← Chapters

တိုက်ပွဲ၏လျှို့ဝှက်ချက်များ (၂)

Vol. 8 Ch. 125

တိုက်ပွဲ၏လျှို့ဝှက်ချက်များ (၂)

Vol. 8 Ch. 125

လင်းရှန်က ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

နောက်ထပ် သာမန်အရည်အသွေးအမှတ်နှစ်ခုကို ရရှိခြင်းသည် ကောင်းမွန်သောအရာဖြစ်သည်။

မှတ်ပုံတင်ပြီးနောက် လင်းရှန်မှာ သာမန် အရည်အသွေးအမှတ် ဆယ့်ငါးခုရှိလာသည်။

အရင်က ကျန်တဲ့ သာမန်အရည်အသွေးအမှတ်၄ခု အပြင် မစ်ရှင်ဆုလာဘ်အဖြစ် သာမန် အရည်အသွေးအမှတ် (၅)ခုလည်း ရခဲ့သည်။ ကျန်တဲ့ အရည်အသွေးအမှတ် (၆)ခုက အနက်ရောင်အဆင့်တပည့်များအတွက် လွန်ခဲ့သည့် နှစ်လက သတ်မှတ်ထားသော အကျိုးကျေးဇူးဖြစ်သည်။

"ပြောရရင် ရာထူးစိန်ခေါ်ပွဲစဖို့ တစ်လပဲလိုတော့တယ်"

လင်းရှန်က ရုတ်တရက် သတိရသွားသည်။

သို့သော် သူသည် ဤကိစ္စကို ချက်ချင်းပင် ခေါင်းထဲက ထုတ်လိုက်သည်။

လင်းရှန်သည် အနက်ရောင်အဆင့်တပည့်အဖြစ် ဆက်ထိန်းထားနိုင်မလား ဆိုတာကို လူအများက သိချင်နေကြသော်လည်း သူက လုံးဝ စိတ်မပူပေ။

မစ်ရှင်ခန်းမမှထွက်လာပြီးနောက် လင်းရှန်သည် သစ်သားအဆောက်အအုံသို့ ပြန်လာပြီး ဆက်လက်ကျင့်ကြံရန် ပြင်ဆင်ခဲ့သည်။

လမ်းမှာ လူတစ်ယောက်က သူ့ဆီ လျှောက်လာနေသည်။ ထိုလူသည် အရင်နေ့က မစ်ရှင်ခန်းမ၌ သူနှင့် ပဋိပက္ခဖြစ်ခဲ့သော လမ်ရှင်းဖြစ်သည်။

တိုက်ခိုက်ရေးမစ်ရှင်များကို လက်ခံဖို့ ဖခင်ဖြစ်သူမှ တားမြစ်ထားတာ ခံရသော ဤအကြီးတန်းအစ်ကိုကို လင်းရှန်က အလွန်အထင်ကြီးခဲ့သည်။

လမ်ရှင်းသည်လည်း လင်းရှန်ကို ကောင်းကောင်းမှတ်မိသည်။ လင်းရှန်ကို မြင်သောအခါ ချက်ချင်းပင် စိုက်ကြည့်နေသည်။

ဒါကိုမြင်တော့ လင်းရှန်က ပြုံးပြီး ငြင်းခုံမနေတော့ဘဲ ထွက်လာခဲ့သည်။

လင်းရှန် ထွက်သွားတာကို မြင်တော့ လမ်ရှင်းက မြေပေါ်ကို တံတွေးထွေးချလိုက်သည်။

"မင်းက ဘာတွေ ဂုဏ်မောက်နေတာလဲ၊ မင်း တစ်လအတွင်းမှာ ပြုံးနိုင်ပါ့မလားဆိုတာ ကြည့်ရအောင်။"

သစ်သားအဆောက် အအုံကိုရောက်တော့

တံခါးအပြင်ဘက်တွင် ပျံသန်းနေသော စက္ကူကြိုးကြာတစ်ခုကို လင်းရှန်က တွေ့လိုက်ရသည်။

"နောက်ထပ် ကြိုးကြာတစ်ကောင်။ ဒီတစ်ခါ ဘယ်သူလဲ"

လင်းရှန်က စက္ကူကြိုးကြာကို အံ့အားသင့်စွာ ကိုင်လိုက်သည်။

ယခုတစ်ကြိမ်တွင် စက္ကူကြိုးကြာကို ခေါက်စက္ကူဖြင့် ပြုလုပ်ထားသည်။ ဖွင့်ကြည့်လိုက်တော့ ရင်းနှီးတဲ့အသံကို ချက်ချင်းကြားလိုက်သည်။

"လင်း မင်းအားလပ်ချိန်ကျ ညအိမ်မက် ကလပ်ကိုလာခဲ့.. စုနဲ့ငါ မင်းကို အဲ့ဒီမှာစောင့်နေမယ်။"

မက်ဆေ့ချ်ပို့ပြီးသောအခါ အသံထွက်စေသော အဆောင်သည် ပြာအဖြစ်သို့ ပျံ့လွင့်သွားသည်။

"ယန်..."

လင်းရှန်က အနည်းငယ် ပြုံးလိုက်သည်။ လွန်ခဲ့သည့်နှစ်လခန့်က သူသည် လေ့ကျင့်ရေးမှာ အလုပ်များနေခဲ့ပြီး ယန်ကျုံးရီ၊စုနျန်တို့နှင့် တွေ့ဆုံရခြင်းမရှိသေးတာကြောင့် သူ၏ လေ့ကျင့်ရေးအစီအစဉ်ကို ဖျက်သိမ်းကာ ကျောင်းမှ အမြန်ထွက်သွားခဲ့သည်။

ညအိမ်မက် ကလပ်ကို ရောက်တော့ ကောင်းကင်က မှောင်နေပြီ။

ယန်ကျုံးရီသည် အစီအစဉ်များကို ပြုလုပ်ထားသည်။ လင်းရှန် ညအိမ်မက်ကလပ်ထဲကို ဝင်လိုက်တာနဲ့ စားပွဲထိုးတစ်ယောက်က သူ့ကို ချက်ချင်း ကြိုဆိုသည်။

"သခင်လေးလင်း၊ သခင်လေးယန်နဲ့ စုနျန်တို့က တတိယထပ်က သီးသန့်ခန်းမှာ စောင့်နေပါတယ်”

လင်းရှန်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး စားပွဲထိုးက တတိယထပ်ကို ခေါ်သွားပေးသည် ။

သီးသန့်အခန်းတံခါးကိုဖွင့်လိုက်တော့ ယန်ကျုံးရီနဲ့ စုနျန်တို့က စားပွဲ၏

တစ်ဖက်တစ်ချက်စီတွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်ရဲ့ဘေးမှာ လှပတဲ့ကြောင်ကောင်မလေးတစ်ယောက်စီရှိသည်။

ယန်ကျုံးရီသည် ကြောင်မလေး၏ပေါင်ပေါ်၌ ပျင်းရိစွာ အိပ်နေပြီး သူမ၏ နူးညံ့အိစက်သောလက်ဖြင့် ပေးတဲ့ဝိုင်ကို ကျေနပ်သောအမူအရာဖြင့် သောက်နေသည်။

တစ်ဖက်မှာတော့ စုနျန်သည် ကျောကို တည့်တည့်မတ်မတ်ထိုင်နေသည်။

သူ့ဘေးနားက ကောင်မလေးကိုတောင် မကြည့်ပေ။

အဲဒီအစား ကြောင်မိန်းကလေးက သူ့ဘေးနားကနေ စေ့စေ့ကြည့်နေသည်။ သူမ၏ ပါးပြင်များက နီမြန်းနေပြီး သူမအကြည့်များက သူ့ကို စွဲလန်းနေတာ သေချာသည်။

တံခါးဖွင့်သံကြားတော့ ယန်ကျုံးရီက မော့ကြည့်လိုက်ပြီး ချက်ချင်းပြုံးလိုက်သည်။ သူထထိုင်လိုက်ပြီး လင်းရှန်ကို နှုတ်ဆက်

သည်။

"လင်း မင်းနောက်ဆုံးတော့ ပေါ်လာပြီ။ မင်းကို မတွေ့ရတော့ မင်း ပျောက်နေတယ်လို့တောင် ငါထင်နေတာ။"

လင်းရှန်သည် တံခါးဝဘက်သို့ မျက်နှာမူကာ စားပွဲဘေးတွင် ထိုင်လိုက်သည်။ သူသည် အဆာပြေမုန့်အချို့ကို ကောက်ယူပြီး ဝါးရင်း စကားစသည်။

"ငါ ကျင့်ကြံရင်း အလုပ်ရှုပ်နေလို့”

သူက ပေါ့ပေါ့ပါးပါးပဲ ပြောနေပေမယ့် ယန်ကျုံးရီကတော့ နားလည်မှုလွဲသွားပုံပင်။ သူ့လက်ကို တိတ်တိတ်လေး ဝှေ့ယမ်းရင်း သူ့မျက်လုံးတွေက အနည်းငယ် ကျဉ်းမြောင်းသွားသည် ။

ကြောင်မလေးနှစ်ကောင်သည် ချက်ချင်းထရပ်ကာ ဦးညွှတ်လိုက်သည်။ ထို့နောက် သီးသန့်ခန်းမှ ထွက်ကာ တံခါးကို ပိတ်လိုက်သည်။

သူတို့ထွက်သွားပြီးနောက် ယန်ကျုံးရီက လင်းရှန်ကိုကြည့်ကာ လေးနက်စွာပြောသည် ။

"နောက်လ အဆင့်စိန်ခေါ်ပွဲအတွက် ယုံကြည်ချက် ရှိပြီလား"

ဒါကိုကြားတော့ စုနျန်က ချက်ချင်းလှည့်ပြီး လေးနက်တဲ့အမူအရာနဲ့ ကြည့်လိုက်သည်။

၎င်းတို့နှစ်ဦးသည် မကြာသေးမီက နိုင်ယန်းကျောင်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို မြင်တွေ့ခဲ့ရသည်။ လင်းရှန်ကို စိန်ခေါ်ပြီး သူ၏ အနက်ရောင် တပည့်နေရာကို လုယူဖို့အတွက် လူအများက မစောင့်နိုင်တော့ကို သူတို့ သိသည်။

နောက်လ အဆင့်စိန်ခေါ်မှုပွဲတွင် လင်းရှန်သည် ဖိအားများစွာနှင့် ရင်ဆိုင်ရလိမ့်မည်ပင်။

လင်းရှန်သည် ရုတ်တရက် မေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သူတို့ဘာကိုဆိုလိုသည်ကို သူနားလည်သွားသောအခါ ရယ်လိုက်သည်။

"အဲဒါကြောင့် မင်းတို့က ငါ့ကို ဒီကိုလာဖို့ ဖိတ်တာလား။"

ယန်ကျုံးရီနဲ့ စုနျန်၏ လေးနက်သောအမူအရာများကိုမြင်တော့ လင်းရှန်က တည်ငြိမ်စွာပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါက ငါ့မှာရှိတာကိုတောင် မထိန်းနိုင်လောက်တဲ့အထိ အားမနည်းပါဘူး”

လင်းရှန်၏ မထင်မှတ်ထားသော ယုံကြည်မှုကို မြင်လိုက်ရတော့ ယန်ကျုံးရီနဲ့ စုနျန်က အံ့အားသင့်သွားသည်။

အစကတော့ လင်းရှန်သည် အဆင့်စိန်ခေါ်ခြင်းနှင့်ပတ်သက်၍ ယုံကြည်မှုမရှိဖြစ်နေမှာကို စိတ်ပူနေကြပြီး သူ့ကိုအားပေးလိုကြသည်။ ဒါပေမယ့် အခုချိန်မှာတော့ သူက အဲ့တာကို လုံးဝစိတ်ထဲ မထည့်ထားဘူးလို့ ထင်ရသည်။

လင်းရှန်က သူဘယ်လိုအခက်အခဲမျိုး ကြုံရမလဲဆိုတာ မသိတာလား။

ယုံကြည်မှု ရှိတာကောင်းပါသည်။ ဒါပေမယ့် သူက မျက်စိစုံမှိတ်ပြီး ယုံကြည်မှုအပြည့် ရှိတာမျိုးတော့ မဖြစ်သင့်ပေ။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ယန်ကျုံးရီသည် လင်းရှန်ကို သတိပေးရမည်ဟု ခံစားလိုက်ရသည်။

"လင်း၊ ငါမင်းကို ခြိမ်းခြောက်တာမဟုတ်ဘူး ဒါပေမယ့် အဝါရောင်အဆင့် တပည့်တွေကြားမှာ သြဇာကြီးတဲ့သူတွေ အများကြီးရှိတယ်။ ငါသိသလောက်ဆိုရင်ပဲ သွမ်ဟောင်နဲ့ ချန်ရှီဖန်း နှစ်ယောက်စလုံးက မင်းကို လူရှေ့သူရှေ့မှာ စိန်ခေါ်နေတာ “

"သူတို့နှစ်ယောက်လုံးက ကြာရှည်စွာအသက်ရှုခြင်း အဆင့်(၄)မှာ ရှိနေကြတာ။ ကိုင်တွယ်ဖို့ မလွယ်ဘူး “

"ဟုတ်တယ်”

စုနျန်လည်း ခေါင်းညိတ်လိုက်သည်။

"ဒီနာမည်နှစ်ခုကို ငါလည်း ကြားဖူးတယ်။ သွမ်ဟောင်ဒါမှမဟုတ် ချန်ရှီဖန်းပဲဖြစ်ဖြစ်၊ သူတို့ရဲ့ အစွမ်းက အဝါရောင်အဆင့် တပည့်တွေထဲမှာ ထိပ်တန်းငါးယောက်အဆင့်သတ်မှတ်ခံရလောက်အောင်ပဲ။ နောက်ပြီး သူတို့နှစ်ယောက်က ကျောင်းမှာ သုံးနှစ်ကျော်ရှိနေတဲ့ စီနီယာတွေ ။ သူတို့ရဲ့ ကိုယ်ခံပညာတွေက အတော်လေး မြင့်မားတယ်။ မင်းက သူတို့ရဲ့ပြိုင်ဘက်မဖြစ်နိုင်လောက်ဘူး”

"ငါနားလည်ပြီ။ မင်းရဲ့ အချက်အလက်တွေ အတွက် ကျေးဇူးတင်ပါတယ်။" လင်းရှန်သည် တုံ့ပြန်မှုများစွာမရှိဘဲ ပြုံးလိုက်သည်။

လင်းရှန် ငြိမ်နေတာကိုမြင်တော့ ယန်ကျုံးရီနဲ့ စုနျန်က အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရသည်။

သို့သော်လည်း လင်းရှန်သည် သူ့ကိုယ်ပိုင်အမြင်ရှိသူဖြစ်သည်ကို သူတို့သိသည်။ သူတစ်ခုခုကို လုပ်ဖို့ ဆုံးဖြတ်ပြီးတာနဲ့ သူ့ကို ဆွဲဆောင်ဖို့ အရမ်းခက်ခဲတာကြောင့် ကြိုးစားတာကို ရပ်လိုက်ရုံအပြင် မရှိကြပေ။

All Chapters