← Chapters

အခန်း (၇၇၅)

Vol. 56 Ch. 775

အခန်း (၇၇၅)

Vol. 56 Ch. 775

စစ်သည်သုံးထောင်သည် လှံရှည်များကို ကိုင်ထားပြီး လေးနက်သောမျက်နှာထားဖြင့် ရှိနေကြသည်။ သူတို့၏ စစ်တပ်ဝင်္ကပါက ခိုင်မာပြီး သန်မာသောသတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်နေသောကြောင့် သားရဲများကပင် မချဉ်းကပ်ရဲကြပေ။

အထူးသဖြင့် ထိုစစ်သည်များ၏ရှေ့တွင် ရပ်နေသော စစ်တပ်ခေါင်းဆောင် ဖြစ်သည်။ သူ့မျက်လုံးထဲတွင် အသိစိတ်တချို့ရှိပြီး အစိမ်းရောင်အငွေ့အသက်နှင့် အလင်းစက်ကွင်းတစ်ခုကို ထုတ်လွှတ်ထားသည်။

“ဘယ်တောင်ပံစစ်တပ်ရဲ့ စစ်သူကြီးက ဒီနေရာမှာ ရှိနေတယ်။ မင်းတို့ အခွင့်မရှိတဲ့လူတွေ ချက်ချင်းနောက်ဆုတ်သွားကြစမ်း”

ထိုစစ်သူကြီးသည် နတ်ဘုရားခုံးရုံး၏ အဆင့်ငါးစစ်သူကြီးချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ပြတ်သားသောမျက်နှာထားဖြင့် ဓားရှည်ကို ထုတ်ယူသည်။

သူ့အသံကြောင့် ပတ်ဝန်းကျင်သည် ချီစွမ်းအင်ဖြင့် တုန်ခါနေသည်။ စစ်တပ်ဝင်္ကပါ၏စွမ်းအားသည် စုစည်းနေပြီး ပေတစ်ထောင်ရှည်လျားသော ရှေ့သို့ညွှန်ပြနေသည့် လှံတစ်ချောင်းအဖြစ် ပြောင်းလဲသွားသည်။

လှံရှည်သည် အာကာသကို လျင်မြန်စွာဖြတ်သန်းပြီး သင်္ဘောပျံများဆီသို့ တိုးဝင်လာခဲ့သည်။

လှံရှည်၏ ထိုး‌ဖောက်မှုကြောင့် လေဟာနယ်သည် တစ်လက်မချင်းစီ ပျက်စီးသွားသည်။ စုစည်းနေသော ချီစွမ်းအင်အလင်းသည် မိုင်ရာချီပတ်ဝန်းကျင်ကို လွှမ်းခြုံပြီး အရာအားလုံးကို ပိတ်လှောင်လိုက်သည်။

အားလုံး၏ဝိညာဉ်သည် လှံရှည်ကြောင့် တုန်လှုပ်သွားပုံရပြီး သားရဲများက မထိန်းချုပ်နိုင်တော့ဘဲ တစ်ကိုယ်လုံး တုန်ခါနေကြသည်။

ဟွမ်ခြောက် သင်္ဘောပျံ၏ရှေ့တွင် ရပ်နေသည်။

သူမတိုက်ခိုက်ခင် ဟန်မူယဲ့က ရှေ့တစ်လှမ်းတိုးလိုက်ပြီး လှံရှည်ကို တားဆီးသည်။

သူက လက်မြှောက်ပြီး ဓားထုတ်သည်။

“ခလွမ် ....”

ဓားရှည်သည် အံ့အားသင့်စရာ‌ကောင်းသော အလင်းရောင်နှင့်အတူ ဓားအိမ်ထဲမှ ထွက်လာပြီး လှံရှည်၏ထိပ်ဖျားကို ဓားသွားဖြင့် ခုခံလိုက်သည်။

သူက နောက်ဆုတ်မသွားပေ။

ဟန်မူယဲ့၏နောက်တွင် ပုံရိပ်ယောင်ဆန်သော ကိုးထပ်ဓားစံအိမ်တစ်ခု ရှိနေသည်။

သူက နတ်ဘုရားသားရဲပါ့ရှား၏ လွှမ်းမိုးနိုင်စွမ်းရှိသော ခွန်အားနှင့် ပြိုင်ဘက်ကင်းဓားစွမ်းရည်ကို ပိုင်ဆိုင်ထားသောကြောင့် ရှေးခေတ်နတ်ဘုရားခုံရုံး၏ ဝင်္ကပါကပင် သူ့ကို နောက်ဆုတ်မသွားစေနိုင်ပေ။

ထိုလှံရှည်သည် လေဟာနယ်ကို ထိုးခွဲပြီး တာအိုဘိုးဘေးထက် ကျော်လွန်နေသော စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း ဟန်မူယဲ့ကို ခြေတစ်လှမ်းနောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

ဓားသွားသည် လှံရှည်နှင့် ထိတွေ့သွားသောအချိန်တွင် စစ်သည်များအားလုံးက တုန်ခါသွားကြသည်။ သူတို့၏ တင်းမာသောမျက်နှာထားသည် အံ့အားသင့်မှုဖြင့် ပြည့်နေသည်။

“ဘုန်း”

သူက ဓားဖြင့် ထိုသွင်းလိုက်သောအခါတွင် လှံရှည်သည် ပျက်စီးသွားခဲ့သည်။

“ရဲတင်းလိုက်တာ ....”

စစ်သူကြီး၏ မျက်နှာထားက လေးနက်နေပြီး ခပ်အုပ်အုပ် အော်ဟစ်သည်။ သူက ရှေ့သို့ ခုန်ထွက်လာပြီး ဓားရှည်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်၍ ဟန်မူယဲ့ကို ခုတ်ချသည်။

ဓားသည် တောက်ပနေသောအလင်းနှင့် မိုးခြိမ်းသံကို သယ်ဆောင်ထားသည်။

ဟန်မူယဲ့က လက်မြှောက်သည်။ ဓားသွားသည် အနည်းငယ်တုန်ခါနေပြီး ဓားနှစ်လက်သည် ထိတွေ့သွားခဲ့သည်။

“ခလွမ် ....”

စစ်သူကြီး၏ ပြင်းထန်သောတိုက်ခိုက်မှုကို လွယ်ကူစွာ တားဆီးခဲ့သည်။

စစ်သူကြီး၏ မျက်နှာထားက ပြောင်းလဲသွားပြီး ဓားကို ဆွဲယူရန် ကြိုးစားသည်။ သို့သော် သူ့ဓားက ဟန်မူယဲ့၏ဓားနှင့် ကပ်နေပြီး ဆွဲမထုတ်နိုင်ခဲ့ပေ။

“ဟူး ....”

သူက ဓားကို စွန့်ပစ်လိုက်ပြီး ရှေ့သို့တစ်လှမ်းတိုး၍ ဟန်မူယဲ့၏ရင်ဘတ်ကို လက်သီးဖြင့်ထိုးချသည်။

ထိုလက်သီးချက်သည် အားကောင်းပြီး လေးလံသည်။ သူ့နောက်တွင် ရွှေနဂါးပုံရိပ်များနှင့် ရောနှောနေသော နွားသိုးကိုးကောင်၏ ဦးခေါင်းများကို မြင်လိုက်ရသည်။

ဟန်မူယဲ့က လက်ထဲတွင်ရှိသောဓားကို သိမ်းလိုက်ပြီး စစ်သူကြီး၏ဓားကို ဆွဲယူ၍ ဘယ်ဘက်လက်ကို ဖြည်းဖြည်းချင်း လှုပ်ရှားသည်။

တောင်တန်းနှင့်မြစ်ကို ဖျက်ဆီးနိုင်ပုံရသော စစ်သူကြီး၏ လက်သီးချက်သည် ဟန်မူယဲ့၏ ဘယ်ဘက်လက်နှင့် သုံးလက်မအကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

စွမ်းအားများအားလုံးသည် ရုတ်တရက် ရပ်တန့်သွားသောကြောင့် အားပြင်းသောလေပြင်းတစ်ခုကို ဖြစ်လာစေသည်။

စစ်သူကြီးက ဟန်မူယဲ့၏လက်ထဲတွင်ရှိသော ကျောက်စိမ်းတံဆိပ်ပြားကို ကြည့်လိုက်ပြီး မျက်လုံးပြူးသွားသည်။ သူက တစ်ကိုယ်လုံး တုန်ခါနေသည်။

“အရှင်မင်းကြီး ....”

စစ်သူကြီးက မျက်ရည်များကျဆင်းနေပြီး ဟန်မူယဲ့၏ရှေ့တွင် ဖြည်းဖြည်းချင်း ဒူးထောက်လိုက်သည်။

“အရှင်မင်းကြီး ကျွန်တော်မျိုးက လွန်ခဲ့တဲ့နှစ်ပေါင်းလေးသိန်းမှာ ဘယ်တောင်ပံစစ်တပ်ရဲ့ စစ်သူကြီးရှကျန်းဟူပါ။ နောက်ဆုံးမှာတော့ အရှင်မင်းကြီးပြန်လာတာကို မြင်လိုက်ရပြီ”

ဟန်မူယဲ့က ရွှေရောင်ဖြင့် ရေးထိုးထားသော မူရုံကျန်း၏ နာမည်တံဆိပ်ပြားကို သိမ်းလိုက်ပြီး တည်ငြိမ်စွာပြောသည်။

“မတ်တပ်ရပ်ပါ”

....

စစ်သည်တစ်ထောင်သည် ဝင်္ကပါဖွဲ့စည်းပြီး သင်္ဘောပျံ၏ရှေ့တွင် လမ်းရှင်းပေးနေကြသည်။

ရှကျန်းဟူက ဟန်မူယဲ့၏ဘေးတွင် ဖြောင့်မတ်သော လှံရှည်တစ်ချောင်းကဲ့သို့ တည်ငြိမ်စွာရပ်နေသည်။

ဟန်မူယဲ့က တိတ်ဆိတ်နေပြီး ရှကျန်းဟူ၏ဓားထဲသို့ ချီစွမ်းအင်ကို ထည့်သွင်းလိုက်သည်။

“ဝီ”

ဓားရှည်သည် ညင်သာစွာတုန်ခါသွားပြီး ပုံရိပ်များသည် ဟန်မူယဲ့၏စိတ်ထဲတွင် ပေါ်လာကြသည်။

ထိုဓားကို စစ်တပ်၏ ခေါင်းဆောင်ပိုင်းများအတွက် ရှေးခေတ်နတ်ဘုရားခုံရုံးက အထူးပြုလုပ်ခဲ့သည်။

ဓား၏အဆင့်သည် သာမန်သာဖြစ်သော်လည်း ဓားအတွက် အသုံးပြုထားသော ဝိညာဉ်သတ္တုများသည် အလွန်ကောင်းမွန်သည်။

ရှကျန်းဟူ၏ နှစ်ပေါင်းမရေမတွက်နိုင်သော မှတ်ဉာဏ်များသည် ဓားရှည်ထဲတွင် ပါဝင်နေသည်။

အလွန်မရှုပ်ထွေးပေ။

သူက အစပိုင်းတွင် စစ်မြေပြင်၏ နည်းဗျူဟာများကို တာဝန်ယူထားသော စစ်သူကြီးတစ်ယောက် ဖြစ်သည်။ နောက်ပိုင်းတွင် အောင်မြင်မှုများ ရရှိလာပြီး နတ်ဘုရားခုံရုံး၏ အစောင့်အကြပ်စစ်သူကြီးအဖြစ် ရာထူးတိုးသွားခဲ့သည်။

နောက်ပိုင်းတွင် မှူးမတ်ကျန့်ယွမ်က နတ်ဘုရားခုံရုံးကို သစ္စာဖောက်ပြီး နတ်ဘုရားခုံရုံးက ပျက်စီးသွားသောအခါတွင် သူနှင့် စစ်တပ်ခေါင်းဆောင်တချို့က ဤနယ်မြေတွင် ရှိနေသော နတ်ဘုရားခုံရုံး၏ အစိတ်အပိုင်းတချို့နှင့် တော်ဝင်ဆေးပင်ဥယျာဉ်ကို စောင့်ကြပ်နေခဲ့ကြသည်။

သူတို့က နှစ်ပေါင်းမရေမတွက်နိုင်အောင် ဤနေရာတွင် နေထိုင်ပြီး နတ်ဘုရားဧကရာဇ် ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။

ဤနေရာတွင် အားကောင်း‌သော အာကာသသားရဲများ ပြန့်ကျဲနေကြသောကြောင့် တခြားလူများက ဤနေရာကို ရှာတွေ့သွားနိုင်သည်။ သူတို့က ထိုအချက်ကို စိုးရိမ်နေသောကြောင့် အပြင်လူများနှင့် မဆက်သွယ်ဘဲ တစ်ချိန်လုံး ရှိနေခဲ့ကြသည်။

“ရှကျန်းဟူ၊ ကျူးယွမ်ရှန်၊ သွမ်မင်၊ လုကျူးရှန့် ....”

ဟန်မူယဲ့က ထိုစစ်သူကြီးများ၏နာမည်ကို ရေရွတ်လိုက်ပြီး မနေနိုင်တော့ဘဲ ခံစားချက်များ ပြင်းထန်လာခဲ့သည်။

ထိုလူများသည် ဤနေရာတွင် နှစ်သိန်းချီအောင် နေထိုင်ခဲ့ပြီး နတ်ဘုရားခုံရုံးအား ပြန်လည်တည်ဆောက်မည့် နတ်ဘုရားဧကရာဇ်ကို စောင့်ဆိုင်းနေကြသည်။

ရှေးခေတ်နတ်ဘုရားခုံရုံးသည် အတိတ်တွင် ပျက်စီးသွားခဲ့ပြီး ပြန်လည်တည်ဆောက်ရန် မဖြစ်နိုင်တော့ကြောင်း သူတို့က သတိမထားမိကြပေ။

“ငါက မင်းစောင့်နေတဲ့ နတ်ဘုရားဧကရာဇ် မဟုတ်ဘူး။ သူက အင်မော်တယ်တက်လှမ်းစင်မြင့်ကို ချပ်ပိတ်ဖို့အတွက် သူ့ကိုယ်သူ စတေးသွားပြီ”

ဟန်မူယဲ့က ဓားကိုလွှတ်လိုက်ပြီး ညင်သာစွာပြောသည်။

သူက ရှကျန်းဟူကို မလိမ်ညာနိုင်ပေ။

ရှကျန်းဟူက တစ်ကိုယ်လုံးတုန်ခါနေပြီး ဝမ်းနည်းသွားသည်။

သူက ‌ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

“ကျွန်တော်သိပါတယ်”

“ဒါပေမဲ့ ဒီနေရာကို နတ်ဘုရားဧကရာဇ်ရဲ့ နာမည်တံဆိပ်ပြားနဲ့အတူ ရောက်လာတဲ့လူက နတ်ဘုရားဧကရာဇ်ရဲ့ အမွေဆက်ခံသူပဲ ဖြစ်လိမ့်မယ်”

ရှကျန်းဟူက ပြောသည်။

“ကျွန်တော်တို့ အစောင့်တွေက အရှင့်ရဲ့အမိန့်ကို နာခံမှာပါ”

ထို့နောက် သူက လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ဦးညွတ်သည်။

“ဧကရာဇ်ငယ်ကို နှုတ်ခွန်းဆက်သပါတယ်”

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

လူတိုင်းသည် ကိုယ်ပိုင်ခံယူချက်များ ရှိကြသည်။

နတ်ဘုရားခုံရုံး၏ အဖွဲ့ဝင်ဟောင်းများသည် နတ်ဘုရားဧကရာဇ်နှင့် နတ်ဘုရားခုံရုံးကို ပြန်မြင်ရန် မျှော်လင့်ထားကြသည်။ သူတို့က နတ်ဘုရားခုံရုံး၏ ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက်ချင်ကြသည်။

သူတို့က ဟန်မူယဲ့ကို ဧကရာဇ်ငယ်အဖြစ် သတ်မှတ်ထားပြီး နှလုံးသားထဲတွင်ရှိသော ခံယူချက်ကို ပျက်စီးမသွားစေခဲ့ပေ။

“ငါက တော်ဝင်ဆေးဥယျာဉ်ကို ပြန်ဖွင့်ဖို့ စီစဉ်ထားတယ်”

ဟန်မူယဲ့က ရှုကျန်းဟူကို ကြည့်လိုက်ပြီး ပြောသည်။

“ဧကရာဇ်ငယ်၊ တော်ဝင်ဆေးဥယျာဉ်ထဲမှာ မိစ္ဆာအဖြစ်ပြောင်းသွားတဲ့ အင်မော်တယ်ဆေးပင်တွေ အများကြီးရှိနေတယ်။ တချို့ဆေးပင်မိစ္ဆာတွေက ပြိုင်ဘက်ကင်းတဲ့ တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားကြတယ်။ ကျွန်တော်တို့က ရွေးချယ်စရာမရှိဘဲ အကာအကွယ်ဝင်္ကပါနဲ့ ချိပ်ပိတ်ထားခဲ့ရတယ်။ ဆေးပင်ဥယျာဉ်ကို နှစ်ပေါင်းများစွာကြာအောင် ပြန်မဖွင့်ခဲ့ဘူး”

အင်မော်တယ်ဆေးပင်များသည် မိစ္ဆာများ ဖြစ်လာကြသည်။

နတ်ဘုရားခုံရုံး၏ အစောင့်တပ်သားများပင် မဖိနှိပ်နိုင်သော ပြိုင်ဘက်ကင်းမိစ္ဆာလည်း ရှိနေသည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ဘယ်တောင်ပံစစ်တပ်၏ ရှကျန်းဟူ၊ ကျူးယွမ်ရှန်၊ သွမ်မင်၊ လုကျူးရှန့်နှင့် တခြားစစ်သူကြီးခြောက်ဦးသည် စစ်တပ်ကို ဦးဆောင်ပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်ကြသည်။

သူတို့က ဟန်မူယဲ့ကို အရှင်မင်းကြီးဟု ခေါ်ဆိုကြသည်။

ဟန်မူယဲ့တွင် နာမည်အများအပြား ရှိနေသည်။

အံ့ဖွယ်ကိုးပါးတောင်၏ တပည့်များသည် သူ့ကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ကြသည်။ ကောင်းကင်အံ့ဖွယ်ကမ္ဘာနှင့် အလယ်ပိုင်းကုန်းမြေမှ လူများသည် သူ့ကို အမတ်ချုပ်ကြီးဟန်ဟု ခေါ်ကြသည်။

ရှကျန်းဟူနှင့် တခြားလူများက ဟန်မူယဲ့ကို နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်နယ်မြေသို့ ခေါ်ဆောင်သွားခဲ့သည်။

စစ်သည်သုံးသိန်းနှင့် နတ်ဘုရားခုံရုံးခေတ်မှ ကြွယ်ဝသော အရင်းအမြစ်များကြောင့် သူတို့က သန်းချီသော နတ်ဘုရားခုံရုံး၏ ပြည်သူများနှင့် နှစ်သောင်းချီသမိုင်းကြောင်းရှိသော မျိုးဆက်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြသည်။

ဟန်မူယဲ့က ဧကရာဇ်ငယ်အဖြစ် ပြန်ရောက်လာသောအခါတွင် မရေမတွက်နိုင်သော လူများသည် ငိုကြွေးလိုက်ပြီး ဒူးထောက်လျက် အရိုအသေပေးနေကြသည်။

လူတိုင်းသည် ခေါင်းပေါ်တွင်ရှိနေသော နတ်ဘုရားဧကရာဇ်ကို မလိုချင်သော်လည်း သူတို့က နတ်ဘုရားခုံရုံး၏ ပြည်သူများဖြစ်သောကြောင့် မျိုးဆက်တစ်လျှောက် လက်ဆင့်ကမ်းလာသော စွဲလမ်းစိတ်တစ်ခုကို ပိုင်ဆိုင်ထားကြသည်။

ထိုအရာသည် နန်းမြို့တော်မှ ပြည်သူများ၏ အရိုးထဲအထိ စွဲနေသော ဂုဏ်ကျက်သရေတစ်ခု ဖြစ်သည်။

“တော်ဝင်ဆေးပင်ဥယျာဉ်ကို ရှာဖွေပြီးတဲ့အခါ ဒီမှာရှိတဲ့လူတွေက တခြားကမ္ဘာတွေကို သွားချင်ရင် သွားကြည့်နိုင်တယ်”

ဟန်မူယဲ့က တောင်တန်းနှင့်မြစ်များကို ဖြတ်ကျော်၍ မိုင်သောင်းချီအကွာသို့ ရောက်လာပြီး ပျက်စီးနေသော မြို့တံတိုင်းကို မြင်လိုက်ရသောအခါတွင် ညင်သာစွာ ပြောသည်။

သူ့နောက်တွင် ဓားကျင့်ကြံသူနှင့် အာခီမီပညာရှင်များအပြင် လှံရှည်ကိုင်ထားသော ရွှေရောင်ချပ်ဝတ်များနှင့် စစ်သည်တစ်ထောင်သည်လည်း လေးနက်သောမျက်နှာထားများဖြင့် ရှိနေကြသည်။

ထိုစစ်သည်များကို မြို့စောင့်ခြံဝိုင်းမှ စီစဉ်ပေးလိုက်သည်။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းနှင့် ကျင့်ကြံခြင်းက အဓိကမဟုတ်ဘဲ သူတို့၏ ဖြောင့်မတ်မှုနှင့် ဂုဏ်သိက္ခာသည် အဓိကဖြစ်သည်။

ဟန်မူယဲ့၏ဘေးတွင် ရှုကျန်းဟူနှင့် တခြားလူများက ခေါင်းညိတ်လိုက်ကြပြီး ပြောသည်။

“ဟုတ်ကဲ့ပါအရှင်မင်းကြီး။ အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ဘယ်တောင်ပံနန်းမြို့တော်မှာရှိတဲ့ ပြည်သူပြည်သားတိုင်းကို ပြောပြလိုက်ပါမယ်”

ဤနေရာသည် နတ်ဘုရားခုံရုံး၏ အကြွင်းအကျန်တစ်ခု ဖြစ်သော်လည်း အပြင်လောကနှင့် ဆက်သွယ်မှုမရှိပေ။

ဤနေရာတွင်ရှိသော အမွေအနှစ်သည် ရှေးခေတ်နှင့် တူညီနေဆဲဖြစ်သည်။

တိုက်ခိုက်ခြင်းနည်းစနစ်နှင့် ကျင့်ကြံခြင်းနည်းစနစ် အများစုသည် ခေတ်နောက်ကျနေသည်။

“ဝီ”

ရှေ့တွင်ရှိနေသော မြို့တံတိုင်းအပျက်တွင် အသက်ကိုးခုကြောင်ကလန်မှ ကောင်းကင်အဆင့် ကျွမ်းကျင်သူသုံးဦး၏ ပုံရိပ်များသည် ဖျတ်ခနဲ လှုပ်ရှားသွားကြသည်။ သူတို့၏နောက်တွင် မရေမတွက်နိုင်သော နွယ်ပင်များသည် မြို့တံတိုင်းကို လွှမ်းခြုံလိုက်ကြသည်။

ပျက်စီးနေသော မြို့တံတိုင်းသည် ချက်ချင်းဆိုသလိုပင် နွယ်ပင်သစ်ရွက်များဖြင့် စိမ်းလန်းလာသည်။ နွယ်ပင်များက ယိမ်းထိုးနေပြီး အစိမ်းရောင်အလင်းကို ထုတ်လွှတ်ပေးနေကြသည်။

“ဒီနေရာက တော်ဝင်ဆေးပင်ဥယျာဉ်ရဲ့ အစွန်အဖျားပဲ။ ဒါပေမဲ့ အဲဒီမိစ္ဆာတွေက ဒီနေရာကိုလည်း လွှမ်းမိုးထားကြပြီ”

ခန္ဓာကိုယ်ကြံ့ခိုင်သော စစ်သူကြီးတစ်ယောက်က ရှက်သွားပြီး တီးတိုးပြောသည်။

သူတို့က ဤနေရာကို ကာကွယ်ရမည်။ သို့သော် မိစ္ဆာများကို မထိန်းချုပ်နိုင်ခဲ့ကြပေ။ ယခုအချိန်တွင် နတ်ဘုရားဧကရာဇ်၏ အမွေဆက်ခံသူဖြစ်သော ဟန်မူယဲ့က ပြန်ရောက်လာသောကြောင့် သူတို့က ရှက်ရွံ့မှုကို ခံစားနေရသည်။

“အမတ်ချုပ်ကြီးဟန်၊ ကျွန်တော်တို့က မီးအမျိုးအစားဓားနည်းစနစ်နဲ့ အဲဒီနွယ်ပင်တွေကို ပြာချပစ်နိုင်ပါတယ်”

အနီရောင်ဝတ်စုံနှင့် ဓားကျင့်ကြံသူတစ်ယောက်က ကျယ်လောင်စွာပြောသည်။

သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ ဓားကျင့်ကြံသူ ကျန်းရွှမ်ကျန့် ဖြစ်သည်။ သူ၏ ဓားကျင့်ကြံခြင်းသည် လေးနက်သောအဆင့်သို့ ရောက်နေပြီး တာအိုလမ်းစဉ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

လက်ရှိအချိန်တွင် ကောင်းကင်အံ့ဖွယ်ကမ္ဘာမှ တာအိုအင်အားစုသည် ဟန်မူယဲ့၏နောက်သို့ နီးကပ်စွာ လိုက်နေသည်။

တာအိုအင်အားစုသည် ထိုသို့ပင်ဖြစ်သည်။ အရေးကြီးသောအချိန်တွင် အကောင်းဆုံးရွေးချယ်မှုကို ပြုလုပ်နိုင်သည်။

“မဟုတ်ဘူး။ မဟုတ်ဘူး”

လီချင်းရှစ်၏နောက်တွင် ရှိနေသော အဖြူရောင်မုတ်ဆိတ်နှင့် လူအိုကြီးတစ်ယောက်သည် လျင်မြန်စွာ အော်ဟစ်လိုက်သည်။

လီချင်းရှစ်၏နောက်တွင် ရှိနေသော အာခီမီပညာရှင်များအားလုံးသည် ဓားကျင့်ကြံသူများနှင့် မြို့တံတိုင်းကြားတွင် ရပ်နေနိုင်မည်ဟု မျှော်လင့်ကြသည်။

“တိမ်တိုက်နွယ်ပင်နဲ့ပြည့်နေတဲ့ မြို့တံတိုင်းတစ်ခုပဲ။ ဆေးလုံးတွေ အများကြီးသန့်စင်နိုင်လိမ့်မယ်။ မင်းသိရဲ့လား”

လီချင်းရှစ်နှင့် အာခီမီပညာရှင်များက ဓားကျင့်ကြံသူများနှင့် မတူဘဲ စိတ်လှုပ်ရှားနေကြသည်။

မတူညီသော ကျင့်ကြံသူများသည် မတူညီသော အမြင်ကို ပိုင်ဆိုင်ထားကြသည်။

“တစ်နာရီအချိန်ပေးမယ်။ တစ်နာရီအတွင်း တိမ်တိုက်နွယ်ပင်တွေကို မယူနိုင်ဘူးဆိုရင် တစ်ခါတည်း မီးရှို့ပစ်လိုက်တော့မယ်”

ဟန်မူယဲ့က လီချင်းရှစ်ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောသည်။

‘တစ်နာရီတည်းလား’

လီချင်းရှစ်၏မျက်နှာထားက အနည်းငယ်တောင့်တင်းသွားသည်။ သို့သော် သူက အံကြိတ်ထားပြီး ပြောသည်။

“ကောင်းပြီ။ တစ်နာရီပေါ့”

သူက အာခီမီပညာရှင်များကို ဦးဆောင်၍ မြို့တံတိုင်း၏အစွန်သို့ ရောက်သွားသည်။

ဟန်မူယဲ့က လက်မြှောက်လိုက်သောအခါတွင် ဓားကျင့်ကြံသူများသည် ပြေးထွက်သွားကြပြီး အာခီမီပညာရှင်များကို တိတ်ဆိတ်စွာ စောင့်ကြပ်နေကြသည်။

“အစ်ကိုဟန်၊ အာခီမီပညာရှင်တွေက ဓားသမားတွေနဲ့ ယှဉ်လိုက်ရင် တိုက်ခိုက်နိုင်စွမ်း အားနည်းတယ်။ သူတို့ကို အချင်းချင်းရင်းနှီးလာအောင် စီစဉ်ပေးနေတာလား”

မူဝမ်က ဟန်မူယဲ့ဆီသို့ လျှောက်လာပြီး တီးတိုးပြောလိုက်သည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

All Chapters