← Chapters

အခန်း (၇၈၄)

Vol. 56 Ch. 784

အခန်း (၇၈၄)

Vol. 56 Ch. 784

သွမ်ချန်ကျီက သိချင်နေသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

ဟန်မူယဲ့က ဝင်္ကပါတစ်ခုကိုသာ လေ့လာဖူးသည်ဟု ပြောခဲ့သည်။

ဟန်မူယဲ့က အခြေခံဝင်္ကပါများကို ဖန်တီးခဲ့သော်လည်း ထိုဝင်္ကပါများနှင့် ရင်းနှီးနေခြင်းမဟုတ်ဘဲ သူတို့ကို တွက်ချက်ကြည့်၍ တူညီသောအယူအဆကို အသုံးပြုခဲ့ခြင်းသာ ဖြစ်သည်။

ထို့ကြောင့် သွမ်ချန်ကျီက ဟန်မူယဲ့လေ့လာထားသော ဝင်္ကပါ၏အကြောင်းကို သိချင်မိသည်။

ဟန်မူယဲ့က ပြုံးလိုက်ပြီး ကိုးထပ်ဓားစံအိမ်ကို ထုတ်ဖော်သည်။

ဝင်္ကပါပညာရှင်တစ်ယောက်ဖြစ်သော သွမ်ချန်ကျီအတွက် ဝင်္ကပါသည် အရေးအကြီးဆုံး ဖြစ်သည်။

“ဝီ”

ကိုးထပ်ဓားစံအိမ်သည် ချီစွမ်းအင်အလင်းဖြင့် တောက်ပနေပြီး ဓားအလင်းများ ပေါ်လာခဲ့သည်။

“သူက တကယ်ကို ဓားကျင့်ကြံသူတစ်ယောက်ပဲ”

သွမ်ချန်ကျီ၏ မျက်နှာထားက ပြောင်းလဲသွားပြီး တီးတိုးရေရွတ်လိုက်သည်။

ဓားအလင်းများသည် တစ်ခုနှင့်တစ်ခု သွယ်ယှက်သွားပြီး ကြယ်သုံးစင်းဝင်္ကပါမှ မရေမတွက်နိုင်သော ကြယ်များအဖြစ် ပြောင်းလဲသွားကြသည်။

ခမ်းနားသော ကြယ်များသည် အနန္တကမ္ဘာဝင်္ကပါနှင့် ဆင်တူနေခဲ့သည်။

“ဓားဝင်္ကပါ၊ အနန္တကမ္ဘာဝင်္ကပါ ....”

သွမ်ချန်ကျီက တောက်ပနေသောမျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်သည်။

“အရှင်မင်းကြီး၊ ဒါက ဘယ်လိုဝင်္ကပါမျိုးလဲ”

သူက လက်ထဲတွင် အလင်းတန်းများကို ထုတ်လွှတ်၍ ဆက်တိုက်တွက်ချက်နေသည်။

“ဒီဝင်္ကပါကို ကောင်းကင်စက်ဝန်းဓားဝင်္ကပါလို့ ခေါ်တယ်”

ဟန်မူယဲ့၏ လက်ထဲတွင်ရှိသော ဓားအလင်းသည် တုန်ခါသွားပြီး အဖြူနှင့်အနက် ကျားစေ့များအဖြစ် ပြောင်းလဲသွားကြသည်။

အဆုံးမရှိသော အာကာသသည် အဖြူရောင်၊ အနက်ရောင်ဖြင့် ပြည့်နှက်သွားသည်။

“ဒါက ဓားဝင်္ကပါနဲ့ လိုက်ဖက်ညီတဲ့ ကောင်းကင်စက်ဝန်းဝင်္ကပါပဲ”

ဟန်မူယဲ့က ကောင်းကင်စက်ဝန်းဝင်္ကပါကို ကြည့်လိုက်ပြီး အနန္တကမ္ဘာခန်းဆောင်တွင် ရစ်ဝဲနေသည့် ကြယ်အလင်းများကို ကြည့်သည်။

ကောင်းကင်စက်ဝန်းဓားဝင်္ကပါ၊ ကောင်းကင်စက်ဝန်းဝင်္ကပါနှင့် အနန္တကမ္ဘာဝင်္ကပါများသည် တူညီမှုများ ရှိကြသည်။

ထိုဝင်္ကပါသုံးခုသည် တူညီသောအရင်းအမြစ်မှ ဆင်းသက်လာသည်ဟု ပြောနိုင်သည်။

သွမ်ချန်ကျီက ဝင်္ကပါနှစ်ခုကို ကြည့်လိုက်ပြီး အချိန်အတော်ကြာသောအခါတွင် ညင်သာစွာခေါင်းခါသည်။

“ကျွန်တော်မျိုး နားလည်ပြီ”

“အရှင်မင်းကြီးရဲ့အမွေအနှစ်က အင်မော်တယ်ကမ္ဘာကနေ ဆင်းသက်လာတာပဲ”

“ဒီကျင့်ကြံခြင်းလောကကို အင်မော်တယ်ကမ္ဘာရဲ့ဂိုဏ်းတွေက အလှည့်ကျစောင့်ကြပ်ထားကြတယ်။ အရှင်မင်းကြီးရရှိထားတာက အင်မော်တယ်ကမ္ဘာရဲ့ ဓားတာအိုအမွေအနှစ်ပဲ”

အင်မော်တယ်တက်လှမ်းစင်မြင့်၊ အနန္တကမ္ဘာဝင်္ကပါနှင့် ကောင်းကင်စက်ဝန်းဓားဝင်္ကပါတို့သည် တူညီမှုများကို ပိုင်ဆိုင်ထားပြီး အင်မော်တယ်ကမ္ဘာမှ ဆင်းသက်လာကြသည်။

ထို့ကြောင့် ဟန်မူယဲ့က ဝင်္ကပါ၏ အရင်းအမြစ်ကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။

“ကိုးထပ်ဓားစံအိမ်ကို အင်မော်တယ်ကမ္ဘာရဲ့ မိတ်ဆွေတစ်ယောက်က အပ်နှံသွားတာလို့ နတ်ဘုရားခုံရုံးရဲ့ အရှင်မင်းကြီးက ပြောသွားခဲ့တယ်”

သွမ်ချန်ကျီက ဟန်မူယဲ့ကို ကြည့်သည်။

“အင်မော်တယ်ကမ္ဘာရဲ့ မိတ်ဆွေတစ်ယောက်လား”

‘ရတနာတိုက်ရဲ့မှတ်တမ်းမှာ နာမည်အဖျက်ခံထားရတဲ့လူလား’

ဟန်မူယဲ့က ထိုကိစ္စကို မသိခဲ့ပေ။

“အရှင်မင်းကြီး ကိုးထပ်ဓားစံအိမ်ကို အင်မော်တယ်ကမ္ဘာရဲ့ အင်အားစုကြီးတစ်ခုက ပိုင်ဆိုင်တယ်လို့ ပြောကြတယ်။ အဲဒီရတနာက အရမ်းအားကောင်းတယ်”

သွမ်ချန်ကျီက ကိုးထပ်ဓားစံအိမ်ကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။

“ဒီကိုးထပ်ဓားစံအိမ်ကို အရှင်မင်းကြီးဆီ ပြန်ပေးလိုက်ပါမယ်”

ဟန်မူယဲ့က စဉ်းစားကြည့်လိုက်ပြီး လက်ကိုဆန့်ထုတ်၍ ကိုးထပ်ဓားစံအိမ်ကို ယူသည်။

သွမ်ချန်ကျီက အကြွင်းအကျန်ဝိညာဉ်တစ်ခုသာ ဖြစ်သည်။ သူက ကိုးထပ်ဓားစံအိမ်ကို ကိုင်ဆောင်ထားလျှင်ပင် စွမ်းအားကို မထုတ်လွှတ်နိုင်ပေ။

သွမ်ချန်ကျီအတွက် ဝင်္ကပါအစီအရင်သည် အခြေခံအုတ်မြစ်ဖြစ်သည်။ အန္တနကမ္ဘာဝင်္ကပါကို ဖိနှိပ်ရန်အတွက်သာ ကိုးထပ်ဓားစံအိမ်ကို အသုံးချခဲ့သည်။

ဟန်မူယဲ့က ကိုးထပ်ဓားစံအိမ်နှစ်ခုကို ကိုင်ထားပြီး လှုပ်ရှားနေသောစွမ်းအားများကို ခံစားမိသည်။

သွမ်ချန်ကျီ၏ဓားစံအိမ်သည် ဓားများကို သိမ်းဆည်းမထားသော်လည်း လေဟာနယ်စွမ်းအားကို သိုလှောင်ထားခဲ့သည်။

ထိုအချက်အရ ဓားစံအိမ်သည် ဓားများကို သိမ်းဆည်းရန်အတွက်သာ မဟုတ်ပေ။

သို့မဟုတ် ဓားများသည် အခြေခံအုတ်မြစ်သာဖြစ်ပြီး တခြားရည်ရွယ်ချက်အတွက် အသုံးချနိုင်ပုံရသည်။

ဟန်မူယဲ့က ဓားစံအိမ်နှစ်ခု၏ ဆက်သွယ်မှုကို ခံစားကြည့်နိုင်သည်။

“ဝီ”

ဓားစံအိမ်နှစ်ခုသည် တုန်ခါနေပြီး တစ်ခုနှင့်တစ်ခု ထိတွေ့၍ ပေါင်းစပ်သွားကြသည်။

ဓားစံအိမ်နှစ်ခု၏ ပေါင်းစပ်မှုကြောင့် စွမ်းအားသည် နှစ်ဆတိုးလာသည်။

ယခုအချိန်တွင် ဟန်မူယဲ့က ဓားစံအိမ်မှ ထုတ်လွှတ်နေသော ခမ်းနားသည့်စွမ်းအားကို ခံစားမိသည်။

သူက ထိုဓားစံအိမ်ကို အသုံးပြု၍ နတ်ဘုရားဘုရင်တစ်ပါးကို လွယ်ကူစွာသတ်ဖြတ်နိုင်သည်။

ထိုအရာသည် ဓားစံအိမ်နှစ်ခု၏ ပေါင်းစပ်မှုစွမ်းအား ဖြစ်သည်။ အကယ်၍ ဓားစံအိမ်သုံးခု၊ လေးခု ရှိခဲ့လျှင် ....

ဟန်မူယဲ့က စိတ်လှုပ်ရှားသွားသည်။

ဤဓားစံအိမ်သည် လမ်းစတစ်ခု ဖြစ်နိုင်သည်။

ဓားစံအိမ်၏စွမ်းအားသည် အလွန်ခမ်းနားနေလိမ့်မည်။

သို့သော် ဤလောကတွင် ကိုးထပ်ဓားစံအိမ်များ မည်မျှ ကျန်နေသေးသနည်း။ ထိုအချက်ကို ဟန်မူယဲ့က မသိပေ။

ဓားစံအိမ်၏ ကိုးထပ်ဓားစံအိမ်အကြောင်းကိုလည်း မသိနိုင်ပေ။

သွမ်ချန်ကျီက ဝင်္ကပါအစီအရင်ကိုသာ လေ့လာထားသည်။ သူက ဓားတာအိုနှင့်ပတ်သတ်၍ အနည်းငယ်သာသိသည်။

“ယန်ဝေစစ်သူကြီး ရှောက်ယွမ်လား”

“စစ်သူကြီးရှောက်ယွမ်က အရှင်မင်းကြီးချီးကျူးရတဲ့ မဟာဓားကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့လောက်တယ်”

သွမ်ချန်ကျီက ဓားစံအိမ်၏တည်ထောင်သူအကြောင်းကို မသိပေ။

ဟန်မူယဲ့က ဓားစံအိမ်သို့ ကိုယ်တိုင်သွားသင့်သည်ဟု ခံစားလိုက်ရသည်။

“ဝီ”

ချီစွမ်းအင်အလင်းသည် သူ့လက်ထဲတွင် တောက်ပသွားပြီး အလင်းဝင်္ကပါများသည် ခန်းဆောင်၏အလယ်တွင်ရှိသော ဝင်္ကပါနှင့် ထိတွေ့သွားကြသည်။

ကြယ်များသည် ပြောင်းလဲသွားပြီး မရေမတွက်နိုင်သော အလင်းစီးကြောင်းများသည် ဖြည်းဖြည်းချင်း လှုပ်ရှားလာကြသည်။

နှစ်ပေါင်းများစွာအိပ်စက်နေခဲ့သော အနန္တကမ္ဘာဝင်္ကပါသည် စတင်နိုးထလာခဲ့သည်။

ကြယ်အလင်းများသည် ဟန်မူယဲ့၏မျက်လုံးထဲတွင် တလက်လက်တောက်ပနေကြသည်။ သူက လက်မြှောက်လိုက်ပြီး ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူသည်။

ထိုဝိညာဉ်ကျောက်တုံးများသည် အက်ကွဲသွားပြီး လှိုင်းထန်နေသော ချီစွမ်းအင်သည် ဝင်္ကပါနှင့်ထိတွေ့သွားသောကြာင့် ဝင်္ကပါသည် ပြန်လည်မွေးဖွားလာသကဲ့သို့ လှုပ်ရှားနေခဲ့သည်။

ဘေးတွင်ရှိနေသော သွမ်ချန်ကျီက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ပုံရိပ်က ပိုမိုထင်ရှားလာပုံရသည်။

အလင်းစီးကြောင်းများသည် နေရာအနှံ့သို့ ဖြာထွက်သွားခဲ့သည်။ ပျက်စီးနေသော ခန်းဆောင်သည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။

သို့သော် ထိုဖြစ်ရပ်သည် ကြီးကျယ်ခမ်းနားသော နန်းတော်အတွက် အလွန်နှေးကွေးနေသေးသည်။

ဟန်မူယဲ့က လက်ကို ဝှေ့ယမ်းလိုက်သောအခါတွင် ရွှေအလင်းစီးကြောင်းသည် ခန်းဆောင်ထဲမှ ပြေးထွက်သွားပြီး လမ်းကြောင်းတစ်ခုကို ဖန်တီးသည်။

တောင်တန်းနှင့်မြစ်စုတ်တံကို ကိုင်ဆောင်ထားသော ကောင်းရှောင်ရွှမ်က လမ်းကြောင်းထဲတွင် လျှောက်လှမ်းလာသည်။

သူ့နောက်တွင် သွမ်မင်နှင့် တခြားလူများက သတိထားပြီး လမ်းကြောင်းကို ဖြတ်သန်းလာကြသည်။

“ဝမ်ချူ၊ မတွေ့ရတာ အတော်ကြာပြီပဲ”

သွမ်ချန်ကျီက ကောင်းရှောင်ရွှမ်ကို ကြည့်လိုက်ပြီး အနည်းငယ်အံ့အားသင့်သွားသည်။ ထို့နောက် ညင်သာစွာ သက်ပြင်းချသည်။

သွမ်မင်က သွမ်ချန်ကျီကို ကြည့်လိုက်ပြီး လျင်မြန်စွာရှေ့တိုး၍ ဦးညွတ်သည်။

“သွမ်မိသားစုရဲ့မျိုးဆက်သစ် သွမ်မင်က ဘိုးဘေးကို အရိုအသေပေးပါတယ်”

....

မိတ်ဆွေဟောင်းများ ပြန်လည်တွေ့ဆုံသောအခါတွင် ခံစားချက်များကို ထိန်းသိမ်းထားရန် ခက်ခဲသည်။

ဘဝသစ်ဖြစ်နေသော ကောင်းရှောင်ရွှမ်နှင့် သွမ်ချန်ကျီတို့သည် ယခင်ဘဝ၏ အကြွင်းအကျန်ဝိညာဉ်များသာ ဖြစ်ကြသည်။

ယခင်က မရေမတွက်နိုင်သော ကမ္ဘာများနှင့် ဆက်သွယ်ထားသည့် ကြီးကျယ်ခမ်းနားသော မဟာခန်းဆောင်သည် ယခုအချိန်တွင် ဤနေရာ၌ ယိုယွင်းနေသည်။

စကြဝဠာနှင့်တူသည့် တောက်ပသောဝင်္ကပါသည် သူတို့၏ရှေ့တွင်ရှိသော ကြယ်အလင်းစုနှင့် ဆက်သွယ်နေသည်။

အနန္တကမ္ဘာဝင်္ကပါကို ပြန်လည်အသက်သွင်းရန်အတွက် မရေမတွက်နိုင်သော အရင်းအမြစ်များကို လိုအပ်သည်။

“အကြီးအကဲ၊ အနန္တကမ္ဘာခန်းဆောင်ကို ဒီနေရာကနေ တည်နေရာရွှေ့ပြောင်းလို့ရတာလား”

သွမ်ချန်ကျီက အနန္တကမ္ဘာခန်းဆောင်ကို တည်နေရာရွှေ့ပြောင်းရန်အတွက် အကြံပြုလိုက်သောအခါတွင် ဟန်မူယဲ့က ကြောင်အသွားခဲ့သည်။

ဤခန်းဆောင်၏ လေဟာနယ်စွမ်းအားသည် အလွန်များပြားပြီး ခမ်းနားသည်။

“ဟားဟား၊ အရှင်မင်းကြီးက ဘယ်နေရာကိုပဲ ရောက်နေပါစေ ဝင်္ကပါက ဒီနေရာမှာပဲ ရှိနေလိမ့်မယ်။ အနန္တကမ္ဘာခန်းဆောင်က အပေါ်ယံပဲ ရှိသေးတာပါ”

သွမ်ချန်ကျီက ခပ်ဟဟရယ်သည်။

“အရင်က အနန္တကမ္ဘာခန်းဆောင်ကို ရွှေ့ပြောင်းဖို့ရည်ရွယ်ပြီး ကိုးထပ်ဓားစံအိမ်နဲ့ ဖိနှိပ်ခဲ့တာပဲ”

ကိုးထပ်ဓားစံအိမ်ကို အသုံးပြု၍ အနန္တကမ္ဘာခန်းဆောင်ကို ထိန်းချုပ်ပြီး ဓားစံအိမ်၏ အားကောင်းသော စုပ်ယူခြင်းစွမ်းအားနှင့် ခန်းဆောင်ကို ရွေ့လျားစေခဲ့သည်။

ဟန်မူယဲ့က ဓားစံအိမ်ကို လက်နှစ်ဖက်ဖြင့် ကိုင်ထားပြီး ခန်းဆောင်တစ်ခုလုံးကို ဖြည်းဖြည်းချင်း စုပ်ယူနေသောအခါတွင် သွမ်ချန်ကျီ၏မျက်နှာထားက ရှုပ်ထွေးသွားခဲ့သည်။

သူက နှစ်သိန်းချီကြာအောင် ငြိတွယ်နေခဲ့ပြီး အဆုံးတွင် လွတ်မြောက်သွားခဲ့သည်။

ကံမကောင်းစွာဖြင့် သူက အားနည်းနေပြီး အချိန်ကြာမြင်စွာ အသက်ရှင်နိုင်တော့မည်မဟုတ်ပေ။

သင်္ဘောပျံများသည် တိမ်တိုက်ကောင်းကင်ဆေးတောင်ကြားသို့ ပြန်လာခဲ့ကြသည်။ ဟန်မူယဲ့က တစ်ရက်ကြာအောင် သီးသန့်ကျင့်ကြံပြီး ကိုးထပ်ဓားစံအိမ်နှစ်ခုကို အပြည့်အဝ ပေါင်းစပ်ခဲ့သည်။

ထို့ကြောင့် ဓားစံအိမ်၏စွမ်းအားသည် သူ၏တိုက်ခိုက်နိုင်စွမ်းကို စိတ်ကူးမယဉ်နိုင်အောင် တိုးတက်လာစေသည်။

သူက သီးသန့်ကျင့်ကြံရာမှ ထွက်လာသောအခါတွင် ဆေးတောင်ကြား၏ အဓိကခန်းဆောင်သို့ တိုက်ရိုက်သွားပြီး ဟွမ်ခြောက်၊ လီချင်းရှစ်နှင့် တခြားလူများကို ဆင့်ခေါ်လိုက်သည်။

အနန္တကမ္ဘာဝင်္ကပါကို ရှာတွေ့ထားသော်လည်း အစီအရင်ကို အသက်ဝင်စေရန်အတွက် အရင်းအမြစ်အများအပြားကို လိုအပ်နေသည်။

ဟန်မူယဲ့က နတ်ဘုရားခုံရုံး၏ ရတနာတိုက်များကို သိထားသော်လည်း သူက ထိုရတနာတိုက်များကို မှီခို၍ ဝင်္ကပါကို အားဖြည့်ပေးမည်ဟု မဆိုလိုပေ။

နတ်ဘုရားခုံရုံး၏ ရတနာတိုက်များသည် နတ်ဘုရားခုံရုံး၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုရတနာများကို အနန္တကမ္ဘာဝင်္ကပါအတွက် အသုံးပြုလိုက်လျှင် ဖြုန်းတီးသလို ဖြစ်နေလိမ့်မည်။

“အရင်းအမြစ်တွေလား”

ဟွမ်ခြောက်က စဉ်းစားကြည့်လိုက်ပြီး တီးတိုးပြောသည်။

“ရှေးတိမ်တိုက်စကြဝဠာရဲ့ ကြယ်တချို့မှာ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ရှိကြတယ်။ ဒါပေမဲ့ အရည်အသွေးက သိပ်မကောင်းဘူး။ ဝင်္ကပါကို အသက်သွင်းဖို့ လုံလောက်မှာမဟုတ်ဘူး”

အနန္တကမ္ဘာဝင်္ကပါသည် အရင်းအမြစ်များသာမက သန့်စင်သောစွမ်းအားကိုလည်း လိုအပ်နေသည်။

အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးများ၏ ချီစွမ်းအင်သည် သန့်စင်မှုမရှိသောကြောင့် လုံလောက်မည်မဟုတ်ပေ။

တခြားလူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါသည်။

အထက်ဘုံကပင် အနန္တကမ္ဘာဝင်္ကပါအတွက် လုံလောက်သောအရင်းအမြစ်များကို ထောက်ပံ့မပေးနိုင်ပေ။

“နတ်ဘုရားခုံရုံးအပြင် လောကမှာ အရင်းအမြစ်အများဆုံးနယ်မြေက အဆုံးမဲ့ပင်လယ် ဖြစ်ခဲ့တယ်”

သွမ်ချန်ကျီက ဟန်မူယဲ့ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

အဆုံးမဲ့ပင်လယ် ....

ကောင်းကင်နှင့်မြေကြီး၏ကြားတွင် ဖန်တီးခြင်းလမ်းစဉ် ရှိနေသည်။

အဆုံးမဲ့ပင်လယ်သည် အငြိုးအတေးများ စုစည်းရာနယ်မြေ ဖြစ်‌သော်လည်း အရင်းအမြစ် ကြွယ်ဝသည်။

“အဆုံးမဲ့နတ်ဘုရားဘုရင်က နတ်ဘုရားခုံရုံးခေတ်မှာ ကြမ်းတမ်းခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ သူက နတ်ဘုရားခုံရုံးရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိခဲ့ဘူး”

“အခု သူက လွတ်မြောက်ခြင်းလမ်းစဉ်ပေါ်ကို ‌ရောက်နေပြီ။ သူက အရင်းအမြစ်တွေကို ဖြုန်းတီးပြီး ကျွန်တော်မျိုးတို့ကို ကူညီမှာမဟုတ်ဘူး”

ကောင်းရှောင်ရွှမ်က ခေါင်းခါလိုက်ပြီး တီးတိုးပြောသည်။

အဆုံးမဲ့ပင်လယ်သည် အရင်းအမြစ်များကို ပိုင်ဆိုင်ထားသော်လည်း အဆုံးမဲ့ပင်လယ်၏ နတ်ဘုရားဘုရင်များက ဝေမျှမည်ဟု မဆိုလိုပေ။

လွတ်မြောက်ခြင်းလမ်းစဉ်နှင့် ငရဲကြီးဆယ့်ရှစ်ထပ်ကို တည်ဆောက်ရန်အတွက် အရင်းအမြစ်များကို လိုအပ်သည်။

ဟန်မူယဲ့က တောက်ပနေသောမျက်လုံးများနှင့်အတူ ခေါင်းညိတ်သည်။

အဆုံးမဲ့နတ်ဘုရားဘုရင်ကဲ့သို့ မဟာကျင့်ကြံသူကြီး၏အပေါ်တွင် အကွက်ချရန် မလွယ်ကူပေ။

All Chapters