စိန်ခေါ်မှုကို ယှဉ်ပြိုင်ခြင်း (၁)
Vol. 8 Ch. 129
ယန်ရှင်းသည် နိုင်ယန်းတွင် ကျော်ကြားသူအဖြစ် သတ်မှတ်ခံခဲ့ရသည်။
သူသည် အရည်အချင်းရှိပြီး အစွမ်းထက်သောကြောင့် မဟုတ်ပေ။
ယင်းအစား သူသည် မိသားစုကြီးငါးစုအနက်မှ တစ်ခုဖြစ်သော ယန်မျိုးနွယ်မှ တိုက်ရိုက်ဆင်းသက်လာသူဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် သူသည် စာမေးပွဲတွင် အောက်ဆုံးနေရာတွင် မကြုံစဖူးပုံစံဖြင့် အဆင့်
သတ်မှတ်ခံရသည်။ ကျောင်းကို ဝင်ပြီးနောက်မှာ အဝါရောင်အဆင့် တပည့်အဖြစ်တောင် ဝင်ခွင့် မရခဲ့ပေ။
ထို့အတွက်ကြောင့် မရေမတွက်နိုင်သောလူများက ယန်ရှင်းကို လှောင်ပြောင်ခဲ့ကြသည်။
သို့သော်လည်း ယန်ရှင်း ကွင်းထဲသို့ ဝင်ရောက်လာသည်ကို မည်သူမျှ အံ့အားသင့်ခြင်းမရှိခဲ့ပေ။
ယင်းအစား ၎င်းတို့သည် ဒါကို သဘာဝဟု ယူဆကြသည်။
လင်းရှန်ကို တိုက်ခိုက်ခဲ့ရာမှာ ကံမကောင်းခဲ့တာကြောင့် မဟုတ်ရင် ယန်ရှင်းခွန်အားနဲ့ဆို သူသည် ဟိုးအရင်ကတည်းက အဝါရောင်
အဆင့် တပည့်တစ်ဦး ဖြစ်နေမည်ပင်။
ဒီအချိန်မှာ သူ စင်ပေါ်တက်လာမယ်လို့ မျှော်လင့်ထားကြသည်။
ယန်ရှင်း စိန်ခေါ်သည့် ပစ်မှတ်မှာ ချီအသွင်ပြောင်းခြင်းအဆင့် စီနီယာကျောင်းသားဖြစ်သည်။
ယန်ရှင်းက သူ့ကို ရွေးတာကို ကြားတော့ စီနီယာကျောင်းသားက ဖျားသွားသလိုပင်။
ရလဒ်ကတော့ မျှော်လင့်ထားသလိုပင်။ တိုက်ပွဲစတင်သည်နှင့် တပြိုင်နက် စီနီယာကျောင်းသားက ယန်ရှင်း တိုက်ခိုက်မှုကြောင့် လွင့်ပျံသွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ အချိန်အတော်ကြာ လဲလျောင်းနေရသည်။
"မျှော်လင့်ထားသလိုပဲ၊ ယန်ရှင်းလည်း ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်လာပြီ”
"ပြီးတော့ သူက ယန် မိသားစုရဲ့ တိုက်ရိုက်ဆင်းသက်လာသူလေ။ ယန်ကျင့်ရမ်လို အစ်ကိုကြီးတစ်ယောက်လည်း ရှိတယ်။ သူ့မှာ အရင်းအမြစ်တွေ အများကြီးပဲ။ ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်သွားတာ အံ့သြစရာတော့ မဟုတ်ဘူး။"
"ဟုတ်တယ်။ ကျောက်ရွှမ်ရင် ၊ရွှယ်ဖုန်နဲ့ တခြားလူတစ်ချို့လည်း
ကြာရှည်စွာအသက်ရှုခြင်းအဆင့်ကို တက်လှမ်းခဲ့ကြတယ်လို့ ငါကြားတယ်။"
ဆွေးနွေးမှုတွေကို ဆက်တိုက်လုပ်နေကြသည်။
ယန်ရှင်းက ဘာအမူအရာပြောင်းလဲတာ မရှိပေ။ သူက လင်းရှန် ဦးတည်ရာကို ငုံ့ကြည့်လိုက်ပြီး စင်မြင့်ပေါ်မှ ဆင်းမသွားမီ သူ့မျက်လုံးများပေါ်တွင် အေးစက်သော အရိပ်တစ်ခု လင်းလက်လာသည်။
ယန်ရှင်း ပြီးတော့ မည်သူကမှ နောက်ထပ်စိန်ခေါ်မှုကို မထုတ်ပြန်ခဲ့ပေ။
တစ်မိနစ် နှစ်မိနစ်လောက် စောင့်ပြီး စင်ပေါ် ဘယ်သူမှ တက်မလာတော့တာကြောင့် လက်ထောက်က အဝါရောင်အဆင့် တပည့်စိန်ခေါ်မှု ပြီးဆုံးသွားပြီလို့ ကျယ်လောင်စွာ ကြေညာလိုက်သည်။ ထို့နောက် အနက်
ရောင်အဆင့် တပည့်စိန်ခေါ်မှုကို စတင်မည်ဖြစ်သည်။
သူစကားပြောပြီးသည်နှင့် ရင်ပြင်ရှိလူတစ်ဝက်လောက်က လင်းရှန်ကို ကြည့်ကြသည်။
ရယ်မောခြင်း၊ ပြက်ရယ်ပြုခြင်း၊ သနားခြင်း၊ စပ်စုခြင်း၊ မျှော်လင့်ခြင်းစသည့်ဖြင့် အကြည့်အမျိုးမျိုးရှိနေခဲ့သည်။
ချက်ချင်းပင် လင်းရှန်သည် ရင်ပြင်တွင် စိတ်ဝင်စား အခံရဆုံး ဖြစ်လာခဲ့သည်။
အနက်ရောင်အဆင့် တပည့်စိန်ခေါ်မှုတွင် ပထမဆုံးစိန်ခေါ်ခံရမဲ့သူသည် လင်းရှန်ဖြစ်မည်ဟု လူတိုင်းနီးပါးသိကြသည်။
ဒါအမှန်တရားပင်။ ဆယ်စက္ကန့်ကျော်ကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပထမတပည့်က ခုန်ထွက်လာသည်။
“လောပေါချန်က အနက်ရောင်အဆင့် တပည့် လင်းရှန်ကို စိန်ခေါ်လိုပါတယ်”
လောပေါ်ချန်၏ လုပ်ဆောင်ချက်က ခလုတ်ကို ဖွင့်လိုက်သလိုပင်
။နောက်အခိုက်အတန့်တွင် တပည့်များစွာသည် လူအုပ်ထဲမှ ထွက်လာကြသည်။
"လောပေါ်ချန်က အနက်ရောင်အဆင့် တပည့် လင်းရှန်ကို စိန်ခေါ်လိုပါတယ်”
"ဝမ်ပင်းက အနက်ရောင်အဆင့် တပည့် လင်းရှန်ကို စိန်ခေါ်လိုပါတယ်”
"ရှန်ချန်းက အနက်ရောင်အဆင့် တပည့် လင်းရှန်ကို စိန်ခေါ်လိုပါတယ်”
မျက်စိတစ်မှိတ်အတွင်းမှာပဲ တပည့် ၂၀ ကျော်က စင်မြင့်ပေါ်မှာ ရပ်နေသည်။
ဒါကို သူတို့မျှော်လင့်ထားပေမယ့် ဒီမြင်ကွင်းက လူတော်တော်များများကို အံ့အားသင့်စေခဲ့သည်။
ယခင်အဆင့်စိန်ခေါ်မှုများတစ်လျှောက်တွင် အဝါရောင်အဆင့်တပည့် (၂၀)ထက်ပိုပြီး တူညီသော အနက်ရောင် အဆင့်တပည့်ကို စိန်ခေါ်ရန် တိုက်ပွဲဝင်တာမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။
ထိုမြင်ကွင်းသည် လူများစွာကို အံ့အားသင့်စေခဲ့သည်။
မြင့်မားသောစင်မြင့်ပေါ်တွင် စိန်ခေါ်သူ (၂၀)ကျော်သည် တောက်ပသောမျက်လုံးများဖြင့် လင်းရှန်ကို စိုက်ကြည့်နေကြသည်။
သူတို့အားလုံးက လင်းရှန်ကို မနှစ်သက်ကြဘဲ မနာလိုစိတ်ဖြင့် စိန်ခေါ်ခဲ့ကြသည်။
အများစုမှာ အားနည်းသူများကိုသာ ရွေးချယ်ရန် စီစဉ်ခဲ့ကြသည်။
လင်းရှန်က ကျောင်းကို ဝင်တာ သုံးလပဲ ရှိတာကြောင့် ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်ကို မကျော်နိုင်လောက်သေးဘူးလို့ ဆုံးဖြတ်ခဲ့ကြသည်။ သေချာတာကတော့ သူက အညံ့ဆုံး အနက်ရောင်အဆင့် တပည့်ပင်။
ပြီးတော့ သူက သမိုင်းမှာ အညံ့ဆုံးဖြစ်နိုင်သည်။
ထိုသို့သော ကိုယ်စားလှယ်လောင်းသည် ဆယ်နှစ်တစ်ကြိမ် သို့မဟုတ် ထိုထပ်ကြာမှပေါ်လာနိုင်သည်။ အခု သူ့ကို စိန်မခေါ်ရင် အခွင့်အရေးကို ဖြုန်းတီးပစ်တာပင်။
"အို ဘုရား သွမ်ဟောင် ၊ ချန်ရှီဖမ်း၊ လောပေါ် ချန်၊ ကျန်ပင်းလောင် “
၎င်းတို့သည် ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်ထက် မနိမ့်ပေ။ ဘယ်လိုတောင် စီတန်းထားတာလဲ။
"အဆင့်စိန်ခေါ်မှုများစွာကို ကြုံဖူးပေမဲ့ ဒီလိုအခြေအနေမျိုးကို ပထမဆုံးတွေ့ဖူးတာပဲ”
"လင်းရှန်တော့ ဒုက္ခရောက်ပြီ”
"ဟေ့ ဟိုမှာကြည့်”
လူအုပ်ထဲတွင် ရုတ်တရက် ရုန်းရင်းဆန်ခတ် ဖြစ်သွားသည်။ အခြားလူတစ်ဦးသည် မြင့်မားသော စင်မြင့်ပေါ်သို့ ခုန်ဆင်းခဲ့သည်။
အဲ့တာက အဝါရောင်အဆင့် တပည့်ဖြစ်သွားသော ယန်ရှင်းပင်။
သူ့အကြည့်တွေက လင်းရှန်ကို တည့်တည့်ပစ်တဲ့ ဓားနဲ့တူပြီး သူ့မျက်နှာမှာ ဖုံးကွယ်ထားတဲ့ ဒေါသတွေနဲ့ ပြည့်နှက်နေသည်။
ယန်ရှင်း၏ အကြည့်ကို သတိပြုမိတော့ လင်းရှန်းသည် ပြုံးကာ မတုန်မလှုပ် ဖြစ်နေသည်။
"ယန်ရှင်းက ဘာလို့ ဒီကို ရောက်နေတာလဲ" ယန်ကျုံးရီက
မျက်မှောင်ကြုတ်လိုက်သည်။
စုနျန်က ယန်ရှင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည် ။ "စာမေးပွဲမှာ ဖြစ်ပျက်ခဲ့တာတွေအတွက် သူက လက်စားချေချင်တာ ဖြစ်နိုင်တယ်”
ထောင့်တစ်ခုမှာတော့
ဆရာများက အဓိပ္ပါယ်ရှိသော စကားများဖြင့် ကြည့်ရှုခဲ့ကြသည်။
ခယ်ယာ၏အကြည့်များသည် လင်းရှန်အပေါ်သို့ ရောက်သွားပြီး သူ့စိတ်ခံစားမှုများက အနည်းငယ်ရှုပ်ထွေးသွားသည်။
ရိုးရိုးသားသား ပြောရလျှင် သူသည် လင်းရှန်ကို အထင်ကြီးခဲ့သည်။
သူသည် သာမာန်နောက်ခံမှ ဆင်းသက်လာသော်လည်း ကြိုးစားပြီး ဇွဲလုံ့လရှိသည်။သူ့ရဲ့ အရည်အချင်းက အံ့သြစရာကောင်းလောက်အောင် ထူးချွန်သည်။ အချိန်တန်ရင် ထူးထူးခြားခြား အောင်မြင်မှုတွေ ရလာမှာ သေချာသည်။
သို့သော်လည်း သူသည် ဂိုဏ်း၏ ပဋိပက္ခရေစီးကြောင်းထဲသို့ ဆွဲသွင်းခံခဲ့ရပြီး ဤစင်မြင့်ပေါ်သို့ တွန်းချခံခဲ့ရသည်။
လင်းရှန်သည် အနက်ရောင်တပည့်တစ်ဦးအဖြစ် နေရာကို ဆုံးရှုံးလိုက်ရလည်း သူ့အနာဂတ်အတွက် စိုးရိမ်စရာမရှိပေမဲ့ ယာယီနိမ့်ကျမှုကို ရှောင်လွှဲ၍မရပေ။ လင်းရှန်သည် အောက်ခြေထိ ရောက်လျှင်ပင် တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်လိမ့်မည်ဟု ခယ်ယာက မျှော်လင့်ထားသည်။
ယန်ရှင်းတက်လာပြီးနောက် စိန်ခေါ်သူ အရေအတွက် ၂၅ ဦးအထိ တိုးလာခဲ့သည်။
စင်မြင့်ပေါ်ရှိ လူအုပ်ကို ကြည့်ရင်း တာဝန်ခံ လက်ထောက်က အနည်းငယ် အံ့အားသင့်သွားသည်မှာ သိသာသည်။ ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဖူးပေ။
ခဏကြာတော့ လက်ထောက်က အသိဝင်လာပြီး "မင်းတို့ထဲက ဘယ်တစ်ယောက် အရင်သွားမှာလဲ" ဟု ချီတုံချတုံနဲ့မေးသည်။
စိန်ခေါ်သူများက အချင်းချင်း တိတ်ဆိတ်စွာ ကြည့်နေကြသည်။
ဤရှားပါးသောအခွင့်အရေးကို မည်သူမျှ လက်မလွှတ်ချင်ကြသည်မှာ သိသာသည်။ ဒါကိုမြင်တော့ လက်ထောက်က တစ်ခုခုပြောဖို့ လုပ်နေတုန်းမှာပဲ တစ်စုံတစ်ယောက်က "ငါအရင်သွားလိုက်မယ်”
အားလုံးက အသံလာရာကို ကြည့်လိုက်တော့ယန်ရှင်းပဲဆိုတာ သိလိုက်ရသည်။
သူသည် စင်မြင့်ပေါ်ရှိ စိန်ခေါ်သူများကို အေးစက်သောအကြည့်များနဲ့ ပတ်ကြည့်နေသည်။
"အဲ့ဒါနဲ့ ပတ်သက်ပြီး မင်းတို့မှာ ပြဿနာရှိလား”
စိန်ခေါ်သူအုပ်စု၏ အပြုအမူများသည် ချက်ချင်းပင် အေးခဲသွားသည်။ လူများစွာ၏ မျက်လုံးများသည် ဒေါသများဖြင့် တောက်လောင်နေသော်လည်း ထိုအရာကို ဘာမှ မပြောနိုင်ပေ။
ယန်ရှင်းကို ကွယ်ရာမှာ လှောင်ပြောင်နိုင်သော်လည်း ယန်မိသားစုမှ တိုက်ရိုက်
ဆင်းသက်လာပြီး ယန်ကျင့်ရမ်၏ညီငယ်ကို မစော်ကားဝံ့ကြပေ။