← Chapters

စွမ်းရည်အသစ် (၂)

Vol. 8 Ch. 122

စွမ်းရည်အသစ် (၂)

Vol. 8 Ch. 122

တုန်တုန်ယင်ယင်နဲ့ ဝမ်ကျောက်ခမ်သည် သူ့ခေါင်းကို ကာကွယ်ရန် လက်နှစ်ဖက်ကို မြှောက်ထားလိုက်သည်။

နောက်တစ်စက္ကန့်မှာတော့ တောက်ပသော အလင်းရောင်များက သူ့ကို လွှမ်းမိုးသွားခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

တစ်စက္ကန့်မပြည့်မီမှာပဲ ဝမ်ကျောက်ခမ်၏ ရင်ဘတ်၊ ဝမ်းဗိုက်၊ လက်မောင်း၊ ပေါင်နဲ့ ကျောရိုးတွေကို အကြိမ်ပေါင်းများစွာ ဓားနဲ့ထိုးခံခဲ့ရသည်။

သူသည် ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ပေးသည့် ကိုယ်ခံပညာ တစ်မျိုးမျိုးကို ကျင့်ကြံထားမှန်း သိသာသည်။ ဓားနဲ့ထိတဲ့နေရာက သားရေကိုရိုက်သလိုမျိုး အသံထွက်နေသည်။

သို့သော် ဤရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း ကိုယ်ခံပညာရပ်မျိုးသည်

တားမြစ်ထားသောရွှေရောင်ချပ်ဝတ်တန်ဆာကဲ့သို့ အစွမ်းထက်

မည်မဟုတ်ပေ။ လင်းရှန်နှင့် သူ၏ကိုယ်ပွားများ တိုက်ခိုက်ခြင်းကို လုံးလုံးလျားလျား တားဆီးရန် မလုံလောက်ပေ။

ထို့အပြင် သူတို့သည် မှော်လက်နက်များထက်မနိမ့်သော အဆောင်ဓားလက်နက်ဖြစ်သည့် ကြယ်ခုနစ်ပွင့်ဓားကို အသုံးပြုခဲ့ကြသည်။

ကောင်းကင်မှာ ပြည့်နေတဲ့ အလင်းရောင် ပျောက်ကွယ်သွားချိန်မှာတော့

ဝမ်ကျောင်ခမ်ရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာ ဒါဇင်ပေါင်းများစွာ ရှိနေပြီဖြစ်သည် ။ သွေးများ စီးကျလာပြီး သူ့တစ်ကိုယ်လုံး ရဲရဲတောက်နေသည်။

ဝမ်ကျောက်ခမ်၏ မျက်နှာသည် ဖြူဖျော့နေပြီး သူ့မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်တွင် ကျီလုဆုံးပါးသွားပြီဖြစ်ကြောင်း သူအနေနဲ့ သေချာသွားခဲ့သည်။ သူ့ရှေ့က ဒီလူငယ်လေးက ကျီလုကို ဘာကြောင့်သတ်နိုင်လဲဆိုတာကိုလည်း သူနားလည်သွားသည်။

ဤထူးဆန်းသောနည်းစနစ်သည် ကြောက်စရာကောင်းသည်။

ဒီကောင်က ကြာရှည်စွာအသက်ရှုခြင်းအဆင့်မှာ ရှိနေခဲ့တာသိသာသည်။

တောက်ပသောဝင်ပေါက်အဆင့်မှ တစ်ယောက်ယောက်ပင် အသုံးမချနိုင်သော ထူးဆန်းသော စွမ်းအားကို သူ မည်သို့ အသုံးပြုနိုင်မည်နည်း။

ဝမ်ကျောက်ခမ်က အံ့ဩသွားသည်။

ကံမကောင်းစွာပဲ သူဘယ်တော့မှ အဖြေကိုသိမှာမဟုတ်ပေ။

သူ့အသက်ရှုမဝခင် လင်းရှန်က ထပ်ပြီး တိုက်ခိုက်နေပြီပင်

မီးတောက်နေသောဓားစွမ်းအင်များသည် ကောင်းကင်သို့ပျံတက်သွားပြီး နီမြန်းသောအလင်းတန်းများသည် ဝမ်ကျောက်ခမ်၏အမြင်အာရုံတွင် ပြည့်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ဝမ်ကျောက်ခမ်သည် လှုပ်ရှားမှုနည်းစနစ်များကို မကျွမ်းကျင်တဲ့အပြင် တဖက်၏ ဝိုင်းရံခြင်းကို ခံနေရသည်။

တခြားရွေးစရာမရှိတာကြောင့် သူ့လက်နှစ်ဖက်ကို ထပ်ပြီး မြှောက်ထားရုံပင်။

ဘုန်း ဘုန်း ဘုန်း

သားရေရိုက်သံများသည် အဆုံးမဲ့ရေစီးကြောင်းလို ထပ်မံထွက်ပေါ်လာသည်။

ဒါပေမယ့် နောက်အခိုက်အတန့်မှာတော့ ဝမ်ကျောက်ခမ်သည် ရင်ဘတ်မှာ စူးရှတဲ့နာကျင်မှုကို ခံစားခဲ့ရသည်။

ထိတ်လန့်စွာငုံ့ကြည့်လိုက်တော့ ဓားတစ်ချောင်းက သူ့ရင်ဘတ်ကို ထိုးဖောက်သွားမှန်း သိလိုက်ရသည်။

ဓားဖျားတွင် ဆန်းကြယ်သော အနီရောင်ပုံစံများ ရေးထွင်းထားသည်ကိုလည်း တွေ့ရသည်။

နေခြောက်စင်းအဆောင်ဓား

ဒီကလေးမှာ နေခြောက်စင်းအဆောင်ဓားရှိတယ်ဆိုတာ သူဘယ်လိုမေ့သွားတာလဲ။

ဝမ်ကျောက်ခမ်သည် မျက်လုံးများ ပြူးကျယ်ကာ မကျေနပ်ချက်ဖြင့် သေဆုံးသွားသည်။

ရွှမ်

လင်းရှန်သည် ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ ပူပြင်းသောအပူရှိန်သည် ဓားပေါ်ရှိသွေးများကချက်ချင်းအငွေ့ပျံသွားစေကာ သန့်ရှင်းတောက်ပသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဟူး

သက်ပြင်းရှည်ကြီးချလိုက်ပြီးတော့ လင်းရှန်က မျက်နှာပြင်ကို ဆင့်ခေါ်လိုက်သည်။

ဝမ်ကျောက်ခမ် ကွယ်လွန်ချိန်တွင် သတ်ဖြတ်ခြင်းကို အားပေးသည့်စွမ်းရည်၏ အကျိုးသက်ရောက်မှုက စတင်ခဲ့သည်။

လင်းရှန်ကိုပျော်စေတာက ဤတစ်ကြိမ်တွင် သူ့ကျင့်ကြံမှုက ၁၂% % တိုးလာခဲ့သည်။

"မျှော်လင့်ထားသလိုပဲ ကိုယ့်အဆင့်ထက်ကျော်တဲ့ နတ်ဆိုးတွေကို သတ်တာက ပိုကောင်းတယ်။ စွမ်းရည်သက်ရောက်မှုကို အစပျိုးလိုက်တာနဲ့ တိုးလာနှုန်းက တကယ်ကို အထင်ကြီးစရာပဲ”

ငြိမ်သက်သွားပြီးနောက် လင်းရှန်သည် သူ၏ကိုယ်ပွားများကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်ကျောက်ခမ်၏ ခန္ဓာကိုယ်ပေါ်က သိုလှောင်အိတ်ကို ရှာဖွေခဲ့သည်။ ထို့နောက် အလောင်းအား ကျီလုအလောင်းကို စွန့်ပစ်သည့်နေရာသို့ သယ်ဆောင်သွားခဲ့သည်။ သူသည် အလားတူလှည့်ကွက်ကို ထပ်မံအသုံးပြုပြီး အလောင်းကို ဖယ်ရှားရန် အရည်ပျော်ခြင်းအရည်ကို အသုံးပြုခဲ့သည်။

"ဟိုလူတွေကို ပြောဖို့ အကြောင်းပြချက်တစ်ခု ရှိမှရမယ်”

လင်းရှန်သည် သူ၏ကိုယ်ပွါးများနှင့်

ကျင့်ကြံသူကိုသတ်ခဲ့သည်ကို မည်သူ့ကိုမျှ အသိပေးရန် အစီအစဉ်မရှိပေ။ သူ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောကြားရန် အဆင်သင့်မဖြစ်နေပေ။

ထို့ကြောင့် သူသည် ဝံပုလွေရိုင်းမှလူများကို သတ်လိုက်သောအခါတွင် သူ၏ကိုယ်ပွားများကို ဘယ်သူမှမမြင်အောင် မိန်းကလေး သုံးဦးကို မြင်ကွင်းမှ ထွက်သွားရန် တိုက်တွန်းခဲ့သည်။

အခင်းဖြစ်ပွားရာနေရာအား သန့်ရှင်းရေးလုပ်ပြီးနောက် လင်းရှန်သည် ကျောက်ရွှမ်

ရင်နှင့် အခြားနှစ်ဦး ထွက်သွားသည့် လမ်းကြောင်းအတိုင်း ပြေးသွားခဲ့သည်။

သို့သော်လည်း အဝေးကို မပြေးခင် ငှက်အော်သံကို ကြားလိုက်ရသည်။ သူမော့ကြည့်လိုက်တော့ ညဘက် ကောင်းကင်ကို ဖြတ်ကျော်ပြီး အိမ်ကြီးဆီသို့ ရာနှင့်ချီပျံသန်းနေသော ဝိညာဉ်သားရဲများကို တွေ့လိုက်ရသည်။

"အဲ့တာ စစ်ကူတွေ လား"

လင်းရှန်က သူ့ဘာသာ ရေရွတ်လိုက်သည်။

ရုတ်တရက် ပျံသန်းနေသော ဝိညာဉ်ရေးသားရဲအချို့ ရပ်တန့်သွားသည်ကို သူမြင်လိုက်ရသည်။ တစ်ယောက်နဲ့တစ်ယောက် တီးတိုးပြောပြီး သူ့ဦးတည်ရာကို ညွှန်ပြနေတဲ့ ပုံတချို့ကို ယောင်ဝါးဝါး မြင်နေရသည်။

ချက်ချင်းပင် ပျံသန်းနေသော ဝိညာဉ်သားရဲသည် ရုတ်တရက် ဦးတည်ချက်ပြောင်းကာ အောက်သို့ ခုန်ဆင်းလာသည်။ ခဏကြာတော့ သူ့ရှေ့ကို ရောက်လာကြသည် ။

"လင်းရှန်”

ပျံသန်းနေသော ဝိညာဉ်ရေးရာသားရဲ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာဘဲ ကျောက်ရွှမ်ရင်က စိတ်မရှည်စွာဖြင့် ၎င်း၏နောက်ကျောမှ ခုန်ဆင်းကာ သူ့ဆီသို့ အမြန်ပြေးလာခဲ့သည်။

သူမသည် သူ့ကို စိုက်ကြည့်နေသည်။ ထို့နောက် သူမ၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် ပြည့်နေသည်။

ယုရှုရင်နဲ့ ကျိုးမန်မန်တို့က နောက်မှ အနီးကပ်လိုက်ကြသည်။ လင်းရှန် ဒဏ်ရာအပြင်းအထန်ရပုံမပေါ်သည်ကို တွေ့လိုက်ရသောအခါတွင် ချက်ချင်း သက်ပြင်းချလိုက်သည်။

"နင် အဆင်ပြေနေလို့ ဝမ်းသာလိုက်တာ”

"ငါတို့ နင်ကို အရမ်းစိတ်ပူခဲ့တာ”

ကောင်မလေးနှစ်ယောက်က တစ်ချိန်တည်း ပြောကြသည်။

"စိတ်မပူပါနဲ့ ငါအဆင်ပြေပါတယ်။"

လင်းရှန်က ပြုံးပြီး အမျိုးသမီး သုံးယောက်နောက်ရှိ ပျံသန်းနေသော ဝိညာဉ်

သားရဲ၏ ကျော်ပေါ်တွင် ထိုင်နေသည့်ကိုယ်ခံပညာ တည်မြဲရေးစံအိမ် အဖွဲ့ဝင်တွေကို ကြည့်လိုက်သည်။

"ဘာလို့ နင်တို့က ကိုယ်ခံပညာ တည်မြဲရေးစံအိမ်က စစ်ကူတွေနဲ့ အတူရှိနေတာလဲ"

"သူတို့ကို လမ်းတစ်ဝက်မှာတွေ့ပြီး နင့်အကြောင်းပြောပြလိုက်တာ။ အဲ့တာနဲ့ နင့်ကိုကယ်ဖို့ လူတွေကို အမြန်ခေါ်လာတာ”

ကျောက်ရွှမ်ရင်က ရှင်းပြသည်။ အဆုံးတွင် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပြီး ပဟေဠိဖြစ်နေပုံရသည်။

"စကားမစပ် ဝံပုလွေရိုင်းတွေက ဘယ်မှာလဲ"

ယုရှုရင်နဲ့ ကျိုးမန်မန်တို့လည်း အံ့သြသွားကြသည်။

သွားရာလမ်းတွင် လင်းရှန် သေသွားပြီဟု သူတို့ထင်ခဲ့ကြသည်။

ယခုဘယ်မှာမှရှာမတွေ့သော ရက်စက်သည့် ထိုလူလတ်ပိုင်းအရွယ်လူနဲ့ဆို လင်းရှန်သည် ဤနေရာတွင် အသက်ရှင်လျက် ရှိနေမည်ဟု ဘယ်သူက ထင်မည်နည်း။

"သူက တိုက်ပွဲတဝက်မှာ ထွက်ပြေးသွားတာ။ အရင်လူလိုပဲ၊

ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ စစ်ကူတွေ နီးကပ်လာနေပြီဆိုတဲ့ သတင်းကို သူတို့ ရလို့ ဖြစ်မယ်ထင်တယ်၊ ဒါကြောင့် သူတို့က ငါတို့နဲ့ ထပ်မတိုက်ချင်တော့ဘဲ ထွက်သွားတာ “ လင်းရှန်က သူ့အမူအရာကို မပြောင်းဘဲ ပြောလိုက်သည်။

ကောင်မလေး သုံးယောက်က ဘာမှ သံသယ မဖြစ်ပေ။

နောက်ဆုံးတွင် သူတို့သည် ဝံပုလွေရိုင်းအဖွဲ့ နှစ်ယောက်၏ အစွမ်းသတ္တိကို မြင်တွေ့ခဲ့ကြရသည်။ လင်းရှန်သည် ထိုနှစ်ယောက်ကို သတ်

နိုင်မည်ဟု သုံးယောက်သား မတွေးဖူးပေ။

ရန်သူထွက်သွားကြောင်း ကြားတဲ့အခါမှ ကျောက်ရွှမ်ရင် နှင့် အခြားနှစ်ယောက်က သက်ပြင်းတစ်ချက်ချလိုက်သည်။

သူတို့ရှိနေလျှင်လည်း များစွာအကူအညီမဖြစ်တဲ့အပြင် ကိုယ်ခံပညာတည်မြဲရေးစံအိမ်၏ ပျံသန်းနေသော ဝိညာဉ်သားရဲများကို မစီးချင်ကြသောကြောင့် သူတို့ကို ဒီမှာချပေးဖို့ပြောပြီး ဗဟိုခရိုင်သို့ပြန်သွားကြသည်။

မနက်မိုးလင်းတော့ သူတို့လေးယောက်က သူတို့နဂိုနေရာကို ပြန်ရောက်သွားကြသည်။

လမ်းခွဲခြင်းမပြုမီတွင် ယုရှုရင်နဲ့ ကျိုးမန်မန်က လင်းရှန်နှင့် ဆက်သွယ်ရန် အချက်အလက်များကို ဖလှယ်ခဲ့ကြပြီး အချိန်ရလျှင် သူထံ လာလည်မည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့နောက် ပြုံးပြီး ထွက်သွားကြသည်။

All Chapters