← Chapters

တိုက်ပွဲ၏လျှို့ဝှက်ချက်များ (၃)

Vol. 8 Ch. 126

တိုက်ပွဲ၏လျှို့ဝှက်ချက်များ (၃)

Vol. 8 Ch. 126

"မင်းမှာ ဆေးလုံးဒါမှမဟုတ် သဘာဝ ရတနာတွေ ပြတ်လတ်ရင် ငါ့ကို တောင်းနော်” ယန်ကျုံးရီက လင်းရှန်၏ ပခုံးကို ပုတ်လိုက်သည်။

လင်းရှန်က သူ့ကို စိုက်ကြည့်ရင်း ခေါင်းညိတ်ပြသည် ။

"ကျေးဇူးတင်ပါတယ်”

ဒီတစ်ခါတော့ သူ့လေသံက ပိုလေးနက်သည်။

ယခင်က အပြန်အလှန်ပြောဆိုမှုများအရ ယန်ကျုံးရီသည် ကြီးကျယ်သော မိသားစု (၅)ခုထဲက ယန်မိသားစုမှ ဆင်းသက်လာသူဖြစ်သော်လည်း နိမ့်ကျသောအခြေအနေတွင် ရှိနေသည်ကို လင်းရှန်က သတိပြုမိခဲ့သည်။

အနည်းဆုံးတော့ သူ့မှာရှိတဲ့ အရင်းအမြစ်တွေက မိသားစုကြီး ငါးခု၏ အဓိကတပည့်များဖြစ်သော ယန်ရှင်း၊ရွှယ်ဖုန်နဲ့ ချုန်ယန်ဟယ်တို့ထက် အများကြီး နိမ့်ကျနေသည်။

ဂုဏ်သတင်းကြီးသော အိမ်တော်ဆယ်ခုမှ တပည့်တချို့ထက်ပင် ပိုဆိုးသေးသည်။

မဟုတ်ရင် ယန်ကျုံးရီ၏ အရည်အချင်းနဲ့ ဆိုချီအသွင်ပြောင်းခြင်းအဆင့် မှာ ရှိနေမှာ မဟုတ်ပေ။

ဒီလိုအချိန်မျိုးမှာ ယန်ကျုံးရီကို ကူညီဖို့ သူ့အရင်းအမြစ်တွေကို မနှမြောခဲ့ပေ။ သူသာ သူ့ကို သူငယ်ချင်းအစစ်အဖြစ် မသတ်မှတ်ရင် ဒါကို လုံးဝလုပ်မှာ မဟုတ်ပေ။

ဒီအတွေးကို စိတ်ထဲမှာ စွဲမှတ်ထားပြီး လင်းရှန်က အကြောင်းအရာကို ပြောင်းလိုက်သည်။

"ငါ့အကြောင်း တော်ပြီ။ မင်းတို့ကောင်တွေကော ဘယ်လိုလဲ”

"ငါတို့က ဘာလုပ်လို့ရမလဲ။ စုနဲ့ငါက ချီအသွင်ပြော င်းခြင်းမှာပဲလေ “

“ ငါတို့ အပြင်ထွက်ရတဲ့ တိုက်ပွဲတွေကို လက်ခံလို့မရဘူးလေ။ ခက်ခက်ခဲခဲ ငွေရဖို့ ကင်းစောင့်ရတဲ့ တာဝန်အချို့ကိုပဲ လက်ခံနိုင်တာ”

သနားဟန်ဆောင်သော်လည်း ယန်ကျုံးရီက ပြုံးနေသည်။

"ဒါပေမယ့်၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က တော်တော်မြန်တယ်။ မနေ့က ချီအသွင်ပြောင်းခြင်း နဝမအဆင့်ကို ရောက်သွားတယ်။ အဲဒါကြောင့် မင်းနဲ့ စုကို အရက်သောက်ဖို့ ခေါ်လိုက်တာ။"

လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

ယန်ကျုံးရီသည် ချီအသွင်ပြောင်းခြင်း သတ္တမအဆင့်တွင် အချိန်အတော်ကြာအောင် ပိတ်မိနေခဲ့ပြီးဖြစ်သည်။ ကျောင်းကို ၀င်ပြီးတဲ့အခါ သူ့ရဲ့ ကျင့်ကြံမှု အရင်းအမြစ်တွေ တိုးလာပြီး အများကြီး စုဆောင်းမိခဲ့သည် ။ သူ့အဖို့ နှစ်လအတွင်း အဆင့်နှစ်ဆင့် ဖြတ်ကျော်တာက ကျိုးကြောင်းဆီလျော်သည်။

"မင်းရော” လင်းရှန်က စုနျန်ကို ကြည့်နေသည်။

စုနျန်က ဝိုင်တစ်ငုံသောက်ပြီး "ကျုံးရီကတောင် ဖြတ်ကျော်သွားပြီလေ။ ငါက သူ့ထက် ဘယ်လိုပိုဆိုးနိုင်မှာလဲ"

"ဟေ့ စု…မင်းဘာကိုဆိုလိုချင်တာလဲ။ ငါ့အရည်အချင်းက မင်းထက်နိမ့်တယ်လို့ပြောတာလား။"

"ဒါအမှန်တရားပဲမလား?"

"လင်းရှန်နဲ့ကမတူပေမယ့် မင်းထက် ငါက ဘယ်လိုလုပ် ပိုဆိုးနိုင်မှာလဲ"

"ငါ မင်းထက် ခုနစ်ရက်လောက်စောပြီး ချီအသွင်ပြောင်းခြင်း နဝမမဆင့်ကို ရောက်သွားတာ”

"ခုနစ်ရက်ပဲရှိသေးတာလေ။ အဲဒါကို ဘယ်လိုသက်သေပြနိုင်မှာလဲ"

လင်းရှန်သည် သူတို့နှစ်ဦး ရန်ဖြစ်နေသည်ကို ကြည့်ရင်း ရယ်မောကာ မျက်ရည်များပင် ကျမိသည်။ သူက ခေါင်းခါလိုက်သည်။

ရုတ်တရက် သူက တစ်စုံတစ်ခုကို သတိရသွားသည် ။ သူ့သိုလှောင်အိတ်ထဲက သစ်ကြားသီးအရွယ် အစိမ်းရောင် ကျောက်မျက်ရတနာနဲ့တူသော သစ်သီးနှစ်လုံးကို ထုတ်ကာ စားပွဲပေါ်တင်လိုက်သည်။

ဤရုတ်တရက် လုပ်ရပ်သည်ယန်ကျုံးရီနဲ့ စုနျန်၏ အာရုံကို ချက်ချင်းစွဲဆောင်သွားသည်။ နှစ်ယောက်သား ရန်ဖြစ်နေကြတာကို ရပ်

လိုက်ပြီး လှည့်ကြည့်လိုက်သည်။

"လင်း၊ ဒါဘာတွေလဲ" ယန်ကျုံးရီက စိတ်ဝင်တစား မေးသည်။

"ဝိညာဉ် ရှုရှိုက်ခြင်း အသီး။"

“ ဒါ…ဒါ ဝိညာဉ် ရှုရှိုက်ခြင်း အသီးလား”

ယန်ကျုံးရီက မျက်လုံးပြူးသွားသည်။

သြဇာကြီးမားသော မိသားစုမှ တပည့်တစ်ဦးအနေဖြင့် ၎င်းတို့အကြောင်းကို ကြားဖူးသည်။

ဤသည်မှာ အသက်ရှုစုဆောင်းခြင်းဆေးကို သန့်စင်ရန်အတွက် အရေးကြီးဆုံးသော ပစ္စည်းဖြစ်သည်။

စုနျန်က အံ့သြသွားသည် ။

ဝိညာဉ် ရှုရှိုက်ခြင်းအသီးသည် ရှာဖွေရန် အလွန်ခက်ခဲသည်။ အရည်အသွေးခန်းမမှာတောင် မရှိပေ။ လင်းရှန်က ဘယ်ကရခဲ့တာလဲ။

သို့သော် သူတို့နှစ်ယောက်ကို ပိုအံ့ဩသွားစေတာက လင်းရှန်သည် လက်တစ်ဖက်စီတွင် ဝိညာဉ်ရှုရှိုက်ခြင်းအသီးတစ်ခုစီကို ကောက်ယူပြီး ၎င်းတို့နှစ်ဦးရှေ့တွင် တင်ထားတာပင်

"ဒါတွေက ငါ့အတွက် အသုံးမ၀င်ဘူး။ မင်းတို့ လက်ထဲမှာ ပိုအသုံးဝင်မယ်လို့ ငါယုံကြည်တယ်။"

"လင်း..."

ယန်ကျုံးရီနဲ့ စုနျန် နှစ်ယောက်စလုံးကထိတ်လန့်သွားပြီး လင်းရှန်ကို ကြည့်လိုက်ကြသည်။

ဝိညာဉ်ရှုရှိုက်ခြင်းအသီးသည် ရှားပါးသည်။လင်းရှန်အဖို့ အသုံးမ၀င်ဘူးဆိုရင်တောင် အနည်းဆုံးသာမန်အရည်အသွေးအမှတ် ခုနစ်ခု သို့မဟုတ် ရှစ်ခုလောက် တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲလှယ်နိုင်သည်။ သို့ရာတွင် သူသည် ၎င်းတို့အား နှမြောခြင်းမရှိဘဲ ပေးခဲ့တာက တကယ်ကို ခံစားရစေသည်။

"အရမ်းလည်း ပျော်မနေကြနဲ့”

လင်းရှန်က ရယ်ရယ်မောမော ပြောလိုက်သည် ။

"ဒါကို အရင်ယူထားကြ။ မင်းတို့ကို ဝိညာဉ် ရှုရှိုက်ခြင်း အသီးအနှံကိုပဲ ပေးတာ။ အသက်ရှုစုဆောင်းခြင်းဆေးအတွက် ပြုပြုင်ဖို့လိုတဲ့ တခြားပစ္စည်းတွေနဲ့ အဂ္ဂိရတ်ဆရာကိုတော့ မင်းတို့ကိုယ်တိုင်ပဲ ရှာရမယ်။"

ယန်ကျုံးရီက အသိပြန်ဝင်လာပြီး ဝိညာဉ်ရှုရှိုက်ခြင်းအသီးကို ဘေးကို ယူထားလိုက်သည်။ ထို့နောက်ရင်ဘတ်ကို ပွတ်သပ်ပြီး ရယ်သည်။

"စိတ်မပူပါနဲ့ အဂ္ဂိရတ်ဆရာရှာတာ ငါ့အလုပ်လို့ထားလိုက်၊ ငါမှာ အဆက်အသွယ်တွေ ရှိပါတယ်”

စုနျန်ကလည်း သူ့ပျော်ရွှင်မှုကို ဖုံးကွယ်မထားနိုင်ပေ။

အသက်ရှု စုဆောင်းခြင်းဆေးကို သန့်စင်ရာတွင် အခက်ခဲဆုံး အပိုင်းမှာ ဝိညာဉ် ရှုရှိုက်ခြင်းအသီးကို ရှာဖွေရန် ဖြစ်သည်။

အဂ္ဂိရတ်သမား ရှာဖို့က အတော်လေးလွယ်ကူသည်။

အရည်အသွေးအမှတ် အချို့ကိုသုံးရုံနဲ့ နိုင်ယန်ကျောင်းရှိ အဂ္ဂရိတ်ဌာနမှ အဂ္ဂရိတ်သမားများကို အကူအညီတောင်းနိုင်သည်။ အရည်အသွေးခန်းမတွင် ဤဖလှယ်မှု အစီအစဉ် ရှိသည်။

သူတို့ ကျင့်ကြံမှုအဆင့်နဲ့ဆို အသက်ရှုစုဆောင်းခြင်းဆေးကို သန့်စင်ပြီး စားသုံးရင် ကြာရှည်စွာ အသက်ရှုခြင်းအဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်မည်ပင်။

သူတို့ ဘယ်လိုမှ မပျော်ဘဲ မနေနိုင်ပေ။

လင်းရှန်က ဒီတစ်ခါ သူတို့ကို အများကြီး ကူညီပေးခဲ့သည်။

သို့သော်လည်း ယန်ကျုံးရီနဲ့ စုနျန်တို့သည် ယုခုတွင် ကျေးဇူးတင်စကား ပြောလျှင် သူစိမ်းဆန်ရာ ကျနေမည်ကို သိထားကြသည်။ ထို့ကြောင့်ခံစားချက်တွေကိုသာ ဖုံးကွယ်ထားနိုင်ကြသည်။

အားလုံးက စိတ်ကောင်းဝင်နေကြသဖြင့် သီးသန့်ခန်းရှိ လေထုသည် ပို၍ သက်ဝင်လှုပ်ရှားလာသည်။

အားလုံးက အရက်အနည်းငယ်သောက်ပြီးနောက် ယန်ကျုံးရီသည် လင်းရှန်ကိုဖိတ်ခေါ်ရသည့်အကြောင်းရင်းအမှန်ကို နောက်ဆုံးတွင်ပြောပြခဲ့သည်။

"နဂါးချောက်နက်တောင်တန်းက နတ်ဆိုးမျိုးနွယ်လား” လင်းရှန်က အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

"ဟုတ်တယ်။"ယန်ကျုံးရီက ခေါင်းညိတ်လိုက်သည်။ " နဂါးချောက်နက်တောင်တန်းရဲ့ အထူးနတ်ဆိုးမျိုးနွယ်ငါးခုအကြောင်း မင်းသိတယ်မဟုတ်လား"

တကယ်က လင်းရှန်က သိသည်။

နဂါးချောက်နက်တောင်တန်းတွင် နတ်ဆိုးမျိုးနွယ်များစွာ ရှိပြီး ၎င်းတို့၏ အားသာချက်များ က မတူညီကြပေ။ သို့သော် ကျား၊ စပါးအုံး၊ ဝက်ဝံ၊ မြေခွေးနှင့် လင်းယုန်တို့သည် အသန်မာဆုံးများဖြစ်ကြောင်း လူတိုင်းသိကြသည်။

ထို့ကြောင့် ၎င်းတို့ကို လူသားကျင့်ကြံသူများမှ အထူးနတ်ဆိုးမျိုးနွယ်ငါးခု ဟုခေါ်ကြတာပင်။

"နတ်ဆိုးမျိုးနွယ်ငါးခုက တစ်နှစ်ပတ်လုံး နဂါးချောက်နက်တောင်တန်းရဲ့ နက်နဲတဲ့နေရာမှာ နေကြတာ။ အဆင့်နိမ့်ဝိညာဉ်ရေးရာသားရဲအနည်းငယ်ကလွဲရင် သူတို့ကို တောင်တန်းအပြင်ဘက်မှာ တွေ့ရခဲတယ်။ ဒါပေမဲ့ သူတို့က မကြာသေးမီကမှ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ လုပ်လာတယ်”

"တစ်နှစ်ပတ်လုံး လျှို့ဝှက်ပြီး နေတတ်တဲ့ မြေခွေးမျိုးနွယ်အပြင် မာနကြီးပြီး တခြားမျိုးနွယ်တွေနဲ့ တော်ရုံမဆက်ဆံတဲ့ လင်းယုန်မျိုးနွယ်တွေက ကျားမျိုးနွယ်၊ ဝက်ဝံမျိုးနွယ်တို့နဲ့ ပေါင်းပြီး တောင်တန်းရဲ့ အစွန်အဖျားမှာ ပေါ်လာတယ်။ ပြီးတော့ ကျင့်ကြံသူတွေကို တိုက်ခိုက်နေကြတယ်”

နဂါးချောက်နက်တောင်တန်းမှ ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏လက်ချက်ဖြင့် သေဆုံးသွားကြပြီဖြစ်သည်။

ဤအကြောင်းကြောင့် ဂိုဏ်းကြီးသုံးခုတို့သည် ဒေါသဖြစ်နေကြသည်။ "ငါရရှိတဲ့သတင်းအရ ဂိုဏ်းကြီးသုံးခုက နတ်ဆိုးမျိုးနွယ်စုသုံးခုကို မကြာခင်မှာ တန်ပြန်တိုက်ခိုက်ကြမှာ”

"လွန်ခဲ့တဲ့နှစ်တွေရဲ့ အတွေ့အကြုံအရ တိုက်ပွဲမှာ ပါဝင်ဖို့ တပည့်တွေကို စေလွှတ်တတ်တယ်။ ဒါက တပည့်တွေအတွက်လည်း အရည်အသွေးအမှတ်တွေ အများကြီးရစေမယ့် အခွင့်အလမ်းကောင်းတစ်ခုပဲ”

လင်းရှန်က အံ့သြသွားသည်။

ဤကဲ့သို့ လျှို့ဝှက်ချက်ကို သူ ပထမဆုံးအကြိမ် ကြားသိရခြင်းဖြစ်သည်။

နတ်ဆိုးတွေကို တွန်းလှန်ရမည်… အဲဒါက အကြံကောင်းဖြစ်ပုံပင်။

အရည်အသွေးအမှတ်များရရှိဖို့က သူ့အတွက် အရေးကြီးဆုံးအရာမဟုတ်ပေ။ အဓိကသော့ချက်မှာ သူသည် သတ်ဖြတ်ခြင်းကို အားပေးသော စွမ်းရည်ကို အသက်သွင်းရန် အခွင့်အရေးကို ရယူနိုင်တာကြောင့် ဖြစ်သည်။ သူ၏ ခွန်အားကို မြန်မြန်ဆန်ဆန် မြှင့်တင်ရန် အခွင့်ကောင်းတစ်ခုလည်း ဖြစ်နိုင်သည်။

ဒါကိုတွေးပြီး လင်းရှန်က သွေးဆောင်ခံရသည်။

စုနျန်၏ မျက်လုံးများမှာလည်း တောက်ပနေပြီး သူလည်း အတော်လေး သွေးဆောင်ခံရသည်မှာ သိသာသည်။ အရည်အသွေးအမှတ်များ ပိုမိုရရှိရန် သူလုပ်ရမည်။

တကယ်တော့ ရည်မှန်းချက်ရှိတဲ့ တပည့်တိုင်း က ဒီလိုအခွင့်အရေးမျိုးကို ငြင်းပယ်မှာ မဟုတ်ပေ။

နတ်ဆိုးများနှင့် တိုက်ခိုက်ဖို့က အန္တရာယ်ရှိသော်လည်း ခွန်အားကို မြှင့်တင်လိုပါက အန္တရာယ်နှင့် မကြုံတွေ့ဘဲ ဘယ်လိုနေမည်နည်း။

လုံလောက်သောအကျိုးခံစားခွင့်များရှိနေသရွေ့ တပည့်များစွာသည် အခွင့်အရေးကို ယူကြမည်ပင်။

"ဘယ်တော့ဖြစ်လောက်လဲ?" လင်းရှန်က မေးသည်။

ယန်ကျုံးရီက ခဏလောက် စဉ်းစားပြီး ဖြည်းညှင်းစွာပြောသည် "ဒီလို ကြီးမားတဲ့ စစ်ပွဲက များသောအားဖြင့် ပြင်ဆင်ချိန် အများကြီး လိုအပ်တယ်။ အဆင့်စိန်ခေါ်မှု ပြီးတဲ့အထိ စောင့်ရမယ် ထင်တယ်" လင်းရှန်က သူ့ဘာသာ ခေါင်းညိတ်လိုက်သည်။

ဒါဟာ သတင်းကောင်းပင်။ ထိုအချိန်တွင် သူသည် ကြာရှည်စွာအသက်ရှုခြင်း

ဆဋ္ဌမအဆင့်သို့ ဖြတ်ကျော်သွားနိုင်သည်။ သို့မဟုတ် သတ္တမအဆင့်သို့ပင် ရောက်ရှိသွားနိုင်သည်။ သူသည် သူ၏ ခွန်အားကို သိသိသာသာ တိုးလာစေမည့် ဆဋ္ဌမမြောက် ကိုယ်ပွားကို လည်းရထားပြီးပြီ ။ အဲ့ဒီတော့ သူသည် စစ်မြေပြင်တွင် ပို၍ အောင်မြင်နိုင်လိမ့်မည်ပင်။

All Chapters