← Chapters

သားရဲအမြုတေများအတွက် နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်း

Vol. 29 Ch. 396

သားရဲအမြုတေများအတွက် နတ်ဆိုးသားရဲများကို အမဲလိုက်ခြင်း

Vol. 29 Ch. 396

မကြာမီမှာပင် ဟန်လိ၏ စိုးရိမ်ပူပန်မှုများသည် မဖြစ်လာခဲ့တော့ပါ။ တစ်နာရီသာသာလောက် ကြာပြီးနောက်မှာ သည်အနီရောင်သန္တာကျွန်းထံ ဦးတည်လာနေသော စိတ်ဝိညာဉ်ချီလှိုင်းနှစ်ခုကို သူ ခံစားမိသည်။ လှိုင်းတစ်ခုက အရှေ့ဘက်မှ၊ နောက်တစ်ခုကတော့ အနောက်ဘက်မှ ဖြစ်ချေသည်။

ဟန်လိ၏ အမူအရာမှာ ပြောင်းလဲသွားလေပြီ။ ရုတ်တရက် သူ မျက်လုံးဖွင့်လာပြီး သူ့ရှေ့ရှိ အတန်းလိုက် နေရာချထားသော အစီအရင်အလံများကို စိုက်ကြည့်နေသည်။ သူသည် အလုံးစုံ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း နတ်ဆိုးသားရဲနှစ်ကောင်က တပြိုင်နက်တည်း လာသည့်အခါတွင်တော့ စိတ်မပူပန်မိဘဲ မနေနိုင် ဖြစ်ရလေ၏။

ရုတ်တရက် သူ့ရှေ့ရှိ ခရမ်းရောင်အစီအရင်အလံထံမှ အလင်းဖြာထွက်သွားပြီး မသိမသာ တုန်ခါသည်။

ဟန်လိ၏ အမူအရာသည် ရုတ်တရက် အလေးအနက် ဖြစ်လာ၏။ သို့သော် သူသည် ချက်ခြင်း မလှုပ်ရှားသေး တိတ်တဆိတ်သာ စောင့်ကြည့်နေသေးသည်။ သူသည် အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်သည် ဉာဏ်ရည်ရှိသည်ဟု သတ်မှတ်နိုင်သော်ငြားလည်း ၎င်းတို့သည် ဒြပ်စင်ငါးခုအစီအရင်ထဲ ဝင်လာပြီးနောက် ချက်ခြင်း မချိုးဖျက်နိုင်တာကို ကောင်းကောင်း သိထားသည်။ အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်သည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူနှင့် ခွန်အားချင်း ဆင်တူ၏။ သို့သော် နင်လားငါလား တိုက်ခိုက်ရာတွင်တော့ အဆင့်တူ ကျင့်ကြံသူတစ်ယောက်က သာလွန်မည်သာ။ တကယ်တော့ သားရဲ၏ ဉာဏ်ရည်သည် နိမ့်ပါးကာ မှော်ပညာရပ်အနည်းငယ်ကိုသာ အသုံးပြုနိုင်မည် မဟုတ်လား။

ထိုသို့ဖြင့် ဟန်လိသည် နောက်ထပ် သားရဲတစ်ကောင် သူ့မှော်အစီအရင်ထဲ ထပ်ဝင်လာပြီးမှ လှုပ်ရှားမည် ဖြစ်သည်။

ထိုသို့တွေးနေစဉ် အဝါရောင်အစီအရင်အလံတစ်ခုသည် တောက်ပလင်းထိန်လာပြီး ခပ်ဖျော့ဖျော့အသံတစ်သံကို ထုတ်လွှတ်သည်။ ရုတ်တရက် ဟန်လိ၏ လေးနက်သော အမူအရာတွင် ပျော်ရွှင်သွားဟန် ပေါ်သည်။ ထို့နောက်တွင်တော့ သူသည် မန္တာန်ချိပ်ဟန်တစ်ခုကို သူ့လက်နှစ်ဖက်ဖြင့် ပုံဖော်ကာ သက်တံမြက်၏ ရနံ့ကို အစီအရင်၏ ပတ်လည်တွင်သာ ရှိနေစေရန် ကန့်သတ်လိုက်သည်။

ထိုသို့ ပြုလုပ်ပြီးနောက် ဟန်လိသည် သူ့လက်နှစ်ဖကကို ဖြန့်ကားကာ စကားတခွန်းဆိုသည်။

“လာခဲ့…” တောက်ပလင်းလက်သွားသော အစီအရင်အလံနှစ်ခုက သူ့လက်ထံ ပျံသန်းလာသည်။ သူ့နောက်ရှိ ဝိညာဉ်သေမှာ ပါးစပ်ဟ၍ အဝါရောင်အလင်းကို ထွေးထုတ်သ်ည။ ထိုအလင်း လင်းလက်တောက်ပကာ ဟန်လိကို ဝန်းရံပြီးနောက် သူ့ကို ကောင်းကင်ထက်သို့ အဝါရောင်အလင်းတန်းတစ်ခုအဖြစ် သယ်ဆောင်သွားသည်။

ခဏအကြာ ဟန်လိသည် အနောက်ဘက်အကျဆုံးနေရာရှိ ပုံရိပ်ယောင်အစီအရင်၏ အထက်တွင် ပေါ်လာသည်။ ထိုအစီအရင်၏ စိမ်းဝါရောင်တိမ်တိုက်များက အဆက်မပြတ် လှိမ့်နေသည်။ နွားထီးတစ်ကောင်၏ အော်သံကို အနှီအစီအရင်တွင်းမှ ကြားရလေပြီ။ ယင်းနောက် ဟန်လိသည် သူ့နတ်လေလှေကို ထုတ်ကာ ၎င်းဘာသာ ပျံသန်းသွားစေသည်။

သူက အဝါရောင်အစီအရင်အလံကို ထုတ်ပြီး ပေါ့ပေါ့ပါးပါး ဝေ့ယမ်းသည်။ အစီအရင်အလံသည် အဝါရောင်အလင်းတန်းတစ်ခုကို စိမ်းဝါရောင်တိမ်တိုက်များထံ ထုတ်လွှတ်၍ ၎င်းတို့ကို ပျောက်ကွယ်သွားစေသည်။ ထိုအခါ အတွင်းရှိ နတ်ဆိုးသားရဲကို မြင်ရလေပြီ။ ၎င်းမှာ ဆယ်မီတာလောက် အရှည်ရှိမည်။ ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အနီရောင်စူးချွန်တို့ ရှိ၏။ ၎င်းက ပင်လယ်ပြင်တွင် လေလွင့်နေသော သားရဲတစ်ကောင်နှင့် တူသည်။ သို့ပေမည့် ၎င်း၏ ခန္ဓာကိုယ်ကနေ အစိမ်းရင့်ရောင်မျက်လုံး သုံးဆယ်က ပြူထွက်နေသည်။

ထိုမျက်လုံးများ၏ အကြည့်ကား ရေခဲတမျှ အေးစက်လှပြီး အစီအရင်ထံ ကြက်သွေးနီရောင်အလင်းတန်းများကို အဆက်မပြတ် အလျင်အမြန် ထုတ်လွှတ်၍ တိုက်ခိုက်နေသည်။ ၎င်း၏ ဝဖြီးဖြီး ဝမ်းဗိုက်ထံမှ နွားထီးအော်သံနှင့် တူသော အသံကို ထုတ်လွှတ်၏။ ထိုသားရဲမှာ အလွန်တရာ ကသိကအောက် ဖြစ်နေပုံ ပေါ်သည်။

“မျက်လုံးတစ်ထောင်သားရဲ…” ထိုသားရဲကောင်၏ ပုံပန်းသွင်ပြင်ကို မြင်သည်နှင့် ဟန်လိသည် မည်သည့်သားရဲမှန်း ချက်ခြင်း သိလိုက်သည်။ သူက စိတ်ဝင်စားလာသည်။ ၎င်းမှာ ပြန့်ကြဲပင်လယ်များတွင် မြင်တွေ့လေ့ အရှိဆုံး အဆင့်ငါးနတ်ဆိုးသားရဲကောင်ပင်။ ၎င်းကို လေ့ကျင့်ဖို့အတွက် ကောင်းကောင်း အသုံးပြု၍ ရသည်။

ဟန်လိကတော့ အစီအရင်သည် နတ်ဆိုးသားရဲ၏ အကြမ်းပတမ်း တိုက်ခိုက်မှုကို မည်မျှ တောင့်ခံနိုင်မည်အား မသိ၍ အချိန်ဆွဲမနေဝံ့ပေ။ သူသည် ချက်ခြင်းပင် ဝိညာဉ်သေကို အမိန့်ပေးသည်။

ထိုအမိန့်ကို လက်ခံရပြီးနောက်မှာ ဝိညာဉ်သေ၏ ခန္ဓာကိုယ်ကို ခြုံလွှမ်းထားသော အဝါရောင်အလင်းသည် ရုတ်တရက် သွေးနီရောင်သို့ ပြောင်းသည်။ ထို့နောက်မှာတော့ သူသည် သူ့လက်နှစ်ကို ပူးကပ်၏။ အလျင်အမြန် ပြန်ခွာ၏။ သူ့လက်ထံမှ အဝါရောင်လခြမ်းကွေးတစ်ခုသည် အစီအရင်ထဲရှိ မျက်လုံးတစ်ထောင်သားရဲထံ တိုးဝင်လာခဲ့ပြီ။ ဤသည်မှာ ဝိညာဉ်သေသန့်စင်ထားသော ရှေးအတီတေခွက် မှော်ရတနာပင်။

မျက်လုံးတစ်ထောင်သားရဲသည် အစီအရင်ထဲ၌ ပိတ်မိနေသော်လည်း ၎င်းသည် အဝါရောင်လခြမ်းကွေးမှာ မည်မျှအစွမ်းထက်တာကို သိသည့်ပုံ ပေါ်သည်။ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ မျက်လုံးတိုင်းမှာ ၎င်းထံ ပျံသန်းလာသော ရှေးအတီတေခွက်ထံ စိုက်ကြည့်သည်။ ကြက်သေဂွးရောင်အလင်းတန်းများသည် ထူထဲသော အနီရောင်အလင်းတန်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။ ခဏအကြာ ၎င်းအလင်းတန်းသည် အဝါရောင်လခြမ်းကွေးကို တင်ကြို၍ တားဆီးပြီး ထိုမှော်ရတနာ၏ ထိန်းချုပ်သူ ဝိညာဉ်သေနှင့် မှော်စွမ်းအားချင်း ထိပ်တိုက်တွေ့လေသည်။

ထို့နောက်တွင်တော့ ဟန်လိသည် ပြုံး၏။

သူက သူ့ခါးရှိ သိုလှောင်အိတ်ကို ပုတ်သည်။ အဖြူရောင်အလင်းတန်းတစ်ရာကျော်သည် ပျံဿန်းထွက်ကာ အစီအရင်ပတ်လည်တွင် နေရာယူသည်။ ထိုအလင်းတန်းများမှာ သုံးမီတာမြင့်မားကြသည့် ရုပ်သေးများတည်း။ ၎င်းတို့သည် ချက်ခြင်း ပါးစပ်ဟကာ တောက်ပသောအလင်းတန်းများကို သိပ်သည်းစေပြီး လှုပ်ရှားတိုက်ခိုက်ရန် ပြင်ဆင်သည်။

ထိုအခိုက်တွင် ဟန်လိ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုတို့ ဖြစ်ပေါ်နေသည်။ သူက သူ့လက်ကို ဝေ့ယမ်းသည်။ သူ့လက်ထဲ၌ အနီရောင်ကြိုးမျှင်အရိပ်အပ်များ ပေါ်လာသည်။ တချိန်တည်းမှာ ရုပ်သေးများသည် မျက်လုံးတစ်ထောင်သားရဲထံ အလင်းတန်းများကို ပစ်လွှတ်လာခဲ့လေပြီ။

သားရဲကောင်က အခြေအနေမလှသည်ကို သိသွားပုံ ရသည်။ ရုတ်တရက် ၎င်းက စူးရှသော လေချွန်သံကို ထုတ်ဖော်သည်။ ၎င်းက အလင်းဆူးချွန်များ ဖုံးအုပ်ထားသော အသားလုံးကြီးဖြစ်သည့်အထိ ခန္ဓာကိုယ်ကို ကွေးညွှတ်ပစ်သည်။ တချိန်တည်းမှာ ၎င်း၏ မျက်လုံးမှ ထုတ်လွှတ်သော အနီရောင်အလင်းမှာ အစိမ်းရောင်သို့ ပြောင်း၏။ ထိုအစိမ်းရောင်အလင်းများသည် တိုက်ခိုက်ဖို့အတွက်တော့ မဟုတ်။ ထိုအစား ၎င်း၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ထူထဲသော အလင်းအရံအတားတစ်ခုအဖြစ် သိပ်သည်းသွားသည်။

ရုပ်သေးများ၏ တိုက်ခိုက်မှုအလင်းတန်းများသည် အစိမ်းရောင်အလင်းအရံအတားကို ထိုးစိုက်လာသည်။ အဆက်မပြတ်ပင်။ ပေါက်ကွဲသံများ ဖြစ်ပေါ်၏။ နတ်ဆိုးသားရဲ၏ အရံအတားသည် ထိုတိုက်ခိုက်မှုကို ခုခံနိုင်လိုက်သည်။ သို့ရာတွင်မူ အစိမ်းရောင်အလင်းအရံအတားသည် တဖြတ်ဖြတ် စတင် ဖြစ်လာသည်။ ၎င်းသည် သိပ်မကြာခင် ပျက်စီးတော့မည့်ကဲ့သို့ပင်။

ထိုအခါ ရှေးအတီတေခွက်သည် လွတ်လွတ်လပ်လပ် တိုက်ခိုက်နိုင်သွားသည်။ ဝိညာဉ်သေ၏ အမိန့်ပေးမှုအောက်မှာ ၎င်းသည် ရုတ်တရက် ကြီးမားသော ဆယ်မီတာလောက်ရှိမည့် တဝီဝီလှည့်ပတ်နေသော စက်ဝိုင်းကြီးတစ်ခု ဖြစ်လာသည်။ အလင်းတန်းများ တိုက်ခိုက်မှုနှင့်အတူ ၎င်းစက်ဝိုင်းကြီးသည် သားရဲကောင်ထံ ထိုးနှက်၏။

ထိုအခါ ပျက်စီးကြေမွသံများကို ကြားရလေ၏။ နောက်ဆုံးတွင်တော့ မျက်လုံးတစ်ထောင်သားရဲ၏ အရံအတားသည် လုံးဝ ပျက်စီးသွားခဲ့လေပြီ။

ဤသည်ကို စောင့်နေသော ဟန်လိသည် ချက်ခြင်း လှုပ်ရှားသည်။ သူ့လက်ကို ပင့်မြှောက်၏။ အနီရောင်အမျှင်တန်းများသည် ပျံသန်းထွက်ကာ သားရဲ၏ ခန္ဓာကိုယ်ထံ ဦးတည်သည်။ ဆယ့်ငါးမီနစ်လောက် ကြာပြီးနောက်မှာ ဟန်လိသည် အစီအရင်ထဲ၌ ကြက်ဥအရွယ်လောက်ရှိသည့် ဥတစ်ခုကို သူ့လက်ထဲတွင် ကိုင်ထား၏။ သူ့မျက်နှာက ပြုံးလို့ဖြီးလို့။

သူ့ခြေထောက်အောက်တွင်မူ ဒဏ်ရာရထားသော နတ်ဆိုးသားရဲကောင် ရှိနေပေသည်။

“သွားမယ်…” ဟန်လိသည် ဆက်၍ နှောင့်နှေးမနေဝံ့ပေ။ သူ၏ သိုလှောင်အိတ်ထဲ၌ ၎င်းနတ်ဆိုးသားရဲကောင်၏ အလောင်းကို ထည့်သိမ်းပြီးနောက်မှာ ဝိညာဉ်သေ၏ အဝါရောင်အလင်းက သူ့ကို ချက်ခြင်း ခြုံလွှမ်းကာ မတူညီသော အစီအရင်ထံ အလျင်အမြန် ဦးတည်သည်။

ထိုသို့ဖြင့် ဟန်လိသည် သည်အနီရောင်သန္တာကျွန်းတစ်ခုလုံးပေါ်တွင် တလလုံး ကုန်ဆုံးခဲ့ပေသည်။

သူသည် သက်တံမြက်ပေါ်သို့ အစိမ်းရောင်အရည်စက် တစ်စက်စီချကာ နတ်ဆိုးသားရဲ စွဲဆောင်နိုင်မည့် အကျယ်အဝန်းကို တဖြည်းဖြည်း တိုးစေခဲ့သည်။ ထိုအခါ နှစ်ရက် သို့မဟုတ် သုံးရက် ကြာတိုင်း သားရဲများသည် စွဲဆောင်ခြင်း ခံရလေသည်။ ဟန်လိနှင့် ဝိညာဉ်သေတို့ကတော့ အဆင့်ငါးနတ်ဆိုးသားရဲ ဆယ့်နှစ်ကောင်ကျော်ကို သုတ်သင်နိုင်ခဲ့ပြီးလေပြီ။ ဟန်လိမှာ အင်မတန် ကျေနပ်နေတော့၏။

သို့ပေမည့် သက်တံမြက်သည် နှစ်လေးရာသက်တမ်းသို့ ရောက်လာသည့်အချိန်တွင် ကြက်အမောက်ရေနဂါးသားရဲ အမည်ရ အဆင့်ခြောက်နတ်ဆိုးသားရဲတစ်ကောင်ကို စွဲဆောင်ခဲ့လေသည်။ ဟန်လိမှာ အတော်လေးကို အံ့အားတသင့် ဖြစ်မိပြီး သက်တံမြက်၏ ရနံ့ကို သူ့အစီအရင်မန္တာန်သုံးကာ ဖြတ်တောက်ပစ်ခဲ့ရသည်။ ထိုသားရဲကောင်သည် ကျွန်းထံ ကူးခတ်လာရင်း ရနံ့ပျောက်ကွယ်သွားသည့်နောက်တွင် ဒေါသတကြီး ပြန်ထွက်သွားခဲ့၏။

ထိတ်လန့်တကြား ဖြစ်သွားပြီး ဟန်လိသည် သက်တံမြက်ပင်ကို သက်တမ်းသုံးရာထိ ရင့်မှည့်စေ၍ အသုံးပြုခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်ကို သိရှိခဲ့သည်။ ထိုထက် သက်တမ်းပိုရင့်သွားပါက ပိုအားကောင်းသော သားရဲများကိုပါ စွဲဆောင်ပေလိမ့်မည်။ သို့ဖြစ်၍ ဟန်လိသည် သက်တံမြက်၏ သက်တမ်းက နှစ်သုံးရာသို့ ရောက်လာသည့်အခါတိုင်း ၎င်းမြက်ပင်ပေါက်အသစ်ကို အလျင်အမြန်ထုတ်၍ ပြန်စတင်သည်။

သို့ပေမည့် ခုလက်ရှိတွင် ဒီအနီရောင်သန္တာကျွန်း အနီးအနားရှိ အဆင့်ငါးနတ်ဆိုးသားရဲအားလုံးသည် မျိုးသုဉ်းသွားခဲ့လေပြီ။ တပါတ်အတွင်း မည်သည့်သားရဲမျှ ရောက်လာသည့်နောက်မှာတော့ ဟန်လိနှင့် ဝိညာဉ်သေတို့သည် သူတို့၏ မှော်အစီအရင်များကို ပြန်သိမ်းဆည်းကာ ကျွန်းကနေ ထွက်လာခဲ့သည်။ ပြင်ပကြယ်ပင်လယ်များတွင် ရက်အတော်အတန် ပျံသန်းကြည့်ပြီးနောက် သူတို့သည် နောက်ထပ် သန္တာကျွန်းတစ်ခုကို တွေ့သည်။ ထိုကျွန်းပေါ်တွင်လည်း ပြီးခဲ့သည့် တူညီသော နည်းလမ်းအတိုင်း သားရဲများကို အမဲလိုက်လေတော့၏။

ယင်းသို့ ပြင်ပကြယ်ပင်လယ်များထဲ၌ စိတ်လှုပ်ရှားဖို့ ကောင်းသော၊ ထပ်တလဲလဲ ဖြစ်သော၊ အန္တရာယ်ရှိသော ဘဝနေထိုင်မှုပုံစံသည် ငါးနှစ်တိတိ ဆက်ဖြစ်ခဲ့ပေသည်။

သည်အချိန်ကာလငါးနှစ်အတွင်း ဟန်လိက အဆင့်ငါးနတ်ဆိုးသားရဲ ရာချီကို သတ်ပစ်နိုင်ခဲ့သည်။ သူသည် ကျင့်ကြံခြင်းလောက၌ မြင်ရခဲလွန်းသော သားရဲများနှင့်ပါ တွေ့ကြုံခဲ့ရသည်။ ထိုသို့သော သားရဲများနှင့် ဦးဆုံး စစကြုံရချိန်တွင် ဟန်လိသည် သေမတတ် ဖြစ်ခဲ့ရသေးသည်။

ဝိညာဉ်သေ အကြောက်အလန့်ကင်းမှုနှင့် သူ့ရုပ်သေးများကြောင့်သာ မဟုတ်ပါက သူ၏ ရုပ်သေးများ အကူအညီဖြင့်ပင် ဟန်လိသည် သည်ကျယ်ပြောသောပင်လယ်တွင် သူ့ဘဝအဆုံးသပ်နေလောက်ပေပြီ။

ထို့အပြင် သည်နှစ်များအတွင်း သူက အကျိုးအမြတ်များသာ ထိုင်ရခဲ့တာတော့ မဟုတ်ပေ။ သူ၏ ရုပ်သေးအများစုမှာလည်း ဖျက်စီးခံခဲ့ရရုံသာမက သူ့မန္တာန်အစီအရင်များလည်း နတ်ဆိုးသားရဲများကြောင့် ဖျက်စီးခံရတာ ဖြစ်ချင်ဖြစ်၊ သို့မဟုတ် ဆိုးဝါးစွာ ထိခိုက်ခဲ့ရသည်။

သူ၏ အကောင်းဆုံးသော ဒြပ်စင်ငါးခုပြောင်းပြန်အစီအရင်သည်ပင် လွန်ခဲ့သောနှစ်ဝက်က အဆင့်ခုနစ်သားရဲကောင်ကို ပေါ့ဆစွာ မြှူဆွယ်မိသွားသည့်အချိန်၌ ပျက်စီးသွားခဲ့ရသည်။ သူသည် ထိုနတ်ဆိုးသားရဲကို အစီအရင်တွင်း၌ ပိတ်ထားခဲ့ပြီး အကူအညီမဲ့စွာဖြင့် သူနှင့် ဝိညာဉ်သေတို့က ထွက်ပြေးခဲ့ရသည်။

သည်ငါးနှစ်အတွင်း ဆုံးရှုံးမှုက ကြီးမားသော်လည်း သူ ပြန်ရရှိသော အကျိုးအမြတ်မှာလည်း အံ့ဩတုန်လှုပ်ဖို့ ကောင်းလေ၏။

အဆင့်ငါးသားရဲရာချီ၏ အမြုတေများကို ရခဲ့သည့်အပြင် ရှားပါးသော နတ်ဆိုးသားရဲများစွာ၏ ခန္ဓာအစိတ်အပိုင်အမြောက်အများကိုလည်း ရရှိခဲ့သေးသည်။ ၎င်းတို့ကို သိုလှောင်နိုင်ဖို့အတွက် သူ့သိုလှောင်အိတ်ထဲရှိ အဖိုးသိပ်မတန်သော ပစ္စည်းအမယ်အချို့ကိုပါ စွန့်ပစ်ခဲ့ရသည့်အထိပင်။

နတ်ဆိုးသားရဲရာချီကို သတ်ဖြတ်ခဲ့သည့်အတွက်ကြောင့် ဟန်လိ၏ တိုက်ပွဲစွမ်းရည်မှာလည်း ပြည့်စုံခဲ့၏။ သူ၏ မှော်ပညာရပ်ငယ်တချို့တလေမှာလည်း တိုးတက်ဖွံ့ဖြိုးခဲ့သည်။

ခုချိန်တွင်တော့ ဟန်လိသည် သာမန်အဆင့်ငါးနတ်ဆိုးသားရဲတစ်ကောင်ကို အကြောက်အလန့်ကင်းကင်းမဖြင့် တကိုယ်တည်း တည်ငြိမ်စွာ ရင်ဆိုင်နိုင်ပြီ ဖြစ်သည်။

All Chapters