စိန်ခေါ်မှုကို ယှဉ်ပြိုင်ခြင်း (၂)
Vol. 8 Ch. 130
လူတိုင်းတွင် အံ့အားသင့်ဖွယ် အရည်အချင်းများ မရှိကြရင်တောင် ဆရာစစ်၏ အကာအကွယ်ကို ရရှိနိုင်သည်။
တစ်ယောက်ယောက်က ယန်ရှင်းကို စော်ကားခဲ့လျှင်တော့ ကျောင်းတွင် သူတို့၏ဘဝသည် အလွန် ခက်ခဲလိမ့်မည်ပင်။
လူတိုင်း၏ ဒေါသထွက်နေသော အမူအရာများကို မြင်လိုက်ရတော့ ယန်ရှင်းက မထီမဲ့မြင်ပြုကာ အော်ဟစ်လိုက်သည်။ သူက ချက်ချင်းပဲ သွမ်ဟောင်နဲ့ ချန်ရှီဖမ်းဘက်ကို လှည့်ကြည့်လိုက်သည်။
စင်မြင့်ပေါ်ရှိ စိန်ခေါ်သူများတွင် သွမ်ဟောင်နဲ့ ချန်ရှီဖမ်းသာလျှင် သူ့ကို အနည်းငယ် ကြောက်ရွံ့စေနိုင်သည်။
သူတို့နှစ်ဦးသည် ထင်ရှားကျော်ကြားသော မိသားစုဆယ်စုမှ ဆင်းသက်လာသော်လည်း ရွှယ်မိသားစု၊ ချုန်မိသားစုတို့နှင့် အသီးသီး အဆက်အသွယ်ရှိသည်။ သူတို့တကယ်ငြင်းခုံလိုလျှင် ယန်ရှင်းကိုအလျှော့မပေးဘဲနေမည်ပင်။
မမျှော်လင့်ဘဲ ယန်ရှင်း၏ ရန်လိုသော အကြည့်ကို မြင်လိုက်ရတော့ သွမ်ဟောင်က ပြုံးပြီး ဖိတ်ခေါ်သည့် အမူအရာဖြင့် သူ့လက်ကို မြှောက်လိုက်သည်။
“ ဂျူနီယာ ညီလေးယန်၊ မင်း အရင်သွားလို့ရပါတယ်”
ချန်ရှီဖမ်းသည် သွမ်ဟောင်ကို တအံ့တသဩကြည့်နေသည်။ သူက ခဏတာ တုံ့ဆိုင်းသွားပြီး တစ်ခုခုပြောချင်နေသည်။ အဆုံးမှာတော့ နှုတ်ဆိတ်နေခဲ့ရသည်။
စိန်ခေါ်မှု၏ ရှေ့တန်းမှ လူနှစ်ဦးက နောက်ဆုတ်သွားခဲ့သည်။ အခြားသူများမှာ ပြောစရာမရှိသလိုအောင်ပဲ ယန်ရှင်းကို စော်ကားလိုစိတ်မရှိကြပေ။ သူတို့အားလုံး တိတ်ဆိတ်နေခဲ့သည်။
ဒါကိုမြင်တော့ ယန်ရှင်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။ သူ ရုတ်တရက် လှည့်ကြည့်လိုက်ပြီး စင်အောက်က လင်းရှန်ကို စိုက်ကြည့်နေသည်။
"လင်းရှန်.. မင်းငါ့ကိုလာတိုက်ဖို့ သတ္တိရှိလား"
သူပြောပြီးတာနဲ့ အကဲခတ်တဲ့ အကြည့်တွေက အများကြီးက လင်းရှန်ပေါ် ကျရောက်လာသည်။
သွမ်ဟောင်နဲ့ ချန်ရှီဖမ်း သို့မဟုတ် ကြာရှည်စွာအသက်ရှုခြင်း တတိယအဆင့်ရှိ အခြားအဝါရောင်အဆင့် တပည့်များနှင့် နှိုင်းယှဉ်ပါက မကြာသေးမီက တိုးတက်လာခဲ့သော ယန်ရှင်းသည် လင်းရှန်နဲ့ ပိုမိုနီးစပ်သော ကျင့်ကြံမှုအဆင့်တစ်ခုရှိနေသည်။
ထို့ကြောင့် ဤလူနှစ်ယောက်ကြား ပြိုင်ဆိုင်မှုသည် စိတ်ဝင်စားစရာပင်။
တခဏတာအတွင်း တပည့်များစွာသည် စိတ်လှုပ်ရှားနေပုံရသည်။
လူတိုင်း၏အကြည့်အောက်တွင် လင်းရှန်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဘာလို့မတိုက်ရဲရမှာလဲ"
သူစကားပြောပြီးသည်နှင့် ရုတ်တရက် ရွေ့လျားသွားပြီး မျက်လုံးတစ်မှိတ်အတွင်း မီတာ ၂၀ ကျော်ကို ဖြတ်ကျော်ကာ မြင့်မားသော စင်မြင့်ပေါ်တွင် ပေါ်လာသည်။
ဒီရုတ်တရက် လှုပ်ရှားမှုကြောင့် ပတ်ဝန်းကျင်က လူအုပ်ကြီးက တီးတိုးပြောကုန်ကြသည်။
စိန်ခေါ်သူအများအပြားသည် သူတို့၏နှလုံးသားများကို ခုန်ကျော်သွားသလို ခံစားလိုက်ရသည်။
ဤမျှသာလွန်ကောင်းမွန်သော အရှိန်ကိုသာ တိုက်ပွဲတွင် အသုံးပြုပါက ၎င်းတို့ ဖမ်းမိမှာတောင် မဟုတ်တော့ပေ။
ယန်ရှင်းကလည်း ထိတ်လန့်သွားပေမဲ့ သူသည် လျင်မြန်စွာအသိဝင်လာပြီး လှောင်ပြောင်နေလေသည်။
လင်းရှန်က မြန်ရင်ရော သူသတိထားတိုက်ရင် ရတာပဲ။
ထို့ပြင် အချိန်အတော်ကြာအောင် ကျင့်ကြံပြီးနောက် ယန်ရှင်းသည် ကြာရှည်စွာအသက်ရှုခြင်းဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။
ထို့အတွက်ကြောင့် ယန်ရှင်းသည် လင်းရှန်ကို စိန်ခေါ်ရန်အတွက် စင်မြင့်ပေါ်တက်ဖို့ ယုံကြည်မှုရှိခဲ့သည်။
သူက စိတ်ကို ပြင်ဆင်ထားသည် ။ ယနေ့တွင် သူသည် လင်းရှန်ကို အနိုင်ယူကာလင်းရှန်ထက် ပိုမိုအားကောင်းပြီး ထူးချွန်ကြောင်းကို လူတိုင်းသိစေရမည်ဖြစ်သည်။
“ပထမဆုံး စိန်ခေါ်သူကို ဆုံးဖြတ်ပြီးပြီ။ ကျန်တဲ့သူတွေ စင်ပေါ်ကနေ ထွက်သွားပေးပါ” လက်ထောက်က တိုးညှင်းတဲ့ အသံနဲ့ ပြောသည်။
အခြားစိန်ခေါ်သူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စင်မြင့်ပေါ်မှ တုံ့ဆိုင်းစွာ ဆင်းသွားကြသည်။
လူအတော်များများက သက်ပြင်းချကြပြီး ပါးစပ်ထဲရောက်ခါနီးမှာ ပြုတ်ထားတဲ့ အသားတစ်ပိုင်း ဆုံးရှုံးသွားသလိုပင်။
စင်မြင့်ပေါ်ကနေ လျှောက်လာရင်း နောက်ဆုံးတော့ ချန်ရှီဖမ်းက မထိန်းနိုင်တော့ပေ။ သူက သွမ်ဟောင်ရဲ့လက်ကိုဆွဲပြီး အသံတိုးတိုးနဲ့မေးသည်။
"သွမ်ဟောင် မင်းဘာတွေစီစဉ်နေတာလဲ။ လင်းရှန်ကို စိန်ခေါ်တာမှာ ဘာလို့ ယန်ရှင်းကို အခွင့်အရေးပေးခဲ့တာလဲ။ တခြားသူတွေက သူ့ကို ကြောက်နေပေမယ့် မင်းကတော့ကြောက်တယ်လို့ ငါမယုံဘူး”
ချန်ရှီဖမ်းသည် ကြာရှည်စွာအသက်ရှုခြင်းစတုတ္ထအဆင့်တွင်ရှိနေပြီး အနက်
ရောင်အဆင့် တပည့်အများအပြားသည်လည်း ဤအဆင့်တွင် ရှိနေသည်။
အခြား အနက်ရောင်အဆင့် တပည့်များကို စိန်ခေါ်ရာတွင် အောင်မြင်မည်ဟု သူ အပြည့်အဝ ယုံကြည်ချက် မရှိပေ။
ဒါကြောင့်လည်း ဒီအခွင့်အရေးကို လက်လွှတ်မခံချင်ပေ။
သွမ်ဟောင် အကြောင်းကို ကောင်းကောင်းမသိတဲ့အပြင် ယန်ရှင်းအား အကြောင်းပြချက်မရှိ လက်လျှော့လိုက်မည့်သူ မဟုတ်ကြောင်း မသိပါက ချန်ရှီဖမ်းသည်လည်း လုံးဝလက်လျှော့မည်မဟုတ်ပေ။
သွမ်ဟောင်က ချန်ရှီဖမ်းကို အပြုံးမပျက် စိုက်ကြည့်နေသည်။
"ဘာလို့ အလျင်လိုနေတာလဲ လင်းရှန်ကို ဘယ်လိုလွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာလဲ"
"အဲဒါ ဘာကိုဆိုလိုတာလဲ"
"အရင်တုန်းက ကိုယ်ခံပညာတည်မြဲရေးစံအိမ်ရဲ့ စုဆောင်းရေးမစ်ရှင်အကြောင်း မင်းသိတယ်မဟုတ်လား"
"သိတယ်။"
ချန်ရှီဖမ်းက တွေးမနေဘဲ ခေါင်းညိတ်လိုက်သည်။
ထိုကိစ္စက နည်းနည်း ပေါက်ထွက်သွားပြီး ကျောင်း တစ်ခုလုံး ပျံ့နှံ့သွားသည်။ သူဘယ်လို မသိဘဲနေမှာလဲ?
"ဒါပေမယ့် မင်းပြောခဲ့တဲ့စကားနဲ့ ဒါက ဘာဆိုင်လို့လဲ”
သွမ်ဟောင်က ထူးထူးခြားခြား ပြုံးပြီး တိုးညှင်းသော အသံဖြင့် ပြောသည်။
“ကိုယ်ခံပညာတည်မြဲရေး စံအိမ်မှာ အလုပ်လုပ်တဲ့ ငါ့မျိုးနွယ်ဝင်တစ်ယောက်ဆီကကြားတာတော့ လင်းရှန်လည်း အဲဒီမစ်ရှင်မှာ ပါဝင်ခဲ့တယ်တဲ့။ သူနဲ့ သူ့အသင်းဖော်သုံးယောက်က ငရဲပျား ရာပေါင်းများစွာကို သတ်ပစ်ခံရုံတင် မဟုတ်ဘဲ ကြာရှည်စွာအသက်ရှုခြင်း သတ္တမအဆင့်ရှိတဲ့ ကျင့်ကြံသူနှစ်ဦးထံကလည်း အောင်မြင်စွာ လွတ်မြောက်ခဲ့ကြတယ်တဲ့”
ဤစကားကိုကြားသောအခါ ချန်ရှီဖမ်းက အံ့သြသွားသည်။ သူ မဝံ့မရဲ မပြောခင် စက္ကန့်အနည်းငယ်လောက် လန့်သွားသည်။
"သူ့အဖွဲ့ထဲက သုံးယောက်ကရော..."
သွမ်ဟောင်က သူဘာကိုဆိုလိုသည်ကို နားလည်သည်။ သူက ခေါင်းယမ်းပြီး “သူတို့ သုံးယောက်အကြောင်း ငါ မေးဖူးတယ်။ သူတို့ထဲက တစ်ယောက်က ငါတို့ကျောင်းက ကျောက်ရွှမ်ရင်ပဲ။ သူမကလည်း ကြာရှည်စွာ အသက်ရှုခြင်း ဒုတိယအဆင့်လောက်မှာပဲရှိတာ။ ကျန်တဲ့ နှစ်ဦးက မြစိမ်းရောင် ဆီးနှင်းကျောင်းက။ သူတို့ရဲ့ ခွန်အားကို အတိအကျ မသိပေမယ့် ငါ့ညီရဲ့ အဆိုအရ သူတို့က ကြာရှည်စွာတတိယအဆင့်ကို ကျော်လွန်မှာ မဟုတ်ဘူး။”
ချန်ရှီဖမ်းသည် ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
ဒါသဋ အမှန်ဆိုလျှင် လင်းရှန်၏ ခွန်အားအပေါ် ယခင်ခန့်မှန်းချက်သည် ရယ်စရာကောင်းလောက်အောင် မှားယွင်းနေမည်မှာ သေချာသည်။
လင်းရှန်၏ ခွန်အားနှင့် ကျင့်ကြံမှုသည် လူတိုင်း၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်သွားဖွယ်ရှိသည်။ သူက ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်မှာတင်
မဟုတ်တာ သေချာသည်။
ထိုသို့ဆိုလျှင် လင်းရှန်ကိုစိန်ခေါ်ခြင်းသည် မှားယွင်းသောရွေးချယ်မှုဖြစ်နိုင်သည်။
"ဘာလုပ်ဖို့ စီစဉ်ထားလဲ" ချန်ရှီဖမ်းက သွမ်ဟောင်ကို ကြည့်လိုက်သည်။
သွမ်ဟောင်က နှုတ်ခမ်းစူပြီး စင်မြင့်ပေါ်ရှိ ယန်ရှင်းအား လက်ပြလိုက်သည်။
“အဲဒါကြောင့် လင်းရှန်ရဲ့ ခွန်အားကို စမ်းသပ်ဖို့ ယန်ရှင်းကို အရင်တက်ခိုင်းလိုက်တာ။ လင်းရှန်က ငါတို့ မျှော်လင့်ထားတာထက် အမှန်တကယ် ပိုပြီး အားကောင်းနေရင် စိန်ခေါ်မှုကို ချက်ချင်းလက်လွှတ်မယ်။ အရည်အသွေးမှတ်တွေကို အလဟဿမဖြုန်းတီးမိအောင် အခြားပစ်မှတ်ကို ပြောင်းရမယ်”
ထိုသို့ပြောပြီးနောက် ချန်ရှီဖမ်းက သူ့ကို စူးစိုက်စိုက်ကြည့်နေကြောင်း သိလိုက်ရသည်။ သူ့အကြည့်တွေက သူ့ကို ပထမဆုံးအကြိမ်တွေ့လိုက်ရသလို ထူးဆန်းနေသည်။
"…ဘာမှားလို့လဲ”
"မင်းက ဒီလောက် စက်ဆုပ်ရွံရှာစရာကောင်းပြီး ကောက်ကျစ်လွန်းတာကို ငါဘာလို့ မသိခဲ့တာလဲ"
သွမ်ဟောင်က ဆို့နင့်သွားသည် ။ သူသည် မျက်လုံးကို မှိတ်လိုက်ပြီး အော်ဟစ်လိုက်သည်။ “ငါက မလုပ်ခင် စီစဉ်တာပါ။ ငါက အရာရာကို သတိထားတာ”
ချမ်ရှီဖမ်းက ရယ်မောပြီး သူ့ပခုံးကို ပုတ်လိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ။ မင်းပြောတဲ့အတိုင်း ငါတို့လုပ်မယ်။ အရင်ကြည့်ရအောင်”
သူတို့နှစ်ဦးသည် မြင့်မားသော စင်မြင်ဆီသို့ အာရုံမစိုက်မီ ခဏတာ ရယ်မောပြီး နောက်ပြောင်ကြသည်။
စိန်ခေါ်သူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားသောအခါ လင်းရှန်နဲ့ယန်ရှင်းသာ မြင့်မားသော စင်မြင့်ပေါ်တွင် ကျန်ခဲ့သည်။
လေထုသည် တဖြေးဖြေး ဆိုးရွားသော အခြေအနေနှင့် ပြည့်နှက်နေသည်။
ယန်ရှင်းသည် လင်းရှန်ကို စိုက်ကြည့်ကာ ဓားသွားကဲ့သို့ အေးစက်နေ၏။
“စာမေးပွဲနဲ့ လမ်းပြတိုက်ပွဲအတွင်းမှာ မင်းက ကံကောင်းခဲ့တယ်။ ဒါပေမယ့် ဒီနေ့ မင်း သိပ်ကံကောင်းမှာ မဟုတ်ဘူး”
လင်းရှန်က ပြုံးပြီး “အရာရာတိုင်းကို ကံကောင်းခြင်းလို့ သတ်မှတ်တာက ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူးနော်”ဟု ပြောခဲ့သည်။
"မင်းငါ့ကို ရှုံးရင် အခုထက် ပိုပြီး နှုတ်ဆိတ်နေမယ်လို့ ငါမျှော်လင့်တယ်”
ယန်ရှင်းမျက်နှာမှာ တုန်လှုပ်သွားသော်လည်း သူဘာမှပြန်မပြောပေ။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် နက်နဲသော မှော်စာများဖြင့် ထွင်းထုထားသော နီမြန်းသည့် ဓားရှည်ကြီးက သူ့လက်ဖဝါးထဲသို့ ကျရောက်လာသည်။
သူ ဘာမှ မလုပ်ရသေးခင်မှာဘဲ ဓားဟာ ချက်ချင်း တောက်လောင်သွားပြီး တဟုန်ထိုး တောက်လောင်နေတဲ့ မီးတောက်လှိုင်းကို ထလာစေခဲ့သည်။
မီတာ (၂၀) ကျော် အကွာအဝေးတွင် ရှိနေသော်လည်း ပရိသတ်များသည် အပူရှိန်ပြင်းပြင်းကို ခံစားနေကြရဆဲဖြစ်သည်။
"နေခြောက်စင်း အဆောင်ဓား"
အာမေဋိတ်သံများက ချက်ချင်းဆိုသလိုပင် မြင့်မားသော စင်မြင့်တစ်ဝိုက်တွင် ပေါ်လာပြီး မနာလိုသော အကြည့်များနဲ့ ရောထွေးနေ၏။
ယန်ရှင်း၏ မျက်နှာပေါ်တွင် မှိန်ဖျော့သော အပြုံးတစ်ခု ပေါ်လာသည်။
အဆင့်စိန်ခေါ်မှုသည် မှော်လက်နက်များအသုံးပြုခြင်းကို တားမြစ်ထားခြင်းမရှိပေ။
ပြိုင်ဆိုင်မှု၏ တရားမျှတမှုကို သိသိသာသာချိုးဖောက်သည့် ထူးဆန်းသော လက်နက်မဟုတ်သရွေ့ အခြားအရာအားလုံးကို အသုံးပြုနိုင်သည်။
နောက်ဆုံးတွင် လက်နက်များသည် ကျင့်ကြံသူ၏ ခွန်အား တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။
ယန်ရှင်းသည် တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာ၏ အံ့အားသင့်ဖွယ် ကာကွယ်နိုင်မှုကို တစ်ကြိမ်တွေ့ဖူးသည်။ လင်းရှန်၏ ခုခံကာကွယ်မှုကို သာမန်နည်းလမ်းများနဲ့ မကျော်ဖြတ်နိုင်ဟု သူထင်ခဲ့သည်။
ထို့ကြောင့် သူသည် ဦးနှောက်ခြောက်မတတ် စဉ်းစားကာ သူ့အစ်ကိုကြီးထံ ထပ်မံတောင်းဆိုခဲ့သည်။ နောက်ဆုံးတွင် သူသည် နေခြောက်စင်းအဆောင်ဓားကို ရရှိခဲ့သည်။
အလယ်အလတ်တန်းစား မှော်လက်နက်တစ်
ခု၏ စွမ်းအားနဲ့ဆို ယန်ရှင်းသည် လင်းရှန်၏တားမြစ်ထားသော ရွှေရောင်ချပ်ဝတ်တန်ဆာကို ဖြိုခွဲနိုင်မည်ဟု ယုံကြည်ခဲ့သည်။
"နေသုံးစင်းအဆောင်ဓားက မင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်မှုနည်းစနစ်ကို မချိုးဖျက်
နိုင်ဘူးဆိုပေမဲ့ နေခြောက်စင်းအဆောင်ဓားကတော့ လုပ်နိုင်မှာပဲ”
ယန်ရှင်းသည် လှောင်ပြောင်ပြီး ရုတ်တရက် ရှေ့သို့ ပြေးသွားသည် ။ သူ့ဓားကို မြှောက်လိုက်ပြီး လင်းရှန်ကို ရဲရဲတင်းတင်း ထိုးလိုက်သည်။
အနီးနားရှိ ပရိသတ်များက ချက်ချင်းပင်အံ့ဩကုန်၏။ သူတို့အကြည့်များက စင်မြင့်ကို အာရုံစိုက်ကာ အသက်ရှုချိန်တောင်မရဘဲ နောက်တိုက်ပွဲကို ကြည့်ရန် ပြင်ဆင်နေကြသည်။
သို့သော် နောက်တစ်စက္ကန့်တွင် သူတို့အားလုံး အံ့အားသင့်သွားကြသည်။
ပြတ်သားစွာအော်သံနှင့်အတူ ယန်ရှင်း၏ဓားသည် လင်းရှန်၏ရင်ဘတ်ထဲသို့ ရုတ်တရက် ထိုးဖောက်သွားသည် ။
သို့သော် သွေးတွေပေါက်ထွက်မလာပေ။
ဆန့်ကျင်ဘက်တွင် ဓားဖျားသည် လင်းရှန်၏ရင်ဘတ်တွင် ရပ်တန့်သွားပြီး လုံးဝမလှုပ်တော့ပေ။ ယန်ရှင်းသည် ခွန်အားထည့်ပြီး မည်မျှပင် ကြိုးစားအားထုတ်နေပါစေ၊ မည်မျှပင် မီးတောက်များ တောက်လောင်နေပါစေ ၊တစ်လက်မမှ ရှေ့မတိုးတော့ပေ။
ငြိမ်သက်ကုန်၏။
တိတ်တိတ်ဆိတ်ဆိတ် ဖြစ်ကုန်၏။
မည်သူမှ အသံထွက်မလာပေ။
ယန်ရှင်းသည် နေရာ၌ အံ့အားသင့်သွားသည်။ ဓားဖျားနဲ့ လင်းရှန်ရင်ဘတ် ကြားက လွတ်နေသည့်နေရာကို ကြည့်ကာ သူ့မျက်နှာမှာ မယုံကြည်နိုင်စရာများနှင့် ပြည့်နှက်နေသည်။