ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်က တန်ဖိုးကြီးတယ်ဟုတ်? အကြွေးပြန်ဆပ်!
Vol. 2 Ch. 26
နောက်တစ်နေ့တွင်_
ချင်လင်အိပ်ရာမှနိုးလာသောအခါ ဝမ်ချိုင်ကခါတိုင်းလိုပင် သူပွတ်သပ်ရမည့်အရာကို လည်ပင်းဆန့်မျှော်နေသကဲ့သို့ တံခါးအပြင်ဘက်တွင် ဆောင့်ကြောင့်ထိုင်နေ၏။
လင်းဖန်က သူ့အတွက်မနက်စာပြင်ဆင်ထား၏။
‘’ ရှောင်လင်… ဘာလို့အခုတလောထူးဆန်းနေတာလဲ? ငါမနေ့ကဆိုင်သွားကြည့်တော့ ပိတ်ထားတယ် ‘’
‘’အမေ… အရင်ကကျွန်တော် လက်ကားအရောင်းအဝယ်လုပ်နေတယ်လို့ ပြောဖူးတယ်လေ… အခုတလော စံအိမ်ဆောက်ပြီး လုပ်ငန်းတွေကိုင်တွယ်နေတယ်… နောက်နေ့ကစပြီး ကျွန်တော်အလုပ်တွေ ပိုများလာတော့မှာ'’
ချင်လင်က ဘာမှထိန်ချန်မထားတော့။ သူ့အမေက အနှေးနဲ့အမြန်သိသွားမှာပဲလေ။
‘’ ရှောင်လင်… မင်းဘာပဲလုပ်ချင်ချင် ငါအားပေးတယ်… စံအိမ်လုပ်လို့အဆင်မပြေရင်လည်း ဆိုင်ဆက်ဖွင့်လို့ရတယ်… တကယ်အလုပ်မဖြစ်ဘူးဆိုရင် ငါ့အထင် ဆိုင်ကတော့ဆက်ပြီးဖွင့်လို့ရပါတယ်'’
လင်းဖန်က သူ့သားရည်မှန်းချက်ကြီးမှန်းသိ၏။ သူ့မိသားစုက သူ့အတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေသဖြင့် သူ့ဆန္ဒကိုအားပေးရုံသာတတ်နိုင်လေသည်။
သူ့သားပြောနေတဲ့စံအိမ်ဆိုတာ ယွမ်(၃)သောင်း (၄)သောင်းတန်လယ်ကွင်းကိုငှားပြီး အလှဆင်ဖို့ပဲ ဟုတ်တယ်မလား?
ပြီးတော့သူ့သားမှာ စုဆောင်းငွေလည်း သိပ်မရှိဘူးလေ။
သူမစိုးရိမ်နေတာလည်း ဒါပဲ။ လူအတော်များများက ဒါကိုလုပ်ပြီး ကြာကြာခံကြမည်မဟုတ်ပေ။
‘’အမေ… ကောင်းကောင်းအနားယူပါ… ကျွန်တော့်အတွက် မစိုးရိမ်ပါနဲ့'’
အခုတော့ချင်လင်မှာ ယုံကြည်ချက်အပြည့်ရှိ၏။ သူကစံအိမ်ကို အောင်မြင်အောင်လုပ်နိုင်မည်ဟု ယုံကြည်ထားသည်။
မနက်စာပြီးနောက် ဝမ်ချိုင်က သူနှင့်အပြင်လိုက်ရန်ဟန်ပြင်၏။
ချင်လင်က မနက်ပိုင်းမှည့်သည့်ရုံးပတီသီးများကို RT စျေးသို့ပို့လိုက်သည်။ နေ့လယ်ပိုင်းရောက်သော် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်တွင် မြေကွက် ၆ ကွက်မှ သုံးပွင့်ဆိုင်ဇီးပန်းများပွင့်ပြီဖြစ်ကြောင်း အသိပေးစာရလိုက်၏။
ချင်လင်က ချက်ချင်းပင် ဂိမ်းဇာတ်ကောင်ကို ထိုမြေကွက် ၆ ကွက်ရှေ့သို့သွားစေလိုက်သည်။ အမှန်တကယ်ပင် ခူး၍ရပြီဖြစ်ကြောင်း အသိပေးစာတွေ့ရ၏။
သူက မြေကွက် ၆ ကွက်အတွက် အရောင်စုံရွေးထားသဖြင့် တစ်ကွက်စီမှ သုံးပွင့်ဆိုင်ဇီးပန်းပွင့်တို့မှာ အရောင်မတူကြချေ။ အပင် ၂၅ ပင်ရှိရသည်။
သူကဂိမ်းဇာတ်ကောင်ကိုနှုတ်စေလိုက်ပြီး စုစုပေါင်း သာမန်အဆောင်အယောင်သုံးပွင့်ဇီးပင် ၁၅၃ ပင်ရလေသည်။
ထို့နောက်ချင်လင်က ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မှမျိုးစေ့ဆိုင်တွင် သုံးပွင့်ဆိုင်ဇီးပန်းပျိုးပင်(အုပ်စု)ဝယ်စေပြီး ထပ်စိုက်ထားလိုက်၏။
ပြီးလျှင် ဂိုဒေါင်ဆီသို့ဦးတည်လာခဲ့လိုက်သည်။
ဂိုဒေါင်ဆီရောက်သောအခါ ချင်လင်က ကားထဲမှခုန်ထွက်လာသောဝမ်ချိုင်အား_
‘’ဝမ်ချိုင်… အပြင်ကိုစောင့်ထား'’
‘’ဝု!’’ ဝမ်ချိုင်က အမိန့်နာခံသည့်အနေဖြင့် ပြန်ဟောင်လိုက်သည်။ ထို့နောက်တံခါးကိုစောင့်နေလိုက်၏။
ချင်လင်က ဂိုဒေါင်တံခါးကိုပိတ်ပြီး ဂိမ်းထဲဝင်လိုက်သည်။
သုံးပွင့်ဆိုင်ဇီးပန်းပင်များထားသည့်ခြံထဲဝင်လိုက်သည်တွင် အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင် ၂၅ ပင်အပြင် သာမန်အဆောင်အယောင် သုံးပွင့်ဆိုင်ဇီးပန်းပင် ၁၅၃ ပင်ကိုလည်းတွေ့လိုက်ရ၏။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကိုအတူတူထားထားသည့်အခါ ပန်းပင်လယ်ကဲ့သို့ဖြစ်နေ၏။ လှပမွှေးကြိုင်ပြီး အဆမတန်တောက်ပနေသည်။
ချင်လင်ကရှေ့တိုးသွားလိုက်ပြီး သာမန်ပုံစံရှိသုံးပွင့်ဆိုင်ဇီးပန်းပင်ကို ထိကြည့်လိုက်လျှင် မှတ်ချက်ကိိုတွေ့ရသည်:
(အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းအဝါရောင်မျိုး: အရည်အသွေး ၁)
(အထူးအဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်မျိုးဖြစ်သည်။ ၆၀ စင်တီမီတာရှည်ပြီး ပန်းခိုင် ၇၀ စင်တီမီတာရှိကာ ထိပ်ပိုင်း ၄ စင်တီမီတာရှိ၏။ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အလွန်လှပသည်။ မျိုးတူအပင်မျိုးများကြားတွင် အဆောင်အယောင်တန်ဖိုးမြင့်မား၏။ ထို့ပြင် ရွှေ့ပြောင်းစိုက်ပျိုးရလွယ်ကူ၏။ တစ်နှစ်ပတ်လုံးပန်းပွင့်သည်!)
(ဂိမ်းထုတ်ကုန်: ခမ်းနားမှု +၂၊ အကြည့်ခံခြင်း +၂၊ ဆွဲဆောင်မှုရှိခြင်း +၂၊ စိတ်ခံစားမှုကောင်းစေခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂၊ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ခြင်း +၂!)
သူကတခြားအပင်များကိုလည်း ကြည့်လိုက်သည်။ အရောင်ကွဲသည်မှလွဲ၍ မှတ်ချက်အားလုံးအတူတူပင်ဖြစ်၏။
ဤသာမန်အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ သက်တန့်ရောင်သဟဇီဝပင်နှင့်ယှဉ်လျှင် အများကြီးကွာသည်။ အသွင်သဏ္ဍန်သာမက အရည်အသွေးကလည်း ၁ သာရှိ၏။
သို့သော်ဂိမ်းထုတ်ကုန်မှာ အလားတူအပင်များထက်တော့ ကြည့်ပျော်ရှုပျော်ပိုရှိလေသည်။ +၁ တိုးခြင်းမှာ နှယ်နှယ်ရရတော့မဟုတ်။
ထို့အပြင် သက်တန့်ရောင်သဟဇီဝပန်းပင်ကဲ့သို့ ရွှေ့ပြောင်းစိုက်ပျိုးရလွယ်ကူပြီး တစ်နှစ်ပတ်လုံးပွင့်၏။
ထို့နောက်ချင်လင်ကရှေ့တိုးပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်များကိုထိလိုက်သည်။ အတွေးနှင့် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို လက်တွေ့လောကထဲ သယ်ခဲ့လိုက်၏။
သူကအချိန်ယူကာ အကြိမ်ကြိမ်အခါခါ ဂိမ်းထဲဝင်လိုက်ထွက်လိုက်လုပ်ပြီး ထိုအပင်များကို ရွှေ့လိုက်သည်။
ထိုအပင်များအားလုံးကို ဂိမ်းထဲမှထုတ်ပြီးနောက် စံအိမ်ဆီမည်သို့သယ်ရမည်က ပြဿနာတစ်ခုဖြစ်လာပြန်သည်။
သူ့မဖြစ်စလောက်ကားက ထိုအပင်များကိုမတင်နိုင်ပေ။ သူက အရည်အသွေး ၂ ရှိ သက်တန့်ရောင်သဟဇီဝ အဆောင်အယောင်သုံးပွင့်ဆိုင်ဇီးပန်းပင်ကိုမသယ်နိုင်။
ချင်လင်က သူ့ဖုန်းကိုထုတ်ပြီး အထူးသယ်ယူပို့ဆောင်ရေးအသင်းကို ဆက်သွယ်လိုက်သည်။ ကုန်သွယ်ရေးဝန်းထဲတွင် အထူးသယ်ယူပို့ဆောင်ရေးကုမ္ပဏီရှိ၏။
အရင်ကသူမှတ်ထားသော ဖုန်းနံပါတ်များရှိ၏။
သူတို့က အနီးအနားသယ်ယူပို့ဆောင်ပေးသည်။ ဤသုံးပွင့်ဆိုင်ဇီးပန်းပင် ၁၇၈ ပင်အတွက် အထူးသယ်ယူပို့ဆောင်ရေးအသင်းခေါ်ရမည်ဖြစ်ပေသည်။ ကားတစ်စီးလျှင် ယွမ် ၈၅ မှစပေးရပြီး တစ်ကီလိုမီတာကို ၅ ယွမ်တွက်ယူကြ၏။
ချင်လင်က သယ်ယူပို့ဆောင်ရေးအသင်းကို ဆက်သွယ်ပြီးသည်နှင့် သူတို့ကို Wechat တွင်ချိတ်ပြီး စရံငွေသတ်၍ တည်နေရာပို့လိုက်သည်။ မကြာမီ ယာဉ်တန်းရောက်လာ၏။
ဂိုဒေါင်ရှေ့မျက်နှာစာမှာ မကျယ်ပေ။ ထို့အပြင် သယ်ယူပို့ဆောင်ရေးပစ္စည်းကိရိယာများကြောင့် ထရပ်ကားများမှာ တစ်စီးချင်းဝန်တင်နိုင်သည်။
‘’လူကြီးမင်းချင်က ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေကို သယ်မှာလား?’’ ထိုအသင်းကိုဦးဆောင်သူမှာ ကျောက်လီယွမ်ဖြစ်သည်။
သူက ဂိုဒေါင်အတွင်းမှ သုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကိုကြည့်ရင်း အံ့အားသင့်သည့်ပုံပေါ်သွားသည်။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်တို့မှာ အလွန်လှပပြီး မျက်စိကိုဖမ်းစားနေသည်။
အရင်ကသူ သုံးပွင့်ဆိုင်ဇီးပန်းပင်ကို မမြင်ဖူး၍မဟုတ်ပေ။ သူက ရှားမြို့တော်ရှိ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုရောက်ဖူးသည်။ သို့သော် သူ့ရှေ့ကအပင်နှင့်စာလျှင် ရှားမြို့တော်မှအပင်မှာ အပုံကြီးနိမ့်သွားသလိုပင်။
သူ့ဝင်ဝင်လာချင်းကတည်းက သူ့မျက်လုံးကို ဆွဲဆောင်ထားသည်။ ထို့ပြင် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်တို့မှာ အလွန်ကြည့်ပျော်ရှုပျော်ရှိ၏။
ဤသည်မှာ ဂိမ်း၏အရည်အသွေးများ သက်ရောက်မှုကြောင့်ဖြစ်လေသည်။
‘’လူကြီးမင်းချင်… ခင်ဗျားရဲ့စံအိမ်မှာ သုံးပွက့်ဆိုင်ဇီးပန်းပင်လယ်လုပ်မလို့လား?’’
ကျောက်လီယွမ်က ပြောပြောဆိုဆိုပင် သူ့ဖုန်းကိုထုတ်ကာ ဓာတ်ပုံရိုက်လိုက်သည်။
ဤသည်မှာ အရည်အသွေးများဝင်လာခြင်း၏ အကျိုးပင်!
‘’အမှန်ပါပဲ… ကျွန်တော်က သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လုပ်ချင်လို့ပါ!’’ ချင်လင်က ခေါင်းညိမ့်လိုက်သည်။
‘’အဲဒီကျရင်သေချာပေါက် ကျွန်တော့်ဇနီးကိုခေါ်လာပြဦးမယ်!’’ ကျောက်လီယွမ်က ချက်ချင်းဆုံးဖြတ်ချက်ချလိုက်သည်။ ဒါလေးနဲ့တောင် လူတွေကိုဒီလိုခံစားမှုဖြစ်စေသည်။ ပန်းပင်လယ်သာဖြစ်လာရင် ဘယ်လောက်များလှလိုက်မလဲ? ထိုအကြောင်းတွေးလိုက်ရုံနှင့်ပင် ကြည့်ချင်စရာကောင်းသော လှပသည့်မြင်ကွင်းဖြစ်လာမှာ သိနေ၏။
သူ့ဇနီးကလည်း ထိုလှပသောမြင်ကွင်းကို သေချာပေါက်နှစ်သက်မှာပင်။
သယ်ယူပို့ဆောင်ရေးအသင်းက လုပ်ငန်းစကြ၏။ သူတို့မှာ ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို ကားထဲသို့ရွှေ့ရန် အထူးကိရိယာများရှိသည်။
ကျောက်လီယွမ်က သူ့ဖုန်းကိုချပြီး စီးကရက်မီးညှိလိုက်သည်။ သူက_ ‘’လူကြီးမင်းချင်… ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေက အရမ်းလှတာပဲ… အထူးသဖြင့် အဲဒီရောင်စုံနဲ့အပင်တွေ… ဒါတွေ စျေးတော့မသက်သာဘူးမလား?’’
ချင်လင်က ခေါင်းညိမ့်လိုက်ကာ_ ‘’ဟုတ်တယ်… အရောင်ကိုပဲကြည့်လေ… သုံးရောင်စပ်က ယွမ် ၃၀၀၀ ကျော်တယ်… ငါးရောင်စပ်က ယွမ် ၅၀၀၀ ကျော်တယ်… သက်တန့်ရောင်ကတော့ အရမ်းရှားတာ… စျေးပြောဖို့ခက်တယ်ဗျ!’’
‘’အဟမ်း..အဟမ်း!’’ ကျောက်လီယွမ်က စျေးနှုန်းကြားသည်နှင့် သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူကအလျင်စလိုနှင့် ဝန်ထမ်းများဆီလှမ်းပြီး_ ‘’သတိထားကြနော်… အသာလုပ်ကြ… အဲဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေကို မထိစေနဲ့'’
နောက်စရာမဟုတ်။ ငါးရောင်စပ်က ယွမ် ၅၀၀၀ ကျော်တယ်ဆိုတော့ သက်တန့်ရောင်က ဘယ်လောက်စျေးကြီးလိုက်မလဲ?
ဟို ၂၅ ပင်၏တန်ဖိုးကပင် ခန့်မှန်းမရပေ။ ဒီတိုတဲ့အပင်လေးတွေကလည်း သက်သာမည်မဟုတ်။
သူတို့ရဲ့ရွှေ့ပြောင်းစရိတ်က ဘယ်လောက်ကျမလဲ?
မတော်တဆများ တစ်ပင်ချိုးမိပါက သူတို့ရွှေ့ပြောင်းစရိတ်မှာ အလျော်ပေးရန်လောက်မည်မဟုတ်ပေ။
ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်အားလုံးကို အချိန်ယူကာ ကားထဲရွှေ့ပြီးနောက် ကားယာဉ်တန်းမှာ စံအိမ်ဆီထွက်ခွာလာခဲ့သည်။
ချင်လင်လည်း ရွှေ့ပြောင်းကားနှင့်အတူထွက်လာ၏။ သူကစိတ်ပျော်ရွှင်စွာနှင့် သူပုံဖော်တော့မည့် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကို မျှော်မှန်းကြည့်နေသည်။
သို့သော် သူဖြေရှင်းစရာတချို့ရှိနေသေး၏။
သူ့မိသားစုမှာ အကြွေးတွေအများကြီးရှိနေဆဲပင်။ သာမန်သုံးပွင့်ဆိုင်ဇီးပန်းပင်တစ်သောင်းအတွက် ချူပ်ဆိုထားသည့်အွန်လိုင်းစာချုပ်မှာ စရံငွေသာပေးရသေးသည်။ သူ့ဘဏ်ကတ်ထဲရှိငွေမှာ သူ့အကြွေးများဆပ်ရန် လုံလောက်သေးသည်လေ!