝေးပြေးရာတွင် အလွန်ကောင်းသော နတ်ဆိုးသားရဲတစ်ကောင်ဖြစ်သည်။
အကောင်ကြီးများသည် ဝိညာဉ်နိုးကြားခြင်းနှောင်းပိုင်းအဆင့်တွင်ရှိကြသည်။
ဒါက ကျင့်ကြံမှုအဆင့်ပဲ ရှိသေးသည်။
အထူးသဖြင့် စီးနင်းလို့ရသည့် ယဉ်ပါးလာသော ဝိညာဉ်သားရဲများသည် တိုက်ပွဲများတိုက်ခိုက်ရာတွင် ကောင်းစွာမစွမ်းဆောင်နိုင်ပေ။
ရက်စက်ကြမ်းကြုတ်သော သားရဲမှ အသွင်ပြောင်းလာသော ဝိညာဉ်နိုးကြားခြင်း
အလတ်အဆင့် ဝိညာဉ်သားရဲကိုပင် အနိုင်မယူနိုင်ခပေ။
သို့သော်လည်း ဧရာမချိုသမင်၏ အားသာချက်မှာ သာမန်အရည်အသွေးအမှတ် ငါးခုသာ ကုန်ကျခြင်းဖြစ်သည်။
စာရင်းထဲတွင် အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းအားရှိပြီး ခရီးဝေးပြေးနိုင်သည့် ဝိညာဉ်ရေးရာသားရဲများလည်း ရှိသည်၊ သို့သော် လဲလှယ်မှုသည် အလွန်ကြောက်စရာကောင်းသည်။ စျေးအသက်သာဆုံးတောင် အလယ်အလတ် အရည်အသွေးအမှတ် တစ်ခုပေးရသည်။
ကြိုးကြာများ၊ ရွှေရောင်အမွှေးလင်းယုန်များနှင့် အခြား ပျံသန်းနိုင်သည့် ဝိညာဉ်ရေးရာသားရဲများပင် ရှိသည်။
ပျံသန်းနိုင်သည့် ဤဝိညာဉ်ရေးသားရဲများ၏စျေးနှုန်းက ပို၍ပင် တုန်လှုပ်စရာကောင်းသည်။ အလယ်အလတ် အရည်အသွေးအမှတ်ငါးခုမှ ခြောက်ခုအထိ ဖြစ်သည်။
လင်းရှန်သည် လောလောဆယ်တွင် ၎င်းတို့ကို မတတ်နိုင်သည့်အပြင် အဲ့ထဲက တစ်ခုယူရန်လည်း မရည်ရွယ်ခဲ့ပေ။
အဲ့တာက နောက်ဆုံးတော့ ခရီးသွားခြင်းအတွက် ကိရိယာတစ်ခုမျှသာဖြစ်သည်။ အဲဒီအတွက် အရည်အသွေးအမှတ်တွေ အများကြီး သုံးစရာ မလိုပေ။
ဧရာမချိုသမင်နှင့် လဲလှယ်ပြီးနောက် အိတ်တစ်လုံးတွင် ဝိညာဉ်သားရဲတစ်ကောင်သာ ထားရှိနိုင်သောကြောင့် သားရဲသိုလှောင်အိတ်
ငယ်တစ်ခုအတွက် သာမန်အရည်အသွေးအမှတ်တစ်ခုကို သုံးစွဲခဲ့ရသည်။
သူသည် သားရဲသိုလှောင်ဥယျာဉ်သို့သွာပြီး ဧရာမချိုသမင်ကိုရွေးချယ်ကာ ၎င်းနှင့်
စာချုပ်တစ်ခုဖန်တီးခဲ့သည်။ ထို့နောက်မှာတော့ လင်းရှန်သည် ဒုတိယဝိညာဉ်ရေးရာသားရဲတစ်ကောင်ကို တရားဝင်ရရှိခဲ့သည်။
ဒါတွေအားလုံးလုပ်ပြီးတော့ လင်းရှန်က တခြားဘာနဲ့မှ မလဲလှယ်တော့ပေ။
ယင်းအစား အရေးပေါ်အခြေအနေများအတွက် သူ၏ အရည်အသွေးအမှတ်များကို သိမ်းဆည်းထားခဲ့သည်။
ထောင်ကျုံးပေါင်နှင့် ဆက်ဆံရာတွင် အရည်အသွေးအမှတ်များစွာကို လိုအပ်ပေလိမ့်မည်။
လဲလှယ်ရေးခန်းမမှထွက်လာပြီးနောက် လက်းရှန်သည် ပြည်တွင်းရေးရာဌာနသို့ လှည့်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် လင်းရှန်သည် သူ့ရောက်ရှိကြောင်း ဘယ်သူ့ကိုမှ ကြေညာရန် မလိုအပ်ပေ။ ပြည်တွင်းရေးရာဌာနထဲကို ဝင်လိုက်တာနဲ့ ထောင်ကျုံးပေါင်ဆီကို ဝင်သွားသည်။
လင်းရှန်ကိုတွေ့လိုက်သည်နှင့် ထောင်ကျုံးပေါင်သည် ချက်ချင်းပင် ဝမ်းသာသွားသည် ။ သူသည် လင်းရှန်ကို တိတ်ဆိတ်သော ထောင့်သို့ ဆွဲခေါ်လိုက်ပြီး သူ့လက်များကို ပွတ်သပ်လိုက်သည်။
" သူငယ်ချင်းလင်း မင်းငါ့ကိုလုပ်ခိုင်းတဲ့ကိစ္စက တိုးတက်မှုရှိနေပြီ။ လူတော်တော်များများကိုငါဆက်သွယ်ပြီး သူတို့နဲ့ စျေးနှုန်းကိုဆွေးနွေးခဲ့တယ်။ မင်းလိုချင်တဲ့အချိန်မှာ သဘောတူညီမှု လုပ်လို့ရတယ်။ ဒီမှာစာရင်း”
“ကြည့်လိုက်”
ထောင်ကျုံးပေါင်က စာရင်းကို လွှဲပေးလိုက်
သည်။ လင်းရှန်က ၎င်းကိုယူကြည့်လိုက်တော့ အနည်းဆုံး သဘာဝရတနာ အမျိုးအစားပေါင်း ၂၀မှ ၃၀အထိရှိကြောင်း တွေ့ရှိခဲ့သည်။၎င်းတို့အားလုံးသည်
မြွေသစ်ခွနှင့် အဆိပ်မီးတောက်မှိုတို့၏ အာနိသင်နှင့် ဆင်တူသည်။
စျေးနှုန်းက မမြင့်သော်လည်း နိမ့်လည်းမနိမ့်ပေ။
၎င်းသည် စုစုပေါင်း သာမန် အရည်အသွေးအမှတ် နှစ်ခုနှင့် အရည်အသွေးအမှတ် ၄၀၀ ကျော် ကုန်ကျမည်ဖြစ်သည်။
ထောင်ကျုံးပေါင် အဲ့လောက် စိတ်အားထက်သန်နေပုံအရ ဤသဘောတူညီမှုမှသေချာပေါက် ငွေများစွာရနိုင်သည်ကို လင်းရှန်က သိလိုက်သည်။
သို့သော် လင်းရှန်က စိတ်မ၀င်စားပေ။ သူတို့ရဲ့အကူအညီကို လိုချင်ရင် လုံလောက်တဲ့ အကျိုးကျေးဇူးတွေ ပေးရမယ်ဆိုတာ သိသည်။
ထောင်ကျုံးပေါင်က "မင်းဈေးမကြိုက်ရင် ဆွေးနွေးလို့ရတယ်"
"အဲဒါက မလိုအပ်ပါဘူး။"
လင်းရှန်က ဟက်ဟက်ပက်ပက် ရယ်သည်။
"အကိုထောင်ကို ယုံတယ်။ အရည်အသွေးအမှတ်တွေ ပြင်ဆင်ထားပြီးပြီ။ အခုပဲ အရောင်းအဝယ်လုပ်လို့ရတယ်။"
ထောင်ကျုံးပေါင်က ဝမ်းသာသွားသည် ။ တစ်ချိန်တည်းမှာပင် တုန်လှုပ်သွားခဲ့သည်။
သာမန်အရည်အသွေး အမှတ်နှစ်ခုနှင့် အရည်အသွေး အမှတ်နှစ် ၄၀၀ သည် များပြားလှသည်။
ကျောင်းသို့ အခုမှရောက်ရှိလာသော တပည့်တစ်ဦးဖြစ်သည့် လင်းရှန်အနေနဲ့ အချိန်တိုအတွင်း ဤမျှသော အရည်အသွေးအမှတ်များစွာကို ရယူနိုင်ခဲ့သည်။ သူက လင်းရှန်ကို တကယ် အထင်ကြီးမိသည်။
ချက်ချင်းပင် ထောင်ကျုံးပေါင်၏ စိတ်ထဲတွင် လင်းရှန်သည် ပို၍ လျှို့ဝှက်ဆန်းကြယ်လာသည်။
သဘောတူညီမှု လုပ်ပြီးနောက် ထောင်ကျုံးပေါင်က ချက်ချင်း အလုပ်ရှုပ်သွားသည်။လဲလှယ်ပေးမဲ့သူ လိုချင်တဲ့ ပစ္စည်းတွေကို လဲလှယ်ဖို့ အတွက် လင်းရှန်နဲ့ အရည်အသွေးခန်းမကို အရင်သွားခဲ့သည်။ ထို့နောက် ပစ္စည်းများကိုယူ၍ ရောင်းသူနှင့် အရောင်းအ၀ယ်
ပြုလုပ်ခဲ့သည်။
ကောင်းကင်က အဝါရောင်ပြောင်းပြီး နေညိုခါနီးမှာတော့ ထောင်ကျုံးပေါင်သည် နဖူးတစ်ပြင်လုံး ချွေးတွေနဲ့အတူ အရည်အသွေးခန်းမဆီကို ပြန်လာခဲ့သည်။
"သူငယ်ချင်းလင်း၊ ငါကို မင်းစိတ်မပျက်စေရဘူး။ ငါ အကုန်ရပြီ”
"ကြိုးစားမှုအတွက်ကျေးဇူးတင်ပါတယ်”
လင်းရှန်သည် အရာအားလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်ပြီး သူနေထိုင်သော သစ်သားအဆောက်အအုံသို့ မပြန်မီ ထောင်ကျုံးပေါင်နဲ့ နောက်ထပ် ပျော်ရွှင်စရာအချို့ကို လဲလှယ်ခဲ့သည်။
လဝက်ကျော်ကြာပြီးတာတောင် အခန်းသည် သပ်ရပ်သန့်ရှင်းနေခဲ့သည်။ ခင်းကျင်းဖွဲ့စည်းမှု၏အကျိုးသက်ရောက်မှုအောက်တွင် အရာအားလုံးသည် ဖုန်မှုန့်များမရှိဘဲ အသစ်စက်စက်ဖြစ်နေသည်။
နှောင့်နှေးမှုမရှိဘဲ လင်းရှန်သည် လေ့ကျင့်ရေးအခန်းဆီသို့ တန်းတန်းမတ်မတ်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ့အတွေးတွေကို စုဆောင်းပြီး အဆီအနှစ်ဓားသွားလက်ချောင်းနဲ့ အထူးယန်စွမ်းအားဓားသွား လက်စွဲစာအုပ်တွေကို စဖတ်ခဲ့သည်။
လျှို့ဝှက်လက်စွဲစာအုပ်ပါ အကြောင်းအရာများကို ဖတ်ပြီးနောက် သူ၏ကိုယ်ပွါးများကိုပါ ကိုယ်ခံပညာများ လေ့လာရန် တောင်းဆိုခဲ့သည်။
သာလွန်ကိုယ်ခံပညာကိုယ်ပွားက အဆီအနှစ်ဓားသွားလက်ချောင်းကို နားလည်သဘောပေါက်ရန် တာဝန်ရှိသည်။
သန့်စင်သော ယန်န္ဓာကိုယ်ကိုယ်ပွားက အထူးယန်စွမ်းအားဓားကို ကျင့်ကြံရသည်။
သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်နှင့် ဇွဲလုံ့လကို ပိုင်ဆိုင်ထားသော ကိုယ်ပွါးတို့သည် အခြားသော ကိုယ်ခံပညာများကို ဆက်လက် ကျင့်ကြံခဲ့ကြသည်။
လင်းရှန်နဲ့ ဘုရားသခင်မနာလိုမှု ကိုယ်ပွားတို့သည် ရွှေကျီးကန်းကျမ်းစာကို ကျင့်ကြံရန် အာရုံစိုက်ခဲ့သည်။
အဆီအနှစ်ဆေးအများအပြားအပြင် သဘာဝရတနာများနဲ့ဆို လင်းရှန်သည် တစ်လအတွင်း ကြာရှည်စွာအသက်ရှုခြင်း ပဥ္စမအဆင့်သို့ ဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
ညသည် မှောင်မိုက်နေ၏။
နူးညံ့သိမ်မွေ့သော လရောင်သည် မြူဆိုင်းနေသောကြောင့် လမ်းပေါ်မှာ အေးမြမှုကို တိုးလာစေသည်။
လမ်းများသည် အလင်းရောင်ကောင်းစွာရသော်လည်း အဆောက်အဦးငယ်တစ်ခုအတွင်း၌ မှောင်နေသည်။
အနက်ရောင်ဝတ်ရုံနှင့် မျက်နှာဖုံးစွပ်ထားသည့် လူတစ်ယောက်သည် ရုပ်တုတစ်ခုလို မလှုပ်မယှက်နဲ့ မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။
ခဏအကြာတွင် ထိုလူသည် ရုတ်တရက် ထသွားပြီး လသာဆောင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် အဝတ်များ လွင့်နေသောအသံပေါ်လာသည်။ အလင်းရောင် အနည်းငယ်မှိန်သွားပြီး လသာဆောင်တွင် လူတစ်ယောက် ပေါ်လာသည်။
ထိုလူသည် အနက်ရောင် ၀တ်စုံကို ၀တ်
ထားသည်။ ထိုလူက မျက်နှာဖုံးမတပ်ထားသော်လည်း ဦးထုပ်နဲ့ သူ့မျက်နှာကို ဖုံးကွယ်ထားသောကြောင့် မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။
မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် ထိုလူကို စိုက်ကြည့်နေပြီး သူ့လေသံက အနည်းငယ် အေးစက်နေသည်။
"မင်းနောက်ကျတယ်။"
အနက်ရောင်ဝတ်ရုံနဲ့ အမျိုးသားက လုံးဝ ဂရုမစိုက်ဘဲ "ငါ့ရဲ့ အထူးအခြေနေတွေကို မင်းသိပါတယ်။ ဒါက ကြုံရာကျပန်းလုပ်လို့ မရဘူး။ မင်းကို တွေ့ဖို့လာရတာက အရမ်းခက်ခဲနေပြီ"ဟု ပြောသည်။
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားက ဒါကို နားလည်ပုံရသည်။ သူသည် ထိုအကြောင်းကို ဘာမှ ထပ်မပြောဘဲ ခေါင်းစဉ်ပြောင်းလိုက်သည်။
“ကိုယ်ခံပညာတည်မြဲရေးစံအိမ်က သိပ်မကြာခင်ကမှ နည်းနည်း ထူးထူးဆန်းဆန်းတွေ လုပ်နေတယ်”
“ဘာတွေဖြစ်နေတာလဲ သိလား"
အနက်ရောင်ဝတ်ထားတဲ့သူက ခေါင်းယမ်းသည်။
" အရင်က မအောင်မြင်ခဲ့တဲ့ မစ်ရှင် အနည်းငယ်အရ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က သူတို့လူတွေထဲမှာ သူလျှိုတွေရှိနေတယ်လို့ သံသယရှိလာတယ်”
“ သူတို့က ဝံပုလွေရိုင်းကို တိုက်ခိုက်ဖို့ ယုံကြည်စိတ်ချရတဲ့ အဖွဲ့အနည်းငယ်ကိုပဲ စေလွှတ်တော့တယ်။ သူတို့မှာ လူအင်အား အလုံအလောက်မရှိတာတောင်မှ တခြားအဖွဲ့တွေထက် အဓိက ကျောင်းသုံးခုက လူတွေကို စုဆောင်းဖို့ လုပ်နေတယ် ။ အခုအချိန်မှာ နောက်ထပ်အချက်အလက်တွေရှာဖို့ ငါ့အတွက် အရမ်းခက်ခဲတယ်”
"ဒါပေမယ့် ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ငါတို့ရဲ့ အမာခံစခန်းတွေထဲက တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သံသယရှိနေတယ်။ နောက်ကျအဲဒီ့အမာခံစခန်းကို သူတို့ တိုက်ခိုက်တာမျိုး ဖြစ်နိုင်တယ်။"
မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် အံ့သြသွားခဲ့သည်။ "အမာခံစခန်းတွေကို ရှာတွေ့ပြီလား?
“ငါတို့က ငါတို့လူတွေကို မြန်မြန် ကယ်ထုတ်ရမယ်”
သို့သော် အနက်ရောင်ဝတ်ထားသူက လေးနက်စွာပြောသည်၊
"မဟုတ်ဘူး”
“ဘယ်အမာခံစခန်းကို ပစ်မှတ်ထားတယ်ဆိုတာ ငါတို့ မသိသေးဘူး။ ကယ်ချင်
ရင်တော့ ငါတို့လူတွေတွေကို အမာခံစခနိးအားလုံးကနေ ဖယ်ရမယ်”
ဒါပေမယ့် အဲဒီလိုလုပ်ရင် ရုန်းရင်းဆန်ခတ်မှုက ပိုကြီးလာလိမ့်မယ်။ ကိုယ် ခံပညာတည်မြဲရေးစံအိမ်က ငါတို့ကို လျှို့ဝှက်စောင့်ကြည့်နေတာ၊
နောက်ထပ်သဲလွန်စတွေကို ရှာဖွေဖော်ထုတ်နိုင်ဖို့ ငါတို့ အထိတ်တလန့်လုပ်မှာတွေကို စောင့်နေတာ။ ငါတို့ သူတို့ကို ဒီအခွင့်အရေး မပေးနိုင်ဘူး”
"ဒါဆို ငါကို ဘာလုပ်ဖို့ အကြံပေးချင်တာလဲ"
"ငါတို့ဘာမှမလုပ်ဘူး”
အနက်ရောင်ဝတ်ရုံနဲ့လူ၏ မျက်လုံးများတွင် အေးစက်သောအလင်းရောင်တစ်ခု လင်းလက်လာသည်။
"ဘာဖြစ်ဖြစ် အမာခံစခန်းတွေ တစ်ခုနဲ့ တစ်ခု က။ မဆက်သွယ်နိုင်သလို တည်ရှိမှုကိုလည်း မသိကြဘူးလေ။ ငါတို့ကပဲအမာခံစခန်းတွေအားလုံးအကြောင်းကို သိကြသူတွေလေ။ အမာခံ စခန်းတစ်ခုက ကိုယ်ခံပညာတည်မြဲရေးစံအိမ်ကြောင့် ပျက်စီးသွားလည်း အဲ့တာကနေ နောက်ထပ် သဲလွန်စတွေ ရနိုင်တော့မှာ မဟုတ်ဘူး”
“ အဲ့တာက သဲလွန်စတွေ ဖော်ထုတ်တာထက် ပိုကောင်းပါတယ်”
မျက်နှာဖုံးစွပ်ထားသောလူက ငြိမ်သွားသည်။ ခဏအကြာတွင် အံကြိတ်ကာ ပြောသည် ။
"ဒီလိုနဲ့ငါတို့ရှုံးတာကို ဝန်ခံရတော့မှာလား။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ငါတို့ကို ဒီနှစ်တွေမှာ နှိမ်နှင်းနေခဲ့တာ။ သူတို့လက်ထဲမှာ လူဘယ်နှစ်ယောက် သေသွားပြီဆိုတာ မသိကြဘူး။ မကြာခင်ကမှ နဂါးချောက်နက်တောင်တန်းမှာ လူနှစ်ယောက် ပျောက်သွားတယ်။ သူတို့ကို ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ခေါ်သွားပြီလားလို့ သံသယဖြစ်မိတယ်။"
"နည်းနည်း စိတ်မရှည်တာက အစီအစဥ်ကြီးကို ပျက်စီးစေနိုင်တယ်”
အနက်ရောင်ဝတ်ရုံ အမျိုးသားက သူ့အင်္ကျီလက်တွေကို လှန်လိုက်ပြီး "ငါတို့မှာ သွေးဝိညာဉ်ဆေးလုံးတွေ ရှိနေသရွေ့ လူတွေကို အဆုံးမရှိ စုဆောင်းနိုင်ပါတယ်။ စတေးမှု အနည်းအကျဉ်းကိုတော့ လုပ်ရမှာပဲ”
ထိုအချိန်တွင် အနက်ရောင်ဝတ်ရုံနဲ့အမျိုးသားသည် မျက်နှာဖုံးစွပ်ထားသော အမျိုးသားကို တစ်ချက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိသော အကြည့်တစ်ခုက သူ့မျက်လုံးထဲတွင် ရုတ်တရက် တောက်ပလာသည်။
"ဒါပေမယ့် မင်းတကယ်ပဲ ဒီလို ငုတ်တုတ်မထိုင်ချင်ရင် ငါမှာအကြံကောင်းတစ်ခု ရှိတယ် ။"
မျက်နှာဖုံးစွပ်ထားသော အမျိုးသားသည် အနည်းငယ် အံ့အားသင့်သွားသည်။ "အဲဒါက ဘာလဲ”
အနက်ရောင်ဝတ်ရုံနဲ့လူ၏ အင်္ကျီလက်မှ အနက်ရောင် အရိပ်တစ်ခု ထွက်ပေါ်လာပြီး မျက်နှာဖုံးစွပ်ထားသည့် အမျိုးသား၏ ရှေ့သို့ ရောင်လာသည်။
"ဒါက မကြာသေးခင်ကမှ ရရှိထားတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။မင်းကို ငါပေးမယ်။"
မျက်နှာဖုံးစွပ်ထားတဲ့ အမျိုးသားက ပစ္စည်းကို ကောက်ကိုင်လိုက်ပြီး သေသေချာချာ စစ်ဆေးနေသည်။
ဤအရာသည် ဘတ်စကတ်ဘောလုံးအရွယ်ခန့်ဖြစ်သည်။ ၎င်း၏ မျက်နှာပြင်သည် အဖုအထစ်လို ဖြစ်နေပြီး ထူထပ်သော အဝိုင်းပေါက်များဖြင့် ပြည့်နေသည်။ ၎င်းသည် ပျားအုံကဲ့သို့ ထင်ရသော်လည်း ရက်စက်
ကြမ်းကြုတ်ပြီး သွေးဆာတဲ့ အရောင်အဝါကို ထုတ်လွှတ်နေသည်။
"အဲဒါက..."
မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားသည် ၎င်း၏ဇာစ်မြစ်ကို လျင်မြန်စွာ သိသွားပြီး မျက်နှာဖုံးအောက်ရှိ သူ၏မျက်လုံးများသည် ချက်ချင်းတောက်ပလာသည်။
"ဟီးဟီး၊ အဲဒါက တကယ်ကောင်းတဲ့ အရာပဲ” အဲဒါကို ကောင်းကောင်းအသုံးချရင် ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ကောင်တွေကို အမှတ်တရ သင်ခန်းစာတစ်ခု သင်ပေးလို့ရပြီ”
ရယ်မောသံက အခန်းထဲတွင် ပဲ့တင်ထပ်နေပြီး တစ်စုံတစ်ဦး၏ဆံပင်ကို အဆုံးထိ ထောင်မတ်သွားစေသည်။