← Chapters

အရောင်းစျေးကွက်ချဲ့ထွင်ခြင်း!

Vol. 1 Ch. 8

အရောင်းစျေးကွက်ချဲ့ထွင်ခြင်း!

Vol. 1 Ch. 8

ညမြင်ကွင်းလေးလှနေလည်း ဘယ်သူမှုမလဲ? ၁

အရည်အသွေး ၂ ဖရဲသီးများကို တွင်တွင်ကျယ်ကျယ်ထုတ်ပြီး နိုင်ငံခြားအထူးဖရဲမျိုးစျေးနှင့်ရောင်းရန်မှာ အကြံကောင်းဖြစ်သော်လည်း လောလောလတ်လတ်တွင် အရည်အသွေး ၂ ဖရဲသီးမှာ အနည်းငယ်သာရှိသေးသည်။ သူကိုယ်တိုင်တောင် တစ်လုံးပဲစားရသေးသည်။

ထို့ကြောင့် လက်ရှိစီးပွားရေးကိုသာ အရင်အာရုံစိုက်ရပေမည်။ အနည်းဆုံးတော့ အိမ်ကအကြွေးတွေအရင်ဆပ်ပြီး အိမ်တစ်လုံးဖိုးချေထားလျှင် သူ့အမေအသက်ရှူချောင်လိမ့်မည်။ ပြီးတော့ မိုချင်းကိုအိမ်ခေါ်ပြီး ထင်ထင်ပေါ်ပေါ်နေကြမည်။

ထိုအတွေးနှင့် ချင်လင်က ကျောက်မိုချင်းနောက်သို့လျှောက်ကာ သူမခါးလေးကိုဖက်လိုက်ပြီး သူ့လက်များနှင့် ဆော့ကစားနေလိုက်သည်။

''မိုချင်း... ဒီညမပြန်လို့မရဘူးလား?''

ကျောက်မိုချင်းနားမလည်ဘဲနေမလား? သူမက ချွဲတဲတဲအသံနှင့်_

''ဒီညအိမ်မပြန်ရင် ရှင်နဲ့အတူတူရှိနေတယ်ဆိုတာ အမေမသိသွားဘူးလား? အဲကျရင် နားပူနားဆာထပ်ပြောနေလိမ့်မယ်''

ချင်လင်ကသက်ပြင်းချပြီး_

''အဲဒါဆို တို့ဘယ်လိုလုပ်ကြမလဲ? အခုတလော ထိန်းထားရတာ တော်တော်မလွယ်ဘူး''

''ဟမ်!'' ကျောက်မိုချင်းက သူ့လက်ကိုဖမ်းဆုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

''ကျွန်မနောက်ကျ အိမ်ကိုဖုန်းဆက်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့အပြင်မှာစားမယ်လို့ပြောလိုက်မယ်... ကျွန်မ ဒီညမိုးချုပ်မှပြန်ရမလား?''

''ကောင်းတာပေါ့... ငါအခန်းယူလိုက်ဦးမယ်''

ချင်လင်က သူ့ဖုန်းကိုထုတ်လိုက်ပြီး အရှေ့ပိုင်းမြို့တော်ဟိုတယ်၏ရေချိုးကန်နှင့် ကုတင်ကြီးပါသောအခန်းကိုချိတ်ရန် အွန်လိုင်းတက်လိုက်သည်။

ရေချိုးကန်က မကြီး၊ ကုတင်ကိုယူထားသူမရှိ။

လက်ထပ်စာချုပ်ချုပ်ပြီးဖြစ်သော်လည်း သူတို့မှာ လူမသိသူမသိဖုံးကွယ်ပြီးနေနေရသည်။ လွယ်ပါ့မည်လား?

အခန်းချိတ်ပြီးသော် သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး အထဲတွင်ကျန်နေသော ထီးငယ်နှစ်လက်ကိုကြည့်လိုက်သည်။ ပိုက်ဆံလောက်သေးသည်။

''အမေ... စိတ်မပူပါနဲ့... ကျွန်မသူနဲ့မဟုတ်ပါဘူး... ကျွန်မသိပါတယ်... သူအခွင့်အရေးမယူစေရပါဘူး!''

ကျောက်မိုချင်းက ဖုန်းမချခင် ကတိပေးလိုက်သည်။ ထို့နောက် ချင်လင်၏လက်မောင်းကိုချိတ်ပြီး_

''ကြည့်... အမေက ရှင်နဲ့စိတ်မချလိုက်ပုံများ... သူခိုးနဲ့စိတ်မချတာကျနေတာပဲ... ဘာလို့ကျွန်မတို့မိသားစုတွေကို ချမပြနိုင်ရတာလဲ? ကျွန်မ ရှင်နဲ့ နေ့တိုင်းအတူတူနေချင်တယ်''

''ငါ့ကို အချိန်ပေးပါဦး''

ချင်လင်က အလျင်စလိုပင် ကျောက်မိုချင်း၏စိတ်လိုက်မာန်ပါအတွေးကို တားမြစ်လိုက်သည်။

သူတို့လျှို့ဝှက်ချက်တွေပေါ်ကုန်ရင် ဘယ်သူမှအဆင်ပြေမည်မဟုတ်ပေ။

သူ့အမေက ပျော်မည်ဆိုသော်လည်း အပြစ်ရှိသလိုခံစားရမည်။ ကျောက်မိုချင်းမိဘတွေကတော့ လုံးဝစိတ်ပျက်သွားလိမ့်မည်။ နောက်ဆုံး နှာခေါင်းပိတ်အသိအမှတ်ပြုကြသည်ဆိုလျှင်တောင် မိသားစုနှစ်ခုကြားဆက်ဆံရေးက ခပ်တင်းတင်းဖြစ်ပြီး စိတ်ထဲတွင် အဖုအထစ်ကျန်နေကြပေလိမ့်မည်။

ယခုလက်ရှိရုံချန်းစီရင်စုတွင် အသင့်အတင့်အခန်းတစ်ခန်းတစ်မီတာပတ်လည်ကို ယွမ်(၁၂၀၀၀)ရှိသည်။ ရေမီးအထောက်အပံ့အစုံအလင်နှင့် အထပ်တစ်ရာတိုက်ခန်းမှာ ယွမ်သန်း(၁.၃)မီလီယံရှိပြီး စရံငွေယွမ်(၄)သိန်းပေးချေရ၏။ ပြန်လည်ပြင်ဆင်စရိတ်နှင့်ဆိုလျှင် ယွမ်(၆)သိန်းထက်မနည်း ကုန်ကျမည်ဖြစ်သည်။

အရင်အတိုင်းသာဆို သူစိတ်တောင်ကူးရဲမည်မဟုတ်။ အခုတော့ သူ့စီးပွားရေးကိုချဲ့ထွင်ပြီး စိုက်ခင်း(၂၄)ကွက်မှမှည့်သောဖရဲသီးများကို နေ့စဉ်ရောင်းနိုင်မည်ဆိုပါက နှစ်လလောက်ကြာလျှင် ထိုငွေပမာဏရလာပေမည်။



ဇာတ်ကောင်၏အဆင့်တက်လာပြီး နေရာများပိုဖွင့်နိုင်လာလျှင် ကြာချိန်လျော့သွားမည်ဖြစ်၏။

အချိန်တန်လျှင် မိုချင်းကိုပေါ်ပေါ်တင်တင်ယူပြီး အံ့အားသင့်အောင်လုပ်နိုင်မည်။ မိုချင်းမိဘတွေကိုလည်း ရှင်းပြချက်ပေးနိုင်မည်။ ဒီလိုပြေပြေလည်လည်ဖြေရှင်းနိုင်ရင် မိသားစုနှစ်ခုလုံးအတွက်ပိုမကောင်းဘူးလား?

''ကောင်းပါပြီ... ကျွန်မရှင့်စကားနားထောင်မယ်... သွားကြစို့''

ကျောက်မိုချင်းက အပြုံးလေးနှင့်ခေါင်းညိမ့်လိုက်သည်။

သူမက ချင်လင်အပေါ် ဘယ်တော့မှသံသယမထား။ နောက်ဆုံး သူမရွေးချယ်ထားတဲ့သူက စိန်ခေါ်မှုများတဲ့လမ်းကိုရွေးချယ်ထားသည်ဆိုလျှင်တောင် သူ့ကိုသာဆက်ပြီးရွေးချယ်ဖို့ ဆန္ဒရှိဦးမှာပင်။

အရှေ့ပိုင်းမြို့တော်ဟိုတယ်မှာ ရုံချန်းစီရင်စုနယ်တွင် အကြီးဆုံးဟိုတယ်ဖြစ်သည်။ မြစ်နံဘေးတွင်ရှိ၍ ညရှုခင်းအလွန်လှသည်။

သို့ရာတွင် အမျိုးသားနှင့်အမျိုးသမီးတ်ို့ ဟိုတယ်တွင်အခန်းငှားကြသည်ဖြစ်ရာ ညရှုခင်းကို အရေးစိုက်ကြပါမည်လား?

အရှေ့ဘက်စားပွဲတွင်စာရင်းသွင်းပြီး အခန်းသော့ရသောအခါ ချင်လင်က မိုချင်းလက်ကိုဆွဲ၍ အပေါ်ထပ်တက်ရန် ဓာတ်လှေကားထဲဝင်လိုက်သည်။ အခန်းထဲဝင်ပြီးသည်နှင့် တံခါးလော့ချလိုက်ပြီး မိုချင်းအကာအကွယ်များဖယ်ရှားသည်ကိုပင် မစောင့်နိုင်တော့။ သူမလက်ကိုဆွဲ၍ ရေချိုးကန်ဆီသို့ တန်းတန်းဝင်သွားလိုက်သည်။

…

ထို့နောက် ချင်လင်က ကျောက်မိုချင်းလက်ကိုဆွဲ၍ စိတ်ကျေနပ်စွာဖြင့် ဟိုတယ်မှထွက်လာခဲ့သည်။ သူမအိမ်မပြန်ခင် တစ်ခုခုစားရန် ညစျေးသို့ခေါ်သွားလိုက်သည်။

ကျောက်မိုချင်းကိုနှုတ်ဆက်ပြီးနောက် ချင်လင်အိမ်ပြန်လာခဲ့ပြီး သူ့စိတ်ထဲမှဂိမ်းကိုတစ်ချက်ကြည့်လိုက်သည်။

ဟိုတယ်မှာ သူ့တို့ကိစ္စနဲ့သူတို့ရှုပ်နေတုန်း ပေါင်းပင်နှင့်အဖျက်ပိုးများ ဂိမ်းထဲတွင်ပေါ်နေသည်ဟု စာပို့လာသည်။ ထိုအချိန်က သူဂရုမပြုအား။

နောက်တစ်နေ့ သူအိပ်ရာမှနိုးလာသည်။

စိုက်ခင်း(၂၄)ကွက်မှဖရဲသီးများ ထပ်မှည့်နေပြီ။

ချင်လင်က ဂိမ်းဇာတ်ကောင်ကိုခူးစေလိုက်ပြီး သိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် ညိုးခြောက်သွားသောအပင်များကိုဖယ်ရှားပြီး မျိုးစေ့ထပ်စိုက်လိုက်သည်။ ဤနည်းအတိုင်း ညနေပိုင်းတွင် နောက်တစ်သုတ်မှည့်လာမည်ဖြစ်၏။

သိုလှောင်ခန်းထဲတွင် မနေ့ညနေကမှည့်သောဖရဲသီးတစ်သုတ်နှင့်ဆိုလျှင် စုစုပေါင်းနှစ်သုတ်ရှိသွားပြီဖြစ်၏။

သူက တံခါးလော့ချလိုက်၏:

ဂိမ်းထဲဝင်လိုက်သည်။

သိုလှောင်ခန်းထဲဝင်လိုက်သောအခါ ဖရဲသီးတောင်ပုံရာပုံကြီးတွေ့လိုက်ရသည်။

အစေ့လွတ်ဖရဲသီး: ၈၃၆ (အရည်အသွေး ၁)

အစေ့လွတ်ဖရဲသီး: ၇ (အရည်အသွေး ၂)

ဖရဲသီးနှစ်သုတ်ပေါင်းမှာ (၈၄၃)လုံးရှိနေပြီဖြစ်၏။ နောက်ပြီး အရည်အသွေး ၂ ဖရဲသီး(၇)လုံးကို သက်သက်ခွဲထားသည်။

ဂိမ်းမှထွက်လာပြီးနောက် ချင်လင်က ဆန်ပြုတ်တစ်ပန်းကန်သောက်လိုက်ပြီး ဂိုဒေါင်ဆီသွားလိုက်သည်။ သူက အချိန်ယူကာ ဖရဲသီး(၈၄၃)လုံးကို ဂိမ်းထဲမှရွှေ့ယူလိုက်သည်။ ထို့နောက် ဗီဒီယိုရိုက်ပြီး Wechat အဖွဲ့ထဲပို့လိုက်၏။

ခဏအကြာတွင် လျိုတရှန်းနှင့်ဆိုင်ရှင်များ အလျှိုလျှိုပေါ်လာသည်။ သူတို့အားလုံးမှာဖောက်သည်ဟောင်းများဖြစ်ကြပြီး အသစ်မှာယူသူမရှိပေ။

သစ်သီးရောင်းသည်ဆိုသည်ထက် ထိုအုပ်စုမှာ ဟင်းသီးဟင်းရွက်၊ ပင်လယ်စာ စသဖြင့်ရောင်းကြသောကြောင့် သူတို့၏ရောင်းအားမှာ များသည်ဆိုရုံသာ။



တွက်ချက်ကြည့်လိုက်ရာ ယနေ့မှာယူသူပိုများပြီး (၄၁၁)ရှိသည်။

ချင်လင်က ဖရဲသီးများကို ကားထဲသို့ခပ်သွက်သွက်ထည့်လိုက်ပြီး အသုတ်လိုက်ခွဲယူရာ အချိန်(၃)နာရီခန့်ကြာသွားသည်။ ထို့နောက် တစ်ဦးချင်းလိုက်ပို့ပေးလိုက်သည်။ ဖရဲသီးများမှာ စုစုပေါင်း(၄၅၂၁)ကတ်တီရှိ၍ ဝင်ငွေ(၆၇၈၁)ယွမ်ရလိုက်သည်။

ဂိုဒေါင်သို့ပြန်ရောက်သော် ဖရဲသီး(၄၂၂)လုံးကျန်သေး၏။ နေ့လယ်တွင်မှည့်မည့်တစ်သုတ်ကလည်း အလုံး(၄၀၀)ကျော်ဦးမည်ဖြစ်၍ သူစျေးကွက်အသစ်ရှာရပေဦးမည်။

နောက်ထပ်သူ့တွင် ပစ်မှတ်ရှိသည်။ ၄င်းမှာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်ရှိသော RTစျေးကြီးပင်။

အရှေ့ပိုင်းစီးပွားရေးစျေးကွက်မှာ ရုံချန်းစီရင်စုအတွင်း ယဉ်ကြောဆုံရာတွင်ရှိသည်။ ကျယ်ဝန်းသော ကားပါကင်လည်းရှိ၏။ ၄င်းစီးပွားရေးစျေးကွက်အဆောက်အဦတစ်ခုလုံးတွင် ဆိုင်ပေါင်းစုံရှိသည်။ ဘားများ၊ KTV များ၊ ရုပ်ရှင်ရုံများ... ဖျော်ဖြေမှုအမျိုးအစားအစုံ။

RT စျေးကြီးမှာ ပထမထပ်နေရာကောင်းတွင်ရှိ၏။ အလွန်ကြီးမားပြီး အမျိုးအစားအစုံအလင်ရှိသောနေရာဖြစ်သည်။ ရုံချန်းစီရင်စုတွင် ဖောက်သည်စီးဆင်းမှုအများဆုံးနေရာလည်းဖြစ်သည်။

လျိုတရှန်းအဖွဲ့ဟင်းသီးဟင်းရွက်ဆိုင်များ၏ဖရဲသီးရောင်းအားမှာ RT စျေးရှိဖရဲသီးပမာဏလောက် များမည်မဟုတ်ပေ။

ချင်လင်က သူ့လျှပ်စစ်ကားငယ်လေးထဲ ဖရဲသီးနှစ်လုံးသွက်သွက်တင်လိုက်ပြီး RT စျေးသို့မောင်းလာခဲ့သည်။

သူအခုလုပ်ဖို့လိုတာက သူ့ဖရဲသီးစူပါမားကတ်ထဲရောက်ဖို့ပင်။

သူက ဘေးပတ်ဝန်းကျင်ကိုစုံစမ်းပြီး အထူးလေလံစျေးကွက်အပြင် RT စျေးဝယ်ယူခြင်းတွင် ရံဖန်ရံခါအချို့ကုန်ပစ္စည်းများကို သတ်မှတ်ထားသောစျေးနှင့် လက်ကားဝယ်ယူလေ့ရှိကြောင်း သိလိုက်ရသည်။

ဒါပဲလေ... နည်းလမ်းရှိတာပေါ့။

စူပါမားကတ်ရုံးရောက်သောအခါ ချင်လင်က လုံခြုံရေးအစောင့်၏လက်ထဲသို့ စီးကရက်တစ်ဘူးထည့်ပေးလိုက်ပြီး အဝယ်မန်နေဂျာ၏ရုံးခန်းနေရာကို မေးမြန်းလိုက်သည်။

လုံခြုံရေးအစောင့်က စီးကရက်ဘူးကို သူ့အိတ်ထဲထည့်ပြီးနောက် စိတ်လိုလက်ရပင် မန်နေဂျာချန်၏ရုံးခန်းထဲသို့ ချင်လင်ကိုဖရဲသီးရွှေ့ကူလိုက်လေသည်။

လုံခြုံရေးအစောင့်က ဒီလိုအဝယ်ဌာနကိုလာတဲ့သူတွေ အများကြီးတွေ့ခဲ့ဖူးပြီ။ သူတို့ရည်ရွယ်ချက်က တစ်ခုတည်း။ မန်နေဂျာချန်ကလည်း ဒီလိုလူတွေလာရင် သူ့ရုံးခန်းဆီ တိုက်ရိုက်ခေါ်လာခဲ့ဖို့ မှာထားသည်။

မန်နေဂျာချန်မှာ ဝဝပြဲပြဲနှင့်ဗိုက်ရွှဲရွှဲလူကြီးဖြစ်သည်။ ချင်လင်၏ရည်ရွယ်ရင်းကိုသိသည်နှင့် သူဂရုတစိုက်ယူလာခဲ့သော ဖရဲသီးနှစ်လုံးကိုကြည့်ဟန်ဆောင်လိုက်သည်။

''အပြင်ပန်းကြည့်ရတာတော့ ဖရဲသီးကမဆိုးပါဘူး... ဖရဲသီးကောင်းတွေပဲ''

''မန်နေဂျာချန်... ဒီဖရဲသီးတွေက စျေးကွက်ဝင်နိုင်တယ်လို့ထင်လား?''

ချင်လင်ကမေးလိုက်သည်။

မန်နေဂျာချန်ပုံစံက အနေခက်သွားပုံနှင့်_

''ရှောင်ချင်... နေ့တိုင်းနေ့တိုင်း ငါ့ကိုလာရှာနေတဲ့ သစ်သီးတင်သွင်းသူတွေဘယ်လောက်များလဲဆိုတာ မင်းလည်းအသိပဲ... ငါ့မှာလုပ်လက်စမိတ်တွေရှိပြီးသား... စီးပွားရေးလုပ်တာ ပွင့်လင်းမှဖြစ်မယ်လေ''

''...'' အသားအရောင်းပြပွဲရောက်တော့မည်ဆိုတာ ချင်လင်သိသည်။ သူသာတကယ်ရိုးသားတယ်ဆိုရင် ဒီလောက်စကားတွေပြောနေမှာမဟုတ်။ သူက ချက်ချင်းပင်_

''မန်နေဂျာချန်... စူပါမားကတ်ကိုလည်း အမြတ်ထွက်စေချင်တယ်မလား? လက်ကားစျေးက အပြင်မှာ တစ်ကတ်တီကို (၁.၅)ယွမ်ပေါက်နေတာ... ကျွန်တော် တစ်ကတ်တီကို(၁.၃)ယွမ်နဲ့ပေးနိုင်တယ်ဗျာ''

မန်နေဂျာချန်က အကြံအိုက်နေသေးပုံနှင့်_

''ရှောင်ချင်... ငါ့အနေနဲ့လည်း လုပ်ရခက်တာ မင်းအသိပဲ!''

ချင်လင်က ကောင်းကောင်းသိသဖြင့် ချက်ချင်းပြုံးလိုက်သည်_

''မန်နေဂျာချန်... ကျွန်တော်နည်းနည်းထပ်ပေးမယ်... တစ်ကတ်တီကို(၁.၂)ယွမ်ဗျာ... ခင်ဗျား ကျွန်တော့်ကို နည်းနည်းလောက်ခွင့်ပြုပေးမလား?''

ဒီအပေးအယူဖြစ်ဖို့ သူသာအခရာဆိုတာ သူသိထားသည်။ ဘာပဲဖြစ်ဖြစ် သူအလကားရတာပဲလေ။

မန်နေဂျာချန်ကပြုံးပြီး_

''ရှောင်ချင်... မင်းဒီလောက်ပွင့်လင်းနေမှတော့ ငါတို့စူပါမားကတ်က မင်းရဲ့ဖရဲသီးတွေကိုလက်ခံလိုက်မယ်... ဒါပေမဲ့ မင်းရဲ့ကုန်ပို့လွှာမှာ လက်ကားစျေး တစ်ကတ်တီကို(၁.၄)ယွမ်နဲ့ဖွင့်ပေးရမယ်''

''စိတ်ချပါ မန်နေဂျာချန်... ကျွန်တော်နားလည်ပါတယ်''

ချင်လင်ကပြုံးလိုက်သော်လည်း စိတ်ထဲတွင်တော့ ခံပြင်းနေသည်။

သူဒီအကြောင်းတွေသိတာ ကြာပါပြီ။ တစ်ကတ်တီ(၁.၄)ယွမ်ဆိုတာ ပုံမှန်လက်ကားစျေးထက် (၁)ဆင့်သက်သာသေးသည်။ သူက စူပါမားကတ်ကိုလည်း ညွှန်ကြားထားပြီးသား။ တစ်ကတ်တီ ဆင့်(၂၀)လောက်က မန်နေဂျာချန်၏အိတ်ကပ်ထဲရောက်သွားပြီ။

တစ်ကတ်တီကို ဆင့်(၂၀)သာဆိုသော်လည်း တစ်ရက်ကို (၅၀၀၀)ကတ်တီဆိုရင်ရော? ယွမ်တစ်ထောင်လေ... တစ်လဆိုရင် ယွမ်သုံးသောင်းပေါ့။

ဒါက ဖရဲသီးတစ်မျိုးတည်းသာရှိသေးသည်။ စဉ်းစားကြည့်ပါဦး။ စူပါမားကတ်တစ်ခုလုံးမှာ အသီးအနှံမျိုးစုံရှိတာ။ ပိုများလာမယ်ဆိုရင် မန်နေဂျာချန်တစ်ယောက် တစ်လတစ်လကိုဘယ်လောက်တောင်ရလိမ့်မလဲ?

တကယ်ပဲ...။



All Chapters