ကြော်ငြာဖို့အတွက် အခွင့်ကောင်း!
Vol. 3 Ch. 41
ခွင့်မလွှတ်ဘူး!
ကျောက်မိုချင်းက ထိုဆဲဆိုနေသံများကြားသည့်အခါ ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။ အကုန်လုံးမှာ အဖြစ်မှန်ကိုမသိဘဲစာရိုက်နေကြသော ကီးဘုတ်ဖိုက်တာအုပ်စုမျှသာဖြစ်၏။ တချို့အသံကမူ အကျိုးသင့်အကြောင်းသင့်ဖြစ်သည်။
သို့သော်လည်း လှည့်စားထားသည့်အချက်ကို ကီးဘုတ်ဖိုက်တာအတော်များများက အားပေးနေကြ၏။
အဓိကက သူ့ယောက်မကိုတောင် လွှမ်းမိုးနေပြီး တရားမျှတမှုကိုရှာနေသည်။ သူ့ယောက်မက ကီးဘုတ်ဖိုက်တာမဟုတ်မှန်းသိသော်လည်း လူအုပ်အတိုင်း သဘောထားတူနေ၏။ ကီးဘုတ်ဖိုက်တာများစွာရှိပြီး လူတိုင်း၏စကားမှာ ရွှေဖြစ်နေလေသည်။ လူအုပ်နှင့်သဘောတူသူများကလည်း ထိုအကြောင်းကိုလိုင်းပေါ်တင်ကြ၏။
ဤသည်မှာ အင်တာနက်၏ တစ်ခါတရံတွင် ဖုန်းနှင့်ဗီဒီယိုရိုက်နိုင်သူက အရေးပါအရာရောက်သည်ဟူသောအချက်ကြောင့်ပင်ဖြစ်သည်။ လူအတော်များများမှာ ထိုကဲ့သို့'တရားမျှတမှု'မျိုးကြောင့် ပြိုလဲဖို့ဖိအားပေးခံကြရ၏။
စဉ်းစားချင့်ချိန်တတ်သူများက အလောသုံးဆယ်မှတ်ချက်မချတတ်သည်ကို အင်တာနက်က စိတ်ရှုပ်ထွေးအောင်လုပ်ရာလည်းကျသည်။
သူတို့သာ ကျည်ဆန်ကိုအရှိန်သေတဲ့အထိထားလိုက်ရင် ကိစ္စအားလုံးရှင်းသွားပေလိမ့်မည်။ ဤသည်ကအခြေအနေကို တစ်ပတ်လည်အောင်ကာကွယ်ပြီးသားဖြစ်၍ ကိုယ်ရှူးကိုယ်ပတ်သာဖြစ်ပေမည်။
ကျောက်မိုချင်းက ချက်ချင်းဖုန်းထုတ်၍ ချင်လင်ကိုခေါ်လိုက်၏။ သူမက ချင်လင်ကို ဒီသတင်းအကြောင်းပြောပြချင်သည်။
တစ်ဖက်တွင်_
ချင်လင်အိမ်ပြန်ရောက်သောအခါ ရေမိုးချိုးပြီး သူ့အခန်းထဲမဝင်ခင် ဝမ်ချိုင်နှင့်ကစားနေလိုက်သည်။
ဒီနေ့စံအိမ်ကအဖွင့်ကောင်းဖြစ်ခဲ့ပြီး ယွမ်တစ်သိန်းကျော်ရခဲ့၏။ သူ့ကိုယ်ကိုယ်ယုံကြည်မှုလည်းပိုတက်စေသည်။ တက္ကသိုလ်တွင်သူသင်ယူခဲ့သော ခရီးသွားစီမံခန့်ခွဲမှုပညာကနောက်ဆုံးတော့အသုံးတည့်လာခဲ့ပြီဖြစ်၏။
သူ့စိတ်ထဲကဂိမ်းထက် လက်ရှိသူ့ရဲ့အကြီးမားဆုံးတည်မှီရာက ဧက ၃၀ ရှိသော သုံးပွင့်ဆိုင်ပန်းပင်လယ်ပင်။ အရွယ်အစားအားဖြင့်တော့ သူ့ပန်းပင်လယ်ကိုယှဉ်နိုင်သူ တရုတ်ပြည်တွင်မရှိဟု ယုံကြည်ထားသည်။ ကြော်ငြာအားကောင်းသရွေ့ ခရီးများကိုပိုမိုဆွဲဆောင်လာနိုင်ပေမည်။
ခရီးသည် ၂၃၈ ယောက်လာရတဲ့ အဓိကအချက်ကဘာလဲ? နိုင်ငံအတွင်း ထိပ်တန်းနွေရာသီစံအိမ်အချို့မှာ တစ်နေ့တစ်နေ့ကို ခရီးသည်အယောက် ၂၀၀၀၀ အထိပင်လာကြသည်ရှိ၏။
သူ့စံအိမ်လေးက အဲသည်လောက်ဧည့်သည်အများကြီးရနိုင်စွမ်းမရှိသော်လည်း နောင်ထပ်နှစ်ဆ၊သုံးဆတိုးဖို့တော့ ဖြစ်နိုင်ချေရှိသည်။
ထိုအချိန်ကျလျှင် စံအိမ်တွင် ပန်းပင်လယ်ပဲရှိနေ၍မဖြစ်တော့။ တောတွင်းစွန့်စားခန်းသေးသေးလေးနှင့် မြက်ခင်းလျှောလေးပဲ ရှိနေ၍မဖြစ်တော့။
လာရောက်လည်ပတ်ချင်စိတ်နှင့် ခရီးသွားများကိုငွေညစ်နိုင်စွမ်းရှိမည်မဟုတ်။ လာရောက်လည်ပတ်သူများက ပိုက်ဆံဘယ်လောက်ကုန်ကုန်မမှုပေ။
အထူးသဖြင့် တချို့လူငယ်များပင်။ သူတို့ကမိန်းကလေးများခေါ်လာသော်လည်း စံအိမ်မှတောင်းခံငွေမှာ ယွမ် ၃၀၀ ပင်မကျော်။ သူတို့ကရှက်စရာကောင်းလျှင် စံအိမ်ကပိုတောင်ရှက်ရဦးမည်။
ထို့ကြောင့်သူက လုပ်ငန်းသစ်တစ်ခုစချင်သည်။ ထိုလုပ်ငန်းက ပန်းပင်လယ်ကြောင့် ခရီးသည်များကိုပိုစိတ်ဝင်စားစေမည့်အပြင် သူတို့ကိုပျော်ရွှင်စေပြီး ပိုက်ဆံလည်းပိုသုံးစေရမည်။
သူကစံအိမ်ပတ်လည်တွင် မြေအနေအထားတစ်ခုတွေ့ထားသည်။ အမှန်တော့ သဘာဝအတိုင်းလုပ်ငန်းကောင်းတစ်ခုဖြစ်၏။ စံအိမ်နားတွင် သဘာဝအလျောက်မြစ်များရှိသောကြောင့် ရေကန်နှင့်ဆည်တစ်ခုရှိထားသည်။
မြစ်တစ်စင်းမှာ စံအိမ်ဘေးမှဖြတ်စီးဆင်းပြီး တောင်ထိပ်သို့တည့်တည့်ဦးတည်နေသည်။ ၁၀ ကီလိုမီတာ နှစ်နာရီကြာ တောင်တန်းရွက်လွင့်ခရီးစဉ်ကို လုံးဝတည်ဆောက်နိုင်၏။ တစ်ယောက်ကို ယွမ် ၁၅၀ နှင့် သေချာပေါက်ရောင်း၍ရသည်။
ရွက်လွင့်ခြင်းမှာ ယနေ့ခေတ်ခရီးသွားနှင့်လည်ပတ်စရာတွင် ခေတ်စားသောအစီအစဉ်လည်းဖြစ်၏။

စံအိမ်အတော်များများနှင့် ရှုခင်းကောင်းသောနေရာများတွင် လိုအပ်သောအစီအစဉ်တစ်ခုဖြစ်သည်။ မြစ်ကြောင်းအခြေအနေမပေးသူများက ကုန်းမြေလျှောစီးခြင်း၊ မြက်ခင်းပြင်လျှောစီးခြင်းများကိုပင် ဖန်တီးယူကြ၏...
သို့သော် ရွက်လွင့်ခြင်းခရီးစဉ်အတွက် အရင်းအနှီးမှာမသေး။ အရေးအကြီးဆုံးအချက်မှာ ရွက်လွင့်နိုင်သောမြစ်ဖြစ်အောင် တည်ဆောက်ဖို့ပင်။ မြစ်အခြေအနေအရဆိုလျှင် ၁၀ ကီလိုမီတာအတွင်း ယွမ်တစ်သန်းထက်မနည်းနိုင်။ ထို့ပြင် ခရီးသည်ဝန်ဆောင်မှုစင်တာ၊ ကုန်ပစ္စည်းသိုလှောင်ခန်း၊ သန့်စင်ခန်း၊ အအေးခန်း၊ လက်မှတ်ရုံ၊ ရွက်လွင့်ပစ္စည်းအရောင်းဆိုင်၊စောင့်ဆိုင်းကေဘယ်ကြိုးရှည်များ၊ အစနှင့်အဆုံးသတ်နေရာရင်ပြင်များ စသဖြင့် တည်ဆောက်ရန်လည်း လိုသေး၏။
ထို့ထက်ပိုပြီး အံကပ်၊ အသက်ကယ်အင်္ကျီ၊ ဦးထုပ်၊ လေဖောင်းကိရိယာများ၊ လှေသယ်ယာဉ်၊ ခရီးသည်ရှုခင်းကြည့်ယာဉ်များ၊ ရေကန်များနှင့်ရိုးရိုးတောင်တက်လမ်းတို့လည်း ရှိသေးသည်။
အားလုံးတွက်ကြည့်လျှင် ယွမ်ငါးသန်းကျော်ကုန်နိုင်သည်။
သို့သော် ရွက်လွင့်ခရီးစဉ်ရှိလာလျှင် စံအိမ်အဆင့်အတန်းတော်တော်မြင့်သွားမည်ဖြစ်၏။
ထို့အပြင် လက်ရှိစံအိမ်၏အခြေအနေအရ တစ်နေ့ယွမ်တစ်သိန်းရလျှင် တစ်လဆိုအနည်းဆုံးယွမ်သုံးသန်းခန့်ဝင်နိုင်သည်။ ထိုအစီအစဉ်ကိုအကောင်အထည်ဖော်ဖို့လုံးဝဖြစ်နိုင်ချေရှိ၏။
ကြော်ငြာအားကောင်းလျှင် ခရီးသည်များလာပြီး
ခေါင်းကွဲနေသောအရင်းများ တစ်လမပြည့်ခင်ပြန်ရနိုင်ပေသည်။
ထို့ကြောင့်အခရာမှာ ကြော်ငြာအားကောင်းဖို့ဖြစ်နေဆဲပင်။ သူက တေးဂီတပလက်ဖောင်းတချို့ကိုစဉ်းစားမိသည်။ နာမည်ကျော်စံအိမ်များ၊ ဟိုတယ်များမှာ ဂီတပလက်ဖောင်းတချို့ကြောင့် လိုင်းပေါ်တွင်နာမည်ရလာခြင်းဖြစ်ပေသည်။
ကြော်ငြာအားကောင်းနေသရွေ့တော့ သာမန်နေရာတောင် ခရီးများစိတ်ဝင်စားနေဦးမည်ဖြစ်၏။
ချင်လင်ကအစီအစဉ်ဆွဲနေစဉ် ကျောက်မိုချင်းဆီမှ ဖုန်းဝင်လာသည်။
သူကဖုန်းကိုချက်ချင်းကောက်ကိုင်လိုက်သည်_ ''ဒီလောက်မြန်မြန်ကြီးလွမ်းနေပြီလား? ကိုယ်ဘာလို့ဟိုတယ်မှာအခန်းယူပြီး မင်းကိုလာမခေါ်ရတာပါလိမ့်?''
ကျောက်မိုချင်းက စိုးရိမ်တကြီးနှင့်_ ''ရှင်ကနောက်နေနိုင်သေးတယ်နော်? တစ်မြို့တည်းက Tiktok ဗီဒီယိုကိုကြည့်လိုက်ပါဦး... ဒီနေ့ယုတ္တိမရှိတဲ့အမျိုးသမီးက စံအိမ်ကိုအပုပ်ချနေတယ်''
ချင်လင်ကမျက်မှောင်ကြုတ်၍ ဖုန်းချပြီးနောက် Tiktok ထဲဝင်ကြည့်လိုက်သည်။ သူက တစ်မြို့တည်းကိုရွေးပြီးနောက် မောက်မာလှသောအမျိုးသမီး၏ဗီဒီယိုကို တွေ့လိုက်ရ၏_ ''အားလုံးပဲ ကြည့်ကြပါ... ချင်းလင်စံအိမ်က ခရီးသည်တွေကို ဝယ်ဖို့ဖိအားပေး...''
''သောက်...'' ချင်လင်က ပြောစရာစကားမရှိတော့။ ဘာလို့တချို့လူတွေက အရမ်းမာယာများကြတာလဲ?
ဒီလိုလူတွေအများကြီးရှိနေခြင်းကြောင့်သာမဟုတ်လျှင် ကမ္ဘာကြီးကပိုပြီး သဟဇာတဖြစ်ပေလိမ့်မည်။
အဓိကက ထိုဗီဒီယိုမှာ ကိုယ်ပိုင်မီဒီယာအကောင့်တစ်ခုဖြစ်ပြီး ပရိတ်သတ် ၂၅၀၀၀၀ ရှိ၏။
ဒီဗီဒီယိုပိုင်ရှင်က မစုံစမ်းဘူးလား? ဦးနှောက်မရှိဘူးလား? တရားမျှတမှုကိုအားပေးရုံသက်သက်လား?
ထိုဗီဒီယိုက Like တွေအများကြီးရထားပြီဖြစ်သည်။ မြို့ထဲတွင်လူပြောအများဆုံးခေါင်းစဉ်ပင်ဖြစ်လာ၏။
သူကဗီဒီယိုမှတ်ချက်များကိုကြည့်လိုက်သည်။ အားလုံးက သူ့စံအိမ်ကိုအပြစ်တင်ထားသည်ချည်း။ ဒီလိုသာဆက်သွားနေရင် သူ့စံအိမ်စီးပွားရေးကို သေချာပေါက်ထိခိုက်တော့မည်။
နောက်ပြီး လူတစ်ယောက်၏ကိုယ်တွင်းအသိစိတ်မှာ အလွန်အားကောင်းသည်။ တစ်စုံတစ်ခုကိုမကောင်းဘူးဟုသတ်မှတ်လိုက်လျှင် မသိစိတ်ကအလွန်အားကောင်းလာ၏။
သို့သော်လည်း သူကအလျင်မလို။ ထိုအမျိုးသမီးကစံအိမ်ထဲတွင် စောင့်ကြည့်ကင်မရာရှိသည်ကိုမေ့နေပုံရသည်။
ထို့အပြင် ထိုကဲ့သို့ကိစ္စမျိုးမှကာကွယ်ရန် စံအိမ်စောင့်ကြည့်ကင်မရာတွင် အသံဖမ်းစက်တပ်ဆင်ထားသဖြင့် အဖြစ်အပျက်စကားပြောအားလုံးကို သေသေချာချာကြားရပေမည်။
တကယ်ထုတ်သုံးရမည်တော့ ထင်မထားမိပါချေ။

သို့သော်တစ်ဖက်လူမသိတာက တစ်စုံတစ်ယောက်ရဲ့ဂုဏ်သတင်းကို ဖျက်ဆီးခြင်း၊ အပုပ်ချခြင်းအတွက် သူကဥပဒေနည်းလမ်းအရတာဝန်ယူဆောင်ရွက်မည်ဆိုတာကိုပင်။
''အဲဒီ like တွေက ထောင်ဒဏ်ကျတာလို ဘောင်ဝင်တန်းဝင်ဖြစ်မယ်မထင်ဘူး'' ချင်လင်ကမျက်မှောင်ကြုတ်ပြီး ဗီဒီယိုကိုဖွင့်လိုက်သည်။ ထို့နောက်သူက ရေပန်းစားသောခေါင်းစဉ်ဖြစ်လာစေရန် Dou+ ကိုရွေးလိုက်၏။ တန်ဖိုးက ညာဘက်တွင်ကျလာသည်။
အကောင့်တစ်ခုတည်းနှင့် လုံလောက်သည်မခံစားရသောကြောင့် ချင်လင်က အကောင့်နှစ်ခုမှတ်ပုံထပ်တင်လိုက်ပြီး ထိုဗီဒီယိုကိုရေပန်းစားလာအောင် ထပ်လောင်းအားဖြည့်လိုက်၏။ ညာဘက်တွင် တန်ဖိုးကျလာသည်။
ထို့နောက် အကောင့်သုံးခုကိုလှည့်၍ ဗီဒီယိုကို လူရှာဖွေမှုများလာအောင် ဒုတိယအကြိမ်ထပ်တင်လိုက်သည်။
သုံးလေးကြိမ်ကျော့ပြီးနောက် ယွမ်တစ်သောင်းခန့်ကုန်သွားလေသည်။
ပုံမှန်အတိုင်း သူ့ကိုအပုပ်ချသည့်ဗီဒီယိုကို လူသိများလာအောင်လုပ်ပြီး လူပြောများလာအောင်လုပ်လိုက်ခြင်းပင်။
ညလွန်သော် လိုင်းပေါ်တွင် သူ့ကိုအပြစ်တင်သူများ မရေမတွက်နိုင်အောင်ရှိလာပေလိမ့်မည်။ တာကျိုးအောင်လုပ်ပေးလိုက်လျှင် လိုင်းပေါ်ကလူအားလုံးပင် အပြစ်တင်ကြမည်။
ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်ရပ်မျိုးက ပြည်သူတွေစိတ်အဝင်စားဆုံးဖြစ်သည်။ တရားမျှတမှုမရှိတဲ့ ကီးဘုတ်ဖိုက်တာသမားတွေ အကြိုက်ဆုံးဗီဒီယိုမျိုးလည်းဖြစ်၏။
သို့သော် ဒါကသူ့စံအိမ်အတွက်တော့ ကြော်ငြာရမည့်အကောင်းဆုံးအခွင့်အရေးဖြစ်သည်။ အင်တာနက်ပေါ်တွင် နာမည်ကြီးစိတ်ဝင်စားစရာတောင်ဖြစ်လာနိုင်သည်။
တန်ပြန်စိတ်ပညာသဘောအရကြောင့်ပင်။
အင်တာနက်ပေါ်မှဖြစ်ရပ်အများစု သက်သေပြနေသည်မှာ အစပိုင်းမကျေနပ်ချက်တွေများလေလေ အခြေအနေပြောင်းပြန်ဖြစ်သွားသည့်အခါ စွပ်စွဲခံရသည့်သူက အကျိုးပိုရှိလေလေဖြစ်သည်။
ထိုကီးဘုတ်ဖိုက်တာများက ချက်ချင်းသူတို့၏စိတ်အနှောင့်အယှက်ဖြစ်ဖွယ်မှတ်ချက်များကိုဖျက်သွားကြလိမ့်မည်။ ထို့နောက် သူတို့အစောကြီးကတည်းကသိပြီးသကဲ့သို့ ဟန်ဆောင်ပြီး အသံပြောင်းကြဦးမည်။
''ပြီးရင် ရဲမခေါ်ခင် ဗီဒီယိုပြန့်သွားအောင် စောင့်လိုက်ဦးမယ်'' ချင်လင်က တစ်ယောက်တည်းရေရွတ်လိုက်သည်။
သူ့အလုပ်ကိုတိတ်တခိုးလာလုပ်သူများကို သူကလည်းခွင့်လွှတ်မည်မဟုတ်ပေ။
ထိုအချိန်တွင်…
အခြားတစ်ဖက်၌ အမျိုးသမီးဖြစ်သူမှာ ဖုန်းထဲမှဗီဒီယိုကို စိတ်လှုပ်ရှားစွာစောင့်ကြည့်နေသည်။
''ယောက်ျားရေ... ဒီစံအိမ်တော့ ကံဆိုးပြီ'' လင်ချွန်းလန်က သူ့ယောက်ျားအား ချေငံသောမျက်နှာထားနှင့်လှမ်းပြောလိုက်သည်။ သူမဘေးနားရှိလူငယ်လေးကိုလည်း_ ''ဝမ်းကွဲမောင်လေး... ဒီတစ်ခါ ငါ့ဒေါသကိုထွက်ပေါက်ပေးလို့ ကျေးဇူးပဲ''
သူ့ဘေးတွင် လင်ချွန်းလန်၏ယောက်ျားက မတတ်သာစွာ ခေါင်းခါနေလိုက်တော့သည်။ သူတို့ပြန်လာပြီးကတည်းက ကိစ္စကိုဒီအတိုင်းထားလိုက်ရတော့မှာပင်။ သို့သော် သူ့မိန်းမက ထိုကိစ္စအတွက် ဆက်ပြီးရန်လိုနေ၏။
ကော်ဟွေ့က နောက်ခံတွင်တက်လာသော like များကိုမြင်ပြီး ပြုံးနေသော်လည်း လှမ်းမေး၍အတည်ပြုလိုက်သေးသည်_ ''ဝမ်းကွဲအစ်ကို မရီး... ခင်ဗျားတို့ပြောတာအမှန်ဆိုတာ သေချာပါတယ်နော်... ဘာပဲဖြစ်ဖြစ် ဒါကိုနာမည်ကြီးအောင်လုပ်တော့မှာ''
သူက သူ့အကောင့်အတွက်အလုပ်လုပ်ခဲ့သည်မှာ သုံးနှစ်နီးပါးရှိပြီဖြစ်ပြီး ပရိတ်သတ် ၂၅၀၀၀၀ သာရှိ၏။ တချို့ကိုငွေနှင့်ဝယ်ယူထားခြင်းဖြစ်ပြီး နာမည်ကြီးခေါင်းစဉ်မဖြစ်ခဲ့ပေ။
ဒီတစ်ကြိမ်တော့ သူ့အစ်ကိုဝမ်းကွဲနှင့်မရီးတို့ဖြစ်ခဲ့သည့် ချင်းလင်စံအိမ်က သစ်သီးများဝယ်ရန်ဖိအားပေးသည့်ကိစ္စမှာ သေချာပေါက်နာမည်ကျော်မည့်အဖြစ်အပျက်တစ်ခုပင်။
ဒီကိစ္စက သူ့ကိုပရိသတ်တွေတိုးအောင် လုံးဝအကူအညီပေးနိုင်မည်။
ထို့ကြောင့်သူက Dou+ တွင် ယွမ်နှစ်သောင်းရင်းပြီး ပထမတစ်ကျော့လူအကြည့်များအောင်လုပ်ရန်ဆုံးဖြတ်လိုက်သည်။
လင်ချွန်းလန်က ဂရုမစိုက်ဟန်ဖြင့်_ ''ဝမ်းကွဲမောင်လေး... ငါမင်းကိုဗီဒီယိုပြတယ်မလား? ဘယ်လိုလုပ်ညာတာဖြစ်မှာလဲ?''
ကော်ဟွေ့က ခေါင်းညိမ့်လိုက်ပြီး စိတ်ပြတ်သားစွာနှင့် Dou+ ကစားရန် သူ့ဖုန်းထုတ်လိုက်၏။
ဘာပဲဖြစ်ဖြစ် သူတို့ကမိသားစုတွေပဲ။ ဘာမှသံသယထားမနေတော့ပါဘူး။ သူ့အစ်ကိုဝမ်းကွဲက ငယ်ငယ်လေးကတည်းက သူ့အပေါ်အရမ်းကောင်းခဲ့တာလေ။