← Chapters

အတ္တကြီးသောအမျိုးသမီးတစ်ဦး!

Vol. 3 Ch. 32

အတ္တကြီးသောအမျိုးသမီးတစ်ဦး!

Vol. 3 Ch. 32

မကြာမီ_

လျှပ်စစ်ဆိုင်ကယ်လေးမှာ ချင်းလင်စံအိမ်အပေါက်ဝရောက်လာ၏။

''ဒါဖုဟိုင်စံအိမ်မဟုတ်ဘူးလား? ဘာလို့နာမည်ပြောင်းသွားတာလဲ?'' ချင်ရန်က ပဟေဠိဖြစ်နေသည်။ အရင်ကသူ ဒီနေရာကို ချင်လင်နှင့်ရောက်ခဲ့ဖူး၏။ ထိုအချိန်တုန်းက သူတို့နှစ်ယောက်မှာ ဘွဲ့မရသေး။ နွေရာသီအားလပ်ရက်တွင် အလည်ထွက်ခဲ့ကြခြင်းဖြစ်၏။

ချင်လင်၏လျှပ်စစ်ဆိုင်ကယ် ခန်းမရှေ့တွင်ရပ်လိုက်လျှင် သားသားနားနားဝတ်ဆင်ထားသော ကောင်းယောင်ယောင်က ရှေ့ထွက်လာပြီး_ ''သူဌေး!''

''လင်ဇီ... ဒီမိန်းကလေးမဆိုးဘူး... နေပါဦး သူဌေး?'' ချင်ရန်က သူ့အကျင့်အတိုင်း မိန်းမလှလေးအပေါ်အာရုံရောက်နေစဉ် ရုတ်တရက်တုံ့ပြန်လိုက်သည်_ ''လင်ဇီ... မင်းကဒီစံအိမ်ရဲ့သူဌေးလား? ဒါကြောင့် ချင်လင်စံအိမ်လို့ခေါ်တာကိုး''

''တရန် သွားစို့... ဗီဒီယိုရိုက်ဖို့နေရာကြည့်ရအောင်... ဒီမိန်းကလေးက ကောင်းယောင်ယောင်တဲ့... ဒီနေ့သူက သရုပ်ဆောင်လုပ်လိမ့်မယ်'' ချင်လင်က ချင်ရန်ကိုခေါ်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆီ သွားလိုက်သည်။

''သေစမ်း!'' ချင်ရန်က သူ့ရှေ့ရှိသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုတွေ့လျှင် အံ့အားသင့်သွားသည်_ ''လင်ဇီ... ဒါမင်းလုပ်ထားတာလား?''

''ဟုတ်တယ်! ငါလည်းပြီးတာ မကြာသေးဘူး'' ချင်လင်က ခေါင်းညိမ့်လိုက်၏။

''လင်ဇီ... မင်းကအံ့သြဖို့ကောင်းလိုက်တာ!'' ချင်ရန်က တန်းချီးကျူးလိုက်သည်။

သူက သူ့ညီအစ်ကိုရဲ့မိသားစုအခြေအနေကို ကောင်းကောင်းသိပြီးသား။ ရုတ်တရက်ဒါကို လုပ်ချလိုက်တော့ သူဘယ်လောက်အံ့သြသွားတယ်ဆိုတာ သိသိသာသာပင်။

ဒီပန်းပင်လယ်က ဘယ်လောက်ကုန်ကျမလဲ?

သို့သော်လည်း သူထပ်မမေးတော့။ သူထပ်ပြီးစပ်စုနေလျှင် တစ်မျိုးတစ်ဖုံဖြစ်သွားလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လူတိုင်းက ကံအားလျော်စွာဖြစ်တတ်တာပဲ။ သူ့ညီအစ်ကိုက ထီပေါက်တာလား ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံသူရှိတာလားမသိ။

ချင်လင်ကပြုံး၍_ ''တရန်... မင်းရဲ့စတူဒီယိုကို ဒီပန်းပင်လယ်အတွက် ကြော်ငြာဓာတ်ပုံနဲ့ဗီဒီယိုရိုက်ခိုင်းမလို့''

''အာ...'' ချင်ရန်က ထိုစကားကြားသည်နှင့် ချက်ချင်းအောင့်သီးအောင့်သက်ဖြစ်သွားသည်_ ''ဒါကို ငါတစ်ယောက်တည်း မလုပ်နိုင်ဘူး!''

ချင်လင်က တွေးမိပြီးသားဖြစ်သဖြင့် ပြုံးကာ_ ''ငါမင်းရဲ့စတူဒီယိုအတွက် လုပ်ငန်းစဉ်ပေးမယ်... ငါ့ကိုစျေးလျှော့ပေးဦး!''

''စျေးလျှော့ပေးရုံတင်မကဘူး... အကောင်းဆုံးဝန်ဆောင်မှုပါပေးမယ်... ငါ့ကိုကြယ်ငါးပွင့်ပေးဖို့မမေ့နဲ့'' ချင်ရန်က အချိန်ဖြုန်းမနေတော့ဘဲ သူ့ဖုန်းကိုထုတ်ကာ ခေါ်လိုက်သည်။



အမှန်တကယ်လည်း သူတစ်ယောက်တည်းမလုပ်နိုင်။ ချင်လင်က သူ့ကိုစီးပွားဖြစ်စေချင်မှန်း နားလည်သဖြင့် သေချာပေါက်ကောင်းကောင်းလုပ်ရပေမည်။

ချင်လင်က သူ့နောက်တွင် ကောင်းယောင်ယောင်ဖုန်းကြည့်ရင်းပြုံးစိစိလုပ်နေသည်ကိုမြင်သဖြင့် စိတ်ဝင်စားသွားပြီး_ ''ဘာလို့ဒီလောက်တောင် ပြုံးနေရတာလဲ?''

ကောင်းယောင်ယောင်က ချင်လင်ပြောသည်ကိုကြားလျှင် အသိပြန်ဝင်လာပြီး မေးလိုက်သည်_ ''သူဌေး... ကျွန်မ ရုံချန်းစီရင်စုထဲမှာ အသားပိုင်မုန့်တံဆိပ်ကို မှတ်ပုံတင်လိုက်တယ်... ပြီးရင် ရုံချန်းစီရင်စုထဲကဆိုင်တွေမှာ အသားပိုင်မုန့်အလကားစားလို့ရပြီမလား? သူတို့က ကျွန်မတံဆိပ်ကိုသုံးတာလေ''

ချင်လင်ကအံ့အားသင့်စွာနှင့်_ ''အာ! မင်းဘာတွေတွေးနေတာလဲ? အဖိအနှိပ်ခံရမှာမကြောက်ဘူးလား?''

ကောင်းယောင်ယောင်က ခေါင်းလေးပုဝင်သွားကာ_ ''ကျွန်မနောက်နေလို့လား? ကျွန်မဗီဒီယိုတစ်ခုတွေ့လိုက်တာ... အသားပိုင်မုန့်တံဆိပ်ကို တစ်ယောက်ယောက်ကမှတ်ပုံတင်ပြီး အသားပိုင်မုန့်ရောင်းတဲ့ဆိုင်တစ်ရာလောက်ကို တစ်ဆိုင် ယွမ် ၉၉၈၀၀ နှုန်းနဲ့တရားစွဲတာတဲ့''

''ဘယ်လို?'' ချင်လင်က မယုံသင်္ကါမျက်နှာထားဖြစ်သွား၏။

သူသာနိုင်သွားရင် ပိုက်ဆံဘယ်လောက်များရလိုက်မလဲ? မျက်စိတစ်မှိတ်အတွင်း မီလီယံဆယ်ချီရသွားမှာ။ သူ့လုပ်ငန်းထက်တောင် ပိုလွယ်နေသေးသည်။

တေလေဂျပိုးဖြစ်မှာ ကြောက်စရာမဟုတ်သော်လည်း တေလေဂျပိုးမွေးနေသလိုဖြစ်မှာ ပိုကြောက်ရသည်။

သူ့တွင် ရုံချန်းစီရင်စုအသားပိုင်မုန့်တံဆိပ်နှင့် မြို့ကိုကျော်လွန်၍ ခေါက်ဆွဲအားလုံး၊ ဝက်ခေါင်းသားအားလုံးကို မှတ်တမ်းတင်လိုစိတ်ဖြစ်လာလေသည်!

သို့သော်လည်း အတွေးသက်သက်မျှသာ။ သူ့ကို အမှန်တကယ် ဖိနှိပ်ကြပေလိမ့်မည်။ နောက်ပြီး ဒီကိစ္စကို အရာရှိတွေက သေချာပေါက်ကိုင်တွယ်ကြမှာပင်။ တစ်ယောက်ယောက်ကတော့ တရားဝင်တန်ဖိုးကို ပေးဆောင်ရပေမည်။ တစ်နည်းအားဖြင့် လူအဖွဲ့အစည်းအတွင်းမှလူများ စည်းကမ်းလိုက်နာလာပေမည်။ ပရမ်းပတာမဖြစ်ဘဲ နေမည်မဟုတ်။

ချင်ရန်ခေါ်လိုက်သည်နှင့် စတူဒီယိုမှလူသုံးယောက် လျင်လျင်မြန်မြန်ရောက်လာသည်။

သူတို့သုံးယောက်က စံအိမ်ရောက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုမြင်သည်နှင့် အလွန်အံ့သြသွားကြ၏။

သူတို့က ချင်ရန်ကို သူ့ညီအစ်ကိုအတွက် သီးသန့်ကူညီရန်ထွက်သွားသည်ဟု ထင်နေခဲ့ရာမှ မထင်မှတ်ဘဲ ထိုညီအစ်ကိုမှာ အံ့အားသင့်ဖွယ်ဖြစ်နေပြီး လုပ်ငန်းကြီးတစ်ခုပေးနေလေပြီ။

သူတို့မှာ ဘာလို့ဒီလိုညီအစ်ကိုမျိုးမရှိရတာလဲ?

ထို့ပြင်ချင်လင်အတွက် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုရိုက်ကူးနေရင်းမှ ချင်ရန်တို့အုပ်စုမှာ ပိုပြီးအံ့အားသင့်မိပြန်သည်။

တစ်ယောက်ယောက်က ဤပန်းပင်လယ်ကို အပြင်ပိုင်းမှကြည့်ပြီး စွဲမက်စရာကောင်းလောက်အောင်လှပါသည်ဟုဆိုလာလျှင် အထဲဝင်ကြည့်ပြီး အလယ်ထဲရောက်လာမှ ပိုပြီးမယုံနိုင်စရာကောင်းမှန်းသိပေမည်။

အထူးသဖြင့် အလယ်ပိုင်းတွင် စံအိမ်သရုပ်ဆောင်နှင့်လိုက်ဖက်မှုကြောင့် ဗီဒီယိုနှင့်ဓာတ်ပုံများမှာ အမှန်တကယ်ကဗျာဆန်ကြောင်း သိလာ၏။ မြင်ကွင်းမှာလှပလွန်း၍ အနုပညာဟုပင်ထင်ရသည်။

လုပ်ဖော်ကိုင်ဖက်တစ်ဦးက အံ့သြစွာနှင့်_ ''ချင်ရန်... မဆိုးဘူး... မင်းရဲ့ဓာတ်ပုံစကေးတက်လာတယ်လို့တောင် ခံစားရတယ်... ပရော်ဖက်ရှင်နယ်ကျနေတာပဲ''

''အဲဒါဒီနေရာက အရမ်းလှလို့လေ'' ချင်ရန်လည်း ပြုံးနေမိသည်။ သူ့အတွက်လည်း ဒီလိုပြီးပြည့်စုံတဲ့ဗီဒီယိုနှင့်ဓာတ်ပုံကိုရိုက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။

အဓိကက အလှဆုံးသုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်ဖြစ်၏။ ထိုပုံနှင့်ဗီဒီယိုတို့မှာ ထိပ်တန်းဆရာများ၏လက်ရာနှင့်မခြား။

သူက ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်တွင် ဂိမ်းထဲမှအရည်အသွေးများပါဝင်နေမှန်းမသိပေ။

ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်သုံးပင်မှာ +၃ အရည်အသွေးရှိလေသည်။

''လင်ဇီ... ငါတို့ဒီနေ့ညအချိန်ပိုဆင်းပြီး မင်းရဲ့ကြော်ငြာဗီဒီယိုနဲ့ဓာတ်ပုံတွေရိုက်ပေးမယ်... မနက်ဖြန်ဆို မင်းသုံးလို့ရပြီ'' ချင်ရန်က ချင်လင်မသွားခင်ကတိပေးလိုက်၏။

စတူဒီယိုသို့ပြန်ရောက်သောအခါ ချင်ရန်က သူ့လုပ်ဖော်ကိုင်ဖက်များအား_ ''အားလုံးပဲ... ဒီညအချိန်ပိုဆင်းရမယ်... ငါ့ညီအစ်ကိုရှေ့မှာ ငါ့ကိုမျက်နှာပျက်ရအောင်မလုပ်နဲ့''



အခြားသူများကလည်း ပြုံး၍ သဘောတူလိုက်ကြသည်။

တကယ်တော့ သူတို့လည်းမတုံးပေ။ ဗီဒီယိုရိုက်နေရင်းနှင့် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ကျော်ကြားလာမည့်အရာမှန်း ခံစားမိကြသည်။ ဒီတော့ ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံတွေကလည်း သူတို့ကို လူသိရှင်ကြားဖြစ်စေမှာဖြစ်၍ ပြီးပြည့်စုံနေရပေမည်။

ညနေပိုင်းတွင်_

လျောင်လီက သူမ၏ဝမ်းကွဲညီအစ်မချူးနာကို ထပ်ခေါ်လာသည်။ သူမခင်ပွန်းအနောက်ဘက်ရောက်သော် သူတည်းဖြတ်နေသောဗီဒီယိုကိုမြင်မိပြီး မအံ့သြဘဲမနေနိုင်တော့ချေ_ ''ယောက်ျား... ဒါကိုဘယ်ကရိုက်လာတာလဲ? လှလိုက်တာ!''

ချူးနာကပင် စပ်စပ်စုစုနှင့်_ ''ရုံချန်းစီရင်စုထဲမှာ ဒီလောက်လှတဲ့နေရာရှိလို့လား?''

ဗီဒီယိုရိုက်ထားတာတောင် ဒီလောက်လှနေရင် အပြင်မှာဆို ဘယ်လောက်လှလိုက်မလဲ?

ချင်ရန်က သူ့ဇနီးမေးသံကြားလျှင် ဂုဏ်ယူစွာနှင့်_ ''ရှောင်လီ... ကိုယ်ပြောပြမယ်... ချင်လင်က ကြိတ်လုပ်ထားတာကွ... သူကစံအိမ်ဆောက်ပြီး အဲဒီအထဲမှာ ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုလုပ်ထားတာ... ဒီသုံးပွင့်ဆိုင်ဇီးပန်းပင်တွေဆို သာမန်အပင်နဲ့မတူဘူး... ဧက ၃၀ ဆိုရင်ကို ယွမ်သန်းချီတန်နေပြီ... ဒီကောင်လုပ်နိုင်တယ်''

သူ့စကားသံတွင် သူ့ညီအစ်ကိုအတွက် အံ့သြပျော်ရွှင်ခြင်းများနှင့်ပြည့်နှက်နေပြီး လျောင်လီကို မယုံနိုင်လောက်အောင်ဖြစ်စေသည်။

သူ့အိမ်မိသားစုအခြေအနေကိုလည်း သူမအသိပဲ။

သို့သော်ချူးနာကတော့ တစ်ခုခုမှားနေသည်ဟုထင်၏။

အမှားတစ်ခုခုလုပ်မိတာလား?

လျောင်လီက သူ့ခင်ပွန်း၏အလုပ်ကိုမနှောင့်ယှက်တော့ဘဲ သူ့ညီအစ်မဝမ်းကွဲကို လက်တို့ကာခေါ်သွားလိုက်သည်။

ချူးနာက စိတ်ပူစွာနှင့်_ ''လီလီ... ငါ့ကို ချင်လင်ရဲ့ Wechat အကောင့်ပို့ပေး!''

လျောင်လီက ရွှတ်နောက်နောက်ဖြင့်_ ''ညီမ... နင်ပဲအရင်တစ်ခါကပြောတော့ နောက်နေတာဆို?''

ချူးနာက ဂရုမစိုက်ဘဲ_ ''ငါမှ သူ့အခြေအနေမသိတာ... မိန်းကလေးတစ်ယောက်အနေနဲ့ အခြေအနေကောင်းတဲ့သူကို ဘာလို့မရှာရမှာလဲ?''

လျောင်လီက မတတ်သာတော့ဘဲ ချင်လင်၏ Wechat အကောင့်ကို သူ့ညီအစ်မဝမ်းကွဲဆီပေးလိုက်ရတော့သည်။

ချူးနာက သူ့ကိုချက်ချင်းပင် Wechat တွင် အပ်လိုက်၏။

တစ်ဖက်တွင် ချင်လင်ကလည်း Wechat မိတ်ဖွဲ့ရန်အသိပေးစာရလိုက်သည်_ ''ကျွန်မက လျောင်လီရဲ့ညီအစ်မဝမ်းကွဲပါ... ကျွန်မတို့မိတ်ဆွေဖွဲ့လို့ရမလား?''

သူကမျက်မှောင်ကြုတ်လိုက်မိသည်။ ဘာလို့ လျောင်လီရဲ့ညီအစ်မဝမ်းကွဲက အကြောင်းမရှိအကြောင်းရှာ မိတ်လာဖွဲ့တာလဲ?

သူကပရိုဖိုင်ကိုဖွင့်ကြည့်လိုက်ရာ ဓာတ်ပုံမှာ ဖိုတိုရှော့နှင့်အပီအပြင်ပြင်ထားသော်လည်း လျောင်လီဘေးကထိုမိန်းကလေးမှန်း ရေးတေးတေးပုံဖော်၍ရသေး၏။

ဓာတ်ပုံနှင့်အလွန်တရာကွာခြားနေခြင်းသာ။

သို့သော် သူတစ်စုံတရာသဘောပေါက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးဆုံပြီးတော့ Wechat မှာမအပ်ခဲ့ဘဲ ဘာလို့အခုမှရုတ်တရက်လာအပ်လဲဆိုတာ?

မိုချင်းရှိပြီးနောက် အကြောင်းမရှိလျှင် Wechat တွင် ဘယ်မိန်းကလေးကိုမှမအပ်ခဲ့။ ကျောက်မိုချင်းအပေါ်ထားသည့်လေးစားမှုကြောင့် သူမကိုလုံးလုံးလျားလျားငြင်းပယ်လိုက်ချင်သော်လည်း လျောင်လီ၏ညီအစ်မဝမ်းကွဲဟုတွေးမိသောအခါ ပါးပါးနပ်နပ်စာပြန်လိုက်၏။_ ''စိတ်မကောင်းပါဘူး... ကျွန်တော့်ဇနီးက ဆန့်ကျင်ဘက်လိင်တွေလာအပ်ရင် ခွင့်မပြုပေးလို့ပါ!''

တစ်ဖက်တွင် လျောင်လီ၏ဝမ်းကွဲမှာ ကြက်သေသေသွားသည်_ ''လီလီ... ချင်လင်ကအိမ်ထောင်ရှိတယ်ဆိုတာ ဘာလို့မပြောတာလဲ?''

''???'' လျောင်လီလည်း မှင်တက်သွား၏။ ချင်လင်လက်ထပ်ပြီးပြီဆိုရင် ချင်ရန်သေချာပေါက်သိမှာပဲ။ သူတို့လက်မထပ်ရသေးပါဘူး။

သို့သော်ချင်လင်က သူမခြေလှမ်းကိုရိပ်မိပြီး ပါးပါးနပ်နပ်ငြင်းလိုက်မှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် ခေါင်းခါလိုက်မိပြီး သူ့ညီအစ်မဝမ်းကွဲကို သတိမပေးတော့ချေ။

သူ့ညီအစ်မဝမ်းကွဲက ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်ချင်ဘဲ ဆင်ခြင်ဉာဏ်နည်းတဲ့သူပင်။ သူမဓာတ်ပုံကို ဖိုတိုရှော့နှင့်အလှပြင်ပြီး သူမကိုအထင်ကြီးသည့် မရင်းနှီးသောယောက်ျားများကိုဆွဲဆောင်နိုင်မည်ဟု ထင်နေသည်။

အခုတောင် ကျန်ရစ်ဖြစ်နေသည့်မိန်းမက ငယ်ငယ်ချောချောသူဌေးသားကိုရချင်နေသော်လည်း ထိုငယ်ငယ်ချောချောသူဌေးသားက သူမကို လုံးဝပြန်မကြိုက်ပါချေ။



All Chapters