← Chapters

ငါ ထွက်ပြေးချင်တယ်လို့ တစ်ခါမှ မပြောဖူးဘူး (၂)

Vol. 8 Ch. 120

ငါ ထွက်ပြေးချင်တယ်လို့ တစ်ခါမှ မပြောဖူးဘူး (၂)

Vol. 8 Ch. 120

ဒီအချိန်မှာ ဝံပုလွေရိုင်းတွေပဲ ပေါ်လာပြီး သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ တိုက်ခိုက်ကြမှာပင်။

ဤရက်စက်ကြမ်းကြုတ်သော ရာဇ၀တ်ကောင်အုပ်စုသည် လူသားများကို ဆေးလုံးများ သန့်စင်ရန် အသုံးပြုခဲ့ပြီး ၎င်းတို့နှင့် စကားပြောဆိုရန် ကြိုးစားခြင်းက အသုံးမဝင်နိုင်ပေ။ အသက်ရှင်ဖို့ တစ်ခုတည်းသောနည်းလမ်းက သူတို့ကို သတ်ပစ်ဖို့ပင်

တခဏအတွင်းမှာပဲ

ဒေါင်ကနဲ့ မြည်သံနှင့်အတူ ဓားနှစ်လက်သည် လျှပ်စီးလက်သလို ရောယှက်ကာ မီးပွားများ လင်းလက်လာသည်။

ခဏလောက်တော့ စွမ်းအင်တွေ ပြန့်ကျဲသွားပြီး အပူချိန် ကျဆင်းသွားသည်။

အဲ့အချိန်မှ ကျောက်ရွှမ်ရင်နှင့် အခြားမိန်းကလေးနှစ်ယောက်သည် တုန်လှုပ်

ချောက်ချားရာမှ အသိဝင်လာသည်။ ကျန်ရှိသော ငရဲပျားကောင်များကို အလျင်အမြန်သတ်ခဲ့ကြပြီး လင်းရှန်ကို ကူညီချင်ကြသည်။

သို့သော် သူတို့ လှုပ်ရှားသွားစဉ်တွင် ရှည်လျားကျဉ်းမြောင်းသော မျက်လုံးများပိုင်ဆိုင်သည့် ခံစားချက်မရှိသော မျက်နှာနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့ခဲ့သည်။

ဝမ်ကျောက်ခမ်သည် အချိန်ဖြုန်းမနေတဲ့အပြင် ခံစားချက်တစ်စုံတစ်ရာမပြဘဲ အမျိုးသမီးသုံးဦးကို တိုက်ခိုက်ခဲ့သည်။

သူ၏ ပါးလွှာသော လက်ချောင်းများထဲမှ လက်သည်းများထွက်လာကာ လေထုကို ဆုတ်ဖြဲပြီး နားကိုထိုးဖောက်သည့် စူးရှသောအသံကို ထုတ်လွှတ်လိုက်သည်။ အမျိုးသမီးသုံးဦး၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး တိုက်ခိုက်မှုကို ရင်ဆိုင်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လူခြောက်ဦးသည် တောလမ်းရှိ ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ပါဝင်ခဲ့ကြသည် ။

ချလွမ် ချလွမ် ချလွမ်

တခဏချင်းမှာပဲ လင်းရှန်လက်ထဲက ဓားရှည်ဟာ ရန်သူရဲ့ ဓားသွားကို ဆယ်ကြိမ်ထက်မနည်း တိုက်မိသွားပြီး မီးပွားတွေ နေရာအနှံ့ ပျံ့လွင့်သွားခဲ့သည်။

မီးတောက်များ လင်းလက်လာသည်နှင့်အမျှ လင်းရှန်၏ မျက်လုံးများလည်း မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

သူ့ရှေ့က တိုက်ခိုက်သူသည် အလွန်အစွမ်းထက်သည်။ သူသည်

တင်းလမ်နဲ့ယွမ်လီဖေထက်ပင် အားကောင်းခဲ့သည်။ သူ၏ လေ့ကျင့်မှုသည် ကြာရှည်စွာအသက်ရှုခြင်းသတ္တမအဆင့်အထိ ဖြစ်နိုင်ချေများပြီး သူ၏ဓားသွားနည်းစနစ်က အတော်လေး ပြင်းထန်သည်။

ထို့အပြင် အမျိုးသမီးသုံးဦးကို တားထားသော လူလတ်ပိုင်းအရွယ် အမျိုးသားသည်လည်း သူ့ရှေ့မှအမျိုးသားကဲ့သို့ပင် စွမ်းဆောင်နိုင်ခဲ့သည်။

သူတစ်ယောက်တည်းက အမျိုးသမီးသုံးဦးကို ပြန်မတိုက်နိုင်လောက်အောင် နှိမ်နင်းနိုင်ခဲ့သည်။

ဒီမြင်ကွင်းကို သူ့မျက်လုံးထောင့်ကနေ မြင်လိုက်ရတဲ့ အချိန်မှာ လင်းရှန်နှလုံးက ပိုခုန်သွားသည်။

“ငါ့ရဲ့ အရည်အချင်းနဲ့တောင်မှ ဒီလူကိုပဲ ခက်ခက်ခက်ခဲခဲတိုက်ရတယ်”

"အဲဒီလူလတ်ပိုင်းလူက ကောင်မလေးသုံးယောက်ကို အနိုင်ယူပြီး ဒီကောင်နဲ့ ပေါင်းလိုက်ရင် ငါ ဒုက္ခရောက်လိမ့်မယ်”

သူ့စိတ်တွေ လှုပ်ရှားလာသည်နှင့်အမျှ လင်းရှန်သည် လျင်မြန်စွာ အကြံတစ်ခုရလာသည်။

ထိုအချိန်တွင် လုကျီသည် တစ်ဖက်တိုက်ပွဲအပေါ် လင်းရှန်၏စိတ်ဝင်စားမှုကို ကောင်းစွာ ခံစားသိရှိပြီး ရယ်မောလိုက်သည်။

"ကလေး၊ မင်းမှာ တခြားသူတွေကို ဂရုစိုက်ဖို့ ခွန်အားတွေရှိသေးတာလား"

ထိုသို့ပြောပြီး လုကျီ၏တိုက်ခိုက်မှုများသည် ပို၍ပင်ပြင်းထန်လာသည်။

လင်းရှန်သည် သာလွန်ကိုယ်ခံပညာ သို့မဟုတ် သန့်စင်သော ယန်ခန္ဓာကိုယ်သို့

မပြောင်းရသေးသောကြောင့် လုကျီကို တိုက်ခိုက်ရာတွင် အားနည်းချက် ရှိနေသည်မှာ သိသာသည်။

ကျီလုကတော့ ဘာကိုမှ သံသယမရှိခဲ့ပေ။

လင်းရှန်သည် ငယ်ရွယ်သည်ဟု သူထင်ခဲ့သည် ။

"သူ ဘယ်လောက်ပဲ အရည်အချင်းရှိပါစေ၊ သူ့ရဲ့ လေ့ကျင့်မှုနဲ့ ခွန်အားက ငါ့လောက်မကောင်းလောက်ဘူး။ ဘာလို့လဲဆိုတော့ ငါက ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာ နှစ်အတော်ကြာ နေခဲ့ပြီးပြီ မလို့ပဲ" ထို့ကြောင့် ကျီလုသည် အတော်လေး ငြိမ်သက်နေသည်။

ဒုတိယတန်းစား သွေးဝိညာဉ်ဆေးလုံးများ ရရှိပြီးနောက် သူ၏ ကျင့်ကြံမှုအဆင့် မြင့်

တက်လာတော့မည့် အံ့ဖွယ်မြင်ကွင်းကိုပင် စိတ်ကူးယဉ်စပြုလာသည်။

အရင်က တိုက်ပွဲတွေကြောင့် လင်းရှန်သည် တိုက်ပွဲအတွေ့အကြုံမရှိသော လူသစ်

မဟုတ်တော့ပေ။ သူသည် လုကျီ၏ တခဏတာ စိတ်ပျံ့လွင့်မှုကို အခွင့်ကောင်းယူကာ ရှည်လျားသောဟောက်သံကို ထုတ်ရန် ချက်

ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

မျက်နှာကို ရိုက်ခတ်လာတဲ့ အသံလှိုင်းကြောင့် လုကျီ၏တိုက်ခိုက်မှုကို ချက်ချင်းရပ်တန့်သွားစေပြီး သူ့ရင်ဘတ်ထဲက သွေးတွေ ဆူပွက်လာသည်။

သို့သော် လင်းရှန်သည် ငရဲပျားများကိုသတ်ရန် ဤလှုပ်ရှားမှုကို အသုံးပြုခဲ့သည်ကို သူမြင်ဖူးသောကြောင့် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ဒါကိုမြင်တော့ သူက ချက်ချင်း နောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ထဲမှ သံမဏိဓားရှည်ကို ဝှေ့ယမ်းကာ လင်းရှန်၏ အလစ်တိုက်ခိုက်မှုကို တားဆီးရန် သူ့ရှေ့က နေရာကို ပိတ်ဆို့လိုက်သည်။

သို့သော် သူအသက်ရှုချလိုက်ပြီး အနီးကပ်ကြည့်လိုက်သောအခါ လင်းရှန်သည် မီတာ ၅၀ ခန့် ဝေးကွာနေပြီဖြစ်ပြီး တောနက်ထဲသို့ ဒုန်းစိုင်းပြေးသွားတာကြောင့် အံ့အားသင့်သွားမိသည်။

"ဟိတ် ဒီကောင်လေး”

သူ လှည့်စားခံရသည်ဟု ခံစားရသဖြင့် လုကျီက ဒေါသတကြီးနဲ့ လင်းရှန်နောက်သို့ လိုက်သွားခဲ့သည်။

ည၏ကောင်းကင်အောက်တွင် သူတို့နှစ်ဦးသည် မှောင်မိုက်သောတောအုပ်အတွင်း ရှေ့ဆင့်နောက်ဆင့် ပြေးသွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် မီတာတစ်ထောင်ကျော် ပြေးခဲ့ကြပြီး မူလနေရာနှင့် ဝေးကွာသွားခဲ့သည်။

အုံ့ဆိုင်းနေသောညနှင့် သစ်ပင်များ၏အတားအဆီးကြောင့် ဝမ်ကျောက်ခမ်နှင့် မိန်းကလေးသုံးယောက်ကြား တိုက်ပွဲကို မမြင်ရတော့ပေ။

ထိုမှသာ လင်းရှန်သည် ရပ်ပြီး လုကျီကို လှည့်ကြည့်လိုက်သည်။

"မင်း ဘာလို့မပြေးတော့တာလဲ"

လုကျီက သူ့ဓားကို ဆုပ်ကိုင်လိုက်ပြီး ရယ်မောလိုက်သည်။

"ငါပြေးတယ်လို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး"

လင်းရှန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

သူက ပြေးဖို့ မတွေးဖူးပေ။ ဒီလိုမှမဟုတ်ရင် သူ့၏ အရိပ်ပြီးပြည့်စုံခြင်းအဆင့်နဲ့ဆို လုကျီက သူ့ကို ဘယ်တော့မှ ဖမ်းမိမှာ မဟုတ်ပေ။

လင်းရှန်၏ တည်ငြိမ်သော အမူအရာကို ကြည့်ပြီး လုကျီသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်သော်လည်း ဤကောင်လေးသည် သူပြိုင်ဘက်ဆိုတာကို မယုံသေးပေ။

"ကောင်လေး၊ မင်းက လျှာအတော်ရှည်တာပဲ”

လုကျီက သူ့ဘာသာ စိတ်တည်ငြိမ်အောင် တွန်းအားပေးလိုက်သည်။ သူသည် နတ်ဘူရားလက်နက်အဆောင်ကို ထုတ်ယူပြီး ဓါးပေါ်တွင် ပုတ်လိုက်သည်။ အဆောင်က ပြာများအဖြစ်သို့ မီးလောင်သွားပြီး ဓါးကို ရေခဲအလွှာဖြင့် ဖုံးအုပ်သွားပုံရသည်။ တခဏချင်းမှာပဲ အေးစက်တဲ့အလင်းရောင်နဲ့ လင်းလက်သွားသည်။

နတ်ဘုရားလက်နက်အဆောင်သည် လက်နက်များကို အားကောင်းစေပြီး ၎င်းတို့၏ မာကျောမှုနှင့် ထက်မြက်မှုတို့ကို တိုးမြင့်စေသည့် အကျိုးသက်ရောက်မှုရှိသည်။

ကျီလုသည် နတ်ဘုရားလက်နက်အဆောင်ကြောင့်လည်း ရာနှင့်ချီသော သန့်စင်မှုလက်နက်ကို ကိုင်ဆောင်နိုင်ပြီး နေခြောက်စင်းအဆောင်ဓားကို အချိန်တိုအတွင်း နိုင်နိုင်နင်းနင်း ခုခံနိုင်ခဲ့တာပင်။

တကယ်တော့ နေခြောက်စင်းအဆောင်ဓားကလည်း ကျီလုအနေနဲ့ လင်းရှန်ကို သတ်ဖို့ တွန်းအားပေးသော အကြောင်းရင်းထဲက တစ်ချက်ဖြစ်သည်။

သူသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံသူဖြစ်ခဲ့သော်လည်း အလယ်အလတ်တန်းစားလက်နက် မဆိုထားနှင့် ၊ အဆင့်နိမ့် မှော်လက်နက်များပင် မရှိခဲ့ပေ။

နေခြောက်စင်းအဆောင်ဓားကို သူမြင်လိုက်သည့်အချိန်တွင် ကျီလုသည် မနာလိုဖြစ်သွားပြီး ၎င်းကို ယူရန် ဆုံးဖြတ်လိုက်သည်။

"မင်းဘာလုပ်မလဲ ကြည့်ရအောင်”

ကျီလုက ရယ်လိုက်သည် ။ ရံဖန်ရံခါ သူ့အကြည့်တွေက လင်းရှန်လက်ထဲက နေခြောက်စင်းအဆောင်ဓားကို ဖြတ်ကျော်သွားပြီး လောဘဇောတွေက သူ့မျက်လုံးတွေထဲ တောက်ပလာသည်။

လင်းရှန်က လုံးဝ ဂရုမစိုက်ဘဲ ပြုံးလိုက်သည်။

"ဟုတ်တယ် မင်းကို ဒီနေရာကို ငါ ဖျားယောင်းခေါ်လာတာ၊ ဒီမှာဆို ငါတို့ရဲ့ တိုက်ပွဲကို ဘယ်သူမှ မမြင်ရဘူး"

ကျီလုကမျက်မှောင်ကြုတ်ပြီး အော်ဟစ်လိုက်သည်။

"အဲလိုဆိုတော့ မင်းမှာ ဝှက်ဖဲတွေရှိသေးတာလား။ အဲဒါတွေအကုန်သုံးလိုက်၊ ငါလည်းသိချင်တယ် ..."

သူစကားမဆုံးခင်မှာ ဓါးမီးတောက်က ရုတ်တရက် တောက်ပလာပြီး အမှောင်ထုကို ဖြိုခွင်းလိုက်သည်။ ကျီလုသည် လင်းရှန်ဆီသို့ အပြေးအလွှားသွားပြီး သူ့ဓားဖြင့် ခုတ်ချလိုက်သည်။ ထိုနောက် သူက အော်လိုက်သည် ။

"သေစမ်း”

လုကျီသည် ဉာဏ်များသည်။ လင်းရှန် သူ့ဝှက်ဖဲကို အေးအေးဆေးဆေး အသုံးပြုဖို့ ဘယ်လို ခွင့်ပြုနိုင်မည်နည်း။ လင်းရှန်၏ အာရုံကို ဆွဲဆောင်နေစဉ်တွင် သူသည် တိုက်ခိုက်ရန် စတင်လုပ်ဆောင်ခဲ့သည်။

သို့သော် လင်းရှန်သည် ၎င်းရောက်လာသည်ကို မြင်လိုက်ရသည်။ ဒါကိုမြင်တော့ သူက တခစ်ခစ်ရယ်ပြီး သူ့လက်ချောင်းတွေကို ဖိလိုက်သည်။ အရှိန်အဟုန်ပြင်းပြင်းနဲ့ စူးရှတဲ့ လေပြင်းတစ်ချက် ချက်ခြင်းထွက်ပေါ်လာသည်။

လုကျီသည် အနှစ်သာရဓားသွားလက်ချောင်း၏ စွမ်းအားကို မျက်မြင်တွေ့ခဲ့ဖူးသည်။ သူ့အမူအရာက တင်းမာသွားကာ မဆိုင်းမတွပင် ဘေးသို့ ရှောင်တိမ်းသွားခဲ့သည်။

လက်ချောင်းလေကို ရှောင်တိမ်းပြီး လုကျီက လင်းရှန်ကို ဆက်လက်တိုက်ခိုက်ဖို့ လုပ်သော်လည်း နောက်တစ်စက္ကန့်တွင် သူရုတ်တရက် အေးခဲသွားသည်။ သရဲတစ္ဆေမြင်ရသလို မျက်လုံးတွေ ပြူးကျယ်သွားသည်။

သူ့ရှေ့မှာ လင်းရှန်ငါးယောက်ကို မြင်လိုက်ရသည်။

သူတို့ရဲ့ အသွင်အပြင် ၊ အဝတ်အစား ဒါမှမဟုတ် စိတ်နေစိတ်ထား အားလုံးက အတူတူပင်။

ညကနက်နေပြီး သူတို့သည် တိတ်ဆိတ်မှောင်မိုက်သော တောအုပ်ထဲတွင် ရှိနေကြသည်။ ဒီမြင်ကွင်းကို ကြည့်လိုက်တော့ လုကျီက ကျောရိုးထဲ စိမ့်သွားသလို ခံစားလိုက်ရသည်။

ဘာဖြစ်သွားတာလဲ။

အဲ့တာက နတ်ဘုရားစွမ်းအားတစ်ခုခုလား

သူနားမလည်နိုင်ခင်မှာ တူညီတဲ့ လူငါးယောက်က သူ့ကိုဓားတွေနဲ့

တိုက်ခိုက်ပြီးသားပင်။

တခဏချင်းမှာပဲ ကောင်းကင်မှာ ပြည့်နေတဲ့ ဓားရိပ်တွေက သူ့ကို မုန်တိုင်းတစ်ခုလို ဖုံးလွှမ်းသွားခဲ့သည်။

သူ၏ကိုယ်ပွားများကို ခေါ်ယူပြီးနောက် လင်းရှန်သည်

နေခြောက်စင်းအဆောင်ဓားကို ဖယ်ထုတ်ကာ သူ့ကိုယ်သူ ဖုံးကွယ်ရန် ကြယ်

ခုနစ်ပွင့်ဓားကို ပြောင်းလဲခဲ့သည်။

ကြယ်ခုနစ်ပွင့်ဓားသည် မှော်လက်နက်မဟုတ်သော်လည်း အဆောင်လက်နက်

ဖြစ်တာကြောင့် ရာနှင့်ချီ သန့်စင်ထားသောလက်နက်ကဲ့သို့ မာကျောပြီး ထက်မြက်သည်။

သတ္တုချင်းတိုက်မိတဲ့အသံက တောကြီးထဲမှာ ပဲ့တင်ထပ်နေသည်။

စူးရှ အေးစက်သော ဓားအလင်းရောင်များဖြင့် ဝန်းရံထားသည်ကိုသာ ကျီလုက ခံစားမိသည်။

သူသည် အချိန်မရွေး အန္တရာယ်ထဲ နစ်မြုပ်သွားနိုင်သည့် လှိုင်းထန်သော ပင်လယ်ထဲမှ လှေငယ်နှင့်တူနေသည်။

ခဏလေးအတွင်းမှာပဲ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာအသစ်တွေ အများကြီးရခဲ့သည်။

ကျီလုက ဦးရေပြား ထုံသွားသလို ခံစားလိုက်ရသည်။ သူက တုန်လှုပ်ခြောက်ခြားနေသည်။ အရင်ကလို ဘဝင်မရူးရဲတော့ပေ။

လင်းရှန်သည် ငါးကိုယ်ခွဲ မည်သို့ဖြစ်လာသည်ကို သူနားမလည်နိုင်ခဲ့ပေ။

ကံမကောင်းစွာပဲ သူဘယ်တော့မှ အဖြေကိုသိမှာမဟုတ်ပေ။

ယန်စွမ်းအားခန္ဓာကိုယ်သို့ပြောင်းပြီးနောက် လင်းရှန်နှင့် ကျီလုက တန်းတူဖြစ်နေပြီဖြစ်သည်။

ယခု ကိုယ်ပွါးလေးယောက်နဲ့ဆိုတော့ သူ့တွင် ပြီးပြည့်စုံသော အားသာချက်ရှိသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ကျီလုဆီမှ သနားစရာကောင်းသော အော်သံ ထွက်လာသည်။ သူ့ဝမ်းဗိုက်ကို ဓားနဲ့ထိုးခံရပြီး သူ့လှုပ်ရှားမှုက ခဏလောက် နှေးကွေးသွားသည်။

သူပြန်မထနိုင်ခင်မှာပဲ ပြင်းထန်ပြီး နီမြန်းတဲ့အမှုန်အမွှားလေးက နေရာပေါင်းစုံကနေ ဖြတ်ကျော်သွားပြီး ချက်ချင်းဆိုသလိုပဲ သူ့ကိုနစ်မြှပ်သွားစေခဲ့သည်။

ချလွမ်

မကြာခင်မှာပဲ အမှောင်ကျသွားသည်။

ကောင်းကင်မှာ ပြည့်နေတဲ့ အရိပ်တွေကပျောက်ကွယ်သွားပြီးနောက်

ကျီလုမှာသွေးတွေနဲ့ ဖုံးလွှမ်းသွားသည်။

သူ့မျက်လုံးများက ပြူးကျယ်နေပြီး သူ့မျက်နှာမှာ မခံချင်စိတ်နှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နေ၏။ သို့သော် သူ့မျက်လုံးများမှ တောက်ပမှု ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

လင်းရှန်က သူ့ဓားကို ဖယ်လိုက်ပြီး မြေပြင်က အလောင်းကို ကြည့်လိုက်သည်။

ထို့နောက် သူက သက်ပြင်းတစ်ချက်ချလိုက်သည်။

နှောင့်နှေးမှုမရှိဘဲ လင်းရှန်သည် လုကျီ၏အလောင်းကို လျင်မြန်စွာရှာဖွေပြီး တွေ့ရှိသော သိုလှောင်အိတ်ကို ယူလိုက်သည်။ ထို့နောက် သူသည် အနက်ရောင်လမ်းပေါ်မှ အဘိုးအိုဝူဝယ်ပေးသော အရည်ပျော်ခြင်း အရည်ကို ထုတ်ယူလိုက်သည်။ အလောင်းကို လွယ်ကူစွာ အရည်ဖျော်ပြီး နေရာကို ခေတ္တရှင်းလင်းခဲ့သည်။ သူဘာမှ မလွဲချော်ကြောင်း အတည်ပြုပြီးနောက် သူ့အဖွဲ့ထံ အမြန်ပြန်လာခဲ့သည်..

All Chapters