← Chapters

အခန်း (၇၈၃)

Vol. 56 Ch. 783

အခန်း (၇၈၃)

Vol. 56 Ch. 783

အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်မည်။

အင်မော်တယ်တက်လှမ်းစင်မြင့်ကို ဖြတ်ကျော်ပြီးသောအခါတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ဆုံးပါးသွားခဲ့ရသည့် အင်မော်တယ်အသွင်ပြောင်းရေကန် ရှိနေသည်။

ထို့ကြောင့် ဤလောက၏ ဝင်္ကပါပညာရှင်များသည် ကိုယ်ပိုင်အင်မော်တယ်တက်လှမ်းစင်မြင့်ကို တည်ဆောက်ပြီး အင်မော်တယ်အသွင်ပြောင်းရေကန်ကို ဖြတ်ကျော်၍ အင်မော်တယ်ကမ္ဘာသို့ တိုက်ရိုက်ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့ကြသည်။

ဟန်မူယဲ့က အံ့အားသင့်နေသောမျက်နှာထားဖြင့် နတ်ဘုရားဘုရင်ကွမ်ဖာဖြစ်သော သွမ်ချန်ကျီကို ကြည့်လိုက်သည်။

သွမ်ချန်ကျီက ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။

“အင်မော်တယ်ကမ္ဘာက ဘာမလို့လဲ။ သူတို့ရဲ့ ကျင့်ကြံခြင်းလောကကြီးက ဒီလောကထက် ပိုပြီး ပြီးပြည့်စုံနေတာပဲ ရှိတယ်”

“ငါတို့က ဒီလောကမှာ မွေးဖွားလာကြတယ်။ ငါတို့ရဲ့ ကျင့်ကြံခြင်းလောကကြီးက ချို့ယွင်းနေတာမျိုး မဟုတ်ဘူးလေ”

“ငါတို့က အင်မော်တယ်ကမ္ဘာကို လေးစားနိုင်ပေမဲ့ ကြောက်ရွံ့လို့မရဘူး”

လေးစားနိုင်သည်။ သို့သော် ကြောက်ရွံ့စိတ်မရှိရပေ။

ထိုအရာသည် ကျင့်ကြံသူတစ်ယောက်ပင် ဖြစ်သည်။

မဟာတာအိုသည် ကျင့်ကြံသူများ၏ နှလုံးသားထဲတွင် ရှိနေပြီး မလုပ်ဆောင်ရဲသောအရာ မရှိပေ။

သွမ်ချန်ကျီက နောင်တရနေသောမျက်နှာထားဖြင့် မှုန်မှိုင်းနေသောခန်းဆောင်ကို ကြည့်သည်။

“တကယ်လို့ အခြေခံဝင်္ကပါမှာ နည်းနည်းလောက် သွေဖည်မသွားခဲ့ရင် ငါတို့က အင်မော်တယ်ကမ္ဘာကို ရောက်နေလောက်ပြီ ....”

ထိုအရာသည် ကောင်းကင်၏ဆန္ဒ ဖြစ်နိုင်သည်။

မဟာဝင်္ကပါ၏ အခြေခံဝင်္ကပါသည် အနည်းငယ်မှားယွင်းသွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

ထို့အပြင် ထိုအမှားသည် အလွန်သိမ်မွေ့သောကြောင့် သတိမထားမိခဲ့ကြပေ။

အင်မော်တယ်ကမ္ဘာသို့တက်လှမ်းရန် ရည်ရွယ်ထားခဲ့သော မဟာဝင်္ကပါသည် မရေမတွက်နိုင်သော ကမ္ဘာများကို ဖိနှိပ်ထားသည့် နတ်ဘုရားခုံရုံး၏ အနန္တကမ္ဘာဝင်္ကပါ ဖြစ်လာခဲ့သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

လူတစ်ယောက်သည် ကျင့်ကြံဆင့်မြင့်မားလေ ကောင်းကင်၏ နက်နဲသောအလိုဆန္ဒကို အာရုံခံနိုင်လေ ဖြစ်သည်။

ထိုကောင်းကင်ဆန္ဒသည် ကမ္ဘာတစ်ခု၏ ကောင်းကင်တာအိုမဟုတ်ဘဲ လူသားများ၏နားလည်မှုကို ကျော်လွန်နေသော လောက၏အထက်တွင် ရှိသည်။

သူက ဤလောကတွင် ရောက်လာသကဲ့သို့ ဖြစ်သည်။ သူက ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ တိုးတက်မှုတွင် ပါဝင်ပြီး အင်မော်တယ်တက်လှမ်းစင်မြင့်အား ပြန်ဖွင့်ခြင်း၊ ချိပ်ပိတ်ခြင်းတို့တွင် လှုပ်ရှားခဲ့သည်။ ထိုအရာသည် အမျိုးမျိုးသော အားထုတ်မှုများကြောင့်ဟု ပြောနိုင်သော်လည်း ကောင်းကင်၏ဆန္ဒကြောင့်လည်း ဖြစ်နိုင်သည်။

ထိုအတွေးကြောင့် ဟန်မူယဲ့၏မျက်လုံးများက တောက်ပသွားပြီး မျက်နှာထားသည် ပြတ်သားလာခဲ့သည်။

“အကြီးအကဲ၊ တကယ်လို့ အင်မော်တယ်ကမ္ဘာကို သွားချင်ရင် ကိုယ့်ဘာသာကိုယ် သွားကြတာပေါ့”

ကိုယ့်ဘာသာ သွားမည်။

သွမ်ချန်ကျီ၏ နောင်တရနေသောမျက်နှာထားသည် ပျော်ရွှင်သွားသည်။

“ဟားဟား။ ကောင်းတယ်၊ ကောင်းတယ်။ အရှင်မင်းကြီးက စိတ်ရှုပ်ထွေးမှုနဲ့သံသယကို ကျော်လွန်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ပြတ်သားမှုကို ဖော်ပြနိုင်တယ်”

ကျင့်ကြံသူတိုင်းသည် ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာနိုင်သည်။

အဆင့်နိမ့်ကျင့်ကြံသူများသည် ပါရမီ၊ တိုက်ခိုက်နိုင်စွမ်း၊ ခွန်အားနှင့် နားလည်နိုင်စွမ်းကို သံသယဝင်ကြသည်။

ကျင့်ကြံဆင့်မြင့်မားပြီး ဗဟုသုတကြွယ်ဝလာသောအခါတွင် ကိုယ်ပိုင်လမ်းစဉ်ကို သံသယဝင်လာကြသည်။

‘ငါက အမှားလုပ်လိုက်မိတာလား’

ယခင်က သခင်နွယ်စိမ်းသည် ထိုသို့ သံယဝင်သွားပြီး စိတ်ရှုပ်ထွေးနေခဲ့သည်။

ယခုအချိန်တွင် ဟန်မူယဲ့က နှလုံးသားထဲတွင် စိတ်ရှုပ်ထွေးမှုကို ခံစားလိုက်ရသည်။ ကောင်းကင်စွမ်းအားသည် သူ၏ ကိုယ်ပိုင်အားထုတ်မှုများကို လွှမ်းမိုးသွားသည်ဟု ထင်ရသည်။

သို့သော် သူ၏ ပြတ်သားသော အကျင့်စရိုက်နှင့် နားလည်နိုင်စွမ်းကြောင့် စိတ်ရှုပ်ထွေးမှုသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

‘ကောင်းကင်ဆန္ဒဆိုရင်ရော ဘာဖြစ်လဲ’

ယောင်္ကျားသားတစ်ယောက်သည် ကံကြမ္မာကို အနိုင်ယူနိုင်သည်။

“အကြီးအကဲ ဆက်လုပ်ကြရအောင်”

ဟန်မူယဲ့က ညင်သာစွာပြောသည်။

သွမ်ချန်ကျီက အားရပါးရ ရယ်မောလိုက်ပြီး လက်မြှောက်၍ ဝင်္ကပါအစီအရင်ကို အသက်သွင်းသည်။ ချီစွမ်းအင်သည် ခန်းဆောင်တစ်ခုလုံးကို အလင်းပေးလိုက်သည်။

ဟန်မူယဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး အာရုံစိုက်၍ ဝင်္ကပါများကို ပုံတူကူးသည်။

ဝင်္ကပါတစ်ခု၏ ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာသော ဝင်္ကပါများသည် မတူညီသောလမ်းကြောင်းပေါ်သို့ ရောက်သွားကြသည်။

လက်ရှိအချိန်တွင် ဟန်မူယဲ့၏ အလင်းဝင်္ကပါများသည် သွမ်ချန်ကျီနှင့် တူညီနေသည်။

သို့သော် သူတွက်ချက်ထားသော ဝင်္ကပါများသည် ထိုဝင်္ကပါနှင့် အလွန်ကွာခြားနေသည်။

ဝင်္ကပါဆယ်ခု၊ ဝင်္ကပါက အခုတစ်ရာ၊ ဝင်္ကပါ အခုတစ်ထောင် ....

ငါးရက်အကြာတွင် သွမ်ချန်ကျီ၏ ချီစွမ်းအင်အလင်းသည် ဖြည်းဖြည်းချင်း မှိန်ဖျော့လာသည်။

သို့သော် သူ၏အပြုံးသည် အလွန်အသက်ဝင်နေသည်။

“ဒီဝင်္ကပါက တကယ်ကို အမှားတွေရှိနေတာပဲ။ ဒီလိုမျိုး ပြုပြင်နိုင်တာ ကောင်းတယ်”

“ဒီဝင်္ကပါနဲ့ဆိုရင် အရှင်မင်းကြီးက အသက်သုံးခါရှူကြိမ်အတွင်း အသုံးပြုနိုင်တယ်။ ဝင်္ကပါဆရာသခင်တစ်ယောက်တောင် ပိုကောင်းအောင်လုပ်နိုင်မှာမဟုတ်ဘူး”

“အံ့အားသင့်စရာပဲ။ ဒီလူအိုကြီးက ဒီဝင်္ကပါကို လေ့လာဖို့အတွက် နှစ်ပေါင်းသုံးရာ အချိန်ယူခဲ့ရတယ်။ ဒါပေမဲ့ အရှင်မင်းကြီးကတော့ အသက်ရှူကြိမ်တစ်ရာပဲ ကြာခဲ့တယ် ....”

သူတို့နှစ်ယောက်၏ရှေ့တွင်ရှိသော အလင်းဝင်္ကပါသည် ပိုမိုရှုပ်ထွေးလာသည်။ ခန်းဆောင်ထဲတွင် ချီစွမ်းအင်အလင်းနှင့် တည်နေရာစွမ်းအားများသည် စုစည်းလာကြသည်။

မီးခိုးရောင်တိမ်တိုက်များထဲတွင် ကြယ်အလင်းကို မြင်ရသည်။

“ဒီဝင်္ကပါကို တွက်ချက်ပြီးသွားရင် အနန္တကမ္ဘာဝင်္ကပါကို အသက်သွင်းနိုင်လိမ့်မယ်”

သွမ်ချန်ကျီက ကြယ်ပင်လယ်ကဲ့သို့ ခမ်းနားသော အလင်းလုံးကို ညွှန်ပြလိုက်ပြီး တီးတိုးပြောသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် တိတ်ဆိတ်နေသော အနန္တကမ္ဘာဝင်္ကပါသည် ဖြည်းဖြည်းချင်း နိုးထလာသည်။

သို့သော် ထိုနိုးထမှုမျိုးသည် စွမ်းအင်အများအပြားကို လိုအပ်ပြီး ချက်ချင်းမပြီးဆုံးနိုင်ပေ။

ထို့အပြင် အနန္တကမ္ဘာဝင်္ကပါသည် အပြင်းအထန်ပျက်စီးနေသောကြောင့် ပြန်လည်ပြုပြင်ရမည်။

ထိုပြုပြင်မှုမျိုးသည် ရှုပ်ထွေးပြီး အသေးစိတ်ကျသောကြောင့် အလွန်အားထုတ်ရလိမ့်မည်။

“ဒီကြယ်အလင်းတွေက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတစ်ခုကို ကိုယ်စားပြုတယ်”

သွမ်ချန်ကျီက ခံစားချက်များဖြင့် ကြယ်အလင်းများကို လက်ညှိုးညွှန်ပြသည်။

“အနန္တကမ္ဘာဝင်္ကပါရဲ့ ကြယ်အလင်းတွေက ဒီထက်ပိုပြီး တောက်ပခဲ့ကြတယ်”

“ဒါပေမဲ့ ကမ္ဘာအများအပြားက တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါတွေကို မသုံးကြတော့ဘူး။ ချိပ်ပိတ်ခံလိုက်ရတဲ့ ဝင်္ကပါတွေလည်း ရှိနေကြတယ်”

နှစ်သောင်းချီအချိန်အတွင်း၌ လောကသည် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော ကြယ်ကမ္ဘာများသည် ပျက်စီးသွားခဲ့ကြသည်။

ထို့အပြင် ကောင်းကင်အံ့ဖွယ်ကမ္ဘာကဲ့သို့ ကမ္ဘာအများအပြားသည် ပြင်ပရန်သူများ၏ ကျူးကျော်မှုကို ကာကွယ်ရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်း ဝင်္ကပါများကို ချိပ်ပိတ်လိုက်ကြသည်။

ထို့အပြင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းရန်အတွက် ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးများကို လိုအပ်သည်။

လောက၏ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးအများစုကို နတ်ဘုရားခုံရုံးက သိမ်းဆည်းထားခဲ့သည်။ တစ်နည်းပြောရလျှင် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို အသက်သွင်းနိုင်သောလူများ သိပ်မရှိကြပေ။ တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါများသည် အချိန်ကြာလာသောအခါတွင် ထိန်းသိမ်းမည့်လူမရှိသောကြောင့် ပျက်စီးသွားကြသည်။

ထိုသို့ဆိုလျှင်ပင် ယခုအချိန်တွင် ခမ်းနားသော မဟာဝင်္ကပါတစ်ခုကို မြင်နေရသည်။

ဤဝင်္ကပါသည် မရေမတွက်နိုင်သော ကျင့်ကြံခြင်းကမ္ဘာများနှင့် ဆက်သွယ်နေဆဲဖြစ်သည်။

ရှေးခေတ်နတ်ဘုရားခုံရုံးသည် မည်မျှအားကောင်းခဲ့သနည်း။

သွမ်ချန်ကျီက မျှော်လင့်နေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ဖြည်းဖြည်းချင်း လှည့်ကြည့်သည်။

“စိတ်ချပါအကြီးအကဲ၊ ကျွန်တော်က ဒီမဟာဝင်္ကပါကို ပြန်ပြင်ပြီး ကျင့်ကြံခြင်းလောကရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်ပေးပါ့မယ်”

ဟန်မူယဲ့က တောက်ပနေသော တိမ်တိုက်ဝင်္ကပါကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

အနန္တကမ္ဘာဝင်္ကပါကို အသက်သွင်းနိုင်လျှင် ဤလောကသည် အမှန်တကယ်ပင် တိုးတက်လာလိမ့်မည်။

သွမ်ချန်ကျီက ခေါင်းညိတ်လိုက်ပြီး လက်မြှောက်သည်။ အလင်းဝင်္ကပါများသည် တစ်ခုပြီးတစ်ခု ပေါ်လာကြသည်။

သုံးရက်အကြာတွင် သွမ်ချန်ကျီ၏ရှေ့တွင်ရှိသော အလင်းဝင်္ကပါများသည် ပျောက်ကွယ်သွားကြသည်။ သူက ပျော်ရွှင်မှု၊ နောင်တများဖြင့် ရောနှောနေသည်။

“အရှင်မင်းကြီးက ဝင်္ကပါပညာရပ်မှာ ပါရမီရှင်တစ်ယောက်ပဲ ....”

“ကျွန်တော်မျိုးက မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေကို မြင်ဖူးခဲ့ပေမဲ့ သူတို့အားလုံးကို ပေါင်းလိုက်ရင်တောင် အရှင်မင်းကြီးရဲ့တစ်ဝက်ကို မီမှာမဟုတ်ဘူး”

နတ်ဘုရားဘုရင်ကွမ်ဖာဖြစ်သော သွမ်ချန်ကျီသည် အနန္တကမ္ဘာဝင်္ကပါကို လေ့လာရန်အတွက် ဘဝတစ်လျှောက်လုံး အချိန်ယူခဲ့သည်။

သူက အင်မော်တယ်နှင့် တာအိုနည်းစနစ်များကို လေ့လာရန်အတွက် ဘဝတစ်ဝက်ခန့်အချိန်ယူပြီး လမ်းစဉ်အားလုံးကို တစ်ခုတည်းအဖြစ် ပေါင်းစပ်၍ ဝင်္ကပါအစီအရင်၏ အခြေခံအုတ်မြစ်အဖြစ် အသုံးချခဲ့သည်။

ထို့နောက် သူက အလုံးစုံအာရုံစိုက်ပြီး အနန္တကမ္ဘာဝင်္ကပါကို ကျင့်ကြံခဲ့သည်။

သူက နှစ်တစ်ရာအချိန်ယူ၍ အနန္တကမ္ဘာဝင်္ကပါ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းကို ထိန်းချုပ်နိုင်ရန် ဟန်မူယဲ့ကို သင်ကြားပေးချင်ခဲ့သည်။ ထိုအရာသည် သူ၏ စိတ်ဆန္ဒတစ်ခုသာ ဖြစ်သည်။

သူ၏ဝိညာဉ်သည် နှစ်တစ်ရာသာ တည်ရှိနိုင်တော့မည်။

သူက အနန္တကမ္ဘာဝင်္ကပါကို လေ့လာပြီး စွမ်းအင်အနည်းငယ်ကို ထိန်းချုပ်နိုင်သည်အထိ နှစ်ပေါင်းသုံးထောင် အချိန်ယူခဲ့ရသည်။

သို့သော် ဟန်မူယဲ့က သူ့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့သည်။

ဟန်မူယဲ့က ဆယ်ရက်အတွင်း၌ အနန္တကမ္ဘာဝင်္ကပါ၏ အခြေခံဝင်္ကပါများအားလုံးကို နားလည်ခဲ့သည်။ သူက ထိုဝင်္ကပါများကို အမှားပြင်ပေးခဲ့သေးသည်။

ထိုအမှားများသည် အလွန်သိမ်မွေ့ပြီး အစီအရင်နှင့်ပတ်သတ်၍ ပြောင်းလဲမှုရှိပုံမပေါ်ပေ။

သို့သော် ဝင်္ကပါများအားလုံးကို ပေါင်းစပ်လိုက်သောအခါတွင် အလွန်ပြောင်းလဲသွားခဲ့သည်။

သွမ်ချန်ကျီက ဝင်္ကပါနှင့်ပတ်သတ်ပြီး အလွန်နောင်တရနေခဲ့သည်။

အကယ်၍ အမှားအယွင်းမရှိခဲ့လျှင် ထိုဝင်္ကပါသည် အင်မော်တယ်ကမ္ဘာနှင့် ချိတ်ဆက်နိုင်လိမ့်မည်။

“ဝီ”

ဟန်မူယဲ့က လက်ထဲမှ တောက်ပသောအလင်းရောင်ကို ထုတ်လွှတ်၍ ရှေ့တွင်ရှိသော မှေးမှိန်သည့်အလင်းထုဖြင့် တိုက်မိသွားသည်။

အလင်းစီးကြောင်းများသည် တဖျပ်ဖျပ်လှုပ်ရှားနေပြီး တည်နေရာစွမ်းအားသည် အသက်ဝင်လာခဲ့သည်။

အဓိကခန်းဆောင်တွင်ရှိသော ရှုပ်ထွေးသည့်ဝင်္ကပါသည် တလက်လက်တောက်ပနေပြီး ပုံရိပ်တစ်ခုသည် ကျဆင်းလာခဲ့သည်။

ထိုပုံရိပ်သည် ဆယ်ပေခန့် အရပ်ရှည်ပြီး အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။ လက်ထဲတွင် လှံကျိုးတစ်ချောင်းကို ကိုင်ထားသည်။

ထိုပုံရိပ်သည် အသက်မရှိတော့ပေ။

“နတ်ဘုရားခုံရုံးရဲ့ ချပ်ဝတ် ....”

သွမ်ချန်ကျီက ဝမ်းနည်းနေသည်။

“သနားစရာပဲ ....”

နတ်ဘုရားခုံရုံးသည် ပျက်စီးသွားပြီး ထိုစစ်သူကြီးသည် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါထဲတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်မိနေခဲ့သည်။ အဆုံးတွင် ကွယ်လွန်သွားခဲ့ရသည်။

ဟန်မူယဲ့က ထိုပုံရိပ်ဆီသို့ လျှောက်သွားပြီး ခါးတွင်ရှိသောဓားကို ကောက်ယူလိုက်သည်။

ပုံရိပ်များသည် အလင်းရောင်နှင့်အတူ လှုပ်ရှားလာကြသည်။

“မြို့သုံးမြို့က ဘက်ပြောင်းသွားပြီ။ သူတို့က နတ်ဘုရားခုံရုံးကို ပြန်လည်တိုက်ခိုက်ဖို့ စီစဉ်ထားကြတယ်။ စစ်သူကြီးတို့၊ နတ်ဘုရားခုံရုံးကို မြန်မြန်ပြန်ကြပါ ....”

အော်ဟစ်သံနှင့်အတူ ပုံရိပ်များသည် ကောင်းကင်ထက်တွင် ပြေးလွှားနေကြသည်။

တချို့က ကောင်းကင်ထက်သို့ တိုက်ရိုက်တက်သွားပြီး တချို့က ဝင်္ကပါ၏အဝေးသို့ ထွက်သွားကြသည်။

ဟန်မူယဲ့က သံချေးတက်နေသောဓားကို ဆွဲယူပြီး လက်ချောင်းများနှင့် အသာအယာ ထိတွေ့လိုက်သည်။

ဓားသည် အသိစိတ်တချို့ ရှိနေဆဲဖြစ်သည်။

“ယုံကျဲကြယ်ကို စောင့်ကြပ်နေတဲ့ အဆင့်လေးကျားစစ်သူကြီး ရှန်ကျန်းယွဲ့က နတ်ဘုရားခုံရုံးကို ပြန်လာတဲ့အချိန် ဝင်္ကပါထဲမှာ ပိတ်မိသွားခဲ့တယ်။ နောက်ဆုံးမှာတော့ သေဆုံးသွားခဲ့တယ် ....”

“ယုံကျဲကြယ်၊ ရှန်ကျန်းယွဲ့လား”

သွမ်ချန်ကျီက ခေါင်းညိတ်လိုက်သည်။

“ငါက အဲဒီနာမည်ကို ကြားဖူးတယ်။ ယုံကျဲကြယ်က အရမ်းတိုးတက်တဲ့ ကမ္ဘာတစ်ခုပဲ။ ရှန်ကျန်းယွဲ့က စစ်ပွဲမှာထူးချွန်တဲ့ အရှင်မင်းကြီးရဲ့ တိုက်ရိုက်မျိုးဆက်ပဲ”

‘တိုက်ရိုက်မျိုးဆက်’

အကယ်၍ တိုက်ရိုက်မျိုးဆက်မဟုတ်လျှင် သူက နတ်ဘုရားခုံရုံးကို ကူညီရန်အတွက် အပြေးရောက်လာမည်မဟုတ်ပေ။

နတ်ဘုရားခုံရုံး ပျက်စီးသွားသောအချိန်တွင် ချောင်ရီကပင် စစ်တပ်အင်အားကို ထိန်းသိမ်း၍ အခြေအနေကို မျက်ကွယ်ပြုခဲ့သည်။

သွမ်ချန်ကျီ၏မျက်နှာထားက ပြောင်းလဲသွားပြီး ရှေ့တွင်ရှိသော ဝင်္ကပါကို ညွှန်ပြသည်။

“အရှင်မင်းကြီး၊ ဝင်္ကပါထဲမှာ ပိတ်မိနေတဲ့ ကျွမ်းကျင်သူတွေ ရှိလောက်တယ်။ ကျွန်တော်မျိုးတို့ ဂရုစိုက်သင့်တယ်”

ရှန်ကျန်းယွဲ့က သေဆုံးသွားပြီဖြစ်သော်လည်း ဝင်္ကပါထဲတွင် ရှင်သန်သူများ ရှိနေနိုင်သေးသည်။

နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့သော ကျွမ်းကျင်သူများ၏အတွေးကို သူတို့က မည်သို့သိနိုင်မည်နည်း။

လူသားနှလုံးသားသည် ပြောင်းလဲလွယ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်သည်။

ယခုအချိန်တွင် သူက အနန္တကမ္ဘာဝင်္ကပါ၏ စွမ်းအားကို အလိုလျောက် အသက်သွင်းမိခဲ့သည်။

သူက ဂရုစိုက်ထားလျှင် ထိုဝင်္ကပါကို ထိန်းချုပ်နိုင်သည်။

ဝင်္ကပါထဲတွင်ရှိနေသော ကျင့်ကြံသူများ၏ သေခြင်းရှင်ခြင်းကိုလည်း သူက ထိန်းချုပ်နိုင်လိမ့်မည်။

ယခင်က သွမ်ချန်ကျီသည်လည်း ဝင်္ကပါထဲသို့ ရောက်လာသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ၏ သေခြင်းရှင်းခြင်းကို ဆုပ်ကိုင်ထားခဲ့သည်။

“အခြေခံဝင်္ကပါတွေကနေတစ်ဆင့် အနန္တကမ္ဘာဝင်္ကပါကို ဖြစ်ပေါ်သည်အထိ ပြုလုပ်ပြီးသွားခဲ့ပြီ။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို သင်ကြားပေးစရာ မရှိတော့ပါဘူး”

သွမ်ချန်ကျီက ညင်သာစွာပြောသည်။

မဟာဝင်္ကပါများသည် အခြေခံဝင်္ကပါများ၏ ပေါင်းစပ်မှုသာ ဖြစ်သည်။ လောကတွင်ရှိသော ဝင်္ကပါများသည် အရင်းအမြစ်ရှိကြသည်။

“ဒါနဲ့ အရှင်မင်းကြီးက ဘယ်လိုဝင်္ကပါမျိုးကို လေ့လာထားလို့ ဝင်္ကပါတာအိုမှာ ကျွမ်းကျင်နေရတာလဲ”

All Chapters