ဂိမ်းထဲမှဖရဲသီးများရောင်းခြင်း!
Vol. 1 Ch. 3
ရုံချန်းစီရင်စုပြည်နယ်တွင် ပုံမှန်အားဖြင့် ဖရဲသီးဝယ်ရန် လမ်းကြောင်းနှစ်ခုရှိသည်။
တစ်နည်းမှာ သစ်သီးလက်ကားစျေးသို့သွားရမည်။ ၄င်းစျေးမှာ ရုံချန်းစီရင်စုပြည်နယ်၏ တခြားတစ်ဖက် ကုန်သွယ်ရေးဝန်းနှင့် အနည်းငယ်ဝေးသည်။
နောက်တစ်နည်းမှာ ရွာနီးစပ်ချုပ်ရှိ သစ်သီးစိုက်တောင်သူများထံသွား၍ ဝယ်ရမည်ဖြစ်သည်။
ထို့ကြောင့် လက်ကားစျေး(၁.၅)ယွမ်ချင်းတူလျှင်တောင် ဖရဲသီးကပိုအရသာရှိသဖြင့်
အိမ်တိုင်ယာရောက်ပါပို့ပေးမည်ဆိုလျှင် လိုချင်သူမရှိမှာမပူရ။
ချင်လင်စာပို့ပြီးပြီးချင်း အဖွဲ့ထဲ လူသုံးယောက်ရောက်လာသည်။
''အဲဒီတော့ ရှောင်ချင်ပေါ့''
''ရှောင်ချင်က လက်ကားရောင်းနေပြီလား?''
''ဒါဆို ငါလည်းအပျော်လုပ်ရမလား?''
စာပို့သောလူသုံးယောက်ကို ချင်လင်သိသည်။ သူတို့က စျေးအနီးမှာ ဆိုင်များဖွင့်ထား၏။
ထိုအချိန်အထိ နောက်ထပ်ပေါ်လာသူမရှိတော့မှ ချင်လင်က သူတို့သုံးယောက်နှင့် ဆိုင်မှာတွေ့ရန်စီစဉ်လိုက်သည်။
ထိုအချိန်တွင်_
ချင်လင်စိတ်ထဲမှဂိမ်းက အချက်ပေးသံထွက်လာမှန်း သဘောပေါက်လိုက်သည်။ ပျိုးစေ့များကို ပထမအကြိမ်ရေလောင်းရမည်ဖြစ်၏။
သူက ဂိမ်းဇာတ်ကောင်ကို ချက်ချင်းထိန်းချုပ်လိုက်ပြီး ကိရိယာခန်းထဲသွားကာ ရေပုံးတစ်ပုံးဆွဲ၍ မြစ်ရေခပ်လိုက်သည်။ ထို့နောက် မျိုးစေ့များကို ရေလောင်းလိုက်သည်။
ခဏအကြာ WeChat အဖွဲ့ထဲမှသုံးယောက်သည် မော်တော်ဆိုင်ကယ်လေးများနှင့်ရောက်လာ၏။
လျိုတရှန်း၊ ချန်တဟယ်ဟူသော သတ်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးနှင့် အိုက်ချိုးနီဟူသော
အမျိုးသမီးတစ်ဦးတို့ဖြစ်သည်။
လျိုတရှန်းက ဝင်လာသည်နှင့်_
''ရှောင်ချင် မင်းရဲ့ဖရဲသီးတွေရော? ငါတစ်ချက်လောက်ကြည့်ချင်လို့!''ဟု ပြောလိုက်သည်။
ချင်လင်က မြေပေါ်ရှိဖရဲသီးပုံကိုညွှန်ပြပြီး_
''အစ်ကိုလျို အစ်ကိုချန် အစ်မအိုက် ကြည့်ပါဦး ဒီဖရဲသီးတွေကို!''
သူတို့သုံးယောက်က တစ်ချက်ကြည့်ရန်သွားလိုက်သည်။
သူတို့က ဒီနယ်ပယ်ထဲမှာကြာပြီဖြစ်၍ ကောင်းမကောင်းခွဲခြားပြောနိုင်ကြသည်။
ဖရဲသီးအစင်းများမှာ ရှင်းပြီးမည်းနက်သည်...
အခွံစိမ်းပြီး အလွန်လတ်ဆတ်၏။
အမြင်နဲ့တင် သိသာသည်။
ထိုဖရဲသီးများ၏အရည်အသွေးကောင်းသည်မှာ အထင်အရှားပင်။
''တကယ်ကောင်းတဲ့ပုံပဲ''
လျိုတရှန်းက ပြုံးပြီးပြောလိုက်သည်။
ချန်တဟယ်နှင့်အိုက်ချိုးနီက ခေါင်းညိမ့်လိုက်၏။
သို့သော်လည်း ယခုအခါ အညှာအတာကင်းသော လက်ကားစျေးသည်များနှင့် သစ်သီးစိုက်တောင်သူများရှိသဖြင့် သူစမ်းကြည့်ရသေးသည်။
ချင်လင်က သဘောပေါက်ပြီးသားဖြစ်၍_
''တစ်လုံးရွေးလိုက်ပါ''ဟု သူတို့သုံးယောက်ကိုပြောလိုက်သည်။
''ရှောင်ချင်... အဲဒါဆို ဒီတစ်လုံး!''
လျိုတရှန်းက ကျပန်းဖရဲသီးတစ်လုံးကို လက်ညိုးထိုးလိုက်သည်။
ချင်လင်က ခေါင်းညိမ့်ပြီး ထိုဖရဲသီးကိုကောက်၍ ထက်ပိုင်းပိုင်းလိုက်ရာ လတ်ဆတ်သောအတွင်းသားပေါ်လာသည်။ တစ်ချက်ကြည့်ရုံနဲ့တင် စားချင်စရာ။
ချင်လင်က ဖရဲသီးနှစ်ခြမ်းကို အစိတ်ငယ်လေးများစိတ်လိုက်ပြီး သူတို့သုံးယောက်အား_
''အစ်ကိုလျို အစ်ကိုချန် အစ်မအိုက် မြည်းကြည့်ပါ!''ဟု ပြောလိုက်သည်။
လျိုတရှန်းတို့အုပ်စုက မဆိုင်းမတွပင် ဖရဲသီးစိတ်ကိုကောက်မြည်းလိုက်သည်။
''ဝု... ဝု...!''
ခွေးနက်က ထပ်ဟောင်ပြန်၏။ ချင်လင်ဖရဲသီးခွဲတာမြင်ပြီး ဆိုင်ပေါက်ဝတွင် ဆောင့်ကြောင့်လာထိုင်နေသည်။
သူ့ကိုတွယ်ကပ်နေလေပြီ။
ချင်လင်ကမြင်တာနဲ့ ဖရဲသီးနောက်တစ်စိတ်ကောက်ပြီး ပစ်ပေးလိုက်၏။
ခွေးတွေက ဖရဲသီးများများစားရင် ဝမ်းပျက်တတ်သည်။ သူက စိတ်ပေါက်ပေါက်နှင့် အတွေ့အကြုံရအောင်ပေးလိုက်သည်။ အချိန်ကျလာတဲ့အခါ ဒါကိုမစားရမှန်းသိလာပြီး နေတော့မည်လည်းမဟုတ်။
အနံ့အရသာ +၁၊ ချိုမြိိန်မှု +၁နှင့် အရသာ +၁တို့ကြောင့် လျိုတရှန်းနှင့်အခြားနှစ်ယောက်မှာ နှစ်ကိုက်မျှသာကိုက်ရသေးသည်... မျက်လုံးများဝင်းလက်သွားကြ၏။
''ဖရဲသီးကောင်းပဲ... ငါအရင်ကဝယ်တာထက် ပိုပြီးအရသာရှိတယ်"
''တကယ်ကို အရမ်းချိုပြီး အရည်ရွှမ်းတာပဲ''
''ရှောင်ချင်... တကယ်အိမ်ထိပို့ပေးတာလား?''
သူတို့သုံးယောက်လုံး ချင်လင်ကိုကြည့်လိုက်ကြ၏။ ဒီဖရဲသီးက အမြင်ပိုလှပြီး အရသာပိုကောင်းသည်။ လက်ကားစျေးချင်းအတူတူကို ပို့ပေးတယ်ဆိုတော့ မဝယ်စရာအကြောင်းကိုမရှိပေ။
ချင်လင်က_
''ဒါပေါ့ သေချာပေါက်ပို့ပေးတာပေါ့''ဟု ဆိုလိုက်သည်။
သူတို့သုံးယောက်လုံးက ခေါင်းညိမ့်ပြီး ချက်ချင်းပင် ဖရဲသီးအလုံး(၃၀)စမ်းဝယ်ရန် ဆုံးဖြတ်လိုက်ကြ၏။ ကျန်သည့်ဖရဲသီးများမှာ ချင်လင်၏အိမ်ဆိုင်အတွက် ကျန်ပေလိမ့်မည်။
သူတို့ဆိုင်များမှာ သိပ်မဝေးလှ။ ချင်လင်က ကြိုတင်ငွေလက်မခံဘဲ ဖရဲသီးများကိုပို့ပေးပြီးမှလက်ခံရန် သဘောတူလိုက်သည်။
အိမ်တိုင်ယာရောက်ပို့ချင်သည့်ရည်ရွယ်ချက်က လျှို့ဝှက်ချက်ထိန်းသိမ်းဖို့ပင်။ သူ့ဆိုင်တွင် စစ်ဆေးရေးကင်မရာတပ်မထားသော်လည်း စျေးထဲတွင်တော့ နေရာအနှံ့ရှိ၏။
ဆိုင်မှဖရဲသီးများအတွက် သူ့တွင်လက်သင့်ခံနိုင်အောင်ရှင်းပြစရာမရှိ။ အခုအချိန်တွင် အဆင်ပြေ
သေးသော်လည်း ဒီထက်ပိုများလာလျှင် သတိပြုမိလာကြပေမည်။
ပြီးတော့ ဖရဲသီးတွေက နေ့တိုင်းထွက်လာနေတယ်ဆိုတော့? သူ့ကိုသတိပြုမိသွားရင် ဒုက္ခအကြီးကြီးရောက်ပြီပေါ့။
အဲဒါကြောင့် နောက်ဆို အပြင်မှာလျှို့ဝှက်နေရာတစ်ခုရှာထားရတော့မည်။
လျိုတရှန်းနှင့်နှစ်ယောက်ပြန်သွားသောအခါ ချင်လင်က တံခါးအပြင်ဘက်တွင် ဖရဲသီးစားနေသောခွေးနက်ကို တစ်ချက်ကြည့်လိုက်သည်။ သူကသတိထားမနေဘဲ အပြင်တံခါးကိုပိတ်လိုက်သည်။ နောက်တော့ ကားပါကင်အတွင်းဝင်လိုက်ပြီး သံချေးတက်နေသော သုံးဘီးထရပ်ကားဆီလျှောက်သွားလိုက်သည်။ ယွမ်(၂၀၀၀)နှင့်ရောင်းလျှင်တောင် ဘယ်သူမှဝယ်ချင်မှာမဟုတ်သည့်ကားပင်။
သို့သော်လည်း တာယာတွေမကွဲသေးသရွေ့ ဒီကားက တစ်တန်လောက်တော့ ဆွဲနိုင်သေးသည်လေ။
ချင်လင်က သုံးဘီးထရပ်ကားနှင့်ဆိုင်ကိုလာပြီး ဖရဲသီးများကိုကားပေါ်တင်လိုက်သည်။ သူက တံခါးကိုပြန်ပိတ်လိုက်ပြီး လျိုတရှန်းနှင့်အခြားနှစ်ယောက်ကိုပို့ရန် ကားထဲဝင်လိုက်သည်။
လျိုတရှန်း၏ဆိုင်က သူ့ဆိုင်နှင့်အနီးဆုံး၊ စျေးလမ်းပေါ်တွင်ရှိသည်။ ခဏအကြာ တရှန်းသစ်သီးဆိုင်ဟုအမည်ရသောဆိုင်သို့ ရောက်သွားသည်။
လျိုတရှန်းက တံခါးဝတွင် ဖရဲသီးကိုကိုင်ထားသော လူတစ်ယောက်နှင့်စကားပြောနေသည်။ ချင်လင်၏သုံးဘီးကားကိုမြင်သောအခါ သူက ထိုလူကိုခေါ်လာပြီး_
''ရှောင်ချန် အခုလာပို့တဲ့ဖရဲသီးတွေကို လာကြည့်စမ်းပါ... လုံးဝလတ်ဆတ်တဲ့ဖရဲသီးကောင်းတွေ... တစ်လုံးရွေးလိုက်... မင်းမြည်းဖို့ ငါခွဲပေးမယ်''
''ကောင်းပြီ... အစ်ကိုလျို''
ရှောင်ချန်ကခေါင်းညိမ့်ပြီး တစ်ခုခုရွေးရန်ကားဆီလျှောက်လာသည်။
လျိုတရှန်းက ချင်လင်အား_
''ဆရာချင်... ရှောင်ချန်က အပေါ်ထပ်က ငါ့ရဲ့အိမ်နီးချင်း... ငါ့ရဲ့ဖောက်သည်လည်းဟုတ်တယ်... သူကဖရဲသီးကြိုက်လို့ နည်းနည်း နည်းနည်းဝယ်တတ်တယ်... ငါတို့နောက်မှ အတူတူတွက်ချက်ကြည့်တာပေါ့'' ဟု ရှင်းပြလိုက်သည်။
''ကောင်းပါပြီ'' ချင်လင်က ခေါင်းညိမ့်လိုက်သည်။
ရှောင်ချန်က ချင်လင်၏ကားပေါ်မှဖရဲသီးတစ်လုံးယူပြီး လျိုတရှန်းကိုပေးလိုက်သည်။
''ရှောင်ချင် ဒီဖရဲသီးက (၁၁)ကတ်တီရှိတယ်"
လျိုတရှန်းက ဖရဲသီးကိုခွဲလိုက်ပြီး ရှောင်ချန်ကိုတစ်စိတ်ပေးလိုက်သည်။
ရှောင်ချန်နှင့်လျိုတရှန်းတို့မှာ အသိအကျွမ်းဟောင်းများဖြစ်သဖြင့် အလိုက်တသင့်ယူပြီး မြည်းကြည့်လိုက်သည်။
နောက်တော့ ရှောင်ချန်က အံံ့အားသင့်စွာဖြင့်_
''အစ်ကိုလျို ဒီဖရဲသီးက အရမ်းချိုပြီး အရည်ရွှမ်းတာပဲ... ခင်ဗျားအရင်က ရောင်းတာတွေထက်တောင်ကောင်းသေးတယ်... ဒါဘယ်စျေးလဲ?''
လျိုတရှန်းက ပြုံးရင်း_
''စျေးက အတူတူပဲ... တစ်ကတ်တီကိုနှစ်ယွမ်... မင်းဘယ်လောက်လိုချင်လဲ?''ဟု ပြောလိုက်လေသည်။