← Chapters

စံအိမ်ဝန်ထမ်း! သုံးပွင့်ဆိုင်ဇီးပင် ၁၅၀၀၀ လိုအပ်မှု!

Vol. 2 Ch. 25

စံအိမ်ဝန်ထမ်း! သုံးပွင့်ဆိုင်ဇီးပင် ၁၅၀၀၀ လိုအပ်မှု!

Vol. 2 Ch. 25

ဤအဆင့် ၃ နယ်မြေတွင်စိုက်သော သက်တန့်ရောင်သဟဇီဝ အဆောင်အယောင်ဇီးပင်မှာ ဘယ်လောက်ဆွဲဆောင်မှုရှိမည်မှန်း ချင်လင်ကောင်းကောင်းသိ၏။

ခမ်းနားမှု +၂၊ အဆောင်အယောင် +၂၊ ဆွဲဆောင်နိုင်ခြင်း +၂။ သူဝင်ဝင်လာချင်းခဏမှာပင် အမြင်ကိုဖမ်းစားထားနိုင်သည်။

ဓာတ်ပုံစားခြင်း +၂ က ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းတို့ကို ပုံထွက်ပိုကောင်းစေလိမ့်မည်။

သူ့အတွက်အသုံးအဝင်ဆုံးဖြစ်မည်မှာ ပြောစရာပင်မလို။

ချင်းလင်စံအိမ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်ကို ဖော်ဆောင်မည်ဆိုပါက ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို ဂိမ်းမှထုတ်ပြီး လက်တွေ့တွင် ပြောင်းရွှေ့စိုက်ရပေမည်။

ထိုသက်တန့်ရောင်၊ သဟဇီဝ၊ အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ ရွှေ့ပြောင်းစိုက်ရလွယ်ကူ၏။ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ခြင်း +၂ ရှိသဖြင့် ပြဿနာမရှိပေ။

ချင်လင်က ဂိမ်းထဲမှထွက်လာပြီး သက်တန့်ရောင်သဟဇီဝပန်းကိုရွှေ့ရန် နေရာရှာလိုက်သည်။ သို့သော် သူသန့်စင်ခန်းမှထွက်လာသည်နှင့် တီရှပ်ဖြူနှင့်ဂျင်းပင်ဝတ်ထားသော မိန်းကလေးက သူ့ကိုသတိထားကြည့်နေသည်ကိုတွေ့ရ၏။ ''ရှင်ဘယ်သူလဲ? ဘာလို့ဒီရောက်နေတာလဲ?''

မိန်းကလေးမှာ အထက်တန်းကျောင်းသူနှင့်ပင်တူသေး၏။ ပမွှားလေးပဲဖြစ်ရမည်။

ချင်လင်က အံ့အားသင့်ပြီး_ ''ငါက ဒီနေရာရဲ့ပိုင်ရှင်ပဲ... ဘာလို့ဒီမှာမရှိရမှာလဲ? မင်းကဘယ်သူလဲ?''

''ရှင်ကပိုင်ရှင်အသစ်လား?'' မိန်းကလေးက အံ့သြစွာကြည့်ရင်း_ ''ဒါဆိုအရင်ဝန်ထမ်းတွေကို အလုပ်ဖြုတ်မှာလား?''

''မင်းက ဒီကဝန်ထမ်းလား?'' ချင်လင်က သတိလက်လွတ်မေးလိုက်သည်။

ဒီမိန်းကလေးက မိန်းမငယ်လေးပုံစံပဲ။ အရွယ်ရောက်ပြီလားတောင်မသိဘူး။

သူ့ကိုပိုင်ရှင်မှန်းသိသည်နှင့် မိန်းကလေး၏ရန်လိုသည့်ပုံစံမှာ ပျောက်သွား၏။ သူမက ရှေ့ကိုခုန်တိုးလိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

''သူဌေး... ကျွန်မက ကောင်းယောင်ယောင်ပါ... ကျွန်မကတောတွင်းစူးစမ်းရှာဖွေခြင်းနဲ့ သက်တန့်ရောင်မြက်ခင်းပြင်လက်မှတ်ရောင်းတဲ့ တာဝန်ခံပါ... အရင်ဝန်ထမ်းတွေကို ဆက်ထားဦးမှာလားဟင်?''

သူမကတကယ် စံအိမ်ရဲ့ဝန်ထမ်းပဲ။

ချင်လင်က ကောင်းယောင်ယောင်ကိုကြည့်ရင်း_ ''အင်း... မင်းအသက်ပြည့်ပြီလား?''

ကောင်းယောင်ယောင်က အလျင်စလိုနှင့်_ ''သူဌေး... ကျွန်မက ဂျူနီယာအထက်တန်းကျောင်းပြီးပြီးသားပါ... အသက် ၁၉ ရှိပါပြီ... ကျွန်မရဲ့ ID ကတ်ပြနိုင်ပါတယ်''

ချင်လင်က သူမအသက်ပြည့်မှန်းသိမှ စိတ်သက်သာရာရသွား၏။ သူကထိုအကြောင်းစဉ်းစားမိသည်နှင့်_ ''အရင်ကဒီမှာ ဝန်ထမ်းဘယ်လောက်လောက်ရှိလဲ?''

သူဝန်ထမ်းလိုတာပေါ့။ အရင်ဝန်ထမ်းတွေက မဆိုးဘူးဆိုလျှင် ဆက်ပြီးဆွဲထားရမည်။ သူ့ရှေ့ကမိန်းကလေးမှာ ခရီးသွားလုပ်ငန်းနဲ့ အလွန်သင့်တော်၏။ သူမမှာ အရည်အချင်းနည်းနည်းရှိရင် ထင်ရှားတဲ့နေရာတွေမှာ ကောင်းကောင်းလုပ်နိုင်လိမ့်မည်။



ဒီလိုစံအိမ်ငယ်လေးမှာ လက်မှတ်ရောင်းသူအဖြစ်နှင့် နှမြောစရာကောင်း၏။

သူမကငယ်လည်းငယ်သေးပြီး ကမ္ဘာကြီးကိုသိပ်မမြင်သေး၍ဖြစ်မည်။ တက္ကသိုလ်တွင် အပြိုင်အဆိုင်မျိုးစုံကြောင့် စိတ်ညစ်နွမ်းမှုမရှိသေး။ မဟုတ်လျှင် သူမစိတ်ပျံ့လွင့်ပြီး ဒီလိုအလုပ်မျိုးကိုလည်း သိပ်စိတ်ဝင်စားမည်မဟုတ်ချေ။

ကောင်းယောင်ယောင်က ရှင်းပြလိုက်သည်_ ''ကျွန်မအပြင် လုံခြုံရေးအစောင့်ရယ် စာရင်းသွင်းတဲ့သူရယ် ငွေကိုင်နဲ့ စာဖိုမှူးလေးဦး ပြီးတော့...!''

''နေဦး... စာဖိုမှူးလေးဦး??'' ချင်လင်က ဖြတ်မေးလိုက်သည်။

ဒီစံအိမ်မှာစာဖိုမှူးလေးဦးလိုသေးလို့လား?

ဒီနေရာကိုလာတဲ့သူအများစုက သူ့တို့ကိုယ်တိုင်ချက်စားချင်ကြတာ ဟုတ်ပြီလား?

ကောင်းယောင်ယောင်ကခေါင်းညိမ့်ပြီး_ ''ကျွန်မအထင်တော့ ဆရာလင်းကပဲချက်တာ... ကျန်တဲ့သုံးယောက်က စားဖိုမှူးခေါင်းနဲ့ လက်ထောက်စားဖိုမှူးတွေ!''

''ဟမ်?!'' ချင်လင်အံ့အားသင့်သွား၏။

သူအကြမ်းဖျင်းသိထားတာ ဘာတွေဖြစ်သွားပြီလဲ။

အရင်ဒီစံအိမ်က လာဘ်စားသူအချို့ စားတဲ့သောက်တဲ့နေရာဖြစ်ခဲ့တာပင်။ တာဝန်ခံက လက်အိတ်ဖြူဖြစ်သည်။ ထိုစားဖိုမှူးခေါင်းနှင့် လက်ထောက်စားဖိုမှူးတို့မှာ လစာရဖို့ ဒီမှာလုပ်နေကြတာဖြစ်မည်။

ချင်လင်က ထပ်မေးလိုက်သည်_ ''ကောင်းယောင်ယောင်... အရင်ဝန်ထမ်းတွေထဲမှာ လက်သမားတတ်တဲ့သူရှိလား?''

''ဆရာလင်းသိတယ်!'' ကောင်းယောင်ယောင်က ဖြေလိုက်သည်။

''ဟင်းချက်တာအပြင် စားပွဲလည်းလုပ်တတ်တယ်... စင်အကျိုးတွေအတော်များများက ဆရာလင်းပြင်ထားတာ''

ချင်လင်က ထပ်မေးလိုက်သည်_ ''ဒါဆို ဉယျာဥ်ထိန်းသိမ်းတတ်တဲ့သူရောရှိလား? ဥပမာပြောရရင် အပင်ရွှေ့စိုက်တာတို့၊ ဂရုစိုက်တတ်တာတို့... ငါထင်တာတော့ စံအိမ်ထဲမှာ အလှပန်းအိုးတွေအများကြီးပဲ... တာဝန်ခံတစ်ယောက်ယောက်တော့ရှိတယ် ဟုတ်တယ်မလား?''

ကောင်းယောင်ယောင်က_ ''ဆရာလင်းလေ... ဟင်းသီးဟင်းရွက်ဥယျာဥ်ရဲ့တာဝန်ခံလည်း သူပဲ... ဒီအလှပန်းအိုးတွေ သူရွှေ့စိုက်တာ... ကျွန်မတို့လည်း တစ်ခါတလေရေလောင်းကူတယ်... ဒါနဲ့ဆရာလင်းက အဲဒီဂင်ဂိုနှစ်ပင်ကို ရှင်အောင်လုပ်နေပေမဲ့ သူမအောင်မြင်သေးဘူး''

ချင်လင်မှင်တက်သွားသည်။

သူဘာလို့ဆရာလင်းကို လူမဟုတ်ဘူးလို့ခံစားမိနေတာလဲ? သူပဲအကုန်လုပ်နေတာ။

ဝန်ထမ်းတစ်ယောက်ကိုခေါ်လိုက်တာနဲ့ အတော်အကျိုးရှိလိမ့်မည်ဟုထင်သည်။

ချင်လင်က ထိုသို့တွေးမိသည်နှင့်_ ''ကောင်းယောင်ယောင်... မင်းမှာ အရင်ဝန်ထမ်းတွေရဲ့ဖုန်းနံပါတ်တွေရှိလား?''

''ကျွန်မတို့မှာ Wechat အဖွဲ့ရှိတယ်'' ကောင်းယောင်ယောင်ကပြန်ဖြေသည်။

ချင်လင်က ပြတ်သားစွာပင်_ ''စာဖိုမှူးခေါင်းနဲ့ လက်ထောက်စာဖိုမှူးတွေကလွဲပြီး တခြားဝန်ထမ်းတွေဆက်လုပ်ချင်လား မေးပေးပါ... အထူးသဖြင့် ဆရာလင်းပေါ့''

ဘာပဲဖြစ်ဖြစ် သူလည်းဝန်ထမ်းခန့်ရမှာ။ သူစိမ်းတွေခန့်တာထက်စာရင် ဒီနေရာနဲ့ရင်းနှီးပြီးသားသူတွေကိုပဲသုံးမှာပေါ့။ သူနဲ့ကိုက်မကိုက် ပြီးမှကြည့်ရမယ်။ မကိုက်လျှင် ထိုသူတွေကို အစားထိုးပြီးပြန်ခန့်မည်။

''သူဌေး... ဆရာလင်းကတော့ သေချာပေါက်ပဲ... ဒါပေမဲ့သူ ဒီဂင်ဂိုနှစ်ပင်နဲ့ပတ်သက်ပြီး တောင်းဆိုလိမ့်မယ်... ကျွန်မ တခြားသူတွေကိုမေးကြည့်မယ်'' ကောင်းယောင်ယောင်က ချက်ချင်းပျော်ရွှင်သွားပုံရပြီး သူမဖုန်းကိုထုတ်ကာ Wechat ဖွင့်လိုက်၏။

ချင်လင်ထိုသို့မေးရခြင်းမှာ သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်ဖန်တီးရန်ဖြစ်၏။ သူရွှေ့ပြောင်းစိုက်ပျိုးသောအခါ ဆောက်လုပ်ရေးအဖွဲ့ကို ခြံစည်းရိုး၊ ကျောက်လမ်း၊ ဒန်း၊ ပွဲကြည့်စင် စသည်ဖြင့်လုပ်ခိုင်းမည်။ သူတို့ကိုစောင့်ကြည့်ရမည်။

ခဏအကြာတွင် ကောင်းယောင်ယောင်က_ ''သူဌေး... ကျွန်မမေးကြည့်ပြီးပြီ... အလုပ်သစ်ရသွားတဲ့ငွေကိုင်ကလွဲပြီး ကျန်တဲ့သူတွေက အလုပ်ဆက်လုပ်ချင်ကြတယ်... သူတို့အကုန် မနက်ဖြန်မနက်လာလိမ့်မယ်''

''ကောင်းပြီ... ဒါဆိုမင်းအရင်ပြန်လိုက်ဦး... မနက်ဖြန်မှပြန်လာခဲ့'' ချင်လင်က ကောင်းယောင်ယောင်ကို သွားစေပြီး ဂိမ်းထဲမှသုံးပွင့်ဆိုင်ဇီးပန်းပင်တစ်ပင်ကို အရင်သယ်ရန် စီစဉ်လိုက်သည်။

''သူဌေး... တကယ်တော့ကျွန်မက စံအိမ်ထဲကအဆောင်မှာနေတာ... စီရင်စုထဲမှာ အိမ်မငှားထားဘူး'' ကောင်းယောင်ယောင်က ချက်ချင်းပြောလိုက်၏။ ''တကယ်လို့ စံအိမ်ကိုကြည့်ချင်သေးရင် ကျွန်မလိုက်ပြပေးမယ်''



တခြားနည်းလမ်းလည်းမရှိ။ ကောင်းယောင်ယောင်က စံအိမ်ထဲမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်ကိုသယ်လို့မဖြစ်ပေ။

ချင်လင်ကလက်လျှော့လိုက်ရပြီး စံအိမ်မှထွက်လာခဲ့သည်။

သူကသူ့လျှို့ဝှက်ချက်ကို မပေါက်ကြားစေချင်။

စီရင်စုထဲပြန်ရောက်သောအခါ ပထမဆုံးသူလုပ်ရမည်က ဆိုင်းဘုတ်လုပ်ပေးသော စတူဒီယိုတစ်ခုရှာ၍ စိတ်ကြိုက်ဆိုင်းဘုတ်တစ်ခုပြုလုပ်ရမည်။ အချိန်ကျလျှင် ဖုဟိုင်စံအိမ်ဆိုင်းဘုတ်ကိုလဲပစ်ရမည်။

ထို့နောက် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ထားရန် နေရာစဉ်ရမည်။

သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်မှာ နေရာပြန့်ကားပြီး အုံ့ဆိုင်းသည်။ သဘာဝအတိုင်းအုံ့ဆိုင်းမှုက ကုန်ကျစရိတ်ပိုမြင့်၏။ အကျိုးမှာ ပိုအံ့အားသင့်စရာကောင်းပြီး ပိုလှသည်။

အုံ့ဆိုင်းနေတဲ့သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်က အံ့အားသင့်လောက်အောင်ဖြစ်ဖို့ဆို အနည်းဆုံးဧက ၂၀ ရှိရပေမည်။ ကျောက်ခင်းလမ်း၊ ဒန်း၊ ကျောက်ထိုင်ခုံ၊ ပွဲကြည့်စင်နှင့် အထူးဓာတ်ပုံကားချပ်တို့ထက် သုံးပွင့်ဆိုင်ဇီးပန်းပင်က အနည်းဆုံးအပင်(၁၀၀၀၀)လောက်ရှိရမည်လေ။

အဲဒီ(၁၀၀၀၀)လုံးတော့ အဆင့် ၃ သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပင်တော့ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီးသုံးရက်မှ ၂၅ ပင်ပဲရတာဆိုတော့ အပင် ၅၀၀၀ ဆိုရင်ပဲ ရက် ၆၀၀

ဖြစ်နေပြီ။ ဟာသဖြစ်မနေဘူးလား?

ဤသက်တန့်ရောင်အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းက အဓိပင်စည်အတွက်သာသင့်လျော်ပြီး ကျန်သုံးပွင့်ဆိုင်ဇီးပန်းပင်များကို အလှဆင်ဖို့အတွက်သုံးရမည်။

အချိန်တစ်လကြာလျှင် အပင် ၂၅၀၊ ၂.၅ မီတာအရှည်၊ ၂ မီတာအလျားနှင့် ၁၂ စင်တီမီတာအထူရှိသော သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပင်ကို အဓိကကိုယ်ထည်အဖြစ်ရမည်။

ဂိမ်းထဲတွင် အဆင့်နိမ့်အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပျိုးပင်များလည်းရှိကြောင်း ချင်လင်သတိရလိုက်သည်။ သူ့စိတ်ထဲကဂိမ်းဖန်သားပြင်ကိုချက်ချင်းကြည့်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သို့ သွားရှာစေလိုက်၏။ အမှန်ပင် အဆင့် ၂ မြေတွင်စိုက်ပျိုးနိုင်သော သာမန်အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပျိုးပင်များကိုတွေ့ရသည်။ ၄င်းတို့ကလည်း အရောင်စုံ၏။

သူကအွန်လိုင်းတက်ပြီး ရှာကြည့်လိုက်သည်။ ဒီအဆောင်အယောင်အပင်မျိုးကလည်း စျေးတော့သိပ်မသက်သာ။ တစ်ပင်ကိုယွမ်(၄၀၀)ခန့်ရှိပြီး စင်တီမီတာများစွာရှည်နိုင်၏။

အရမ်းကောင်းသည်။

ဂိမ်းထဲကအပင်မှာ သေချာပေါက်အရည်အသွေးပိုကောင်းမည်ဖြစ်ပြီး ယွမ်(၄၀၀)မကတန်လိမ့်မည်။

သို့သော် ပြဿနာတစ်ခုရှိသည်။ သက်တန့်ရောင်သဟဇီဝရော သာမန်အဆောင်အယောင်ပျိုးပင်ရောက ဂိမ်းရွှေပြားလိုအပ်၏။

ချင်လင်က ထိုသို့တွေးမိပြီး အဆင့် ၂ မြေတွင် စတော်ဘယ်ရီမစိုက်ဘဲ သာမန်အဆောင်အယောင်ဇီးပန်းပင်များစိုက်ရန် စီစဉ်လိုက်၏။ မန်နေဂျာကို စတော်ဘယ်ရီတွေပြတ်သွားပြီဟု ပြောလိုက်မည်။

အသစ်စိုက်ထားသောရုံးပတီများကို ပျိုးပင်ဝယ်ရန်အတွက် ဂိမ်းထဲမှာပဲဆက်ရောင်းမည်။

အဆင့် ၂ မြေတွင် တစ်ရက်အတွင်း သုံးပွင့်ဆိုင်ဇီးပင် ၂၅ ပင်ရနိုင်သေး၏။ အပင်ကြီးထွားချိန်မှာ တစ်ရက်သာ။ ဤနည်းဖြင့် တစ်လအတွင်း သာမန်သုံးပွင့်ဆိုင်ဇီးပင်များက ၄၅၀၀ နှင့်အထက်ရနိုင်ပေသည်။

သို့ဆိုလျှင်တောင် အပင်တစ်သောင်းမပြည့်သေး။ ၅၀၀၀ ကျော်သာရှိသေး၏။

သို့သော်လည်း ဂိမ်းထဲမှသုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကို အရင်စိုက်ထားပြီး ဘေးအနားအဖျားအပင်တို့ကို လက်တွေ့လောကမှသုံးပွင့်ဆိုင်ဇီးပန်းပင်တို့နှင့်ဆင်လျှင်လည်း ကိစ္စမရှိပေ။

ထို့ကြောင့်သူ သုံးပွင့်ဆိုင်ဇီးပန်းပင် ၅၀၀၀ ကျော်ဝယ်နိုင်ပေမည်။ ဤနည်းဖြင့် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များဘယ်ကရောက်လာသလဲဆိုတာ အခြားသူများသံသယမဝင်စေရန် အနည်းအကျဉ်းကာကွယ်နိုင်မည်ဖြစ်၏။

ချင်လင်က အွန်လိုင်းတွင်ရှာကြည့်လိုက်သည်။ သာမန်သုံးပွင့်ဆိုင်ဇီးပန်းပင်တို့မှာ ဂိမ်း၏ထုတ်ကုန်ကိုမမီသော်လည်း လှပပြီး အမျိုးအစားများစွာရှိ၏။

သူကမြို့တွင်းအခြေစိုက်ပျိုးပင်ဆိုင်ကိုရွေးလိုက်သည်။ တစ်ပင်ကို ယွမ် ၃၀ နှင့် အပင် ၅၀၀၀ မှ ယွမ် ၁၅၀၀၀၀ တည်း။ ထို့ပြင် စရန်ငွေအဖြစ် ၂၀% ကိုသာပေးချေရန်လို၏။

သူက အပင််တစ်သောင်းမှာလိုက်သည်။

ဒါကိုလုပ်မယ်ဆိုမှတော့ ၁၀ ဧကပိုလုပ်လိုက်မည်။ သူကပန်းပင်လယ်ကိုပိုကြီးစေရန် ဂိမ်းထဲမှအပင် ၅၀၀၀ ကိုခြံရံပြီး ထိုအပင် ၁၀၀၀၀ ကိုစိုက်လိုက်မည်။

ပုံမှန်အတိုင်းဆိုလျှင် ထိုအတိုင်းအတာကျယ်သော သုံးပွင့်ဆိုင်ဇီးပန်းပွင့်ပင်လယ်ရရန် အနည်းဆုံးယွမ်သန်းနှင့်ချီကုန်ကျမည်ဖြစ်သော်လည်း သူကတော့ ယွမ်(၃)သိန်းသုံးရန်သာလို၏။

ထို့အပြင်အခြားသူများမှာ သက်တန့်ရောင်ဇီးပန်းပင်ကို သည်လောက်မရနိုင်၊ ဂိမ်းထဲကအရည်အသွေးတွေနှင့်ဆို မပြောနှင့်တော့။

ဤပန်းပင်လယ်ကိုလူသိများလာသည်နှင့်အမျှ ရုံချန်းစီရင်စုနှင့်သဲမြို့တော်တွင် ကျော်ကြားသောနေရာတစ်ခုဖြစ်လာမည်မှာ အသေအချာပင်။

လူအတော်များများကိုဆွဲဆောင်နိုင်ပြီဆိုလျှင် ဂိမ်းထဲတွင်စိုက်ပျိုးထားသည်များကို စံအိမ်တွင်ရောင်းချနိုင်ပြီဖြစ်လေသည်။



All Chapters