← Chapters

စွမ်းရည်အသစ် (၃)

Vol. 8 Ch. 123

စွမ်းရည်အသစ် (၃)

Vol. 8 Ch. 123

"ပြန်ကြရအောင်" လင်းရှန်က ကျောက်ရွှမ်ရင်ကိုပြောသည်။

သူမက သူ့ကို ပြံးပြီး ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

လင်းရှန်သည် နိုင်ယန်းကျောင်းမှ သစ်သားအဆောက်အအုံသို့ ပြန်ရောက်လာခဲ့သည်။

တံခါးပိတ်ပြီးနောက် သူသည် မျက်နှာပြင်ကို ချက်ချင်းဖွင့်လိုက်သည်။

လင်းရှန်သည် တစ်ညတာ၏ ဥစ္စာပစ္စည်းများဖြစ်သော သိုလှောင်အိတ်နှစ်လုံးကို ထုတ်ယူကာ စတင်စစ်ဆေးခဲ့သည်။

ပထမဖွင့်ကြည့်တာကတော့ ကျီလု၏သိုလှောင်အိတ်ပင်။

အထဲတွင် နေ့စဥ် သုံးဖို့လိုအပ်သော အချို့ပစ္စည်းများနဲ့ ဝိညာဉ်ဒင်္ဂါးများအပြင် ရာချီသန့်စင်ထားသော သံမဏိဓား၊ သဘာဝရတနာအချို့နှင့် ဆေးဖက်ဝင်ဆေးလုံး အနည်းငယ်သာ ရှိသေးသည်။

လင်းရှန်သည် လက်နက်များကို ဖယ်ကာရတနာများကို တစ်ခုပြီးတစ်ခု စစ်ဆေးကြည့်သည်။

ရလဒ်က အနည်းငယ် စိတ်ပျက်စရာပင်။ တန်ဖိုးအရှိဆုံးအရာများမှာ

အရည်အသွေးအမှတ်၂၀၀ ကျော်သာရှိသော အထူးယန်

စွမ်းအား မြက်ပင်သုံးခုသာ ဖြစ်သည်။

သို့သော်လည်း ဆေးလုံးများက လင်းရှန်ကို အံ့အားသင့်စေခဲ့သည်။

အသုံးများသော စွမ်းအင်ဖြည့်တင်းခြင်းဆေးလုံးနှင့် နွေဦးအကာဆေးလုံးအပြင် အခြေခံဆေးနှစ်ပုလင်းလည်း ရှိသေးသည်။

ဖွင့်ကြည့်လိုက်တော့ ကြွေပုလင်းတွင် ပြည့်နေသေးတာကို တွေ့လိုက်ရသည်။ စုစုပေါင်း ဆေးလုံး ၂၄ လုံး ရှိသည် ။

"ဒီအခြေခံဆေးတွေက ကြာရှည်စွာအသက်ရှုခြင်း ဆဋ္ဌမအဆင့်အထိ ကျင့်ကြံဖို့ လုံလောက်တယ်”

လင်းရှန် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး စိတ်အခြေအနေ ကောင်းနေသည်။

အဖိုးတန်ပစ္စည်းများကို ခွဲခြမ်းစိတ်ဖြာပြီးနောက် လင်းရှန်သည် ဝမ်ကျောက်ခမ်ထံမှ ရရှိသော သိုလှောင်အိတ်ကို စစ်ဆေးခဲ့သည်။

ကံမကောင်းစွာဖြင့် အတွင်းတွင် အခြေခံဆေးလုံးများမရှိပေ။ နေ့စဉ်သုံးပစ္စည်းများနှင့် ဝိညာဉ်ဒင်္ဂါးအချို့သာရှိသည်။

ကျီလုကဲ့သို့ပင် အထူးယန်စွမ်းအား မြက်ပင် လေးခုလည်း ရှိသည်။

အထူးယန်စွမ်းအားမြက်သည် သွေးဝိညာဉ်ဆေးလုံးကို သန့်စင်ရာတွင် အသုံးပြုရသော ပစ္စည်းတစ်ခုဖြစ်တာကြောင့် အံ့ဩစရာမရှိပေ။

လင်းရှန်ကို အံ့သဩသွားစေတာက သိုလှောင်အိတ်ထဲမှာ ပျားအုံနဲ့တူတဲ့ အရာတစ်ခုကို တွေ့ရှိခဲ့တာပင်။ ၎င်းသည် သွေးဆာပြီး ပြင်းထန်သော အရောင်အဝါရှိကာ ငရဲပျားများ၏ အရောင်အဝါနှင့် အတော်တူသည်။

"ငရဲပျားတွေက ဒါကနေ လာတာလား"

လင်းရှန်သည် လေးလေးနက်နက် တွေးနေမိသည်။

ကျင့်ကြံသူအချို့သည် ဝိညာဉ်ရေးရာသားရဲအသိုက်ကို သန့်စင်ပြီး ၎င်းတို့နှင့်အတူသယ်ဆောင်သွားလေ့ရှိသည်ဟု စာအုပ်အချို့တွင် ဖတ်ဖူးသည်။ တိုက်ပွဲစသောအခါတွင် ရန်သူကိုသတ်ရန်အတွက် ဝိညာဉ်သားရဲအုပ်စုများကို လွှတ်ပေးကြသည်။

ဤပျားအုံနှင့်တူသောအရာသည် စာအုပ်များတွင်ဖော်ပြထားသော သန့်စင်ထားသည့် နတ်ဆိုးသားရဲအသိုက်ဖြစ်နိုင်ခြေ ရှိသည်။

"ကြည့်ရတာ အဲဒီလူနှစ်ယောက်က အိမ်ကြီးထဲက အဖြစ်အပျက်တွေရဲ့ နောက်ကွယ်ကို ချုပ်ကိုင်ထားပုံပဲ”

လင်းရှန်က အံ့အားသင့်သွားသည် ။

စာအုပ်တွင် ဖော်ပြချက်များအရ သန့်စင်ထားသော အသိုက်အတွင်းရှိ နတ်ဆိုးသားရဲများအားလုံး သေဆုံးကုန်ရင်တောင် အချိန်

အလုံအလောက်ပေးလျှင် ဝိညာဉ်သားရဲအသစ်များ ရှင်သန်ကြီးထွားနိုင်သေးသည်။

"ကံမကောင်းတာက ဒါကို ပြန်လည်သန့်စင်ပြီးမှသာ အသုံးပြုနိုင်တာပဲ”

လင်းရှန်က အနည်းငယ် ဝမ်းနည်းသွားသည်။

ဒီငရဲပျားအုံအသိုက်ကို သန့်စင်ချင်တယ်ဆိုရင် အနည်းဆုံး တောက်ပသော ဝင်ပေါက်အဆင့်မှာ ရှိနေရမည်။ လောလောဆယ်တော့ ဒါကို မသုံးနိုင်သေးပေ။

"ထားလိုက်ပါ၊ ဘာဖြစ်ဖြစ် ဒီအသိုက်ကနေ အသစ်တွေ အကောင်ပေါက်ဖို့ အချိန်လိုသေးတာပဲ”

ငရဲပျားအုံ၏ အသိုက်ကို ဖယ်ပြီး လင်းရှန် သိုလှောင်အိတ်ကို ဆက်လက်စစ်ဆေးကြည့်တော့ နောက်ထပ် လျှို့ဝှက်လက်စွဲစာအုပ် နှစ်အုပ်ကို ရှာဖွေတွေ့ရှိခဲ့သည်။

သံမဏိအကြေးခွံ့နည်းစနစ်

ဝံပုလွေဝိညာဉ်လက်သည်း

"ဒါက ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ခြင်း လက်ဖဝါးနည်းစနစ်လား။"

လင်းရှန်သည် ဝမ်ကျောက်ခမ် ယခင်က အသုံးပြုခဲ့သော ကိုယ်ခံပညာနည်းစနစ်ကို ပြန်သတိရပြီး ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။

အကယ်၍ တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းမရရှိမီက သာ ဤကိုယ်ခံပညာလက်စွဲစာအုပ်နှစ်ခုကို ရရှိခဲ့ပါက သူအနေနဲ့ အလွန်ပျော်ရွှင်နေပေမည်။

သို့သော် ယခုက ကွဲပြားသွားသည်။ သံမဏိအကြေးခွံ့နည်းစနစ်နဲ့ ဝံပုလွေဝိညာဉ်

လက်သည်းပင်ဖြစ်ပါစေ၊ ၎င်းတို့၏ စွမ်းအားသည် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းထက် သိသိသာသာ နိမ့်ကျသည်။

သူသည် အဆင့်မြင့်ကိုယ်ခံပညာနည်းစနစ်များကို ကျင့်ကြံထားပြီးဖြစ်သောကြောင့် အမျိုးအစားတူ အဆင့်နိမ့် ကိုယ်ခံပညာများကို ကျင့်ကြံရန် မလိုအပ်ပေ။

"အခုလောလောဆယ်တော့ သိမ်းထားလိုက်မယ်။ နောက်မှ ဈေးကောင်းကောင်းနဲ့ ရောင်းရမယ်”

လျှို့ဝှက်လက်စွဲစာအုပ်ကို ထုတ်ပြီးနောက် လင်းရှန်က ကျေနပ်စွာ ပြုံးလိုက်သည်။

ဝံပုလွေရိုင်းတွေကို တိုက်ခိုက်တာက အန္တရာယ်ရှိပေမယ့် နောက်ဆုံးတော့

သူ့မှာ အများကြီးရခဲ့သည်။

နဂါးချောက်နက်တောင်တန်းမှာ သူတွေ့ဖူးတဲ့ လူနှစ်ယောက်ပဲ ဖြစ်ဖြစ်၊ ဒီညမှာတွေ့တဲ့ လူနှစ်ယောက်ပဲ ဖြစ်ဖြစ်၊ သူတို့က သူ့အတွက် အများကြီး အကျိုးရှိစေသည်။

လင်းရှန်သည် ထိုကဲ့သို့သော အဖြစ်အပျက်များ ထပ်မံပေါ်ပေါက်လာဖို့တောင် မျှော်လင့်ခဲ့သည်။

လင်းရှန်သည် ပျော်ရွှင်ရာမှ အသိပြန်လည် ဝင်လာပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် တွေးလိုက်မိသည်။ သူသည် မျက်နှာပြင်ကိုအမြန်ခေါ်ကာ တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင် သူ၏ကိုယ်ပွါး ပြန်ရှင်သန်ဖို့ ကြာချိန်က ပြီးဆုံးသွားပြီဖြစ်ကြောင်း သူသတိပြုမိခဲ့သည်။

လင်းရှန်က သူ့ကိုယ်ပွားကို ချက်ချင်းခေါ်လိုက်သည်။

ကိုယ်ပွားရုပ်လုံးပေါ်လာသည်နှင့်အမျှ ၎င်း၏အချက်အလက် ပေါ်လာသည်။

[ကိုယ်ပွါး ၂]

[စွမ်းရည် : တွေးခေါ်နိုင်မှု ]

[အဆင့်-ကြာရှည်စွာ အသက်ရှုခြင်းပဉ္စမအဆင့် ၂၆%]

[လက်ရှိကျင့်ကြံမှု- မရှိ]

"တွေးခေါ်နိုင်မှု”

လင်းရှန်သည် သူ၏ ပင်ကိုယ်စွမ်းရည် သက်ရောက်မှုများကို စူးစမ်းလေ့လာခဲ့သည်။

[တွေးခေါ်နိုင်မှု - နောက်ထပ်ပြီးပြည့်စုံသော ကိုယ်ခံပညာ နည်းစနစ်တိုင်းအတွက်၊ ကိုယ်ခံပညာနည်းစနစ် ကျင့်ကြံမှုအမြန်နှုန်း +၁၀% (အမြင့်ဆုံး ၂၀၀ %)၊ ကိုယ်ခံပညာစွမ်းအား +၅% (အမြင့်ဆုံး ၁၀၀%)]

All Chapters