← Chapters

အခန်း (၇၇၁)

Vol. 56 Ch. 771

အခန်း (၇၇၁)

Vol. 56 Ch. 771

ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အလွန်သန်မာပြီး အထက်ဘုံက ရွေးချယ်စရာမရှိဘဲ အင်အားစုများကို စုပေါင်း၍ ခုခံရလိမ့်မည်။

ထိုအခြေအနေတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဖြစ်သော ဟန်မူယဲ့က ဓားစံအိမ်နှင့် အဆက်အသွယ်ဖြတ်ထားနိုင်သည်။

“ဒီအပြုအမူအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာက အထက်ဘုံကို တိုက်ခိုက်တော့မယ်လို့ ပြောချင်တာလား”

“ထားလိုက်ပါတော့။ ဓားစံအိမ်ကို သတင်းပေးလိုက်ပါ။ ငါတို့က ဒီကိစ္စကို ဆုံးဖြတ်ဖို့ အခွင့်အရေးမရှိဘူး”

ကျောက်ယွီက ခေါင်းခါလိုက်ပြီး ပိုင်ယွီမင်ကို ကြည့်သည်။

“ခုနစ်ထပ်ဓားစံအိမ်အတွက် အကောင်းဆုံးကြိုးစားပြီး တိုက်ခိုက်ဖို့ပဲ ပြင်ထားလိုက်ပါ”

ပိုင်ယွီမင်က တိုက်ခိုက်လိုစိတ်များကို ထုတ်ဖော်လိုက်သည်။ သူက လက်သီးဆုပ်ထားပြီး ခန္ဓာကိုယ်ထဲမှ ဓားဆန္ဒကို ထုတ်လွှတ်သည်။

ဟန်မူယဲ့က ကျောက်ယွီတို့ဆီမှ ထွက်လာပြီး ဆေးတောင်ကြား၏ အဓိကခန်းဆောင်ဆီသို့ သွားလိုက်သည်။

သူက ခန်းဆောင်ထဲသို့ ဝင်ရောက်ရန်အတွက် သတင်းပို့စရာ မလိုအပ်ပေ။ လီချင်းရှစ်က အကြီးအကဲများကို ဦးဆောင်၍ ခန်းဆောင်၏ဝင်ပေါက်တွင် စောင့်ဆိုင်းနေသည်။

သူတို့က ဟန်မူယဲ့ကို ကြိုဆိုပြီး ခန်းဆောင်ထဲတွင် နေရာယူလိုက်ကြသည်။ ဟန်မူယဲ့က လီချင်းရှစ်ကို ကြည့်လိုက်သည်။

“ဂိုဏ်းသခင်ရဲ့ အာခီမီကျင့်ကြံခြင်းက တိုးတက်လာတာပဲ”

ယခုအချိန်တွင် လီချင်းရှစ်၏ ခန္ဓာကိုယ်ကို အကောင်အထည်ဖြစ်တည်နေသော ဆေးစွမ်းအင်မြူခိုးတစ်ခုက ရစ်ပတ်ထားသည်။

သူက အာခီမီလမ်းစဉ်၏ သူတော်စင်တစ်ဝက်အဆင့်တွင် ရှိနေပြီး သူတော်စင်အဆင့်နှင့် သိပ်မဝေးတော့ပေ။

လီချင်းရှစ်၏ ပါရမီသည် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားတွင် အကောင်းဆုံးမဟုတ်ပေ။ အာခီမီသူတော်စင်များသည် ဆေးတောင်ကြားတွင် နေထိုင်ခဲ့ကြသည်။ သို့သော် သူတို့က အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားကြသောကြောင့် ဆေးတောင်ကြားက နိမ့်ကျသွားရသည်။

“အမတ်ချုပ်ကြီးဟန်နဲ့ တော်ဝင်မိန်းမပျိုတို့ရဲ့ သင်ပြမှုကြောင့်ပါ”

လီချင်းရှစ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။

သူက ဟန်မူယဲ့နှင့် မူဝမ်ဆီမှ သင်ပြမှုကို အမှန်တကယ်ပင် ရရှိခဲ့သည်။

ဟန်မူယဲ့၏ အလွန်ကောင်းမွန်သော နားလည်နိုင်စွမ်းနှင့် အာခီမီကျွမ်းကျင်မှုသည် လီချင်းရှစ်ကို ညွှန်ပြပေးနိုင်ရန် လုံလောက်သည်။

မူဝမ်က မြက်ရိတ်တံ၏ အာခီမီအမွေအနှစ်ကို လက်ခံလိုက်သောအခါတွင် အာခီမီကျင့်ကြံခြင်းနှင့် ပတ်သတ်၍ ခုန်ပေါက်တိုးတက်သွားခဲ့သည်။ သူမ၏ ပါရမီကြောင့် ဟန်မူယဲ့ကပင် အကြိမ်ပေါင်းများစွာ အံ့အားသင့်ခဲ့ရသည်။

ဟန်မူယဲ့က လီချင်းရှစ်နှင့် စကားပြောရန်အတွက် အဓိကခန်းဆောင်သို့ ရောက်လာခြင်းမဟုတ်ပေ။ သူက ဓားစည်းဝေးပွဲ၏အကြောင်းကို တိုက်ရိုက်ပြောလိုက်သည်။

“ဂိုဏ်းသခင်၊ ဓားစည်းဝေးပွဲပြုလုပ်ရမယ့် နေရာနဲ့ သင့်တော်တဲ့အချိန်ကို ပြောပြနိုင်မလား”

လီချင်းရှစ်သည် အထက်ဘုံ၏ အင်အားစုများအားလုံးကို နားလည်သော ဝါရင့်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် ဟန်မူယဲ့က သူ့ကို လာမေးခဲ့သည်။

‘ဓားတာအိုစည်းဝေးပွဲတဲ့လား’

လီချင်းရှစ်က စဉ်းစားကြည့်လိုက်ပြီး အံ့အားသင့်လျက် ရောထွေးနေသော ခံစားချက်များနှင့်အတူ မနေနိုင်ဘဲ ခေါင်းညိတ်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် အလကားမနေပေ။ သူ၏ ခြေလှမ်းတိုင်းသည် လေးနက်သောအဓိပ္ပာယ်ကို သယ်ဆောင်ထားသည်။

သူက ဆေးတောင်ကြားတွင် ဆယ်နှစ်ကြာအောင် ကျင့်ကြံနေခဲ့ပြီး အပြင်ဘက်သို့ တစ်လှမ်းမှမထွက်သော်လည်း အထက်ဘုံတစ်ခုလုံးသည် သူ့နာမည်ကို ကြားဖူးပြီး သူ့ကို ကြောက်ရွံ့ကြသည်။

ထို့အပြင် ဆေးတောင်ကြားကို ကာကွယ်ပေးပြီး အထက်ဘုံ၏ အာခီမီလမ်းစဉ်ကို ထိန်းချုပ်ထားသောကြောင့် အင်အားစုအသီးသီးကို ဟန်ချက်ညီနေစေသည်။

လွန်ခဲ့‌သောနှစ်များတွင် လီချင်းရှစ်က သတင်းအမျိုးမျိုးကို စုစည်းထားပြီး ဟန်မူယဲ့ကို သုံးသပ်ကြည့်ခဲ့သည်။

ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီး ဖြစ်ပြီး နတ်ဘုရားဧကရာဇ်၏ တာဝန်လွှဲပြောင်းခြင်းကို ခံယူထားသည်။ ထို့အပြင် အင်မော်တယ်တက်လှမ်းစင်မြင့်၏ အစီအစဉ်များကြားတွင် ကိုယ်တိုင်ပါဝင်ခဲ့သော ကျွမ်းကျင်သူတစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူက ကိုယ်ပိုင်ရည်မှန်းချက်နှင့် တာဝန်များကို ထမ်းပိုးထားရသည်။

ထိုအချက်ကို လီချင်းရှစ်သာမက တခြားကျွမ်းကျင်သူများကလည်း မြင်နိုင်ခဲ့သည်။

ဟန်မူယဲ့က ဤလောက၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာရန်အတွက် အင်အားစုအမျိုးမျိုးကို ဖိနှိပ်ရမည်။ နတ်ဘုရားခုံရုံးကိုပင် ပြန်လည်တည်ဆောက်ရန် လိုအပ်လိမ့်မည်။ ထို့အပြင် သူက ဤလောက၏ ခွန်အားကို ထိန်းသိမ်းပြီး ကျွမ်းကျင်သူများကို အလွန်အကျွံ မသတ်ဖြတ်နိုင်ပေ။

ထိုအချက်သည် ဟန်မူယဲ့ကို ချုပ်နှောင်ထားသည်။

လီချင်းရှစ်၏အမြင်တွင် ဟန်မူယဲ့က ကိုယ်ပိုင်ဖြစ်တည်မှုဖြင့် အင်အားစုများအားလုံးကို အစွမ်းကုန်မတိုက်ခိုက်အောင် ဖိနှိပ်ထားရန်အတွက် ဆေးတောင်ကြားတွင် နေထိုင်ခဲ့သည်။

လွန်ခဲ့သောနှစ်များတွင် အထက်ဘုံ၏ တိုက်ပွဲများသည် ဟန်ချက်ညီမှု မရှိတော့ပေ။

အဓိကဂိုဏ်းများသည် အချင်းချင်း၏ အခြေခံအုတ်မြစ်နှင့် ဝှက်ဖဲများကို စမ်းသပ်ကြည့်နေကြသည်။ အစစ်အမှန်တိုက်ပွဲသည် စတင်လာတော့မည်ဖြစ်သည်။

အစပိုင်းတွင် ဟန်မူယဲ့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ခွန်အားကို အသုံးပြု၍ အထက်ဘုံကို ဖိနှိပ်လိမ့်မည်ဟု ထင်ထားခဲ့သည်။

ထိုသို့လုပ်လိုက်လျှင် ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် အထက်ဘုံသာမကဘဲ အင်မော်တယ်ရင်းမြစ်ကမ္ဘာတစ်ခုလုံးနှင့် ရင်ဆိုင်ရလိမ့်မည်။

သို့သော် ဟန်မူယဲ့က ဓားတာအိုစည်းဝေးပွဲတစ်ခုကို ကျင်းပရန် ပြောလာခဲ့သည်။

အထင်ကြီးစရာကောင်းသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် အချိန်ကိုက်လှုပ်ရှားမှု၊ နည်းဗျူဟာနှင့် အလုံးစုံအခြေအနေအား ထိန်းချုပ်နိုင်ခြင်းတို့တွင် ပြိုင်ဘက်ကင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ဓားတာအိုစည်းဝေးပွဲသည် အထက်ဘုံ၏အင်အားစုများကို တိုက်ရိုက် ပြောင်းလဲသွားစေလိမ့်မည်။

“ဓားတာအိုစည်းဝေးပွဲရဲ့ အရွယ်အစားကိုကြည့်ပြီး တည်နေရာကို ဆုံးဖြတ်ရပါမယ်”

“တကယ်လို့ အထက်ဘုံပဲဆိုရင်တော့ သုံးနှစ်အတွင်းမှာ ကျင်းပနိုင်ပါတယ်”

“တခြားနယ်မြေတွေလည်း ပါမယ်ဆိုရင် ဆယ်စုနှစ်အနည်းငယ်ကနေ ရာစုနှစ်အထိ ကြာနိုင်ပါတယ်”

လီချင်းရှစ်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

အထက်ဘုံသည် ယခင်က အထက်ဘုံသုံးပါးစုပေါင်းပြီး ဖြစ်တည်လာခဲ့သည်။ ထို့ကြောင့် အထက်ဘုံသည် အလွန်ကျယ်ဝန်းပြီး အရပ်မျက်နှာအသီးသီးမှ ဓားကျင့်ကြံသူများကို စုစည်းမည်ဆိုလျှင် သုံးနှစ်ကြာလိမ့်မည်။

အာကာသသည် အလွန်ကျယ်ဝန်းပြီး သတင်းစကားပို့ဆောင်ရန်အတွက် အချိန်ပိုကြာမည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

လီချင်းရှစ်က ဆက်ပြောသည်။

“အထက်ဘုံမှာပဲ ဓားတာအိုစည်းဝေးပွဲကို ကျင်းပမယ်ဆိုရင် ဆေးတောင်ကြားက တည်နေရာအတွက် ထောက်ပံ့ပေးနိုင်ပါတယ်”

“ဒါပေမဲ့ တခြားနယ်မြေတွေလည်း ပါမယ်ဆိုရင်တော့ အထက်ဘုံရဲ့အပြင်ဘက်မှာ ကျင်းပလိုက်တာက ပိုကောင်းပါလိမ့်မယ်”

လီချင်းရှစ်က အကြုံပေးရုံသာ တတ်နိုင်ပြီး ဆုံးဖြတ်ချက်ကို မချမှတ်နိုင်ပေ။

သို့သော် သူ၏ အကြံပြုချက်ကို ဟန်မူယဲ့က တန်ဖိုးထားသည်။

“ဓားတာအိုစည်းဝေးပွဲကို ဘယ်လိုပဲ ကျင်းပပါစေ ဆေးတောင်ကြားက ဆေးလုံးတွေကို ပြင်ဆင်ထားဖို့ လိုလိမ့်မယ်”

ဟန်မူယဲ့က အဝေးတစ်နေရာသို့ ကြည့်လိုက်ပြီး စဉ်းစားနေသည်။

“ငါက နတ်ဘုရားခုံရုံးရဲ့ တော်ဝင်ဆေးဥယျာဉ်ကိုဖွင့်ဖို့ စီစဉ်နေတယ်”

နတ်ဘုရားခုံရုံး၏ တော်ဝင်ဆေးဥယျာဉ် ....

လီချင်းရှစ်က တစ်ကိုယ်လုံးတုန်ခါနေပြီး မျက်လုံးပြူးသွားသည်။

ဒဏ္ဍာရီများအရ နတ်ဘုရားခုံရုံးတွင် လောက၏ ဝိညာဉ်ဆေးပင်နှင့် အင်မော်တယ်ဆေးပင်များကို စုစည်းထားသော ဆေးပင်ဥယျာဉ်တစ်ခု ရှိသည်ဟု ပြောကြသည်။

ထို‌ဆေးဥယျာဉ်သည် တန်ဖိုးမဖြတ်နိုင်ပေ။ နတ်ဘုရားခုံရုံး၏ လျှို့ဝှက်ရတနာတစ်ခု ဖြစ်သည်။

လီချင်းရှစ်နှင့် ‌ဆေးတောင်ကြား၏ အကြီးအကဲများက နတ်ဘုရားခုံရုံး၏ ဆေးပင်ဥယျာဉ်ကို နှမြောနေကြသည်။

“အမတ်ချုပ်ကြီးဟန်က တကယ်ပြောတာလား”

လီချင်းရှစ်က မတ်တပ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။

“မင်းတို့ ဆေးတောင်ကြားက ဒီနှစ်တွေမှာ သစ္စာရှိပြီး ညီမမူရဲ့ ကျင့်ကြံခြင်းအတွက် ထောက်ပံ့ပေးခဲ့တယ်။ အခု ဆုချီးမြှင့်ဖို့ အချိန်ကျလာပြီ”

ဟန်မူယဲ့က မတ်တပ်ရပ်သည်။

“ဆေးတောင်ကြားက တပည့်တစ်ရာကို စုစည်းထားရမယ်။ တစ်လအတွင်းမှာ ငါ့နဲ့အတူ ဆေးဥယျာဉ်ကို သွားဖွင့်ကြမယ်”

တစ်လအကြာတွင် တော်ဝင်ဆေးဥယျာဉ်ကို ဖွင့်လိမ့်မည်။

ထိုအရာသည် အာခီမီကျင့်ကြံသူများအတွက် ရှားပါးသောအခွင့်အရေးတစ်ခု ဖြစ်သည်။

လီချင်းရှစ်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ဦးညွတ်လိုက်သည်။

“လောကရဲ့ အာခီမီကျင့်ကြံသူတွေကိုယ်စား လီချင်းရှစ်က အမတ်ချုပ်ကြီးဟန်ကို ကျေးဇူးတင်ပါတယ်”

ဆေးတောင်ကြား၏ တပည့်တစ်ရာကသာ ဆေးဥယျာဉ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သော်လည်း မရေမတွက်နိုင်သော တန်ဖိုးကြီးဆေးပင်နှင့် ဆေးလုံးများသည် ကျင့်ကြံခြင်းလောကတွင် လှည့်ပတ်သွားကြလိမ့်မည်။

ကျင့်ကြံခြင်းလောကတစ်ခုလုံးသည် အကျိုးရှိသွားလိမ့်မည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ခန်းဆောင်ထဲမှ ထွက်သွားသည်။

ယခုအချိန်သည် ဆေးပင်ဥယျာဉ်တစ်ခုသာ ဖြစ်သည်။ အမှန်တကယ်အကျိုးအမြတ်သည် နတ်ဘုရားခုံရုံး၏ စာကြည့်တိုက်သို့ သွားသောအချိန်တွင် ဖြစ်ပေါ်လာလိမ့်မည်။

ခန်းဆောင်ထဲတွင် လီချင်းရှစ်က မျက်လုံးများနီရဲနေကြသော အကြီးအကဲများကို မြင်လိုက်ရသည်။

သူက သက်ပြင်းချလိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“အကြီးအကဲတို့၊ အခု လူတစ်ရာစာ ဝင်ခွင့်ရထားတယ်။ ဘယ်လိုမျိုး ဝေစုခွဲကြမလဲ”

‘ဘယ်လိုဝေစုခွဲကြမလဲ’

ခန်းဆောင်ထဲတွင် တင်းမာမှုနှင့် ယမ်းငွေ့များကို ခံစားကြည့်နိုင်သည်။

“အကြီးအကဲတို့ စည်းလုံးညီညွတ်မှုကို ဦးစားပေးရအောင်”

“ယဉ်ကျေးမှုတွေက ဘယ်‌ရောက်ကုန်ကျပြီလဲ”

“မျက်နှာကိုမရိုက်ကြနဲ့လေ။ မုတ်ဆိတ်မွေးတွေကိုလည်း မဆွဲကြနဲ့ ....”

....

ဟန်မူယဲ့က ခြံဝိုင်းသို့ ပြန်ရောက်လာသောအခါ တံခါးဝတွင်စောင့်နေသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်တစ်ယောက်ကို မြင်လိုက်ရသည်။

“အမတ်ချုပ်ကြီးဟန်က ဓားတာအိုစည်းဝေးပွဲကို ကျင်းပဖို့ စီစဉ်နေတာလား”

တာအိုတန်ခိုးရှင်က ညင်သာစွာပြောသည်။

ယွီလင်တာအိုဂိုဏ်း၏ နံပတ်တစ်တပည့်ဖြစ်သော စွန်းကျိုးရှန့် ....

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ယွီလင်တာအိုဂိုဏ်းသည် အထက်ဘုံ၏ နံပတ်တစ်တာအိုဂိုဏ်း ဖြစ်သည်။

သူက ဓားတာအိုစည်းဝေးပွဲကို ပြုလုပ်ရန်အတွက် ဆုံးဖြတ်ချက်ချပြီး နှစ်နာရီသာ ကြာသေးသည်။ ယွီလင်တာအိုဂိုဏ်းသည် ထိုအကြောင်းကို သိသွားပြီး စွန်းကျိုးရှန့်ကို လွှတ်လိုက်သည်။

“အမတ်ချုပ်ကြီးဟန်၊ ကျွန်တော်တို့ရဲ့ မဟာအကြီးအကဲက အမတ်ချုပ်ကြီးဟန်နဲ့ တွေ့ချင်နေပါတယ်”

စွန်းကျိုးရှန့်က ကျောက်စိမ်းပြားတစ်ခုကို ကမ်းပေးလိုက်ပြီး ဟန်မူယဲ့ကို ဦးညွတ်သည်။

မဟာအကြီးအကဲ ....

ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲသုံးယောက်ထဲတွင် နှစ်ယောက်သည် နတ်ဘုရားဘုရင်များ ဖြစ်ကြသည်။

နတ်ဘုရားဘုရင် ယုကျန်းနှင့် နတ်ဘုရားဘုရင် ယုကျစ်တို့ ဖြစ်ကြသည်။

ဟန်မူယဲ့က လက်မြှောက်ပြီး ကျောက်စိမ်းပြားကို ယူသည်။

ကျောက်စိမ်းပြား၏အလင်းက ဟန်မူယဲ့နှင့် စွန်းကျိုးရှန့်ကို လွှမ်းခြုံပြီး တခြားနေရာသို့ ခေါ်ဆောင်သွားသည်။

သူတို့က ပုံရိပ်ယောင်တည်နေရာတစ်ခုတွင် ပြန်ပေါ်လာကြသည်။

ပုံရိပ်ယောင်ဆန်သော အလင်းစက်ကွင်းများနှင့် ပြည့်နှက်နေသောနေရာတွင် အဖြူရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်နှစ်ဦးသည် ပခုံးချင်းယှဉ်လျက် ရပ်နေကြသည်။

“အကြီးအကဲတို့ကို နှုတ်ဆက်ပါတယ်။ အမတ်ချုပ်ကြီးဟန် ရောက်လာပါပြီ”

စွန်းကျိုးရှန့်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

မုတ်ဆိတ်ဖြူအကြီးအကဲနှစ်ယောက်က ခေါင်းညိတ်လိုက်ပြီး နောက်မှလိုက်လာသော ဟန်မူယဲ့ကို ကြည့်သည်။ သူတို့က လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး ဦးညွတ်သည်။

“အစ်ကိုဟန်”

‘အစ်ကိုဟန်’

စွန်းကျိုးရှန့်က မျက်လုံးပြူးသွားပြီး ဟန်မူယဲ့ကို မယုံကြည်နိုင်စွာ လှည့်ကြည့်သည်။

ဟန်မူယဲ့က ဤနေရာတွင် ကြာမြင့်စွာမနေခဲ့ပေ။ သူက ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲနှစ်ယောက်နှင့် ဓားတာအိုစည်းဝေးပွဲအကြောင်းကို ဆွေးနွေးခဲ့သည်။

“အစ်ကိုဟန်က စိုးရိမ်စရာမလိုပါဘူး။ ယွီလင်တာအိုဂိုဏ်းက အစ်ကိုဟန်ရဲ့ ဓားတာအိုစည်းဝေးပွဲကို အပြည့်အဝ ထောက်ပံ့ပေးမှာပါ”

နတ်ဘုရားဘုရင်ယုကျစ်က ခေါင်းညိတ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်သည်။

“အစ်ကိုဟန်က တာအိုဂိုဏ်းတွေအားလုံးကို စုစည်းဖို့အတွက် မဟာစည်းဝေးပွဲကြီးတစ်ခုကို လုပ်ဖို့ စီစဉ်ထားတာလား”

“မဟာစည်းဝေးပွဲကြီးတစ်ခု လုပ်လိုက်တာထက် နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်လိုက်တာက ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်’

နတ်ဘုရားဘုရင်ယုကျန်းက ပြောလိုက်သည်။

“နတ်ဘုရားခုံရုံးရဲ့အကြောင်းကို မေ့ထားလိုက်ပါ။ အခွင့်အရေးရှိလာရင် ငါက နတ်ဘုရားခုံရုံးရဲ့ အစိတ်အပိုင်းတွေကို ပြန်ဖော်မယ်။ ကျန်တာက ငါတို့ရဲ့ စွမ်းရည်အပေါ်မှာပဲ မူတည်တယ်”

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး ပုံရိပ်ယောင်နယ်မြေထဲမှ ပျောက်ကွယ်သွားသည်။

စွန်းကျိုးရှန့်က ဟန်မူယဲ့နှင့် မဟာအကြီးအကဲနှစ်ယောက်၏ ဆွေးနွေးမှုကို နားမလည်နိုင်ပေ။

သူက ရှုပ်ထွေးနေသည်။

“ကျိုးရှန့်၊ ဟန်မူယဲ့က ငါတို့နှစ်ယောက်ရဲ့ အစ်ကိုဟန် ဖြစ်လာတာကို မင်းက နားမလည်နိုင်ဘူးမဟုတ်လား”

မဟာအကြီးအကဲယုကျန်းက စွန်းကျိုးရှန့်ကို ကြည့်လိုက်ပြီး ပြောသည်။

စွန်းကျိုးရှန့်က ခေါင်းညိတ်သည်။

နတ်ဘုရားဘုရင်ယုကျစ်က ညင်သာစွာသက်ပြင်းချလိုက်သည်။

“ငါနဲ့ ဂိုဏ်းတူအစ်ကိုယုကျန်းက နတ်ဘုရားဘုရင်တွေ ဖြစ်နေပေမဲ့ ငါတို့ရဲ့ ခွန်အားနဲ့ ကျင့်ကြံခြင်းက လျော့နည်းလာပြီ။ ငါတို့က ယွီလင်တာအိုဂိုဏ်းရဲ့ အဆင့်အတန်းကို ထိန်းသိမ်းထားဖို့အတွက် အရမ်းခက်နေတယ်”

ယွီလင်တာအိုဂိုဏ်းသည် နံပတ်တစ်ဂိုဏ်းဖြစ်သောကြောင့် အထက်ဘုံ၏ ထိပ်တန်းအင်အားစုများနှင့် ယှဉ်ပြိုင်နေသည်။ ထို့အပြင် တခြားနယ်မြေများတွင်လည်း တိုက်ပွဲအမျိုးမျိုးကို တိုက်ခိုက်နေရသည်။

ယခုအချိန်တွင် ရှေးတိမ်တိုက်စကြဝဠာ၊ ဆည်နှင့် ပိုမိုကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်အံ့ဖွယ်ကမ္ဘာလည်း ရှိနေသေးသည်။

စွန်းကျိုးရှစ်၏မျက်နှာထားက လေးနက်နေသည်။

“ဒါပေမဲ့ ဟန်မူယဲ့က ငါတို့ ယွီလင်တာအိုဂိုဏ်းနဲ့ ရန်ငြိုးရှိတယ်။ နတ်ဘုရားဘုရင်ရှင်းတိက သူ့လက်ထဲမှာ ကျဆုံးသွားခဲ့တယ်”

ထိုရန်ငြိုးမျိုးကို မည်သို့ လွယ်ကူစွာ မေ့နိုင်မည်နည်း။

“ကျိုးရှန့်၊ မင်းက ကျင့်ကြံသူကြီးတစ်ယောက်အဖြစ်ကနေ ပြန်လည်မွေးဖွားလာတာဆိုတော့ ကျင့်ကြံခြင်းရဲ့အခက်အခဲကို နားလည်သင့်တယ်။ အထူးသဖြင့် နှလုံးသားရဲ့ အခက်အခဲပဲ”

နတ်ဘုရားဘုရင်ယုကျန်းက စွန်းကျိုးရှန့်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါတို့က ယွီလင်တာအိုဂိုဏ်းအတွက် ဟန်မူယဲ့နဲ့ ရန်ငြိုးဆက်ထားရမလား၊ ပြေလည်ဖို့လုပ်ရမလား ဆုံးဖြတ်ရမယ်”

ရန်ငြိုးကို ပြေလည်ရန် ဆောင်ရွက်မည်။

မည်သို့ ဆောင်ရွက်နိုင်မည်နည်း။

နတ်ဘုရားဘုရင်ယုကျန်းက နားမလည်နိုင်ဖြစ်နေသော စွန်းကျိုးရှန့်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“လွန်ခဲ့တဲ့ငါးနှစ်မှာ ဂိုဏ်းတူအစ်ကိုယုကျန်းနဲ့ ငါက ဟန်မူယဲ့ဆီကို သွားလည်ပြီး တိုက်ခိုက်ကြည့်ခဲ့တယ်”

“ငါတို့က အပြည့်အဝ ရှုံးနိမ့်သွားခဲ့တယ်”

အပြည့်အဝ ရှုံးနိမ့်သွားသည်။

အမတ်ချုပ်ကြီးဟန်က နတ်ဘုရားဘုရင်နှစ်ပါးကို အပြည့်အဝ အနိုင်ယူခဲ့သည်။

All Chapters