← Chapters

ဘယ်လိုလုပ်ချင်လင်ဖြစ်နိုင်မှာလဲ?! စျေးရောင်းနည်းအသစ်၏ကနဦးအစ!

Vol. 3 Ch. 34

ဘယ်လိုလုပ်ချင်လင်ဖြစ်နိုင်မှာလဲ?! စျေးရောင်းနည်းအသစ်၏ကနဦးအစ!

Vol. 3 Ch. 34

လူများစွာက စျေးကွက်အပြင်ဘက်ဗီဒီယိုကို ကြည့်နေကြသည်။ ၄င်းပေါ်တွင် အမှတ်တမဲ့ပေါ်လာသော ပန်းပင်လယ်ဗီဒီယိုမှာ သဘာဝအတိုင်းဆွဲဆောင်မှုရှိနေလေသည်။

ဖန်သားပြင်ကြောင့် ဗီဒီယိိုကိုပိုပြီး သဘာဝအနုပညာလက်ရာဆန်ဆန်ပုံပေါ်စေ၏။

ဗီဒီယိုကင်မရာအနီးကပ်ရိုက်ချက်ကြောင့် သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ ပို၍နှစ်လိုဖွယ်ကောင်းပေသည်။

တစ်စတစ်စနှင့် စျေးကွက်တွင် လူများရောက်လာပြီး လေဟာပြင်ဖန်သားပြင်ပေါ်မှ ပန်းပင်လယ်ကို ငေးမကြည့်ဘဲမနေနိုင်ကြတော့ချေ။

မကြာမီ သရုပ်ဆောင်ကောင်းယောင်ယောင်ပေါ်လာ၏။ သူမကလှလှပပဝတ်ဆင်ထားပြီး ခရီးသွားသူရှုထောင့်အတိုင်း ပန်းပင်လယ်အလယ်ထဲသို့ လမ်းလျှောက်သွားလိုက်သည်။ အရည်အသွေး ၃ သက်တန့်ရောင်အပင်များအောက်အရာက်တွင် မတ်တပ်ရပ်လိုက်၏။

သူမဘေးပတ်လည်တွင် ဂေဟစနစ်သဟဇာတဖြစ်မှု +၃ အရည်အသွေးကြောင့် လိပ်ပြာများရစ်ဝဲနေကြသည်။ ငှက်အော်မြည်သံများမှာ သာယာနာပျော်ဖွယ်ပင်။ ကောင်းယောင်ယောင် ရှဉ့်တချို့ကို ထင်းရှူးသီးစေ့ကျွေးနေသေး၏။ ထိုသဟဇာတဖြစ်လှသောမြင်ကွင်းမှာ မျက်စိကိုဖမ်းစားထားပေသည်။

အံ့သြသံများ ထပ်ကြားလိုက်ရ၏။

''သုံးပွင့်ဆိုင်ဇီးပန်းပင်တွေနားမှာ လိပ်ပြာတွေပျံနေတာ အများကြီးပဲ''

''အောက်တိုဘာမှာ လိပ်ပြာတွေ့ရခဲတယ်... ဒီနေရာမှာကျ တကယ်အများကြီးပဲတော့... အရမ်းလှတာပဲ''

''အဲဒီရှဉ့်တွေက တကယ်လူမကြောက်ဘူးနော်... ချစ်စရာကောင်းလိုက်တာ''

''ဒီပန်းပင်လယ်က ဘယ်နားမှာလဲ?''

''ငါအရမ်းသွားချင်နေပြီ!''

ဗီဒီယိုကိုကြည့်မိသူတိုင်းမှာ စိတ်ဝင်စားသွားကြပြီး ပန်းပင်လယ်ကိုသွားကြည့်ချင်ကြ၏။

ကျောက်မိုချင်းနှင့်လီကျားဝမ်လည်း ဗီဒီယိုကိုစိတ်ဝင်စားသွားကြသည်။

အရင်က ပန်းပင်လယ်ကို မမြင်ဖူး၍မဟုတ်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုလည်း ရောက်ဖူးသည်။ သို့သော် မည်သည့်ပန်းပင်လယ်ကမှ ဗီဒီယိုကြည့်ရုံနှင့်ရသော ဤကဲ့သို့ခံစားချက်မျိုးကို မပေးစွမ်းနိုင်ပေ။

''မိုချင်း... ရုံချန်းစီရင်စုမှာ ဘယ်တုန်းက ဒီလိုပန်းပင်လယ်ရှိသွားတာလဲ? ငါတကယ်သွားချင်လိုက်တာ!'' လီကျားဝမ်က သက်ပြင်းချပြီး_ ''ငါဆုံးဖြတ်လိုက်ပြီ... အချိန်ရတဲ့အခါ မင်းရဲ့အစ်ကိုကို ဒီပန်းပင်လယ်ကြည့်ရအောင် ခေါ်သွားမယ်''



ကျောက်မိုချင်းက ခေါင်းညိမ့်လိုက်ပြီး_ ''အင်း ငါလည်းသွားချင်တယ်... ဒါပေမဲ့ အတွဲကြားထဲ ကန့်လန့်ကန့်လန့်နဲ့ မလိုက်ချင်ဘူး''

လီကျားဝမ်ကပြုံးကာ_ ''ချင်လင်ကိုခေါ်သွားခိုင်းလိုက်ပေါ့... သူ့ကိုလုပ်ငန်းစဖို့ နင့်ရဲ့ပိုက်ဆံတောင်ပေးပြီးနေမှပဲ... အဲဒါတောင်လိုက်မပို့ချင်ရင် အကောင်းအဆိုးတောင် မသိတဲ့ကောင်ပဲ''

ကျောက်မိုချင်းက ခေါင်းခါလိုက်ရင်း_ ''အခုတလော ချင်လင်က သူ့စီးပွားရေးနဲ့အရမ်းအလုပ်ရှုပ်နေတာ... ငါသူ့ကိုဒါမျိုးကိစ္စနဲ့ အနှောင့်အယှက်မပေးချင်ဘူး... နောက်မှပြောကြရအောင်နော်''

''နင်!'' လီကျားဝမ်လည်း မတတ်နိုင်တော့။

…

''ဒီပန်းပင်လယ်က တကယ်ရုံချန်းစီရင်စုနယ်ထဲမှာလား? မဝေးဘူးပဲ!''

''အရင်ဖုဟိုင်စံအိမ်ထဲမှာလေ... ငါအရင်ကရောက်ဖူးတယ်''

''ငါလည်း အရင်ကရောက်ဖူးတယ်... ဒီလိုပန်းပင်လယ်မျိုးမြင်ရမယ်မထင်ထားဘူး''

''မိနစ် ၃၀ လောက်ပဲသွားရမှာ... ဒီအပတ်ထဲ ငါ့ကောင်လေးကိုခေါ်သွားခိုင်းရမယ်''

“...”

ပန်းပင်လယ်ဗီဒီယိုအဆုံးတွင် လိပ်စာပေါ်လာ၏။ ချင်းလင်စံအိမ်။ ထိုလိပ်စာက လူများစွာကို တန်းမှတ်မိစေသည်။

ကျောက်မိုချင်းက အံ့အားသင့်နေ၏။

သူမ ဖုဟိုင်စံအိမ်အကြောင်းသိသည်။ ထိုစံအိမ်မှာ ယခင်ကဂျပန်များအပိုင်ဖြစ်၏။ ထိုအချိန်က စံအိမ်ထဲရှိဧက ၅၀၀ မှာမဖြစ်ထွန်းသဖြင့် နှမြောစရာကောင်းသည်ဟုပင် ခံစားခဲ့ရသေးသည်။ ဒီနေရာမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဆောက်နိုင်ရင် နာမည်ကျော်လာမည်ဖြစ်ကြောင်း ချင်လင်ကိုတောင် ပြောခဲ့ဖူး၏။

ထိုစံအိမ်ကိုဗီဒီယိုရိုက်ထားသော ဂျပန်များက ပန်းပင်လယ်တကယ်ဆောက်လိမ့်မည်ဟု သူမထင်မထားခဲ့ပါချေ။ ပန်းပင်လယ်မှာ ငွေကုန်ကြေးကျများမည့်ပုံပင်။

လီကျားဝမ်က လိပ်စာကိုကြည့်ရင်း အတွေးပေါက်ကာ_ ''မိုချင်း... ချင်းလင်စံအိမ်ရဲ့နာမည်ကဘာလို့ နင်နဲ့ချင်လင်ရဲ့နာမည်တွေကို ပေါင်းထားတာနဲ့တူနေတာလဲ?''

ကျောက်မိုချင်းကလည်း ထိုနာမည်ကိုမြင်ပြီးဖြစ်၍ ရယ်သွမ်းသွေးလိုက်၏_ ''ယောက်မ... ဒီစံအိမ်ကို ချင်လင်နဲ့ကျွန်မပိုင်တာထင်လို့လား?''

လီကျားဝမ်ကပြုံးပြီး ကျောက်မိုချင်း၏နဖူးကို ဆတ်ခနဲတောက်လိုက်သည်_ ''ညရောက်ပြီ... နေ့လယ်စိတ်ကူးယဉ်မနေနဲ့''

အမျိုးသမီးနှစ်ဦးက ထိုစံအိမ်၏နာမည်နှင့်ပတ်သက်ပြီး အာရုံဆက်မထားတော့။ ဘာပဲဖြစ်ဖြစ် ချင်လင်ရဲ့အိမ်အခြေအနေကို သူတို့လည်း သိထားသည်။ သူကဘယ်လိုလုပ်ပြီး ဒီလိုစံအိမ်ဖွင့်နိုင်မှာလဲ?

ထ်ုပန်းပင်လယ်ဗီဒီယိုမှာ စတင်ပြသချိန်မှတစ်နာရီအထိ ထပ်ခါထပ်ခါပြသနေသည်။

ဤညတွင် အရှေ့ပိုင်းစီးပွားရေးစျေးကွက်သို့ ရောက်လာသူအများစုမှာ ထိုပန်းပင်လယ်ကို စိတ်ဝင်စားသွားကြလေသည်။

ထိုတစ်နာရီကြာထုတ်လွှင့်ပြသမှုက အရှေ့ပိုင်းစီးပွားရေးစျေးကွက်ရှိ အခြားဆိုင်ရှင်အများစုကို စိတ်ဓာတ်ကျစေပြန်သည်။

အကြောင်းမှာ တစ်ချိန်တုန်းကသူတို့လည်း ထိုဖန်သားပြင်ပေါ်တွင်ကြော်ငြာချိန်ရချင်ခဲ့ဖူးသည်။ သို့သော်ထိုလူက သူတို့ကိုအရေးမလုပ်ဘဲ_ ''RT စျေးက ကြော်ငြာချိန်ငှားတဲ့ကုမ္ပဏီမလို့လား?''ဟု ခပ်ပြတ်ပြတ်ပြန်ပြောခဲ့လေသည်။

အခုတော့ RT စျေးက စံအိမ်တစ်ခုကို တကယ်ကြီး ကြော်ငြာချိန်စပေးနေပြီ။

ထို့ကြောင့်ပင်လူအများက စံအိမ်ပိုင်ရှင်ကို ဘယ်လိုများအောင်မြင်ခဲ့သလဲဟု မေးခွန်းထုတ်ချင်နေကြ၏။ အားလုံးက သူ့ကိုစံထားချင်ကြသည်။



ထိုအချိန်တွင်ချင်လင်မှာ သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်နေ၏။ သူကဂိမ်းဇာတ်ကောင်ကို သီးနှံများအား ရေလောင်း ပေါင်းသင် ပိုးသတ်စေသည်။

အဆင့် ၁ စိုက်ခင်း ၂၄ ကွက်တွင် ရုံးပတီသီးဆက်လက်စိုက်ပျိုးပြီး အဆင့် ၂ စိုက်ခင်းတွင် စတော်ဘယ်ရီ၊ အဆင့် ၃ စိုက်ခင်းတွင် ဖရဲသီးများစိုက်ပျိုးထား၏။

ထိုဖရဲသီးများမှာ သာမန်မဟုတ်၊ ဂိမ်းထဲမှအရည်အသွေး ၂ ရှိသော ဖရဲမျိုးစေ့များပင်။

ရုံးပတီသီးပမာဏများသည်ထက် သူက ထိုစတော်ဘယ်ရီနှင့်ဖရဲသီးများကို RT စျေးသို့ပို့ရန် အစီအစဉ်မရှိပေ။ အခုသူ့စံအိမ်ဖွင့်ပြီဖြစ်၍ အစီအစဉ်သစ်တစ်ခု စတင်ကြည့်ရမည်။

နောက်နေ့တွင် ချင်လင်နံနက်စောစောနိုးလာ၏။ ဂိမ်းထဲမှ ရုံးပတီသီး၊ စတော်ဘယ်ရီနှင့် ဖရဲသီးတို့မှာ မှည့်နေပြီဖြစ်သည်။

သူက အဆင့် ၃ စိုက်ခင်းရှိဖရဲသီးများကို ကြည့်လိုက်သည်။ အရေအတွက်: ၂၅

ထွက်လာတဲ့အရေအတွက်က အရင်အတိုင်းပဲ!

မှည့်လာသောသီးနှံများအားလုံးကိုရိတ်သိမ်းပြီးနောက် ချင်လင်ကဂိမ်းထဲဝင်လိုက်သည်။ သူတစ်လုံးကောက်ယူလိုက်သည်နှင့် မှတ်ချက်ကိုတွေ့လိုက်၏။

(အစေ့လွတ်ဖရဲသီး: အရည်အသွေး ၂)

(မှတ်ချက်: ဂိမ်းမှထုတ်လုပ်သော အရည်အသွေးမြင့်ဖရဲသီး။ မြည်းကြည့်ပါက အရသာဖြစ်စေ၊ အနံ့ဖြစ်စေ အရည်အသွေး ၁ ထက်သာလွန်သည်။ လျှာလည်အောက်လုပ်နိုင်စွမ်းရှိ၏။ အနံ့အရသာကောင်းခြင်း +၂၊ ချိုမြိန်ခြင်း +၂၊ အရသာရှိခြင်း +၂၊ လျှာပေါ်စွဲကျန်ခြင်း +၂!)

သူကပြန်ချလိုက်ပြီး နောက်တစ်လုံးကောက်ကိုင်ကြည့်လိုက်သည်။

(အစေ့လွတ်ဖရဲသီး: အရည်အသွေး ၂)

…

ဖရဲသီးအားလုံးကိုစစ်ဆေးကြည့်ပြီးနောက် ဖရဲမျိုးစေ့နှင့်စိုက်သော ဖရဲသီးများမှာ အရည်အသွေး ၂ ရှိကြောင်း ချင်လင်သေချာသွားသည်။ ထို့အပြင်ဖရဲသီးတိုင်းက အလုံးပိုကြီးပြီး အချိန် ၁၀ ကတ်တီကျော်၏။

အရင်က သူသာအရည်အသွေး ၂ ဖရဲသီးကို အများကြီးထုတ်နိုင်လာခဲ့လျှင် အထူးနိုင်ငံခြားဖရဲမျိုးစျေးနှင့်ရောင်းရန် စဉ်းစားခဲ့သည်။

ထိုအရည်အသွေး ၂ ဖရဲမျိုးစေ့ကိုကြည့်လိုက်ရာ အများအပြားထုတ်လုပ်နိုင်ဖွယ်လည်းရှိ၏။

နောက်ထပ်သူက အထူးနိုင်ငံခြားဖရဲမျိုး၏စျေးနှုန်းကိုလည်း နားလည်ထားသေးသည်။ ဥပမာဆိုရလျှင် ဂျပန်မှလေးထောင့်ဖရဲမျိုးမှာ တစ်ကတ်တီကို ယွမ် ၇၀။ ဖရဲနက်မျိုးဆိုလျှင် တစ်ကတ်တီကို ယွမ် ၁၂၀။ ကြွပ်ဆတ်သောအီတလီဖရဲမျိုးဆိုလျှင် တစ်ကတ်တီကို ယွမ် ၁၀၀ စသည်ဖြင့်...

ထိုကဲ့သို့တင်သွင်းသော အထူးသီးနှံများစွာရှိလေသည်။ မြည်းကြည့်ဖို့မဆိုထားနှင့်၊ ထိုစျေးနှုန်းနှင့်ရောင်းနိုင်သည်ကိုလက်ခံထားကြလျှင် အရသာနှင့်အသားမှာ သေချာပေါက်ဆိုးမည်မဟုတ်ပေ။

သို့သော် မည်သို့ပင်အရသာနှင့်အသားကောင်းသည်ဖြစ်စေ သူ့အရည်အသွေး ၂ ဖရဲသီးကိုတော့ လုံးဝယှဉ်နိုင်မည်မဟုတ်။ ဘာလို့သူ့ဖရဲသီးကို တစ်ကတ်တီ ယွမ် ၁၀၀ နဲ့မရောင်းနိုင်ရမှာလဲ?

ချင်လင်က ဂိုဒေါင်သွားပြီးနောက် RT စျေးသို့ ရုံးပတီသီးပို့ပေးလိုက်သည်။ သို့သော် သည်တစ်ခေါက်တွင်မူ သူ့အတွက် ၂၀၀ ကတ်တီချန်ထားလိုက်၏။

RT စျေးသို့ကုန်ပို့ပြီးလျှင် ဂိုဒေါင်သို့တစ်ခေါက်ပြန်လာခဲ့သည်။ ထို့နောက် ရုံးပတီသီး ၂၀၀ ကတ်တီနှင့် စတော်ဘယ်ရီသီးမှည့် ၃၁၀ ကတ်တီကို ဂိမ်းထဲမှထုတ်၍ ကားထဲထည့်လိုက်သည်။

ထို့အပြင် အရည်အသွေး ၂ ဖရဲသီး ၅ လုံး၊ အရည်အသွေး ၂ စတော်ဘယ်ရီ ၅ ကတ်တီနှင့် အရည်အသွေး ၂ ရုံးပတီ ၁၀ ကတ်တီလည်းပါ၏။

ထို့နောက် စံအိမ်ဆီမောင်းလာခဲ့သည်။

သူက ထိုအသီးအနှံများကို စံအိမ်တွင်ရောင်းရန် စီစဉ်လိုက်သည်။

အရည်အသွေး ၂ ဖရဲသီးများကို တစ်ကတ်တီယွမ် ၁၀၀ နှင့်ရောင်းရုံသာမက အရည်အသွေး ၂ စတော်ဘယ်ရီသီးများကိုလည်း အထူးနိုင်ငံခြားစတော်ဘယ်ရီမျိုးစျေးနှုန်းအတိုင်းပင် တစ်ကတ်တီကို ယွမ် ၂၀၀ နှင့်ရောင်းသည်။

သူ့အရည်အသွေး ၂ စတော်ဘယ်ရီတွေက နိုင်ငံခြားကတင်သွင်းတဲ့ ၅၀၀ ဂရမ်ကို ယွမ် ၂၀၀ တန်စတော်ဘယ်ရီထက် အများကြီးပိုအရသာရှိ၏။

အရည်အသွေး ၂ ရုံးပတီကိုတော့ မန်နေဂျာချန်ကိုပေးသည့်စျေးအတိုင်း ရောင်းမည်။ တစ်ကတ်တီကို ယွမ် ၄၀၀ နှင့်။

သူသာရောင်းနိုင်မည်ဆိုလျှင် ထိုအရည်အသွေး ၂ သီးနှံများချည်းသက်သက်ပင် ယွမ် ၂၈၀၀၀ ရမည်ဖြစ်လေသည်။



All Chapters