← Chapters

အခန်း (၇၇၆)

Vol. 56 Ch. 776

အခန်း (၇၇၆)

Vol. 56 Ch. 776

ဟန်မူယဲ့က ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

အာခီမီပညာရှင်များသည် တိုက်ခိုက်နိုင်စွမ်း အားနည်းသော်လည်း မိစ္ဆာအဖြစ် ပြောင်းလဲသွားသော နွယ်ပင်များနှင့် ရင်ဆိုင်ရာတွင် ပိုမိုကျွမ်းကျင်ကြသည်။

အာခီမီပညာရှင်များက စွမ်းရည်ထုတ်ပြနိုင်လျှင် ဓားကျင့်ကြံသူများက စိတ်ထားပြောင်းလဲသွားကြလိမ့်မည်။

“ဝီ”

ရှေ့တွင် အာခီမီပညာရှင်တစ်ယောက်က ချီစွမ်းအင်ဖြင့် တောက်ပနေသော မီးပြင်းဖိုတစ်လုံးကို ထုတ်လွှတ်သည်။

ဝိညာဉ်ဆေးပင်များကို မီးပြင်းဖိုထဲသို့ ထည့်သွင်းလိုက်ပြီး ဆေးစွမ်းအင်ကို ထုတ်ဖော်သည်။

ကြွယ်ဝသော ဆေးရနံ့သည် လေထုထဲတွင် ပျံ့လွင့်လာသည်။

အာခီမီဆရာသခင်များသည် ရှေ့တက်လာပြီး မီးပြင်းဖိုများကို လှုပ်ရှားလိုက်ကြသည်။

တိမ်တိုက်များသည် မီးပြင်းဖိုထဲမှ ထွက်လာကြသည်။

တိမ်တိုက်ဆေးလုံးနည်းစနစ် ....

တိမ်တိုက်များသည် မြို့တံတိုင်းဆီသို့ လွင့်မျောသွားကြသည်။ နွယ်ပင်များက အလွန်ကောင်းမွန်သော စားသောက်ပွဲတစ်ခုကို မြင်လိုက်ရသည့်အလား လှုပ်ရှားလာပြီး တိမ်တိုက်များအားလုံးကို ဝါးမြိုလိုက်ကြသည်။

ထိုတိမ်တိုက်များကို ဝါးမြိုပြီးသောအခါတွင် နွယ်ပင်များ၏ ချီစွမ်းအင်အလင်းက ပိုမိုတောက်ပလာပြီး သိသိသာသာ ကြီးထွားလာကြသည်။

ချက်ချင်းဆိုသလိုပင် နွယ်ပင်များသည် မြို့တံတိုင်း၏အပြင်ဘက်သို့ ဖြာထွက်လာကြသည်။

“ဒါက မိစ္ဆာတွေကို ဖမ်းတာလား။ ဒါမှမဟုတ် အဆင့်မြင့်ဆေးလုံးတွေ ကျွေးနေတာလား။ ငါတော့ နားမလည်ဘူး”

သက်လတ်ပိုင်းအရွယ် ဓားကျင့်ကြံသူတစ်ယောက်က ဓားရိုးပေါ်တွင် လက်တင်ထားပြီး ရေရွတ်လိုက်သည်။

သူက အရှေ့ပင်လယ်၏ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး မြင့်မားသော ကျင့်ကြံဆင့်နှင့် ကောင်းမွန်သော တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။

သူက ဓားကျင့်ကြံသူတစ်ယောက် ဖြစ်သောကြောင့် ဓားကိုသာ အားကိုးသည်။ သူက အာခီမီပညာရှင်များ၏ နည်းလမ်းကို အကောင်းမမြင်ပေ။

ဓားကျင့်ကြံသူအများစု၏ မျက်နှာထားကလည်း ထိုသို့ပင် ဖြစ်ကြသည်။

ဟန်မူယဲ့က စကားတစ်ခွန်းမှမပြောဘဲ တည်ငြိမ်စွာရှိနေသည်။ သူ့ဘေးတွင်ရှိသော မူဝမ်က ပြုံးနေသည်။

သိပ်မဝေးသောနေရာတွင် ယွင်သွမ့်နှင့် ဟွမ်ကျစ်ဟူက တစ်ယောက်ကိုတစ်ယောက် တီးတိုးပြောနေပြီး မကြာခဏ ရှေ့သို့ ညွှန်ပြနေကြသည်။

“ဝူ ....”

အစိမ်းရောင်နွယ်ပင်များက မြို့တံတိုင်း၏ပြင်ပသို့ ရောက်လာသောအခါတွင် သစ်ရွက်များက လှုပ်ရှားသွားကြပြီး ညင်သာသောအသံကို ထုတ်လွှတ်ပေးသည်။

ယိမ်းထိုးနေသော နွယ်ပင်များသည် ဖြည်းဖြည်းချင်း ငြိမ်သက်သွားကြသည်။

“တိမ်တိုက်နွယ်ပင်တွေကို မြန်မြန်စုဆောင်းကြ။ တတိယအဆင့် တိမ်တိုက်နွယ်ပင်ပြောင်းလဲခြင်းဆေးလုံးကို သန့်စင်ဖို့အတွက် အဓိကပါဝင်ပစ္စည်းပဲ”

လီချင်းရှစ်က တီးတိုးပြောလိုက်ပြီး ခြေလှမ်းကျဲကြီးများနှင့်အတူ ရှေ့တက်သွားသည်။ သူက ငွေရောင်ဓားတိုလေးတစ်ချောင်းကို ထုတ်ယူပြီး နွယ်ပင်တစ်ပင်ကို ဆုပ်ကိုင်လိုက်သည်။

သူက နွယ်ပင်ကို နှစ်ပိုင်းဖြတ်လိုက်ပြီး တီးတိုးပြောသည်။

“ဆေးလုံးတစ်လုံး၊ ဝိညာဉ်ကျောက်တုံးသန်းရှစ်ဆယ်။ ဆေးလုံးတစ်လုံး၊ ဝိညာဉ်ကျောက်တုံး သန်းရှစ်ဆယ် ....”

အာခီမီပညာရှင်များအားလုံးက ရှေ့တက်သွားပြီး တိမ်တိုက်နွယ်ပင်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်ကြသည်။

လူအများအပြားသည် ပျော်ရွှင်စွာ‌‌ အော်ဟစ်နေကြသည်။

“ငါတို့တော့ ချမ်းသာပြီ။ ငါတို့တော့ ချမ်းသာပြီ”

ထိုစကားကြောင့် နောက်တွင်ရှိနေသော ဓားကျင့်ကြံသူနှင့် စစ်သည်များက အားကျနေကြသည်။

“အဟမ်း၊ အဟမ်း။ သူတို့ သိမ်းဆည်းနေတာက မနှေးဘူးလား။ သွားကူကြရအောင်”

လူတစ်ယောက်က တီးတိုးရေရွတ်သည်။

“တတိယအဆင့်ဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းကို သိမ်းဆည်းရတဲ့နည်းလမ်းက ထူးခြားတယ်။ အလျင်စလိုလုပ်ရင် အကူအညီမဖြစ်ဘဲ ထိခိုက်သွားလိမ့်မယ်”

ဟွမ်ကျစ်ဟူက ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာပြောသည်။

သူမက မွေးစားအဖေ၏ ရည်ရွယ်ချက်ကို နားလည်သည်။ သူက အာခီမီကျင့်ကြံသူများ၏ အဆင့်အတန်းကို မြှင့်တင်ပေးချင်နေသည်။

အကယ်၍ အာခီမီပညာရှင်များက အခွင့်အရေးယူပြီး ဤခရီးစဉ်တွင် အစွမ်းမပြနိုင်လျှင် လူတိုင်းက သူတို့ကို အထင်သေးနေပြီး အနာဂတ်တွင် အသုံးပြုနိုင်သော ပစ္စည်းများအဖြစ်သာ သတ်မှတ်ကြလိမ့်မည်။

တစ်နာရီအကြာတွင် လီချင်းရှစ်နှင့် တခြားလူများက ပျော်ရွှင်စွာ ပြန်လာကြသည်။

မြို့တံတိုင်းအပြည့် ဖြစ်နေသော တိမ်တိုက်နွယ်ပင်များနှင့် သောင်းချီသော တတိယအဆင့်‌ဆေးလုံးများကို သန့်စင်နိုင်သည်။

ဤတစ်ခုနှင့်ပင် သူတို့က အကျိုးအမြတ် ရသွားသည်။

“သွားကြစို့”

ဟန်မူယဲ့က တည်ငြိမ်စွာပြောလိုက်ပြီး ရှေ့ဆက်သွားသည်။

သူတို့က မြို့တံတိုင်းကို ဖြတ်သန်းလာသောအခါတွင် မိစ္ဆာအဖြစ် ပြောင်းလဲသွားသော ဝိညာဉ်ဆေးပင်နှင့် အင်မော်တယ်ဆေးပင်များကို မြင်လိုက်ရသည်။

တချို့ဆေးပင်များသည် မိုင်ဒါဇင်ချီအထိ သစ်ကိုင်းများကို ဖြန့်ထုတ်ထားသည်။

တချို့အပင်များသည် တစ်ပင်လုံး ပန်းပွင့်များဖြင့် ပြည့်နေသော်လည်း အလွန်အန္တရာယ်များသည်။ နီးကပ်လာသော သက်ရှိတိုင်းကို ဝါးမြိုလိမ့်မည်။

တချို့သစ်ပင်များသည် အမှောင်ထဲတွင် ပုန်းကွယ်နေသော်လည်း ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်ပြီး လူများကို ဖမ်းစားနိုင်သည်။

ထိုဆေးပင်များထဲတွင် တိမ်တိုက်နွယ်ကိုးခု ကြိုးကြာမြက်ပင်သည် အလွန်အဆိပ်ပြင်းသည်။ ရှေ့တွင် လမ်းရှင်းနေသော အသက်ကိုးခုကြောင်ကလန်၏ ကျွမ်းကျင်သူများသည် သေဆုံးလုနီးပါး ဖြစ်သွားခဲ့ကြသည်။ လီချင်းရှစ်က သူတို့ကို ကယ်တင်ပေးခဲ့ရသည်။

ပေသုံးသောင်းပတ်ဝန်းကျင်ကို အဆိပ်ထုတ်ထားသော ထိုမြက်ပင်အား သိမ်းဆည်းရန်အတွက် မတူညီသော မိစ္ဆာသားရဲသုံးကောင်၏ သွေးနှင့် ကြည်လင်သောရေကို ရောနှောပြီး အဆိပ်ပြေစေရန် ရေစက်များကို ဖြန်ပေးရမည်။

အဆိပ်မြက်ပင်ဆီသို့ ရောက်လာသောအခါတွင် အဆိပ်မြူခိုးကို တားဆီးရန်အတွက် မြေကြီးဖြင့် ရစ်ပတ်လိုက်သည်။

အာခီမီပညာရှင်များ၏ အမျိုးမျိုးသော နည်းလမ်းများကြောင့် ဓားကျင့်ကြံသူများက အမြင်ကျယ်သွားကြသည်။ သူတို့၏ မောက်မာသော သဘောထားသည် ဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။

အထီးကျန်ဓားသစ်ပင်ကို စုဆောင်းသောအချိန်တွင် ဓားအလင်းများက ပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး အာခီမီပညာရှင်များကို တားဆီးထားခဲ့ကြသည်။

ထိုအချိန်တွင် ဓားကျင့်ကြံသူများက လှုပ်ရှားလိုက်ပြီး ဓားအလင်းကို တားဆီးထားကြသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူ၍ အာခီမီပညာရှင်များက ရှေ့တက်သွားပြီး လူငါးယောက်ခွန်အားဖြင့် ဓားသစ်ပင်ကို တူးထုတ်လိုက်ကြသည်။

အထီးကျန်ဓားသစ်ပင်၏ ဆူးချွန်များကို ပျော့ပြောင်းသွားစေရန်အတွက် အာခီမီပညာရှင်များက လျှို့ဝှက်နည်းစနစ်တစ်ခုကို ထုတ်သုံးလိုက်ကြသည်။ ထိုဆူးချွန်များကို ပန်းပဲပညာရှင်ဆီသို့ အပ်နှံပြီး ဓားတစ်လက်အဖြစ် သွန်းလုပ်နိုင်သည်။

အဆင့်မြင့်သတ္တုများနှင့် ပေါင်းစပ်လိုက်လျှင် မှော်ရတနာဓားတစ်လက်ကို ရရှိလာနိုင်သည်။

အထီးကျန်ဓားသစ်ပင်သည် ဆူးချွန်တစ်သောင်းကို ပိုင်ဆိုင်ထားသည်။ သစ်ကိုင်း၊ သစ်ခေါက်နှင့် သစ်သားများကို ပေါင်းထည့်လိုက်လျှင် အစိတ်အပိုင်းတစ်သိန်းခန့် ရှိနေသည်။

ထိုရတနာများကို အညီအမျှ ခွဲဝေလျှင်ပင် ဓားကျင့်ကြံသူများ အားလုံးသည် သန်းထောင်ချီသော ဝိညာဉ်ကုန်ကြမ်းများကို ရရှိလာခဲ့ကြသည်။

ဓားကျင့်ကြံသူ အများစုသည် ဆင်းရဲကြသည်။

ဤတစ်ကြိမ်သည် နှစ်ဖက်လုံးအတွက် အကျိုးရှိသည်။

သူတို့က လမ်းတစ်လျှောက်တွင် ဝိညာဉ်ဆေးပင်များကို သိမ်းဆည်းလာခဲ့ကြပြီး ဆေးတောင်ကြား၏ အာခီမီပညာရှင်များက စိတ်လှုပ်ရှားလျက် တက်ကြွနေကြသည်။

သူတို့က တော်ဝင်ဆေးပင်ဥယျာဉ်သို့ မရောက်ခင် အဖိုးတန်ဝိညာဉ်ဆေးပင်များကို ရရှိခဲ့ကြသည်။ အကယ်၍ အစစ်အမှန်ဆေးဥယျာဉ်သို့ ရောက်သွားခဲ့လျှင် မည်သို့ ဖြစ်နေမည်နည်း။

“အရှင်မင်းကြီး၊ တော်ဝင်ဆေးပင်ဥယျာဉ်က ရှေ့မှာပါ”

ခုနစ်ရက်အကြာတွင် သူတို့က အစိမ်းရောင်ချီစွမ်းအင်အလင်းဖြင့် လွှမ်းခြုံထားသောနေရာတွင် ရပ်တန့်လိုက်ကြသည်။

“ချိပ်စည်းက အပြည့်အဝ ကျိုးပျက်မသွားသေးပေမဲ့ အထဲမှာရှိနေတဲ့ မဟာမိစ္ဆာတွေကို မဖိနှိပ်နိုင်တော့ဘူး”

မုတ်ဆိတ်များနှင့် အရပ်ရှည်သော ကျုးယွမ်ရှန်က ဟန်မူယဲ့၏နောက်တွင် ရပ်နေပြီး နက်ရှိုင်းသောအသံဖြင့် ပြောလိုက်သည်။

သူ့ဘေးတွင်ရှိနေသော လူများ၏ မျက်နှာထားက လေးနက်နေကြသည်။

ယခုအချိန်တွင် အာခီမီပညာရှင်များနှင့် ဓားကျင့်ကြံသူများသည် သက်တောင့်သက်သာ ရှိမနေဘဲ သတိထားနေကြသည်။

ဆေးပင်ဥယျာဉ်၏ အင်မော်တယ်ချီအလင်းသည် ကောင်းကင်နှင့်မြေကြီး၏ကြားတွင် လှုပ်ရှားနေသည်။

အကယ်၍ ထိုစွမ်းအားသည် ဝင်္ကပါကို ချိုး‌ဖောက်လာခဲ့လျှင် သူတို့က ခုခံနိုင်မည်မဟုတ်ပေ။

“ဘုန်း”

လျှပ်စီးကြောင်းတစ်ခုသည် ဝင်္ကပါအလင်းလွှာတွင် ပေါ်လာခဲ့သည်။ ထို့အပြင် စူးရှသောဟိန်းဟောက်သံကိုလည်း ကြားလိုက်ရသည်။

ချီစွမ်းအင်အလင်းကို ထုတ်လွှတ်နေသော အစိမ်းရောင်ပုံရိပ်များသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

သူတို့က ဝင်္ကပါ၏ဖိနှိပ်မှုမှ လွတ်မြောက်လာသော မဟာမိစ္ဆာများ ဖြစ်ကြသည်။

သူတို့က ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိသော မူကျင်းတို့ သစ်ပင်မိစ္ဆာများနှင့် မတူဘဲ အပြည့်အဝ အသွင်ပြောင်းမထားကြပေ။ သူတို့က နွယ်ပင်နှင့် သစ်ကိုင်းများကို ထိန်းသိမ်းထားကြသည်။

သို့သော် သူတို့ထုတ်လွှတ်နေသော အငွေ့အသက်နှင့် ချီစွမ်းအင်သိပ်သည်းမှုအရ သူတို့အားလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများနှင့် ယှဉ်နိုင်ကြသည်။

သူတို့၏နောက်တွင်ရှိသော ဝင်္ကပါထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အား ကျော်လွန်နေသော အငွေ့အသက်များကို ခံစားကြည့်နိုင်သည်။

“ဝှစ် ....”

အစိမ်းရောင်ပန်းဖူးတစ်ခုသည် ပေါ့ပါးစွာလှုပ်ရှားလိုက်ပြီး ဟန်မူယဲ့၏ရှေ့သို့ ရောက်လာသည်။

“ခလွမ် ....”

ဓားတစ်လက်သည် ပန်းပွင့်ကို တားဆီးလိုက်သည်။ ဓားရှည်တစ်လက်ကိုင်ထားသော လီသုံး၏ မျက်နှာထားက အေးစက်နေသည်။

ဓားအလင်းသည် လေထုထဲတွင် ပျံ့လွင့်လာပြီး ပန်းပွင့်နှင့် သွယ်ယှက်သွားသည်။ ပန်းပွင့်သည် ပြိုင်ဘက်ကင်းဓားသမားတစ်ယောက်နှင့် တူညီပြီး လီသုံး၏ ဓားချက်တိုင်းကို တိကျစွာ တားဆီးထားသည်။

ဓားအလင်းက မည်သို့ပင် လှုပ်ရှားနေပါစေ လီသုံးက ပန်းပွင့်ကို မကျော်ဖြတ်နိုင်ခဲ့ပေ။

“အစ်မသုံး၊ မျက်လုံးမှိတ်ပြီး တိုက်ခိုက်ကြည့်လိုက်ပါ”

ဟန်မူယဲ့က လှုပ်ရှားနေသောဓားအလင်းကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

လီသုံးက ခေါင်းညိတ်လိုက်ပြီး မျက်လုံးမှိတ်သည်။

သူမက မျက်လုံးမှိတ်လိုက်သောအချိန်တွင် လှုပ်ရှားနေသော ဓားအလင်းသည် ဦးတည်ချက်ပျောက်ဆုံးသွားပုံပေါ်ပြီး ခွန်အားမထုတ်နိုင်တော့ပေ။

“ရွှပ်”

လီသုံးက ပန်းပွင့်ကို ဓားဖြင့် ထိုးဖောက်လိုက်သည်။

ပန်းပွင့်သည် တုန်ခါနေပြီး ပွင့်ချပ်များအားလုံးသည် ပြန့်ကျဲသွား၍ လီသုံးဆီသို့ တိုးဝင်လာကြသည်။

သို့သော် လီသုံးက ဓားကို ရေပြင်ညီအတိုင်း ခုတ်ချပြီး ပွင့်ချပ်များအားလုံးကို ချုပ်နှောင်ထားလိုက်သည်။

“ငါသိပြီ။ ဒါက အရောင်သုံးမျိုး ကောင်းကင်လေဝဲပန်းပွင့်ပဲ”

“ဒီပန်းပွင့်က လူတစ်ယောက်ရဲ့စိတ်အခြေအနေကို နားလည်နိုင်တယ်လို့ ပြောကြတယ်။ ပွင့်ချပ်တွေကို ‌ဆေးလုံးသန့်စင်ဖို့ အသုံးပြုလိုက်ရင် လူတစ်ယောက်ရဲ့ ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်တယ်”

လီချင်းရှစ်က အော်ဟစ်လိုက်ပြီး ချုပ်နှောင်ထားသော ပွင့်ချပ်များကို ကြည့်သည်။

ထိုပန်းပွင့်သည် လီသုံး၏စိတ်အခြေအနေကို နားလည်နိုင်သောကြောင့် ဓားချက်များအားလုံးကို တားဆီးနိုင်ခဲ့သည်။

သို့သော် သူမက မျက်လုံးမှိတ်လိုက်သောအခါတွင် ပန်းပွင့်သည် သူမ၏ စိတ်အခြေအနေကို မမြင်နိုင်တော့ပေ။

ဝိညာဉ်စွမ်းအားကို အားဖြည့်ပေးနိုင်‌သော ရတနာများသည် လောကတွင် ရှားပါးလှသည်။ ထိုရတနာများကို တန်ဖိုးမဖြတ်နိုင်ကြပေ။

လီသုံးက ဓားအလင်းကို ရုတ်သိမ်းပြီး ပွင့်ချပ်များအားလုံးကို ကျောက်စိမ်းသေတ္တာထဲတွင် သိမ်းဆည်းလိုက်သည်။

‌ရှေ့တွင် ပေတစ်ထောင်မြင့်မားသော ပန်းပင်ကို မြင်ရသည်။ ကြယ်နှင့်တူသော ပန်းပွင့်များသည် ဖြည်းဖြည်းချင်းလွင့်မျောနေပြီး ပွင့်လန်းလာကြသည်။

အာခီမီပညာရှင်နှင့် ဓားကျင့်ကြံသူများ၏ မျက်နှာထားသည် ပြောင်းလဲသွားသည်။

ပန်းတစ်ပွင့်သည် ဓားကျွမ်းကျင်သူတစ်ယောက်ဖြစ်သော လီသုံးကို အခက်တွေ့စေခဲ့သည်။ အကယ်၍ ပန်းပွင့်များအားလုံး ရောက်လာခဲ့လျှင် မည်သို့ ရင်ဆိုင်ရတော့မည်နည်း။

ရှကျန်းဟူနှင့် တခြားစစ်သူကြီးများက ဓားရိုးပေါ်တွင် လက်တင်ထားပြီး ရှေ့တက်လိုက်ကြသည်။ စစ်တပ်ဝင်္ကပါ၏ စွမ်းအားသည် ချက်ချင်းအသက်ဝင်လာပြီး ‌ရွှေကျားတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ဟွမ်ခြောက် ပြုံးလိုက်သည်။ လောကတည်ငြိမ်ခြင်းမြေပုံသည် မီးခိုးရောင်အလင်းလွှာအဖြစ် ပြောင်းလဲပြီး ရှေ့တွင်ရှိနေသော သစ်ပင်ကို လွှမ်းခြုံလိုက်သည်။

“ဟူး ....”

မီးခိုးရောင်အလင်းလွှာသည် ကျဆင်းလာပြီး သစ်ပင်ထက်တွင်ရှိသော ပန်းပွင့်များအားလုံးကို ပြန့်ကျဲသွားစေခဲ့သည်။ အလင်းလွှာနှင့် ထိတွေ့သွားသောကြောင့် သစ်ပင်သည် ဟိန်းဟောက်လိုက်သည်။

လောကတည်ငြိမ်ခြင်းမြေပုံသည် ကမ္ဘာတစ်ခုကို ဖိနှိပ်နိုင်‌သော အဖိုးတန်ရတနာတစ်ပါး ဖြစ်သည်။

ဖိနှိပ်ခံထားရသော ပန်းပွင့်များသည် တစ်ခုပြီးတစ်ခု ဝါးမြိုခံလိုက်ရသည်။

သစ်ပင်၏ ပန်းပွင့်များသည် တောက်ပသော ချီစွမ်းအင်အလင်းနှင့်အတူ သင်းရနံ့တစ်ခုကို ထုတ်ပေးသည်။

“ဂရုစိုက်ကြ။ အရောင်သုံးမျိုး ကောင်းကင်လေဝဲပန်းပွင့်ရဲ့ ဝတ်မှုန်က လူတစ်ယောက်ရဲ့စိတ်ကို ညှို့ယူနိုင်တယ်”

လီချင်းရှစ်က ချီစွမ်းအင်အလင်းကို ထုတ်ဖော်၍ အော်ဟစ်သည်။

ယခုအချိန်တွင် အာခီမီပညာရှင်များနှင့် ဓားကျင့်ကြံသူများသည် ဆက်ဆံရေးကောင်းနေသောကြောင့် အချင်းချင်း ကူညီပေးလိုကြသည်။

နောက်တွင်ရှိနေသော အာခီမီပညာရှင်များသည် ဆေးလုံးများကို ထုတ်ယူ၍ ရှေ့တက်သွားပြီး ဓားကျင့်ကြံသူများကို ပေးလိုက်သည်။

ဓားကျင့်ကြံသူများသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဆေးလုံးများကိုယူရန် လက်လှမ်းလိုက်ကြသည်။

“ဆေးတစ်လုံးကို ဝိညာဉ်ကျောက်တုံး နှစ်သန်းခွဲပဲ။ ဈေးဆစ်လို့မရဘူး”

အာခီမီပညာရှင်များက ကျယ်လောင်စွာ ကြေညာလိုက်သောကြောင့် ဆန့်ထုတ်ထားသော လက်များသည် နောက်ပြန်ဆုတ်သွားကြသည်။

“ဘုန်း”

လောကတည်ငြိမ်ခြင်းမြေပုံ၏ ဖိနှိပ်မှုအောက်တွင် ပန်းပွင့်များသည် ညှိုးနွမ်းလာကြသည်။ သစ်ပင်သည် အားနည်းစွာ ယိမ်းယိုင်နေခဲ့သည်။

“အရှင်မင်းကြီး၊ သင်ပြမှုမရှိဘဲ သတ်ဖြတ်တော့မှာလား ....”

ရှေ့တွင်ရှိနေသော မဟာဝင်္ကပါထဲတွင် တိုးတိတ်သော အမျိုးသမီးတစ်ယောက်၏အသံကို ကြားနိုင်သည်။ အဆုံးမရှိသော အစိမ်းရောင်အလင်းများသည် ဖျတ်ခနဲပေါ်ထွက်လာပြီး သစ်ပင်ကို လွှမ်းခြုံလိုက်သည်။

မျက်နှာဖြူဖျော့နေသော ပွင့်ချပ်ဝတ်စုံနှင့် မိန်းကလေးတစ်ယောက်သည် ဝင်္ကပါထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။

“အရှင်မင်းကြီး၊ အဲဒါက တော်ဝင်ဆေးပင်ဥယျာဉ်ရဲ့ မဟာမိစ္ဆာပါ”

ရှကျန်းဟူက ဦးညွတ်လိုက်ပြီး ပြောသည်။

ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး မျက်လုံးများကိုမှေးကျဉ်း၍ သဘာဝစွမ်းအင်ဖြင့် ပြည့်နှက်နေသော တော်ဝင်ဆေးပင်ဥယျာဉ်ကို လှမ်းကြည့်သည်။

All Chapters