ယိုတု၏ အတိတ်
Vol. 57 Ch. 755
ချင်မူ စက္ကူလှေထိန်းချုပ်နည်းအား အလျင်အမြန် တတ်သွားသည်။ စက္ကူလှေသည် ယိုတုတွင် အမြန်ဆုံးယာဉ်ပျံဟု ဆိုရမည်။ ဤလှေနှင့်ဆိုလျှင် ယိုတုတွင် ဖမ်းချုပ်ခံထားရသော သူ၏အမေဆီ အလည်သွားနိုင်၏။
‘မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နတ်အရှင်ရုံ သိတဲ့အချိန်ကျ နောက်ကျလွန်းသွားပြီ’
သူက လှေဦးတွင် ရပ်လျက် တွေးနေသည်။ လှေလေးသည် အမှောင်ထဲ၌ အဖော်မဲ့စွာ လွင့်မျောနေ၏။
ယိုတုသည် လုံးဝဥဿုံ မှောင်မည်းနေခြင်းမဟုတ်။ မြေအောက်ဘုံအရှင်သခင်၏ အရေပြားတစ်လျှောက် စီးနေသော ချော်ရည်သဖွယ် သွေးများလည်း ရှိသည်။ မြေအောက်ဘုံအရှင်သခင်မှာ အလွန်တရာ ကြီးမားလှသည့်အပြင် သူ၏အရေပြားက ပြိုင်ဘက်ကင်းအောင် မာကြောသော ကျောက်သားချပ်ဝတ်နှင့် တူ၏။
ချင်မူ လှေလေးကို မြေပြင်နှင့် အနီးကပ်ပျံသန်းခိုင်းလိုက်သည်။ အဝေးမှကြည့်လျှင် ဤကျောက်သားကဲ့သို့ အရေပြားအပေါ်၌ မည်သည့်အရာမှ မမြင်ရသော်လည်း အနီးကပ်သွားသည့်အခါ လက်နက်များသဖွယ် ထောင်မတ်နေသော တောင်တန်းများအား တွေ့မြင်ရ၏။ တောင်တန်းများအကြား၌ နန်းတော်များကို ကျောတွင် သယ်လျက် ခရီးနှင်နေကြသော ဧရာမမကောင်းဆိုးဝါးကြီးများနှင့် မိစ္ဆာနတ်ဘုရားများကိုလည်း တွေ့မြင်ရသည်။
မကောင်းဆိုးဝါးကြီးများနှင့် မိစ္ဆာနတ်ဘုရားများ သယ်ဆောင်ထားသည့် နန်းဆောင်များ၏ ပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော အစိမ်းရောင်မှင်စာများလည်း ရှိနေ၏။ သူတို့က မှင်စာနောက်တစ်အုပ်နှင့် စစ်ပွဲဖြစ်နေကြပြီး သွေးများက ချောင်းသဖွယ် စီးဆင်းနေသည်။
အစိမ်းရောင်မှင်စာတို့သည် ယိုတု၏ ထူးခြားသော သတ္တဝါတစ်မျိုး ဖြစ်၏။ ဖုန်းတုတွင်လည်း ဤကဲ့သို့ မှင်စာများ မြင်တွေ့ရသည်။ သူတို့တွင် အစိမ်းရောင်မျက်နှာများ၊ အစိမ်းရောင်အစွယ်များ ရှိကြကာ မှင်စာတချို့က သာမန်လူတစ်ယောက်ထက် သုံး၊ လေး၊ ငါးဆ ကြီးမားသော်လည်း တချို့မှာမူ ဒူးလောက်၊ ခါးလောက်သာ မြင့်မားကြသည်။ အကောင်သေးသေးလေးများက အလွန်မြန်မြန် ပြေးနိုင်ကြ၏။
ဤမှင်စာများအနက် နတ်ဘုရားများနှင့်ပင် ယှဉ်ပြိုင်နိုင်သော အစွမ်းအစများ ပိုင်ဆိုင်ထားသည့် မှင်စာဘုရင်များလည်း ရှိကြသည်။
ယိုတုထဲတွင် မှင်စာစစ်ပွဲကို နေရာတိုင်းတိုင်းလိုလို မြင်တွေ့ရပြီး မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများပင် ဝင်ရောက်ဆင်နွှဲလေ့ရှိ၏။ နန်းဆောင် သယ်ဆောင်ထားသော မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများသည် အလွန်အားကောင်းသန်မာသော်လည်း သူတို့၏လက်နက်များက အလွန်ရိုးရှင်းပေသည်။ သူတို့က မြေအောက်ဘုံအရှင်သခင်၏ အရေပြားအပေါ်ရှိ တောင်ထိပ်များကို ခုတ်ဖြတ်၍ တင်းပုတ်များသဖွယ် လွှဲယမ်းကာ မည်းမည်းမြင်သမျှ ထုရိုက်နေကြသည်။
တစ်ချက်တစ်ချက် မိစ္ဆာနတ်ဘုရားများနှင့် မကောင်းဆိုးဝါးများ၏ ကိုယ်ပေါ်ရှိ နန်းဆောင်များမှ ထွက်လာသော မူလဝိညာဉ်များကိုလည်း ချင်မူ တွေ့မြင်ရသည်။ သူတို့က အရှေ့ရှိ စစ်တပ်ဆီသို့ ကောင်းကင်နတ်သိုင်းများ၊ နတ်လက်နက်များ ပစ်လွှတ်ကာ တိုက်ခိုက်တတ်ကြ၏။
‘ယိုတုက တော်တော်လေး စည်ကားတာပဲ’
ချင်မူမှာ စိတ်လှုပ်ရှားနေပြီး စစ်မြေပြင်တစ်ခုမှ ဖြတ်သွားသည့်အခါ လှေလေးကို ရပ်၍ အော်လိုက်သည်။ “နောင်ကြီးတို့”
စစ်ဖြစ်နေသော နှစ်ဖက်လုံး သူ့အသံကြောင့် ကြောင်သွားကြသည်။ နှစ်ဖက်လုံးရှိ အစိမ်းရောင်မှင်စာများမှာ တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြပြီး မကောင်းဆိုးဝါးများလည်း ကပျာကယာ ရပ်လိုက်ကြ၏။ သူတို့က တင်းပုတ်များကို မှီကာ လှေလေးဆီသို့ မော့ကြည့်ကြသည်။
နှစ်ဖက်စလုံးမှ မူလဝိညာဉ်များ ပျံတက်လာကြကာ ကောင်းကင်ထက်၌ ရပ်လိုက်ကြသည်။ သူတို့က လှေလေးကို အရိုအသေပေး၍ ပြောကြ၏။ “အရာရှိမင်း၊ ကျွန်တော်မျိုးတို့က နောင်ကြီးလို့ အခေါ်ခံဖို့ မထိုက်တန်ပါဘူး”
“အရာရှိမင်း ကျွန်တော်တို့ကို သတ်ဖို့လာတာလား... မြေအောက်ဘုံအရှင်သခင် ကျွန်တော်တို့ကို စားချင်နေတာလား”
စစ်ဖြစ်နေခဲ့သည့် နတ်ဘုရားမူလဝိညာဉ်နှစ်ပါးမှာ တစ်ယောက်ကိုတစ်ယောက် ဖက်ကာ ငိုကြွေးကြတော့သည်။ “သူများတွေလည်း နယ်မြေချဲ့ထွင်နေတာပဲ... ဘာလို့ ကျွန်တော်တို့ကျမှ စားချင်နေတာတုန်းဗျာ....”
ချင်မူ ကပျာကယာ ပြောလိုက်ရသည်။ “မငိုပါနဲ့ဦး... မြေအောက်ဘုံအရှင်သခင်က နောင်ကြီးတို့ကို မစားချင်ပါဘူး.. ကျွန်တော်က လမ်းမေးချင်လို့ ဒီကို လာတာပါ... မေးပြီးတာနဲ့ ပြန်မှာမလို့ နောင်ကြီးတို့ ဆက်တိုက်ခိုက်နိုင်ပါတယ်”
မူလဝိညာဉ်နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလျင်အမြန် လွှတ်လိုက်ကြ၏။
ချင်မူက မေးလိုက်သည်။ “အန္တရာယ်များတဲ့ ရာဇဝတ်သားတွေကို ထိန်းသိမ်းထားတဲ့နေရာက ဘယ်မှာလဲဗျ”
ထိုမူလဝိညာဉ်နှစ်ယောက်မှာ ဟင်းခနဲ သက်ပြင်းချကာ ပြောပြကြသည်။ “မြေအောက်ဘုံအရှင်သခင်ရဲ့ ခြေထောက်အောက်တည့်တည့်က ယိုတုရဲ့ ကျောက်စိမ်းအကျဉ်းထောင်တံခါးမှာပါ”
ချင်မူ ကျေးဇူးတင်လိုက်သည်။ “လာတုန်းက နေရာတိုင်းလိုလို စစ်ဖြစ်နေတာ တွေ့ခဲ့ရတယ်... ယိုတုက ဘာလို့ ဒီလောက် ကမောက်ကမ ဖြစ်နေတာတုန်းဗျ”
ထိုမူလဝိညာဉ်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး အံ့အားသင့်နေကြ၏။ မူလဝိညာဉ်တစ်ယောက်က အရိပ်အခြည်ကြည့်ကာ ပြောလေသည်။ “လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်တုန်းက အဖြစ်အပျက်ကို အရာရှိမင်း မေ့သွားတာများလား... လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်တုန်းက အမည်မပြောရတဲ့ အဲဒီတစ်ယော်က အချိုးအကွေ့ကိုးသွယ် ချိုဆီ ရောက်လာပြီး ငရဲပေါင်းများစွာ ဖျက်စီးပစ်ခဲ့တယ်.... အာဏာပိုင်နတ်ဘုရားတွေကိုလည်း သတ်ပစ်ခဲ့ပြီး စားခဲ့သေးတယ်... ကျွန်တော်တို့က ရန်ကြွေးချေဖို့နဲ့ ပိုင်ရှင်မရှိတဲ့ နယ်မြေတွေကို လုဖို့သာ တိုက်ခိုက်နေကြတာပါ”
မူလဝိညာဉ်တစ်ယောက်က ခေါင်းညိတ်ပြသည်။
‘အမည်မပြောရတဲ့ တစ်ယောက်တဲ့လား.... ယိုတုမှာ အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှု ရှိသေးတယ်လား’ ချင်မူ စိတ်ရှုပ်ထွေးစွာဖြင့် လှေလေးကို ဆက်လက်စေစားလိုက်သည်။
နတ်ဘုရားနှစ်ပါးမှာ လှေလေး အဝေးရောက်သွားသည်ကို မြင်မှ စိတ်ဒုန်းဒုန်း ချနိုင်ကြ၏။ “ထူးဆန်းတယ်... အရာရှိမင်းက ဘာလို့ ငါတို့ကို လမ်းမေးနေတာလဲ... သူက တျန်းချိကျွင်းလေ ယိုတုရဲ့ ကျောက်စိမ်းအကျဉ်းထောင်တံခါးကို ဘယ်လိုလုပ် မသိနေတာလဲ... ယိုတုရဲ့ ဘုရင်လေးကိုရော ဘာလို့မသိတာလဲ”
“ဘယ်သူ့အရေးလဲကွာ... သေပတော့... ဒီခွေးသူတောင်းစားကို သတ်နိုင်တဲ့ ဘယ်မှင်စာကိုမဆို မှင်စာအလှလေး အယောက်သုံးဆယ်ဆီ ချီးမြှင့်မယ်”
နှစ်ဖက်စလုံး ပြန်လည်တိုက်ခိုက်ကြသည်။
ချင်မူ မြေအောက်ဘုံအရှင်သခင်၏ ခန္ဓာကိုယ်အောက်သို့ ဆင်းချသွားပြီး အောက်ရောက်လာလေလေ ယိုတုမိစ္ဆာချီများ သိပ်သည်းလာလေလေ ဖြစ်၏။ မိစ္ဆာသဘာဝလည်း ပိုမိုအားကောင်းလာသည်။
လမ်းတွင် မြင်ခဲ့ရသည့် မြင်ကွင်းများက ချင်မူ့ကို ရင်ထဲတွင် တုန်လှုပ်မိစေခဲ့သည်။ စစ်ပွဲများသည် နေရာတိုင်းလိုလို ဖြစ်ပွားနေသည့်အပြင် အားလုံး နေ့နေ့ညည တိုက်ခိုက်နေကြ၏။ သောင်းကျန်းအုံကြွနေသော ကြောက်မက်ဖွယ်ရာ ဝိညာဉ်များလည်း ရှိကြသည်။
“လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်တုန်းက အဲဒီတစ်ယောက်က မကောင်းမှုအများကြီး ကျူးလွန်ခဲ့ပြီး အာဏာပိုင်တွေအများကြီး သတ်ပစ်ခဲ့တာပဲ ဖြစ်မယ်... သူ့ကြောင့် ယိုတုထဲမှာ ကမောက်ကမ ဖြစ်ကုန်ပြီး အခုထိ မအေးချမ်းသေးတာပဲ”
ချင်မူ တအံ့တဩ စုပ်သပ်မိသည်။ “ပါရမီရှင်တွေဟာ နေရာတိုင်းမှာ ငုပ်လျှိုးနေတာပါလား”
မြေအောက်ဘုံအရှင်သခင်၏ ကိုယ်ပေါ်တွင် ရှေးဟောင်းမြို့များစွာ ရှိနေပြီး နတ်ဘုရားများ ထိုနေရာများတွင် စခန်းချထားကြသဖြင့် အလင်းရောင်များ တောက်ပနေသည်။
မှောင်မိုက်နေသည့် ကောင်းကင်ယံထက်တွင် လွင့်မျောနေသော မြို့များကိုလည်း တွေ့မြင်ရပြီး သံကြိုးများက ထိုမြို့များကို မြေကြီးနှင့် တွဲချိတ်ထားသည်။ ထိုကဲ့သို့ မြို့များက ဝင်္ကပါအခင်းအကျင်းများ ဖွဲ့တည်ထားကာ အလွန်အန္တရာယ်များမည့်ပုံရ၏။
ချင်မူ ကြည့်နေသော်လည်း အနားကပ်မသွားပေ။ ‘အဲဒီနေရာတွေက လုလီနဲ့ ပြင်ပကောင်းကင်နတ်ဘုံ စခန်းချထားတဲ့နေရာ ဖြစ်လိမ့်မယ်... အနားကပ်မသွားတာ အကောင်းဆုံးပဲ”
အတန်ကြာ အောက်သို့ဆင်းလာပြီးနောက်တွင် ပျက်စီးနေသော နတ်ဘုရားမြို့များအား ကောင်းကင်ထက်၌ မြင်တွေ့ရသည်။ မြို့ပျက်များက မြေပြင်သို့ ပြိုကျထားပြီး ခြေပြတ်လက်ပြတ်များ ပြန့်ကြဲနေသည်။ ဒဏ်ရာများအရ ဧရာမသားရဲကြီးတစ်ကောင်က နှစ်ပိုင်းပြတ်အောင် ကိုက်ခဲ့ခြင်း ဖြစ်တန်ရာသည်။
မကြာမီ သူ့အရှေ့တွင် အလွန်ကြီးမားသော ဂိတ်တံခါးတစ်ချပ် ပေါ်လာသည်။ ဂိတ်တံခါးကြီးသည် မြို့ကို ကာကွယ်ပေးထားသော မဟူရာသံမြို့တံတိုင်းနှင့် တူ၏။ ချင်မူ ပတ်သွားရန် ပြင်လိုက်သည့်အခါ မှင်သက်သွားသည်။ မြို့တံတိုင်းအပေါ်တွင် ကြောက်စရာ လက်ဝါးရာကြီးများ မြင်တွေ့ရလေသည်။
လက်ဝါးရာများသည် အလွန်တရာ ကြီးမားလှသဖြင့် လက်ချောင်းရာများမှာ တောင်တန်းများ မြို့တံတိုင်းထဲ နစ်ဝင်နေသကဲ့သို့ ဖြစ်နေသည်။
မြို့တံတိုင်းကို ထိုးနှက်ထားသော နတ်ဘုရားများ၏ လက်သီးရာများကိုလည်း မြင်ရသည်။ မိစ္ဆာနတ်ဘုရားတို့၏ အရိုးများက မြေပြင်ထက်တွင် ပြန့်ကြဲနေပြီး ပျက်စီးကျိုးပဲ့နေသည့် လက်နက်များလည်း တောင်လိုပုံနေသည်။
တခဏကြာသော် ချင်မူ ဂိတ်တံခါး၏အပြင်၌ စက္ကူလှေလေးကို ရပ်လိုက်သည်။ မြင့်မားလှသော မြို့မျှော်စင်မှာလည်း ရိုက်ချိုးခံထားရသလို၊ နံရံများနှင့် ဂိတ်တံခါးတွင် လူသဏ္ဍာန် အပေါက်ကြီးတစ်ပေါက် ရှိနေ၏။ အပေါက်ကြီး၏ပုံစံအရ ‘အမည်မပြောရသော ထိုတစ်ယောက်’တွင် ခပ်ဝဝ ခန္ဓာကိုယ်ရှိကြောင်း သုံးသပ်ကြည့်နိုင်သည်။ ဝသော်လည်း ခွန်အားက စိတ်ကူးဖြင့်ပင် မှန်းဆကြည့်မရပေ။
လှေလေးက လူပုံစံအပေါက်ကြီးကို ဖြတ်၍ စွန့်ပစ်ခံထားရသော မြို့တစ်မြို့သို့ ရောက်လာသည်။ မြို့၏ ခံ့ညားထည်ဝါမှုကို မမြင်ရတော့သလို၊ အရာအားလုံး စိစိညက်ညက် ဖြိုခွဲခံထားရ၏။
ချင်မူ မြို့အလယ်သို့ သွားလိုက်သည့်အခါ ဝိုင်းဖွဲ့ရပ်နေကြသော အရိုးစုထောင်ပေါင်းများစွာ မြင်လိုက်ရသည်။ ဤအရိုးစုနတ်ဘုရားအားလုံးသည် သန်မာအားကောင်းလှသည့် ဆွဲအားတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များကို စုပ်ယူနေ၍ ရုန်းနေကြသကဲ့သို့ ခန္ဓာကိုယ်များအား ကိုင်းထားကြ၏။
ချင်မူ စက္ကူလှေလေးကို သူတို့၏အလယ်ဆီသို့ စေစားလိုက်ပြီး အလယ်တွင် ဧရာမခြေရာကြီးနှစ်ခု ရှိနေသည်။
သူက လှေလေးလေးအား အပေါ်စီး၌ ရပ်စေလိုက်၏။ ချင်မူ လှေပေါ်၌ ရပ်ကာ အရိုးစုများကို ကြည့်လိုက်သည်။ ဤအရိုးစုများသည် ‘အမည်မပြောရသော’ ထိုတစ်ယောက် မြို့ထဲ ဝင်လာသဖြင့် လာရောက်တိုက်ခိုက်နေကြခြင်း ဖြစ်မည်။ ထိုအချိန်မှာပဲ ‘အမည်မပြောရသော ထိုတစ်ယောက်’က စွမ်းအား ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။
“အား... “
ချင်မူ ပါးစပ်ဟပြီး ပတ်ဝန်းကျင်ရှိ အရိုးစုများဆီသို့ အော်ကြည့်လိုက်သည်။ သူ ခေါင်းယမ်းကာ ပြောလိုက်သည်။ “မဟုတ်သေးဘူး... သူတို့ကို အသံလှိုင်းနဲ့ သတ်သွားတာ မဟုတ်ဘူး...”
ချင်မူ အသက်ပြင်းပြင်း ရှိုက်သွင်းကြည့်လိုက်သည်။ သူက ခေါင်းညိတ်ကာ ပြော၏။ “ဟုတ်တယ် ဒီလိုပဲ.... အမည်မပြောရတဲ့ အဲဒီတစ်ယောက်က ဒီနတ်ဘုရားအားလုံးရဲ မူလဝိညာဉ်တွေကို ရုတ်တရက် စုပ်ယူပြီး စားပစ်လိုက်တာ... နတ်ဘုရားထောင်ပေါင်းများစွာကို တစ်လုပ်စားပစ်တာ ရက်စက်တယ်... တော်တော် ရက်စက်တယ်”
စက္ကူလှေလေးသည် မြို့ထဲမှ ထွက် ၍ ရှေ့ဆက်သွား၏။ ၎င်းက မြေအောက်ဘုံအရှင်သခင်၏ ဒူးနေရာသို့ ရောက်လာပြီး သံကြိုးများဖြင့် တွဲချိတ်ထားသော မြို့များကို မြင်ရသည်။
ချင်မူ ဂိတ်ဝတစ်ခုအား ဖြတ်လာသည့်အချိန်မှ ဤနေရာတွင် ကောင်းကင်နှင့်မြေပြင် ရှိကြောင်း သဘောပေါက်လိုက်သည်။ ဤနေရာရှိ နန်းတော်များသည် အလွန်ကျယ်ဝန်းပြီး စီးတန်းနေကြ၏။ မြို့အပေါ် မြို့ထပ်၍ တည်ရှိနေကြသော်လည်း အားလုံး ပျက်စီးနေကြချေပြီ။ မိစ္ဆာနတ်ဆိုးချီကလည်း အလွန်သိပ်သည်းနေသည့်အတွက် မှင်စာအနည်းစုသာ နေထိုင်နေကြောင်း တွေ့ရသည်။ မှင်စာတို့မှာ လူသားများကို ကြောက်သဖြင့် ချင်မူ၏ လှေလေး ဝင်လာမှန်း မြင်လျှင် အနက်ရောင်အခိုးအငွေ့များ အသွင်ပြောင်းကာ ပျောက်ကွယ်သွားတော့သည်။
ချင်မူ့မျက်နှာတွင် ထူးဆန်းသောအမူအရာ ရှိပြီး သူက ဤဂိတ်ထဲမှ အလျင်အမြန် ထွက်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် မုခ်ဦးမှာ ပျက်စီးနေကြောင်း မြင်ရ၏။ ချင်မူ မြေပြင်ပေါ်၌ လိုက်ရှာကြည့်သည့်အခါ ကျိုးပဲ့နေသော စာလုံးများကို တွေ့လိုက်ရပြီး အသက်ပြင်းပြင်း ရှူလိုက်မိတော့သည်။
‘တောင်ကောင်းကင်မုခ်ဝ၊ ဒါ ကောင်းကင်နန်းဆောင်တစ်ခုပဲ’
သူ့စိတ်ထဲ၌ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသော်လည်း ဣန္ဒြေပြန်ဆည်လိုက်သည်။ သူ ရှေ့ဆက်ပျံသန်းလာသည့်အခါ နဂါးသွဲ့ဆောင်နှင့် နဂါးသွဲ့ရေကန်ကို ကျော်ဖြတ်လာရ၏။ နဂါးသွဲ့ရေကန်မှာ တစ်ယောက်ယောက် တစ်ကျိုက်တည်း မော့သောက်ထားသကဲ့သို့ ခမ်းခြောက်နေသည်။ နတ်ဘုရားစီရင်စင်မြင့်မှာမူ စိစိညက်ညက် ရိုက်ခွဲခံထားရသည်။ ကျောက်စိမ်းမြို့တော်လည်း ဖျက်စီးခံထားရပြီး နတ်ကောင်းကင်ခန်းမ၌ အပေါက်ကြီးများ တွေ့မြင်ရသည်။ ဧကရာဇ်ပလ္လင်မှာလည်း တင်ပါးအကြီးကြီးဖြင့် တက်ထိုင်ထားသကဲ့သို့ ကျောက်စိမ်းမြို့တော်၏ မြေကြီးထဲအထိ နစ်ဝင်ကာ ပျက်စီးနေသည်။
‘ကောင်းကင်နန်းဆောင်တွေမှာ နေထိုင်ခွင့်ရတဲ့ ဝိညာဉ်တွေဆိုတာ မသေခင်တုန်းက ဧကရာဇ်ပလ္လင်အဆင့် ဒါမှမဟုတ် နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေ မဟုတ်လား... အမည်မပြောရတဲ့ အဲဒီတစ်ယောက်က ဒီနေရာကို ဒီအတိုင်းအတာအထိ ဖျက်စီးနိုင်ခဲ့တယ်ဆိုတော့ ဒီနေရာရဲ့အရှင်သခင်လည်း သူ့လက်ချက်နဲ့ သေသွားပြီဖြစ်မယ်’
ဤနန်းဆောင်မှ ထွက်လာပြီးနောက် ချင်မူ အံ့အားသင့်သထက် အံ့အားသင့်လာရသည်။ လွန်ခဲ့သော နှစ်ဆယ့်နှစ်နှစ်က ယိုတုသည် ကပ်ဘေးကြီး ရင်ဆိုင်ခဲ့ရလိမ့်မည်။ ဤနေရာတွင် နေထိုင်နေသော သတ္တဝါအားလုံး အမည်မပြောရသော ထိုတစ်ယောက်၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြောင့် ထိခိုက်နစ်နာခဲ့ရလိမ့်မည်။
‘မြေအောက်ဘုံအရှင်သခင်နဲ့ ကောင်းကင်နတ်အရှင်ရုံက ငါ့မကောင်းမှုတွေကို စာအုပ်အသေးလေးထဲမှာ မှတ်ထားနေသေးတယ်.... အမည်မပြောရတဲ့ တစ်ယောက်ကမှ တကယ် ဆိုးသွမ်းပက်စက်တဲ့ လူလေ... ဒါတောင် သူ့အကြောင်း တစ်ခွန်းမပြောခဲ့ဘူး’
ချင်မူ မကျေမနပ် ဖြစ်နေမိသည်။ သူ မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်သို့ ရောက်သည့်အခါ ဤနေရာမှာ စစ်မြေပြင်အဟောင်းတစ်ခု ဖြစ်နေချေပြီ။
ချင်မူမှာ ကြည့်ရင်း အံ့ဩတုန်လှုပ်နေသည်။ ဤစစ်မြေပြင်ကား အဆုံးသတ်ပင် မမြင်ရသည်အထိ ကြီးမားကျယ်လွန်းလှ၏။ သူ မြင်ရသမျှမှာ ကောင်းကင်နတ်သိုင်းပညာရှင်တို့၏ သိုင်းအကြွင်းအကျန်များမှ နေရောင်အလင်းတန်းများကိုသာ ဖြစ်သည်။
နေအလင်းတန်းတစ်တန်းစီသည် မိုင်တစ်သောင်း ရှည်လျာပြီး ရင်သပ်ရှုမောဖွယ်ရာ လှပ၏။
မြေပြင်မှာ ညှိထားသကဲ့သို့ ညီညာပြန့်ပြူးနေကာ တောင်တန်းမြစ်ချောင်းများ မမြင်ရပေ။ ကောင်းကင်ထဲတွင် လက်ဝါးရာများ၊ လက်သီးရာများ ပြည့်နှက်နေပြီး နှစ်ဆယ့်နှစ်နှစ် ကြာပြီးနောက်တွင် အရာများက နဂိုအတိုင်း ပြန်မဖြစ်ခြင်း မရှိသေး။
ဤနေရာရှိ စစ်ပွဲသည် အခြားနေရာများရှိ စစ်ပွဲများထက် များစွာ တုန်လှုပ်ချောက်ချားဖွယ်ရာကောင်းကြောင်း ထင်ရှား၏။
‘ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်ဝိညာဉ်တွေက ဒီနေရာမှာ အမည်မပြောရတဲ့ အဲဒီတစ်ယောက်ကို ဝိုင်းပြီး တိုက်ခိုက်ခဲ့ကြတာများလား’
ချင်မူ့ရင်ထဲ ဒိန်းခနဲ ခုန်သွားမိသည်။ သူက ဤစစ်မြေပြင်ကို ဂရုတစိုက် ဖြတ်သန်းရင်း ကောင်းကင်နတ်သိုင်းအလင်းတန်းများကို ရှောင်သွားနေ၏။ ချင်မူမှာ ကြည့်ရင်း ကြည့်ရင်း ပို၍ပို၍ အံ့အားသင့်လာတော့သည်။
ဤစစ်ပွဲ၏ ပြင်းထန်ခဲ့မှုအား စိတ်ကူးဖြင့်ပင် မှန်းမကြည့်နိုင်ပေ။ ဤနေရာတွင် လှုပ်ရှားခဲ့သော နတ်ဘုရားများနှင့် မိစ္ဆာအင်အားကား အလွန်တရာ ကြီးမားခဲ့လိမ့်မည်။
သို့တိုင်အောင် အမည်မပြောရသော ထိုတစ်ယောက်၏ ခြေရာများကို စစ်မြေပြင်တွင် မြင်ရသည်။ ခြေရာများသည် အလွန်နက်ရှိုင်းနေ၏။ ဤစစ်ပွဲက အမည်မပြောရသော ထိုတစ်ယောက်ကို မသတ်နိုင်ခဲ့သည့်အပြင် ထိုတစ်ယောက် ရုန်းထွက်သွားနိုင်ကြောင်း မြင်သာသည်။
အမည်မပြောရသော ထိုတစ်ယောက်သည် နောက်ဆုံးတွင် အနိုင်ရသူ ဖြစ်၏။
‘အဲဒီလောက် ကြောက်စရာကောင်းတဲ့ ဖြစ်တည်မှု ယိုတုမှာ ရှိနေသေးတယ်လား’
ချင်မူ အသက်ပြင်းပြင်း ရှူ၍ သူ့ဘာသာသူ တွေးလိုက်မိသည်။ ‘ငါ အပြောအဆို ဆင်ခြင်ဦးမှပဲ... မဟုတ်ရင် အဲဒီပုဂ္ဂိုလ်ကို သွားရန်စမိနိုင်တယ်... ရွာလူကြီးပြောတဲ့အတိုင်း ယဉ်ကျေးပြလို့ မှားမသွားဘူး”
မြေအောက်ဘုံအရှင်သခင် ရပ်နေသည့် နေရာသို့ သူ ရောက်လာ၏။ ဤနေရာရှိ မိစ္ဆာသဘာဝမှာ သိပ်သည်းထူထပ်ပြီး ချောက်ချားဖွယ်ရာကောင်း၏။ မိစ္ဆာသဘာဝနှင့် မိစ္ဆာချီများက စုဝေးအုံဖွဲ့ကာ မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်တွင် မြေပြင်တစ်ခု ဖွဲ့တည်ထားလေသည်။
လှေလေးသည် မြေအောက်ဘုံအရှင်သခင်၏ ခြေထောက်အောက်သို့ ဆင်းလိုက်သည်နှင့် မဟူရာကျောက်သားဖြင့် ထုဆစ်ထားသကဲ့သို့ မည်းနက်နေသော ဧရာမြို့အကျယ်ကြီးတစ်မြို့ကို မြင်လိုက်ရသည်။
‘ဒီနေရာက ယိုတုရဲ့ မဟူရာအကျဉ်းထောင်တံခါး ဖြစ်လိမ့်မယ်’
ချင်မူ စက္ကူလှေလေးကို ပျံတက်ခိုင်းလိုက်ပြီး မြို့တံတိုင်းမှ ကျော်၍ အထဲသို့ ဝင်ရန် ကြိုးစားလိုက်သည်။ သို့သော် လှေလေး ပျံတက်သွားသည့်အချိန်မှာပဲ မဟူရာကျောက်သားတံတိုင်းကလည်း မြောက်တက်လာသည်။ လှေလေး မည်မျှမြန်မြန် ပျံသန်းစေကာမူ အထဲသို့ ဝင်ရန် မြို့တံတိုင်းအား ကျော်လွှားမရပေ။
ချင်မူမှာ လိမ်လိမ်မာမာဖြင့် မြို့တံတိုင်းတစ်လျှောက် ပတ်ကြည့်ရင်း ဝင်နိုင်မည့်နည်းလမ်း စဉ်းစားနေသည်။
များမကြာခင် ကျောက်စိမ်းအကျဉ်းထောင်တံခါး၏ အဝင်ဂိတ်ဝကို ရှာတွေ့သွား၏။ အဝင်ဂိတ်ဝ၏အပြင်တွင် မိစ္ဆာနတ်ဘုရားနှစ်ပါးက ပုဆိန်များကိုင်လျက် စောင့်ကြပ်နေကြသည်။ သူတို့သည် စက္ကူလှေလေး လွင့်မျောလာသည်ကို မြင်လိုက်သည်နှင့် ဦးညွှတ်အရိုအသေပေးရန် ပြင်လိုက်ရသော်လည်း လှေပေါ်၌ မရဏတမန်တော်မဟုတ်ဘဲ လူငယ်လေးတစ်ယောက် ရှိနေကြောင်း မြင်လိုက်ရ၏။
မိစ္ဆာနတ်ဘုရားတစ်ပါးက မေးသည်။ “မင်းက ဘယ်သူ့ကလေးလဲ... ဘာကြောင့် ကျောက်စိမ်းအကျဉ်းထောင်တံခါးဆီ လာတာလဲ... တျန်းချိုကျွင်းရဲ့ လှေက ဘာလို့ မင်းဆီမှာ ရှိနေတာလဲ”
ချင်မူ ကပျာကယာ ပြောလိုက်သည်။ “နတ်ဘုရားကြီးတို့၊ ကျွန်တော်က ချင်မူ ချင်ဖုန်းကျင့်ပါ... ကျွန်တော့်အမေကို တွေ့ချင်လို့ လာတာပါ”
၎
င
၎
၎