ပင်လယ်လူဝံကျွန်း
Vol. 28 Ch. 385
ဟန်လိသည် သူ့လက်ချောင်းနှစ်ခုကြား၌ ထိုဆေးလုံးကို ခပ်ဖွဖွ ကိုင်၍ သူ့မျက်စိနားသို့ ကပ်ကာ သေချာကြည့်သည်။ ထို့နောက်တွင် သူက ပြုံးယောင်သမ်းလာ၏။
ကြည့်ရတာ ရှင်သန်ဖို့အတွက် တိုက်ခိုက်ခဲ့ခြင်းမှာ အချည်းနှီး မဖြစ်ခဲ့ပုံပင်။ သူသည် မြေမှုန်ဆေးလုံးများ အတော်အသင့် ရှိထားပြီ ဖြစ်၍ သူ၏ အမြုတေဖွဲ့စည်းဖို့ ဖြစ်နိုင်ချေသည် အတော်အတန်တော့ တိုးတက်နိုင်ပြီ။ ထိုဆေးလုံးများကို သိမ်းဆည်းပြီးနောက်မှာ ဟန်လိသည် ၎င်းဆေးပုလင်းကို သူ့သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်သိမ်းသည်။
အခုတွင် သူသည် လုံခြုံဘေးကင်းပြီး စိတ်ဝိညာဉ်ချီပေါများသော နေရာတစ်ခုကို ရှာရတော့မည်။ ဟန်လိဖြစ်ဖြစ်၊ ဝိညာဉ်သေဖြစ်ဖြစ် အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနုငိ်ပါက သူတို့သည် သူတို့နောက်သို့ အမဲလိုက်လာမည့် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတို့ကို တိုက်ခိုက်နိုင်မည့် အခွင့်အရေးတစ်ခု ရှိလာပေလိမ့်မည်။
သို့ပေမည့် အမြုတေဖွဲ့စည်းခြင်းသည် အချိန်တိုအတွင်း ပြီးမြောက်မည့် အရာ မဟုတ်လေပေ။ မိုးကောင်းကင်၏ ကောင်းချီပေးခံထားရသော ကောင်းကင်စိတ်ဝိညာဉ်ရင်းမြစ်များနှင့် ပါရမီရှင် ကျင့်ကြံသူများကလွဲ၍ တခြားသော ကျင့်ကြံသူများသည် လုံလောက်သောဆေးလုံးများနှင့် အချိန်ယူမှ အဆင့်အတားအဆီးကို ချိုးဖျက်နိုင်ပေလိမ့်မည်။
ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးအရည်တို့မှာ သူတို့၏ အမြုတေကို ဖွဲ့စည်းချင်သော ကျင့်ကြံသူများအတွက် လိုအပ်သည့် သတ္တုအမယ်များ ဖြစ်ကြသည်။
ထိုသတ္တုအမယ်များကို အသုံးပြုပါက ကျိန်းသေပေါက် အမြုတေဖွဲ့စည်းနိုင်မည်တော့ ဆိုလိုသည် မဟုတ်။ သို့သော် ၎င်းတို့ကို အသုံးမပြုပါက အောင်မြင်နိုင်နှုန်းသည် လျော့ကျသွားလိမ့်မည်။
ထိုပစ္စည်းနှစ်ခုအပြင် အမြုတေဖွဲ့စည်းဖို့အတွက် အောင်မြင်နိုင်ချေကို တိုးတက်စေနိုင်သော တခြားသော စိတ်ဝိညာဉ်ဆေးများလည်း ရှိသည်ပင်။ သို့ပေမည့် မည်သည်ကမျှ ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးရည်တို့ကဲ့သို့ သက်ရောက်မှု မရှိကြပါ။
ကံမကောင်းတာတစ်ခုကတော့ ဆေးလုံးအမြောက်အများကို သုံးစွဲခြင်းသည် သက်ရောက်မှုရှိ၊ မရှိအပေါ် ဘာသက်သေမှ မရှိခြင်းပင်။
ရယ်စရာကောင်းတာတစ်ခုကတော့ တခြားဆေးများ၏ သက်ရောက်မှုက ဝိညာဉ်နှင်းရေနှင့် ကောင်းကင်မီးရဉ်တို့ထက် များစွာ နိမ့်ပါးသည့်အပြင် ယင်းတို့အတွက် လိုအပ်သော ဆေးဝါးပင်များက ပိုရှားပါးက ရှာဖို့ ပိုခက်ခဲခြင်းပင်။ ထို့အပြင် ယင်းဆေးဝါးများကို ဖန်တီးဖို့အတွက် နှစ်ပေါင်းထောင်ချီ သက်တမ်းရှိ ဆေးဝါးပင်များလည်း လိုအပ်ပြန်သည်။
သာမန်ကျင့်ကြံသူများသည် ထိုသို့ အသုံးပြုနိုင်လောက်သည့် အနေအထားတွင် ရှိမနေကြပေ။
ထိုအချက်က ဟန်လိအတွက်တော့ ပြဿနာတစ်ခု မဟုတ်ချေ။ သူ့၌ သူ ကြားပင် မကြားဖူးသော ဆေးလုံးများ ဖော်စပ်ရာတွင် လိုအပ်သည့် ရှားပါးဆေးအမယ်အချို့ကလွဲ၍ အမြုတေဖွဲ့စည်းခြင်းကို ကူညီပေးနိုင်သော စိတ်ဝိညာဉ်ဆေးပင်ဆယ်ပင်ကျော် ပိုင်ဆိုင်ထားပြီး ၎င်းတို့ကို သူ့သိုလှောင်အိတ်ထဲ၌ လုံခြုံစွာ ထည့်သိမ်းထားပေသည်။
ထိုဆေးလုံးများနှင့် ပတ်သတ်၍ အံ့အားအသင့်ဖို့ အကောင်းဆုံးမှာ ၎င်းတို့ကို သန့်စင်ဖို့အတွက် မူလအစစ်အမှန်မီး မလိုအပ်ခြင်းပင်။ ယင်းတို့ကို သေမျိုးလောကရှိ သာမန်ဆေးများကဲ့သို့ အတူတူ ပေါင်းစပ်ရုံသာ။ ထို့အပြင် ၎င်းဆေးလုံးဖော်စပ်နည်းများကိုလည်း ရှေးဟောင်းမှတ်တမ်းများ၌ အလွယ်တကူ ရှာတွေ့နိုင်သည်။ ဟန်လိသည် ၎င်းဆေးဖော်စပ်နည်းများကို စစချင်း တွေ့ခဲ့ချိန်တုန်းက အချိန်ကြာသည့်အထိ မင်သက်ခဲ့ရဖူးသည်။ ယနေ့အထိ သူသည် အဘယ်ကြောင့် ထိုဆေးဖော်စပ်နည်းများက မရှားပါးနေသလဲအပေါ် စဉ်းစားမရ ဖြစ်နေဆဲပင်။
သူ့၌ ရှိနေသော မြေမှုန်ဆေးလုံးငါးလုံးကတော့ အမြုတေဖွဲ့စည်းချင်သော ကျင့်ကြံသူအားလုံးအတွက် ရှားမှရှား အထောက်အပံ့ဆေးလုံးများ ဖြစ်ကြသည်။
သို့သော် ထိုဆေးလုံးများ၏ အကူအညီဖြင့်ပင် အမြုတေဖွဲ့စည်းနိုင်ဖို့ အောင်မြင်နိုင်ချေသည် အများကြီး ပိုမြင့်လာတာတော့ မဟုတ်ပေ။ ဟန်လိ လေ့လာခဲ့သည့်အတိုင်းဆို သည်ဆေးလုံးများ၏ အကူအညီဖြင့်ဆို တခြားသူများနှင့် ယှဉ်လျှင် အများဆုံးမှ ဆယ်ရာခိုင်နှုန်းလောက်သာ ပိုအောင်မြင်နိုင်ချေ ရှိပေလိမ့်မည်။
သို့ပေမည့် ဤသည်မှာ ဟန်လိ၏ အမြင်သပ်သပ်သာ။
ထို့အပြင် အမြုတေဖွဲ့စည်းခြင်း ဆယ်ရက်၊ တစ်လလောက်နှင့် ပြီးမြောက်မည့် အရာ မဟုတ်ပါ။ ရှေးမှတ်တမ်းများနှင့် သူ၏ ဆရာဖြစ်ခဲ့ဖူးသော လီဟွာယွမ်တို့၏ အမြုတေဖွဲ့စည်းခြင်း အတွေ့အကြုံတို့အရ ၎င်းကို ဖွဲ့စည်းနိုင်ဖို့မှာ သုံးနှစ်ကနေ ငါးနှစ်လောက်အထိ ကြာနိုင်သည်။ ကြာချိန်အတိအကျကတော့ တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်ပါရမီအပေါ်သာ မူတည်ပါသည်။
ခုချိန်မှစ၍ ဟန်လိသည် စိတ်ခံစားချက်ကြီးကြီးမားမား ဖြစ်ခြင်းကို ရှောင်ရမည်။ တခြားသူများနှင့် တိုက်တာခိုက်တာကို ရှောင်ရမည်။ သင့်တင့်သော စိတ်ဝိညာဉ်ချီနှင့် နေရာတစ်ခုကို ရှာရပေတော့မည်။
စိတ်ထဲတွင် ထိုသို့ တွေးကာ ဟန်လိသည် မာကြောကြယ်ကျွန်းနှင့် ပင်လယ်များ၏ မြေပုံပါဝင်သော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူသည်။
ဟန်လိက သူ့စိတ်ဝိညာဉ်အာရုံကို ၎င်းကျောက်စိမ်းပြားထဲ အချိန်တစ်ခုကြာသည့်အထိ ပေါင်းစပ်စေသည်။ သင့်တော်သော နေရာတစ်ခုကို ဖြည်းဖြည်းချင်း ရှာတွေ့ပြီးနောက်မှာ ထို့နောက်တွင်တော့ သူက လူသူကင်းမဲ့သော ကျွန်းငယ်များကို ထပ်ရှာသည်။
နာရီဝက်လောက် ကြာပြီးနောက်မှာတော့ ဟန်လိက သူ့စိတ်အာရုံကို ကျောက်စိမ်းပြားထံမှ ပြန်ရုတ်သိမ်းသည်။ သူက တွေးနေမိ၏။
သူသည် ပင်လယ်များနှင့် ကောင်းကင်ထက်တွင် တလျှံလျှံတောက်ပနေသော နေမင်းကို လှမ်းကြည့်သည်။ ယင်းနောက် သူ သွားချင်သော ဦးတည်ရာတစ်ခုကို ရှာပြီး အဖြူရောင်အလင်းတန်းအဖြစ်သို့ ပြောင်းကာ မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေတော့သည်။
လမ်းတစ်လျှောက်တွင် ဟန်လိသည် သူ့မှော်စွမ်းအားများကို ပြန်အားဖြည့်ဖို့ လူသူကင်းမဲ့သော နေရာတချို့မှာ ခဏရပ်သည်။ သူသည် ကျွန်းပေါ်ရှိ နေထိုင်သူအားလုံးကို ရှောင်၏။ သူ့နောက်သို့ လိုက်လံလာမည့် သူများအတွက် ခြေရာလက်ရာများ ကျန်ခဲ့မည် စိုးရိမ်သောကြောင့်ပင်။
အရပ်မျက်နှာ အမျိုးမျိုး ပြောင်းလဲသွားလာပြီးနောက်မှာ နောက်ဆုံး၌ ဟန်လိသည် သူ လာချင်ခဲ့သော ဒေသကို တွေ့လေပြီ။ သူ အလျင်အမြန် ပျံသန်းလာခဲ့သည်။
နှစ်လလောက် ကြာပြီးနောက်မှာတော့ ဟန်လိနှင့် ဝိညာဉ်သေတို့သည် လူသူကင်းမဲ့သောကျွန်းတစ်ခုပေါ်မှာ ပေါ်လာကြသည်။
ထိုကျွန်းသည် မာကြောကြယ်ကျွန်းလောက်တော့ ကြီးမားခြင်း မရှိပေ။ ပုံမှန်ကျွန်းငယ်များထက်တော့ အတော်လေး ကြီးမားသည်။ အလယ်အလတ်လောက် ရှိမည့် ကျွန်းတစ်ကျွန်းပင်။ ၎င်းကို ပင်လယ်လူဝံ ကျွန်းဟု ခေါ်သည်။ မြေပုံကို ကြည့်ကာ ဟန်လိ ဦးတည်လာချင်ခဲ့သော ကျွန်း ဖြစ်ချေ၏။
ထိုကျွန်း၌ သေမျိုးအချို့သာ ရှိသည်။ ကျွန်းသခင် ဟူ၍ မရှိလေဘဲ ချီစုဆောင်းခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူများ တစ်ယောက်မျှ ရှိမနေပေ။ ထိုကျွန်းသို့ လူတိုင်းက စိတ်သဘောကျ ဝင်နိုင်၊ထွက်နိုင်သည်။ ကျွန်း၏ အမည်ကမူ အနီးအနားပင်လယ်ကို ပိုင်စိုးသော အဆင့်နိမ့်သားရဲ ဖြစ်သည့် ထူးခြားသော ပင်လယ်လူဝံများကြောင့် ထိုသို့ ပေးထားခြင်းသာ။
ထိုနတ်ဆိုးသားရဲသည် သာမန်လူဝံနှင့် အတော့်ကို တူသည်။ ၎င်း၏စွမ်းရည်က အဆင့်နိမ့် ပညာရပ်ဖြစ်သော ရေမြားမှော်ပညာရပ်နှင့် ဉာဏ်ရည်အသင့်အတင် ရှိခြင်းသာ။ ထိုအချက်သာ သာမန်လူဝံတို့နှင့် မတူတာ ဖြစ်၏။ အရွယ်ရောက်လာခဲ့သော ပင်လယ်လူဝံသည် ရှစ်နှစ်အရွယ် ကလေးတစ်ယောက်၏ အသိဉာဏ်များကို ပိုင်ဆိုင်ထားပေသည်။ ကျင့်ကြံသူများသည် သူတို့၏ အင်မောတယ်များ၌ အလုပ်ခိုင်းစေဖို့ငှာ ၎င်းလူဝံသားရဲများကို ဖမ်းစီးရတာ သဘောကျကြသည်။
ပင်လယ်လူဝံများသည် နတ်ဆိုးသားရဲများဟု သတ်မှတ်၍ ရသော်လည်း ချီစုဆောင်းခြင်းအဆင့်ခြောက်ကျင့်ကြံသူများကပင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်သည်။
ကျွန်းပေါ်တွင် အစီအရင်တစ်ခု လာရောက်ချခင်းကြသော ကုန်သည်တချို့လည်း ရှိကြသည်။ သူတို့က အသက်ရှင်လျက် ပင်လယ်လူဝံများကို ဝယ်ယူနိုင်ဖို့ ကာလကြာရှည်စွာ ကျွန်းမှာ လာနေကြသည်။ သည်ကျွန်းကနေ မကြာမကြာဆိုသလို သင်္ဘောတစင်း ရောက်လာပြီး ပင်လယ်လူဝံများနှင့်အတူ ပြန်ထွက်သွားလေ့ ရှိပေသည်။
ထိုသို့ဖြင့် သည်ကျွန်းမှာ အဆင့်နိမ့်ကျင့်ကြံသူများအနေဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ရရန် လာရောက်ကြသော စုမှတ်တစ်ခု ဖြစ်လာသည်။
သို့သော် အစီအရင်မန္တာန်တစ်ခု တည်ဆောက်ပြီးသည့်နောက် ပင်လယ်လူဝံကျွန်းသို့ ကာလကြာရှည်စွာ နေဖို့ ရောက်လာသော လေလွင့်ကျင့်ကြံသူများအဖို့ ထိုနေရာတွင် သင့်တင့်သော အရည်အသွေးရှိသည် စိတ်ဝိညာဉ်သွေးကြောတစ်ခု ရှိလေသည်။ ထိုစိတ်ဝိညာဉ်သွေးကြောက ထူးခြားကောင်းမွန်လှသည် မဟုတ်သော်လည်း ကျွန်းတစ်ခုလုံးနီးပါးထိ ကျယ်ပြန့်ကြီးမားကာ အဆင့်နိမ့်ကျင့်ကြံသူများအတွက်တော့ သင့်တော်လှသည်။
စိတ်ဝိညာဉ်ချီ ပေါကြွယ်ဝသော တခြားနေရာများ သို့မဟုတ် စိတ်ဝိညာဉ်တွင်းများကိုမူ ပင်လယ်လူဝံကျွန်းတွင် တခြားကျွန်းများနှင့် ယှဉ်ပါက အတော်လေးကို ရှားပါးကင်းမဲ့သည်။ ထို့ကြောင့် သည်ကျွန်းပေါ်တွင် အဆင့်မြင့်ကျင့်ကြံသူများပါ ရောက်လာပြီး ဘာပဋိပက္ခမှ မဖြစ်စေတာပင်။
စိတ်ဝိညာဉ်ချီ ကျိုးတို့ကျဲတဲနှင့် ဒေသခံပင်လယ်လူဝံများသာ ရှိခြင်းကြောင့် သည်ကျွန်းသည် အင်အားစုကြီးများ၏ သတိပြုမိခြင်းကနေ လွတ်ကာ အဆင့်နိမ့်ကျင့်ကြံသူများအတွက် လွယ်လပ်သောကျွန်းတစ်ခု ဖြစ်လာခဲ့တာပင်။ အခြေခံတည်ဆောက်ခြင်း သို့မဟုတ် အမြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတစ်ယောက်ယောက်သည် သည်ကျွန်းပေါ်သို့ ရံဖန်ရံခါ ရောက်လာတတ်သော်လည်း သူတို့က ဖြတ်သွားဖြတ်လာ သဘောမျှသာ။
ထိုကျွန်းသည် ဟန်လိအတွက်ကတော့ ပုန်းခိုဖိုနှင့် အမြုတေဖွဲ့စည်းဖို့ငှာ ခြွင်းချက်မရှိ ကောင်းမွန်လှပေသည်။
နောက်နှစ်ရက်နေပြီးနောက်မှာ ဟန်လိသည် ထိုကျွန်းပေါ်ရှိ လူသူကင်းမဲ့သော တောင်ထိပ်ဖျားတစ်ခုမှာ ရပ်နေသည်။ သူက သူ၏ ယာယီနေထိုင်ဖို့ ခုမှ အသစ်ဖန်တီးတည်ဆောက်ထားသော လှိုဏ်ဂူကို ကြည့်နေရင်း ကျေနပ်နေသည်။
သည်လှိုဏ်ဂူတွင် ရိုးရှင်းသော ဆေးဥယျာဉ်တစ်ခုနှင့် လျှို့ဝှက်အခန်းနှစ်ခုအပြင် တခြား ရှုပ်ထွေးပွေလီသော တည်ဆောက်ပုံများ ရှိမနေပေ။
ဟန်လိသည် ၎င်းလှိုဏ်ဂူ၏ ဝင်ပေါက်ကို သာမန်ကွယ်ဝှက်ခြင်းအစီအရင်မန္တာန်တစ်ခုကိုသာ ချခင်းထားသည်။ သူ့သိုလှောင်အိတ်ထဲမှ သွေးကျောက်စိမ်းပင့်ကူနှစ်ကောင်ကိုတော့ ဂရုတစိုက် လွှတ်ပေးထားသည်။ ယင်းတို့ကို သူ၏ လှိုဏ်ဂူဝင်ပေါက်အား စောင့်ကြပ်စေဖို့ပင်။
နှစ်အတော်အတန်ကြာ ပျိုးထောင်ပြီးနောက်မှာ ထိုပင့်ကူဖြူနှစ်ကောင်သည် သူ၏ ဦးခေါင်းအရွယ်အစားလောက်ထိ ရောက်လာခဲ့ကာ အဆင့်နှစ်သို့ တက်လှမ်းနေသော အဆင့်မြင့်အဆင့်တစ်ားရဲများ ဖြစ်လာခဲ့ကြပြီ။ ၎င်းတို့သည် သာမန်ချီစုဆောင်းခြင်းကျင့်ကြံသူများကိုတော့ လွယ်လင့်တကူ ရင်ဆိုင်နိုင်စွမ်း ရှိနေလေပြီ။ ဟန်လိသည် သူ၏ တခြားသော အံ့အားသင့်ဖွယ် အင်းဆက်သားရဲများကိုတော့ အစွယ်အပွားကျွန်းပေါ်ရှိ သူ၏ အစစ်အမှန်အင်မောတယ်လှိုဏ်ဂူတွင် ကျန်ခဲ့ပေသည်။
သူ့ကို နှုတ်ပိတ်ချင်သော သို့မဟုတ် အကြီးအကဲကူအတွက် လက်စားချေချင်သော သူများသည် ၎င်းကျွန်းပေါ်ရှိ သူ့အင်မောတယ်လှိုဏ်ဂူကို ကျိန်းသေပေါက် ရှာဖွေကြမှာဟု သူ ခန့်မှန်းထားသည်။
သူက မန္တာန်အစီအရင်ကြီး သုံးခုဖြင့် သူ၏ အတုအယောင်နှင့် အစစ်အမှန်လှိုဏ်ဂူတို့ကို ဖုံးကွယ်ထားသော်လည်း အမြုတေဖွဲ့စည်းခြင်းကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုများကို ၎င်းတို့မှာ ကြာကြာ ခံနိုင်လိမ့်မည် မဟုတ်ကြပေ။ သူ၏ အတုအယောင် အင်မောတယ်လှိုဏ်ဂူကမူ ကျိန်းသေပေါက် ပေါ်သွားလိမ့်မည်သာ။
သို့သော် ဟန်လိ၏အထင် သူ၏ အစစ်အမှန်အင်မောတယ်လှိုဏ်ဂူကို ထိုသူတို့ တွေ့ရှိဖို့မှာ ငါးဆယ်ရာခိုင်နှုန်းလောက်သာ ရှိလိမ့်မည်။
အကြောင်းမှာ သူက သူ၏ အစစ်အမှန်အင်မောတယ်လှိုဏ်ဂူကို အစီအရင်မန္တာန်များနှင့် လှည့်ဖြားမည့်အစား သေမျိုးယန္တရားအတတ်ပညာရပ်များဖြင့် အသုံးပြုကာ ကွယ်ဖုံးထားသောကြောင့်ပင်။ ၎င်း၏ ဝင်ပေါက်ကို ကြီးမားသော ကျောက်ခုံကြီးတစ်ခုဖြင့် သေသပ်စွာ ပိတ်ထားခဲ့ပေသည်။
တစုံတစ်ယောက်က သူ၏ အတုအယောင်အင်မောတယ်လှိုဏ်ဂူကို ထောက်လှမ်းသိရှိသွားခဲ့လျှင် သူတို့သည် ဘာမှ ထူးခြားတာ၊ မူမမှန်တာကို တွေ့လိမ့်မည် မဟုတ်ဟု ဟန်လိအနေဖြင့် လုံးဝ ယုံကြည်မှု ရှိထားသည်။ သို့ပေမည့် စေ့စပ်သေချာလွန်းသော ရှာဖွေသူတစ်ယောက်ယောက် ဖြစ်နေခဲ့လျှင်တော့ ကံဆိုးတာပင်။
စိတ်ထဲတွင် ထိုသို့ အတွေးများဖြင့် ဟန်လိနှင့် ဝိညာဉ်သေတို့သည် သူတို့၏ သက်ဆိုင်ရာ အခန်းများထဲ ဝင်ရောက်သွားကြသည်။
.