← Chapters

အခန်း (၇၇၂)

Vol. 56 Ch. 772

အခန်း (၇၇၂)

Vol. 56 Ch. 772

စွန်းကျိုးရှန့်က တစ်ကိုယ်လုံးတုန်ခါသွားသည်။

“ဟန်မူယဲ့နဲ့ နတ်ဘုရားဘုရင်ရှင်းတိ တိုက်ခိုက်ခဲ့တဲ့အချိန်မှာ အပြင်လူတွေက ရှင်းရှင်းလင်းလင်း မသိခဲ့ရဘူး”

နတ်ဘုရားဘုရင်ယုကျစ်က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

“အဲဒီတော့ ....”

စွန်းကျိုးရှန့်က ထိတ်လန့်စွာ အသံပြုသည်။

“အဲဒါကြောင့် ငါတို့က သူ့ကို ယွီလင်တာအိုဂိုဏ်းရဲ့ အလျှို့ဝှက်ဆုံး မဟာအကြီးအကဲအဖြစ် သတ်မှတ်လိုက်ကြတယ်”

နတ်ဘုရားဘုရင်ယုကျန်းက စွန်းကျိုးရှန့်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ကျိုးရှန့်၊ မင်းနားလည်လား”

သူက နားလည်သည်။

ကျင့်ကြံခြင်းလောကတွင် အရေးအကြီးဆုံးအရာသည် ထာဝရရှင်သန်ခြင်းနှင့် ကြာရှည်တည်မြဲခြင်း ဖြစ်သည်။

ရန်ငြိုးနှင့် ရန်ပွဲများအားလုံးကို မေ့ပစ်နိုင်သည်။

ယခုအချိန်တွင် ကျင့်ကြံခြင်းလောကကြီးသည် အလွန်ပြောင်းလဲနေသောကြောင့် မလိုအပ်သော ရန်ငြိုးများကို ဆုပ်ကိုင်ထားရန် မလိုတော့ပေ။

သို့သော် လွန်ခဲ့သောငါးနှစ်တွင် ဟန်မူယဲ့က ယွီလင်တာအိုဂိုဏ်း၏ မဟာအကြီးအကဲတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၊ ဓားစံအိမ်နှင့် ဆေးတောင်ကြားသည် ဟန်မူယဲ့၏နောက်ကွယ်တွင် ရှိနေသည်။

စွန်းကျိုးရှစ်၏မျက်လုံးများက တောက်ပနေကြသည်။

ဟန်မူယဲ့က ထိပ်တန်းဂိုဏ်းနှစ်ဂိုဏ်းဖြစ်သော ယွီလင်တာအိုဂိုဏ်းနှင့် ဓားစံအိမ်အပြင် အာခီမီတော်ဝင်နယ်မြေဖြစ်သော ဆေးတောင်ကြားကိုလည်း ထိန်းချုပ်ထားသည်။ သူ့နောက်ကွယ်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာလည်း ရှိနေသည်။ ဟန်မူယဲ့က ထိုအင်အားစုများကို စုပေါင်း၍ နတ်ဘုရားခုံရုံးကို ပြန်လည်တည်ဆောက်နိုင်သည်။

“အမတ်ချုပ်ကြီးဟန်၊ မဟာအကြီးအကဲ”

ဟွန်းကျိုးရှန့်က မဟာအကြီးအကဲနှစ်ယောက်ကို ဦးညွတ်လိုက်ပြီး ပုံရိပ်ယောင်တည်နေရာမှ ပျောက်ကွယ်သွားသည်။

နတ်ဘုရားဘုရင်ယုကျန်းနှင့် နတ်ဘုရားဘုရင် ယုကျစ်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သက်ပြင်းချ၍ ခေါင်းခါသည်။

သူတို့က ဘာမှမတတ်နိုင်ပေ။ ထိုအရာသည် လောက၏ အလုပ်လုပ်ပုံ ဖြစ်ပြီး ယွီလင်တာအိုဂိုဏ်းမှ မဟာအကြီးအကဲများ၏ အကူအညီမဲ့ခြင်းလည်း ဖြစ်သည်။

....

ဟန်မူယဲ့က ခြံဝိုင်းဆီသို့ ပြန်ရောက်လာပြီး မူဝမ်လုပ်ပေးထားသော စွပ်ပြုတ်ကို သောက်၍ အခန်းထဲသို့ ဝင်သွားသည်။

ချီစွမ်းအင်အလင်းများသည် သူ့ရှေ့တွင် လှုပ်ရှားသွားကြပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တော်ဝင်နန်းတော်ကို ဖော်ပြလိုက်သည်။

နန်းတော်ထဲတွင် ဆံပင်များချထားသော ယွင်သွမ့်က ပျင်းရိစွာ ခေါင်းမော့ကြည့်သည်။

“ဟန်မူယဲ့လား”

သူမက ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်လိုက်သည်။ သူမ၏ အနည်းငယ်ဖရိုဖရဲဖြစ်နေသော အဝတ်များကြောင့် ဖြူဖွေးသောအသားအရေကို ဖော်ပြနေသည်။ သူမက ပလ္လင်ကို ကျောမှီလိုက်ပြီး ပြောသည်။

“ဟန်မူယဲ့၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာကနေ အကြာကြီးပျောက်သွားပြီး ငါနဲ့ငါ့အစ်မကို ပြန်လာတွေ့တာလား”

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

ယွင်သွမ့်က နှုတ်ခမ်းဆူသွားသည်။

ဟန်မူယဲ့က အထက်ဘုံမှ ဆေးတောင်ကြား၏ ခြံဝိုင်းလေးတွင် ပုန်းနေကြောင်း သူမ သိထားသည်။

“ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အခြေအနေက တည်ငြိမ်နေပြီ။ ဟွမ်ကျစ်ဟူကို အထက်ဘုံဆီ လွှတ်လိုက်ပါ”

“ပြီးတော့ ငါက ဓားတာအိုစည်းဝေးပွဲတစ်ခုကို ကျင်းပဖို့ စီစဉ်နေတယ်။ အဲဒီပွဲမှာ ပါဝင်ချင်တဲ့ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ ဓားကျင့်ကြံသူတွေက ကြိုတင်ပြင်ဆင်ထားသင့်တယ်”

ဟန်မူယဲ့က အမိန့်တချို့ပေးလိုက်ပြီး အလင်းအစီအရင်ကို ပယ်ဖျက်သည်။

“ဟွမ်ကျစ်ဟူက အထက်ဘုံကို သွားမှာလား”

ယွင်သွမ့်က တောက်ပနေ‌သော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။

“ဓားတာအိုစည်းဝေးပွဲလား။ စိတ်ဝင်စားစရာပဲ ....”

.....

သုံးရက်အကြာတွင် သိုးငါးကောင်စံအိမ်၊ ဆေးတောင်ကြား၊ ဓားစံအိမ်နှင့် ယွီလင်တာအိုဂိုဏ်းတို့သည် တစ်ပြိုင်နက်တည်း သတင်းလွှင့်လိုက်ကြသည်။ နှစ်တစ်ရာအကြာတွင် သူတို့က အနန္တကမ္ဘာဓားတာအိုပြိုင်ပွဲကို ကျင်းပလိမ့်မည်။

ပြိုင်ပွဲ၏ တည်နေရာသည် ရှေးခေတ်နတ်ဘုရားခုံရုံး၏ ဓမ္မစင်မြင့် ဖြစ်သည်။

အနန္တဓားကမ္ဘာပြိုင်ပွဲကို ကျင်းပပေးသောလူသည် ကောင်းကင်စာရင်းတွင် အဆင့်ကိုးဖြစ်သော ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အမတ်ချုပ်ကြီးဟန် ဖြစ်သည်။

နတ်ဘုရားခုံရုံးခေတ်တွင် ကျင့်ကြံသူများက ရှေးခေတ်နတ်ဘုရားခုံရုံး၏ ဓမ္မစင်မြင့်ကို လေးစားကြသည်။

အင်မော်တယ်တက်လှမ်းစင်မြင့်သည် အင်မော်တယ်ကမ္ဘာသို့ ဝင်ရောက်နိုင်ပြီး ဓမ္မစင်မြင့်တွင် ကျင့်ကြံသူများက အင်မော်တယ်နည်းစနစ်များကို သရုပ်ဖော်ကြသည်။

ဓမ္မစင်မြင့်တွင် အင်မော်တယ်နည်းစနစ်များကို သရုပ်ပြရန်အတွက် ဖိတ်ခေါ်ခံရသော ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလမ်းစဉ်တွင် အောင်မြင်မှုများကို ရရှိထားကြသည်။

သူတို့က အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းရန်အတွက် စီစဉ်ထားကြသည်။ ထို့ကြောင့် မျိုးဆက်သစ်များအတွက် ကျင့်ကြံခြင်းလောကတွင် အမွေအနှစ်ချန်ထားရန် ဓမ္မစင်မြင့်တွင် အင်မော်တယ်နည်းစနစ်များကို သရုပ်ဖော်ကြသည်။

အင်မော်တယ်နည်းစနစ်ကို သရုပ်ဖော်ခဲ့သောလူသည် နတ်ဘုရားခုံရုံးမှ ထုတ်ပေးသော အင်မော်တယ်တက်လှမ်းတံဆိပ်ကို ရရှိပြီး အင်မော်တယ်တက်လှမ်းစင်မြင့်သို့ ဝင်ရောက်ကြလိမ့်မည်။

ရှေးခေတ်တွင် ဓမ္မစင်မြင့်သို့ တက်လှမ်းခွင့်ရခြင်းသည် ကျင့်ကြံသူများ၏ ဘဝတစ်သက်တာအိပ်မက်ဟု ပြောနိုင်သည်။

သို့သော် ရှေးခေတ်နတ်ဘုရားခုံရုံးက ပြိုကျသွားပြီး ဓမ္မစင်မြင့်ကလည်း ပျောက်ကွယ်သွားခဲ့သည်။

သို့သော် လွန်ခဲ့သောနှစ်များတွင် လောက၏ ပြောင်းလဲမှုများနှင့်အတူ လူတစ်ယောက်သည် ဓမ္မစင်မြင့်ကို ပြန်လည်အသက်သွင်းနိုင်ခဲ့သည်။

ယခုအချိန်တွင် ဓားတာအိုစည်းဝေးပွဲကို ဓမ္မစင်မြင့်တွင် ကျင်းပလိမ့်မည်။ ထိုစည်းဝေးပွဲသည် နှစ်သောင်းချီအတွင်း ကျင့်ကြံခြင်းလောကတွင်ရှိသော ဓားကျင့်ကြံသူများ၏ အခမ်းနားဆုံး စုဝေးပွဲပင် ဖြစ်သည်။

လက်ရှိအချိန်တွင် ထိုစည်းဝေးပွဲကို အထက်ဘုံ၏ အဓိကဂိုဏ်းအများစုက ထောက်ပံ့ထားကြသည်။

ထိုစည်းဝေးပွဲကို စတင်သူသည် လောက၏ နံပတ်ကိုးကျင့်ကြံသူဖြစ်သော ဓားအင်မော်တယ်ဟန်မှလွဲ၍ တခြားသူမဟုတ်ခဲ့ပေ။

လောက၏ နံပတ်တစ်ကျွမ်းကျင်သူသည် လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်သို့ ရောက်‌နေသော အဆုံးမဲ့ပင်လယ်၏ နတ်ဘုရားဘုရင် ဖြစ်သည်။

ဟန်မူယဲ့၏ရှေ့တွင် ရှိနေသော လူအနည်းငယ်သည် ရှစ်ထပ်ဓားစံအိမ်ကို ပိုင်ဆိုင်ထားသော ဓားစံအိမ်၏ အကြီးအကဲ၊ ယွီလင်တာအိုဂိုဏ်း၏ နတ်ဘုရားဘုရင်နှစ်ပါး၊ ရှေးတိမ်တိုက်စကြဝဠာကို စောင့်ကြပ်နေသော နတ်ဘုရားဘုရင်နှင့် ဆည်တွင် အခြေချနေသော ဒဏ္ဍာရီလာသားရဲ ချီလင်တို့ ဖြစ်ကြသည်။

ဟန်မူယဲ့က လောက၏ အဆင့်ကိုးသာဖြစ်သော်လည်း နောက်ကွယ်တွင်ရှိသော ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် နေရာအနှံ့ကို လွှမ်းမိုးထားနိုင်သည်။ အထက်ဘုံကပင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကို ကြောက်ရွံ့ရသည်။

ထို့အပြင် ကောလဟာလများအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အမတ်ချုပ်ကြီးဟန်သည် နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူဖြစ်ပြီး နတ်ဘုရားခုံရုံး၏ အမွေအနှစ်အမျိုးမျိုးနှင့် ရတနာများကို ပိုင်ဆိုင်ထားသည်။

ဟန်မူယဲ့က ရှေးတိမ်တိုက်စကြဝဠာတွင် ဆေးပင်ဥယျာဉ်ဆယ်ခုကျော်ကို ဖွင့်လှစ်ခဲ့ဖူးသောကြောင့် ရှေးတိမ်တိုက်စကြဝဠာ၏ ဆေးလုံးတန်ဖိုးသည် အလကားနီးပါး ကျဆင်းသွားခဲ့သည်။

ဟန်မူယဲ့က တာအိုပြိုင်ပွဲတွင် အနိုင်ရရန်အတွက် နတ်ဘုရားခုံရုံး၏ ရတနာတိုက်သုံးခုကို ဖွင့်လှစ်ခဲ့သည်။ ထို့ကြောင့် အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ မရေမတွက်နိုင်သော လက်ရွေးစင်များက တာအိုပြိုင်ပွဲနယ်မြေအတွင်းသို့ ဝင်ရောက်လာကြသည်။

ဟန်မူယဲ့က ကောင်းကင်နင်းခြေမိစ္ဆာဘုရင် ဟွမ်ခြောက်အား ထိပ်တန်းအဆင့်ရတနာဖြစ်သော လောကတည်ငြိမ်ခြင်းမြေပုံကို ပေးအပ်ခဲ့သည်။

ထို့အပြင် နတ်ဘုရားခုံရုံး၏ အရာရှိချုပ်ဝမ်ချူ ဖြစ်ခဲ့သော ကောင်းရှောင်ရွှမ်သည် တောင်တန်းနှင့်မြစ်စုတ်တံကို ကိုင်ဆောင်ထားပြီး ဟွမ်ကျစ်ဟူနှင့်အတူ နယ်မြေတိုင်းကို ဖိနှိပ်ခဲ့သည်။

ဟန်မူယဲ့ရောင်းချခဲ့သော ဓားနှလုံးသားလက်ဖက်ရွက်နှင့် ဓားသတ္တိလက်ဖက်ရွက်တို့သည် တစ်ပေါင်လျှင် ဝိညာဉ်ကျောက်တုံးသန်းဆယ်ချီ၍ တန်ဖိုးရှိသည်။

အမျိုးမျိုးသော မှော်ရတနာများလည်း ရှိနေသေးသည်။

သို့သော် ဓားကျင့်ကြံသူများအားလုံးကို ရူးသွပ်သွားစေသော ဓားတာအိုစည်းဝေးပွဲ၏ ဆုလာဘ်တစ်ခုသည် ဟန်မူယဲ့ထုတ်ပေးလိုက်သော ခုနစ်ထပ်ဓားစံအိမ် ဖြစ်သည်။

ခုနစ်ထပ်ဓားစံအိမ်သည် မရေမတွက်နိုင်သောဓားများကို သိမ်းဆည်းထားပြီး ပိုင်ရှင်၏ တိုက်ခိုက်နိုင်စွမ်းကို အဆတစ်ရာခန့်အထိ တိုးမြှင့်ပေးနိုင်သော ရှားပါးသည့် ဓားကျင့်ကြံခြင်းရတနာတစ်ခု ဖြစ်သည်။ ထို့အပြင် အထက်ဘုံ၏ နံပတ်တစ်ဓားဂိုဏ်းဖြစ်သော ဓားစံအိမ်၏ အကြီးအကဲရာထူးကိုလည်း ကိုယ်စားပြုသည်။

ထိပ်တန်းအဆင့် ကျင့်ကြသူများက အင်မော်တယ်ကမ္ဘာသို့ တက်လှမ်းသွားသောကြောင့် ယခုအချိန်တွင် ခုနစ်ထပ်ဓားစံအိမ်အား ပိုင်ဆိုင်ထားသောလူသည် ဓားစံအိမ်၏ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာလိမ့်မည်။

ဓားတာအိုစည်းဝေးပွဲတွင် အနိုင်ရသောလူသည် ခုနစ်ထပ်ဓားစံအိမ်ကို ရရှိပြီး ကျင့်ကြံခြင်းလောကတွင် နာမည်ကြီးလာမည့်အပြင် ခုနစ်ထပ်ဓားစံအိမ်၏ အားဖြည့်ပေးမှုကြောင့် တိုက်ခိုက်နိုင်စွမ်းသည် ခုန်ပေါက်၍ တိုးတက်လာလိမ့်မည်။ ဓားကျင့်ကြံခြင်းလောက၏ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သွားလိမ့်မည်။

ကျော်ကြားမှုနှင့် ကြွယ်ဝမှုကို တစ်ခါတည်း ရနိုင်လိမ့်မည်။

ခုနစ်ထပ်ဓားစံအိမ်၏ ဆွဲဆောင်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသော ဓားကျင့်ကြံသူတိုင်းသည် ဓားတာအိုစည်းဝေးပွဲတွင် ဝင်ပါကြလိမ့်မည်။

ထို့အပြင် ဓားတာအိုစည်းဝေးပွဲကို လေ့လာခြင်းကြောင့် အကျိုးအမြတ်များ ရနိုင်သေးသည်။

သို့သော် ထိုဓားတာအိုစည်းဝေးပွဲသည် နှစ်တစ်ရာကြာမှ စတင်လိမ့်မည်။

ဓားတာအိုစည်းဝေးပွဲအား ကျင်းပမည့် ဓမ္မစင်မြင့်၏ တည်နေရာကိုလည်း မသိနိုင်သေးပေ။

ထိုသို့မဟုတ်လျှင် မရေမတွက်နိုင်သော ဓားကျင့်ကြံသူများသည် ဓမ္မစင်မြင့်တွင် စုစည်းပြီးသား ဖြစ်နေကြလိမ့်မည်။

ဓားတာအိုစည်းဝေးပွဲ၏ သတင်းသည် အထက်ဘုံမှတစ်ဆင့် ကျင့်ကြံခြင်းလောက၏ နယ်မြေအသီးသီးသို့ ပျံနှံ့သွားသည်။ အင်မော်တယ်ရင်းမြစ်ကမ္ဘာ၏ ဘုံသုံးပါးသည် ဖြည်းဖြည်းချင်း စုစည်းလာသည်။

အမတ်ချုပ်ကြီးဟန်၏ ဓားတာအိုစည်းဝေးပွဲသည် ဓားတာအိုအား မြှင့်တင်ပေးသော ပွဲတစ်ခုကဲ့သို့ ရိုးရှင်းမည်မဟုတ်ပေ။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဟွမ်ကျစ်ဟူသည် သန်းချီသော ဓားကျင့်ကြံသူများကို ဦး‌ဆောင်၍ အထက်ဘုံသို့ ရောက်လာပြီး ကမ္ဘာမြေကို တုန်ခါသွားစေသည်။

ဘုံသုံးပါးမှ အင်အားစုများသည် လှုပ်ရှားမှုများအားလုံးကို ရပ်တန့်လိုက်ပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဖိအားကို ရင်ဆိုင်ရန်အတွက် ခွန်အားတိုးမြှင့်ရန် အာရုံစိုက်ထားလိုက်ကြသည်။

ဓားကျင့်ကြံသူများက အစွမ်းကုန်ကြိုးစားနေပြီး ဓားတာအိုစည်းဝေးပွဲတွင် နာမည်ကြီးလာရန် မျှော်လင့်နေကြသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ သန်းချီသောဓားကျင့်ကြံသူများသည် အထက်ဘုံ၏ ဆေးတောင်ကြားတွင် အခြေချနေကြသည်။ ဟွမ်ကျစ်ဟူနှင့် ဓားကျင့်ကြံသူတချို့ကသာ ဟန်မူယဲ့နှင့်အတူ ထွက်သွားကြသည်။

သူတို့နှင့်အတူ ဆေးတောင်ကြား၏ အာခီမီပညာရှင်တစ်ရာလည်း ပါလာကြသည်။

သင်္ဘောပျံသုံးစင်းသည် ဆေးတောင်ကြားမှ တိတ်ဆိတ်စွာထွက်သွားပြီး နတ်ဘုရားခုံရုံး ပျက်စီးခဲ့သောနေရာသို့ ဦးတည်လိုက်ကြသည်။

“နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ ကမ္ဘာသုံးဆယ့်ခြောက်ခုက ကမ္ဘာကိုးခုပဲ ကျန်နေခဲ့တယ်။ ပျက်စီးသွားတဲ့ကမ္ဘာတွေက တစ်ပိုင်းတစ်စစီဖြစ်ပြီး ပျောက်ကွယ်မသွားရင် အဆုံးမဲ့ပင်လယ်ထဲကို ပြုတ်ကျသွားကြတယ်”

ကောင်းရှောင်ရွှမ်က လေးနက်သောမျက်နှာထားဖြင့် ဟန်မူယဲ့၏ရှေ့တွင် ထိုင်နေသည်။ သူက ယခုအချိန်တွင် အသက်သုံးဆယ်အရွယ် လူတစ်ယောက်နှင့် တူပြီး ငယ်ရွယ်မှုများမရှိတော့ဘဲ အသိဉာဏ်ပြည့်ဝနေသည်။

သူ့က အနက်ရောင် ဓားအသေးတစ်လက်ကို ဆံပင်ကြားတွင် ထိုးထားပြီး လရောင်ဖြူဝတ်စုံကို ဝတ်ထားသည်။

“အင်မော်တယ်ရင်းမြစ်ကမ္ဘာရဲ့ ဘုံကိုးပါးက ဒီလောကရဲ့ အစစ်အမှန်ဗဟိုချက် မဟုတ်ခဲ့ဘူး”

“နတ်ဘုရားခုံရုံး ပျက်စီးသွားတဲ့အချိန်မှာ အာကာသက ဖရိုဖရဲဖြစ်လာတယ်။ ကျင့်ကြံသူတွေ ပျောက်ကွယ်သွားတဲ့ ဆည်လိုမျိုး ဖြစ်နေခဲ့တယ်”

ကောင်းရှောင်ရွှမ်က ရှေ့သို့ ညွှန်ပြသည်။

ထိုနေရာတွင် မှုန်မှိုင်းနေသော လောကတစ်ခုကို မြင်နိုင်သည်။

ဟန်မူယဲ့က လက်မြှောက်ပြီး အစိမ်းရောင်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူသည်။

ကောင်းရှောင်ရွှမ်က ကျောက်စိမ်းပေလွှာကို လှမ်းယူပြီး နတ်အာရုံဖြင့် စစ်ဆေးကြည့်သည်။ သူက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အရင်က တော်ဝင်ဆေးဥယျာဉ်ရဲ့ တည်နေရာအရ ဒီနေရာမှာ တကယ်ပဲ ရှိနေနိုင်တယ်”

သူက တောက်ပနေသောမျက်လုံးများဖြင့် ထရပ်သည်။ ခမ်းနားသော ရွှေရောင်သမာဓိစွမ်းအားများသည် သူ့ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး စုတ်တံတစ်ခုကို ဖန်တီးသည်။

“ကျွန်တော်သွားကြည့်လိုက်မယ်”

သူ့ဘေးတွင် ပုံရိပ်နှစ်ခုပေါ်လာသည်။ တာအိုဆရာတယန်နှင့် ကျိုးယွင်လုံတို့သည် သင်္ဘောဝမ်းထဲမှ ထွက်လာကြသည်။

နေရာတွင်ထိုင်နေသော ဟွမ်ခြောက်က ပျံသန်းသွားသော လူသုံးယောက်ကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ရှောင်ရွှမ်က ထာဝရမရှင်သန်နိုင်ဘူးမဟုတ်လား”

ကျင့်ကြံသူများက ကောင်းကင်အဆင့်သို့ ရောက်လာသောအခါတွင် အဆုံးမရှိသောသက်တမ်းကို ပိုင်ဆိုင်နိုင်ကြသည်။

ကျင့်ကြံသူအများစု၏ ရုပ်ခန္ဓာသည် အိုမင်းမှု နှေးကွေးသွားသည်။

သို့သော် ကောင်းရှောင်ရွှမ်က အလွန်လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။ သူက ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်ရှိသော ကလေးတစ်ယောက်အဖြစ်မှ အေးစက်ပြီး တင်းမာသော လူငယ်တစ်ယောက် ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် သူက သက်လတ်ပိုင်းအရွယ် ကျောင်းတော်သားတစ်ယောက် ဖြစ်နေသည်။

“သူက ဝမ်ချူရဲ့ အကြွင်းအကျန်ဝိညာဉ်ပဲ။ သူ့ရဲ့ဝိညာဉ်က မပြည့်စုံဘူး။ အဲဒါကြောင့် သက်တမ်းကလည်း တိုလိမ့်မယ်”

“အရင်က သူ့ခွန်အားတချို့ ပြန်ရလာဖို့အတွက် နတ်ဘုရားဧကရာဇ်က သူ့ကို အံ့ဖွယ်နေမင်းဓားထဲမှာ ချိပ်ပိတ်ထားခဲ့တယ်”

ဟန်မူယဲ့က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

လူတစ်ယောက်က ကျင့်ကြံလေ လူသားတစ်ယောက်၏ အားနည်းမှုကို နားလည်လေ ဖြစ်သည်။

ဟန်မူယဲ့က ကောင်းရှောင်ရွှမ်ကို အသက်ရှည်လာအောင် ကူညီပေးနိုင်သည်။ သို့သော် အသက်ရှည်လာသော ကောင်းရှောင်ရွှမ်သည် ယခင်နှင့် မည်သို့ တူညီနိုင်မည်နည်း။

အကယ်၍ ကောင်းရှောင်ရွှမ်က အသက်ရှင်လိုလျှင် သက်ရှည်လမ်းစဉ်ကို ကိုယ်တိုင်ရှာဖွေလိမ့်မည်။

“ပိုင်ဝူဟန်က သူ့ကို ကူညီပေးနိုင်မယ်လို့ ငါမျှော်လင့်ပါတယ်”

ယခင်ဘဝက ပိုင်ဝူဟန်နှင့် ကောင်းရှောင်ရွှမ်၏ ကံကြမ္မာဆက်နွယ်မှုသည် ယခုဘဝအထိ ပါမလာသော်လည်း ဆက်နွယ်မှု ရှိနေဆဲဖြစ်သည်။

ပိုင်ဝူဟန်က ကံကြမ္မာကို နားလည်နိုင်လျှင်ပင် အမှန်တကယ် ဖြတ်တောက်ပစ်မည်မဟုတ်ပေ။

အကယ်၍ ပိုင်ဝူဟန်က ဆက်ရှိနေရန် ဆန္ဒရှိလျှင် ကောင်းရှောင်ရွှမ်ကလည်း ဆက်လက်ရှင်သန်လိမ့်မည်။

ထိုသို့မဟုတ်လျှင် သူတို့က ပြန်လည်ဝင်စားပြီး နောက်တစ်ကြိမ်ပြန်လာမည့် ကောင်းရှောင်ရွှမ်ကိုသာ စောင့်နေရလိမ့်မည်။

All Chapters