အခန်း (၇၇၃)
Vol. 56 Ch. 773
“ဘုန်း”
မှုန်မှိုင်းနေသော တိမ်တိုက်များထဲတွင် ပေါက်ကွဲသံကို ကြားလိုက်ရသည်။
ဟန်မူယဲ့၏ မျက်လုံးများက တောက်ပသွားကြသည်။
သိပ်မဝေးသောနေရာတွင် ထိုင်နေသည့် ဟွမ်ကျစ်ဟူက ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမက ဓားရှည်တစ်လက်ကို ကိုင်ထားပြီး အာကာသထဲတွင် ပြန်ပေါ်လာသည်။
သူမ၏နောက်တွင် အနက်ရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူ ၃၆ယောက်သည် ဓားရှည်များကို ကိုင်ထားပြီး လေးနက်စွာ ရပ်နေကြသည်။
ဟွမ်ခြောက်က တည်ငြိမ်စွာရှိနေပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ အရိပ်နက်များသည် လျင်မြန်စွာ ပြေးလွှားသွားကြသည်။
“ဒီကောင်မလေးက စိတ်မရှည်ဘူးပဲ”
ဟွမ်ခြောက်က တီးတိုးပြောသည်။
ဟန်မူယဲ့နှင့် ဟွမ်ခြောက်က သင်္ဘောအခန်းထဲမှ ထွက်လာကြသည်။ တစ်ဖက်သင်္ဘောပျံပေါ်တွင် မူဝမ်၊ လုချန်းဖျင်၊ ယွင်သွမ့်နှင့် တခြားလူများသည် ကုန်းပတ်ပေါ်တွင် ရပ်နေကြသည်။
အာကာသထဲတွင်ရှိနေသော ဟွမ်ကျစ်ဟူကို မြင်လိုက်ရသောအခါတွင် လုချန်းဖျင်က စိုးရိမ်နေသည်။
“အစ်မခြောက်၊ ကျစ်ဟူက နယ်မြေတစ်ခုကို လွှမ်းမိုးနိုင်တဲ့ စစ်သူကြီးတစ်ယောက်မဟုတ်လား။ ဘာကို စိုးရိမ်နေတာလဲ”
မူဝမ်က တခစ်ခစ်ရယ်သည်။
“ဟုတ်တယ်။ ကျစ်ဟူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်နေပြီ။ ဒီအသက်အရွယ်မှာ အမတ်ချုပ်ကြီးဟန်ကတောင် အဲဒီလောက်ပဲ ရှိတယ်”
ယွင်သွမ့်က ဂုဏ်ယူစွာ ပြောသည်။
လုချန်းဖျင်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။
“ငါ့အမြင်မှာ သူမက စစ်သူကြီးတစ်ယောက် မဟုတ်ဘူး။ အရွယ်မရောက်သေးတဲ့ မိန်းကလေးတစ်ယောက်ပဲ”
ဟွမ်ကျစ်ဟူသည် ကျင့်ကြံဆင့်မြင့်ပြီး ထူးခြားသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသော်လည်း လုချန်းဖျင်၏အမြင်တွင် ကလေးတစ်ယောက်အဖြစ်မှ ပြောင်းလဲသွားပုံမပေါ်ပေ။
“အစ်မခြောက်၊ ကျစ်ဟူကို လွှတ်ပေးရမယ်လေ”
မူဝမ်က လုချန်းဖျင်၏လက်မောင်းကို ဖက်ထားပြီး အနားကပ်၍ တီးတိုးပြောသည်။
“အစ်မခြောက်က အစ်ကိုခြောက်နဲ့အတူ ကလေးတချို့ ထပ်ယူသင့်တယ်။ အဲဒါမှ ကျစ်ဟူကို စိတ်ပူဖို့ အချိန်မရှိတော့မှာ”
ဘေးတွင်ရှိနေသော ယွင်သွမ့်ကလည်း ရယ်လိုက်သည်။
မူဝမ်၏စကားကို ကြားလိုက်ရသောအခါတွင် လုချန်းဖျင်က ရှက်သွားသည်။ သူမက ခေါင်းငုံ့ထားပြီး ထို့နောက် သတ္တိများကို စုစည်း၍ မူဝမ်ကိုကြည့်ကာ ပြောသည်။
“ညီမမူက အစ်ကိုဟန်နဲ့ အတော်ကြာအောင် ရှိနေပြီမဟုတ်လား ....”
မူဝမ်က ရှက်သွားသည်။
လုချန်းဖျင်က တီးတိုးပြောသည်။
“အစ်ကိုခြောက်ရဲ့ ကျင့်ကြံခြင်းက လူသားအဆင့်ကို ကျော်လွန်နေပြီ။ အဲဒါကြောင့် ကလေးရဖို့ ခက်တယ်”
“ညီမမူက အာခီမီပညာရှင်တစ်ယောက်ဆိုတော့ ဖြေရှင်းချက်များ ရှိသလား”
လုချန်းဖျင်၏စကားကြောင့် မူဝမ်၏မျက်နှာက မည်းမှောင်သွားပြီး ညင်သာစွာခေါင်းခါသည်။
“အရင်တုန်းက အစ်ကိုဟန်ရဲ့သွေးမျိုးဆက်ကို လေ့လာပြီး ဆေးလုံးတချို့ ဖန်တီးခဲ့ဖူးတယ်”
“ဒါပေမဲ့ အဲဒီဆေးလုံးတွေက ကျင့်ကြံဆင့်မြင့်နေတဲ့ အစ်ကိုခြောက်နဲ့ အစ်ကိုဟန်အတွက် အသုံးမဝင်တော့ဘူး”
ဟန်မူယဲ့အပေါ်တွင် သွေးမျိုးဆက်ဆေးလုံးများ၏ သက်ရောက်မှုသည် မပြောပလောက်ပေ။
လုချန်းဖျင်က သက်ပြင်းချလိုက်ပြီး အာကာသထထဲတွင်ရှိသော ဟွမ်ကျစ်ဟူကို ကြည့်သည်။
ထိုအချိန်တွင် တိမ်တိုက်များက လှုပ်ရှားလာပြီး ရွှေအလင်းတစ်ခုကို မြင်ရသည်။
ဟွမ်ကျစ်ဟူက ဓားဖြင့်ညွှန်ပြလိုက်ပြီး ခပ်အုပ်အုပ်အော်ဟစ်သည်။
“ဖိနှိပ်စမ်း”
သူမ၏ အမိန့်ကြောင့် နောက်တွင်ရှိနေသော ဓားကျင့်ကြံသူ ၃၆ယောက်သည် ဓားများကို တစ်ပြိုက်နက် ထုတ်လိုက်ကြသည်။ ဓားသွားသည် လွင့်မျောနေသောအလင်းတန်းများကို ထုတ်လွှတ်၍ ကောင်းကင်တွင်ရှိနေသော မရေမတွက်နိုင်သည့် ကြယ်များသဖွယ် ပိုက်ကွန်တစ်ခုကို ဖန်တီးသည်။
ကောင်းကင်စက်ဝန်းဓားဝင်္ကပါ ....
ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် ဓားဘုရင်ယွမ်ထျန်းဆီမှ ဆင်းသက်လာသည်။ သို့သော် ဟန်မူယဲ့က ကောင်းကင်စက်ဝန်းကျားကွက်ကြောင့် ပိုမိုနားလည်လာခဲ့သည်။
ဟွမ်ကျစ်ဟူက သန်းချီသော ဓားကျင့်ကြံသူများကို အမိန့်ပေးပြီး ဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်သောအခါတွင် သန်းချီသောဓားအလင်းများက ဓားတစ်လက်အဖြစ် စုစည်းသွားပြီး ကောင်းကင်ကို ထိုးခွဲနိုင်သည်။ နတ်ဘုရားများကပင် ထိုဓားနှင့် ထိပ်တိုက်ရင်ဆိုင်ရဲမည်မဟုတ်ကြပေ။
အသန်မာဆုံး နတ်ဘုရားဘုရင်များကပင် ထိုဓားအလင်း၏ရှေ့တွင် တုန်ခါသွားကြလိမ့်မည်။
ဟွမ်ကျစ်ဟူက ထိုဓားဝင်္ကပါဖြင့် ပြိုင်ဘက်ကင်းလာပြီး မရေမတွက်နိုင်သော နယ်မြေများတွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဂုဏ်ကျက်သရေကို ပျံ့နှံ့စေခဲ့သည်။
သူမက ကောင်းကင်စက်ဝန်းဓားဝင်္ကပါကို ပြုပြင်မှုတချို့ လုပ်ခဲ့သည်။
ဓားဝင်္ကပါက တိုက်ခိုက်နိုင်စွမ်းပိုကောင်းနေပြီး စွမ်းအားလိုအပ်မှု လျော့နည်းလာသည်။
စွမ်းအားအနည်းငယ်ဖြင့် ကောင်းကင်နှင့်မြေကြီးအား လွှမ်းမိုးနိုင်သော ဓားဝင်္ကပါသည် ထိပ်တန်းအဆင့် ဓားဝင်္ကပါတစ်ခု ဖြစ်သည်။
ဓားအလင်းတန်း သုံးဆယ်ခြောက်ခုသည် ရှေ့တွင်ရှိနေသော ပေထောင်ချီလေဟာနယ်ကို မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် ကွဲထွက်သွားစေသည်။ မှုန်မှိုင်းနေသော အာကာသထထဲတွင် တလက်လက်တောက်ပနေသော ကြယ်များကို မြင်လိုက်ရသည်။
ကြယ်အလင်းရောင်၏အောက်တွင် ကောင်းရှောင်ရွှမ်၊ တာအိုတန်ခိုးရှင် တယန်နှင့် ကျိုးယွင်လုံတို့ ပြန်ပေါ်လာကြသည်။
ကောင်းရှောင်ရွှမ်က လက်တစ်ဖက်တွင် ဓားကိုင်ပြီး တခြားလက်တစ်ဖက်တွင် တောင်တန်းနှင့်မြစ်စုတ်တံကို ကိုင်ထားသည်။ သူက စုတ်တံကို လှုပ်ရှားလိုက်ပြီး နေဝင်ဆည်းဆာနှင့်အတူ တောင်တန်းနှင့်မြစ်ကို ဖန်တီးသည်။
တာအိုဆရာတယန်က လေပြေလေညင်းအဖြစ် ပြောင်းလဲလိုက်ပြီး ရုတ်တရက်ပြန်ပေါ်လာ၍ ဓားဖြင့်ထိုးချသည်။
ကျိုးယွင်လုံက သွက်လက်သောလှုပ်ရှားမှုနှင့်အတူ တဖျပ်ဖျပ်လှုပ်ရှားနေသော ဓားအလင်းကို ဖန်တီးသည်။
အစိမ်းရင့်ရောင်မီးတောက်များကို မှုတ်ထုတ်နေသည့် ထူးဆန်းသော အနက်ရောင်သားရဲများသည် သူတို့သုံးယောက်၏ရှေ့တွင် ရှိနေကြသည်။
ထိုသားရဲများ၏ တစ်ကိုယ်လုံးကို ကြေးခွံများက လွှမ်းခြုံထားသည်။ သားရဲ၏ ခြေလေးဖက်တွင် မီးတောက်များ ရှိနေကြပြီး မျက်လုံးထဲတွင် လျှပ်စီးကြောင်းများကို မြင်နိုင်သည်။ သူတို့၏ ဦးခေါင်းခွံသည် အလွန်မာကျောသည်။
ထိုသားရဲများ တစ်ကောင်ချင်းစီသည် ကောင်းကင်အဆင့်၏ ဝိညာဉ်သူငယ်နှင့် အထက်အဆင့်ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ သူတို့က အချင်းချင်းပူးပေါင်းနိုင်ပြီး ကောင်းရှောင်ရွှမ်နှင့် တခြားလူများ၏တိုက်ခိုက်မှုအောက်တွင် နောက်ဆုတ်မသွားကြပေ။
“အဲဒါက ရှေးခေတ်ရဲ့ အာကာသ သားရဲတွေပဲ။ နတ်ဘုရားခုံရုံးက နေရာအများစုမှာ အဲဒီသားရဲတွေကို အစောင့်အကြပ်အဖြစ် သုံးခဲ့တယ်”
“အဲဒီသားရဲတွေက အရမ်းလျင်မြန်ပြီး အာကာသထဲမှာ ရှင်သန်နိုင်တယ်။ အသံမထွက်ဘဲ လှုပ်ရှားနိုင်တယ်”
နောက်တွင်ရှိသော သင်္ဘောပျံပေါ်တွင် လီချင်းရှစ်နှင့် မုတ်ဆိတ်ဖြူအကြီးအကဲများက တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေကြသည်။
သူတို့အားလုံးက စိတ်လှုပ်ရှားနေပြီး လူတချို့က ရှေးဟောင်းစာအုပ်များကို ကိုင်ထားကြသည်။
ဆေးတောင်ကြားသည် ဤခရီးစဉ်အတွက် ဂိုဏ်းသားတစ်ရာကို ရွေးချယ်ပြီး ယှဉ်ပြိုင်မှုသည် အလွန်ပြင်းထန်ခဲ့သည်။
အကြီးအကဲများသည် လူတစ်ရာထဲတွင် ပါဝင်နိုင်ရန်အတွက် ကိုယ်ပိုင်အာခီမီစွမ်းရည်၊ ဝိညာဉ်ဆေးပင်များနှင့် ပတ်သတ်သော ကျွမ်းကျင်မှုအပြင် တခြားနည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် သက်သေပြခဲ့ကြသည်။ အဆုံး၌ လွန်ခဲ့သောဆယ်ရက်ခန့်တွင် လူတစ်ရာကို ရွေးချယ်နိုင်ခဲ့သည်။
လူတစ်ရာထဲတွင် အကြီးအကဲနှင့် ဂိုဏ်းခွဲမှူး အယောက်သုံးဆယ်အပြင် တပည့်ခုနစ်ဆယ်လည်း ပါဝင်နေသည်။
ဆေးတောင်ကြား၏ အကြီးအကဲများက အချိန်ကြာမြင့်စွာ ဆွေးနွေးပြီး ထိုသို့ ဝေစုခွဲရန် ဆုံးဖြတ်ခဲ့ကြသည်။
သူတို့က လူတိုင်း၏ အလိုဆန္ဒကို လိုက်လျောနေမည်ဆိုလျှင် ဝင်ခွင့်တစ်ရာသည် လုံလောက်မည်မဟုတ်ပေ။
အာခီမီပညာရှင်များအားလုံးသည် နတ်ဘုရားခုံရုံး၏ တော်ဝင်ဆေးပင်ဥယျာဉ်ကို ဝင်ရောက်ချင်ကြသည်။
သို့သော် ဂိုဏ်းသည် ဆက်လက်တိုးတက်ရမည်။ ဂိုဏ်းတပည့်ငယ်များ၏ ကျင့်ကြံခြင်းသည် အရေးအကြီးဆုံး ဖြစ်သည်။
ဆေးတောင်ကြားသည် အကြီးအကဲများနှင့် တပည့်ငယ်များ၏ ခွဲထွက်မှုကြောင့် ပြောင်းလဲသွားခဲ့သည်။ လက်ရှိအချိန်တွင် ဆေးတောင်ကြားမှ မျိုးဆက်သစ်တပည့်များ၏ ကျင့်ကြံခြင်းသည် လုံလောက်မှုမရှိပေ။
ကံကောင်းစွာဖြင့် ဂိုဏ်းတွင်ကျန်နေခဲ့သော အကြီးအကဲနှင့် ဂိုဏ်းခွဲမှူများသည် ဂိုဏ်းအပေါ်တွင် သစ္စာရှိကြသည်။
ထို့ကြောင့် ဂိုဏ်းတပည့်များသည် ဤနေရာသို့ လာရောက်ရန် အခွင့်အရေးရခဲ့ကြသည်။
“ရှေးခေတ်သားရဲကို အနိုင်ယူဖို့ မလွယ်ဘူး”
လီချင်းရှစ်၏နောက်တွင် ရှိနေသော သက်လတ်ပိုင်းအရွယ် အာခီမီပညာရှင်တစ်ဦးက စိုးရိမ်နေသောမျက်နှာထားဖြင့် ပြောသည်။
သူ့စကားကြောင့် တခြားလူများက စိုးရိမ်လာကြသည်။
လီချင်းရှစ်က ခေါင်းခါလိုက်ပြီး စကားမပြောပေ။ သူက ခေါင်းမော့ကြည့်သည်။
အာကာသ သားရဲများသည် ရင်ဆိုင်ရန် ခက်ခဲသည်။
သို့သော် သူတို့နှင့် ရင်ဆိုင်နေသောလူကိုလည်း ကြည့်ရမည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ အမတ်ချုပ်ကြီးဟန်၏ လက်အောက်တွင် အာကာသ သားရဲများကို ဖိနှိပ်နိုင်သော လူအများအပြား ရှိနေလိမ့်မည်။
မီးခိုးရောင်မြူခိုးထုသည် အရာအားလုံးကို လွှမ်းခြုံသွားမည့်အလား လှုပ်ရှားလာသည်။
မြူခိုးများကို ထိုးခွဲသွားသော ဓားအလင်း ၃၆ခုသည် အချင်းချင်းသွယ်ယှက်လျက် အောက်တွင် ရှိနေကြသည်။
ဓားအလင်းများသည် ပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ကြယ်စွမ်းအားသည် ပေသောင်းချီပတ်ဝန်းကျင်ကို ညင်သာစွာ လွှမ်းခြုံသွားသည်။ ထို့နောက် စွမ်းအားများအားလုံးသည် ကျုံ့နိုင်ဆန့်နိုင်သော ကြိုးများအဖြစ် ပြောင်းလဲသွားပြီး ကောင်းရှောင်ရွှမ်နှင့် တာအိုဆရာတယန်တို့အား တိုက်ခိုက်နေသော အာကာသ သားရဲများကို ချုပ်နှောင်လိုက်ကြသည်။
ထိုသို့ပင် ရိုးရှင်းသည်။
အာကာသ သားရဲ တစ်ရာခန့်သည် ရွှေရောင်ကြိုးများဖြင့် ချုပ်နှောင်ခံထားရပြီး မည်သို့ပင် ရုန်းကန်ပါစေ မလွတ်မြောက်နိုင်ခဲ့ပေ။
“ဒီအာကာသ သားရဲတွေက သန်မာတဲ့ခန္ဓာကိုယ်၊ အထင်ကြီးစရာကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းနဲ့ ကောင်းမွန်တဲ့အမြန်နှုန်းကို ပိုင်ဆိုင်ထားတယ်။ သူတို့က ထူးခြားတဲ့ စီးတော်သားရဲတွေ ဖြစ်လာကြမှာပဲ”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ပြောသည်။
သူက နောက်တွင်ရှိနေသော ဓားကျင့်ကြံသူများကို လှည့်ကြည့်သည်။
“အဲဒီသားရဲတွေကို သွားပြီးထိန်းချုပ်လိုက်”
‘အာကာသ သားရဲတွေကို ထိန်းချုပ်ရမှာလား’
လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
“ဟားဟား၊ အစ်ကိုဟန်။ ဒီသားရဲတွေက ကျွန်တော့်ကို သယ်နိုင်မှာမဟုတ်ဘူး”
ကျောပေါ်တွင် ဓားကွေးနှစ်လက်သယ်ထားသော ရှန့်လင်းရွှမ်းက ပြုံးလိုက်သည်။
သူက ဆင်ကလန်သားတစ်ယောက် ဖြစ်ပြီး အရပ်ရှည်သည့်အပြင် အစစ်အမှန်ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်သောအချိန်၌ တောင်တစ်လုံးသဖွယ် လေးလံနေလိမ့်မည်။ ထိုသားရဲများသာမက အသန်မာဆုံး အာကာသ သားရဲကပင် သူ့ကို သယ်ဆောင်နိုင်မည်မဟုတ်ပေ။ သူက စီးတော်သားရဲကို မလိုအပ်ပေ။
“ကျွန်တော်ကြိုးစားကြည့်မယ်”
ကျောပေါ်တွင် ဓားရှည်နှင့် ဓားတိုကို သယ်ဆောင်ထားသော ဟယ်ရွှမ်ချီက သင်္ဘောပျံပေါ်မှ ဖျတ်ခနဲဆင်းသွားပြီး သားရဲတစ်ကောင်၏ ရှေ့သို့ ရောက်လာသည်။
“ရွှပ် ....”
သူ၏ ဓားချက်ကြောင့် သားရဲကို ချုပ်နှောင်ထားသော ရွှေရောင်ချိန်းကြိုးများက ပြတ်တောက်သွားကြသည်။
အာကာသ သားရဲက ရုန်းကန်လိုက်ပြီး မတ်တပ်ရပ်၍ တစ်ဖက်သို့ ကြည့်သည်။ ထိုသားရဲက ဟယ်ရွှမ်ချီဆီသို့ ပြေးဝင်လာပြီး ရှေ့ခြေဖြင့် အကြင်နာကင်းမဲ့စွာ ရိုက်ချသည်။
ဟယ်ရွှမ်ချီက မရှောင်တိမ်းခဲ့ပေ။ သူက ဘယ်ဘက်လက်ဖြင့် ဓားတိုကို ထုတ်ယူပြီး ရှေ့သို့ တစ်လှမ်းတိုး၍ သားရဲ၏လည်ပင်းကို ထိုးချလိုက်သည်။
“ရွှပ် ....”
အာကာသ သားရဲသည် သွေးစက်များနှင့်အတူ မျှော်လင့်ချက်ကင်းမဲ့စွာ လဲကျသွားသည်။
သားရဲက သေဆုံးသွားခဲ့သည်။
ဟယ်ရွှမ်ချီက ခေါင်းခါလိုက်ပြီး တခြားသားရဲတစ်ကောင်ကို လှည့်ကြည့်သည်။ သူ့ဓားရှည်က လှုပ်ရှားသွားပြီး ချိန်းကြိုးများကို ဖြတ်တောက်လိုက်ပြန်သည်။
အာကာသ သားရဲက မတ်တပ်ရပ်လိုက်ပြီး ကြောက်ရွံ့စိတ်များနှင့် ဟယ်ရွှမ်ချီကို ကြည့်သည်။ ထို့နောက် ခြေထောက်များကို လှုပ်ရှား၍ ထွက်ပြေးသည်။
ဟယ်ရွှမ်ချီက ခပ်ဟဟရယ်လိုက်ပြီး ခေါင်းခါသည်။ သူက လေပြင်းတစ်ခုအဖြစ် အသွင်ပြောင်း၍ ထွက်ပြေးနေသော သားရဲ၏နောက်သို့ လိုက်သွားသည်။ သူ၏ ဓားတိုနှင့်ဓားရှည်သည် အလင်းမျဉ်းကွေးများကို ဖန်တီး၍ အာကာသ သားရဲကို လွှမ်းခြုံလိုက်သည်။
သွေးနှင့်ကြေးခွံများ လွင့်ထွက်လာပြီး သားရဲက နာကျင်စွာ ဟိန်းဟောက်သည်။ ထိုသားရဲက တစ်ကိုယ်လုံးတွင် ဒဏ်ရာများဖြင့် ပြည့်နှက်နေပြီး သွေးများစီးကျလျက် ပေတစ်ရာအကွာတွင် လဲကျသွားသည်။
ဟယ်ရွှမ်ချီက သားရဲ၏လည်ပင်းတွင် ဓားတင်ထားပြီး တီးတိုးပြောသည်။
“ငါက စီးတော်သားရဲတစ်ကောင် လိုနေတယ်။ မင်းစိတ်ဝင်စားလား”
ထိတ်လန့်နေသော အာကာသ သားရဲက တောင့်တင်းစွာ ခေါင်းညိတ်လိုက်သည်။
ဟယ်ရွှမ်ချီက သင်္ဘောပျံ၏ ကုန်းပတ်ပေါ်သို့ ပြန်လာသောအခါတွင် လက်ဝါးအရွယ်အစား သားရဲလေးတစ်ကောင်သည် သူ့ခြေထောက်ဘေးတွင် လိုက်လာသည်။
“ဒါက ဖြစ်နိုင်ရဲ့လား”
လီချင်းရှစ်၏ဘေးတွင်ရှိသော အာခီမီပညာရှင်များက ကြောင်အနေကြသည်။
လီချင်းရှစ်၏ မျက်နှာထားက လေးနက်နေပြီး တီးတိုးပြောသည်။
“အခု မင်းတို့ မြင်ကြပြီလား။ ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ပါရမီရှင်တွေကို ပိုင်ဆိုင်ထားတယ်။ မင်းတို့က ထင်ပေါ်လာဖို့ဆိုရင် ထူးခြားတဲ့နည်းလမ်းတွေကို လိုအပ်လိမ့်မယ်”
“မင်းတို့က သူနဲ့ ယှဉ်နိုင်မယ်ထင်လား”
အာခီမီပညာရှင်များက ဟယ်ရွှမ်ချီသတ်ဖြတ်ခဲ့သော အာကာသသားရဲကို ကြည့်လိုက်ပြီး ကျောရိုးတစ်လျှောက် အေးစက်သွားသည်။ သူတို့က မသက်မသာ ဖြစ်လာကြသည်။