← Chapters

ယွမ်တစ်သိန်းကျော်တန် တစ်နပ်စာကိုစားလိုက်ရသလို!

Vol. 3 Ch. 38

ယွမ်တစ်သိန်းကျော်တန် တစ်နပ်စာကိုစားလိုက်ရသလို!

Vol. 3 Ch. 38

အချိန်က အလွန်လျင်မြန်စွာကုန်ဆုံးသွား၏!

ခရီးသည်များမှာ ကြော်ငြာဗီဒီယိုကြောင့် စံအိမ်ကိုစိတ်ဝင်စားလာကြသည်။ လူပေါင်းတစ်ရာကျော်ရှိလာပြီဖြစ်ပြီး လက်မှတ်ရောင်းရသည့်ဝင်ငွေမှာ ယွမ် ၅၀၀၀ ကျော်ရလာ၏။

ထို့အပြင် ထိုလူမ်ားမွာ အနည်းနှင့်အများဆိုသလို အရည်အသွေး ၁ စတော်ဘယ်ရီ (သို့) အရည်အသွေး ၁ ဖရဲသီးမ်ားကို ဝယ်ယူသွားကြသည်။

သာမန္လူမ်ားမွာ တစ်ကတ်တီယွမ် ၁၀၀ တန္ဖရဲသီး၊ ယွမ် ၂၀၀ တန်စတော်ဘယ်ရီသီးတို့ကို မဝယ်နိုင်သော်လည်း ၁၀ ယွမ်တန်ဖရဲသီးနှင့် ယွမ် ၄၀ တန်စတော်ဘယ်ရီသီးတို့ကိုမူ တတ်နိုင်သေး၏။

အမှန်တော့ ချင်လင်လက်ကားရောင်းဖူးသော သာမန်ဖရဲသီးနှင့်စတော်ဘယ်ရီသီးတို့ထက်ပင် ရောင်းကောင်းနေသေး၏။ ဤသည်မှာ လူအတော်များများ၏ စိတ်ရောဂါတစ်ခုပင်။ အပြင်ထွက်လည်ပတ်ကြသည့်အခါ ဈေးအကြီးဆုံးကိုမတတ်နိုင်လျှင်တောင် ဈေးအပေါဆုံးကိုတော့ မစားဖို့များသည် ဟုတ်ပါသလား? အလယ်အလတ်တန်းကို စားကြမည်ဖြစ်၏။

အထူးသဖြင့် မိန်းကလေးများကိုခေါ်လာသော လူငယ်များဖြစ်လေသည်။ သူတို့က မိန်းကလေးများရှေ့တွင် တွန့်တိုနေ၍မဖြစ်။ အမြဲလိုလိုအရည်အသွေးရှိသည်ကို ဝယ်ယူကြ၏။

ဖရဲသီးကိုအခြံခြာ၍ အစိတ်လေးများစိတ်ပေးသည်။ စိတ်ပြီးလျှင် ပန်းကန်အကြည်နှင့်ထည့်ကာ သွားကြားထိုးတံလေးများစိုက်ပေးထား၏။

ဤနည်းအားဖြင့် စံအိမ်ကိုသန့်ရှင်းရပိုလွယ်ကူစေသည့်အပြင် ခရီးသွားများကိုလည်း ပိုကောင်းသည့်အတွေ့အကြုံရစေသည်။

ထို့အပြင် အရည်အသွေး ၁ ဖရဲသီးနှင့်စတော်ဘယ်ရီတို့မှာ ခရီးသည်များကိုစိတ်မပျက်စေရ။ ဝယ်ယူပြီးသူတိုင်းက မြည်းကြည့်ပြီးသည်နှင့် လုံးဝအထင်ကြီးသွားကြသည်ချည်း။

ထို့ကြောင့် အရည်အသွေး ၁ စတော်ဘယ်ရီ ၂၁၀ ကတ်တီ၊ ဖရဲသီး ၁၆၅ ကတ်တီရောင်းရပြီး ၁၀၀၅၀ ယွမ်ရ၏။

နေ့လယ်ပိုင်းတွင် လူအတော်များများက စံအိမ်တွင်ချက်စားကြပြီး မီးဖိုနှင့်အကင်စက်များငှားရသည်။

ဟင်းသီးဟင်းရွက်စိုက်ခင်းထဲတွင် ကိုယ်တိုင်ခူးကြသော ခရီးသည်များလည်းရှိ၏။

တစ်ကတ်တီ ၁၀ ယွမ်တန် အရည်အသွေး ၁ ရုံးပတီက ၆၅ ကတ်တီရောင်းရပြီး ၉၇၅ ယွမ်ရသည်။

ငါးမျှားတံငှားပြီး ငါးမျှားသူများလည်းရှိသည်ပင်။ ငါးမျှားတံနှင့်မီးဖို၊အကင်စက်ငှားရမ်းခချည်းသက်သက် ယွမ် ၁၆၀၀ ရ၏။

ငါးကန်နံဘေးတွင်_

ငါးမျှားဝါသနာမပါသော မိန်းကလေးများက စိတ်ဝင်တစားဖြစ်နေကြသော သူတို့ကောင်လေးများကိုအဖော်ပြုပေးနေရင်း ငါးကောက်ဖို့စောင့်နေကြ၏။

ဤသည်မှာ စံအိမ်သို့လာရောက်လည်ပတ်ရခြင်း အငွေ့အသက်တစ်ခုပင်။

ထို့အပြင်ငါးကန်မှာ သဘာဝငါးများနှင့်ပြည့်နှက်နေသည်။ ထိုငါးများမှာ အာဟာရဖြစ်ပြီး စိတ်ဝင်စားစရာကောင်းသည်ဟု စကားခံထား၏။ အမှန်အတိုင်းဆိုရလျှင် သာမန်လူတန်းစားအများစုမှာ သဘာဝငါးစားရသည်မှာရှားပေသည်။

ရုတ်တရက် ငါးကန်ဘေးမှလူတိုင်းမှာ ဝတ်စုံနှင့်လူဆီ အာရုံရောက်သွားကြ၏။ ထိုလူက သူ့ငါးမျှားတံကိုဆွဲလိုက်သည်တွင် ကန်ရေပြင်မှာ ကျယ်လောင်စွာ ရိုက်ခတ်သွားသည်။

အားလုံးကစူးစမ်းကြည့်လိုက်ကြ၏။

သူဘယ်လောက်ကြီးတဲ့ငါးများမိထားလို့ ဒီလောက်တောင်ရိုက်ခတ်သံထွက်နေတာလဲ?

ချန်ရှန်းဖေက ဝမ်းသာအားရကြည့်လိုက်သည်။အချိန်ယူငါးမျှားနေရင်းမှ နောက်ဆုံးတော့ ငါးကြီးကြီးမိပြီလေ။

ဒီရုန်းကန်အားနှင့်ဆိုလျှင် ငါးကသေချာပေါက် သေးသေးတော့မဟုတ်။

ချန်ရှန်းဖေက ငါးမျှားတံကိုဆွဲလိုက်လျှင် ငါးကအလွတ်ရုန်းနေသည်။ ရုန်းအားနှင့်ဆွဲအားမှာ သူတပြန်ကိုယ်တပြန်ဖြစ်နေ၏။

ဂျွတ်! ငါးမျှားတံရုတ်တရက်ကျိုးသွားသည်က အားလုံး၏အာရုံကိုဖမ်းစားလိုက်သည်။

ငါးက ငါးမျှားတံကိုချိုးလိုက်ပြီ။

ချန်ရှန်းဖေလည်း ထိတ်လန့်သွား၏။

လာနောက်နေတာလား?

ငါးမျှားတံ၏ကျိုးနေသော တဖက်အစွန်းကို သူကလျင်လျင်မြန်မြန်ဆုပ်ကိုင်လိုက်နိုင်၍သာ တော်တော့သည်။ ငါးကရုန်းကန်ရင်း အားလျော့လာပုံရပြီး ရေအပြင်ဘက်ဆွဲထုတ်ခံလိုက်ရ၏။

ထိုအချိန်တွင် အားလုံးက ငါးအရွယ်အစားကို အံ့သြတကြီးနှင့်ကြည့်လိုက်ကြသည်။

သူဖမ်းမိတဲ့ငါးကကြီးလွန်းလို့ ကတ်တီ ၃၀ တောင် ကျော်လောက်သည်မဟုတ်ပါလား?

ငါတို့ တို့တို့ထက်တောင် ရှည်သေးတယ်။

ထိုငါးကလည်း သဘာဝငါးပင်။

ချန်ရှန်းဖေက ငါးနှင့်လုံးပမ်းနေစဉ် လူများစွာကဖုန်းထုတ်ပြီး ဓာတ်ပုံများရိုက်လိုက်ကြသည်။ ဤသည်မှာ လူများအကြားတွင် အလေ့အကျင့်တစ်ခုသဖွယ်ဖြစ်လာပုံရ၏။ အပြင်ထွက်လည်ပတ်တဲ့အချိန်မှာ သူတို့ရဲ့အဖြစ်အပျက်တွေကို မမျှဝေဘဲနေတဲ့သူရောရှိဦးမလား?

နောက်ပြီး ဤမြင်ကွင်းမျိုးကလည်း ရှားပါးသည်လေ။ လူတိုင်းက သူတို့ရဲ့အဖြစ်အပျက်ကိုတင်ပြီး ကြွားချင်ကြ၏။

ချန်ရှန်းဖေက ထိုသဘာဝငါးကြင်းစိမ်းကြီးကိုကြည့်ရင်း သူ့ဆန္ဒတွေပြီးမြောက်သွားသလို ခံစားလိုက်ရသည်။ ချိန်ကြည့်လျှင် ကတ်တီ ၃၀ ကျော်လောက်၏။ ဒီလိုသဘာဝငါးကြီးမျိုး သူတစ်ခါမှမဖမ်းမိဖူးပေ။

စားပွဲထိုးမလေးက သူ့ကိုညာနေတာမဟုတ်မှန်းလည်းသိသွားသည်။ ဒီငါးကန်ထဲမှာ တကယ်သဘာဝငါးတွေရှိတာပဲ။

ချန်ရှန်းဖေက ထိုငါးကြီးဖမ်းမိသည်နှင့် အခြားခရီးသွားများကလည်း အားတက်သွားကြ၏။ မိန်းကလေးများက သူတို့ကောင်လေးတွေကို ဒီလိုငါးမျိုးဖမ်းပေးဟု တိုက်တွန်းကြလေသည်။

သို့သော်တချို့ကမူ တီးတိုးတီးတိုးနှင့်ဆွေးနွေးနေကြ၏။

''ဒီလိုငါးကြီးမျိုးက အရမ်းစျေးကြီးမှာပဲ!''

''ဟုတ်တယ်... အရမ်းစျေးကြီးတာပေါ့... အဲပေါ်မှာမှတ်ချက်ရှိတယ်လေ... မမြင်ဘူးလား?''

''ငါးကြင်းစိမ်းက တစ်ကတ်တီ ယွမ် ၂၅၀...

ငါးကြင်းနက်နဲ့ကကတစ်ငါးက ပိုတောင်စျေးကြီးသေးတယ်''

ထိုစျေးနှုန်းက လူများကိုလန့်ဖျတ်သွားစေသည်။ တစ်ကတ်တီကို ယွမ် ၂၅၀။ ကတ်တီ ၃၀ ကျော်တယ်ဆိုရင် ယွမ် ၇၀၀၀၀ မဟုတ်လား?

သူသဘာဝငါးသေးသေးလေးပဲဖမ်းမိပြီး ကင်စားလိုက်ရမှာ!

တဖက်တွင်မူ ချန်ရှန်းဖေမှာ ငါးပါးဟက်ကိုဖောက်၍ ကြိုးနှင့်ဆွဲလိုက်ရင်း စိတ်ကျေနပ်နေသည်။ ငါးမျှားတံကျိုးသွားသည့်အတွက် အလျော်ပေးရမည်ဖြစ်သော်လည်း သူကတော့မမှုပါချေ။ သူကငါးကိုဆွဲပြီးထွက်လာသည့်အခါ ငါးကရုန်းကန်နေဆဲပင်။ သူ့မှာကိစ္စကြီးကြီးညှိနှိုင်းအောင်မြင်သည်ထက် ထိုငါးကြီးဖမ်းမိသည်ကို ပိုပျော်နေလေသည်။

စံအိမ်ခန်းမဘေး တခြမ်းလှပ်ထားသောသီးသန့်ခန်းလေးများထဲတွင် ခရီးသည်များမှာ မီးဖိုခြင်း၊ ကင်ခြင်းတို့ဖြင့် အလုပ်ရှုပ်နေကြ၏။

ချန်ရှန်းဖေက သူကိုယ်တိုင်မချက်စားလို။ သူ့ဇနီးက ဟင်းချက်ကောင်းသည်။ သူ့ဇနီးသာဒီမှာရှိမည်ဆိုလျှင် သူ့အတွက်ချက်ပေးမှာပင်။ အခုတော့ စံအိမ်ထဲတွင်စားဖိုမှူးလိုက်ရှာရပေတော့မည်။

ခန်းမထဲဝင်လိုက်လျှင် ကောင်းယောင်ယောင်ကိုတွေ့၏။

ကောင်းယောင်ယောင်က ထိုပထမဆုံးဧည့်သည်ကိုအထင်ကြီးထားသည်။ သူမက ကတ်တီ ၃၀ ရှိငါးကြင်းစိမ်းကိုကြည့်ပြီး အံ့သြသွားဟန်ဖြင့်_ ''လူကြီးမင်း... တကယ်ကံကောင်းတာပဲ... ငါးအကြီးကြီးတကယ်မိခဲ့တယ်''

ချန်ရှန်းဖေက စိတ်ပျော်ရွှင်နေသဖြင့်_ ''မိန်းကလေး... ငါ့ကိုဒီငါးချိန်ပြီး ချက်ပေးပါ''

ကောင်းယောင်ယောင်က အလျင်စလိုသတိပေးလိုက်သည်_ ''လူကြီးမင်း... ငါးကန်မှာ ဒီလိုငါးကြီးအတွက် စျေးနှုန်းသတ်မှတ်ထားပါတယ်... ဒါက သာမန်သဘာဝငါးထက် စျေးပိုကောင်းပါတယ်... တစ်ကတ်တီကို ယွမ် ၂၅၀ ပါ... ဒီလောက်ဆိုအများကြီးတန်မှာပါ... တကယ်ချက်စားချင်လို့လား?''

ချန်ရှန်းဖေက ပိုက်ဆံကိုစိတ်ထဲမထားသည့်အတွက် ပြုံးလိုက်ရင်း_ ''စားဖိုမှူးကိုချက်ခိုင်းလိုက်ပါ... တစ်ကတ်တီ ယွမ် ၄၀၀ ပေးရတဲ့ ရုံးပတီသီးလည်း နှစ်ကတ်တီလောက်ပေး... တစ်ကတ်တီ ယွမ် ၁၀၀ တန် ဖရဲသီးတစ်လုံးခွဲလိုက်...တခြားဟင်းတွေလည်း စီစဉ်ပေးပါဦး''

စောစောက စတော်ဘယ်ရီသီးကို သူစားဖူးပြီဖြစ်၍ ထိုစျေးကြီးသည့်သီးနှံများအားလုံးကို စားချင်သွားသည်။

''ကောင်းပါပြီ လူကြီးမင်း'' ကောင်းယောင်ယောင်က လိုက်မှတ်လိုက်ပြီး စားဖိုဆောင်ထဲမှာ ဆရာလင်းကို ချက်ချင်းမှာလိုက်လေသည်။

''လူကြီးမင်းက အရမ်းကံကောင်းတာပဲ'' ဆရာလင်းကထွက်လာပြီး ချန်ရှန်းဖေမိလာသော ကတ်တီ ၃၀ ရှိငါးကြင်းစိမ်းကိုကြည့်ရင်း အံ့သြသွားလေသည်။ စံအိမ်ထဲက ချောက်ချီးချောက်ချက်ငါးမျှားတံနှင့် ဒီလိုငါးမျိုးဖမ်းမိတဲ့သူ ရှိသေးတာပဲ။

ဘယ်လောက်တောင်ကံဆိုးလိုက်တဲ့ငါးလဲ? အဲဒီမဖြစ်စလောက်ငါးမျှားတံက ဒီငါးရဲ့အလေးချိန်ကိုခံနိုင်မှာမဟုတ်ပေ။

ကောင်းယောင်ယောင်က စာရင်းရေးပြီးသည်နှင့် ချန်ရှန်းဖေကို စားပွဲတစ်နေရာတွင် နေရာချပေးလိုက်သည်။

ခဏအကြာတွင် အရည်အသွေး ၂ ဖရဲသီးခွဲပြီးသား ချန်ရှန်းဖေဆီရောက်လာ၏။

ချန်ရှန်းဖေက ဖရဲသီးတစ်စိတ်ကောက်ပြီး စားလိုက်သည်။ ထို့နောက် အံ့အားသင့်စွာနှင့် ကောင်းယောင်ယောင်ဆီလှမ်းပြီး_ ''မိန်းကလေး... မင်းရဲ့ဖရဲသီးက အထူးမျိုးစပ်ထားတာမလား?''

ဖရဲသီးအရသာမှာ စတော်ဘယ်ရီကဲ့သို့ပင် အံ့အားသင့်လောက်အောင်ကောင်း၏။ သူအရင်ကစားဖူးသောဖရဲသီးများထက် ပိုအရသာရှိသည်။

ကောင်းယောင်ယောင်က ချက်ချင်းပြန်ဖြေလိုက်၏_ ''လူကြီးမင်းထင်တာ မှန်ပါတယ်... ကျွန်မတို့သူဌေးကပြောတယ်... အဲဒါအထူးဖရဲမျိုးတွေတဲ့... တစ်နေ့တစ်နေ့မှ အလုံး ၂၀ လောက်ရတာ''

ဒီဖရဲမျိုးက ကောင်းတာပဲ။ ချန်ရှန်းဖေက ခေါင်းညိမ့်လိုက်သည်။

မကြာမီ ချန်ရှန်းဖေ၏ငါး၊ ရုံးပတီသီးနှင့် ဟင်းသီးဟင်းရွက်ပွဲအချို့ကို စားဖိုဆောင်မှလာချပေး၏။

ဆရာလင်းက_ ''လူကြီးမင်း ဒီငါးကိုတစ်ထိုင်တည်းမကုန်လောက်ဘူး... ကျွန်တော်က ငါးခေါင်းနဲ့အသားတချို့ပဲ တည်ခင်းပေးတာ... ကျန်တာကိုအိမ်ပြန်ယူသွားလို့ရပါတယ်''

''ကောင်းပြီ'' ချန်ရှန်းဖေက ခေါင်းညိမ့်လိုက်ပြီး ထိုကိစ္စကိုစိတ်ထဲမထား။ တူကောက်ကိုင်ကာ စားလိုက်တော့၏။

သို့သော် မကြာမီ သူ့မျက်လုံးများတောက်ပသွားပြန်၏။

ဒီအနံ့! ထိပ်တန်းစားဖိုမှူးတွေတောင် ဒီလိုအရသာမရှိပေ။

ချန်ရှန်းဖေက လုံးဝအံ့သြသွားမိသည်။

သူကအရင်ကတည်းက အစားအသောက်ခုံမင်သူပင်။ ပြည်တွင်းရော နိုင်ငံတကာအစုံ စားကောင်းသောက်ဖွယ်များအားလုံးကို စားခဲ့ဖူး၏။ ဒီငါးအရသာကတော့ သေချာပေါက် ကမ္ဘာ့အကောင်းဆုံးဖြစ်ပေသည်။

ဒီစံအိမ်ငယ်လေးရဲ့စားဖိုမှူးက ဒီလောက်စွမ်းတာလား?

အံ့သြစရာတော့ ကောင်းလွန်းနေပြီ။

သူက ထိုထဲတွင် ဂိမ်းအရည်အသွေးများပါဝင်နေသည်ကို မသိရှာပေ။ အနံ့အရသာကောင်းခြင်း +၂၊ အရသာရှိခြင်း + ၂။

ချန်ရှန်းဖေက ဖြည်းဖြည်းချင်းအရသာခံကြည့်သည်။ တစ်ကတ်တီ ၄၀၀ တန် ရုံးပတီသီးကိုလည်း စားကြည့်လိုက်သည်။

ရုံးပတီသီးရဲ့အရသာမှာ မထူးခြားသော်လည်း စားပြီးသည်နှင့် သူ့ခါးအောက်ပိုင်းတွင် ပူနွေးလာသလိုခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်တွင် အနွေးဓာတ်စီးဝင်သွားသကဲ့သို့ သက်သောင့်သက်သာဖြစ်စေသည်။

ချန်ရှန်းဖေက မယုံနိုင်လောက်အောင်ဖြစ်သွားပြီး ယွမ်တစ်သိန်းကျော်တန် ထိပ်တန်းဖြည့်စွက်စာကိုစားလိုက်ရသလို ခံစားလိုက်ရလေသည်။

All Chapters