← Chapters

မြည်းကြည့်ပြီးမှကောင်းမှန်းသိ!

Vol. 1 Ch. 14

မြည်းကြည့်ပြီးမှကောင်းမှန်းသိ!

Vol. 1 Ch. 14

မြို့တော်စီမံခန့်ခွဲရေးက ခွေးဖမ်းဖို့ရောက်လာပြီ!

ချင်လင်က မတ်တပ်ရပ်ပြီး အညောင်းဆန့်လိုက်သည်။

ဒီအရည်အသွေး ၂ ရုံးပတီသီးတွေက တကယ်အကျိုးရှိတာပင်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျောက်ကပ်ကိုအကျိုးပြုစေလို့ ဆေးအဖြစ်တောင်အသုံးပြုနိုင်သည်။

ထို့နောက် လုပ်ရိုးလုပ်စဉ်အတိုင်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်ပြီး ရုံးပတီနှင့်စတော်ဘယ်ရီများခူးကာ မျိုးစေ့ထပ်ချလိုက်သည်။

နံနက်စာစားပြီးလျှင် ချင်လင်က ဂိုဒေါင်ဆီသွားပြီး ထိုရုံးပတီသီးနှင့်စတော်ဘယ်ရီသီးမှည့်တစ်သုတ်ကို RT စျေးသို့ပို့လိုက်သည်။ ထို့နောက် ဆိုင်ပြန်လာပြီး အနားယူလေသည်။

ဆိုင်ထဲတွက်ဘာမှမရှိတော့ပေ။ သူက ပက်လက်ကုလားထိုင်တစ်လုံးဝယ်ထားပြီး အလွန်သက်သောင့်သက်သာရှိစွာ အနားယူလိုက်သည်။

ညနေပိုင်းတွင် ရုံးပတီသီးနှင့်စတော်ဘယ်ရီများထပ်မှည့်လာ၏။ သူကဂိုဒေါင်ကိုပြန်သွားပြီး ရုံးပတီသီးနှင့်စတော်ဘယ်ရီသီးများကို ဂိမ်းထဲမှထုတ်ကာ RT စျေးသို့ထပ်ပို့လိုက်သည်။

ယနေ့အတွက် စတော်ဘယ်ရီက (၆၀၇)ကတ်တီ၊ ရုံးပတီသီးက (၃၀၅၀)ကတ်တီရှိပြီး ယွမ်(၃၆၅၁၀)ဝင်ငွေရလိုက်သည်။ သူ့လက်ကျန်ငွေမှာ ယွမ်(၂၇၈၇၄၇)ထိဖြစ်လာသည်။

ဤနည်းအတိုင်းဆိုလျှင် နောက်နေ့တွင် ယွမ်(၃)သိန်းကျော်ရတော့မည်ဖြစ်သည်။

သို့သော် ချင်လင်ကစာရင်းယူပြီး မန်နေဂျာချန်နှင့်ရှင်းမည်အပြုတွင် မနေ့ကမိန်းမငယ်လေးနှင့် ထပ်ဆုံပြန်သည်။ သူ့အနားက ဖြတ်အသွားတွင် ယောက်ျားတိုင်းသိသော ထိုအနံ့လည်းရ၏။

ထိုအမျိုးသမီး၏ဖုန်းမြည်လာပြီး သူမကအပြုံးလေးနှင့်ကောက်ကိုင်လိုက်သည်_

''ဟယ်လို ယောက်ျား... ကျွန်မတို့တို့တိတိဝယ်နေတာ... ပြန်ရောက်ရင် ချက်ကျွေးမယ်နော်''

''...'' ချင်လင်က စိတ်မသက်သာစွာနှင့် သက်ပြင်းသာချနိုင်တော့သည်။

မန်နေဂျာချန်၏ရုံးခန်းထဲရောက်သော် သူကခါးထောက်ထားပြီး လေထုသန့်စင်ဆေးဖြန်းနေသည်ကိုတွေ့ရ၏။

သူ့နံဘေးကအမှိုက်ပုံးထဲတွင် ပြဲရဲနေသော အနက်ရောင်ခြေစွပ်ရှည်မှာလည်း အတိုင်းသား။

ချင်လင်က မန်နေဂျာချန်အကွက်ရွှေ့ကောင်းပုံကိုကြည့်ရင်း သက်ပြင်းသာထပ်ချလိုက်မိသည်။



''သူဌေးချင် ရောက်လာပြီလား''

မန်နေဂျာချန်က လေသန့်ဆေးဘူးကိုချပြီး ဟန်ပျက်သွားခြင်းမရှိဘဲ တက်ကြွစွာပင် ချင်လင်ကို ထိုင်ခုံနေရာပေးလိုက်သည်။

ပိုက်ဆံလေးနည်းနည်းရှိလာပြီဆိုရင် ဘယ်လိုအကွက်ရွှေ့ရမယ်ဆိုတာ မသိတဲ့လူများရှိလား? လူအများစုက ဒါကိုဝိုင်စားပွဲသောက်ပွဲတွင် ထိပ်တန်းကြွားလုံးထုတ်စရာအဖြစ်တောင် အသုံးချကြသည်။ ယောကျ်ားတွေကို ဘယ်သူအထင်သေးမှာလဲ? ဘာပဲဖြစ်ဖြစ် ယောက်ျားတွေက ခံစားချက်မရှိ။ အထင်သေးခံရတဲ့သူတွေက ကစားခံရတဲ့အမျိုးသမီးတွေဖြစ်သည်။

''မန်နေဂျာချန်... ဒါကဒီနေ့စာရင်းပါ''

ချင်လင်က စာရင်းနှင့်ပြေစာကို လှမ်းပေးလိုက်သည်။

မန်နေဂျာချန်က လက်မှတ်ယူလိုက်ပြီး ပြုံးလျက်_ ''သူဌေးချင်... မနေ့ကမင်းပို့လိုက်တဲ့ရုံးပတီသီးတစ်သုတ်ကို စင်ပေါ်တင်ထားလိုက်ပြီ... ဒီနေ့အရမ်းလည်းရောင်းရတယ်... ငါထပ်ပြောဦးမယ်... တစ်ကတ်တီ(၆)ယွမ်နဲ့ရမယ်ဆို မင်းမှာရှိသလောက်ယူဦးမယ်''

''မန်နေဂျာချန်... ကျွန်တော် တစ်နေ့တစ်နေ့ကို ဒီရုံးပတီသီးမျိုး ကတ်တီ(၃၀၀၀)ကျော်လောက်ပဲပို့နိုင်တာပါ''ဟု ချင်လင်ကဖြေလိုက်ပြီးမှ ရုတ်တရက်အတွေးပေါက်ပြီး_

''ဒါပေမဲ့ မန်နေဂျာချန်... ကျွန်တော့်မှာ အထူးစိုက်ပျိုးထားတဲ့ရုံးပတီမျိုးရှိသေးတယ်... အဲဒါက ဆီးကောင်းပြီး ကျောက်ကပ်ကိုလည်းအကျိုးပြုတယ်... သူ့ရဲ့အာနိသင်က ဆေးတွေထက်တောင် ထိရောက်သေးတယ်... စမ်းကြည့်ချင်လား?''

မိန်းမနှင့်ပျော်ပါးပြီးနောက် ခါးကိုကာကွယ်ထားပုံကိုတွေးမိသည်နှင့် မန်နေဂျာချန်၏အခြေအနေမှာ မဟန်နိုင်သည့်အခြေအနေရောက်နေပြီဟု သူတွေးမိသည်။ သူ့ဆီကနေယူသွားတဲ့ငွေတချို့ကို သူပြန်ယူကောင်းယူနိုင်ပေတော့မည်။

''သူဌေးချင်... အဲဒါကအထူးစိုက်ပျိုးထားတာလား? မင်းပြောနေတာတွေက အမှန်ပဲလား?''

မန်နေဂျာချန်က ကြားကြားချင်း မျက်လုံးများဝင်းလက်သွားသည်။

ချင်လင်ကပြုံးပြီး_ ''မန်နေဂျာချန်... ခင်ဗျားကိုဘာလို့လိမ်ရမှာလဲ? စျေးလေးနည်းနည်းပိုတာပဲရှိတာ... တစ်ကတ်တီကိုအနည်းဆုံးယွမ်(၂၀၀)ရှိတယ်... ရခဲတယ်နော်... ကျွန်တော်ရအောင်လုပ်ပေးနိုင်တယ်''

''တစ်ကတ်တီကိုယွမ်(၂၀၀)? များလှချည်လား?''

ဒီလောက်စျေးကြီးတဲ့ရုံးပတီမျိုးကို မန်နေဂျာချန်ပထမဆုံးကြားဖူးခြင်းပင်။ သို့သော် သူ့တွင်ဝယ်လက်များရှိသည်။ ချင်လင်က သူ့ကိုလိမ်ရဲမည်မဟုတ်ဟုလည်း ယုံကြည်ထားသည်။ ပြီးတော့ သူတို့အရောင်းအဝယ်ရပ်လိုက်ပါက တဖက်လူကပိုပြီး စိတ်ကသိကအောက်ဖြစ်လာလိမ့်မည်လေ။ ထို့ကြောင့် သူက_ ''သူဌေးချင်... ငါ့အတွက်နည်းနည်းလောက်ရအောင်လုပ်ပေးပါဦး... အရင်ဆုံးစမ်းကြည့်လိုက်မယ်''

ချင်လင်ပြောတာကိုတွေးမိပြီး သူကနည်းနည်းသိချင်စိတ်ပြင်းပြလာသည်။

ယောက်ျားတွေက ဒီပြဿနာတွေနဲ့ပတ်သက်ရင် ငွေအကုန်ခံချင်ကြတာပဲလေ။

''ကောင်းပါပြီ... ကျွန်တော်အရင်သွားကြည့်လိုက်ပါဦးမယ်... ရမရပေါ့... နောက်ကျ မန်နေဂျာချန်ဆီပို့ပေးလိုက်ပါ့မယ်''

ချင်လင်က သဘောတူပြီး ထွက်လာခဲ့လိုက်သည်။

သူက ဂိုဒေါင်ဆီမသွားခင် တမင်သက်သက်အချိန်ဖြုန်းနေပြီးမှ ဂိမ်းထဲကအရည်အသွေး ၂ ရုံးပတီသီး(၉)ကတ်တီကိုထုတ်ယူလာခဲ့ပြီး RT စျေးသို့ထပ်သွားလိုက်သည်။

မန်နေဂျာချန်၏ရုံးခန်းထဲထပ်ဝင်လိုက်ပြီး ချင်လင်က ပြုံးရွှင်စွာဖြင့် သူ့လက်ထဲကအိတ်ကိုဖွင့်ပြီး အရည်အသွေး ၂ ရုံးပတီသီးများကိုပြလိုက်သည်။

''မန်နေဂျာချန်... ဒီရုံးပတီသီးတွေပဲ... စုစုပေါင်း(၉)ကတ်တီဆိုတော့ ယွမ်(၁၈၀၀)ကျတယ်!''

မန်နေဂျာချန်က ရုံးပတီသီးများကိုကြည့်လိုက်ပြီး သာမန်ရုံးပတီသီးနှင့် အမှန်တကယ်ကွာခြားကြောင်းသိလိုက်သည်။ ဒါတွေက အရောင်ပိုရင့်ပြီး ကြီးလည်းကြီး၏။

သူမသိတာက ဘယ်လိုအကျိုးရှိမည်ဆိုတာကိုပင်။ သူကိုယ်တိုင်ကလည်း အားယုတ်လာသလို ခံစားလာရတော့ စမ်းသပ်ကြည့်ရမည်။

ထိုအချိန်တွင် ယောက်ျားများစိတ်အပူဆုံးမှာ လိင်ကိစ္စပင်။ တစ်နည်းဆိုရလျှင် စျေးကြီးပြီး အာနိသင်မရှိသည့်ဖြည့်စွက်စာများမှာ ရေပန်းစားမည်လည်းမဟုတ်ပေ။

မန်နေဂျာချန်က ကျသင့်ငွေကို အဆင်သင့်ရှင်းပေးလိုက်သည်။ တစ်ကတ်တီကိုယွမ်(၂၀၀)တောင်းတာ နည်းများနည်းသွားလားဟုပင် ချင်လင်ခံစားလိုက်ရ၏။

တစ်ညတာကုန်ဆုံးသွားသည်။

ချင်လင်က မနက်စောစောနိုးလာပြီး အရည်အသွေး ၂ ရုံးပတီ (၂)ကီလိုဂရမ်ရလိုက်သည်။

မျိုးစေ့အသစ်များချပြီးနောက် မနက်စာစားပြီး မနက်ပိုင်းရသည့်ရုံးပတီနှင့်စတော်ဘယ်ရီသီးများတစ်သုတ်ကို RT စျေးသို့ပို့လိုက်သည်။

မမျှော်လင့်ဘဲ မန်နေဂျာချန်က ဗိုက်တကားကားနှင့် သူ့ကိုလာရှာလေသည်။ သူ့ကိုဘေးသို့အသာလေးဆွဲခေါ်ပြီး_ ''သူဌေးချင်.. မင်းဆီမှာ မနေ့ကလိုရုံးပတီသီးမျိုးရှိသေးလား?''

''???'' ချင်လင်က ကြောင်သွားသည်။

''မန်နေဂျာချန်... ခင်ဗျားကို (၉)ကီလိုဂရမ်တောင်ပေးထားတာလေ.. ကုန်သွားပြီလား?''



မန်နေဂျာချန်က ချက်ချင်းပင်_ ''သူဌေးချင်... ငါစားလို့မကုန်သေးပါဘူး... ဒါပေမဲ့ တကယ်အကျိုးရှိလို့... ငါမဆောင်ထားသင့်ဘူးလား?''

အစကသူ ထိုရုံးပတီသီးများ၏အာနိသင်ကို သံသယဝင်ခဲ့သော်လည်း မနေ့ညကစားပြီးနောက် မနက်အိပ်ရာထတွင် အရင်တုန်းကလို ခါးနာခြင်း၊ညောင်းခြင်းမရှိတော့ပေ။

ဒါရုံးပတီသီးက တကယ်အာနိသင်ရှိတဲ့သဘော။ နောက်ပြီး အာနိသင်က သြချလောက်စရာပင်။

သူက တစ်မနက်ခင်းလုံး လက်ကားစျေးကွက်တွင်စုံစမ်းပြီး ချင်လင်ဘယ်ကရလာသည်ကိုသိချင်နေခဲ့သည်။ နောက်ဆုံး ဘယ်မှာမှမတွေ့တော့မှ ချင်လင်ဆီ ပြန်ရောက်လာ၏။

ချင်လင်က အရည်အသွေး ၂ ရုံးပတီသီး၏အာနိသင်ကိုသိထားသော်လည်း မန်နေဂျာချန်ကိုကြည့်ရတာ ထိုရုံးပတီသီးအာနိသင်က အားယုတ်နေသောအမျိုးသားများအတွက် သူထင်တာထက်ပိုပြီး ထိရောက်သည့်ပုံပင်။

တစ်ဖက်သားစိတ်ပူနေပုံကိုကြည့်ပြီး ချင်လင်က ခက်ခဲသယောင်ဆောင်လိုက်ကာ_ ''မန်နေဂျာချန်... ကျွန်တော်ကသာမန်လူတန်းစားဆိုတာ ခင်ဗျားလည်းအသိပဲ... ကျွန်တော်က ငွေလေးနည်းနည်းရှာနိုင်ယုံပါ... ဒီလိုအထူးရုံးပတီသီးမျိုးကို မစားနိုင်ပါဘူး... တစ်ယောက်ယောက်ကဝယ်သွားမှာပေါ့''

ထိုစကားက မန်နေဂျာချန်ကိုစိတ်ပူသွားစေသည်။

''သူဌေးချင် လုပ်ပါဦး... အရင်က တစ်ကတ်တီကို ယွမ်(၂၀၀)မလား? ငါတစ်ကတ်တီကို (၄၀၀)ပေးမယ်ကွာ... ဒီထက်ထောင်သောင်းချီစျေးကြီးတဲ့ဖြည့်စွက်စာတွေထက်တောင် သူကပိုအသုံးတည့်သေးတယ်''

တစ်ကတ်တီကိုယွမ်(၄၀၀)ထိ တန်းတိုးပေးလိုက်တာလား?

ချင်လင်အံ့သြသွားသည်။ ဒီအဘိုးကြီးက တကယ့်နှာသမားပဲ။

ပြောပြောဆိုဆိုပင် မန်နေဂျာချန်က ချင်လင်လက်ထဲသို့ တရုတ်စီးကရက်များထိုးထည့်ပေးလိုက်သည်။

''သူဌေးချင်... ကျေးဇူးပဲကွာ''

''ကောင်းပါပြီ... ဒါဆိုကျွန်တော် မန်နေဂျာချန်အတွက်ကြိုးစားကြည့်ပါ့မယ်''

ချင်လင်က သူ့လက်ထဲကစီးကရက်တွေကိုကြည့်ရင်း အခက်တွေ့သယောင်ဆောင်လိုက်သော်လည်း စိတ်ထဲတွင်တော့ကျေနပ်နေသည်။ ကြည့်ရတာ သူနဲ့မန်နေဂျာချန်က နေရာချင်းလဲလိုက်သလိုပင်။

အခုတော့ တဖက်လူက သူ့ကိုကူညီပါလို့ပြောနေပြီ။

ချင်လင်သဘောတူတော့မှ မန်နေဂျာချန်က သက်ပြင်းချနိုင်တော့သည်။

ချင်လင်ထွက်သွားသည်နှင့် သူ့ဖုန်းကိုကောက်ပြီးဆက်လိုက်သည်။ သူက ပြုံးစစဖြင့်_ ''မင်္ဂလာပါ ဥက္ကဌချူ... ကျွန်တော် ရှောင်ချန်ပါ... ကျွန်တော် ပစ္စည်းကောင်းလေးရထားတယ်...''

ချင်လင်လက်ထဲမှာ အရည်အသွေး ၂ ရုံးပတီသီးကရှိသေးတာပေါ့။ မနက်ကပဲ သူ(၅)ကတ်တီထပ်ခူးထားသည်လေ။ ဒါပေမဲ့ ချက်ချင်းထုတ်မသုံးသေး။

မန်နေဂျာချန်က စိတ်ပူနေသော်လည်း သူကအေးအေးလူလူပင်။

ရှားပါးပစ္စည်းတွေရဲ့ရောင်းပုံရောင်းနည်းကို ဘယ်သူကမသိဘဲနေမှာတဲ့လဲ?

တစ်ကတ်တီကိုယွမ်(၄၀၀)။ ညနေဆို ရုံးပတီကမှည့်ပြီ။ အရည်အသွေး ၂ (၅)ကတ်တီလောက်ထပ်ရလျှင် စုစုပေါင်း(၁၀)ကတ်တီကို ယွမ်(၄၀၀၀)နှင့်ရောင်းမည်။ ဒီပမာဏက မန်နေဂျာချန်စားထားသမျှကိုပြန်ယူနိုင်ရုံသာမက ပိုတောင်ပိုသေး၏။

ကြည့်ရတာ အထက်တန်းစားထုတ်ကုန်တွေက ဝင်ငွေပိုဖြောင့်တဲ့ပုံပင်။

ချင်လင်က စိတ်ကြည်လင်စွာဖြင့် စျေးပြန်လာခဲ့သည်။ ဆိုင်ပေါက်ဝရောက်သောအခါ လူအုပ်စုလိုက်ဝိုင်းကြည့်နေသည်ကိုတွေ့ရ၏။ ကျေးလက်စီမံခန့်ခွဲရေးဝတ်စုံများနှင့်လူတချို့က ခွေးနက်ကိုပိုက်ကွန်များဖြင့်လိုက်နေကြသည်။

ခွေးနက်ကမူ ပြေးနေဆဲ။ မြို့တော်စည်ကမ်းထိန်းသိမ်းရေးအရာရှိများက ကြာပွတ်နှင့်ရိုက်သော် ထိုပတ်ပတ်လည်လူများအကြားတွင် ခွေးနက်ကစူးစူးဝါးဝါးနှင့် ကူကယ်ရာမဲ့အော်ဟစ်နေသည်။ ကြည့်ရတာ ကယ်တင်ရှင်ရှာနေသည့်ပုံ။

တစ်ယောက်ယောက်ကသတင်းပေးလိုက်သဖြင့် ဒီခွေးနက်ကိုဖမ်းဆီးရန်ရောက်လာကြခြင်းဖြစ်သည်။

နောက်ပြီး ဒီမှာစုရုံးနေသူအတော်များများက အိမ်ရှင်မတွေဖြစ်သည်။ သူတို့ကလေးတွေကို လမ်းဘေးခွေးများကိုက်မည်စိုး၍ ခေါ်လာကြသည်။ အရင်က စျေးထဲမှလမ်းဘေးခွေးများကို ဆေးကျွေးသုတ်သင်ခဲ့ပြီးပြီ။

လမ်းဘေးခွေးများမှာ စျေးထဲတွင်အစာရလွယ်သော်လည်း အသက်ဆုံးရှုံးဖို့လည်းလွယ်၏။

ရွေးချယ်လည်းစရာမရှိပေ။ တာဝန်မယူသောပိုင်ရှင်များက များသလို လမ်းဘေးခွေးများလည်း များနေသောကြောင့်ပင်။

မကြာသေးခင်က လမ်းဘေးခွေးအကောင်(၈၀၀)ကို ဆေးကျွေးသုတ်သင်ခြင်းအား အွန်လိုင်းပေါ်တင်၍ ပြစ်တင်ပြောဆိုခဲ့သော ငယ်ငယ်ရွယ်ရွယ်အမျိုးသမီးတိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးရှိခဲ့သည်။



All Chapters