← Chapters

ငရဲ ပျားအုံ (၁)

Vol. 8 Ch. 117

ငရဲ ပျားအုံ (၁)

Vol. 8 Ch. 117

တောင်ပိုင်းခရိုင်၊ ဆင်ခြေဖုံးရပ်ကွက်ရှိ အိမ်ကြီးတစ်အိမ်မှာတော့

အိမ်ကြီးသည် တိတ်ဆိတ်နေပြီး ညကောင်းကင်အောက်မှာ မှောင်မိုက်နေသည်။ အလင်း အနည်းငယ်သာ ရှိနေခဲ့၏။

ကောင်းကင်ကနေ ငုံ့ကြည့်လိုက်ရင် အမြင့်အမျိုးမျိုးရှိတဲ့ အဆောက်အဦးတွေ၊ ကျယ်ဝန်းတဲ့ ရင်ပြင်တွေနဲ့ မြက်ခင်းပြင်တွေကို မြင်နေရသည်။ အဲ့တာတွေအားလုံးက အိမ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုနဲ့နောက်ကွယ်က သခင်ရဲ့ ချမ်းသာကြွယ်ဝမှုကို မြင်နေရသည်။

အစောင့်အချို့သည် ဓာတ်မီးများကို ကိုင်ဆောင်ကာ ခွေးအချို့နဲ့ အိမ်အ၀င်ဝမှာ လမ်းလျှောက်နေကြသည်။ သူတို့က အတော်လေးကို ပေါ့လျော့နေကြသည်။

တောင်ပိုင်းခရိုင်သည် ချမ်းသာသူများစုဝေးရာနေရာဖြစ်သောကြောင့်

နဂါးမြို့တော်၏ ဗဟိုခရိုင်ခရိုင်ပြီးလျှင် ဒုတိယ လုံခြံမှုအရှိဆုံးနေရာ ဖြစ်သည်။ ဤနေရာတွင် ရာဇ၀တ်မှုကျူးလွန်သူ အနည်းငယ်သာ ရှိပြီး ခိုးမှုနှင့် လုယက်မှုတို့ကို မကြားဖူးပေ။

ထို့ကြောင့် အစောင့်အနည်းငယ်သည် အလွန် စိတ်အေးလက်အေး ရှိနေခဲ့သည်။ လှည့်ကင်းသည် ရှိုးတစ်ခုလိုသာ ဖြစ်သည်။

သို့သော် ယနေ့ညတွင် မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ပေါက်ထွက်လာသော အလင်းရောင်သည် အမှောင်ထုကို ဖောက်ထွက်ပြီး ခြံရှေ့သို့ ဆင်းသက်လာသည်။

ရုတ်တရက် အလင်းရောင်က အစောင့်တွေကို မျက်လုံးများပင် မှိတ်သွားစေသည်။

အလင်းရောင်ပျောက်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင် လူအုပ်စုကြီးက သူတို့ရှေ့တွင် ပေါ်လာသည်ကို သိလိုက်ရသဖြင့် ထိတ်လန့်သွားကြသည်။

အစောင့်တွေ မတုံ့ပြန်ခင်မှာ ကြောက်စရာကောင်းတဲ့ အသံတချို့ကို ကြားလိုက်ရသည်။

ဒါဇင်ပေါင်းများစွာသော သံမဏိဘောလုံးများသည် လေကို ထိုးဖောက်လာပြီး ကျန်ဆန်များကဲ့သို့ပင် လုံခြုံရေးအစောင့်များနှင့် ခွေးများကို ထိုးဖောက်သွားသည်။

သူတို့ ဘာဖြစ်သွားမှန်း မသိခင်မှာပဲ သေသွားကြသည်။

ခေါင်းဆောင် ဟန်ဝူသည် ဤမြင်ကွင်းကို မထူးခြားသလို ကြည့်နေသည်။

"ဒီအိမ်ကြီးမှာ အလုပ်လုပ်တဲ့သူတွေက ဝံပုလွေရိုင်းရဲ့တရားဝင်အဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ အစေခံတွေပဲ၊ ငါတို့ကို ပြန်တိုက်ရင် မင်းတို့နောက်ဆုတ်နေစရာ မလိုဘူး”

"မစ်ရှင် အခုစပြီ။ ဘယ်သူမှ လွတ်မြောက်ခွင့်မရှိဘူးဆိုတာ သတိရပါ။"

"ဟုတ်ကဲ့ပါ”

မစ်ရှင်တွင်ပါဝင်သည့် ကျောင်း၏ တပည့်များသည် ချက်ချင်းလူစုခွဲကာ ၎င်းတို့၏စိတ်ထဲမှ မြေပုံအတိုင်း သက်ဆိုင်ရာနေရာများသို့ ဦးတည်သွားကြသည်။

လင်းရှန်နှင့် အခြား သုံးဦးတို့သည်လည်းခြွင်းချက်မရှိပေ။ တစ်ယောက်ကို တစ်

ယောက်ကြည့်ပြီး တစ်ချိန်တည်း လှုပ်ရှားသွားကြသည်။

တပည့်များဖြင့် ဖွဲ့စည်းထားသော အဝန်းအဝိုင်းကို အလွှာသုံးလွှာခွဲပြီး တင်းတင်းကျပ်ကျပ် ကာရံထားသည်။

လင်းရှန်တို့အဖွဲ့တပ်စွဲထားသည့်နေရာသည် အနည်းငယ်ဝေးသော တတိယအလွှာတွင်ဖြစ်သည်။

လမ်းတစ်ဝက်မှာ သူတို့လေးယောက်က ကောင်းကင်မှ လေချွန်သံကို ရုတ်တရက် ကြားလိုက်ရသည်။

မော့ကြည့်လိုက်တော့ အိမ်ကြီးရဲ့အထက် ကောင်းကင်မှာ လူပေါင်းများစွာ ပေါ်လာတာကို တွေ့လိုက်ရသည်။

ကိုယ်ခံပညာတည်မြဲရေးစံအိမ်မှ ရာနှင့်ချီသော အဖွဲ့ဝင်များသည် ကြိုးကြာများ၊ ရွှေရောင် လင်းယုန်များနှင့် အခြား ပျံသန်းသော ဝိညာဉ်ရေးရာသားရဲများကို စီးနင်းလာကြသည်။ ၎င်းတို့လက်ထဲတွင် လက်နက်များကိုင်ဆောင်ထားပြီး ကောင်းကင်မှ ဆင်းသက်လာကာ အိမ်ထဲသို့ ဝင်ရောက်ကုန်ကြသည်။

ထိုကဲ့သို့ ခမ်းနားကြီးကျယ်သော ပုံစံသည် အိမ်တွင်းနှင့် အပြင်ဘက်ရှိ လူများ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။

တခဏအတွင်းမှာပင် အိမ်ထဲရှိနေရာတိုင်းမှ မရေမတွက်နိုင်သော မီးလုံးများ လင်းထိန်သွားပြီး အော်သံများကို ကြားရသည်။

အော်ဟစ်သံများသည် တိုက်ပွဲသံများ နှင့် သနားစရာ အော်သံများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူတို့သည် အိမ်နှင့် မီတာရာနှင့်ချီအကွာတွင်ရှိသော်လည်း အိမ်ကြီးထဲမှ ရက်စက်ကြမ်းကြုတ်မှုများနှင့် သွေးထွက်သံယိုများကို ခံစားနိုင်သည်။

"သွားကြရအောင်။"

နဂါးချောက်နက်တောင်တန်းမှာ အတွေ့အကြုံရှိဖူးသူ လင်းရှန်သည် သတ်ဖြတ်ခြင်းနှင့် သွေးချောင်းစီးခြင်းများကို ခံနိုင်ရည်ရှိပြီးသားဖြစ်သည်။ အနည်းငယ် လှမ်းကြည့်ပြီးနောက် သူသည် အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီး တည်နေရာဆီသို့ အပြေးအလွှား ဆက်သွားခဲ့သည်။

ယုရှုရင်နဲ့ ကျိုးမန်မန်တို့ကလည်း လုံးဝမအံ့ဩပေ။

၎င်းတို့နှစ်ဦးစလုံးသည်မြစိမ်းရောင်စီးနှင်းကျောင်း၏ စီနီယာများဖြစ်သည်။ ဤကဲ့သို့သော ရှင်သန်ခြင်းနှင့်သေခြင်းတိုက်ပွဲများကို ကြိမ်ဖန်များစွာ တွေ့ကြုံခဲ့ရပြီး ၎င်းကို ကျင့်သားရနေပြီဖြစ်သည်။

ကျောက်ရွှမ်ရင်အဖို့ကတော့ ယခုလို မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ် ကြုံဖူးတာပင်။ ဒါကြောင့် သူမက အနည်းငယ် ကြောင်စီစီ ဖြစ်နေသည်။

လင်းရှန်နှင့် အခြားနှစ်ယောက်က ဆယ်မီတာကျော်လောက်ထိ ပြေးသွားမှ သူမကကြောင်တက်တက်ဖြင့် ကမန်းကတန်း သူတို့နောက်သို့ လိုက်သွားခဲ့သည်။

သိပ်မကြာခင်မှာပဲ

သူတို့လေးယောက်က နေရာကို ရောက်သွားသည်။

သူတို့က တောလမ်းတစ်ခုရဲ့ အဝင်ဝမှာ ရှိနေခဲ့သည်။

လမ်းနှစ်ဘက်စလုံးတွင် မှောင်မည်းနေသော တောအုပ်များရှိပြီး သူ့တို့ရှေ့တွင် နေရာလွတ်တစ်ခုသာရှိသည်။ ဘာအတားအဆီးမှ မရှိတာကြောင့် အရာအားလုံးကို တစ်ချက်ကြည့်ရုံနဲ့ မြင်နိုင်သည်။

တစ်ယောက်ယောက်က ဒီလမ်းကြောင်းကို ပြေးလာတာနဲ့ သူတို့တမ်းမြင်နိုင်မှာပင်။

ချက်ချင်းပင် …

"ဒီလိုနဲ့ တစ်ယောက်ယောက်က လွတ်နိုင်ပါ့မလားလို့ တွေးမိတယ်"

ယုရှုရင်က အဝေးကို ခဏလောက် ကြည့်လိုက်သည်။ ကံမကောင်းစွာပဲ ၎င်းတို့သည် အိမ်ကြီးနှင့် မီတာ တစ်ထောင်ကျော်လောက် ဝေးကွာနေပြီး မြင့်မားသော တံတိုင်းတစ်ခုပါ ရှိနေသည်။ သူမက ဘာမှ မမြင်ရဘဲ စူးစူးဝါးဝါး အော်သံများသာ ကြားနေရသည်။

“ မလွတ်လောက်ပါဘူး” ကျိုးမန်မန်က သူမနှုတ်ခမ်းကို စိကာ ပြောသည် ။

တိုက်ပွဲကို မကြောက်ပေမယ့် တိုက်စရာမလိုရင် ပိုကောင်းသည်။ သူမသည် ဤနေရာတွင် တစ်ညလောက် အေးချမ်းစွာနေပြီး မနက်ဖြန်တွင် သာမန်အရည်အသွေးအမှတ်သုံးခုဖြင့် ထွက်ခွာသွားချင်သည်။

ဤအချက်ကြောင့် တပည့်များစွာသည် ကိုယ်ခံပညာတည်မြဲရေး

စံအိမ်၏ တာဝန်ကို အတိအကျလက်ခံခဲ့တာပင်။

"ဒီအိမ်ကလူတွေက ဝံပုလွေရိုင်းလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အဖွဲ့ဝင်တွေလို့ အလံအရာရှိဝူဆီက ကြားတယ်။ အဲဒါတွေကို ကြားဖူးလား။" ယုရှုရင်က ရုတ်တရက် မေးလိုက်သည်။

ကျိုးမန်မန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းခါလိုက်သည်။

လင်းရှန်၏ မျက်လုံးများကတော့ မှိတ်တုတ်မှိတ်တုတ်ပင်။

ဝံပုလွေရိုင်းများရှိကြောင်းကို သူသိပြီး ၎င်းတို့နှင့် တစ်ကြိမ်ထက်မက တိုက်ခိုက်ခဲ့သည်။

သို့သော် ဤအဖွဲ့အစည်းနှင့်ပတ်သက်ပြီး သူ၏နားလည်မှုသည် ကျင့်ကြံသူများကို တိတ်တဆိတ်သတ်ဖြတ်ပြီး သွေးဝိညာဉ်ဆေးလုံးများကို သန့်စင်ရန် အသုံးပြုနေသည့် လမ်းစဉ်လွဲနေသော အုပ်စုတစ်ခု ဟုသာ သိထားသည်။

ဒါကလွဲရင် သူသိတာနည်းသည်။

ထိုအချိန်တွင်လင်းရှန်သည် ကျောက်ရွှမ်ရင်၏ မျက်လုံးထောင့်မှ အမူအရာ ပြောင်းသွားသည်ကို မြင်လိုက်ရသဖြင့် လှည့်ကြည့်ကာ "ဝံပုလွေရိုင်းအကြောင်း မင်းသိလား?"

ကျောက်ရွှမ်ရင်က ခေါင်းညိတ်ပြီး လေးလေးနက်နက်ပြောသည် "ငါသိတယ်။ မကြာသေးမီကမှ နဂါးချောက်နက်တောင်တန်းမှာ ကျင့်ကြံသူအများအပြား ပျောက်ဆုံးနေတာနဲ့ ဆက်စပ်နေတယ်လို့ ပြောလို့ရတယ်။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က စုဆောင်းထားတဲ့ အထောက်အထားတွေအရ ဝံပုလွေရိုင်းတွေက သွေးဝိညာဉ်ဆေးလုံးတွေကို လျှို့ဝှက် သန့်စင်နေတာ ဖြစ်ဖို့များတယ်တဲ့”

"သွေးဝိညာဉ်ဆေးလုံး”

ယုရှုရင်နဲ့ ကျိုးမန်မန်က တပြိုင်နက်တည်း အော်ပြောလိုက်သည်။

ကျင့်ကြံသူတိုင်းသည် သွေးဝိညာဉ်ဆေးလုံးများအကြောင်း ကြားဖူးသည်။

ဒီနတ်ဆိုးဆေးလုံးသည် ရှေးရိုးလမ်းစဉ်အတိုင်း ကျင့်ကြံနေသော ကျင့်ကြံသူအများစု အမုန်းဆုံးအရာများထဲမှ တစ်ခုဖြစ်သည်။

သို့သော် လင်းရှန်သည် ငြိမ်သက်နေပြီး သူ့မျက်လုံးများတွင် သိသာထင်ရှားသော အကြည့်တစ်ခု တောက်ပလာသည်။

တင်းလမ်ထံမှ သွေးဝိညာဉ်ဆေးလုံးများအကြောင်း သူကြားခဲ့တာ ကြာပြီပင်။ အခုတော့ သူက ထပ်ပြီး အတည်ပြုနိုင်သွားသည်။

"သူတို့က သွေးဝိညာဉ်ဆေးလုံးတွေကို သန့်စင်နေတာလား။ ဒီလူတွေက သေဖို့ ထိုက်တန်ပါတယ်”

ယုရှုရင်က အံကို ကြိတ်လိုက်သည်။

"ဟုတ်တယ်”

ကျိုးမန်မန်က လေးလေးနက်နက် ခေါင်းညိတ်ပြပြီး သူမ၏ မျက်နှာသည် တည်ကြည်နေသည်။

သွေးဝိညာဉ်ဆေးလုံးများ တည်ရှိနေခြင်းသည် ကျင့်ကြံသူ သခင်ထိ မတက်လှမ်းရသေးသော သူတို့လို ကျင့်ကြံသူများအဖို့ အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် တစ်နေ့တွင် သွေးဝိညာဉ်ဆေးလုံးများ၏ ပါဝင်ပစ္စည်းများ ဖြစ်လာနိုင်သလားဆိုတာကို မည်သူမျှ မသိသောကြောင့် ဖြစ်သည်။

All Chapters