← Chapters

သဘာဝစားသောက်ကုန်များ! သြချလောက်စရာအာနိသင်!

Vol. 2 Ch. 17

သဘာဝစားသောက်ကုန်များ! သြချလောက်စရာအာနိသင်!

Vol. 2 Ch. 17

ကျန်သည့်အချိန်များတွင် ချင်လင်က ဂိမ်းဇာတ်ကောင်ကို မြစ်တွင်ငါးမြှားခိုင်းထားလိုက်သည်။ အချိန်နှင့်အမျှ အသိပေးစာများလည်းဝင်လာ၏။

(သင်သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)

(သင်သဘာဝငါးကြင်းစိမ်းတစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)

…

(သင်သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါသည် - အရည်အသွေး ၁)

အစပိုင်းတွင် ချင်လင်က ဂိမ်းဇာတ်ကောင်ကိုထိန်းပြီး တခဏချင်းလိုလို ငါးတစ်ကောင်ဖမ်းမိသည်။

ထိုနှုန်းအတိုင်းဆိုလျှင် နေ့လယ်တွင် ငါးအကောင်ရာချီဖမ်းမိနိုင်၏။

စိတ်ကူးကောင်းသော်လည်း လက်တွေ့မှာမူ နည်းနည်းခါးသီးသည်။ အချိန်ကြာလာသည်နှင့်အမျှ ငါးဖမ်းမိဖို့က ပိုပိုကြာလာ၏။

ငါးအကောင်(၃၀)ကျော်ဖမ်းမိသောအခါ ဂိမ်းထဲတွင်အသိပေးစာပေါ်လာသည်:

(မြစ်ထဲတွင် ငါးရှိပုံမပေါ်တော့ပါ။ အသစ်ပြန်လည်စတင်သည့်အချိန်ကိုစောင့်ပါ!)

''???'' ချင်လင်က အတွန့်တက်လိုက်သည်။

ဂိမ်းပဲလေ။ ဘာလို့အရမ်းအတည်ကြီးလုပ်နေတာလဲ? ကစားတဲ့သူတွေကို အကန့်အသတ်မရှိခွင့်ပြုပေးလို့မရဘူးလား?

ဒါက ကစားတဲ့သက်တမ်းကို တကယ်သက်ရောက်မှုရှိသည်။

ငါးထပ်မရနိုင်တော့မှန်းသိ၍ ချင်လင်က ဂိမ်းဇာတ်ကောင်ကို ငါးမြှားတံနှင့်ငါးစာပြန်သိမ်းစေလိုက်၏။ ထို့နောက် ဆိုင်ကသန့်စင်ခန်းထဲထပ်ဝင်ပြီး ဂိမ်းထဲသို့အတွေးနှင့်ဝင်လိုက်သည်။

သိုလှောင်ခန်းထဲရောက်သောအခါ ရေကန်ထဲတွင် ငါးတစ်အုပ်ကြီးရောက်နှင့်နေပြီ။ ကန်ဘေးတွင် အချက်အလက်များဖော်ပြထားပြီး ငါးအရေအတွက်ကိုလည်း မှတ်တမ်းတင်ထား၏။

သူက စုစုပေါင်းငါး(၃၅)ကောင်ဖမ်းမိပြီး (၁၅)ကောင်မှာ သဘာဝကကတစ်ငါး၊ (၁၀)ကောင်မှာ ငါးကြင်းစိမ်းဖြစ်ပြီး ကျန်(၁၀)ကောင်မှာ ငါးကြင်းနက်များဖြစ်သည်။

သဘာဝငါးကြင်းစိမ်းနှင့်ငါးကြင်းနက် ထိုငါးနှစ်မျိုးမှာ အာဟာရရှိလွန်းသောကြောင့် တစ်ကတ်တီကိုယွမ်(၂၀)နှင့်ရောင်းနိုင်သည်။

နောက်ပြီး ထိုသဘာဝငါးကြင်းစိမ်းနှင့် ငါးကြင်းနက်(၁၀)ကောင်မှာ (၁၀)ကတ်တီထက်မနည်းရှိကြသည်။



သဘာဝငါးကြင်းစိမ်းနှင့်ငါးကြင်းနက်မှာ အတော်ကြီးသည်။ စျေးထဲတွင် အတွေ့များသော သဘာဝငါးကြင်းစိမ်းနှင့်ငါးကြင်းနက်တို့မှာလည်း (၁၀)ကတ်တီကျော်ကြ၏။

သို့သော် (၂၀)ကတ်တီမှ (၃၀)ကတ်တီအထိရှိသော သဘာဝငါးကြင်းစိမ်းနှင့်ငါးကြင်းနက်တို့မှာမူ ယနေ့ခေတ်တွင် အလွန်ရှားသွားပြီဖြစ်သည်။

ချင်လင်က ထိုငါးတို့ပေါ်ရှိ အထူးအချက်အလက်တို့ကိုကြည့်လိုက်ရာ (၄)ကောင်ကသူ့အား ပါးစပ်အဟောင်းသားဖြစ်စေ၏။

(သဘာဝကကတစ်ငါး: အရည်အသွေး ၂ - ၁၂ ကတ်တီ)

(သဘာဝကကတစ်ငါး: အရည်အသွေး ၂ - ၁၁ ကတ်တီ)

...

(သဘာဝငါးကြင်းနက်: အရည်အသွေး ၂ - ၂၅ ကတ်တီ)

(မှတ်ချက်များ: သန့်စင်သောသဘာဝငါးကြင်းနက်မျိုးဖြစ်သည်။ ငါးကြီးမျိုးဖြစ်၏။ ဂိမ်းမှအညစ်အကြေးများမရှိ။

အာဟာရပြည့်ဝစေခြင်း +၂၊ သရက်ရွက်နှင့်အစာအိမ်ကိုအကျိုးပြုခြင်း +၂၊ အသည်းကိုအာဟာရဖြစ်စေခြင်း၊ တောက်ပစေခြင်း +၂၊ အစိုဓာတ်နှင့်ထိန်းညှိပေးခြင်း +၂၊ ပြင်းထန်ငှက်ဖျားရောဂါ +၂၊ အနံ့အရသာရှိခြင်း +၂၊ အရသာရှိခြင်း +၂)

(သဘာဝငါးကြင်းစိမ်း: အရည်အသွေး ၂ - ၃၁ ကတ်တီ)

(မှတ်ချက်များ: သန့်စင်သောသဘာဝငါးကြင်းစိမ်းမျိုးဖြစ်သည်။ ငါးကြီးမျိုးဖြစ်၏။ ဂိမ်းမှအညစ်အကြေးများမရှိ။

ခန္ဓာကိုယ်နှင့်အစာအိမ်အားနည်းခြင်း -၂၊ အသည်းလုပ်ငန်းလွန်ကဲခြင်း -၂၊ သွေးတက်ခြင်း -၂၊ ခေါင်းကိုက်ခြင်းနှင့်နားအူခြင်း -၂၊ အနံအရသာရှိခြင်း +၂၊ အရသာရှိခြင်း +၂!)

ထိုငါးလေးကောင်၏ကောင်းကျိုးများကိုကြည့်ရင်း ချင်လင်မအံ့သြဘဲမနေနိုင်တော့ချေ။

အရည်အသွေး ၂ ရှိသောသဘာဝငါးသုံးမျိုးမှာ အရည်အသွေးမြင့်မားသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ ကကတစ်ငါးက(၁၀)ကတ်တီကျော်၊ ငါကြင်းနက်က(၂၀)ကတ်တီကျော်ပြီး ငါးကြင်းစိမ်းက(၃၀)ကတ်တီကျော်ရှိသည်။

ထိုအရွယ်အစားမှာ ငါးမြှားပြိုင်ပွဲတွင် ငါးဘုရင်ဟုသတ်မှတ်နိုင်၏။ ပိုပြီးအဓိကကျသည်က အရည်အသွေး ၂ ဖြစ်သဖြင့် သူဖမ်းမိသောသဘာဝငါးများမှာ ထိုငါးဘုရင်များထက် အပုံကြီးသာသည်။

ထိုငါးလေးကောင်ကိုရောင်းမည်ဆိုပါက အိမ်မှာနေရင်း ခန္ဓာကိုယ်အားနည်းပြီး နာမကျန်းဖြစ်နေသောသူဌေးတွေက စျေးကြီးပေးဝယ်စားကြမည်ဖြစ်လေသည်။

ဒီလိုပစ္စည်းမျိုးတွေက ငွေနှင့်ဝယ်လို့မရနိုင်။ နောက်ပြီး သာမန်သဘာဝအမျိုးအစားကိုပင် ဝယ်ရခက်သေး၏။

ချင်လင်က အခြားငါး(၃၁)ကောင်ကို ကြည့်လိုက်ရာ ၄င်းတို့အားလုံးက အရည်အသွေး ၁ ဖြစ်ကြသည်။

ထိုသဘာဝငါးများမှာ သာမန်ငါးများနှင့်မတူ၊ ခွဲခြားရန်မခက်ပေ။ အရွယ်အစားခြားနားချက်မှာ သိသာသောကြောင့်ပင်။ အရောင်အဆင်းလည်းမတူပေ။ သဘာဝငါးများမှာ အရောင်ပိုဖျော့ပြီး မွေးမြူရေးငါးများက အရောင်ပိုရင့်သည်။ မစင်နံ့မှာ ပိုလို့တောင်မတူသေး၊ သဘာဝငါးများက အနံ့မပြင်းသော်လည်း မွေးမြူရေးငါးများက ပိုအနံ့ပြင်း၏။

သဘာဝငါးများမှာ များများစားစားမရှိခြင်းကြောင့် ချင်လင်ကအလျင်စလိုမလုပ်သေး၊ အထူးသဖြင့် ငါးကြီးလေးကောင်ပင်။ ထိုအကောင်များကို သူ့မိခင်၏ခန္ဓာကိုယ်အာဟာရဖြစ်စေရန်ချန်ထားရမည်။

ညနေပိုင်းတွင်_

စတော်ဘယ်ရီနှင့်ရုံးပတီများမှည့်လျှင် ချင်လင်ကဂိုဒေါင်သွားပြီး ဂိမ်းထဲမှထုတ်လိုက်ကာ RT စျေးသို့ထပ်ပို့လိုက်သည်။ ယနေ့အတွက် စုစုပေါင်း စတော်ဘယ်ရီက (၁၈၅၀၅)ယွမ်နှင့် ရုံးပတီသီးက (၁၉၈၇၀)ယွမ်ရ၏။ သူ့ဘဏ်လက်ကျန်ငွေမှာ (၃၅၆၇၈၇)ယွမ်ဖြစ်လာသည်။

ကုန်များပို့ပြီးသောအခါ ဝမ်ချိုင်ကိုခေါ်ရန် ဆိုင်ကိုပြန်လာခဲ့သည်။ ချင်လင်က ဂိမ်းထဲလည်းဝင်လိုက်သည်။ သူက သဘာဝကကတစ်ငါး(၁၂)ကတ်တီကို ဂိမ်းထဲမှကြိုးတစ်ချောင်းနှင့် ယူလာခဲ့သည်။

ထိုအကောင်ကို သူ့မိခင်အာဟာရဖြစ်စေရန်အတွက် ရွေးယူလာခဲ့ခြင်းဖြစ်သည်။

အိမ်ပြန်ရောက်လျှင် ချင်လင်က လင်းဖန်အား_ ''အမေ... ဘယ်လိုသဘောရလဲ? အဲဒါ အမေ့ခန္ဓာကိုယ်အာဟာရဖြစ်အောင်လို့'’

''ဒီလောက်ကြီးတဲ့ကကတစ်ငါး... ဒါသဘာဝကကတစ်ငါးလား?''

လင်းဖန်က (၁၂)ကတ်တီရှိကကတစ်ငါးကိုကိုင်ပြီး အံ့အားသင့်နေသည်။ ဒီလိုသဘာဝကကတစ်ငါးကြီးက အရမ်းစျေးကောင်းတာ သူမလည်းအသိ။ ဒီအကောင်တွေက တစ်နှစ်မှတစ်ကတ်တီလောက်အသားတက်တာမျိုးဖြစ်ပြီး ပိုက်ဆံရှိလျှင်တောင် ဝယ်ဖို့ခက်၏။



ကံအလွန်ကောင်းကြသော တချို့လူများမှာ တစ်ကောင်တလေတောင်မစားကြဘဲ ငွေအလုံးလိုက်ရရန်ရောင်းကြသည်။

ထိုအကောင်မှာကြီးလွန်း၍ ယွမ်(၂၀၀၀)ကျော်ရနိုင်၏။

ဒီလောက်ပဲထင်တာကလည်း သူမက ထိုငါး၏အရည်အသွေးများကိုမသိခြင်းကြောင့်ပင်။

ထိုသို့တွေးမိသည်နှင့် သူမက_ ''ရှောင်လင်... မင်းဘာလို့ဒီလောက်ဖြုန်းတီးရတာလဲ? ငါဒီလောက်စျေးကြီးတာတွေစားဖို့မလိုပါဘူး''

''အမေ မပူပါနဲ့... ကျွန်တော်အခုတလော လက်ကားရောင်းတာ ဝင်ငွေတွေအများကြီးရပါတယ်... ကျွန်တော်တို့မိသားစုလည်းစားနိုင်ပါတယ်... ကျွန်တော်ငါးသတ်လိုက်မယ်... ကျွန်တော်လည်း ဒီလောက်ကြီးတဲ့သဘာဝကကတစ်ငါးကို စားကြည့်ချင်တယ်''

ချင်လင်က ထို(၁၂)ကတ်တီရှိကကတစ်ငါးကို မီးဖိုချောင်ထဲယူသွားလိုက်ရင်း ပြောလိုက်သည်။

တကယ်တော့ သူ့မိခင်၏တွတ်ထိုးသံကြားလျှင် သူနှလုံးသားနွေးထွေးရသည်။

အရင်တုန်းကဆိုလျှင် သူ့မိဘတွေက သူစိတ်ရှုပ်သည်အထိ နားပူနားဆာလုပ်ကြ၏။ အခု သူ့ဖခင်မရှိတော့မှ ဒီလိုနားပူနားဆာအလုပ်ခံရတာမျိုး ပြန်တောင့်တမိသည်။ သူ့ကိုနားပူနားဆာလုပ်မည့် မိခင်ရှိသေးသည့်အတွက် သူတန်ဖိုးထားရပေမည်။

''မင်းကတော့!'' လင်းဖန်က မီးဖိုချောင်ထဲ နောက်ကလိုက်ရုံသာလိုက်နိုင်တော့သည်။

ချင်လင်အတွက် ငါးသတ်ရတာမခက်။ သူကခပ်မြန်မြန်ပင် ငါးကိုကိုင်လိုက်သည်။

သူတို့သားအမိနှစ်ယောက်မှာ (၁၂)ကတ်တီရှိငါးကို မကုန်မှန်းသိသဖြင့် တစ်ဝက်ပိုင်းပြီး ကျန်တခြမ်းကို ရေခဲသေတ္တာထဲသိမ်းထားလိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် အိမ်တွင်တို့ဖူးလည်းရှိနေ၏။ လင်းဖန်ဟင်းချက်အကောင်းဆုံးမှာ ကကတစ်ငါးတို့ဖူးစွပ်ပြုတ်ပင်။ သာမန်သဘာဝကကတစ်ငါးနှင့်ချက်သော ငါးစွပ်ပြုတ်မှာအလွန်အရသာရှိသည်။ ဂိမ်းထဲမှရသော အနံအရသာရှိ +၂၊ အရသာ +၂ ရှိသည့် ကကတစ်ငါးနှင့်ချက်လျှင် ပိုလို့တောင်ကောင်းဦးမည်။

တကယ်လည်း ချင်လင်မျှော်လင့်ထားသည့်အတိုင်းပင်။ သဘာဝငါးတို့ဖူးစွပ်ပြုတ်ရသည်နှင့် တစ်ငုံသောက်ကြည့်သောအခါ သူ့မျက်လုံးများဝင်းလက်သွား၏။

အရသာနှင့်အသားက အလွန်အရသာရှိလေသည်။ ကြယ်ငါးပွင့်နိုင်ငံတကာဟိုတယ်မှ ဟင်းခတ်အမွှေးအကြိုင်အစုံအလင်သုံးသည့် စာဖိုမှူးများ၏လက်ရာပင်လျှင် မယှဉ်နိုင်ပေ။

''ဟုတ်ပါ့... ဒီနေ့ငါးအရသာက အရမ်းကောင်းပဲ''

လင်းဖန်လည်း စားပြီးအံ့အားသင့်သွားသည်။ ကကတစ်ငါးများစွာစားဖူးသော်လည်း ဒီလိုအရသာရှိတာမျိုးမစားခဲ့ဖူးပေ။ သူပဲဟင်းချက်လက်ရာတိုးတက်လာတာလား?

နောက်ပြီး တစ်ပန်းကန်စားပြီးသည်နှင့် ပူနွေးသောစီးကြောင်းတစ်ခုက သူမသွေးကြောများအတွင်း ဖြာဆင်းသွားသလိုခံစားလိုက်ရပြီး နေရထိုင်ရပိုကောင်းလာသည်။

သူမပဲ ထင်ယောင်ထင်မှားဖြစ်သလားမသိသော်လည်း ပိုသက်သောင့်သက်သာရှိပြီး ပေါ့ပါးလာသည်တော့အမှန်ပင်။

ငါးတစ်ပန်းကန်ကုန်ပြီးနောက် ချင်လင်လည်းနွေးထွေးလာသလိုခံစားရသည်။ ထိုခံစားချက်မှာ အလွန်သိသာ၏။ ထိုကကတစ်ငါးတွင် သွေးလှည့်ပတ်မှုကောင်းစေခြင်း +၂ အာနိသင်ရှိသည်ကိုသာမသိထားလျှင် သူ့ခန္ဓာကိုယ်အတွင်း ကိုယ်တွင်းစွမ်းအင်များထွက်လာပြီး ကိုယ်ခံပညာရှင်ဖြစ်လာသည်ဟုပင် ထင်မိပေမည်။

အကျိုးအာနိသင်က လျင်လျင်မြန်မြန်ပြ၏။ အရည်အသွေး ၂ ရုံးပတီကဲ့သို့ပင် အံ့အားသင့်စေသည်။

ချင်လင်က ကကတစ်ငါးစွပ်ပြုတ်တစ်ပန်းကန်သောက်ပြီး စိတ်ကျေနပ်သဖြင့် ချက်ချင်းနောက်တစ်ပန်းကန်ထပ်ခပ်လိုက်သည်။

လင်းဖန်က ငါးကိုတစ်ဖဲ့ဖဲ့ပြီး ဝမ်ချိုင်ကိုပေးလိုက်သည်။ ခွေးလည်းစားပြီးလျှင် ငါးရိုးကိုပါလျက်နေသည်။

''ဒါနဲ့ ရှောင်လင်... ငါမင်းကိုပြောစရာရှိတယ်''

လင်းဖန်က ရုတ်တရက် ချင်လင်အား_ ''ချင်ရန်စေ့စပ်တော့မယ်ဆိုတာ မင်းလည်းအသိပဲ... မင်းအဖေနေမကောင်းတုန်းက သူ့မိသားစုဆီက ယွမ်(၅၀၀၀၀)တောင်ချေးဖူးတယ်... ဒီတစ်ခါတော့သူလည်း ခန်းဝင်ပစ္စည်းအတွက် ငွေလိုက်ချေးနေတာ''

''သူက တို့မိသားစုရဲ့အခြေအနေကိုသိလို့ အကြွေးလာမတောင်းဘူး... တို့မိသားစုမှာလည်း သူ့ကိုပေးစရာမရှိဘူးဆိုပေမဲ့ မသိချင်ယောင်ဆောင်နေလို့တော့မဖြစ်ဘူး''

''ဒီည သူ့အိမ်သွားပြီး မင်းကူညီပေးနိုင်တာရှိမရှိသွားကြည့်စမ်းပါ"

ချင်လင်က ခေါင်းညိမ့်လိုက်ပြီး_ ''ကောင်းပါပြီ... နောက်ကျ ကျွန်တော်သွားကြည့်လိုက်ပါ့မယ်''

ချင်ရန်က သူ့ငယ်သူငယ်ချင်းဖြစ်သည်။ ယခင်က မြို့ဆင်ခြေဖုံးအိမ်ဟောင်းလေးတွင်နေပြီး တက္ကသိုလ်တွင် ဓာတ်ပုံပညာလေ့လာခဲ့သည်။ အခုတော့ ရုံချန်းစီရင်စုတွင် သူ့သူငယ်ချင်းတစ်ဦးနှင့်အတူ ကြော်ငြာနှင့်စတူဒီယိုဖွင့်ထားသည်။ ကြော်ငြာဖြစ်စေ မင်္ဂလာဆောင်အစီအစဉ်ဖြစ်စေ အလုပ်အားလုံးလက်ခံလုပ်သည်။

သူ့ဖခင်နေမကောင်းစဉ်က ဖန်းမိသားစုမှာ တုံ့ဆိုင်းနေခြင်းမရှိဘဲ ယွမ်(၅၀၀၀၀)ချေးပေးခဲ့ဖူး၏။ ဒါက သူတို့မိသားစုအတွက်တော့ ဘုရားမလိုက်သလိုပင်။

အခုသူက စေ့စပ်တော့မည်ဆိုတော့ သူ့ကိုဒီည ယွမ်(၅၀၀၀၀)ပြန်ပေးနိုင်တော့မည်။

သူ့မိသားစုအကြွေးယူထားသော အခြားလူများလည်းရှိသေး၏။ တတ်နိုင်လျှင် အမြန်ဆုံးပြန်ဆပ်ရပေမည်။

ကြွေးယူပြုံးပြုံး တောင်းတော့မုန်း မဖြစ်သင့်ပေ။

ထို့ကြောင့်သူအချိန်ယူပြီး အခြားအကြွေးရှင်များကိုလည်း ပြန်ဆပ်ရမည်ဖြစ်သည်။



All Chapters