← Chapters

လက်ရည်ညီ တိုက်ပွဲ

Vol. 62 Ch. 856

လက်ရည်ညီ တိုက်ပွဲ

Vol. 62 Ch. 856

မျက်နှာဖုံးတပ်ကို ကြည့်ရင်း ဝေ့ဝူယင်၏ အတွေးများက အလွန် မြန်ဆန်စွာ လှည့်ပတ်နေ၏။ ထိုပုဂ္ဂိုလ်က မည်သူပင် ဖြစ်စေကာမူ ကြယ်တာရာ အမြုတေ အဆင့်ခြောက်၌ ရှိနေသည်မှာ သေချာသည်။ ထို့အပြင်... အာရုဏ်ဦး နေမီးတောက် ဆေးလုံး၏ အာနိသင်နှင့် တူညီသည့် ကျင့်စဥ် တစ်ခုကို ကျင့်ကြံကာ အတုအယောင် နယ်မြေမျိုးစေ့ တစ်ခုကို ဖန်တီးထားသည်။ မျက်နှာဖုံးတပ်က အာရုဏ်ဦး နေမီးတောက် ဆေးလုံး တစ်လုံးကို သောက်သုံးထားတာပင် ဖြစ်ကောင်း ဖြစ်နိုင်‌ချေ ရှိသည်။

“မင်းလည်း မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်မှာပဲ ရှိသေးတာလား...”

မျက်နှာဖုံးတပ်က ဝေ့ဝူယင်ကို သုန်မှုန်စွာဖြင့် ကြည့်ရင်း ရေရွတ်လိုက်၏။ လက်သီးချက်ကို ခုခံရန် ကြိုးစားခဲ့ချိန်၌ ဝေ့ဝူယင်သည်လည်း အလားတူပင် သူ့စွမ်းအားများကို ထုတ်သုံးခဲ့ရသည်။ သူတို့ နှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် တူညီသည့် ခံစားချက်များနှင့် စိုက်ကြည့် နေခဲ့ကြ၏။

“…”

လေထု၏ အခြေအနေက ပိုမို တင်းမာကာ လေးလံလာသည်။ အဝေးမှ ကြယ်တာရာမိုးများမှာ ငိုသံ သဲ့သဲ့ကို ထုတ်လွှတ်ကာ ငြိမ်သက် နေကြ၏။ ယခုတစ်ကြိမ်တွင်တော့ သူတို့မှာ ပွဲကြည့် ပရိသတ်များ အဖြစ် ပြုမူနေကာ တိုက်ခိုက်ရန် ဝံ့ရဲခြင်း မရှိကြပါချေ။ သူတို့၏ ခန္ဓာကိုယ်ထက်ရှိ အလင်းရောင်များက အသက်ရှူသံကို ထင်ဟပ် နေသယောင် မှိန်ဖျော့နေ၏။

“…”

အသံတစ်ချက်မှ ထွက်ပေါ်လာခြင်း မရှိပါပဲ ဝေ့ဝူယင်နှင့် မျက်နှာဖုံးတပ်တို့မှာ သူတို့ ရပ်နေခဲ့သည့် နေရာများမှ ပျောက်ကွယ် သွားခဲ့၏။

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူတို့၏ ခန္ဓာကိုယ်များက အလွန် နီးကပ်သော အနေအထားဖြင့် ပြန်ပေါ်လာခဲ့သည်။ ဝေ့ဝူယင် ထိုလှုပ်ရှားမှုတွင် ထိပ်တန်း အမြန်နှုန်းကို ထုတ်သုံးထားသည့်တိုင် မျက်နှာဖုံးတပ်မှာ ကောင်းစွာ ယှဥ်ပြိုင်နိုင်ခဲ့၏။

ဝေ့ဝူယင် အံ့အားသင့်ခြင်း မရှိပဲ ညာဘက်လက်သီးကို မျက်နှာဖုံးတပ်၏ မျက်နှာထံ ဆန့်ထုတ်လိုက်၏။ သူ့ လက်သီး ပတ်လည်ရှိ လေထုက အလွန် ပူပြင်းသည့် ပတ်ဝန်းကျင်တွင် လောင်ကြွမ်း သွားသည်။

မျက်နှာဖုံးတပ်က ရှောင်တိမ်းရန် ဆန္ဒ ရှိပုံ မရချေ။ သူက လက်ဝါးစောင်းဖြင့် ဝေ့ဝူယင်၏ လက်မောင်းထံ ကြားဖြတ် ရိုက်ချရန်သာ ကြိုးပမ်းလိုက်သည်။ ပြင်းထန် လေးပင်သည့် အလင်း တစ်ခုမှာ သူ၏ လက်ကောက်ဝတ် ပတ်လည်၌ ဝန်းရံနေကာ ထိခိုက်မိပါက ကြယ်တာရာ သံမဏိတောင်တစ်တောင်ပင် ထက်ပိုင်း ပြတ်ထွက်သွားနိုင်ပေသည်။

သို့သော်လည်း ထိုကြားဖြတ် ဟန့်တားမှုက မျှော်လင့်မထားသလို ဘာမှဖြစ်မလာခဲ့ချေ။ မျက်နှာဖုံးတပ်၏ နှုတ်ခမ်းမှ အာမေဍိတ်သံ တစ်ခု ထွက်ပေါ်လာသည်နှင့် တစ်ဆက်တည်းပင် ဝေ့ဝူယင်၏ လက်သီးက မျက်နှာတည့်တည့်ပေါ် ကျဆင်းလာခဲ့တော့၏။

ဘုန်း...

လေထုပေါက်ကွဲသံ တစ်ခုကို ကြားလိုက်ရ၏။ မျက်နှာဖုံးတပ်၏ ဦးခေါင်းမှာ နောက်သို့ လန်ထွက်သွားသည်။ မသိပါက... ခေါင်းတစ်ခုလုံး ခန္ဓာကိုယ်နှင့် အိုးစားကွဲ သွားတော့ မလိုပင်။ သို့သော်လည်း မျက်နှာဖုံးတပ်မှာ လက်သီးအင်အားများကို လျှင်မြန်စွာပင် လွဲဖယ်ကာ တည်ငြိမ်မှုကို ပြန်လည် ရရှိလာ၏။

ဝေ့ဝူယင်မှာ တိုက်ခိုက်ပြီး စောင့်ဆိုင်း နေတတ်သူ မဟုတ်ချေ။ သူက ဘယ်ဘက်လက်သီးကို ဆန့်ထုတ်ကာ မျက်နှာဖုံးတပ်၏ ဝမ်းဗိုက်ကို ထိုးနှက်လိုက်၏။

ဘုန်း...

မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်က ရှေ့သို့ ကွေးညွှတ်သွားကာ အဆုပ်ထဲမှ လေများပင် ရှေ့သို့ အတောင့်လိုက် ထွက်ပေါ်လာသည်။

ဝေ့ဝူယင်၏ တိုက်ခိုက်မှုက မပြီးဆုံးသေးချေ။ သူက ညာဘက်ကို ပြန်လည် အားယူကာ မျက်နှာဖုံးတပ်၏ မျက်နှာကို နောက်တစ်ကြိမ် ထိုးလိုက်၏။ ထိုလက်သီးချက်က သူ့ခန္ဓာကိုယ် တစ်ခုလုံးမှ အင်အားများကို သယ်ဆောင်ထားကာ ပထမ လက်သီးချက် နှစ်ခုထက် အဆပေါင်းများစွာ ပိုမို ပြင်းထန်လှ၏။

ဘုန်း...

လက်သီးနှင့် မျက်နှာမှာ အကြင်နာစွာမဲ့စွာ နောက်တစ်ကြိမ် မိတ်ဆက်သွား၏။ ယခုတစ်ကြိမ်တွင်တော့ မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်မှာ နောက်သို့ အရှိန်အဟုန်ဖြင့် လွင့်စဉ်သွားတော့၏။ သူ၏ ခန္ဓာကိုယ်က ဖန်သား ကြမ်းပြင်ပေါ် လျှောတိုက် ပြုတ်ကျသွားကာ ဝေ့ဝူယင် ကဲ့သို့ ကံကြမ္မာမျိုးနှင့် ရင်ဆိုင်လိုက်ရသည်။

ဝေ့ဝူယင်၏ ဒူးများမှာ ကွေးညွှတ်သွား၏။ ထို့နောက် ၎င်းတို့က မိုးကြိုးတစ်စင်း အလား ပြန်လည် ဆန့်တန်း သွားသည်။ သူ၏ ခန္ဓာကိုယ်က လျှပ်စီးဒြပ်စင် အင်အားနှင့် ပေါင်းစပ်သွားကာ ထိပ်တန်း အမြန်နှုန်းဖြင့် မူလ နေရာမှ ပျောက်ကွယ်သွား၏။

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် ဝေ့ဝူယင်မှာ အဖြူ‌ရောင် လျှပ်စီးတစ်ခုလို လျှောတိုက် လွင့်စဥ်နေသည့် မျက်နှာဖုံးတပ်၏ အနား၌ ပြန်လည် ပေါ်လာခဲ့၏။ ထို့နောက် သူက ပြင်းထန် တိကျသည့် ခွန်အားနှင့် အတူ ခြေထောက်ကို မြှောက်လိုက်လေသည်။

ရား...

လေထုထဲတွင် နဂါးဟိန်းသံ သဲ့သဲ့ ထွက်ပေါ်လာ၏။ ဟင်းလင်းပြင် နဂါး သွေးမျိုးဆက်က ဆူပွက်လာကာ ခရာတိုမှာ အိပ်မောကျရာမှ နိုးထလာသည်။ ကြယ်တာရာမိုးများမှာ ထိတ်လန့် တုန်လှုပ်စွာဖြင့် အရပ် မျက်နှာ အနှံ့ ကျဲပြန့်သွားကြ၏။

ဘုန်း...

သူ၏ ခြေဖနှောင့်မှာ မျက်နှာဖုံးတပ်၏ ရင်ဘတ်ပေါ်သို့ တိတိပပ ချိန်သားကိုက် ကျဆင်းသွားကာ ရွေ့လျားနေသည့် ခန္ဓာကိုယ်ကို တက်နင်းလိုက်သည်။ ဝေ့ဝူယင်မှာ ထိုဖနှောင့်ချက်၌ သွေးမျိုးဆက် စွမ်းအင်များ အပြင် ရုပ်ခန္ဓာ စွမ်းအင်၊ မူလ အလင်း အင်အား အားလုံးကို ထုတ်သုံးထား၏။ လှပသော အလင်းရောင်စဥ်များမှာ သူ့မျက်လုံး ထောင့်စွန်းများ၊ လက်ချောင်းများတွင် ဖြာကာ စီးကျနေ၏။

မတူညီသည့် လှုပ်ရှားမှု လေးခု...

သို့သော်လည်း တိကျ ပြတ်သားကာ အလွန် လွှမ်းမိုးနိုင်စွမ်း ရှိလှသည်။ ထိုအရာက ဝေ့ဝူယင် လျှောက်လှမ်းနေသည့် ကျင့်ကြံခြင်း လမ်းစဥ်လည်း ဖြစ်သည်။ သူ လျှင်မြန်စွာပင် မျက်နှာဖုံးတပ်၏ ကျင့်ကြံခြင်းကို ချိပ်ပိတ်ရန် ပြင်ဆင်လိုက်၏။ ထို့နောက် ၎င်း၏ လျှို့ဝှက်ချက် အားလုံးကို ဧဒင် အင်အားဖြင့် ရှာဖွေရန် သူ ရည်ရွယ်ထားပေသည်။

“အိုးဟိုး... သန်မာလိုက်တဲ့ ခွန်အား... မင်းက တကယ့်ကောင်ပဲကွ...”

ရှင်းလင်းပီသသည့် ယောက်ျားသံ တစ်ခုမှာ မျက်နှာဖုံးတပ်ထံမှ ထွက်ပေါ်လာခဲ့၏။ ဝေ့ဝူယင်က တုန့်ပြန်ခြင်း မပြုချေ။ သူက ဝိညာဥ်အင်အားကို အလုံးစုံကို သုံးကာ ချိပ်ပိတ်ခြင်း လုပ်ငန်းစဥ်ကို လျှင်မြန်စွာ အဆုံးသတ်ရန် ကြိုးပမ်းနေ၏။

ရန်သူ၏ မျက်နှာဖုံးက သူ့လက်သီးချက် အောက်တွင် ကြီးမားစွာ ထိခိုက်သွားကြောင့် ဝေ့ဝူယင် ဝိညာဥ်အာရုံဖြင့် ရှင်းလင်းစွာ ခံစားမိပေသည်။ အက်ကွဲရာ တစ်ချို့ပင် ၎င်း၏ မျက်နှာပြင်ထက်၌ ပေါ်လွင်နေ၏။ ကြည့်ရသည်က... ထိုထိခိုက်မှုကြောင့်ပင် မျက်နှာဖုံးမှာ သူ၏ အသံလှိုင်းများကို ဆက်လက် ဖုံးကွယ် မပေးနိုင်တော့ပုံ ပေါ်သည်။

“ဒါပေမဲ့ ခွန်အားက အရာရာ မဟုတ်ဘူး...”

မျက်နှာဖုံးတပ်က အကြွင်းမဲ့ တည်ငြိမ်နေသည့် လေသံဖြင့် ပြောလိုက်၏။ ရုတ်တရက် ဝေ့ဝူယင်မှာ အန္တရာယ် အငွေ့အသက် တစ်ခုကို စိတ်ထဲမှ ခံစားလိုက်ရသည်။ သူက ပိုမို ပြင်းထန်သည့် ဝိညာဥ်အင်အားများကို ထုတ်လွှတ်ကာ ချိပ်ပိတ်မှုကို အပြီးသတ်ရန် ကြိုးပမ်းလိုက်၏။

ထိုအခိုက်တွင်ပင် မျက်နှာဖုံးတပ်၏ လက်ဝါးမှာ ရေအလျင် ကဲ့သို့ သိမ်မွေ့စွာ လှုပ်ရှားသွားကာ ဝေ့ဝူယင်၏ ခြေထောက်ကို ဖမ်းဆုပ်လိုက်၏။ ရုတ်တရက် မျက်နှာဖုံးတပ်၏ ခန္ဓာကိုယ်ထဲကို အရှိန်အဟုန်ဖြင့် စီးဝင်နေသည့် ဝိညာဥ်ဖိအားများမှာ အပေါက် ပိတ်ခံလိုက်ရသလို ခြေထောက်တွင် ရပ်တန့်သွား၏။ သို့သော်လည်း... ထိန်းချုပ်နိုင်စွမ်း မရှိစွာပအင် သူ့ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်အင်အားများက ထိုနေရာထံ ဆက်လက် စီးဆင်းနေဆဲ ဖြစ်သည်။ တဒင်္ဂ အတွင်းမှာပင် ဝေ့ဝူယင်၏ ခြေထောက်မှာ ပူပေါင်း တစ်ခုလို ဝိညာဥ်အင်အားများဖြင့် စတင် ဖောင်းကား လာခဲ့၏။

အထိအတွေ့တစ်ခု...

အထိအတွေ့ တစ်ခုမှာပင် သူ၏ သွေးကြောများနှင့် စီးဆင်းမှု အားလုံး ချိပ်ပိတ်ခံလိုက်ရပြီ ဖြစ်သည်။ ဆက်တိုက်ဆိုသလိုပင် မျက်နှာဖုံးတပ်က လက်ကို အနည်းငယ် ဖိလိုက်၏။ ဝေ့ဝူယင်မှာ ဝိညာဥ်အင်အား စီးဆင်းမှုက အပေါ်သို့ ပြန်တက်လာသလို ခံစားလိုက်ရသည်။ သူ၏ ခြေထောက်မှာ ဟန်ချက်ပျက်သွားကာ နောက်သို့ ယိမ်းယိုင်သွား၏။

မျက်နှာဖုံးတပ်က ချက်ချင်းပင် ပြန်ထလာကာ ဝေ့ဝူယင်၏ ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ထုတ် ပစ်လိုက်၏။ သူ၏ လှုပ်ရှားမှုနှင့် တုန့်ပြန်မှုက အလွန်ပင် ချိန်သား ကိုက်ကာ တိကျမြန်ဆန်လှသည်။

အချိန်မှီ တုန့်ပြန်နိုင်ခြင်း မရှိလေရာ ဝေ့ဝူယင်၏ ခန္ဓာကိုယ်ပေါ်မှာ လေပေါ် လွင့်စဥ် သွား၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူ ရုပ်ပျက်ဆင်းပျက် ဖြစ်ခြင်း မရှိပါချေ။ လေပေါ်တွင် ခန္ဓာကိုယ်ကို နှစ်ပတ်သုံးပတ် လှည့်ကာ ဟန်ချက်ကို ပြန်ထိန်းလိုက်၏။

သို့သော်လည်း သူ ထိုကဲ့သို့ ပြုလုပ်နေသည့် အချိန်တိုကလေး အတွင်းမှာပင် မျက်နှာဖုံးတပ်မှာ အလွန် လျှင်မြန်သော အရှိန်အဟုန်ဖြင့် လက်ဟန်ချိပ်စည်း ဆယ်ခုခန့်ကို ဖန်တီးခဲ့ပြီး ဖြစ်လေသည်။

ဒသမ လောက မူလ ကျင့်စဥ်... အဆုံးမဲ့ ချိန်းကြိုး ကိုးစင်း...

ဘုန်း... ဘုန်း...

မျက်နှာဖုံးတပ်၏ ဝတ်ရုံက လွင့်ပျံသွားကာ အရောင်ကိုးခုနှင့် ချိန်းကြိုး ကိုးစင်း ထွက်ပေါ်လာ၏။ ချိန်းကြိုး တစ်ခုချင်းစီက မီး၊ မြေ၊ ရေ၊ လေ၊ သတ္တု၊ လျှပ်စီး၊ သစ်သား၊ ချော်ရည်ပူနှင့် ရေခဲတို့ကို ကိုယ်စား ပြုနေ၏။

၎င်းတို့က အလွန် လျှင်မြန်စွာပင် လှည့်ပတ်ရင်း ဝေ့ဝူယင်ထံ အလင်း၏ အမြန်နှုန်းဖြင့် ချည်းကပ်လာလေသည်။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့က ဝေ့ဝူယင်ကို ဖမ်းချုပ်ရန် နှေးကွေးလွန်းလှပေသည်။ ဝေ့ဝူယင် လျှင်မြန်စွာပင် ထိုချိန်းကြိုးများကို ရှောင်တိမ်းရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ရီသွားသည်။

‘ဝိညာဥ် ချိပ်ပိတ်ခြင်း...’

စောစောပိုင်းက မျက်နှာဖုံးတပ်၏ လက်ဝါးချက်ကို ဝေ့ဝူယင် ပြန်လည် အမှတ်ရလိုက်၏။ သူက ထိုလက်ဝါးချက်နှင့် အတူ သူ့ခန္ဓာကိုယ်ကို လျှို့ဝှက်စွာ ချိပ်ပိတ်ရန် ကြိုးပမ်းလိုက်ခြင်းပင် ဖြစ်သည်။ နောက်ထပ် စက္ကန့်မျှသာ ထပ်မံ နှောင့်နှေးပါက သူ၏ခန္ဓာကိုယ် တစ်ခုလုံးမှာ ချိန်းကြိုးများ၏ ချုပ်နှောင်မှုကို ခံလိုက်ရတော့မည် ဖြစ်သည်။

ဝေ့ဝူယင် လျှင်မြန်စွာပင် ဝိညာဥ်အာရုံဖြင့် ခန္ဓာကိုယ်ကို စစ်ဆးလိုက်၏။ မျက်နှာဖုံးတပ်၏ ချိပ်တံဆိပ်က သူ့အတွင်းပိုင်း စွမ်းအင် စီးဆင်းမှု အားလုံးကို ဟန့်တား ထားပေသည်။ သို့သော်လည်း ကံကောင်းထောက်မတာ တစ်ခုက... ဝေ့ဝူယင်မှာ အလွန် အစွမ်းထက်ကာ ပမာဏ များပြားလှသည့် ဝိညာဥ်အင်အားများကို ပိုင်ဆိုင်ထားခြင်းပင် ဖြစ်သည်။

မျက်တောင် တစ်ခပ်စာ အတွင်းမှာပင် သူ ဝိညာဥ်ချိပ်ပိတ်မှုကို ဖျက်ဆီး ပစ်လိုက်ကာ အရှိန်အဟုန်နှင့် နောက်ကို ဆုတ်ခွာ သွားခဲ့၏။ ချိန်းကြိုးများမှာ သူ့ မူလတည်နေရာတွင် တွန့်ခွေသွားကြ၏။ တစ်ခုနှင့် တစ်ခု တိုက်မိလေရာ တချွင်ချွင် အသံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ အကယ်၍ သူသာ မျက်တောင်တစ်ခပ်စာမျှ နောက်ကျသွားပါက ထိုနေရာတွင် ဖမ်းဆီးခံနေရလောက်ပြီ ဖြစ်လေသည်။

သို့သော်လည်း... မျက်နှာဖုံးတပ်မှာ အလွန် လျှင်မြန်စွာပင် လက်ဟန် ချိပ်စည်းများကို ထပ်မံ ဖန်တီး နေခဲ့ပြီ ဖြစ်လေသည်။ သူ၏ တိုက်ခိုက်မှုက မပြီးဆုံးသေးပါချေ။

***

All Chapters