ရုတ်တရက်ဂိမ်းအတွင်းသို့ ဝင်ရောက်နိုင်ခြင်း!
Vol. 1 Ch. 1
လက်တွေ့ဘဝဆိုတာ အကောင်းတွေချည်းပေးတဲ့ နူးညံ့တဲ့မိန်းမလှလေးဖြစ်နိုင်သလို မရှုနိုင်မကယ်နိုင်အောင်နင်းချေပစ်မယ့် ကြမ်းတမ်းတုတ်ခိုင်တဲ့မိန်းမကြီးလည်း ဖြစ်နိုင်သည်။ ၄င်းမှာ သင့်စုဆောင်းငွေဘယ်လောက်ရှိသလဲအပေါ်တွင် မူတည်၏။
…
သြဂုတ်လ၏ချစ်ချစ်တောက်ပူသောနေမှာ လူများကိုနေမထိထိုင်မသာဖြစ်စေသည်။
ရုံချန်းစီရင်စုပြည်နယ်အတွင်း _
ပျမ်းမျှအိမ်တန်ဖိုးယွမ်(၁၂၀၀၀)ရှိပြီး ပျမ်းမျှလစာယွမ်(၃-၄၀၀၀)ရကြသည့် လူစည်ကားရာအရပ်တစ်ခုတွင်ဖြစ်သည်။
သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်ဆိုင်ငယ်လေးတစ်ဆိုင်တွင် ချင်လင်သည် သတ်လတ်ပိုင်းအမျိုးသမီးတစ်ဦးအား သူ့လက်ထဲမှဟင်းရွက်တို့ကို ပြုံးရင်းပေးလိုက်သည်_
''ဒီမှာ အဒေါ့်ရဲ့ဟင်းရွက်တွေ... နောက်လည်း လာအားပေးပါဦးနော်''
ဧည့်သည်များကိုလိုက်ပို့ပြီးနောက် စိတ်ရှုပ်စရာကောင်းသောယင်များကိုကြည့်ပြီး ယင်ယပ်တံနှင့်ကောက်ခတ်လိုက်သည်။
ဖရိုဖရဲတိုက်ပွဲအပြီးတွင် ခြင်အသေကောင်တချို့ပြုတ်ကျလာ၏။
ချင်လင်သည် ပြန်လည်သန့်စင်ထားသောစားပွဲတွင် ထိုင်လိုက်ပြီး ဖုန်းကောက်ကိုင်ကာ ''တောင်တန်းပုံပြင်''အမည်ရှိ ရှေးဟောင်းဂိမ်းတစ်ခုကိုဖွင့်လိုက်သည်။
ထိုဂိမ်းမှာ တောင်ယာလုပ်ကိုင်ရင်း ဖွံ့ဖြိုးလာသည့်ဂိမ်းဖြစ်သည်။ အလွန်မြင်သာသဖြင့် နည်းစနစ်များစွာမလိုအပ်။ ဆိုင်ထိုင်စောင့်ရင်း အချိန်ဖြုန်းနိုင်သည်။
သူဘွဲ့ရပြီးတာ တစ်နှစ်ရှိပြီဖြစ်သော်လည်း ဘာမှဖြစ်ထွန်းမလာသည့်အပြင် ခရီးသွားစီမံခန့်ခွဲမှုမေဂျာတစ်ဦးအနေနှင့် ဟင်းသီးဟင်းရွက်များရောင်းနေရသည်။ လက်တွေ့ဘဝက သူ့ကိုရွေးချယ်ခွင့်မပေးပေ။
သူ့မိသားစုက ဆင်းရဲလာသည်မှာ မျိုးဆက်သုံးဆက်ရှိပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်က သူ့အဘိုးနာမကျန်းဖြစ်ခဲ့၏။ သူမကွယ်လွန်ခင် သူ့ဖခင်ဖြစ်သူက သူ့အဘိုး၏ဆေးကုသစရိတ်နှင့် မိသားစုအသုံးစရိတ်အတွက် မိုးလင်းမှမိုးချုပ် ဟင်းသီးဟင်းရွက်ရောင်းပြီး ရှာကျွေးခဲ့ရသည်။

သို့သော်လည်း ကံတရားက သူတို့မိသားစုကို ဆက်လက်ကျီစယ်နေဆဲ။ အဘိုးဆုံးပြီးနောက် သူ့ဖခင်မှာ နာတာရှည်ပင်ပန်းမှုကြောင့် ကင်ဆာဖြစ်နေပြီဟူ၍ မနှစ်ကသိလိုက်ရပြန်သည်။
သူ့မိခင်အတွက်တော့ ဤဟင်းသီးဟင်းရွက်ဆိုင်ငယ်လေးဖြင့် ဆက်လက်ရှင်သန်ရန်မဖြစ်နိုင်။ အိမ်ကိုရောင်း၊ နေရာတကာပတ်ပြီး ယွမ်ရာထောင်ချီလိုက်ချေးရင်တောင် သူ့ဖခင်ကိုမကယ်တင်နိုင်သေးပေ။
သူ့မိခင်တွင်လည်း အလုပ်ပင်ပန်းခြင်းကြောင့် ကျန်းမာရေးပြဿနာများရှိနေသေး၏။ စမ်းသပ်တွေ့ရှိရသလောက် ရလဒ်များသိပ်မကောင်းသဖြင့် ပြုစုစောင့်ရှောက်ရန် လူလိုနေသည်။
သို့ဖြစ်၍ ဘွဲ့ရပြီး ကုမ္ပဏီကြီးတွင် ဝင်ရောက်လုပ်ကိုင်နိုင်သည့်တိုင် သူ့မိခင်ကိုပြုစုစောင့်ရှောက်ဖို့၊ မိသားစုအကြွေးများနှင့် ထိုဟင်းသီးဟင်းရွက်ဆိုင်ငယ်လေးကို အမွေဆက်ခံဖို့အတွက် အိမ်ပြန်လာခဲ့ရ၏။
လူအများက သုညက စရသည်ဆိုပါလျှင် သူကတော့ အနုတ်ရာထောင်ချီဘဝက စရလေသည်။
ဘဝက မျှတမှုမရှိ။ သူ့မှာ ဆိုင်တစ်ဖက်နှင့် အခွင့်အလမ်းရှာဖို့ အတွေးမရှိခြင်းကြောင့်မဟုတ်သော်လည်း ဘွဲ့ရတစ်ဦးအနေနှင့် လူမှုရေးအတွေ့အကြုံမရှိသည့်အပြင် စုငွေဆောင်းငွေလည်းမရှိပေ။
ဤဆိုင်၏ဝင်ငွေနှင့် အိမ်အသုံးစရိတ်၊ သူ့မိခင်အတွက်အာဟာရအသုံးစရိတ်၊ လစဉ်နည်းနည်းချင်းဖဲ့ဆပ်ရသော အပြင်မှအကြွေးတို့ကြောင့် သူ့ကဒ်ထဲတွင် ယွမ်(၄၅၀၀)ထက်မပို။
သူ့မှာ အအေးမိလျှင်တောင် ဆေးရုံမသွားနိုင်ချေ။
နောက်ပြီး ပလက်ဖောင်းတစ်ခုပေါ် က မီတာ(၃၀)ပတ်လည်သစ်သီးဆိုင်ငယ်လေးမှာ လစဉ်ယွမ်(၁)သိန်းမှ (၁)သန်းမရှာနိုင်။ တစ်ဦးချင်းယွမ်သန်း(၁၀၀)အတွက် မျက်လှည့်ဆန်သောနေရာဖြစ်သည်။
သူ့မိခင်ကျန်းမာရေးမတိုးတက်သေးခင်၊ သူ့ကိုစောင့်ရှောက်ဖို့ လူမလိုသေးခင်တော့ ဒီဆိုင်လေးမှာပဲ အသက်ရှင်ဖို့ရုန်းကန်ရုံသာရှိသည်။
သူသက်ပြင်းချ၍ သူ့ဂိမ်းထဲမှဇာတ်ကောင်ကို တံခါးအပြင်ထွက်စေလိုက်သည်။ သူ့ရှေ့တွင် ဖရဲသီးစိုက်ပျိုးသည့်မြေကွက်(၆)ကွက်ရှိ၏။ သူဂိမ်းစဆော့ပြီးမကြာမီ ထိုအကွက်(၆)ကွက်သာဖွင့်ရသေးသည်။
ပေါင်းသင်ရင်း ရေလောင်းရင်း!
တအောင့်အကြာတွင် ထိုမြေကွက်(၆)ကွက်ရှိဖရဲသီးများမှည့်လာလေသည်။ ဂိမ်းထဲတွင် အချိန်ကုန်ဆုံးပုံမှာ အမြဲမတူညီပေ။ လက်တွေ့လောကတွင် ဖရဲသီးရင့်မှည့်ဖို့ လချီကြာသော်လည်း ဂိမ်းထဲတွင်မူ (၁၀)နာရီကျော်ကြာလျှင် ရင့်မှည့်နိုင်သည်။
မြေတစ်ကွက်စီမှ ဖရဲသီး(၁၅)လုံးမှ အလုံး(၂၀)ခန့်ထွက်သည်။
ချင်လင်သည် ဂိမ်းဇာတ်ကောင်ကို ဖရဲသီးများဆွတ်ခိုင်းတော့မည့်ဆဲဆဲ ဖုန်းထဲ၌ လျှပ်စစ်စီးကြောင်းရုတ်တရက်ပြတ်တောက်ပြီး ချက်ချင်းသူ့ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်သွား၏။
စွမ်းအင်ယိုစိမ့်တာ?
ချင်လင် သတိလက်လွတ်ကျိန်ဆဲလိုက်ချင်သည်။
ဒါအညံ့စားဖုန်းမှမဟုတ်တာ... ဘယ်လိုလုပ်ပြီး စွမ်းအင်ယိုစိမ့်တာက ဒီလောက်ပြင်းတာလဲ?
''တင်း! အထူးဂိမ်းလိုင်းစတင်နေပါပြီ... ''တောင်တန်းပုံပြင်''ဂိမ်းထဲရောက်သွားပါပြီ... ကျေးဇူးပြု၍ ခဏစောင့်ပါ...''

''???'' ချင်လင်က သူ့ခေါင်းကိုသပ်လိုက်သည်။
လျှပ်စစ်ဓာတ်ထိမိတာနဲ့ သူဘယ်လိုလုပ်ပြီး ထင်ယောင်ထင်မှားဖြစ်သွားရတာလဲ?
''တင်း! အထူးဂိမ်းလိုင်းဆက်သွယ်ချက်အောင်မြင်သွားပါပြီ... ''တောင်တန်းပုံပြင်''ဂိမ်းနဲ့ဆက်သွယ်ပြီးပါပြီ... ပိုင်ရှင်က ဒီဂိမ်းထဲဝင်တာ ပထမဆုံးအကြိမ်ပါလား?''
တစ်ချိန်တည်းမှာပင် အလွန်တောက်ပသောမြင်ကွင်းက ချင်လင်၏စိတ်ထဲတွင်ပေါ်လာသည်။ ရင့်မှည့်နေသောဖရဲသီးများနှင့်မြေကွက်တစ်ကွက်။
ဒါ ''တောင်တန်းပုံပြင်''ဂိမ်းထဲက မြင်ကွင်းလား?
ဂိမ်းဇာတ်ကောင်မှာ ဖရဲသီးခင်းရှေ့တွင် မတ်တပ်ရပ်နေဆဲ။ စောစောက သူဖရဲသီးဆွတ်ခိုင်းတော့မည့်ဇာတ်ကောင်ပင်။
ပိုပြီးမယုံနိုင်စရာကောင်းတာက အတွေးတစ်ချက်နှင့်ပင် ဂိမ်းဇာတ်ကောင်က ရှေ့ဆက်တိုးပြီး ဖရဲသီးခူးလိုက်၏။
သူ့စိတ်နဲ့ဂိမ်းကိုကစားနိုင်တယ်လား?
နောက်တော့ ဖန်သားပြင်ထိပ်တွင် အထူးအချက်ပြရွေးချယ်စရာပေါ်လာသည်:
သင်ဝင်ရောက်လိုပါသလား?!
''ဝင်မယ်!''
မတိုင်ခင်က ချင်လင်သည် အချက်ပြစနစ်အကြောင်းတွေးလိုက်မိပြီး မယုံနိုင်ဖြစ်ရသည်။ သူရွေးချယ်ဖို့ကြိုးစားကြည့်သည်။
ထူးဆန်းတဲ့ဆွဲအားတစ်ခုပေါ်လာပြီး ချက်ချင်းဆိုသလို သူ့ရှေ့မှမြင်ကွင်းပြောင်းလဲသွားသည်။
သူရှေ့တွင် စိမ်းစိုနေသောဖရဲခင်းတစ်ခင်း။
လေထုထဲတွင်လည်း ဖရဲသီးရနံ့က ထူးထူးခြားခြားပျံ့လွင့်နေသည်။ နောက်တော့ ဂိမ်းထဲမှဇာတ်ကောင်နေရာကိုအစားထိုးယူလိုက်သလို သူ့လက်ထဲတွင် ဖရဲသီးတစ်လုံးပိုက်မိလျက်သားဖြစ်သွား၏။
''ဒါ ထင်ယောင်ထင်မှားဖြစ်နေတာမလား?''
ချင်လင်က မယုံနိုင်အောင်ဖြစ်နေသည်။ သူ့လက်ထဲတွင် ဖရဲသီးပိုက်ထားရသည့်ခံစားချက်မှာ ထူးထူးကဲကဲအစစ်အတိုင်းပင်။ ပြီးတော့ ဖရဲသီးထဲမှာ လွင့်မျောနေတဲ့စာတန်းလေး။
(အစေ့လွတ်ဖရဲသီး: အရည်အသွေး ၁)
(မှတ်ချက်: အထူးဖရဲသီးမျိုးမဟုတ်သော်လည်း ဂိမ်းမှထုတ်လုပ်ထားခြင်းဖြစ်သည်။ သာမန်ဖရဲသီးများထဲတွင်တော့ အကောင်းဆုံးဖြစ်သည်။
အနံ့အရသာရှိခြင်း +၁၊ ချိုမြိန်ခြင်း +၁၊ အရသာ +၁)
တောင်တန်းပုံပြင်တွင်စိုက်ပျိုးသော သစ်သီးများမှာ အရည်အသွေးကောင်းသည်။ အရည်အသွေးကောင်းလေလေ ပိုပြီးအရသာရှိလေလေ စျေးလည်းပိုကောင်းလေဖြစ်သည်။
သို့သော်လည်း ထိုမှတ်ချက်မှာ ဂိမ်းနှင့်ကွဲပြား၏။ အမှန်တကယ် ပင်ကိုယ်တန်ဖိုးမြင့်မားသည်။
ချင်လင်က သူ့လက်ထဲမှဖရဲသီးကိုလွှတ်ချပြီး နောက်ထပ်ထပ်ခူးလိုက်သည်။ နောက်ထပ်စာတန်းပေါ်လာပြန်သည်။ စာတန်းအားလုံးအတူတူပင်။ ၄င်းတို့အားလုံးမှာ အနံ့အရသာရှိမှု +၁၊ ချိုမြိန်ခြင်း +၁ ချည်းပင်။
သူက ဘေးပတ်ပတ်လည်ကို တဖန်ပြန်ကြည့်လိုက်သည်။ လေရဟတ်နှင့်အဆောက်အဦးများ၊ သိုလှောင်ခန်းများ၊ ခြံစည်းရိုးများ...
အရာအားလုံးမှာ ဂိမ်းထဲကအတိုင်း တစ်ထေရာတည်း။
တစ်ခုတည်းသောခြားနားချက်က သူ့ရှေ့ရှိမြေပြင်မှာ အလွန်ကျယ်ဝန်းနေခြင်းသာ။ ဖရဲသီးများနှင့်ပြည့်နှက်နေပြီး ဂိမ်းထဲမှာကဲ့သို့ အကွက်ငယ်လေးမဟုတ်ပေ။ စိုက်ပျိုးထားသောသီးနှံအားလုံးတွင်
ကိုယ်စားပြုနံပါတ်များရှိလေသည်။