စွမ်းရည်အသစ် (၁)
Vol. 8 Ch. 121
တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။
အစွမ်းထက်သော ဝမ်ကျောက်ခမ်ကို ရင်ဆိုင်ရာတွင် မိန်းကလေး သုံးယောက်သည် မနည်းထိန်းနေရသည် ။
ကျောက်ရွှမ်ရင်၏ များစွာသော အဆောင်များကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် ယခုအချိန်အထိ ကြာရှည်ခံနိုင်မည်မဟုတ်ပေ။
ခဏအကြာမှာတော့ ဝမ်ကျောက်ခမ်သည် တဖြည်းဖြည်း စိတ်ပျက်လာသည်။
သူဒီမှာ အကြာကြီးမနေချင်တော့ပေ။ သူနောက်ထပ် ကြာနေလျှင် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ စစ်ကူများနဲ့ တွေ့နေမည်ကို ကြောက်နေမိသည်။ သူ့ရှေ့က လူသုံးယောက်ကို ကျီလုထံ လွှဲပေးချင်နေပြီပင်။
သို့သော် ဤမိန်းကလေးသုံးယောက်သည် တိုက်ခိုက်ရန် အလွန်ခက်ခဲသည်။
အထူးသဖြင့် တုံလှုပ်ခြောက်ခြားမှု မရှိသော မိန်းကလေးသည် အဓိက ဖြစ်သည်။ သူမလက်ထဲတွင်ရှိသော နေသုံးစင်းအဆောင်ဓားသည် သူ၏
ဝံပုလွေဝိညာဉ်လက်သည်းကို ဆန့်ကျင်နိုင်ရုံသာမက သူမတွင် အဆောင်
အမျိုးမျိုးရှိနေသည်။
လေးမိနစ်မှ ငါးမိနစ်အတွင်းတွင် သူမသည် အဆောင်အချပ် ၂၀ မှ ၃၀ အထိ ထုတ်သုံးထားသည် ။
တိုးတက်ခြင်း အလယ်အလတ်အဆင့် ဝိညာဉ်သားရဲကို ချက်ချင်းသတ်ပစ်နိုင်တဲ့
မီးအဆောင်လို အစွမ်းထက်တဲ့အဆောင် တွေတောင် ရှိနေသည်။
ဝမ်ကျောက်ခမ်သည် သတိမထားမိဘဲ အချိန်မီ ရှောင်ထွက်မသွားနိုင်ပါက သူ့မစ်ရှင်ပျက်လုနီးပါး ဖြစ်ပေလိမ့်မည်။
သူသည်ပို၍သတိထားလာရတာကြောင့် ထိုမိန်းမသုံးယောက်ကို အချိန်အတော်ကြာတဲ့အထိ ဆွဲချနိုင်ခြင်းမရှိပေ။
ဝမ်ကျောက်ခမ်က ရုတ်တရက် စကားမပြောမီ စက္ကန့်အနည်းငယ်ကြာအထိ မျက်လုံးများ ကို မှိတ်တုတ် မှိတ်တုတ် လုပ်နေသည်။
"မင်းတို့ရဲ့အဖော်က မင်းတို့ကို ထားပြီး ထွက်ပြေးသွားပြီ။ မင်းတို့ကို ကယ်ဖို့ ဘယ်သူမှ လာမှာမဟုတ်ဘူး။ စမတ်ကျကျနဲ့ အရှုံးပေးလိုက်ပါလား။ မင်းတို့ရဲ့အသက်ကို ငါ ချမ်းသာပေးနိုင်ပါတယ်”
ယုရှုရင်နဲ့ ကျိုးမန်မန်က အေးစက်သွားသည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင် ကျောက်ရွှမ်ရင်၏ အေးစက်တည်ငြိမ်သော အသံကို သူတို့ကြားလိုက်ရသည်။
"သူ့ရဲ့ အရူရစကားတွေကို နားမထောင်နဲ့။ ဝံပုလွေရိုင်းတွေက ဆေးတွေကို သန့်စင်ဖို့အတွက် လူတွေကိုတောင်ဘအသုံးပြုတဲ့ နတ်ဆိုးလိုလူတွေ၊ ဒီလိုလူရဲ့စကားတွေကို မယုံနဲ့”
ယုရှုရင်နဲ့ ကျိုးမန်မန်တို့က ထိတ်လန့်သွားပြီး သူတို့၏ အမူအရာများသည် လေးနက်သွားခဲ့သည်။
ဟုတ်တယ်
ဒါက သွေးဝိညာဉ်ဆေးလုံးများကို သန့်စင်ဖို့အတွက် ကျင့်ကြံသူများကို အသုံးပြုနေသည့် မကောင်းသောအဖွဲ့အစည်းဖြစ်သော ဝံပုလွေရိုင်းတို့နှင့် ရင်ဆိုင်နေကြရတာဖြစ်သည်။
ထိုလူ၏စကားများကို မည်သို့ယုံကြည်နိုင်မည်နည်း။
ဝမ်ကျောက်ခမ်သည် ဒေါသထွက်သွားပြီး ကျောက်ရွှမ်ရင်ကို စိတ်ဆိုးသော အကြည့်ဖြင့် စိုက်ကြည့်နေသည်။
ကောင်မလေးက မကြောက်ပေ။ သူမ နှုတ်ခမ်းကို ဟရင်း "ပြီးတော့ လင်းရှန်ကနောက်ဆုံးမိနစ်မှာ ထွက်ပြေးမယ့်သူတော့ မဟုတ်ဘူး”
ဝမ်ကျောက်ခမ်က အေးစက်စွာ အော်လိုက်သည်။ "မင်းဘာလို့သူ့အတွက်ပြောနေတာလဲ၊ သူက မင်းရဲ့ကောင်လေးလား”
ကျောက်ရွှမ်ရင်သည် ရှက်သွားပြီး ဝမ်ကျောက်ခမ်ကို စိုက်ကြည့်နေသည်။ သူမက နှုတ်ခမ်းကို တင်းတင်းစိကာ ဘာမှပြန်မပြောတော့ပေ။
တကယ်တော့ သူမသည် လင်းရှန်နဲ့ သိပ်မရင်းနှီးပေ။ သို့သော်လည်း အကြောင်းတစ်ခုခုကြောင့် လင်းရှန်သည် သူ့အဖော်များကို ထားပြီး ထွက်ပြေးမည်ဟု သူမထင်ခဲ့ပေ။
သူတို့ကို အာရုံများအောင် လုပ်မရတာကို မြင်လိုက်ရတော့ ဝမ်ကျောက်ခမ်က တခြားဘာမှ ပြန်မပြောတော့ပေ။ သူသည် အမျိုးသမီး သုံးဦးကို ဆက်လက်တိုက်ခိုက်လိုသော်လည်း ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ သူ့နားတွေ နည်းနည်းလှုပ်လာပြီး အံဩသွားသည်။
ဒါ အော်သံလား။
ကျီလုဆီကလား။
ညသည် တိတ်ဆိတ်နေပြီး အသံက ကျယ်ပြောလှသည်။ မိန်းကလေး သုံးယောက်စလုံးပင် အဝေးက ထွက်လာသော အော်သံကို ယောင်ဝါးဝါးနဲ့ ကြားနိုင်သည်။
ယုရှုရင်နဲ့ ကျိုးမန်မန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ လင်းရှန်သည် ရန်သူ၏ ဖမ်းဆီးခြင်းကို ခံရပြီး အသတ်ခံရပြီဟု သူတို့ ထင်ခဲ့ကြသည်။
ကျောက်ရွှမ်ရင်ကသာ ဝမ်ကျောက်ခမ်၏ အမူအရာပြောင်းလဲမှုကို သတိပြုမိခဲ့သည်။ တုန်လှုပ်ခြောက်ခြားစရာ အတွေးတစ်ခုက သူမ စိတ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ဟုတ်ပါ့မလား...
သူမ နားမလည်နိုင်ခင်မှာ ဝမ်ကျောက်ခမ်က စိတ်တိုတိုနဲ့ ထပ်မံတိုက်ခိုက်ခဲ့သည်။
ကိစ္စများ ပြောင်းလဲသွားနိုင်တာကြောင့် ဝမ်ကျောက်ခမ်သည် နှောင့်နှေးမနေတော့ပေ ။ သူဒဏ်ရာရနိုင်ရင်တောင်မှ အမျိုးသမီးသုံးယောက်ကို အမြန်သတ်ပြီး ဘာတွေဖြစ်နေလဲဆိုတာကိုသိရဖို့ ကျီလုဆီကို အပြေးအလွှားသွားရမည်။
တိုက်ပွဲက ပြန်စနေသည်။ ဝမ်ကျောက်ခမ်၏တိုက်ခိုက်မှုတွေက အရင်ကထက် ပိုပြင်းထန်လာတာကြောင့် မိန်းကလေး သုံးယောက်က မကျေမနပ် ဖြစ်နေသည်။
ထိုအချိန်တွင် တစ်စုံတစ်ခု၏ အရှိန်အဟုန် ပြင်းစွာ လှုပ်ရှားသံများ ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ထိုအရာက သူတို့ဆီရောက်လာသည်။
ဟောက်သံကြားသောအခါ ဝမ်ကျောက်ခမ်သည် ခေါင်းကို လှည့်ကြည့်လိုက်သည်။
နောက်တစ်စက္ကန့်တွင် ဒီရေလှိုင်းကဲ့သို့သော အသံက သူ့ကို ရိုက်ခတ်သွားသည်။
ဝမ်ကျောက်ခမ်သည် ချက်ချင်းပင် အော်ကာခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့သည်။ သူ့လည်ချောင်းထဲက သွေးတွေကို မျိုချလိုက်ပြီး မော့ကြည့်လိုက်တော့ သူ့အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။
ကောင်မလေး သုံးယောက်က အံ့ဩသွားကြသည်။
"လင်းရှန်”
လင်းရှန်မှလွဲ၍ တခြားမဟုတ်ပေ။
လင်းရှန်ရောက်နေပေမယ့် ကျီလုကို ဘယ်မှာမှ မတွေ့ရသဖြင့် ဝမ်ကျောက်ခမ်က ချက်ချင်းဆိုသလို ဆိုးရွားတဲ့ ခံစားချက်ကို ခံစားခဲ့ရသည်။
"ကျီလုက..."
ထိုအတွေးပေါ်လာတဲ့အခိုက်မှာ ဝမ်ကျောက်ခမ်က အဲ့တာကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့သည်။
မဖြစ်နိုင်ဘူး။ အရွယ်တောင်မရောက်သေးတဲ့ ကောင်လေးရဲ့လက်ထဲမှာ ကျီလုက ဘယ်လိုသေသွားမှာလဲ။
လင်းရှန်သည် ဝမ်ကျောက်ခမ်၏ အံ့အားသင့်နေသော အကြည့်ကို လျစ်လျူရှုပြီး မိန်းကလေး သုံးယောက်ဆီသို့ လှည့်ကြည့်လိုက်သည်။
"ဒီက ထွက်သွားကြ။ ငါ သူ့ကို ထိန်းထားလိုက်မယ်”
ရန်သူကို မတွေ့ရတော့ဘဲ လင်းရှန် ဘာကြောင့် ပြန်လာလဲ ဆိုသည့်အချက်ကို မိန်းကလေးများကလည်း ပဟေဠိဖြစ်နေကြသည်။ သို့သော်လည်း ယခုအချိန်သည် ဤကိစ္စနှင့် ပတ်သက်ပြီး ဇဝေဇဝါဖြစ်ရမည့်အချိန် မဟုတ်ကြောင်းကို သူတို့နားလည်ခဲ့သည်။
သုံးယောက်လုံးက ချီတုံချတုံဖြစ်တတ်သူများ မဟုတ်ပေ။ သူတို့ဒီမှာနေမယ်ဆိုရင် လင်းရှန်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်ဆိုတာကို သိထားတာကြောင့် သူပြောတဲ့အတိုင်းလုပ်ကြသည်။
"သတိထား”
ကျောက်ရွှမ်ရင်သည် ထွက်ခွာမသွားမီ လင်းရှန်ကို အကြာကြီးကြည့်နေသည်။
ယုရှုရင်နဲ့ ကျိုးမန်မန်က လျင်မြန်စွာ လိုက်လာခဲ့သည်။
ဝမ်ကျောက်ခမ်သည် အမျိုးသမီး သုံးယောက် ထွက်သွားသည်ကို မမြင်သလိုပင် ပြုမူခဲ့သည်။ သူက လင်းရှန်ကို ရန်သူကြီးနှင့် ရင်ဆိုင်နေသကဲ့သို့ စိုက်ကြည့်နေသည်။
"မင်း ကျီလုကို ဘာလုပ်လိုက်တာလဲ"
မိန်းကလေးသုံးယောက် ပျောက်ကွယ်သွားပြီးနောက် လင်းရှန်က ဝမ်ကျောက်ခမ်ကို လှည့်ကြည့်ကာ ဖျတ်ခနဲ ပြုံးလိုက်သည်။
"မင်းရဲ့အဖော်ကိုတွေ့ချင်လို့လား။ လွယ်လွယ်လေး၊ မင်းကို ငရဲကို ပို့ပေးမယ်။"
သူပြောပြီးသည်နှင့် လင်းရှန်က တိုက်ခိုက်ပြီးသား ဖြစ်သည်။
သူသည် သူ့ဓားကို မြှောက်လိုက်ပြီး ဝမ်ကျောက်ခမ်ကို တိုက်ခိုက်သည်။
ဝမ်ကျောက်ခမ်က မျက်မှောင်ကြုတ်သွားသည်။ သူသည် လက်ချောင်းတွေကို လက်သည်းတွေထွက်လာတဲ့အထိ ကွေးလိုက်ပြီး တိုက်ခိုက်တော့မည့်အချိန်တွင် သူ၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားသည်။ ထိုအချိန်တွင် သူ့မျက်လုံးတွေကို မယုံနိုင် ဖြစ်ခဲ့ရသည်။
လရောင်အောက်တွင် လင်းရှန်သည် ရုတ်တရက် မှုန်ဝါးသွားသည်။ နောက်အခိုက်အတန့်တွင် သူသည် တူညီသော "လင်းရှန်” ငါးယောက်အဖြစ် ဖြာထွက်သွားသည်။
"ဒါက ဘာလဲ”
ဝမ်ကျောက်ခမ်သည် ထိတ်လန့်သွားပြီး နောက်ဆုတ်သွားခဲ့သည်။
သို့သော် လင်းရှန် ငါးယောက်သည် လျှပ်စီးကြောင်းကဲ့သို့ မြန်ဆန်လှသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် သူ့ကို ဖမ်းမိပြီး ဓားရှည်များဖြင့် တိုက်ခိုက်ကြသည်။
ဓားစွမ်းအင်က မုန်တိုင်းတစ်ခုလို ပျံလွင့်နေသည်။