ကိုယ်ပွါး သေဆုံးခြင်း (၁)
Vol. 8 Ch. 115
မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်တွေကုန်သွားသည်။
လဝက်ကျော်ကြာသွားသော်လည်း ကိုယ်ခံပပညာတည်မြဲရေးစံအိမ်ထံမှ သတင်းတစ်စုံတစ်ရာ မရရှိသေးပေ။ လင်းရှန်က ကျင့်ကြံရေးမှာ စိတ်နှစ်မြှုပ်ထားရတာကို သဘောကျသည်။
လုံလောက်သော ဆေးလုံးများ၊ ဝိညာဉ်သားရဲ အသားများနှင့် သဘာဝရတနာ အများအပြား၏ ပံ့ပိုးမှုကြောင့် လင်းရှန်၏ကျင့်ကြံမှုသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာသည်။ သူသည် ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့်ကို ဖြတ်ကျော်ဖို့ သုံးရက်သာ ကြာခဲ့သည်။ ထို့နောက် ပဉ္စမအဆင့်သို့ရောက်ရန် နောက်ထပ် ၂၃ ရက်သာ ကြာခဲ့သည်။
ထို့အပြင် တိမ်တိုက်ကြားမှ နဂါးဟောက်သံနှင့် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနှစ်ခုစလုံးသည် ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိသွားခဲ့သည်။
သူသည် အထူးယန်စွမ်းအားဓားသွားနှင့် အဆီအနှစ်ဓားသွားလက်ချောင်း
နှစ်ခုစလုံးတွင် အစပြုသူအဆင့်သို့ရောက်ရှိခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် - ဘုရားသခင် မနာလိုမှု]
[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်း ပဉ္စမအဆင့် ၊ ၄%]
[ကျင့်ကြံနည်းစနစ်-ရွှေရောင်ကျီးကန်း ကျမ်းဂန် (ကျွမ်းကျင်မှုအဆင့် ၉၄%)၊နေမီးတောက်လက်ဝါး ( ပြီးပြည့်စုံခြင်းအဆင့်)
အရိပ်( ပြီးပြည့်စုံခြင်းအဆင့်)၊ အရည်ပျော်
ခြင်း (ပြီးပြည့်စုံခြင်းအဆင့်)၊ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ (ပြီးပြည့်စုံခြင်းအဆင့်) ၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံ (ပြီးပြည့်စုံခြင်းအဆင့်)
၊သေခြင်းအတားအဆီး(ကျွမ်းကျင်အဆင့် ၄၅%)၊ အထူးယန်စွမ်းအားဓားသွား
( အစပြုသူအဆင့်)၊ အဆီအနှစ်ဓားသွားလက်ချောင်း ( အစပြုသူအဆင့် ၂၅%)]
[ကိုယ်ပွားအရေအတွက်- ၅(၆၈%)]
"နောက်ဆုံးတော့ ငါ ဖြတ်ကျော်သွားပြီ”
လင်းရှန်က ဝမ်းသာသွားသည် ။
ဤကျင့်ကြံချိန်အတွင်း သူသည် ထောင်ကျုံးပေါင်ထံမှ ရရှိသော သဘာဝရတနာအားလုံးကို အသုံးပြုပြီးဖြစ်သည်။ သူ့မှာ အဆီအနှစ်ဆေး တစ်ပုလင်းအောက်သာ ကျန်တော့သည်။
သူသုံးစွဲခဲ့သော ကျင့်ကြံမှုအရင်းအမြစ်များသည် အနည်းဆုံး ဝိညာဉ်ဒင်္ဂါးဆယ်သန်းတန်ဖိုးရှိသည်။
အရင်တုန်းက သူ့မှာ ဒါမျိုးကို စိတ်ကူးယဉ်လို့ တောင် မရပေ။
ကံကောင်းထောက်မစွာပဲ နောက်ဆုံးမှာတော့ သူ၏ အားထုတ်မှုမှ တစ်စုံတစ်ရာကို ရရှိခဲ့ပြီး ကြာရှည်စွာအသက်ရှုခြင်း ပဉ္စမအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
"အခု ငါ့ရဲ့ ကိုယ်ခံပညာတွေက ပြီးပြည့်စုံနေပြီဆိုတော့ ငါ့ရဲ့အဆင့်ကို စဉ်ဆက်မပြတ် တိုးမြှင့်ဖို့ပဲလိုတော့တယ်”
လင်းရှန်သည် ခံစားချက်များနဲ့ ပြည့်နေသည်။
ယခု သူ့တွင် ပြီးပြည့်စုံခြင်းအဆင့်ရောက်နေသော ကိုယ်ခံပညာ (၅)ခု ရှိသည်။
သူ့အရွယ်မှာ ဒါက စိတ်ကူးလို့တောင် မရပေ။
သူနဲ့ အတူကျောင်းကို ၀င်ခဲ့သော တပည့်အများစုနဲ့ သူ့ထက် တစ်နှစ် ၊ နှစ်နှစ် ပိုလေ့ကျင့်ခဲ့သော အသက်ကြီးသည့် ကျောင်းသားတွေတောင် ကိုယ်ခံပညာ သုံးလေးခုပဲ တတ်မြောက်ခဲ့သည်။
ထို့အပြင် ပြီးပြည့်စုံခြင်း မဆိုထားနဲ့၊ ၎င်းတို့ထဲမှ အနည်းငယ်သာ အထူးကျွမ်းကျင်အဆင့်သို့ ရောက်ရှိခဲ့ကြသည်။
ဒါတောင် အခြားကိုယ်ခံပညာ နှစ်ခုကို ကျင့်ကြံခဲ့တာကို ထည့်တွက်မထားပေ။
ဒီသတင်းတွေ ထွက်လာရင် လူတော်တော်များများရဲ့ ပါးရိုးတွေ ပေါက်သွားလိမ့်မည်။
ကြာရှည်စွာအသက်ရှုခြင်း ပဥ္စမအဆင့်နဲ့ကိုယ်ခံပညာ နည်းစနစ်များစွာနဲ့ဆို
လင်းရှန်၏ ခွန်အားသည် လွန်ခဲ့သော တစ်လကျော်ကထက် အနည်းငယ် ပိုမိုအားကောင်းနေပြီဖြစ်သည်။
ယွမ်လီဖေနဲ့ တင်းလမ်တို့ကို ယခုအချိန်တွင် တွေ့ခဲ့လျှင် လင်းရှန်သည် သူ၏ကိုယ်ပွားများကို အားကိုးစရာမလိုဘဲ သူတို့နှစ်ဦးကို တစ်ယောက်တည်းနဲ့ သတ်ပစ်နိုင်မည်ဟု ယုံကြည်သည်။
လင်းရှန်သည် ပျော်ရွှင်နေရာမှ ငြိမ်သက်သွားကာ သူ့ဘေးမှ တစ်ဝက် ကျန်ရှိသော အဆီအနှစ်ဆေးပုလင်းကို ယူလိုက်သည်။ သူသည် ခေါင်းကို မော့ကာ မကျင့်ကြံမီ လက်ကျန်ဆေးခြောက်လုံးကို တစ်ခါတည်း မျိုချလိုက်သည်။
ပဉ္စမအဆင့်သို့ ရောက်ပြီးနောက် အဆီအနှစ်ဆေး၏ အကျိုးသက်ရောက်မှုသည် နည်းပါးလုနီးပါးဖြစ်သည်။
ခြောက်လုံးကို တချိန်တည်း စားသုံးရင်တောင်မှ ဆေးအစွမ်းကို ချေဖျက်ဖို့ နာရီဝက်လောက်ပဲ ကြာတော့သည်။
သူ၏ ကျင့်ကြံမှုမှာလည်း ၁ ရာခိုင်နှုန်းခန့်သာ တိုးတက်ခဲ့သည်။
"ကြည့်ရတာ အဆင့်အတန်းမြင့်ဆေးတစ်မျိုးကို ပြောင်းရတော့မယ်"
လင်းရှန် မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ သူ့သိုလှောင်အိတ်ထဲက အခြေခံဆေးလုံးတစ်လုံးကို ထုတ်ပြီး မျိုချလိုက်သည်။ ထို့နောက် ဆက်လက် ကျင့်ကြံခဲ့သည်။
ဒီတစ်ခါတော့ နှစ်နာရီနီးပါးကြာမှ မျက်လုံးဖွင့်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
"ကျင့်ကြံမှု ၃% တိုးလာတာ မဆိုးပါဘူး။"
လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။
သူသည် တင်းလမ်ထံမှ အခြေခံဆေးလုံး (၃)လုံးကို အရင်ဆုံးရရှိပြီးနောက် အိုက်ကျင့်ထင်၏ ဆေးလုံး ၁၃ လုံးနဲ့ လဲလှယ်ရန်
တောင်ပေါ်သရဲ၏ဆံပင်ကို အသုံးပြုခဲ့သည်။ သူ့မှာ စုစုပေါင်း ၁၆ ခု ရှိသည်။
အခုက တစ်လုံးသုံးထားတော့ (၁၅)လုံး ကျန်သေးသည်။ ဒါနဲ့ဆို ကြာရှည်စွာအသက်ရှုခြင်း ပဉ္စမအဆင့်ကို အရောက်လှမ်းဖို့ လုံလောက်ပြီပင် "အနာဂတ်မှာ ငါ့ရဲ့ ကျင့်ကြံမှုကို အထောက်အကူပြုဖို့ အခြေခံဆေးလုံးကို ငါသုံးရတော့မယ်"
လင်းရှန် စိတ်ထဲမှာ အစီအစဉ်ရှိနေသည်။
အခြေခံဆေးကို ဆက်လက်သောက်သုံးတော့မည့်အချိန်တွင် လင်းရှန်သည် တစ်ခုခုကို ရုတ်တရက် ခံစားလိုက်ရပြီး ဘုရားသခင်၏ မနာလိုမှု ကိုယ်ပွါးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။
ကိုယ်ပွါး ပေါ်လာပြီးနောက် ၎င်းသည် ချက်ချင်းပင် မြေပြင်ပေါ်သို့ ပြုတ်ကျကာ
မလှုပ်ရှားနိုင်တော့ပေ။
အနီးကပ် စစ်ဆေးကြည့်သောအခါတွင် ကိုယ်ပွါးမျက်လုံးများက အသက်မရှိတော့ပေ။ သူက သေသွားပြီပင်။
သေသွားတာလား
လင်းရှန်က အံ့အားသင့်သွားသည်။
သူ့အသိပြန်ဝင်လာတော့ ရယ်ရမလို ငိုရမလို ဖြစ်နေသည်၊
ဒီကိုယ်ပွါးက ဘာလို့ ရုတ်တရက်သေသွားတာလဲ။
သို့သော် ဒုတိယအတွေးကတော့ ကျိုးကြောင်းဆီလျော်ပုံရသည်။
ကျင့်ကြံမှုကို တိုးမြှင့်ရန်အတွက် လင်းရှန်သည် ဘုရားသခင်မနာလိုမှုကိုယ်ပွါးကို
၎င်း၏ သက်တမ်းအား နေ့စဉ် နည်းနည်းချင်း လျှော့ချပေးသည့် ရှားပါးဆေးအပင် အများအပြားကို ကျွေးမိသည် ။ ၎င်းက သူ့သက်တမ်းကို တိုစေတာကြောင့် ဘာမှလုပ်မရတော့ပေ ။ကိုယ်ပွါးက ဤမျှကြာကြာနေနိုင်တာတောင် အံ့ဖွယ်တစ်ခုလို ဖြစ်နေပြီဖြစ်သည်။
"ဘုရားသခင်ရဲ့ မနာလိုမှုကို ဆုံးရှုံးလိုက်ရတာတော့ နှမြောစရာပဲ”
လင်းရှန်က သက်ပြင်းချလိုက်သည်။
ဘုရားသခင်၏ မနာလိုမှု ပျောက်ကွယ်သွားခြင်းသည် လင်းရှန်၏ ပြင်းထန်သော ကျင့်ကြံမှုအမြန်နှုန်း +၁၀၀% ကို ဆုံးရှုံးစေရုံသာမက ကျင့်ကြံမှုတိုးစေရန် ကိုယ်ပွါးများကို ရှားပါးဆေးဝါးများကို စားသုံးခွင့် မပြုသင့်တော့ကြောင်းကို ဆိုလိုတာလည်း ဖြစ်သည်။
သူ့ တခြား ကိုယ်ပွါးတွေကို ဒီလို လုပ်ခွင့်မပေးဘူးဆိုရင်...
ခဏလေး
အဲ့တာက မဖြစ်နိုင်ဘူးထင်တယ်
လင်းရှန်က သူ့မေးစေ့ကို ပွတ်သပ်ရင်း တွေးလိုက်သည် ။
သာလွန်ကောင်းမွန်သော ကိုယ်ခံပညာ၊ သတ်ဖြတ်ခြင်းကို အားပေးခြင်းနှင့် သန့်စင်သောယန်ခန္ဓာကိုယ်တို့သည် အလွန်တန်ဖိုး ရှိပြီး ထိုကိုယ်ပွားများကို မထိနိုင်ပေ။
သို့သော် လင်းရှန်၏ ခွန်အားများ တိုးလာပြီး ကြာရှည်စွာအသက်ရှုခြင်း ပဥ္စမအဆင့်ကို ဖြတ်ကျော်ပြီးနောက် ဇွဲလုံ့လသည် အရေးပါမှု နည်းလာသည်။ ထိုကိုယ်ပွားသည် ယခင် ကိုယ်ပွါးတာဝန်ကို လွှဲပြောင်းယူနိုင်သည်။
"နောက်မှ ငါဘယ်လိုစွမ်းရည်တွေရမလဲဆိုတာ ကြည့်ချင်တယ်
ခြေလှမ်းအနည်းငယ်အကွာတွင် ကိုယ်ပွါးသည် တဖြည်းဖြည်း ကွယ်ပျောက်သွားသည်။
ကိုယ်ပွါး ၂: (သေဆုံးခြင်း)၊ လက်ကျန် ရှင်သန်ချိန်- ၂၃:၅၉: ၂၁ ]
ဘုရားသခင်ရဲ့ မနာလိုမှု မရှိဘဲ ရွှေကျီးကန်းကျမ်းကို ကျင့်ကြံတဲ့အခါမှာ လင်းရှန်စွမ်းဆောင်ရည်က ချက်ချင်း ကျဆင်းသွားသည်။
သူသည် သာလွန်ကိုယ်ခံပညာကိုပဲ ပြောင်းလဲပြီး ကျင့်ကြံခဲ့သည်။
နောက်နေ့နေ့လည်မှာတော့
လင်းရှန်သည် အခြေခံဆေးအချို့ လဲလှယ်ရန် အရည်အသွေးခန်းမသို့ သွားခဲ့သည်။
သို့သော် သူ့အိမ်မှ ထွက်လိုက်သည်နှင့် အပြင်
ဘက်တွင် စက္ကူကြိုးကြာလေးတရွေ့ရွေ့ ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။
လင်းရှန်ထွက်လာတာကိုမြင်တော့ စက္ကူကြိုးကြာက ချက်ချင်းပဲ အတောင်ပံတွေခတ်ပြီး အပေါ်ကို ပျံသွားသည်။
လင်းရှန် သူ့လက်ကို ဆန့်ထုတ်လိုက်တော့ စက္ကူကြိုးကြာက သူ့လက်ဖဝါးတွင် ဆင်းသက်လာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အလင်းတန်းတစ်ခုနဲ့အတူ ၎င်းသည် အလိုအလျောက် စာအဖြစ်သို့ ပွင့်သွားသည်။
"ပျံနေတဲ့ စက္ကူကြိုးကြာ”
လင်းရှန်က ပါးစပ်အဟောင်းသားဖြစ်သွားပြီး စာကို ကောက်ဖတ်လိုက်သည် ။