တိုက်ပွဲ လျှို့ဝှက်ချက် (၁)
Vol. 8 Ch. 124
ဤစွမ်းရည်သည် အလွန်အစွမ်းထက်ပုံပေါက်သည်။
လင်းရှန် မျက်လုံးများက တောက်ပလာသည်။
ပြီးပြည့်စုံခြင်းအဆင့် ကိုယ်ခံပညာသည် ကိုယ်ခံပညာရပ်တစ်ခု၏ တိုးတက်နှုန်းနှင့် စွမ်းအားကို ၁၀% တိုးမြင့်စေနိုင်သည်။
သိပ်ပြီး မမြင်သာပေမယ့် ဒါက ကိုယ်ခံပညာအားလုံးအပေါ် သက်ရောက်မှုရှိသည်။
ဘာမှမခွဲခြားဘဲ ကိုယ်ခံပညာများအားလုံးကို ဤစွမ်းရည်ဖြင့် မြှင့်တင်နိုင်မည်ဖြစ်သည်။
ထို့အပြင် အဲ့တာက အလားအလာများစွာရှိသည်။
၎င်းကို ကန့်သတ်ချက်သို့ မြှင့်တင်ပြီးနောက် ကိုယ်ခံပညာဆိုင်ရာ လေ့ကျင့်မှုအမြန်နှုန်းကို ၂၀၀% အထိ တိုးမြှင့်နိုင်ပြီး ကိုယ်ခံပညာဆိုင်ရာ နည်းစနစ်များ၏ စွမ်းအားကို ၁၀၀% အထိ တိုးမြှင့်နိုင်မည်ဖြစ်သည်။ အကျိုးသက်ရောက်မှုသည် သာလွန်ကိုယ်ခံပညာထက် နှစ်ဆဖြစ်သည်။
သန့်စင်သော ယန်ခန္ဓာကိုယ်သည် ကိုယ်ခံပညာ လေ့ကျင့်မှု အမြန်နှုန်းကို ၃၀၀% တိုးမြင့်ပေးပြီး ကိုယ်ခံပညာစွမ်းအားကို ၁၀၀%ထိ တိုးလာစေသော်လည်း
ယန်စွမ်းအား ကျင့်ကြံနည်းစနစ်တွင်သာ သက်ရောက်မှုရှိသည်။
တစ်ဖက်မှာတော့တွေးခေါ်နိုင်မှုသည် ကိုယ်ခံပညာအားလုံးအတွက် အသုံးပြုနိုင်
သည့် စွမ်းရည်တစ်ခုဖြစ်သည်။ ဒါကလည်း အတော်ကောင်းမွန်တာ သိသာသည်။
"တစ်ခုတည်းသောပြဿနာက ကန့်သတ်ချက်အထိကို ရောက်ဖို့မလွယ်ဘူး။ ကိုယ်ခံပညာနည်းစနစ်နှစ်ဆယ်က ပြီးပြည့်စုံခြင်းအဆင့်ထိကိုရောက်ရမှာ”
ပြီးပြည့်စုံခြင်းအထိရောက်အောင် လင်းရှန်ကျင့်ကြံခဲ့သော ကိုယ်ခံပညာများသည် နေမီးတောက်လက်ဝါး၊ အရည်ပျော်ခြင်း၊ အရိပ်များ၊ တိမ်တိုက်ကြားမှ နဂါးဟောက်သံနှင့် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာတို့ ဖြစ်သည်။
သူ့မှာ ငါးခုပဲရှိသေးသည်။
ရလဒ်အနေဖြင့် သူသည် ကိုယ်ခံပညာတိုးတက်နှုန်း ၅၀% တိုးလာပြီး ကိုယ်ခံပညာ၏ စွမ်းအား ၂၅% တိုးလာမည်ဖြစ်သည်။ ၎င်းသည် သာလွန်ကိုယ်ခံပညာစွမ်းရည်၏ ထက်ဝက်လောက်သာ အကျိုးသက်ရောက်မှု ရှိခဲ့သည်။
“ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ကိုယ်ခံပညာတွေ ပိုလေ့ကျင့်ဖို့ပဲလိုတယ်”
ကန့်သတ်ချက်ကို ရောက်ဖို့က အတော်အားထုတ်ရမည်။
လင်းရှန်သည် တောက်ပစွာ ပြုံးလိုက်ပြီး ဤစွမ်းရည်ကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ အသစ်ကရမဲ့ အခွင့်အရေးကို ထပ်မယူချင်
ပေ။
"ဒါက ငါ့ရဲ့ကံကောင်းတဲ့နေ့ပဲ၊ အရင်တုန်းကတော့ စွမ်းရည်ကောင်းတစ်ခုရဖို့ အနည်းဆုံး လေးကြိမ်ကနေ ငါးကြိမ်လောက်အထိ ကိုယ်ပွားကို အသက်သွင်းခဲ့ရတယ်။ ဒီတစ်ခါ ပထမဆုံးတစ်ခါနဲ့တင် ကံစမ်းမဲ ပေါက်သွားတယ်။
"ကိုယ်ခံပညာတွေကိုတော့ “
လင်းရှန်က သူ အခုမှ ရရှိထားတဲ့ သံမဏိအကြေးခွံနဲ့ ဝံပုလွေဝိညာဉ်လက်သည်းကို တွေးပြီး ခေါင်းခါလိုက်သည်။
သူသည် ဤကိုယ်ခံပညာနှစ်ခုကို ကျင့်ကြံရန် မလိုအပ်ဘူးဟု ပြောခဲ့သည်။ မျက်စိတစ်
မှိတ်အတွင်း သူ့စကားတွေကို မျိုချရလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။
တွေးခေါ်နိုင်မှုကို အမြင့်ဆုံး ကန့်သတ်ချက်သို့ အမြန်ဆုံး မြှင့်တင်နိုင်ရန်အတွက် သူသည် ဤကိုယ်ခံပညာ နည်းစနစ်နှစ်ခုကို လေ့ကျင့်ရန် လိုအပ်သည်။
" သံမဏိအကြေးခွံ့နဲ့ ဝံပုလွေဝိညာဉ်လက်သည်းကို မကျင့်ကြံမီ အနှစ်သာရဓားသွားလက်ချောင်းနဲ့ အထူးယန်စွမ်းအားဓားသွားကို ပြီးပြည့်စုံခြင်းအဆင့် ရောက်အောင် အရင်လုပ်ရမယ်။ အဲ့ဒီကိုယ်ခံပညာလေးခုသာ ပြီးပြီည့်စုံခြင်းအဆင့်ရောက်ရင် လဲလှယ်ဖို့ သင့်တော်တဲ့ ကိုယ်ခံပညာနည်းစနစ်တစ်ခုခုကို ယူဖို့ အရည်အသွေးခန်းမကို သွားရမယ်"
အရည်အသွေးခန်းမတွင် မရေမတွက်နိုင်သော ကိုယ်ခံပညာရပ်များ ရှိနေခဲ့သည်။ အမှတ်များရှိနေသရွေ့ ကျင့်ကြံရန် ကိုယ်ခံပညာမရှိမှာကို ပူပန်နေစရာ မလိုပေ။
လင်းရှန်ကတော့ ဒီကိစ္စကို လုံးဝစိုးရိမ်နေစရာမလိုပေ။
"ဆက်ကျင့်ကြံလိုက်အုံးမယ်"
ပြင်းထန်သောတိုက်ပွဲများ ဆက်တိုက်ကြုံတွေ့ခဲ့ရသော်လည်း လင်းရှန်သည် တစ်ညလုံး မအိပ်ဘဲ စိတ်ဓာတ်ပြင်းထန်နေဆဲဖြစ်သည်။ အိပ်ရာမဝင်ဘဲ ကျင့်ကြံခန်းကို တိုက်ရိုက်သွားခဲ့သည်။
ထုံးစံအတိုင်း သန့်စင်သော ယန်စွမ်းအား ခန္ဓာကိုယ်၊ သာလွန်ကိုယ်ခံပညာ နှင့်တွေးခေါ်နိုင်မှုတို့သည် ကိုယ်ခံပညာကို ကျင့်ကြံရန် တာဝန်ရှိသည်။
လင်းရှန်နှင့် ကျန်နှစ်ယောက်သည် ရွှေကျီးကန်းကျမ်းကို ကျင့်ကြံရန် အာရုံစိုက်ခဲ့သည်။
ကျင့်ကြံရင်း အချိန်တွေကုန်တာ မြန်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ နောက်တစ်နေ့ရောက်သွားသည်။
လင်းရှန်သည် သစ်သားအဆောက် အအုံမှ ထွက်ခွာပြီး အရည်အသွေးခန်းမဆီသို့ ပြေးသွားခဲ့သည်။
မစ်ရှင်ခန်းမထဲကို မ၀င်ခင်မှာ ဆူပူအုံကြွသံများကို လင်းရှန်က အဝေးကနေပင် ကြားလိုက်ရသည်။ အဲ့တာက ဈေးတစ်ခုလို အသက်ဝင်နေခဲ့သည်။
အထဲသို့ဝင်သွားသောအခါတွင် တပည့်များစွာ စုဝေးနေကြသည်ကို သူသိလိုက်သည်။ သူတို့က နှစ်ယောက် သုံးယောက်စီစုပြီး တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ဆွေးနွေးနေသလိုမျိုး အချင်းချင်း တီးတိုးတီးတိုး ပြောနေကြသည်။ ခန်းမတစ်ခုလုံး ခါတိုင်းထက်ပို၍ တက်ကြွနေသည်။
လင်းရှန်သည် ကောင်တာသို့ လာကာ တစ်ခုခုဖြစ်နေတာလားဟု ကျောင်းယုကို မေးလိုက်သည်။
ကျောင်းယုက အသံကြားတော့ လှည့်ကြည့်သည်။ အဲ့တာက လင်းရှန်ဆိုတာကို မြင်လိုက်ရသောအခါတွင် တောက်ပသော အပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။
"အကိုကြီးလင်း၊ အဆင်ပြေနေမယ်ဆိုတာ ကျွန်မ သိတယ်”
လင်းရှန်က အနည်းငယ် အံ့အားသင့်သွားသည်။ ထို့နောက် မိန်းကလေးသည် ကိုယ်ခံပညာတည်မြဲရေးစံအိမ်အကြောင်း ပြောနေမှန်း သူသဘောပေါက်လိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း ကျောင်းယုက ဆက်ပြောသည် ။
"ဒါတွေအားလုံးက ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ မစ်ရှင်ကြောင့်ပဲ။ အစ်ကို လင်း၊အဲဒီညက မစ်ရှင်မှာ မတော်တဆမှုတစ်ခုရှိတယ်ဆိုတာ သိတယ်မလား”
"အဲဒီညက သောင်းချီရှိတဲ့ ငရဲပျားကောင်တွေက အိမ်ကြီးထဲမှာ ပေါ်လာတယ်လို့က ကြားတယ်။ ကိုယ်ခံပညာတည်မြဲရေးစံအိမ်က လူတွေ အကုန်မိကုန်ပြီး အသေအပျောက်များတယ်တဲ့။ မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ ကျောင်းကြီး သုံးခုရဲ့ တပည့်တွေတောင် အသေအပျောက် များတယ်တဲ့”
" ကျွန်မတို့ကျောင်းရဲ့ တပည့် အယောက် နှစ်ဆယ်ကျော် ဆုံးပါးသွားတယ်လို့ ပြောကြတယ်။ ဒါက အရင်နှစ်တွေအတွင်းမှာ အဆိုးရွားဆုံး ဆုံးရှုံးမှုကြီး တစ်ခုပဲ”
လင်းရှန်က အံ့သြသွားသည်။
မစ်ရှင်တွင်ပါဝင်သည့် တပည့်များသည် သိသာထင်ရှားသော ဆုံးရှုံးမှုများကို ခံစားရမည်ဟု သိခဲ့သော်လည်း အသေအပျောက်အရေအတွက်သည် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်နေသည်။
မစ်ရှင်တွင် ကျောင်းမှပါဝင်သူ စုစုပေါင်း (၃၀)ခန့်သာရှိခဲ့သည်။ တပြိုင်နက်တည်း လူ ၂၀ ကျော် သေဆုံးခဲ့သည်။ ဒါဆို အသေအပျောက်နှုန်းက သုံးပုံနှစ်ပုံကျော်ရှိတာပင်။ ဒါဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပင်။
လင်းရှန်က ပျော်သွားသည်။
ကံကောင်းထောက်မစွာပဲ သူသည် အဝန်းအဝိုင်း၏ အပြင်ဘက်စွန်းကို စောင့်ကြပ်ရန် တာဝန်ပေးခံခဲ့ရသည်။ ငရဲပျားအုံသည် အဝန်းအဝိုင်းကို ဖြတ်ကျော်လာပြီး သူတို့ဆီရောက်ရှိချိန်တွင် ၎င်းတို့အနက်မှ ၂၀၀၊ ၃၀၀သာ ကျန်ရှိတော့သည်။
သူတို့သာ ရှေ့တန်းမှာ ရှိနေရင် အနည်းဆုံး ငရဲပျားကောင် တစ်သောင်းနဲ့ ရင်ဆိုင်ရလိမ့်မည်ပင်။
ထိုသို့သော ဝိညာဉ်နိုးကြားခြင်းနှောင်းပိုင်းအဆင့် ဝိညာဉ်သားရဲများစွာကိုပင်လျှင် ကိုင်တွယ်ဖြေရှင်းရန် အခက်အခဲရှိလိမ့်မည်။
သို့သော်လည်း ဒုတိယအတွေးအရ သူသည်အဝန်းအဝိုင်း၏ အပြင်ဘက်အလွှာတွင် မနေခဲ့ပါက ဝမ်ကျောက်ခမ်နဲ့ ကျီလုတို့က ပစ်မှတ်ထားနိုင်မည်မဟုတ်ပေ။
သူ့မှာ ကိုယ်ပွါးတွေရှိလို့သာပင်၊ အခြားမည်သူမဆို ထိုဆေးများ၏ ပါဝင်ပစ္စည်းများ ဖြစ်သွားမှာ သေချာသည်။
ဒီလိုကျတော့ အပြင်ဘက်နေရာမှာ နေရတာက တကယ်ကံကောင်းတဲ့အရာတော့ မဟုတ်ပေ။
ကံကောင်းခြင်းနှင့် ကံဆိုးခြင်း ရောနှောနေသည်။
သက်ပြင်းချပြီးနောက် လင်းရှန်လည်း အနည်းငယ်ပျော်သွားသည်။
ထိုဝိညာဉ်ရေးရာသားရဲအသိုက်သည် ထောင်သောင်းမကသော ငရဲပျားကောင်များကို ဆင့်ခေါ်နိုင်သည်။ ၎င်းသည် သူမျှော်လင့်ထားတာထက် ပို၍ပင် အားကောင်းနေပုံရသည်။
တောင်ပသောဝင်ပေါက်အဆင့်ကို ဖြတ်ကျော်ပြီးရင် ၎င်းကို သန့်စင်ကာ နောက်ထပ် အစွမ်းထက်သော ဝှက်ဖဲတစ်ခုကိုရရှိလာမည်ဖြစ်သည်။
လင်းရှန်သည် သူ့ပျော်ရွှင်မှုကိုထိန်းထားပြီး ခန်းမအတွင်းရှိ လူများကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"ဒီလူတွေက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေကြတာလဲ"
ကျောင်းယုက နှုတ်ခမ်းကို ကော့ပြီး တိုးတိုးလေးပြောသည် ။
"ဒီမစ်ရှင်မှာ သေဆုံးသွားတဲ့ တပည့်တွေဟာအနက်ရောင်အဆင့်နဲ့ အဝါရောင်အဆင့် တပည့်တွေပဲ။ တချို့လူတွေက နေရာ (၂၀)ကျော် တပြိုင်နက်တည်း လွတ်သွားလို့ ပျော်နေကြတာ "
လင်းရှန်က သဘောပေါက်သွားသည်။ သူသည် စိတ်လှုပ်ရှားနေသော တပည့်များကို ငေးကြည့်ကာ ခေါင်းယမ်းလိုက်သည်။
"ဒါနဲ့ စကားမစပ်”
ကျောင်းယုက ရုတ်တရက်ပြောလိုက်သည်။
"စီနီယာအစ်ကိုကြီးလင်း၊ ဒီမစ်ရှင်ရဲ့အဖြစ်အပျက်ကြောင့်
ကိုယ်ခံပညာတည်မြဲရေးစံအိမ်က ဆုငွေကို သာမန်အရည်အသွေးအမှတ် ငါးခုအထိ တိုးပေးဖို့ ဆုံးဖြတ်လိုက်တယ်။ အခုပဲ စာရင်းသွင်းဖို့ ကူညီပေးမယ်။"