← Chapters

အတွေ့အကြုံရပြီ! ငါတို့အတူတူ!

Vol. 3 Ch. 33

အတွေ့အကြုံရပြီ! ငါတို့အတူတူ!

Vol. 3 Ch. 33

နောက်တစ်နေ့တွင်_

ချင်လင်သည် ချင်ရန်ထံမှ ကြော်ငြာဗီဒီယိုနှင့်ဓာတ်ပုံများပြီးပြီဟူသောဖုန်းကိုလက်ခံရလိုက်သည်။

သူက ချင်ရန်၏စတူဒီယိုကိုချက်ချင်းပြေးသွားလိုက်၏။

''လင်ဇီ... မင်းကိုယ်တိုင်ကြည့်ကြည့်ပါဦး... စိတ်တိုင်းမကျရင် ပြန်ပြင်ပေးမယ်'' ချင်ရန်က ကြော်ငြာဗီဒီယိုကို ချင်လင်အား ဖွင့်ပြလိုက်သည်။

ချင်လင်က ကြော်ငြာဗီဒီယိုကို အလွန်စိတ်ကျေနပ်နေသည်။ ချင်ရန်တို့စတူဒီယိုက အားစိုက်လုပ်ထားမှန်းသိသာ၏။ သူကချင်ရန်ကိုအခက်မတွေ့စေရန် သူ့လုပ်ဖော်ကိုင်ဖက်များရှေ့တွင်ပင် စတူဒီယိုအတွက် ငွေရှင်းပေးလိုက်သည်။

ဒီကထွက်သည်နှင့် လူသိအောင်လုပ်ရတော့မည်။

ခရီးသွားများကိုမဆွဲဆောင်နိုင်ခင် အရင်ဆုံး ရုံချန်းစီရင်စုဒေသခံတွေ စိတ်ဝင်စားအောင်လုပ်ရပေမည်။

ထို့ကြောင့်သူက RT စျေးသို့ထွက်လာခဲ့၏။

ရုံချန်းစီရင်စုတွင် ကြော်ငြာကို တီဗွီအသံလွှင့်ဌာနမှာမလုပ်ကြပေ။ လူတိုင်းလိုလိုက ရုံချန်းစီရင်စုတီဗွီကိုမကြည့်ကြ။ တစ်နည်းအားဖြင့် ထိုအချိန်တွင်ခေတ်မစားသော ဂြိုလ်တုတီဗွီကို ဘယ်သူမှမကြည့်ကြခြင်းပင်။

သို့သော် ရုံချန်းစီရင်စုတွင် လူအများမြင်သာသော နေရာတစ်ခုတော့ရှိပါ၏။

၄င်းနေရာမှာ အရှေ့ပိုင်းစီးပွားရေးစျေးကွက်၏ ဟင်းလင်းပြင်ရှိဖန်သားပြင်ကြီးဖြစ်သည်။ ထိုဖန်သားပြင်ကို စျေးကွက်ပထမထပ်ဆံသဆိုင်ကြီးမှလနှစ်ပေါင်းများစွာ ငှားရမ်းလာခဲ့ပြီး ကုန်စည်မိတ်ဆက်နှင့် ဆံပင်ကြော်ငြာများသာ ထပ်နေသည်။

အရှေ့ပိုင်းတောင်တန်းစီးပွားရေးစျေးကွက်မှာ ရုံချန်းစီရင်စု၏အလယ်ဗဟိုတွင်ရှိသည်။ ထိုနေရာတွင် စားကြသောက်ကြရန်ဆုံကြ၏။

သူ့ပန်းပင်လယ်ကြော်ငြာဗီဒီယိုကိုသာ တင်နိုင်မည်ဆိုပါက ရုံချန်းစီရင်စုမှလူအတော်များများ သိသွားကြပေလိမ့်မည်။

ထိုနေရာရောက်လျှင် ချင်လင်က မန်နေဂျာချန်၏ရုံးခန်းဆီ တန်းသွားလိုက်သည်။ ထိုကိစ္စကို မန်နေဂျာချန်၏အဆက်အသွယ်များမှတဆင့် ဖြေရှင်းရန်ပင်။

ထိုအချိန်တွင်…

ရုံးခန်းထဲ၌မန်နေဂျာချန်က သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို လက်ဖက်ရည်ခွက် ရိုရိုသေသေကမ်းပေးနေ၏_ ''ဥက္ကဌချူ... ကျွန်တော့်မှာ ရွေးချယ်စရာမရှိပါဘူး... တစ်ဖက်လူက ဒီအထူးအရည်အသွေးရှိတဲ့ရုံးပတီသီးမျိုး ၂.၅ ကီလိုဂရမ်ပဲပေးတာ... ကျွန်တော်လည်း ခင်ဗျားကို ၃ ကတ်တီခွဲပေးပြီးပြီ''

အင်းလေ... မန်နေဂျာချန်က ၁၀ ကတ်တီရတယ်လို့ ဘယ်ပြောရဲပါ့မလဲ။ ဥက္ကဌချူက ရုံချန်းစီရင်စုနှင့်သဲမြို့တော် RT စျေး၏တာဝန်ခံပုဂ္ဂိုလ်ဖြစ်သည်ကိုး။ သူက စကားကုန်ပြောလိုက်သည်။ တစ်ဖက်လူက ဌာနချုပ်ရုံးဒါရိုက်တာရဲ့ယောက်ဖလည်းဖြစ်သည်လေ။ သူပြောလိုက်လျှင် ထိုလူကလုံးဝလိုချင်သွားလိမ့်မည်။ သူလည်းမပေးဘဲ ငြင်းရဲမည်မဟုတ်။

ထိုအရာမှာ ယောက်ျားများအတွက် ရှားပါးပစ္စည်း။ သူတို့၏လိင်ပျော်ရွှင်မှုအတွက်ပင်။

''သူ့ကိုနည်းလမ်းရှာဖို့ ပြောကြည့်လို့မရဘူးလား?'' ဥက္ကဌချူက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ သည်အရွယ်တွင် ယောက်ျားများမှာ မိသားစုကိုကောင်းကောင်းဂရုစိုက်ပြီး အပြင်တွင်ယုန်ဖြူမလေးများနှင့် ပျော်ပါးချင်သည့်ဆန္ဒရှိစမြဲ။ သူ့တွင်ထိုသို့လုပ်နိုင်စွမ်းမရှိ၍ ထိုအထူးရုံးပတီသီးမှာ အံ့သြဖို့ကောင်း၏။ အာနိသင်က သိသိသာသာပင်။

မန်နေဂျာချန်က မတတ်နိုင်ဟန်ဖြင့်_ ''ဥက္ကဌချူ... ကျွန်တော်လည်းသူ့ကိုပြောပါတယ်... ဒါပေမဲ့ဒါက ပိုက်ဆံနဲ့ဝယ်လို့ရတဲ့ကိစ္စမဟုတ်ဘူး... တစ်ဖက်လူကလည်းပြောတယ်... တကယ်နည်းနည်းပဲရတယ်တဲ့''

ထိုစကားကို ဥက္ကဌချူကြားလျှင် စိတ်ပျက်လက်ပျက်ဖြစ်သွားလေသည်။



ထိုအချိန်တွင် တံခါးခေါက်သံကြားလိုက်ရ၏။

မန်နေဂျာချန်ကထပြီး တံခါးဖွင့်လိုက်သည်။ ချင်လင်ကိုတွေ့သော် သူ့မျက်နှာဝင်းလက်သွား၏_ ''သူဌေးချင်... ဒီနေ့ဘယ်လိုဖြစ်ပြီး အစောကြီးရောက်လာတာလဲ?''

ချင်လင်ကပြုံးပြီး_ ''မန်နေဂျာချန်... ကျွန်တော်ဒီနေ့လာတာ အကူအညီတစ်ခုတောင်းမလို့... အရှေ့ပိုင်းစီးပွားရေးစျေးကွက်ရဲ့လေဟာပြင်ဖန်သားပြင်ကို ခင်ဗျားရဲ့ RT စျေးကငှားထားတာမဟုတ်လား? ကျွန်တော်ကြော်ငြာထည့်ချင်လို့... အဲဒါ RT စျေးကနေ နေ့စဉ်အချိန်နည်းနည်းလောက်ငှားပေးလို့ရမလား?''

''ဥက္ကဌချူ သူက...'' မန်နေဂျာချန်က ချက်ချင်းဥက္ကဌချူကိုကြည့်၍ ချင်လင်နှင့်မိတ်ဆက်ပေးရန်လုပ်လိုက်သည်။ ဥက္ကဌချူကလည်း ဒီကိစ္စကိုအဆုံးအဖြတ်ပေးနိုင်သည်ပင်။

ဥက္ကဌချူက စိတ်ကြည်မနေ။ သူကစိတ်ညစ်ညစ်နှင့် မန်နေဂျာချန်ကို စကားဖြတ်ပြောလိုက်၏_ ''မန်နေဂျာချန်... ငါတို့ကုမ္ပဏီရဲ့ကြော်ငြာချိန်ကို တခြားကုမ္ပဏီတစ်ခုကိုငှားရလောက်အောင် ပိုက်ဆံချို့တဲ့နေလို့လား? ငှားလို့မဖြစ်ဘူး''

ထိုစကားကြားသည်နှင့် မန်နေဂျာချန်က ဒုက္ခရောက်ပြီမှန်းသိလိုက်ပြီ။

ရုံးပတီသီးက သူများအပေါ်အားကိုးရတုန်းလေ။

သူက လျင်လျင်မြန်မြန်ပင်_ ''ဥက္ကဌချူ... သူဌေးချင်က ရုံးပတီသီးပို့တဲ့တစ်ယောက်ပဲ''

''???'' ဥက္ကဌချူက စက္ကန့်ပိုင်းမျှကြောင်သွား၏။

သောက်...

ခဏအကြာ သူကပြုံး၍ ချင်လင်၏လက်ကိုဆွဲရန်ရှေ့တိုးသွားလိုက်၏_ ''သူဌေးချင် မင်္ဂလာပါမင်္ဂလာပါ... ကျုပ်တို့က ကြော်ငြာချိန်ကိုတဆင့်ငှားရမ်းပေးလို့မရဘူးဗျ... ကျုပ်တို့ကအဲလောက်ပိုက်ဆံကိုမလိုဘူးလေ... ဒါပေမဲ့ မိတ်ဖြစ်ဆွေဖြစ်အနေနဲ့ တစ်နေ့ကိုအချိန်နည်းနည်းတော့ ပေးပါ့မယ်''

''???'' မန်နေဂျာချန်က အတွေ့အကြုံရလိုက်ပြီ!

ချင်လင်က ထိုစကားကိုကြား၍ အံ့သြနေသည်။

သူလာတုန်းကတောင် စီးပွားရေးစျေးကွက်မှာ ဗီဒီယိုတင်ဖို့ဆို ပိုက်ဆံဘယ်လောက်လိုမလဲဟု တွေးနေမိသေး၏။ တစ်ဖက်လူက သူ့ကိုအလကားပေးမည်ဆိုတာ ထင်မထားမိပေ။

သို့သော် သူများကသူ့ကိုအကြောင်းအရင်းမရှိဘဲ ရုတ်တရက်ကြီးအခွင့်အရေးပေးမည်မဟုတ်မှန်း သူသိ၏။ သူတို့တွင် တောင်းဆိုစရာရှိပေမည်။

ထိုအချိန်တွင် ဥက္ကဌချူကမေးလာသည်_ ''သူဌေးချင်... ဘယ်ကြော်ငြာကို မင်းကတင်ချင်တာလဲ? ငါမင်းအတွက် သင့်တော်တဲ့အချိန်တစ်ခုထားပေးမယ်''

ဒါအကြံအစည်ရှိတဲ့ဝန်ဆောင်မှုဆိုတာ သေချာနေပြီ။

ချင်လင်က_ ''ဥက္ကဌချူ... ကျွန်တော်အခုစံအိမ်တစ်ခုနဲ့ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆောက်ထားပါတယ်... အဲဒါလေးကိုကြော်ငြာချင်တာပါ'' ဟု ရှင်းပြလိုက်သည်။

ဥက္ကဌချူက ချက်ချင်းပင်_ ''သူဌေးချင်... ဒါဆိုရင် ၇ ခွဲကနေ ၈ ခွဲအချိန်က လူအစည်ဆုံးအချိန်ပဲ... နောက်အပတ်ကစပြီး ဒီအချိန်ကိုအလကားပေးမယ်''

''ကျေးဇူးတင်ပါတယ် ဥက္ကဌချူ'' ချင်လင်က ချက်ချင်းကျေးဇူးတင်စကားဆိုလိုက်သည်။

သူက ဥက္ကဌချူအကွက်ရွှေ့မည်မှန်းသိသဖြင့် သူစကားပြောလာမည်ကိုစောင့်နေလိုက်သည်။

ဥက္ကဌချူကပြုံးရင်း_ ''သူဌေးချင်... အရင်တစ်ခေါက်ကမင်း မန်နေဂျာချန်ကိုရောင်းပေးတဲ့ ရုံးပတီသီးတွေက တကယ်ကောင်းတာပဲ... ငါလည်း နည်းနည်းဝယ်ချင်လို့''

အခုတော့ ဥက္ကဌချူရဲ့အကွက်ကို ချင်လင်သိပြီ။

ဒါကြောင့်ကိုး။

ချင်လင်က ချက်ချင်းပြုံးမိပြီး_ ''ဥက္ကဌချူ... ခင်ဗျားကိုရောင်းလို့ဘယ်ဖြစ်မလဲ... ကျွန်တော်ညနေကျရင် ခင်ဗျားဆီ ၁၀ ကတ်တီပို့ပေးမယ်''

''ကျေးဇူးအများကြီးတင်ပါတယ် သူဌေးချင်!'' ဥက္ကဌချူက ကျေကျေနပ်နပ်ပြုံးလိုက်၏။ ထို့နောက် ရုတ်တရက်_ ''သူဌေးချင်... တကယ်တော့ကျုပ်က သဲမြို့တော် RT စျေးရဲ့တာဝန်ခံလည်းဟုတ်တယ်... အဲဒီက ဝမ်တပလာဇာရဲ့ပထမထပ်မှာလေ... အဲဒီမှာကြော်ငြာဖန်သားပြင်ကြီးကြီးလည်းရှိတယ်... လိုအပ်ရင် အဲဒီမှာပါ သူဌေးချင်ကိုကြော်ငြာချိန်ထည့်ပေးမယ်... သူဌေးချင် နောက်နောင်မင်းမှာ ဒီလိုမျိုးအထူးရုံးပတီသီးရလာခဲ့ရင်သာ ငါ့လိုမိတ်ဆွေကို မမေ့ပါနဲ့''

ချင်လင်က မျက်စိအရောင်လက်လာပြီး_ ''ဥက္ကဌချူ... ရုံးပတီနှင့်ပတ်သက်လို့ ကျွန်တော်နောက်တစ်နည်းစဉ်းစားရပြီ... အချိန်ကျရင် ခင်ဗျားဆီ ၁၀ ကတ်တီပို့ပေးပါ့မယ်''

တကယ်တော့သူ့တွင် အရည်အသွေး ၂ ရုံးပတီသီးမှာ ပြီးခဲ့တဲ့လတွေကတည်းက အများကြီးကျန်နေသေးသည်။ ဂိမ်းထဲမှာထားလျှင် ပုပ်သိုးသွားသည်မဟုတ်၍ အဆောတလျင်ရောင်းရန်မလိုပါချေ။

ထို့အပြင် ရှားပါးကုန်တစ်ခု၏ရောင်းပုံရောင်းနည်းကို သူနားလည်ခြင်းကြောင့်ပင်။



''ဒါဆိုရင်... မင်းကိုပဲဒုက္ခပေးရတော့မယ် သူဌေးချင်'' ဥက္ကဌချူက ချက်ချင်းရွှင်ပျသွားသည်။ ဘာပဲဖြစ်ဖြစ် သူအပြင်မှာပျော်မြူးပြီးပြီဆိုရင် အိမ်ပြန်ပြီး သူ့ဇနီးကိုကျေနပ်အောင်လုပ်ဖို့က တကယ်ခက်သည်လေ။

သူ့ခန္ဓာကိုယ်က မလိုက်နိုင်။

မန်နေဂျာချန်က သူတို့နှစ်ဦးစကားတပြောပြောလုပ်နေသည်ကိုကြည့်ရင်း အောင့်သီးအောင့်သက်ဖြစ်လာသည်။

ဒီအထူးအရည်အသွေးရှိတဲ့ရုံးပတီကို ဥက္ကဌချူကိုရောင်းလိုက်ပြီဆိုတော့ သူကဘာလုပ်ရတော့မလဲ?

ချင်လင်ကသွားမည်အပြု ဥက္ကဌချူလက်ထဲဗီဒီယိုပေးခဲ့လိုက်သည်။ တဖက်လူက စီစဉ်ပေးလိမ့်မည်။ ညနေပိုင်း RT စျေးသို့ ရုံးပတီပို့သည့်အခါ အရည်အသွေး ၂ ရုံးပတီ ၁၀ ကတ်တီကိုလည်း ပို့ခဲ့လိုက်၏။

ဥက္ကဌချူက တစ်ချိန်လုံးတမျှော်မျှော်နှင့်။ ရုံးပတီသီးလည်းရရော ချင်လင်ကို ဝမ်းပန်းတသာနှင့် ညစာပါလိုက်ကျွေးလိုက်သေး၏။ သူက မန်နေဂျာချန်ထက်ပါးနပ်တာ သိသိသာသာပင်။

ဥက္ကဌချူက ကြော်ငြာဗီဒီယိုကို ၇ ခွဲတွင်ထုတ်လွှင့်မည်ဖြစ်ကြောင်း အပ်ကြောင်းထပ်အောင်ပြောနေသည်။ ချင်လင်ကလည်း ရုံးပတီသီးကိုအမြန်ဆုံးရအောင်လုပ်ပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ်ကတိပေးလိုက်၏။

ဒါကဥက္ကဌချူကို အလွန်တရာဝမ်းမြောက်စေသည်လေ။

ချင်လင်အိမ်ပြန်ရောက်လျှင် ၇ နာရီခွဲနေပြီဖြစ်သည်။

အခုအားလုံးစီစဉ်ပြီးပြီဖြစ်၍ သူကစံအိမ်ဖွင့်ရန် ထိုင်စောင့်ဖို့သာလိုတော့သည်။

ရေမိုးချိုးပြီးနောက် ချင်လင်ကဖုန်းထုတ်၍ ကျောက်မိုချင်းကိုခေါ်လိုက်သည်။

အခုတော့ စံအိမ်ကအံ့သြစရာအကြောင်း ကျောက်မိုချင်းကိုပြောပြဖို့ အချိန်ကျပြီ။

ဖုန်းကချက်ချင်းဝင်သွား၏။

ချင်လင်က ချက်ချင်းပင်_ ''မိုချင်း... မင်းကိုပြောပြစရာရှိတယ်... ကိုယ်စံအိမ်ဆောက်နေတယ်လို့ ပြောဖူးတယ်မလား?''

ကျောက်မိုချင်းက_ ''ဟွန့်... ချင်လင် ရှင်နောက်ဆုံးတော့ ကျွန်မကိုပြောတော့မယ်ပေါ့? အန်တီကပြောထားတာဖြင့် ကြာလှပြီ... ရှင်ဘယ်လောက်ကြာကြာဖုံးထားမလဲလို့ စောင့်နေတာ''

ချင်လင်က အနေခက်သွားပြီး_ ''မိုချင်း... ဟုတ်ပါပြီ... ကိုယ်တမင်ဖုံးထားတာ မဟုတ်ပါဘူး... ကိုယ်က မင်းအံ့သြသွားအောင် လုပ်ချင်လို့ပါ''

''အံ့သြအောင်? ကျွန်မကိုတောင် မတိုင်ပင်ဘဲနဲ့!'' ကျောက်မိုချင်းက မကျေနပ်ကြောင်း ထပ်ပြောပြီး_ ''ကျွန်မက ရှင့်စီးပွားရေးကို အားမပေးမှာစိုးလို့လား? ကျွန်မက အဲလောက်တောင်အလိုက်ကန်းဆိုးမသိလို့လား?'' ဟု မေးလိုက်၏။

ချင်လင်က ချက်ချင်းတောင်းပန်လိုက်သည်_ ''ဘယ်ဟုတ်မလဲ... ကိုယ်တောင်းပန်ပါတယ် ဟုတ်ပြီလား?''

ထိုအခါ ကျောက်မိုချင်းစိတ်ပြေသွားပြီး_ ''ဒါကမှဟုတ်သေးတယ်... ချင်လင် နောက်ဆိုရင် ကျွန်မမသိအောင် ဘာမှဖုံးကွယ်မထားပါနဲ့... ပြီးတော့ ရှင့်ပိုက်ဆံတစ်သောင်းနဲ့ ဘာလုပ်လို့ရမှာလဲ? ကျွန်မဆီမှာ ယွမ်ငါးသောင်းရှိသေးတယ်... ရှင်လိုလို့ရှိရင် ရှင်လုပ်ငန်းစလို့ရအောင် ထောက်ပံ့ပေးမယ်''

ထိုစကားလုံးများက ချင်လင်၏နှလုံးသားကို နွေးထွေးစေလေသည်။ သို့သော်ကျောက်မိုချင်းက အရင်သူ့မိခင်၏စကားကို အထင်မှားနေခြင်းပင်။ ချင်းလင်စံအိမ်က ယွမ်တစ်သောင်းတန်လယ်တောအိမ်မဟုတ်ပေ။

ချင်လင်ကပြုံးပြီး_ ''မနက်ဖြန်စံအိမ်ဖွင့်မယ်''

''ဒါဆို ကျွန်မမနက်ဖြန်ခွင့်ယူလိုက်မယ်'' ကျောက်မိုချင်းကလည်း ချက်ချင်းပြန်ပြောလိုက်သည်။ ချင်းလင်လယ်တောအိမ်က သေးငယ်သည်ဖြစ်စေ ပိုင်ရှင်ကတော်အနေနဲ့ သူမရှိနေရပေမည်။ ထိုသို့ပြောပြီးနောက်_ ''ဟုတ်သားပဲ... ကျွန်မရှင်နဲ့မပြောတော့ဘူး... ယောက်မနဲ့ စျေးဝယ်ထွက်ရမယ်''

တစ်ဖက်တွင် ကျောက်မိုချင်းသည် ဖုန်းချလိုက်ပြီး အရှေ့ပိုင်းစီးပွားရေးစျေးကွက်သို့ လီကျားဝမ်နှင့် လျှောက်သွားလိုက်သည်။

လီကျားဝမ်က သူ့ယောက်မကိုကြည့်၍ သက်ပြင်းချလိုက်သည်_ ''နင့်လိုမိုက်မဲတဲ့မိန်းကလေးမျိုး ငါတစ်ခါမှမမြင်ဖူးဘူး... နင့်ကောင်လေးစီးပွားရေးလုပ်ဖို့တောင် ပိုက်ဆံထုတ်ပေးဦးမယ်ပေါ့?''

''ယောက်မ... ဒါကိုလျှို့ဝှက်ထားပေးပါ!'' ကျောက်မိုချင်းက အလျင်အမြန်ပြောလိုက်သည်။

သူ့ကောင်လေးအတွက်ပေးတာလား? သူ့ယောက်ျားအတွက်လေ။ သူနဲ့ချင်လင်က တိတ်တိတ်လေးလက်ထပ်ထားပြီးပြီ။

''နင်!'' လီကျားဝမ်က ခေါင်းခါလိုက်သည်။

ထိုအချိန်တွင် အမျိုးသမီးနှစ်ဦးသည် ရေရွတ်သံတချို့ကို ရုတ်တရက်ကြားလိုက်ရ၏။

''စျေးကွက်မှာတင်ထားတဲ့ဗီဒီယိုကိုကြည့်ပါဦး... လှလိုက်တာ!''

''ဒီပန်းပင်လယ်က ဘယ်မှာလဲ?''

စျေးကွက်ထဲတွင် တစ်စတစ်စနှင့်လူများ မော့ကြည့်လိုက်ကြပြီး ပန်းပင်လယ်ကိုမြင်သော် မှင်သက်သွားကြ၏။ ခမ်းနားပြီး ကဗျာဆန်သော ဗီဒီယိုက ဆွဲဆောင်ထားလေသည်။

ပန်းပင်လယ်က လှလိုက်တာလွန်ရော!



All Chapters