← Chapters

အခန်း (၇၇၄)

Vol. 56 Ch. 774

အခန်း (၇၇၄)

Vol. 56 Ch. 774

ဟယ်ရွှမ်ချီသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ အံ့ဖွယ်ကိုးပါးတောင်၏ လက်ရွေးစင်တစ်ယောက် ဖြစ်ခဲ့သည်။

သူက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ဝိညာဉ်ကိုယ်ခွဲအဆင့်သို့ ရောက်လာသည်။ သူက ဓားနှစ်လက်ကို ကိုင်ဆောင်ထားသောကြောင့် ပိုမိုအဆင့်မြင့်သောလူများနှင့် တိုက်ခိုက်နိုင်သည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အထက်ဘုံတွင် သူ့ကို ထူးချွန်သော ဓားသမားတစ်ယောက်အဖြစ် ယူဆနိုင်သည်။

လောကတွင် ကျင့်ကြံသူမည်မျှသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှင့် အထက်အဆင့်သို့ ရောက်နိုင်ကြသနည်း။

သူတို့အားလုံးသည် အလွန်ရှားပါးပြီး အဆုံးမရှိသော အရင်းအမြစ်များကို အသုံးပြု၍ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ရသည်။

သို့သော် ဟယ်ရွှမ်ချီက ဟန်မူယဲ့နှင့် မယှဉ်နိုင်သေးပေ။

သူသာမက အံ့ဖွယ်နေမင်းကိုယ်ရံတော်တပ်ဖွဲ့တွင် ရှိနေ‌ကြသော လီသုံး၊ ကျန်းဟန်နှင့် တခြားလူများကလည်း ဟန်မူယဲ့နှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဓားကျင့်ကြံသူများသည် အလွန်လျင်မြန်စွာ တိုးတက်လာကြသည်။ ထို့အပြင် စစ်တပ်ဝင်္ကပါတစ်ခုကိုလည်း ဖွဲ့စည်းထားနိုင်သေးသည်။

ဂိုဏ်းချုပ်ထို့ပါ့ချန်၊ ခေါင်းဆောင်တောက်ရင်နှင့် တခြားလူများကလည်း အစွမ်းကုန်ကြိုးစား၍ ကျင့်ကြံရုံသာ တတ်နိုင်ကြသည်။

ဓားဘုရင်ယွမ်ထျန်းကပင် ဟန်မူယဲ့၏ ဓားတာအိုပါရမီကြောင့် ထိတ်လန့်သွားရသည်။ တခြားလူများအတွက် ပိုဆိုးသည်။

ဟွမ်ကျစ်ဟူနှင့်အတူ အထက်ဘုံသို့ ရောက်လာသော ဓားကျင့်ကြံသူများထဲတွင် ဓားဝင်္ကပါကို တည်ဆောက်နိုင်သော သန်းချီနေသည့် ဓားကျင့်ကြံသူများအပြင် အနောက်ဘက်နယ်စပ်ကုန်းမြေနှင့် အရှေ့ပင်လယ်မှ ဓားကျင့်ကြံသူများလည်း ပါလာခဲ့သည်။

အထက်ဘုံ၏ သဘာဝစွမ်းအင်သည် ကောင်းကင်အံ့ဖွယ်ကမ္ဘာထက် ပိုမိုသိပ်သည်းပြီး အရင်အမြစ်လည်း ကြွယ်ဝသည်။ အရေးအကြီးဆုံးအနေဖြင့် ဟန်မူယဲ့က အထက်ဘုံတွင် ရှိနေသည်။

ဟွမ်ခြောက်၏စကားအရ ကောင်းကင်အံ့ဖွယ်ကမ္ဘာသည် စိတ်ဝင်စားဖွယ်မကောင်းတော့ပေ။ အနားယူချင်သောလူများသည် ကောင်းကင်အံ့ဖွယ်ကမ္ဘာတွင် ဆက်နေနိုင်ပြီး ရည်ရွယ်ချက်ရှိသောလူများက အထက်ဘုံတွင် ဆက်လက်တိုက်ခိုက်နိုင်ကြသည်။

အရှေ့ပင်လယ်၏ ယန်ရှောက်၊ တောင်ပိုင်းကုန်းမြေ၏ ရှန့်လင်းရွှမ်းနှင့် မြောက်ပိုင်းကုန်းမြေ၏ တင်းချွန်ကန်းတို့က တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။

ယခုအချိန်မှစ၍ အထက်ဘုံသည် ကောင်းကင်အံ့ဖွဘ်ကမ္ဘာမှ ကျင့်ကြံသူများအတွက် အဓိကစင်မြင့်တစ်ခု ဖြစ်လာလိမ့်မည်။

ဟယ်ရွှမ်ချီ၏ အာကာသသားရဲကို ထိန်းချုပ်ခဲ့သော နည်းလမ်းသည် ထူးချွန်မှုမရှိသော်လည်း ရက်စက်သည်။

ဟန်မူယဲ့က ထိုဓားကျင့်ကြံသူမျိုးကို လိုအပ်သည်။

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဓားမထုတ်လျှင် လက်သီးချက်များကို ထုတ်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် သူတို့က အာကာသ သားရဲများကို ထိန်းချုပ်နိုင်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကြောင့် အာခီမီပညာရှင်များက အလွန်အားကျနေသော်လည်း အကူအညီမဲ့စွာ ဆက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

အကယ်၍ သူတို့က ရှေ့တက်သွားမည်ဆိုလျှင်ပင် အာကာသ သားရဲများကို ထိန်းချုပ်နိုင်ကြမည် မဟုတ်ပေ။

သင်္ဘောပျံများက ရှေ့ဆက်လာခဲ့ကြသည်။ အာကာသသားရဲများကို စီးနင်းနေသော ကျင့်ကြံသူတစ်ရာခန့်သည် သင်္ဘောပျံများ၏ အပြင်ဘက်တွင် ရှိနေကြသည်။

လမ်းတစ်လျှောက်တွင် သူတို့က များပြားလှသော သားရဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့က ထိန်းချုပ်နိုင်‌သောသားရဲများကို ဖမ်းဆီးလိုက်ပြီး မထိန်းချုပ်နိုင်သော သားရဲများကို သတ်ပစ်လိုက်ကြသည်။

လမ်းတစ်လျှောက်တွင် သားရဲများက မည်သို့ပင် သန်မာနေပါစေ ဟန်မူယဲ့၏ အမိန့်ကြောင့် ပြတ်သားစွာ သတ်ဖြတ်ခဲ့ကြသည်။

ထိုပုံစံကြောင့် အာခီမီပညာရှင်များက ကြောက်ရွံ့နေကြသည်။

နောက်တွင်ရှိနေသော သင်္ဘောပျံ၏ ကုန်းပတ်ပေါ်တွင် အာခီမီပညာရှင်များ၏ မျက်နှာထားက ဖြူဖျော့နေကြသည်။

“ပုံမှန်အချိန်မှာဆိုရင်တော့ ငါတို့က ဒီလိုအခြေအနေမျိုးနဲ့ ကြုံရမှာမဟုတ်ဘူး”

သို့သော် လီချင်းရှစ်၏ မျက်လုံးများက တောက်ပနေကြသည်။

“ဒါပေမဲ့ အခုလိုမျိုး ရှုပ်ထွေးနေတဲ့အချိန်မှာ သွေးပူတဲ့ ဓားကျင့်ကြံသူတွေနဲ့ မဟာမိတ်ဖွဲ့ထားတာက မကောင်းဘူးလား”

‘ဟုတ်တယ်’

လီချင်းရှစ်၏ စကားကြောင့် အာခီမီပညာရှင်များ၏ မျက်လုံးများက တောက်ပသွားကြသည်။

ထိုဓားကျင့်ကြံသူများနှင့် ရန်သူဖြစ်နေခြင်းထက် မဟာမိတ်ဖြစ်နေခြင်းသည် ပိုကောင်းသည်။

“ဘုန်း”

ရှေ့တွင် ဟိန်းဟောက်သံတစ်ခုကို ကြားရသည်။ သားရဲများကို စီးနင်းထားသော ဓားကျင့်ကြံသူများက လျင်မြန်စွာ နောက်ဆုတ်လာကြသည်။

ပေတစ်သောင်းရှည်လျားသော ပုံရိပ်သည် မီးခိုးရောင်မြူခိုးထဲမှ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ခြေလေးချောင်းနှင့် ခေါင်းသုံးလုံးကို ပိုင်ဆိုင်ထားပြီး အစိမ်းရင့်ရောင် သန်းနေသည်။ ထို့အပြင် အမြီးရှည်ခြောက်ချောင်းသည် လေထုထဲတွင် လွင့်မျောနေကြသည်။

ထိုပုံရိပ်က တောင်ပံဖြန့်လိုက်ပြီး ခေါင်းသုံးလုံးသည် ထူးခြားသောရယ်သံကို ထုတ်ပေးနေကြသည်။

“စိတ်ငြိမ်ငြိမ်ထားကြ။ အဲဒါက စိတ်ဝိညာဉ်တိုက်ခိုက်မှုမှာ အကျွမ်းကျင်ဆုံးဖြစ်တဲ့ ရှေးခေတ်မိုးကြိုးငှက်သားရဲပဲ”

လီချင်းရှစ်၏မျက်နှာထားက ပြောင်းလဲသွားပြီး ရွှေရောင်ဝိညာဉ်အလင်းကို ထုတ်လွှတ်၍ သင်္ဘောပျံပေါ်တွင်ရှိသော အာခီမီပညာရှင်များကို ကာကွယ်ပေးလိုက်သည်။

အာခီမီပညာရှင်များသည် ဝိညာဉ်စွမ်းအားသန်မာသော်လည်း တိုက်ခိုက်နိုင်စွမ်းမကောင်းကြပေ။

သူတို့က ထိုသားရဲ၏ တိုက်ခိုက်မှုကို ခုခံနိုင်ကြမည်မဟုတ်ပေ။

ရှေ့တွင် သားရဲများကို စီးနင်းထားသော ဓားကျင့်ကြံသူများက မိုးကြိုးငှက်နှင့် တိုက်ခိုက်နေကြသည်။

ဓားအလင်းသည် ပုံစံဖြစ်တည်လားပြီး ဧရာမဓားပုံရိပ်များသည် မိုးကြိုးငှက်၏တိုက်ခိုက်မှုကို တားဆီးနေကြသည်။

ငှက်သည် ဒေါသထွက်သွားပြီး ခေါင်းသုံးလုံသည် အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်အဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် မီးတောက်၊ ကျောက်တုံးနှင့် မြူနှင်းများကို မှုတ်ထုတ်လိုက်သည်။

မီးတောက်များသည် မီးငှက်နှင့် မီးနဂါးများအဖြစ် ပြောင်းလဲသွားပြီး ဓားကျင့်ကြံသူများဆီသို့ ပြေးဝင်လာကြသည်။

ကျောက်တုံးများသည် ဥက္ကာခဲများနှင့်တူပြီး သင်္ဘောပျံများကို တိုက်ခိုက်လိုက်ကြသည်။

မြူနှင်းသည် နေရာအနှံ့သို့ ဖြာထွက်သွားပြီး အရာအားလုံးကို အေးခဲစေခဲ့သည်။

ငှက်၏ အမြီးခြောက်ချောင်းသည် တုန်ခါနေပြီး အဆုံးမရှိသော မိစ္ဆာစွမ်းအင်များသည် အမျိုးမျိုးသော သားရဲပုံရိပ်များအဖြစ် ပြောင်းလဲသွားကြသည်။

“ရှေးခေတ်က မဟာကျင့်ကြံသူကြီးတွေရဲ့ ခေတ်ပဲ ....”

ဟွမ်ခြောက်က ဧရာမငှက်ကြီး၏ တိုက်ခိုက်မှုကို ကြည့်လိုက်ပြီး ညင်သာစွာ သက်ပြင်းချသည်။ သူက လက်မြှောက်ပြီး မိုင်ဒါဇင်ချီအကွာတွင် ပြေးဝင်လာကြသော ဥက္ကာခဲကျောက်တုံးများကို လက်ဝါးတစ်ချက်ဖြင့် ဖျက်ဆီးခဲ့သည်။

မဖြစ်နိုင်သောအရာကို ဆောင်ရွက်ခြင်းသည် နည်းစနစ်၏ ရည်ရွယ်ချက် ဖြစ်သည်။

ရှေ့တွင် ဟယ်ရွှမ်ချီက အော်ဟစ်လိုက်သည်။ သူ၏ ဓားရှည်နှင့် ဓားတိုသည် လှုပ်ရှားသွားပြီး ငှက်၏ရင်ဘတ်ကို တိုက်ခိုက်သည်။

ငှက်က တောင်ပံခတ်ပြီး တစ်ကိုယ်လုံးကို လှုပ်ခါ၍ ဓားဆန္ဒကို ချက်ချင်းချေဖျက်လိုက်သည်။

“ဘုန်း”

မီးတောက်နှင့် မြူနှင်းများသည် အာကာသထဲတွင် ထိတွေ့သွားပြီး အားကောင်းသော ပေါက်ကွဲမှုသည် နေရာအနှံ့သို့ ဖြာထွက်လာသည်။

တိုက်ခိုက်နေသော ဓားကျင့်ကြံသူများက နောက်ဆုတ်ပေးလိုက်ရသည်။

လူတိုင်းက ပေတစ်သိန်းအကွာသို့ ရောက်သွားပြီး လေးနက်သောမျက်နှာထားဖြင့် ဧရာမငှက်ကြီးကို စိုက်ကြည့်နေကြသည်။

“ကောင်းပြီလေ။ ဒီငှက်ကို ရှေးခေတ်ရဲ့ ထူးခြားတဲ့သားရဲတစ်ကောင်အဖြစ် ယူဆနိုင်တယ်။ ငါယူလိုက်မယ်”

ဟွမ်ခြောက်က စကားပြောလိုက်ပြီး လက်မြှောက်၍ စာလိပ်တစ်ခုကို ဖြန့်သည်။

လောကတည်ငြိမ်ခြင်းမြေပုံ ....

ထိပ်တန်းအဆင့် ရတနာ ....

လောကတည်ငြိမ်ခြင်းမြေပုံသည် ညင်သာစွာ လှုပ်ရှားနေပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ အဆုံးမရှိသောမြင်ကွင်းနှင့်အတူ ဧရာမငှက်ကြီးသည် ပျောက်ကွယ်သွားခဲ့သည်။

“ရှေးခေတ်သားရဲတချို့က အာကာသထဲမှာ ပြန့်ကျဲနေကြတယ်။ အစ်ကိုခြောက်က အဲဒီသားရဲတွေကို စုစည်းပြီး လောကတည်ငြိမ်ခြင်းမြေပုံထဲမှာ ထည့်ထားလို့ရတယ်”

လောကတည်ငြိမ်ခြင်းမြေသည် သားရဲများပိုရှိလာလျှင် စွမ်းအားပိုကောင်းလာလိမ့်မည်။

ထိုအရာသည် ဟန်မူယဲ့၏ ဓားစံအိမ်နှင့် တူညီသည်။

ဟွမ်ခြောက်၏လုပ်ဆောင်ချက်ကြောင့် လီချင်းရှစ်နှင့် အာခီမီပညာရှင်များက ဆွံ့အသွားကြသည်။

‘ဒါက ကောင်းကင်နင်းခြေမိစ္ဆာဘုရင်ရဲ့ နည်းလမ်းလား’

‘သူ့ရတနာကို ကောင်းကင်အံ့ဖွယ်ကမ္ဘာရဲ့ အမတ်ချုပ်ကြီးဟန်က ပေးထားတာလို့ ပြောကြတယ်’

သူတို့က ထိုအခြေအနေအတွက် မနာလိုဖြစ်ရန်ပင် မတတ်နိုင်တော့ပေ။

သူတို့က ရှေ့ဆက်သွားသောအခါတွင် ပိုမိုသန်မာသော သားရဲများကို တွေ့လာရသည်။

ထိုထဲမှ သားရဲတစ်ကောင်သည် ရှေးခေတ်နတ်ဘုရားသားရဲဖြစ်သော မဟာကျောင်း ဖြစ်သည်။ ထိုသားရဲ၏ ခွန်အားသည် တာအိုဘိုးဘေးအဆင့်သို့ ရောက်နေသည်။

လက်ရှိ ကျင့်ကြံခြင်းလောကတွင် ထိုခွန်အားသည် ထိပ်တန်းအဆင့် ဖြစ်သည်။

သားရဲက ခြေလေးဖက်နှင့် ဦးချိုနှစ်ချောင်းကို လှုပ်ရှားပြီး အလွန်လျင်မြန်စွာ ပြေးလာသည်။ ထိုသားရဲ၏ တိုက်ခိုက်မှုတိုင်းသည် လောကကို ဖျက်ဆီးပစ်ရန် လုံလောက်သည်။

ထိုနတ်ဘုရားသားရဲသည် လမ်းပိတ်ထားပြီး ဓားကျင့်ကြံသူများ၏ တိုက်ခိုက်မှုသည် နတ်ဘုရားသားရဲကို မထိခိုက်စေခဲ့ပေ။

ဓားအလင်းက မည်သို့ပင် သန်မာပါစေ နတ်ဘုရားသားရဲ၏ ကိုယ်ပေါ်တွင် အမှတ်အသားတစ်ခုကိုပင် မချန်နိုင်ခဲ့ပေ။

“ခွေးတစ်ကောင်နဲ့တူပေမဲ့ ကျားသစ်တစ်ကောင်လို လှုပ်ရှားနိုင်တယ်။ နွားသိုးဦးချိုတွေကို ပိုင်ဆိုင်ထားပြီး ခွေးဟောင်သံလိုမျိုး ဟိန်းဟောက်တယ်။ ဒါက မင်္ဂလာသားရဲတစ်ကောင်ပဲ”

လက်ထဲတွင် စာလိပ်ကိုင်ထားသော လီချင်းရှစ်က စိတ်လှုပ်ရှားစွာ ပြောသည်။

“ဒီသားရဲရှိတဲ့နေရာမှာ ကောက်ပဲသီးနှံငါးမျိုးက အထွက်တိုးပြီး ဝိညာဉ်ဆေးပင်တွေ ပြန့်ပွားနေလိမ့်မယ်လို့ ပြောကြတယ်”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ပျော်ရွှင်စွာ ဝင်ပြောသည်။

ထိုသားရဲ၏ တည်ရှိမှုကြောင့် သူတို့က နတ်ဘုရားခုံရုံး၏ တော်ဝင်ဆေးပင်ဥယျာဉ်နှင့် သိပ်ဝေးတော့မည်မဟုတ်ပေ။

“ဒီသားရဲက တကယ်အားကောင်းတယ်။ ငါစိုးရိမ်မိတာက ....”

အကြီးအကဲတစ်ယောက်၏ စကားမဆုံးခင် ဟွမ်ခြောက်က သင်္ဘောပျံပေါ်တွင် ခြေတစ်လှမ်းတိုးလိုက်သည်။

သူက နတ်ဆိုးနဂါးပုံရိပ်ကို ဖန်တီးပြီး ပေတစ်သောင်းမြင့်မားသော မိစ္ဆာအလင်းကို ထုတ်လွှတ်၍ လက်သီးထိုးချသည်။

“ဘန်း”

လက်သီးချက်သည် နတ်ဘုရားသားရဲ မဟာကျောင်း၏ ဦးချိုနှစ်ခုကြားသို့ တိကျစွာ ရောက်သွားသည်။ မိစ္ဆာအငွေ့အသက်ကို ကောင်းကင်အထိ ထုတ်လွှတ်ပေးနေသည့် ပေသုံးထောင်ကြီးမားသော နတ်ဘုရားသားရဲက ယိမ်းယိုင်သွားပြီး မတ်တပ်မရပ်နိုင်တော့ပေ။

လက်သီးတစ်ချက် ....

ဓားကျင့်ကြံသူများကို နောက်ဆုတ်သွားစေခဲ့သော နတ်ဘုရားသားရဲသည် လက်သီးတစ်ချက်ကြောင့် ရှုံးနိမ့်သွားရသည်။

ဟွမ်ခြောက်က ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး နတ်ဘုရားသားရဲမဟာကျောင်း၏ လည်ပင်းကို တက်နင်းထားသည်။

“အညံ့ခံစမ်း”

သူက ပြောသည်။

“ငါ့သမီးရဲ့ အစောင့်အရှောက်သားရဲ ဖြစ်မလာရင် မင်းကို အရေခွံခွာပြီး နတ်ဘုရားလက်နက်တစ်ခုအဖြစ် သန့်စင်ပစ်မယ်”

နတ်ဘုရားသားရဲများသည် အလွန်သန်မာပြီး သန့်စင်သောဝိညာဉ်နှင့် ကျင့်ကြံသူများထက် ပိုမိုမြင့်မားသော အသိဉာဏ်ကို ပိုင်ဆိုင်ထားကြသည်။

ဟွမ်ခြောက်၏ ခြေထောက်အောက်တွင် နတ်ဘုရားသားရဲ မဟာကျောင်းသည် တုံ့ဆိုင်းမနေဘဲ ပါးစပ်ဖွင့်၍ ‌ရွှေရောင်သွေးအဆီအနှစ်ကို အန်ထုတ်သည်။

ဟွမ်ခြောက်က ရယ်လိုက်ပြီး သွေးအဆီအနှစ်ကို ဟွမ်ကျစ်ဟူဆီသို့ ပေးသည်။

ထိုအဆီအနှစ်ကို သန့်စင်လိုက်လျှင် ကိုယ်ပိုင်ကျင့်ကြံဆင့် တိုးတက်လာမည့်အပြင် အစောင့်အရှောက်အဖြစ် တာအိုဘိုးဘေးအဆင့် နတ်ဘုရားသားရဲတစ်ကောင်ကိုလည်း ရရှိလိမ့်မည်။

ယွင်သွမ့်က ဟွမ်ကျစ်ဟူကို အားကျစွာကြည့်သည်။

‘သူမက အဖေကောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ....’

“အဖေ၊ သမီးက ဓားကျင့်ကြံသူတစ်ယောက်ပါ။ သမီးရဲ့လက်အောက်မှာ ဓားကျင့်ကြံသူတွေ အများကြီးရှိနေတယ်။ အဲဒီသားရဲကို ဘာဖြစ်လို့ လိုအပ်မှာလဲ”

ဟွမ်ကျစ်ဟူက မောက်မာစွာ ပြောသည်။

သူမ၏စကားကြောင့် နောက်တွင်ရှိနေသော ဓားကျင့်ကြံသူများက ဓားအလင်းကို ထုတ်လွှတ်လိုက်ကြသည်။

‘တာအိုဘိုးဘေးအဆင့်မှာ ရှိနေတဲ့ နတ်ဘုရားသားရဲဆိုရင်ရော ဘာဖြစ်လဲ’

‘ဓားဝင်္ကပါရဲ့ အကူအညီနဲ့ဆိုရင် ငါတို့က အဲဒီသားရဲကို ချက်ချင်းသတ်ပစ်နိုင်တယ်’

“အမေ့ကို ပေးလိုက်ပါ။ နတ်ဘုရားသားရဲနဲ့ဆိုရင် ပိုပြီးစိတ်အေးရတာပေါ့”

ဟွမ်ကျစ်ဟူက ပြောသည်။

ဟွမ်ခြောက်က ပြုံးလိုက်ပြီး ခေါင်းညိတ်၍ လုချန်းဖျင်၏ဘေးသို့ ရောက်သွားသည်။

သင်္ဘောပျံများက ဆက်လက်ထွက်ခွာလာသောအခါတွင် လုချန်းဖျင်က ကြောင်တစ်ကောင်နှင့်တူသော သားရဲလေးကို ပွေ့ထားခဲ့သည်။

ဤနယ်မြေတွင် ထူးခြားသောသားရဲများသာမက ရှေးခေတ်ရုပ်သေးများလည်း ရှိနေကြသည်။

တိုက်ပွဲဝင်ချပ်ဝတ်နှင့် အစောင့်အရှောက်ရုပ်သေးများသည် သန်မာသောတိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည့်အပြင် သေဆုံးခြင်းကိုလည်း မကြောက်ကြပေ။

စစ်သည်သုံးထောင်က လမ်းပိတ်ထားသောအခါတွင် ဟန်မူယဲ့က ပထမဆုံးအကြိမ်အဖြစ် လှုပ်ရှားလိုက်သည်။

All Chapters