အဆင့်စိန်ခေါ်မှု (၁)
Vol. 8 Ch. 127
ရက်နှင့်လများသည် ရက်ကန်းရက်သကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာ တစ်လခွဲကျော်ကြာသွားသည်။
မူလဆေးလုံးရဲ့ ထောက်ပံ့ပေးမှုကြောင့် လင်းရှန်၏ ကျင့်ကြံမှု အဆင့်သည် လျင်မြန်စွာ တိုးမြင့်လာပြီး ကြာရှည်စွာအသက်ရှုခြင်း ဆဋ္ဌမအဆင့်သို့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သည်။
ကိုယ်ပွါးသုံးယောက်သည်လည်း နေ့ရောညပါ ကျင့်ကြံခဲ့ပြီး နောက်ဆုံးတွင်
အနှစ်သာရ ဓားသွားလက်ချောင်း နှင့် အထူးယန်စွမ်းအား ဓားသွားတို့တွင်
ပြီးပြည့်စုံမှုအဆင့်သို့ ရောက်ရှိခဲ့သည်။
[အမည်-လင်းရှန်]
[စွမ်းရည် : တွေးခေါ်နိုင်မှု]
[အဆင့်-ကြာရှည်စွာအသက်ရှုခြင်း ဆဌမအဆင့် ၊ ၃၅%]
[ကျင့်ကြံနည်းစနည်- ရွှေကျီးကန်းကျမ်း- (အထူး ကျွမ်းကျင်အဆင့် ၄၂ %)]
[အထူးယန်စွမ်းအားဓားသွား (ပြီးပြည့်စုံခြင်းအဆင့် )၊ အဆီအနှစ်ဓားသွားလက်ချောင်း ( ပြီးပြည့်စုံခြင်းအဆင့်)၊ သေခြင်းအတားအဆီး(ကျွမ်းကျင်အဆင့် ၇၈%)]
[ကိုယ်ပွားအရေအတွက်- ၅ (၉၄%)]
အဆီအနှစ်ဓားသွားလက်ချောင်းနှင့် နှိုင်းယှဉ်ပါက အထူးယန်စွမ်းအားဓားသွား
သည် ကျင့်ကြံရန် ပိုမိုလွယ်ကူသည်။ သန့်စင်သော ယန်ခန္ဓာကိုယ်၏ ကျင့်ကြံမှုအရှိန် ၃၀၀%ကြောင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားတာ ကြာပြီပင်။
ထို့နောက် လင်းရှန်သည် အနှစ်သာရ ဓားသွားလက်ချောင်းကို ကျင့်ကြံရန် သူ၏ စွမ်းအင်အများစုကို အသုံးပြုခဲ့သည်။ နောက်ဆုံးမှာတော့ ဒီနေ့တွင် ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်သွားခဲ့သည်။
လေ့ကျင့်ရေးခန်း၏ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော လင်းရှန်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး လက်ညှိုးဖြင့် ညွှန်ပြလိုက်သည်။
တခဏအတွင်းမှာပင် အသံတိုးတိုးလေး တစ်ခုထွက်ပေါ်လာသည်။ သူ့လက်ချောင်းထိပ်မှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ်လာပြီး မဝေးလှသော သတ္တုနံရံကို ထိမှန်ကာ နှစ်စင်တီမီတာမှ သုံးစင်တီမီတာအထိ နက်သည့် အပေါက်ငယ် တစ်ခုဖြစ်သွားသည်။
ဒီမြင်ကွင်းကိုမြင်တော့ လင်းရှန်က ကျေနပ်စွာ ပြုံးလိုက်သည်။
လေ့ကျင့်ရေးအခန်း၏နံရံကို အထူးသတ္တုပစ္စည်းများဖြင့် ပြုလုပ်ထားသည်။ သူက အဲဒါကို စမ်းသပ်ဖူးသည်။ အရည်ပျော်ခြင်း ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားနဲ့တောင် နံရံပေါ်တွင် တစ်စင်တီမီတာခန့်လောက် နက်သော လက်ဖဝါးအမှတ်အသားကိုသာ ချန်ထားနိုင်သည်။
ထိုစံနှုန်းအရ အဆီအနှစ်ဓားသွားလက်ချောင်း ပြီးပြည့်စုံခြင်းအဆင့်၏ စွမ်းအားသည် အရည်ပျော်ခြင်း ပြီးပြည့်စုံခြင်းအဆင့် စွမ်းအားထက် များစွာ သာလွန်သည်။
အရည်ပျော်ခြင်း၏ တိုက်ခိုက်မှုက လက်ဖဝါးကို အသုံးပြုရတာ ဖြစ်ပြီး အဆီအနှစ်ဓားသွားလက်ချောင်းက စွမ်းအင်၏ ညွှန်ပြမှုပုံစံ ဖြစ်သည်။ ဒါက ပိုပြီး ထိုးဖောက်ဝင်ရောက်နိုင်သည်။
"ရွှေကျီးကန်းကျမ်းစာမှာလည်း အထူးကျွမ်းကျင်အဆင့်ကို ငါရောက်နေပြီ” လင်းရှန်က ခဏလောက် စဉ်းစားကြည့်သည်။
သူရရှိထားသောအချက်အလက်များအရ ရွှေကျီးကန်းကျမ်းသည် ကြာရှည်စွာအသက်ရှုခြင်းအဆင့် ကျင့်ကြံနည်းစနစ်တစ်ခုဖြစ်သည်။
တောက်ပသောဝင်ပေါက်ကို ဖြတ်ကျော်ပြီးတာနဲ့ ၎င်း၏ စွမ်းဆောင်
ရည်မှာ ဘာမှမရှိသလောက် ဖြစ်သွားမည် ဖြစ်သည်။ ထိုအချိန်တွင် ကျင့်ကြံနည်းစနစ်ကို ပြောင်းလဲရန် လိုအပ်သည်။
ကံကောင်းထောက်မစွာပဲ ကျောင်းမှ တပည့်များက တောက်ပသော ဝင်ပေါက်အဆင့်သို့ရောက်သောအခါ ရွှေကျီးကန်းကျမ်းနှင့်
ဆင်တူသော အဆင့်မြင့်ကျင့်ကြံနည်းစနစ်ကို အခမဲ့ရမည်ဖြစ်သည်။ ဒီအတွက် စိတ်ပူစရာ မလိုပေ။
"ကံမကောင်းတာက ရွှေကျီးကန်းကျမ်းကို ကိုယ်ခံပညာတစ်ခုအဖြစ် မသတ်မှတ်ထားဘူး။ ပြီးပြည့်စုံတဲ့အဆင့်ထိရောက်အောင် ကျင့်ကြံမယ်ဆိုရင်တောင် တွေးခေါ်နိုင်မှုရဲ့ စွမ်းရည်ဆုလာဘ်ထဲမှာ မပါဘူး။"
ယခုအချိန်အထိ လင်းရှန်အဖို့ ကိုယ်ခံပညာရပ်ခုနစ်က ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်နေပြီဖြစ်သည်။
တွေးခေါ်နိုင်မှု၏ စွမ်းရည်သက်ရောက်မှုသည် "ကိုယ်ခံပညာ ကျင့်ကြံမှု အမြန်နှုန်း + ၇၀%" နှင့် "ကိုယ်ခံပညာနည်းစနစ်စွမ်းအား + ၃၅%" ဖြစ်လာခဲ့သည်။
သာလွန် ကိုယ်ခံပညာ၊ သန်စင်သော ယန်ခန္ဓာကိုယ်နဲ့ တွေးခေါ်နိုင်မှုစသည့် ကိုယ်ပွါးသုံးခုလုံး၏ စွမ်းရည်သက်ရောက်မှုများသည် ကိုယ်ခံပညာရပ်များ၏ ကျင့်ကြံမှုအရှိန်ကို အလွန်တိုးတက်စေသည်။
ထို့အပြင် လင်းရှန်သည် စွမ်းရည်များကို အချိန်မရွေး ပြောင်းလဲနိုင်သည်။
တစ်ချိန်တည်းမှာပင် သူနှင့်ကိုယ်ပွါးသုံးယောက်ကလည်း ကျင့်ကြံခဲ့သည်။ သူ၏ လက်ရှိကိုယ်ခံပညာ ကျင့်ကြံမှု အရှိန်သည်တုန်လှုပ်ဖွယ် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
တစ်လမပြည့်မီတွင် သူသည် အနှစ်သာရဓားသွားလက်ချောင်းနဲ့ အထူးယန်စွမ်းအား ဓားသွားကို အစပြုသူအဆင့်မှ ပြီးပြည့်စုံခြင်း အဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။ ထိုအရှိန်
က တပည့်အပေါင်းကို အံ့အားသင့်စေလောက်အောင်ပင်။
တပည့်များစွာကတော့ အထူးယန်စွမ်းအားကို တစ်နှစ်အတွင်း
ပြီးပြည့်စုံခြင်းအဆင့်ရောက်ဖို့နေနေသာ၊ အထူးကျွမ်းကျင်အဆင့်ရောက်အောင်ပင် မကျင့်ကြံနိုင်ပေ။
ပိုခက်ခဲတဲ့ အနှစ်သာရ ဓားသွားလက်ချောင်းဆို ပြောစရာမလိုပေ။
ဇွဲလုံ့လမှလွဲရင် ကိုယ်ခံပညာ၏ အစွမ်းထက်မှုကြောင့် အခြားကိုယ်ပွားလေးခု၏ စွမ်းရည်များသည် ကိုယ်ခံပညာ၏ စွမ်းအားကို တိုးမြင့်စေနိုင်သည့် အကျိုးသက်ရောက်မှုရှိသည်။
သို့သော် ကိုယ်ပွားကို မဆင့်ခေါ်ရင် လင်းရှန်အနေနဲ့ တစ်ကြိမ်လျှင် စွမ်းရည်တစ်ခုသာ အသုံးပြုနိုင်သည်။ ထို့ကြောင့် သူ၏ကိုယ်ခံပညာ ကျင့်ကြံမှုအရှိန်သည် တုန်လှုပ်စရာမဟုတ်ပေ။
" တောက်ပသောဝင်ပေါက်အဆင့်ကို ဖြတ်ကျော်ပြီးရင် ငါ့ရဲ့ ပင်ကိုယ်စွမ်းရည် တိုးလာမလားလို့ ငါ တွေးမိတယ်။"
သူ့အတွေးတွေကို ခဏလောက် လွှတ်ထားပြီးနောက် လင်းရှန်က ခေါင်းကို ခါယမ်းလိုက်ရင်း အာရုံပျံ့လွင့်နေတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်ကာ လက်ထဲမှာရှိတဲ့ ကိစ္စတွေကို အာရုံစိုက်လိုက်သည်။
ယခုအခါတွင် အနှစ်သာရ ဓားသွားလက်ချောင်းနဲ့ အထူးယန်စွမ်းအား ဓားသွားတို့သည် ပြီးပြည့်စုံခြင်း အဆင့်သို့ရောက်နေတာကြောင့် တခြားကိုယ်ခံပညာရပ်များကို ပြောင်းလဲရန် အချိန်တန်ပြီဖြစ်သည်။
လင်းရှန်သည် သံမဏိအကြေးခွံ့နည်းစနစ်နှင့် ဝံပုလွေဝိညာဉ်လက်သည်း လက်စွဲစာအုပ်များကို သူ၏ သိုလှောင်အိတ်မှ ထုတ်ယူခဲ့သည်။ သူသည် အာရုံပျံ့လွင့်နေသော အတွေးများကို ဖယ်ရှားကာ ၎င်းတို့ကို ဂရုတစိုက်ဖတ်ရန် အာရုံစိုက်ခဲ့သည်။
စာများကို မှတ်သားပြီးနောက် သူသည် ကိုယ်ပွါးများကိုပါ နားလည်အောင် ကျင့်ကြံခိုင်းခဲ့သည်။
တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာနဲ့ အရည်ပျော်ခြင်းကဲ့သို့ ကိုယ်ခံပညာများနှင့် နှိုင်းယှဉ်ပါက သံမဏိအကြေးခွံ့နည်းစနစ်နှင့် ဝံပုလွေဝိညာဉ်လက်သည်းတို့သည် အဆင့်နိမ့်ကြောင်း သိသာထင်ရှားတာကြောင့် ၎င်းတို့ကို ကျင့်ကြံရတာ ပိုမိုလွယ်ကူသည်။
သုံးရက်အတွင်းမှာပင် သူသည် ကိုယ်ခံပညာနှစ်ခုလုံးကို အစပြုသူအဆင့်သို့ ရောက်ရှိခဲ့သည်။
နောက်နှစ်ရက်တွင် သူသည် သံမဏိအကြေးခွံ့နည်းစနစ်ကို ကျွမ်းကျင်အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။
လေ့ကျင့်ရေးခန်းရဲ့ အလယ်မှာ ရပ်နေရင်း လင်းရှန်သည် သူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်
ရေးရာအနှစ်သာရကို လျင်မြန်စွာ ပျံ့နှံ့စေကာအနက်ရောင်အလင်းအလွှာတစ်ခုက သူ့အရေပြားပေါ်မှာ ချက်ချင်းပေါ်လာသည်။
အနီးကပ် စစ်ဆေးကြည့်သောအခါတွင် အလင်းအလွှာသည် မရေမတွက်နိုင်အောင် သေးငယ်သော အကြေးခွံများရှိနေတာကို တွေ့ရှိရသည်။ လင်းရှန်သည်
ငါးအကြေးခွံ့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသလိုပင်။
၎င်းကို ကိုယ်တိုင်တွေ့ကြုံပြီးနောက် သံမဏိမကြေးခွံ့နည်းစနစ်သည် တားမြစ်ထားသောရွှေရောင်ချပ်ဝတ်တန်ဆာထက် များစွာ နိမ့်ကျကြောင်း လင်းရှန် သိရှိလာခဲ့သည်။
သို့သော် ဤကိုယ်ခံပညာကို ကျင့်ကြံခြင်းသည် သူ၏ တွေးခေါ်နိုင်မှုစွမ်းရည်ကို တိုးမြင့်လာစေရန်အတွက်သာ ဖြစ်သည်ဟု ယူဆကာ လင်းရှန်က ဂရုမစိုက်ပေ။
"ကိုယ်ခံပညာနှစ်ခုလုံးက လေ့ကျင့်ရတာအတော်လေး လွယ်တယ်။ ဆယ်ရက်
လောက်ကြာရင် နှစ်ခုလုံးက ပြီးပြည့်စုံခြင်းအဆင့်ကိုရောက်တော့မှာ”
ဒါတောင်မှ လင်းရှန်က ဆက်ပြီး မကျင့်ကြံပေ။ အဲဒီအစား သူက အပျင်းကြောဆန့်ပြီး လေ့ကျင့်ရေးခန်းရဲ့ တံခါးဝဆီ လျှောက်သွားကာ အနားယူဖို့ ပြင်ဆင်နေသည်။
မနက်ဖြန်သည် အဆင့်စိန်ခေါ်မည့် နေ့ဖြစ်သည်။
သူ့စွမ်းအင်ကို ထိန်းသိမ်းထားရမည်။
သုံးလတစ်ကြိမ်ကျင်းပသည့် အဆင့်စိန်ခေါ်ပွဲသည် နိုင်ယန်းကျောင်းတွင် အကြီးမားဆုံးပွဲဖြစ်သည်။
တကယ်တော့ တပည့်တစ်ယောက်ရဲ့ အဆင့်သည် သူတို့ခံစားနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ ဆက်စပ်နေသည်။
အဆင့်တစ်ခုကွာတာကပင် သုံးလအကြာတွင် ကြီးမားသော ခြားနားချက်တစ်ခုကို ဖန်တီးနိုင်သည်။
ထို့ကြောင့် တပည့်တိုင်းသည် အဆင့်တက်ချင်ကြသည်။
အဆင့်စိန်ခေါ်မှုသည် ၎င်းတို့၏ပန်းတိုင်ကို အောင်မြင်စေမည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
အဆင့်စိန်ခေါ်မှုသည် သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။
ပထမနှစ်ရက်သည် အောက်အိမ်တော်မှ တပည့်များ အကြား စိန်ခေါ်မှုများဖြစ်ပြီး နောက်ဆုံးရက်မှာ အောက်အိမ်တော်မှ တပည့်များက အထက်အိမ်တော်ကို စိန်ခေါ်ရန်ဖြစ်သည်။
ဒီကာလအတွင်းမှာ အောက်ခြေအဆင့်ကနေ အထက်တန်းအဆင့်အထိ စိန်ခေါ်မှုတွေ ရှိလာမည် ဖြစ်မည်။
အဆင့်မရှိသေးသော တပည့်များသည် အဝါရောင်အဆင့်တပည့်များကို ဦးစွာစိန်ခေါ်ရမည်ဖြစ်သည်။ ကျောင်းတွင် အဆင့်မရှိသေးသော တပည့်များမရှိလျှင် ဤအဆင့်ကို ကျော်သွားမည်ဖြစ်သည်။