← Chapters

အဆင့်စိန်ခေါ်မှု (၂)

Vol. 8 Ch. 128

အဆင့်စိန်ခေါ်မှု (၂)

Vol. 8 Ch. 128

ထို့နောက် အဝါရောင်အဆင့် တပည့်များသည် အနက်ရောင်အဆင့် တပည့်များကို စိန်ခေါ်ကြပြီး အနက်ရောင်အဆင့်တပည့်များက မြေကမ္ဘာအဆင့်ရှိသူများကို စိန်ခေါ်ကြသည်။

နိုင်ယန်းကျောင်းသည် စိန်ခေါ်မှုများအတွက် စည်းမျဉ်းများစွာကိုလည်း ချမှတ်ထားသည်။

ပထမဦးစွာ အဆင့်မြင့်သောတပည့်ကို စိန်ခေါ်သူတိုင်းသည် အချို့သော အရည်အသွေးအမှတ်များကို ပေးဆောင်ရမည်ဖြစ်သည်။

ဥပမာအားဖြင့် အဝါရောင်အဆင့်တပည့်တစ်ဦးသည် အနက်ရောင်အဆင့်တပည့်

တစ်ဦးကို စိန်ခေါ်လိုလျှင် သာမန်အရည်အသွေးအမှတ် တစ်ခုကို ပေးဆောင်ရမည်ဖြစ်သည်။

အကျိုးရလဒ် မည်သို့ပင်ရှိစေကာမူ ဤသာမန်အရည်အသွေးအမှတ်သည် စိန်ခေါ်ခံရသူ အနက်ရောင်အဆင့်တပည့်ထံ ရောက်သွားမည်ပင်။

ဤစည်းမျဉ်းသည် အဆင့်နိမ့်သောတပည့်များက ၎င်းတို့ ကံကို စမ်းသပ်ရန် ကြုံသလိုစိန်ခေါ်ခြင်းမှ တားဆီးထားတာဖြစ်သည်။

ဒုတိယအချက်မှာ တူညီသောအဆင့်မြင့်တပည့်ကို အဆင့်နိမ့်တပည့်တစ်ဦးထက်ပို၍ စိန်ခေါ်နိုင်သည်။ ၎င်းတို့အားလုံးကို လက်ခံရန် မလိုအပ်သော်လည်း အနည်းဆုံး စိန်ခေါ်မှုသုံးခုကို လက်ခံရမည်ဖြစ်သည်။

စိန်ခေါ်မှုအစီအစဥ်အား ညှိနှိုင်းမှုဖြင့် စိန်ခေါ်သူမှ ဆုံးဖြတ်နိုင်သည်။

ညှိနှိုင်းမှုမအောင်မြင်ပါက ကျင့်ကြံမှုအဆင့်ကို ဦးစားပေးဆောင်ရွက်မည်

ဖြစ်သည်။ ကျင့်ကြံမှုအဆင့်မြင့်တဲ့ စိန်ခေါ်သူက ဦးစွာသွားနိုင်သည်။ ကျင့်ကြံမှုအဆင့် တူညီပါက ဆရာက ကျပန်းရွေးချယ်ပေးမည်ဖြစ်သည်။

စိန်ခေါ်သူ ရှုံးနိမ့်တိုင်း စိန်ခေါ်သူသည် တစ်နာရီ အနားယူရမည်။

တတိယအချက်အနေနဲ့ အဆင့်တက်သွားသော တပည့်များနှင့် ကျသွားသော တပည့်များသည် အခြားသူများထံမှ စိန်ခေါ်မှုများကို လက်ခံစရာမလိုတော့ပေ။

သို့သော် စိန်ခေါ်ခံရပြီး အဆင့်ကျသွားသော တပည့်များသည် အခြားအဆင့်မြင့်တပည့်များကို စိန်ခေါ်နိုင်သည်။ သူတို့အောင်မြင်ရင် သူတို့အဆင့်ကို ပြန်ရယူနိုင်သည်။

ဤသည်မှာ နိုင်ယန်းကျောင်း၏ အဆင့်စိန်ခေါ်ခြင်းမှ အရေးကြီးဆုံးစည်းမျဉ်း များဖြစ်သည်။

တကယ်က အခြားစည်းမျဉ်းတွေရှိသေးပေမဲ့ သူတို့ကအသေးအဖွဲ့လောက်ပင်။

လမ်းပြတိုက်ပွဲကျင်းပသည့် ရင်ပြင်တွင်ပင် အဆင့်စိန်ခေါ်ပွဲ ကျင်းပမည် ဖြစ်သည်။

လင်းရှန် ရောက်ရှိလာသောအခါ ရင်ပြင်အလယ်တွင် နှစ်မီတာမြင့်သော စင်မြင့်တစ်ခု ပေါ်လာသည်ကို သူသိလိုက်ရသည်။ ၎င်းကို လျှို့ဝှက်ဆန်းကြယ်သော ပုံစံများဖြင့် ရေးထွင်းထားသည့် ကျောက်စာတိုင်များနဲ့ ဝန်းရံထားသည်။ အဲ့တာက အခင်းအကျင်း ဖွဲ့စည်းပုံတစ်မျိုးမျိုးနှင့် တူသည်။

ဖြစ်နိုင်ချေအများစုမှာ ၎င်းသည် စင်မြင့်ပေါ်ရှိ တိုက်ပွဲ၏ နောက်ဆက်တွဲ လှုပ်ခတ်မှုက ဘေးပတ်ဝန်းကျင်ရှိ ပရိသတ်များကို မထိခိုက်စေအောင် လုပ်ထားသော အကာအကွယ် အခင်းအကျင်း ဖြစ်နိုင်သည်။

စင်မြင့် ဆယ်မီတာအတွင်း လွတ်နေသောနေရာအပြင် ရင်ပြင်၏အခြားအစိတ်အပိုင်းတော်တော်များများသည် လူများဖြင့်ပြည့်နှက်နေပြီဖြစ်သည်။ စည်ကားတဲ့ မြင်ကွင်းတစ်ခုပင်။

"အောက်အိမ်တော်တစ်ခုလုံးက လူ ၇၀၀လောက်ရှိမယ်ထင်တယ်..."

လင်းရှန်သည် အံ့သြသွားခဲ့သည်။

သို့သော် စဉ်းစားပြီးသောအခါ အဓိပ္ပါယ်ရှိလာသည်။ အဆင့်စိန်ခေါ်မှုအတွက် ခွင့်ယူတာမျိုး မရှိကြပေ။

ဒဏ်ရာရထားတာကြောင့် အခင်းဖြစ်ပွားရာနေရာကို ကိုယ်တိုင်ကိုယ်ကျ မလာရောက်နိုင်တာပဲ ဖြစ်ဖြစ်၊ တစ်ယောက်တည်း ဆိတ်ငြိမ်ရာမှာ ကျင့်ကြံတာ ဒါမှမဟုတ် လေ့ကျင့်ဖို့ အပြင်ထွက်လို့ပဲဖြစ်ဖြစ်၊ စိန်ခေါ်ခံရပြီး နေရာကို မရောက်လာခဲ့ရင် ရှုံးသွားတာနဲ့ အတူတူပင်။

စည်းကမ်းတွေက အရမ်းရက်စက်သည်။

သူ သက်ပြင်းချတုန်း မနီးမဝေးမှ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသည်။

"လင်း ငါ ဒီမှာ”

အသံ၏ ဦးတည်ရာကို ကြည့်

လိုက်တော့ ယန်ကျုံးရီက လင်းရှန်ကို မီတာ ၂၀ ကျော်အကွာမှ လက်ပြနှုတ်ဆက်နေသည်ကို တွေ့လိုက်ရသည်။စုနျန်က သူ့ဘေးမှာ ရပ်နေသည်။

"မင်းက အမြဲတမ်း အချိန်ယူတယ်။ ဘာလို့လဲ..ဇာတ်လိုက်ဆိုတာ နောက်ဆုံးမှပေါ်လာရတာမလို့လား”

လင်းရှန်ဘာမှပြန်မပြောခင် ယန်ကျုံးရီက သူ့ပုခုံးကို လက်သီးနဲ့ထိုးပြီး နောက်ပြောင်လိုက်

သည်။

"ဘယ်က ဇာတ်လိုက်လဲ"

"အဲ့တာက မသိသာလို့လား”

ယန်ကျုံးရီသည် သူ့ပတ်ဝန်းကျင်ကို မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"မင်းက ဒီနေ့ ရင်ပြင်တစ်ခုလုံးမှာ ဖမ်းစားနိုင်ဆုံးလူပဲ”

ယန်ကျုံးရီပြောတဲ့အတိုင်း လင်းရှန်ရောက်ရှိလာခြင်းက လူအများ၏ အာရုံစိုက်ခြင်းကို ခံရသည်။

သူမြင်ရသလောက် တပည့်များစွာက သူရှိရာကို ညွှန်ပြနေကြပြီး အများစုမှာ မကောင်းသော အကြည့်များ ရှိနေကြသည်။

"ကြည့်စမ်း၊ အဲဒါ လင်းရှန်ပဲ”

"သူတကယ်လာတာပဲ”

"ဟုတ်တယ် သူ ရောက်လာပြီ။ သူမလာရင် သူ့အဆင့်ကို ဆုံးရှုံးရလိမ့်မယ်”

"ဘာကွာလို့လဲ? လင်းရှန်က အနက်ရောင်အဆင့် တပည့်အဖြစ် ထိန်းထားနိုင်မယ်လို့ မင်းထင်နေတာလား။ နုံအမနေနဲ့”

ဆွေးနွေးမှုများကို ကြားနေရပေမဲ့ လင်းရှန်က မကြားသလိုပင် လုံး၀ ထိခိုက်မှု မရှိခဲ့ပေ။

သူများတွေအပေါ်မှာ ချီးမြှောက်တဲ့လူက ရှားပါးတတ်သည်။ သူသည် ၎င်းတို့ကို လျစ်လျူရှုထားနိုင်သည်။ အဲ့တာက စွမ်းအင်ကို ဖြုန်းတီးရာ ကျသောကြောင့် ၎င်းတို့နှင့် ငြင်းခုံရန် မလိုအပ်ပေ။

"ဇာတ်လိုက်လို့ အထင်ခံရလည်း သိပ်မဆိုးပါဘူး"

လင်းရှန်က မငြင်းဘဲ ပြုံးလိုက်သည်။

"အဲဒီလိုအချိန်မျိုးမှာ ဇာတ်လိုက်က သူ့လမ်းမှာရှုပ်နေတဲ့သူတိုင်းကို သတ်ပစ်လေ့ရှိတယ်။ ဒီနေ့တော့ လူတိုင်းကို အံ့အားသင့်စေနိုင်တယ်။"

"ဒါသာမှန်ခဲ့ရင်"

လင်းရှန်က စိတ်ဆင်းရဲနေတာကြောင့် ပျော်စရာတွေပြောနေခဲ့တာပဲဟု ယန်ကျုံးရီက ထင်ခဲ့ပြီး သူ့စကားတွေကို အလေးအနက်မထားခဲ့ပေ။ သူက အသံကို လျှော့ပြီး လင်းရှန်ကို နှစ်သိမ့်လိုက်သည်။

“အနက်ရောင်အဆင့်တပည့်အဖြစ်ကနေ မင်းအဆင့်ကျသွားရင်တောင် အရေးမကြီးဘူး”

“မင်းရဲ့ အရည်အချင်း၊ ခွန်အားတွေနဲ့ဆို မြန်မြန်ဆန်ဆန် ဒါမှမဟုတ် နောက်ပိုင်းကျ မင်းပြန်ယူနိုင်လိမ့်မယ်။ အလျင်စလိုလုပ်စရာမလိုဘူး”

စုနျန်က " ဟုတ်တယ်။ မင်းရဲ့ အရည်အချင်းက အားလုံးသိသာတယ်။ မင်းက အနက်ရောင်အဆင့်တပည့် ဒါမှမဟုတ် အဲ့ထက် ပိုမြင့်တဲ့ အဆင့်ထိ မတက်ခင် အချိန်တစ်ခုပဲ လိုတော့တာ၊ အဲဒါကို နှလုံးသွင်းထားဖို့ မလိုဘူး”

လင်းရှန်သည် သူတို့၏ နှစ်သိမ့်ပေးသော စကားကြောင့် ရယ်မောမိသော်လည်း နောက်ထပ် ရှင်းပြရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူက ခေါင်းစဉ်ပြောင်းလိုက်သည်။

"မင်းတို့နှစ်ယောက်ကော ဘယ်လိုလဲ။ ဝိညာဉ်ရှုရှိုက်ခြင်း အသီးကို သုံးဖြစ်လား။"

ထိုအကြောင်းပြောတဲ့အခါ ယန်ကျုံးရီနဲ့ စုနျန်က ဝမ်းသာအားရ ပြုံးပြသည်။

"ကျေးဇူးပါပဲ၊ အသက်ရှုစုဆောင်းခြင်းဆေးကို ပြုပြင်ဖို့ အဂ္ဂရိတ်ပညာရှင်ကို ရှာတွေ့ခဲ့တယ်။ငါတို့ ကြာရှည်စွာ အသက်ရှုခြင်းအဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီ”

ယန်ကျုံးရီက ပြုံးပြီးပြောသည် ။

ကြာရှည်စွာအသက်ရှုခြင်းအဆင့်သို့ ရောက်ပြီးနောက် သူနှင့်စုနျန်တို့သည် အဝါရောင်အဆင့် တပည့်များအဖြစ် ရှိနေမည်မှာ သေချာသည်။

အဝါရောင်အဆင့်တပည့်များအကြားရှိ ကွာခြားချက်သည် နိုင်ယန်းကျောင်းတွင် အကြီးမာဆုံးဖြစ်သည်။ ၎င်းတို့သည် ချီအသွင်ပြော င်းခြင်း သတ္တမအဆင့်မှ ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့်အထိ ဖြစ်သည်။

အခြားအဆင့်သုံးဆင့်မှ တပည့်များသည် ကျင့်ကြံမှုအဆင့် အဆင့်နှစ်ဆင့် သို့မဟုတ် သုံးဆင့်လောက်သာ ကွာသည်။

ထို့ကြောင့် အခြား ချီအသွင်ပြောင်းခြင်းတပည့်များကို လျစ်လျူရှုပြီး

ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို စိန်ခေါ်ရန် လာမည်

မဟုတ်ပေ။

ယန်ကျုံးရီနဲ့ စုနျန်တို့ကလည်း အနက်ရောင်အဆင့် တပည့်တွေကို စိန်ခေါ်ဖို့ မရည်ရွယ်ခဲ့ပေ။

လင်းရှန်မှလွဲ၍ အနက်ရောင်အဆင့်တပည့်များထဲမှ အနိမ့်ဆုံးသည်ပင် ကြာရှည်စွာအသက်ရှုခြင်း စတုတ္ထအဆင့် ဖြစ်သည်။ ယန်ကျုံးရီနဲ့ စုနျန်တို့သည် ယခုမှ ဖြတ်ကျော်သွားခဲ့တာကြောင့် အနက်ရောင်

အဆင့်တပည့်ကို စိန်ခေါ်ရာတွင် အောင်မြင်ဖို့ အခွင့်အလမ်းမရှိပေ။

စိန်ခေါ်ခံရဖို့ စိတ်ပူစရာမလိုသလို အခြားသူများကိုလည်း စိန်ခေါ်ရန် ရည်ရွယ်ချက်မရှိပေ။ ယန်ကျုံးရီနဲ့ စုနျန်တို့သည် ရင်ပြင်တွင် အတည်ငြိမ်ဆုံး လူနှစ်ယောက်ဖြစ်သည်။

သူတို့စိုးရိမ်သော တစ်ခုတည်းသောလူမှာ လင်းရှန် ဖြစ်သည်။

ဆယ်မိနစ်ခန့်အကြာတွင် ကောင်းကင်မှ အော်ဟစ်သံတစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။

အတောင်ပံနှစ်မီတာကျော်ရှိသော အဖြူရောင်ကြိုးကြာ ၁၀ ကောင်ကျော်သည် အဝေးမှ ပျံတက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရင်ပြင်အထက်ကောင်းကင်သို့ ရောက်ရှိလာသည်။

အကြိမ်အနည်းငယ် လှည့်ပတ်ပြီးနောက် ကြိုးကြာသည် ရင်ပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။ ကျောပေါ်မှ ဆရာများက ခုန်ဆင်းကာ စင်မြင့်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လာခဲ့ကြသည်။

ရင်ပြင်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။ကျောင်းမှ တပည့်များအားလုံး တိတ်ဆိတ်ပကုန်ကြပြီး ဆရာများ ကောင်းကင်မှ ဆင်းလာသည်ကို ကြည့်နေကြသည်။

ခေါင်းဆောင်က ခယ်ယာပင်။

ဦးဆောင်သူနှင့်အတူ ဆရာများသည် ရှေးရှေးကတည်းက ပြင်ဆင်ထားသည့် ထိုင်ခုံများဆီသို့ ရောက်လာပြီး ထိုင်ကြသည်။

ချက်ချင်းပင် ခယ်ယာ၏ အကြည့်သည် လျှပ်စီးလက်သလို လှည့်ပတ်သွားသည်။ သူ့လက်ကို ဝှေ့ယမ်းပြီး စကားစဖြတ်လိုက်သည်။

"စကြရအောင်။"

ဘေးမှာ စောင့်နေတဲ့ လက်ထောက်က ရှေ့တစ်လှမ်းတိုးပြီး လှမ်းအော်သည်။

"အဝါရောင်အဆင့် တပည့်စိန်ခေါ်မှု စတင်ပြီ”

သူစကားပြောပြီးတာနဲ့ တစ်စုံတစ်ယောက်က စင်မြင့်ပေါ်ကို စိတ်မရှည်စွာ ပြေးသွားသည်။ သူ့ဘာသာ တည်ငြိမ်အောင် မထိန်းနိုင်ခင်မှာ သူ့ရဲ့ ကျယ်လောင်တဲ့ အသံက ရင်ပြင်တစ်ခုလုံး ပျံ့နှံ့သွားသည်။

"ကျိုက်ကွမ်းသုန်က အဝါရောင်အဆင့် တပည့် ထိုက်ရုံချွမ်ကို စိန်ခေါ်လိုပါတယ်”

အဝါရောင်အဆင့် တပည့်က နာမည်ကို ခေါ်ခံလိုက်သောအခါတွင် မျက်နှာ မည်းမှောင်သွားသည်။ သူက အော်လိုက်သည်။

ရာထူးစိန်ခေါ်ခြင်းမှာ ထုံးစံတစ်ခုဖြစ်သော်လည်း စိန်ခေါ်ခြင်းခံရသော သူများအနေနဲ့ အခြားတစ်ဖက်က ၎င်းတို့အား လျှော့တွက်ထားသည်ဟု မလွဲမသွေ ခံစားကြရမည်ဖြစ်သည်။ ရလဒ်အနေနဲ့ သူတို့မှာ ဆိုးရွားတဲ့ စိတ်ထားတွေ ရှိနေကြသည်။

တာဝန်ခံ လက်ထောက်က ချက်ချင်း သဘောမတူပေ။ အဲဒီအစား သူက လှည့်ပတ်ကြည့်ပြီး မေးသည်။

"အခြားစိန်ခေါ်ချင်သူရှိလား”

ဘယ်သူမှ မဖြေပေ။ လက်ထောက်က မျက်နှာခေါင်းညိတ်ပြပြီး ထန်ရုံချွမ်ကို ကြည့်သည်။

"ထန်ရုံချွမ်၊ မင်း စိန်ခေါ်မှုကို လက်ခံချင်လား။"

လက်မခံရင် တိုက်ပွဲ တိုက်စရာမလိုဘဲ ရှုံးသွားလိမ့်မည်ပင်။

ထန်ရုံချွမ်က ကျိန်ဆဲပြီး သူ့တုံ့ပြန်မှုကို အဖြေအဖြစ် အသုံးပြုခဲ့သည်။ သူက ခြေလှမ်းအနည်းငယ်လှမ်းပြီး မြင့်မားသော စင်မြင့်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း အလွန်လျင်မြန်စွာပြီးဆုံးခဲ့သည်။

အဆုံးတွင် ထန်ရုံသည် အဝါရောင်အဆင့် တပည့်တစ်ဦးအဖြစ် သူ၏ရာထူးကို အောင်မြင်စွာ ကာကွယ်နိုင်ခဲ့သည်။

သို့သော် နောက်ထပ်တိုက်ပွဲနှစ်ခုသည် စိန်ခေါ်သူအနိုင်ဖြင့် ပြီးဆုံးသွားသည်။

ဒါက အံ့သြစရာတော့ မဟုတ်ပေ။ အဝါရောင်အဆင့်တပည့်(၇၉)ယောက်သည် အဆင့်မရှိသေးသူများကဲ့သို့ ကျောင်းသားသစ်များဖြစ်ကြပြီး ၎င်းတို့၏ ခွန်အားသည် အမှန်တကယ်တော့ ကွာခြားခြင်းမရှိပေ။

တချို့က နည်းနည်းကံမကောင်းလို့ စာမေးပွဲမှာ အမှတ်ကောင်းကောင်း မရခဲ့ကြတာပင်။ ထို့ကြောင့် အဝါရောင်အဆင့် တပည့်နေရာတွေ လွတ်သွားကြသည်။

ယခုက သူတို့ရသင့်ရထိုက်သောအရာကို ပြန်ယူဖို့ အချိန်တန်ပြီပင်။

တစ်နာရီကျော်အတွင်းမှာပဲ အဝါရောင်အဆင့်တပည့် ဆယ်ယောက်ကျော်က နေရာတွေကို ဖယ်ထုတ်ခံရပြီး အဆင့်မရှိတော့တဲ့ တပည့်တွေဖြစ်လာသည်။

ဤလူများ အားလုံးသည် ခြွင်းချက်မရှိ လူသစ်များသာ ဖြစ်ကြသည်။

စီနီယာ ကျောင်းသားတွေကိုတော့ စိန်ခေါ်ရဲတဲ့ သူ အလွန်နည်းပါးသည်။

မျှော်လင့်ထားသည့်အတိုင်း စိန်ခေါ်သူအနည်းငယ်ကလည်း မအောင်မြင်ခဲ့ပေ။

ဒီအချိန်မှာ

လူအုပ်ထဲတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။

လင်းရှန်သည် ဆူညံသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်တော့ လူတစ်ယောက်က ဓားတစ်လက်နှင့် စင်မြင့်ပေါ်သို့ ခုန်တက်သွားသည်ကို တွေ့လိုက်ရသည်။

အဲ့တာက ယန်ရှင်းပင်။

All Chapters