← Chapters

သားရဲကောင်ကို ခြုံကိုင်အနိုင်ယူနိုင်သော ရှားပါးရတနာများ

Vol. 28 Ch. 381

သားရဲကောင်ကို ခြုံကိုင်အနိုင်ယူနိုင်သော ရှားပါးရတနာများ

Vol. 28 Ch. 381

“မန္တာန်အစီအရင်ကို စတင်ကြ…” ဖန်းစန်းနျန်းသည် သူမ၏လက်နှစ်ဖက်ထဲရှိ အပြာရောင်အလင်းကို ဝေ့ယမ်း၍ ကျယ်လောင်စွာ အော်ပြောသည်။ အပြာရောင်စက်ဝန်းလှိုင်းဂယက်များသည် ထိုအလံကနေ ရုတ်တရက် စီးဆင်းလေ၏။

တခြားသူများကလည်း သူတို့၏အလံများကို လိုက်ပါ ဝေ့ယမ်းကြသည်။ ချက်ခြင်းပင် တောက်ပစူးရှသော အပြာရောင်အလင်းက သူတို့ကို ထွေးခြုံသွား၏။ အလင်းများ လင်းလက်သွားပြီးသွားပြီးနောက်မှာ သူတို့အားလုံးသည် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက သူတို့ရှိနေသော နေရာသည် ဗလာကင်းမဲ့သည့်ပင်လယ်တစ်ခုတည်းသာ။

ခဏအကြာတွင် အလင်းတန်းနျစ်ခုသည် သည်ဧရိယာထံ ဖြတ်သန်း၍ ကျော်ဖြတ်လာသည်။ သူတို့က မြန်လွန်း၏။ အသက်လု ပြေးနေသည့်နှယ်။ သူတို့၏နောက်မှ အဖြူရောင်မြူသည် နီးကပ်စွာ လိုက်ပါလာသည်။

အဖြူရောင်မြူသည် မှော်အစီအရင်ထံ ပျံသန်းလာနေစဉ် ၎င်းကို အပြာရောင်အလင်းဖြာထွက်မှုက ဝန်းရံသွားလေသည်။ ကြီးမားသော အပြာရောင်အလင်းအရံအတားကြီးတစ်ခုသည် မည်သည့်နေရာကနေ ပေါ်လာမှန်း မသိရသော်လည်း ၎င်းကို အတွင်း၌ ပိတ်ပစ်လေသည်။ ထိုအခိုက်တွင် ဖန်းစန်းနျန်းနှင့် တခြားသူများက အရံအတားပတ်လည်တွင် ပေါ်လာကြသည်။

သူတို့အားလုံးက အလံများကို အပေါ်သို့ ပင့်မြှောက်ပြီး အလင်းအရံအတားထံ ညွှန်သည်။ ဇလုံအရွယ်အစားမျှ ထူသော အပြာရောင်အလင်းတန်းများက တိုးဝင်သွားကြသည်။ ၎င်းအလင်းကား တောက်ပသထက် ပိုတောက်ပလာ၏။ ၎င်း၏အရောင်မှာလည်း ပိုရင့်လာ၏။

ထိုသို့ဖြစ်ပွားပြီးသည့်နောက်မှာ အဝါနှင့်ရွှေရောင်အလင်းတန်းတို့သည် အလင်းအရံအတား၏ အထက်သို့ ချက်ခြင်း ပျံတက်ကြသည်။ ထို့နောက်တွင် အလင်းများ လွင့်ပြယ်သွားကာ အကြီးအကဲမြောင်နှင့် ဆံပင်များရှုပ်ပွနေသော လူသန်ကြီးတစ်ယောက်(အကြီးအကဲကူ)တို့ ပေါ်လာကြသည်။

“ကောင်းတယ်…သိပ်ကောင်းတယ်။ အခု မင်းတို့က ဒီသားရဲကောင်ရဲ့ တန်ပြန်တိုက်ခိုက်မှုကို ခုခံရမယ်။ ပြီးရင် အဲ့အခွင့်အရေးကို အသုံးပြုပြီး ကျုပ်တို့ရဲ့ ရတနာတွေကို ထုတ်သုံး တိုက်ခိုက်မယ်…”

အကြီးအကဲမြောင်က ကျေနပ်အားရစွာ အော်ဟစ်သည်။

အကြီးအကဲကူနှင့် အပြန်အလှန် ကြည့်ပြီးနောက် သူတို့နှစ်ယောက်လုံးသည် ရင်ဘက်ထဲ လက်နှိုက်လေ၏။ ထိုအခါ ရှေးဟောင်း ကြေးလှံရှည်တစ်စုံ ပေါ်လာသည်။ ၎င်းတို့၏ ထိပ်ဖျားက အရောင်အဝါကင်းမဲ့နေပြီး ထူးခြားနေတာ မရှိလေပေ။

နန်းတော်ခြောက်ခုအဖွဲ့အစည်း၏ အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲနှစ်ယောက်သည် အလေးအနက်အသွင် ဖြစ်လာကြပြီး တီးတိုးရေရွတ်သည်။ လှံရှည်နှစ်ခုမှာ အဝါရောင်အလင်း တဖြည်းဖြည်း တောက်ပလာချေသည်။

ထိုအခိုက်တွင် ငါးကြင်းသားပေါက်သားရဲက ပိတ်လှောင်ခံရတာကို သတိပြုမိသွားပုံ ရ၏။ ၎င်းက အဆက်မပြတ် ကလေးငြီးသံများကို ထုတ်ဖော်ပြီးနောက် ကြီးမားသောမြူထုကြီးသည် ကြုံ့သွားလေ၏။ မျက်စိတမှိတ်အတွင်း ၎င်းသည် မီတာလေးဆယ်ကျော်လောက်ထိ ကြုံ့သွားကာ နို့နှစ်ဖြူရောင်မြူအရံအတားတစ်ခုကို ဖွဲ့စည်းသည်။

တချိန်တည်းမှာ ထိုမြူထံမှ မိုးကြိုးငြီးသံများ ထွက်ပေါ်ပြီး ငိုငြီးသံတစ်ခုတည်းအဖြစ်သို့ ပြောင်းလေ၏။ အစီအရင်ပတ်ပတ်လည်ရှိ ကျင်ကြံသူများမှာ သတိအနေအထား ဖြစ်ကုန်လေပြီ။ ထိုကလေးငယ်ငြီးသံက ရုတ်တရက် ရပ်သွားပြီးသည့်အခါ မြူထံမှ မရေမတွက်နိုင်သော အပြာရောင်အလင်းလုံးများ ထိုးထွက်၍ အပြာရောင်အရံအတားကို တရစပ်ထိုးနှက်တိုက်ခိုက်တော့သည်။

၎င်းတိုက်ခိုက်မှု အရှိန်အဟုန်ကား လူတိုင်း၏ စိတ်နှလုံးကို တချက်ခုန်သွားစေသည့်အထိပင်။ အလင်းစက်ဝန်းများက အရံအတားနှင့် ပေသုံးဆယ်အကွာသို့ ရောက်လာသည့်အချိန် ယင်းတို့က မိုးပြာရောင်တောက်တောက် အခိုးအငွေ့များကို ထုတ်လွှတ်၏။ ယင်းအခိုးအငွေ့များအတွင်း အလင်းစက်ဝန်းများက တဖြတ်ဖြတ် ဖြစ်ကာ အဖြူရောင်မြူထု၏ အထက်မှာ ထပ်မံ ပေါ်လာသည်။ ယင်းနောက် ၎င်းက အောက်သို့ စုန်ဆင်းကာ တိုက်ခိုက်မှု တစိတ်အပိုင်းက အမှန်တကယ် နောက်ပြန်ကန်ထွက်ပြီး အစီအရင်မန္တာန်ထံမှ ရှောင်ရှားသည်။

သို့သော် အလင်းစက်ဝန်းများက အရေအတွက်များလွန်းလှ၏။ အများစုကမူ အပြာရောင်အရံအတားကို တိုက်ခိုက်မိသည်သာ။ ရုတ်တရက် အပြာရောင်အလင်းအရံအတားနှင့် အဖြူရောင်မြူထုတို့သည် အပြင်းအထန် ပေါက်ကွဲထွက်သည်။ သို့သော် အဖြူရောင်မြူ၏ အလင်းသည် ဖြတ်ခနဲလင်းလက်ပြီး ပျောက်ကွယ်သွား၏။

အပြာရောင်အလင်းအရံအတား၏ နံရံကမူ လှုပ်ခါထွက်သွား၏။ အပြာနှင့်အဖြူရောင်အလင်းတို့က တဖြတ်ဖြတ် တစ်ခုနှင့်တစ်ခု ရောထွေးယှက်လိမ်လျက်။ အလင်းအရံအတားမှာ ပြိုပျက်စီးတော့မည့်အလား။

“လူတိုင်းပဲ…မှော်စွမ်းအားကို ပိုသုံးကြ…မြန်မြန်…။ ဒါက ငါးကြင်းသားပေါက်ရဲ့ သတ်ဖြတ်ခြင်းတိုက်ခိုက်တွေထဲက တစ်ခုဖြစ်တဲ့ နတ်ရေကြယ်မိုးကြိုးပဲ။ ကျမတို့ နောက်ထပ်မီနစ်နည်းနည်းလောက် ထပ်ပြီး ခုခံတောင့်ခံထားရုံပဲ…”

ဖန်းစန်းနျန်းသည် အလျင်အမြန် လှမ်းအော်သည်။ ထို့နောက်တွင် သူမသည် မန္တာန်တစ်ခုကို စတင်ရေရွတ်၏။ သူမ၏လက်ထဲရှိ အလံအပေါ် သွေးအနှစ်သာရတချို့ကို ထွေးထုတ်သည်။ ၎င်းအလံမှ မူလထက် အဆများစွာ ပိုထူသော အလင်းတန်းတစ်ခု ထုတ်လွှတ်ကာ အလင်းအရံအတားထံ ဦးတည်သည်။

တခြားသူများက ဤသည်ကို မြင်သည့်အခါ သူတိုသည်လည်း သူတို့၏ မှော်စွမ်းအားများကို ကိုယ်ပိုင်ပညာရပ်များဖြင့် ထုတ်သုံးပြီး အစီအရင်ကို အတင်းအကြပ် ထောက်ပိုးကြသည်။

ဟန်လိသည် အံ့အားသင့်သွား၏။ သူသည် ငါးကြင်းသားပေါက်သားရဲမှာ ၎င်း၏ ခွန်အားအပြည့်အဝဖြင့် လျင်မြန်စွာ တန်ပြန်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ထိုနတ်ဆိုးသားရဲ၏ ကြမ်းတမ်းမှုက အကျိုးအကြောင်းပါ မသင့်တော့ပါ။

မှော်အစီအရင်၏ အထက်၌ အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်၏ ကြေးလှံနှစ်လက်သည် ထူးခြားစွာ အသွင်စပြောင်းသည်။ သူတို့နှစ်ယောက်သည် လေးနက်သောဟန်ပန်များဖြင့် ထူးခြားဆန်းပြားသော မန္တာန်ကို ရွတ်ဆိုနေရင်း လှံများထံမှ အဝါရောင်အလင်းသည် တစ်လက်မချင်း ပိုကြီးမားလာ၏။ လှံရှည်နှစ်လက်သည် အဖြူရောင်မြူ၏ ဗဟိုချက်ထံသို့ စတင် ထိုးစိုက်လာလေပြီ။

အဖြူရောင်မြူအတွင်းရှိ ငါးကြင်းသားပေါက်မှာ ၎င်း၏ အထက်မှ အန္တရာယ်ကို အာရုံခံမိသည့်နှယ် ခုခံကာကွယ်သော ငိုငြီးသံကို ရုတ်တရက် ထုတ်လွှတ်သည်။

အဖြူရောင်မြူသည် မြန်ဆန်စွာ လည်ပတ်လာသည်။ အချိန်တိုအတွင်း ၎င်းက အဖြူရောင် ဝဲဂယက်ကြီးတစ်ခုအသွင် ဖြစ်ပေါ်ပြီး ရေလှိုင်းများက လွှမ်းခြုံကာ လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေ၏။

ချင်းစွန်းကျိနှင့် တခြားသူများသည် ထိုမြင်ကွင်းကို ကြည့်ကာ ပင့်သက်ရှိုက်ကုန်သည်။ သူတို့က ဖန်းစန်းနျန်းထံ စိတ်ကြောင့်ကြကြီးစွာ တချက်လှမ်းကြည့်သည်။ သို့ပေမည့် သူမသည်လည်း ထိတ်လန့်နေပုံ ပေါ်၏။ ငါးကြင်းသားပေါက် အသုံးပြုသော တုန်လှုပ်ချောက်ခြားဖွယ်မှော်ပညာရပ်ကို သူမလည်း မသိပုံ ရသည်။

ဟန်လိ၏ အမူအရာမှာ သုန်မှုန်သွားသည်။ သူက ဝိညာဉ်သေကို သူ၏ မှော်စွမ်းအားအကုန်လုံးကို အစီအရင်ထဲ စေလွှတ်ခိုင်းလိုက်သည်။ သူသည် ထိုသားရဲ၏ နတ်စွမ်းရည်ကို မသိသော်လည်း ၎င်းက ချုပ်နှောင်မှုထံမှ လွတ်မြောက်ရန် တိုက်ခိုက်လာတာ ဖြစ်သည်။

သူ့စိတ်ထဲတွင် ဟန်လိသည် ကောင်းကင်ထံသို့ မော့မကြည့်ဘဲ မနေနိုင် ဖြစ်ရသည်။ မီတာသုံးဆယ်လောက်ထိ ရှည်လျားသော လှံရှည်နှစ်လက်မှာလည်း ကြည်လင်သော စက်ဝန်းတစ်ခုကို ထုတ်လွှတ်နေတာကို သူ မြင်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် အကြီးအကဲနှစ်ယောက်က လှံများကို ကြည့်ကာ ထူးခြားသော မန္တာန်ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေသည်။ သူတို့၏ အမူအရာများက လေးနက်လာ၏။ သူတို့၏ နဖူးထက်တွင်ပါ ချွေးများ သီးလာသည်။

သားရဲ၏ အဆက်မပြတ် အော်ငြီးသံများ ဖြစ်ပေါ်နေစဉ် ဖြူပြာရောင်လေပြင်းမုန်တိုင်းကြီးက အလင်းအရံအတားနှင့် ရုတ်တရက် ထိပ်တိုက်တွေ့လေ၏။ ၎င်းမုန်တိုင်းကား မီတာရာချီမြင့်မားပြီး တုန်လှုပ်ဖွယ်ဖိအားကို သယ်ဆောင်ထားသည်။

ပညာရှိဟန်ပန်နှင့်သက်လတ်ပိုင်းအရွယ်လူနှင့် သူ့ဘေးရှိ အမျိုးသမီးငယ်တို့မှာ ဖြူစုပ်သွားကြသည်။ သူတို့၏ သွေးများ ခြောက်ခမ်းသွားသည့်နှယ်။ ထိုကြမ်းလှသော တိုက်ခိုက်မှု၏ လားရာမှာ အစီအရင်၏ သူရှိနေသော ထောင့်ကို ဖြစ်နေသည်။ သူကား စိတ်ထဲကနေ အပြစ်တင်ကျိန်ဆဲ၍ မပြီးတော့ပေ။

အကူအညီမဲ့စွာဖြင့် သူက အံတင်းတင်းကြိတ်၏။ ယင်းနောက် သူက အစီအရင်အလံကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး အစီအရင်အပေါက်ထံ သူ့စိတ်ဝိညာဉ်စွမ်းအားကို အိတ်သွန်ခွန်မှောက် သွန်းလောင်းသည်။ မူလကထက် များစွာ ပိုထူထဲသော အလင်းတန်းတစ်ခုသည် အလံထံမှ ထိုးထွက်သွားသည်။ ထိုစဉ် လေပြင်းမုန်တိုင်းကား အရံအတားကို တိုက်ခိုက်ထိုးနှက်ပြီ။

ရုတ်တရက် မိုးကြိုးသံများ၊ အော်ငြီးသံများ၊ ဆုတ်ပြဲသံများ ဟိန်းထွက်လာ၏။ အလင်းအရံအတားသည် ခဏတဖြုတ်သာ တောင့်ခံနိုင်ရုံမျှသာ။

ဝိညာဉ်သေနှင့် တခြားကျင့်ကြံသူများသည်လည်း တုန်လှုပ်ကာ သွေးအန်ထွက်ရသည်။

သက်လတ်ပိုင်းလူကမူ သွေးအန်ထွက်ချိန်၌ သူ့တာအိုလက်တွဲဖော်ကို စကားမဆိုဘဲ ဆွဲခေါ်ကာ မီတာတစ်ရာလောက်ထိ ထွက်ပြေး၏။

ထိုအစီအရင်သည် စုတ်ပြဲသွားချိန်၊ အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများက ဖြူရော်ကုန်စဉ် ကောင်းကင်ထက်မှ ဒေါသတကြီးအော်ဟစ်သံတစ်သံ ဟိန်းထွက်လာသည်။

“မကောင်းတဲ့သားရဲကောင်…မင်း သေမှာကို လက်ခံလိုက်…”

ထို့နောက်မှာ အဝါရောင်အလင်းတန်းကြီးနှစ်ခုသည် လေပြင်းမုန်တိုင်းထံ တိုးဝင်လာသည်။ ကလေးငယ်ငြီးသံ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်းနှင့်အတူ ပင်လယ်ရေပြင်သည် သေလောက်အောင် ငြိမ်သက်တိတ်ဆိတ်သွားလေ၏။ မြူများသည် လွင့်ပြယ်ကာ ငါးကြင်းသားရဲပေါက်၏ အစစ်အမှန်ခန္ဓာကိုယ် လှစ်ဟပေါ်လာသည်။ ကြေးလှံနှစ်လက်သည် ၎င်းတို့၏ မူလပုံစံ ပြန်ဖြစ်သွားသည်။ အဝါရောင်အလင်း လင်းလက်မှုများသည် ပင်လယ်ကို ရောင်ပြန်ဟပ်သည်။ ယင်းအလင်းတို့က သားရဲ၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်ဝင်သည့်အလား။

ဟန်လိသည် ဝိညာဉ်သေကို အလယ်အလတ်အဆင့် ကျောက်တုံးတစ်တုံး အလျင်အမြန် အသုံးပြုစေပြီး သူ၏ မှော်စွမ်းအားကို ချက်ခြင်း ပြန်ကောင်းမွန်စေသည်။ ယင်းနောက် သူက အောက်ဘက်ကို အာရုံစိုက်၍ ကြည့်နေသည်။

ငါးကြင်းသားပေါက်သားရဲကား အလွန်ထူးခြားသည့်အသွင် ရှိသည်။ ၎င်း၏ဦးခေါင်းသည် ကလေးပေါက်စခန္ဓာကိုယ်၊ အမြှီးကတော့ အပြာရောင်ငါးကြင်းအသွင် ပိုင်ဆိုင်ထား၏။ ၎င်း၏ခန္ဓာကိုယ်အောက်ပိုင်း၌ ချောမွတ်နေသော လူ့လက်ကဲ့သို့ လက်လေးချောင်း ရှီနေသလို အမြှိးများကလည်း တောင်ပံများကဲ့သို့ပင်။

သို့သော် အထူးခြားဆုံးက ၎င်း၏ လက်လေးဖက်တွင် ဂဏ္ဏန်းလိပ်၊ တစ်မိတာမျှရှည်သော သန္ဓာကောင်၊ ဥအရွယ် အဖြူရောင်ပုလဲတစ်လုံးနှင့် ငွေရောင်ကမာခွံတစ်တို့ကို ကိုင်ထားခြင်းပင်။ ထိုပစ္စည်းများမှာ တချက်ကြည့်ရုံဖြင့် အဖိုးတန်မှန်း သိသာသည်။

ထိုသားရဲကောင်၏ ဦးခေါင်းသည် မချိတင်ကဲဝေဒနာကို ခံစားနေရပုံပေါ်ကာ အော်ဟစ်နေသည်။ ဟန်လိသည် ၎င်း ပါးစပ်ဟချိန်တွင် ထက်ရှသော သွားဖြူဖြူများကို မြင်သည့်အခါ သူသည် ပင့်သက်ရှိုက်မိသွားသည်။

၎င်း၏ သုံးမီတာလောက်ရှည်သော ငါးကြင်းခန္ဓာကိုယ်ကမူ အဆက်မပြတ် လှုပ်ခါနေသည်။ ၎င်းသည် ကြေးလှံနှစ်လက်၏ ထွင်းဖောက်ခံရခြင်းကနေ လွတ်မြောက်ချင်နေပုံ ရသည်။

သို့သော် ထိုလှံနှစ်လက်မှာ နတ်ဆိုးသားရဲများအတွက် အလွန်ဆိုးကျိုးဖြစ်စေနိုင်ပုံ ပေါ်သည်။ ၎င်းက မည်မျှ ရုန်းကန်ပါစေ လှံများသည် ၎င်းကို ထိုးစိုက်ထားနေတုန်းပင်။

ခုလေးမှ လှံနှစ်လက်ကို ပစ်လွှတ်ခဲ့သော အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အကြီးအကဲနှစ်ယောက်သည် ဟန်လိနှင့် တခြားသူများထံ လှမ်းကြည့်လိုက်သည်။ သူတို့နှစ်ယောက်မှာလည်း မောပန်းလွန်းနေပြီ။ ထိုလှံရတနာများကို အသုံးပြုခဲ့ခြင်းက သူတို့၏ မူလချီများကို အတော်အတန် ထိခိုက်စေတာ သိသာသည်။ သို့သော် သူတို့သည် ကျေနပ်အားရစွာဖြင့် ပျံသန်းလာကြတုန်းပင်။ တခြားသော အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူများသည် ငါးကြင်းသားပေါက်သားရဲထံ လောဘတကြီးဖြင့် လှမ်းမကြည့်မိဘဲ မနေနိုင် ဖြစ်သွားရသည်။ သို့သော် ဖန်းစန်းနျန်းက သူတို့ကို ကျားတစ်ကောင်ကဲ့သို့ ကြည့်နေတာကို သတိပြုမိသည့်အခါ မည်သည့်လောဘတက်ဟန်မျှ မပြမိအောင် ထိန်းချုပ်ကာ သတွေးများကိုသာ မြိုချလိုက်ရပြီး ထိုသားရဲကို အမြစ်ဖျက်ခဲ့သော လှံနှစ်ချောင်းထံ တချက်လှမ်းကြည့်သည်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် စိတ်လှုပ်တရှားဖြင့် ပျံသန်းလာကြသည်။ သို့သော် သူတို့သည် ထိုငါးကြင်းသားပေါက်နှင့် မီတာတစ်ရာလောက်အကွာသို့ ရောက်လာသည့်အခါ ၎င်းသားရဲအောက်ဘက်မှ မင်ကဲ့သို့ နက်မှောင်သော အနက်ရောင်လေပြင်းတစ်ခုသည် ရုတ်တရက် တိုက်ခတ်လာသည်။ ပင်လယ်ပြင်၏ တစ်ကီလိုမီတာသည် ၎င်းသားရဲကို ဗဟိုပြု၍ တောက်ပသော အဖြူရောင်ရေခဲလုံးအဖြစ်သို့ သိပ်သည်းသွားလေသည်။ ယင်းနောက် ၎င်းရေခဲလုံးကြီးသည် ကောင်းကင်ထက်သို့ ထိုးတက်ကာ အောက်သို့ ဆင်းလာသည့် အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူနှစ်ယောက်ထံ တိုးဝင်လာသည်။ ထိုအဖြစ်သည် လုံးဝ မထင်မှတ်စရာကောင်း၏။ လူတိုင်းမှာ မင်သက်ကုန်ကြသည်။

.

All Chapters