← Chapters

ဖုန်းနှင့် ယုတ္တိရှိမရှိ!

Vol. 3 Ch. 39

ဖုန်းနှင့် ယုတ္တိရှိမရှိ!

Vol. 3 Ch. 39

ပတ်ဝန်းကျင်က အမြင်စူးရှတယ်!

ချန်ရှန်းဖေက သက်သောင့်သက်သာခံစားလိုက်ရပြီး မနေနိုင်ဘဲ ရုံးပတီသီးကိုထပ်ယူစားလိုက်သည်။

ဖြည့်စွက်စာဆိုသည်မှာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာသည့် ကုသနည်းစနစ်တစ်မျိုးပင်။ သူပြောနေတဲ့ဖြည့်စွက်စာက သာမန်လူတွေကြားက အသုံးမဝင်တဲ့အစားအစာတွေတော့ မဟုတ်ဘူးပေါ့။ တရုတ်တိုင်းရင်းဆေးအနွယ်တွေကနေ လက်ဆင့်ကမ်းခဲ့တဲ့ ဖြည့်စွက်စာစစ်စစ်ကိုဆိုလိုခြင်းဖြစ်၏။

အခုလည်း တရုတ်တိုင်းရင်းဆေးလိုင်စင်ရဖို့ အင်္ဂလိပ်စာစာမေးပွဲဖြေဆိုရသေးသည်။ အနောက်တိုင်းဆေးပညာကိုလည်း လေ့လာရ၏။ ဆေးအညွှန်းစာအတော်များများတွင် အနောက်တိုင်းဆေးကိုညွှန်းဖို့ စည်းမျဉ်းများလည်းရှိသည်။ အကြိမ်ရေအတော်များများတွင် ဆေးညွှန်းဖို့သင့်တော်၏၊ မသင့်တော်၏ စာမေးပွဲဖြေထားသူများမှာ အနောက်တိုင်းဆေးပညာကိုပါ လေ့လာရပေလိမ့်မည်။

တဖက်တွင် တချို့စစ်မှန်သော တရုတ်တိုင်းရင်းဆေးအနွယ်ဝင်မိသားစုများကလည်း ရည်မှန်းချက်ကြီးကြသည်။ လက်စွမ်းရှိသော ရိုးရာတရုတ်တိုင်းရင်းဆေးဆရာများမှာ ထိုလက်ဆင့်ကမ်းမှုကိုမခံယူ။ စာမေးပွဲလည်းမဖြေဘဲ သူတို့မိသားစုဝင် (သို့) ရင်းနှီးသောလူများကိုသာ ဆေးစွမ်းပြကြ၏။ အပြင်လူများကိုမူ လက်စွမ်းပြခြင်းမရှိပေ။

အချို့လူများက အသက်မွေးဝမ်းကြောင်းပြောင်းပြီး လက်ဆင့်ကမ်းရရှိသော လျှို့ဝှက်နည်းများကိုသုံးကာ ကိုယ်ပိုင်ဖြည့်စွက်စာစီးပွားရေးလုပ်ငန်းထူထောင်ကြသည်။ ထိုကိစ္စအတွက် အတည်ပြုစစ်ဆေးရန်မလိုပါချေ။

ဤသည်မှာ ဖြည့်စွက်စာအစစ်ဖြစ်သည်။ အမှန်တကယ်အကျိုးရှိသော်လည်း သာမန်လူများမှာ လက်လှမ်းမမီနိုင်ပေ။

ထိပ်တန်းဖြည့်စွက်စာမှာ တချို့အလွှာလူတန်းစားများသာတတ်နိုင်သော အရာတစ်ခုဖြစ်၏။ တစ်နပ်စာတိုင်းကို ယွမ်တစ်သိန်းတွက်ချက်ယူသည်။

ချန်ရှန်းဖေမှာ မင်စီရင်စုတွင် နာမည်ကျော်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ သူကထိပ်တန်းဖြည့်စွက်စာများစားလေ့ရှိသော်လည်း အကျိုးအာနိသင်မှာ ယခုစားနေသောအရာလောက်ပင် သက်ရောက်မှုမရှိချေ။ ဤကဲ့သို့ ကိုယ်ခန္ဓာကိုသက်သောင့်သက်သာဖြစ်စေခြင်းမျိုးမှာ အလွန်ထိရောက်သည်။

ထိုအချိန်တွင်...

တောင်ပေါ်စံအိမ်၌ အရည်အသွေး ၁ သဘာဝငါးနှင့်ရုံးပတီကို နေ့လယ်စာစားနေကြသော လူများသည်လည်း မူမမှန်မှုတချို့ကိုခံစားမိကြသည်။ အရည်အသွေး ၂ ကဲ့သို့မဟုတ်သော်လည်း အာနိသင်တော့ပြသေး၏။

''အချစ်ရေ... ဒီနေ့ ဒီငါးကအရမ်းအရသာရှိပါလား... မင်းအိမ်မှာချက်တာတော့ ဒီလောက်လက်ရာမကောင်းပါလား''

''ဒီအရသာက တကယ်ကောင်းတာ... အသားလေးကလည်း အရမ်းကောင်း... မင်းလက်ရာဒီလောက်ကောင်းမယ်လို့ မထင်မိဘူး''

“…”

သို့သော် လူများက ယုန်ထင်ကြောင်ထင်ဖြစ်နေခြင်းကြောင့်သာ။ ငါးကပိုကောင်းသဖြင့် အရသာပိုကောင်းသည်မှန်သော်လည်း တခြားစိုက်ခင်းများမှခူးလာသော ဟင်းသီးဟင်းရွက်များမှာ အရင်သူတို့စားဖူးသည်နှင့် ထူးမခြားနားပေ။ ထိုအရာမှာ ဂိမ်းထုတ်ကုန်နှင့် သာမန်ထုတ်ကုန်အကြား လွယ်လွယ်ကူကူခွဲခြား၍ရသောအချက်ဖြစ်၏။

စီးပွားရေးစတင်သည့် ပထမဆုံးနေ့ နေ့လယ်ပိုင်း၌ စံအိမ်မှာ စည်ကားနေလေသည်။

ထို့ကြောင့် ချင်လင်လည်းပျော်ရွှင်နေသည်။ လင်းဖန်နှင့်ကျောက်မိုချင်းမှာ ပိုတောင်ပျော်ကြသေးသည်။ စံအိမ်စီးပွားရေးကောင်းသည်က သူတို့ကိုစိတ်သက်သာရာရစေလေသည်။

ဆရာလင်းက သူတို့သုံးယောက်အတွက် တစ်ဝိုင်းစာပြင်ဆင်ပေး၏။

သူတို့သုံးယောက်မှာ ခန်းမထဲတွင်စားသောက်ရင်း ကြည်နူးပျော်ရွှင်နေကြသည်။

ထိုစဉ်စကားများသံကြားလိုက်ရသဖြင့် အားလုံးအာရုံစိုက်လိုက်ကြသည်။

ကလေးနှင့်စုံတွဲတစ်တွဲက စားပွဲထိုးနှင့် စကားများနေကြခြင်းဖြစ်သည်။ တစ်ခုခုဖြစ်ခဲ့ပုံရ၏။

''အစ်မရဲ့ကလေးက တစ်ကတ်တီ ယွမ် ၂၀၀ တန်စတော်ဘယ်ရီကိုယူခဲ့တာလေ... စျေးနှုန်းလည်း ရေးထားသားပဲ... နောက်ပြီး ချိန်တောင်မချိန်ကြည့်ရသေးဘူး သူကစားပြီးနေပြီ'' စားပွဲထိုးမိန်းကလေးက နည်းနည်းစိတ်လှုပ်ရှားနေသည်။ ထိုစတော်ဘယ်ရီတွေက ထူးခြားသည်လေ။

တစ်ကတ်တီ ယွမ် ၂၀၀ တန် အထူးစတော်ဘယ်ရီမျိုးမှာ ကီလိုဂရမ်နည်းနည်းသာရှိတော့သည်။ ထိုကလေးက တစ်ချီတည်းနှင့် အများကြီးယူလိုက်ပုံပင်။ ထို့အပြင် ချိန်မကြည့်ရသေးခင် စားနေပြီဖြစ်၏။

ကလေးပိုက်ထားသော အမျိုးသမီးက ဒေါသတကြီးနှင့်_ ''နင်က ဘာသဘောလဲ? ငါ့ကလေးကို သူခိုးလို့ပြောတာလား? နင်ပဲ အဲဒီစတော်ဘယ်ရီနှစ်မျိုးကိုကပ်ပြီးထားတာလေ... ငါတို့ကိုအပြစ်တင်နေတာလား?''

''ပြီးတော့... နင်တို့စံအိမ်ကဘာလို့ ကလေးတစ်ယောက်အပေါ် အဖြစ်သည်းနေတာလဲ?''

ထိုရန်ပွဲကြားတွင် ကလေးက အလွန်ဂုဏ်ယူနေသည့်ပုံပင်။ သူကစတော်ဘယ်ရီများကို ဆုပ်ကိုင်ထားပြီး မြိန်ရေယှက်ရေစားနေ၏။ အရည်အသွေး ၂ စတော်ဘယ်ရီကို အရသာတွေ့နေလေပြီ။

ချင်လင်က ထိုမြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ စကားအသွားအလာအရ ဘာဖြစ်ခဲ့မှန်း အကြမ်းဖျင်းသိလိုက်၏။ သောက်ကလေးက အပြစ်ထပ်လုပ်ခဲ့တာပင်။ မိဘတွေက ကလေးကိုထိန်းသိမ်းဖို့မကြိုးစားဘဲ အတင်းအကြပ်တာဝန်ယူခိုင်းနေသည်။ စတော်ဘယ်ရီနှစ်မျိုးကိုကပ်ထားသည့်အတွက် သူတို့စံအိမ်ကိုအပြစ်တင်နေသေး၏။

မထူးဆန်းဘူးလား? သို့သော်လည်း ယနေ့လူအဖွဲ့အစည်းထဲတွင် ဒီလိုမျိုးထူးဆန်းတဲ့သူတွေက အများသားလား။

အဓိကမှာ ခရီးသည်တွေက ဒီလိုကိစ္စမျိုးတွေကနေ အမြတ်ထုတ်၍ရနေသလိုဖြစ်နေသည်။

ထိုစုံတွဲက စားပွဲထိုးစိတ်လှုပ်ရှားနေမှန်းသိသည်နှင့် ပို၍နိုင်ထက်စီးနင်းဖြစ်လာကြ၏။

ချင်လင်ကသွားပြီး ဖြေရှင်းမည်ပြုစဉ် ကောင်းယောင်ယောင်က ရောက်နှင့်နေပြီဖြစ်သည်_ ''လူကြီးမင်း... လူကြီးမင်းကတော်... ကျွန်မတို့သစ်သီးတွေက စျေးနှုန်းသတ်မှတ်ထားပါတယ်... ပြီးတော့ ဒီတစ်ကတ်တီယွမ် ၂၀၀ တန်စတော်ဘယ်ရီကို စျေးနှုန်းကပ်ထားတာလည်း ထင်ထင်ရှားရှားပါပဲ... တခြားစတော်ဘယ်ရီတွေနဲ့လည်း သီးသန့်ခွဲထားတာပါ... ကျွန်မတို့က ကလေးကိုမှားယွင်းစွပ်စွဲတယ်လို့ထင်ရင် ကျွန်မတို့ခန်းမထဲမှည စောင့်ကြည့်ကင်မရာတွေရှိပါတယ်''

ကောင်းယောင်ယောင်၏စကားကြောင့် ထိုစုံတွဲ၏အမူအရာမှာ သိသိသာသာပြောင်းလဲသွားသည်။

သို့သော်လည်း ထိုအမှားအတွက်တော့ အလျော်မပေးလိုပေ။ ဘာပဲဖြစ်ဖြစ် သူတို့ကလေးက ငယ်သေးသည်လေ။ သူတို့က စတော်ဘယ်ရီနှစ်မျိုးကိုကပ်ထားတာလည်း အမှန်ပင်။ နောက်ပြီး သူတို့ကလေးလက်လှမ်းမီသည့်နေရာတွင်လည်း ထားထားသေးသည်။

ဘေးပတ်ဝန်းကျင်လူတွေအားလုံးမှာ အဖြစ်အပျက်ကိုအစအဆုံးမြင်ပြီးသားဖြစ်၍ ထိုစုံတွဲကိုလက်ဖျားခါနေကြသည်။ သူတို့က လက်တွေ့ကျသောလူများဖြစ်သည့်အလျောက် ထိုအကျင့်ပျက်လူများမှာ စိတ်အနှောင့်အယှက်အဖြစ်စေဆုံးပင်။

အထူးသဖြင့် အမှားလုပ်ထားသည့် ကလေးဆိုး၊ သူကယုံကြည်မှုရှိသည့်မျက်နှာပေးနှင့် မိဘများကို ပို၍စိတ်ဒုက္ခပေးသေး၏။

လေးဖက်လေးတန်ပိတ်ပြီး ကားပေါ်မှာအတင်းတိုးတဲ့သူ၊ ကလေးဆိုးရဲ့မိဘနဲ့ မျက်နှာများတဲ့မိန်းမ... ထိုလူများမှာ ပရိယာယ်များသော ကြေးစားလူလိမ်များနှင့်မခြားပေ။ သူတို့က လူ့အဖွဲ့အစည်းကို ဖျက်လိုဖျက်ဆီးပြုတတ်ပေသည်။

လူထုအလယ်တွင် အမျိုးသားဖြစ်သူက မျက်နှာဆယ်ချင်သေး၏။ သူကဇနီးဖြစ်သူကိုဆွဲသော်လည်း အမျိုးသမီးကလက်မခံ။ ထို့အပြင် မျက်နှာရှစ်ခေါက်ချိုးနှင့် ဖုန်းကိုထုတ်ကာ ကောင်းယောင်ယောင်ကို ဓာတ်ပုံရိုက်လိုက်သေးသည်။ ထို့နောက် သူ့ဘက်ကမှန်သည့်ပုံနှင့်_ ''အားလုံးပဲ ကြည့်ကြပါ... ဒီကအသီးစျေးတွေက ခေါင်ခိုက်နေတာ... စတော်ဘယ်ရီတစ်ကတ်တီကို ယွမ် ၅၀၀ တဲ့... ဒီချင်းလင်စံအိမ်က ခရီးသည်တွေကိုဝယ်ဖို့ ဖိအားပေးချင်နေတယ်... ဒါအတင်းအကြပ်ရောင်းတာပဲ''

အမျိုးသမီးမှာ လုံးဝလွတ်နေလေပြီ။ သူမကအနိုင်တိုက်ဖို့ပြင်ဆင်နေပြီး ဘေးက ကလေးကြည့်နေသည်ကိုလည်း ဂရုမထားတော့ပေ။

ဒီလူ့အဖွဲ့အစည်းမှာ ဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်နိုင်တဲ့သူက မှန်နေသည်မဟုတ်ပါလား?

“…” ကောင်းယောင်ယောင် စကားရှာမရတော့!

''...'' ချင်လင်လည်း ကြောင်သွား၏။ အရင်က ကောင်းယောင်ယောင်ပြောခဲ့ဖူးသည်_ စပ်စပ်စုစုတွေက အသီးစျေးတွေခေါင်ခိုက်နေတဲ့အကြောင်းကို ရစ်ကြလိမ့်မည်တဲ့။ ထိုကိစ္စနှင့်ပတ်သက်ပြီး အစောင့်အကြပ်လုပ်စေခဲ့၏။ ဒီလိုထူးဆန်းတဲ့ကိစ္စမျိုးဖြစ်လာလိမ့်မည်ဟု သူထင်မထားမိချေ။ တချို့အရာများက စောင့်ကြပ်ပါသော်လည်း ဖြစ်တတ်သည်ပင်။

ချန်ရှန်းဖေက နှစ်သက်စွာစားနေရင်းမှ ထိုမြင်ကွင်းကိုတွေ့လိုက်ရသည်။ သူကမနေနိုင်တော့ဘဲ ရှေ့လျှောက်သွားလိုက်၏။ ထို့နောက် ကောင်းယောင်ယောင်အား_ ''ဒီဖရဲသီး စတော်ဘယ်ရီသီးနဲ့ ရုံးပတီတွေကို ငါ့အတွက်ထုပ်ပေးပါ... ဒီလိုအထူးမျိုးကို လူတိုင်းမသိကြဘူး... တချို့လူတွေက တကယ်ခေါင်ခိုက်တဲ့စျေးကိုမြင်ဖူးကြတာမဟုတ်ဘူး''

ကောင်းယောင်ယောင်က အံ့သြသွားပြီး_ ''လူကြီးမင်း... အားလုံးထုပ်ရမှာလား?''

ဘေးမှကြည့်နေသော ချင်လင်က ချန်ရှန်းဖေကို အံ့အားသင့်စွာကြည့်လိုက်သည်။

ထိုအရည်အသွေး ၂ ဖရဲသီး၊ စတော်ဘယ်ရီနှင့်ရုံးပတီတို့မှာ အများကြီးမဟုတ်သော်လည်း စုစုပေါင်း ယွမ် ၂၅၀၀၀ ကျ၏။

''အားလုံးထုပ်လိုက်... ငါအကုန်လိုချင်တယ်!'' အဲလိုဒရာမာခင်းနေတဲ့သူတွေကို ချန်ရှန်းဖေ

သည်းမခံနိုင်။ သူကထိုအမျိုးသမီးကို ဆက်ဆက်ပြောလိုက်သေးသည်_ ''ကလေးရှေ့မှာ မင်းကအမေဆိုတာမမေ့နဲ့... ကလေးကို လိုက်အတုမခိုးစေနဲ့''

ထိုစကားလုံးများက အမျိုးသမီး၏မျက်နှာကို စိမ်းတလှည့်ဖြူတလှည့်ဖြစ်စေ၏။

သို့သော် ထိုကဲ့သို့လူမျိုး၏တစ်ယူသန်စိတ်မှာ ချန်ရှန်းဖေထင်ထားသည်ထက် ပိုဆိုးလေသည်။

ထိုအမျိုးသမီးက ချန်ရှန်းဖေ၏မျက်နှာကို ဖုန်းနှင့်ချိန်ပြီး ဓာတ်ပုံရိုက်လိုက်၏_ ''ကြည့်ကြဦး... ချင်းလင်စံအိမ်က အသီးတွေကိုစျေးတင်ရောင်းရုံတင်မကဘူး... ကျွန်မတို့လိုမတတ်နိုင်တဲ့ ခရီးသည်တွေကိုလှောင်ဖို့ နောက်ခံလူတောင်ရှာထားသေးတယ်''

“…” ချန်ရှန်းဖေပါ အံ့အားသင့်သွားသည်။

ဘေးပတ်လည်မှခရီးသည်များလည်း ထိုစကားကြောင့် သြချသွားသည်။ နောက်ဆုံး သည်းမခံနိုင်တော့တဲ့လူတစ်ယောက်က_

''မင်းက ကလေးအမေဖြစ်ပြီး ကလေးအတွက် စံနမူနာကောင်းမလုပ်နိုင်ဘူးလား?''

''ရယ်စရာကောင်းလိုက်တာ... ဒီလူကြီးမင်းရဲ့အနောက်တိုင်းဝတ်စုံက စိတ်တိုင်းကျချုပ်ထားတဲ့ KION တံဆိပ်... အနိမ့်ဆုံးစျေးက ယွမ် ၅၀၀၀၀ ကစတယ်

“ဒီလူကြီးမင်းရဲ့နာရီက…”

“…”

ထိုသို့ဝေဖန်ပိုင်းခြားတတ်သော လူများလည်းရှိနေသေးသည်။ နောက်ပြီး အားလုံးကသိမြင်ကြသည်။

ထိုအချိန်တွင် အမျိုးသားလုပ်သူက ဆက်မနေနိုင်တော့ပေ။ သူ့မိန်းမမျက်နှာပျက်နေပြီမှန်းသိ၍ ဆွဲခေါ်လိုက်သည်။

''လူကြီးမင်း... ငွေမရှင်းရသေးပါဘူး'' ကောင်းယောင်ယောင်က ထိုအမျိုးသားကို သတိပေးရန်မမေ့_ ''ငွေမရှင်းဘဲထွက်သွားရင် ကျွန်မတို့ရဲခေါ်ရပါလိမ့်မယ်''

အမျိုးသားက မချင့်မရဲဖြစ်သွားပြီး ပတ်ဝန်းကျင်၏မသတီသော အကြည့်များအောက် ပြန်လှည့်လာရသည်။ သူကအံကြိတ်လိုက်ကာ_ ''တောင်းပန်ပါတယ်... ဘယ်လောက်ကျလဲ?''

''ကျွန်မတို့ ဒီမှာငွေရှင်းပါမယ်!'' ကောင်းယောင်ယောင်က ထိုလူကိုမကြည်မလင်နှင့် ပြန်ပြောလိုက်၏။

အမျိုးသမီးက ဒေါသတကြီးနှင့်လိုက်ကြည့်နေသည်။ သူမက ဒေါသထွက်ရလွန်း၍ ပေါက်ကွဲတော့မတတ်ပင်။ သူမကလေးနားကို လူငယ်တစ်ယောက်ရောက်လာသည်ကိုလည်း သတိမထားမိချေ။

''ကလေးလေး တော်တယ်... နောက်ဆို ဘယ်နေရာပဲရောက်ရောက်... တိတ်တိတ်လေးခိုးပြီး နှိုက်စားရမယ်'' ထိုလူငယ်က ကလေးကိုမြှောက်ပေးပြီး သူဝယ်ထားသည့်စတော်ဘယ်ရီကိုလက်ထဲထည့်ပေးလိုက်သည်_ ''ကြည့်... ဒါက မင်းဒီတစ်ခေါက်ရတဲ့ဆု!''

''ဟုတ်ကဲ့!'' ကလေးက စတော်ဘယ်ရီကိုယူပြီး ဝမ်းသာအားရခေါင်းညိမ့်ပြလိုက်သည်။

သူ့နံဘေးရှိအမျိုးသမီးမှာ လူငယ်၏အဖော်ဖြစ်ပုံရ၏။ သူမကမနေနိုင်တော့ဘဲ လူငယ်ကိုတိတ်တိတ်လေး ခြေထောက်နှင့်ကန်လိုက်သည်။

ခဏအကြာတွင် အမျိုးသားကငွေချေပြီး ကျိန်ဆဲနေသော သူ့အမျိုးသမီးကိုဆွဲ၍ ထွက်လာခဲ့၏။

သို့သော် အမျိုးသမီးက ထိုကိစ္စကိုမလွှတ်ချနိုင်။

ခန်းမထဲတွင်_

ခန်ရှန်းဖေက ပတ်ဝန်းကျင်မှအကြည့်များကို ဂရုမစိုက်ဘဲ ဆက်စားနေသည်။ ထိုငါးက တကယ်အရသာရှိ၏။ နည်းနည်းမှအလဟဿအဖြစ်မခံနိုင်ပေ။

ချင်လင်က ကောင်းယောင်ယောင်ကိုခေါ်ပြီး ချီးကျူးလိုက်သည်_ ''စောစောက မင်းလုပ်တာတော်တယ်... ဆက်ကြိုးစားပါ!''

စောစောက ကောင်းယောင်ယောင်လုပ်ဆောင်သွားပုံကို သူကအလွန်ကျေနပ်နေ၏။ သူမတွင်ချို့ယွင်းချက်တချို့ရှိနေဆဲဖြစ်သော်လည်း အနည်းဆုံးတော့ တခြားစားပွဲထိုးများကဲဲ့သို့ပြာမသွားပေ။

ချင်လင်က ချန်ရှန်းဖေကို စိတ်ဝင်တစားကြည့်လိုက်သည်။

ဒီလူက သူဌေးကြီးတစ်ဦးဖြစ်ပုံရပြီး ရုံချန်းစီရင်စုမှဟုတ်ဟန်မတူ။ ဘယ်လိုဖြစ်ပြီး ဒီရောက်လာလဲသိချင်သွား၏။

မွန်းလွဲပိုင်းတွင် ချန်ရှန်းဖေ၏ဒရိုင်ဘာရောက်လာသည်။ ချန်ရှန်းဖေက ဒရိုင်ဘာကို သူ့ပါဆယ်ထုတ်များ ကားပေါ်တင်ခိုင်း၏။

ကောင်းယောင်ယောင်က ချင်လင်ထံအစီရင်ခံလိုက်သည်_ ''သူဌေး... လူကြီးမင်းချန်က ဒီမှာ ၃၁၄၃၂ ယွမ် သုံးသွားပါတယ်''

''ငါသိပြီ'' ချင်လင်က ခေါင်းညိမ့်လိုက်ပြီး ခန်းမထဲရှိငါးကန်မှ အရည်အသွေး ၂ ငါးကြင်းနက်နှင့်ငါးကြင်းစိမ်းကို ယူလိုက်၏။

သူက လူကြီးမင်းချန်ကိုပေးရန်စီစဉ်လိုက်သည်။

အရင်ဆုံး သူ့အကူအညီအတွက် ကျေးဇူးတင်ကြောင်းပြောချင်သည်။ ဒုတိယကတော့ အထက်တန်းစားဖောက်သည်ဖြစ်၍ပင်။ ဒီပုဂ္ဂိုလ်က ယွမ်သုံးသောင်းမကတန်သည်။ သူမှတဆင့် ဖောက်သည်များပိုရောက်လာလျှင် သာမန်ဖောက်သည်များထက် ပိုအကျိုးရှိသည်ပင်။

သာမန်ခရီးသည်များစိတ်ဝင်စားသည်ထက် စံအိမ်တွင် ဒီလိုအထက်တန်းစားဖောက်သည်မျိုးတိုးလာအောင် ကြိုးစားရပေမည်။

All Chapters