← Chapters

ဂိမ်းမျိုးစေ့ကိုလေ့လာကြည့်ခြင်း!

Vol. 3 Ch. 44

ဂိမ်းမျိုးစေ့ကိုလေ့လာကြည့်ခြင်း!

Vol. 3 Ch. 44

စံအိမ်က တကယ်နာမည်ကျော်လာပြီ!

ဤရက်ပိုင်းအတွင်း ချင်းလင်စံအိမ်မှာ လုံးဝနာမည်ကျော်လာသည်။

ပထမဆုံးနေ့တွင် စံအိမ်၏ဖိအားပေးရောင်းချမှုမှာ လူပြောများသောခေါင်းစဉ်တစ်ခုဖြစ်ပြီး ပေါက်သွားခဲ့၏။ ဤသည်မှာ အာရုံစိုက်ခံရအောင်ဆွဲဆောင်သော လူမှုရေးပြဿနာတစ်ခုသာဖြစ်သည်။

နောက်နေ့တွင် ထိုဖြစ်ရပ်မှာ ရုတ်တရက်အခြေအနေပြောင်းသွားခဲ့ပြီး ကလေးဆိုးကအမှားလုပ်သည်ဖြစ်သွား၏။ ယုတ္တိမရှိသောမိဘများ၏လူမှုရေးပြဿနာ (သို့) ထိုကလေးဆိုးအမှားလုပ်ခြင်းက ပိုဒေါသထွက်စရာဖြစ်ခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ အင်တာနက်ပေါ်တွင် အမှားလုပ်တတ်သောလူဆိုးလေးများရှိတတ်ပြီး ကြီးကြီးမားမားဆုံးရှုံးရစေကာမူ မိဘများက ကလေးဖြစ်၍အပြစ်မယူသင့်ဟူသောဆင်ခြေကို သုံးချင်ကြ၏။

တချို့မိဘများက သူတို့ကလေးများကို ဥပဒေကထိန်းချုပ်၍မရနိုင်ဟု ယုံကြည်ချက်ရှိရှိပင်ပြောကြပြီး လမ်းကြောင်းပြဿနာတစ်ခုကဲ့သို့သာ သဘောထားကြသည်။

ဤသည်က ချင်းလင်စံအိမ်ကို ပိုနာမည်ကြီးလာစေ၏။

ထို့ကြောင့် ချင်ရန်စတူဒီယို၏မီဒီယာအကောင့်မှာလည်း ပရိသတ်များစွာရလာခဲ့သည်။ ကျေးဇူးတင်သည့်အနေနှင့် ချင်ရန်စတူဒီယိုက အရင်ကရိုက်ကူးထားသော သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကြော်ငြာဗီဒီယိုကို ၄င်းနာမည်အကြီးဆုံးအချိန်တွင် ထုတ်လွှင့်လိုက်၏။ ဤသည်က သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုနာမည်ကျော်အောင် ချင်လင်အားကူညီပေးရာရောက်ပေသည်။

ချက်ချင်းပင် အနုပညာလက်ရာကဲ့သို့ ပန်းပင်လယ်ကြော်ငြာဗီဒီယိုမှာ လူကြိုက်များကျော်ကြားအောင် ဆွဲဆောင်နိုင်ခဲ့၏။

ဗီဒီယိုကိုမြင်သူတိုင်းမှာ ဗီဒီယိုထဲမှပန်းပင်လယ်ကို စိတ်ဝင်စားသွားကြသည်။

အလွန်လှပလွန်းသောကြောင့်ပင်။

အဝင်ကောင်းခြင်းကြောင့် မြင်ကွင်းတိုင်းမှာ အနုပညာရှင်ကြီးတစ်ခုက သေချာပုံသွင်းထားသည့်နှယ်။

အဓိကမှာ အလယ်တွင်ရိုက်ထားသော ဗီဒီယိုဖြစ်၏။ ပန်းပင်လယ်မှာ ဆွဲဆောင်မှုရှိလွန်း၍ မည်သူမျှအကြည့်ခွာနိုင်မည်မဟုတ်ချေ။ လိပ်ပြာများပျံဝဲနေခြင်း၊ သာယာနာပျော်ဖွယ်ငှက်မြည်သံများနှင့် လူယဉ်သောရှဉ့်များမှာ အံ့သြဖွယ်ရာချည်းပင်။

အချိန်တိုအတွင်း မရေတွက်နိုင်သောလူများက ပန်းပင်လယ်အကြောင်းလာမေးကြ၏။

ချင်လင်စနစ်တကျစီစဉ်ရခြင်းမှာ နေညက်ထပ်ရည်ရွယ်ချက်တစ်ခုလည်းရှိသည်။ သူ့အားနာမည်ဖျက်သည့်လူများကိုလက်တုံ့ပြန်သည့်အပြင် သူ့စံအိမ်ကိုကြော်ငြာခြင်းလည်းဖြစ်၏။

ရလဒ်အနေနှင့် စံအိမ်သို့လာသည့်ခရီးသည်အရေအတွက်မှာ အင်းတိုက်အားတိုက်တိုးလာလေသည်။

ချင်းလင်စံအိမ်_

ချင်လင်မှာပေါက်ပြားတစ်လက်ကိုကိုင်၍ ခန်းမအနောက်ဘက်ရှိ ခြံဝင်းကျယ်ထဲတွင် မြေနေရာတစ်ခုကိုတူးဆွနေသည်။

သူ့နံဘေးတွင် လုံခြုံရေးခေါင်းဆောင်ခန်တပေလည်း ပေါက်ပြားတစ်လက်နှင့်အလုပ်ရှုပ်နေ၏။ သူက သူ့သူဌေးခိုင်းလျှင် ဘာမဆိုလုပ်မည့်ပုံပင်။

''လင်ဇီ... ဘာလုပ်နေတာလဲ?'' ချင်ရန်ကသိချင်စိတ်နှင့်မေးလိုက်သည်။

ဤစံအိမ်က နာမည်ကျော်ကြားပြီးသား။ သူ့ညီအစ်ကိုကဘာကြောင့် တူးဆွလုပ်ကိုင်နေချင်သေးမှန်း သူနားမလည်နိုင်။

သူကလွန်ခဲ့သည့်နှစ်ရက်ကတည်းက စံအိမ်တွင် သုံးပွင့်ဆိုင်ပန်းပင်လယ်ကို ဗီဒီယိုရိုက်ကူးရန်ရောက်နေခြင်းဖြစ်သည်။

သူ့စတူဒီယိုအကောင့်တွင်လည်း လမ်းကြောင်းများစွာတိုးလာပြီဖြစ်၏။ စတူဒီယိုမီဒီယာအကောင့််မှာ နောက်ထပ်ရှုခင်းလိုင်းတစ်ကြောင်းရရန် ဆက်လုပ်ရပေမည်။ တခြားသူများမှာ ချင်လင်နှင့်ရင်းနှီးသည်မဟုတ်၍ ချင်ရန်ကိုပင်အားနာနာနှင့် ကိစ္စအပ်ထားရလေသည်။ စံအိမ်သို့ 'စီးပွားရေးခရီးထွက်ခြင်း' လည်းမည်၏။

''ငါဖရဲသီးစိုက်ဖို့လုပ်နေတာ!'' ချင်လင်က အပင်စိုက်ရန်မျိုးစေ့အိတ်ကိုထုတ်လိုက်ရင်း ရှင်းပြသည်။

ချင်လင်က အရည်အသွေး ၂ ဖရဲမျိုးစေ့ချရန် မြေကိုတူးဆွနေခြင်းဖြစ်လေသည်။

(အစေ့လွတ်ဖရဲမျိုးစေ့ _ အရည်အသွေး ၂)

(အထူးစိုက်ပျိုးထားသော မျိုးစေ့ဖြစ်သည်။ စိုက်ပျိုးထားသောဖရဲသီးမှာ အနံ့အရသာကောင်းမွန်သည်။ စိုက်ပျိုးရမည့်ရာသီ ကန့်သတ်ထားခြင်းမရှိ။ စိုက်ပျိုးချိန်တိုတောင်းသည်။)



အပြင်ကမျိုးစေ့ကို ဂိမ်းထဲမှာစိုက်၍ရသည်။

ဒီတော့ ဂိမ်းထဲကမျိုးစေ့ကိုလည်း အပြင်မှာစိုက်၍ရမည်မဟုတ်ပါလား?

သူစမ်းသပ်ကြည့်ပုံတစ်မျိုးလည်းဖြစ်သည်။

အပြင်မှသာမန်ဖရဲမျိုးစေ့များကို ဂိမ်းထဲမှာစိုက်လျှင် အရည်အသွေး ၁ ဖရဲသီးရမည်ဆိုတာကောင်းကောင်းသိသော်လည်း ဂိမ်းနှင့်သာသက်ဆိုင်ပေ၏။

အရည်အသွေး ၂ ဖရဲမျိုးစေ့များမှာ အဆင့် ၃ ဂိမ်းနယ်မြေမရှိပေ။ ၄င်းအရည်အသွေး ၂ ဖရဲသီးကို အပြင်မှာစိုက်၍မရနိုင်ဖို့များသည်။

ဒါပေမဲ့ ကြိုးစားကြည့်ရမည်မဟုတ်ပါလား? ဘာပဲဖြစ်ဖြစ် လက်တွေ့ဘဝမှာ ဂိမ်းမဟုတ်ပေ။ ကြိုတင်ခန့်မှန်း၍မရနိုင်။ ဘယ်အရာမှအတည်တကျဟူ၍မရှိ။

အရည်အသွေး ၂ မျိုးစေ့က အပြင်မှာအရည်အသွေး ၂ ဖရဲသီးမစိုက်နိုင်ဘဲ အရည်အသွေးကျဆင်းခဲ့လျှင်တောင် အရည်အသွေး ၁ တော့ရမည်ဖြစ်ပြီး ထိုစိုက်ပျိုးရရှိသောမျိုးစေ့အသစ်များမှာ စပ်မျိုးအသစ်ဖြစ်သဖြင့် သာမန်ဖရဲသီးထက်တော့ပိုကောင်းပေမည်။

ထိုခြားနားချက်ကြောင့် ပတ်ဝန်းကျင်ပြောင်းလဲသွားရင်ရော? အပင်မျိုးစေ့များမှာ ပတ်ဝန်းကျင်နှင့်ရာသီဥတုကြောင့်ပြောင်းလဲမှုရှိသည်။ အဲဒီထဲကတစ်ပင်နှစ်ပင်မှာ ဤပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်ပြီး သူတို့ရဲ့မူလအရည်အသွေးကိုထိန်းထားနိုင်ရင်ရော?

ဒါဆိုအံ့သြဖို့မကောင်းဘူးလား?

အစောဆုံးဆန်စပါးသုတေသနမှာလည်း မျိုးစေ့များရရန်အတွက် ဤကဲ့သို့ခြားနားမှုအပေါ်တည်မှီနေကြောင်းသိထားကြသည်။ ဖြစ်နိုင်ချေနည်းသော်လည်း ဖြစ်နိုင်သည်ဟုပင် အမြဲတမ်းမျှော်လင့်ထားခဲ့ကြ၏။

ထို့အပြင် ဤအရည်အသွေး ၂ မျိုးစေ့တွင် ရာသီမရွေးစိုက်ပျိုးနိုင်သည်ဟူသော အရည်အသွေးလည်းရှိသည်။ ဆောင်းရာသီတွင်လည်း တန်းစိုက်ပျိုးနိုင်၏။

''ဖရဲပင်စိုက်နေတာ? လင်ဇီ? အောက်တိုဘာတောင်ရောက်နေပြီ... မင်းနောက်နေတာလား?'' ချင်ရန်ကပါးစပ်အဟောင်းသားနှင့် သူ့အစ်ကိုက စနေသည်ဟုထင်မှတ်နေသည်။

ဖရဲပင်တွေကို မတ်လမှာစိုက်ကြတာ အားလုံးအသိပဲ။

အောက်တိုဘာမှာစိုက်ချင်သည်ဆိုလျှင် အပင်ခေါင်ဖြတ်ရပေမည်။

ချင်လင်က ဘာမှမပြောဘဲ သူ့လက်ထဲမှမျိုးစေ့များကို မြေကြီးထဲဆက်ချလိုက်သည်။

စိမ်းစိုမှန်လုံအိမ်ကို တည်ဆောက်ရပေမည်။ အကြောင်းမှာ ဤအရည်အသွေး ၂ မျိုးစေ့များကိုပြုစု၍ ထပ်ပြီးဆပွားရန်ဖြစ်၏... လုပ်ငန်းစဉ်အဆင့်ဆင့်လုပ်ဆောင်ပြီးနောက် လေးခေါက်ချိုးအပင်မှ အစေ့လွတ်ဖရဲမျိုးစေ့ကို မပျိုးထောင်နိုင်သေးခင် ဝတ်မှုန်ကူးရန်အတွက် သာမန်ဖရဲမျိုးကိုသာ အားကိုးရပေဦးမည်!

ထိုလုပ်ငန်းစဉ်မှာ ရှုပ်ထွေးပြီး အားစိုက်မှုအလွန်လိုအပ်သည်။

အခြားဖရဲမျိုးစေ့များမှာ ဆောင်းရာသီတွင် အပင်ခေါင်ကြီးကြီးဖြတ်ရန်လို၏။

ထိုလုပ်ငန်းမှာ ရှုပ်ထွေးသည်။ လွန်ခဲ့သောနှစ်ရက်အတွင်း သူက နည်းပညာနှင့်ပတ်သက်သော အသိပညာများ၊ စာအုပ်များလေ့လာနေခဲ့သည်။

မျိုးစေ့များစိုက်ပြီးနောက် ချန်တပေအား_ ''ရေလောင်းဖို့မမေ့နဲ့နော်''

''ကောင်းပါပြီ သူဌေး!'' ချန်တပေက ခေါင်းညိမ့်လိုက်၏။

ဤသည်ကိုချင်ရန်မြင်လျှင် ဘာမှဆက်မမေးတော့ဘဲ_ ''ဒါနဲ့ လင်ဇီ... မင်းစံအိမ်ရဲ့တရားဝင်အကောင့်လုပ်ပြီးပြီလား? အခုနာမည်ကျော်ပုံနဲ့ဆို လမ်းကြောင်းတွေဆွဲဆောင်ရမယ့်အချိန်ပဲ... နောက်ရက်ပိုင်းလောက်အထိ ရေပန်းစားနေဦးမယ်ဆိုတာ မှန်းလို့ရတယ်... အဲဒီခရီးသည်တွေကိုယ်တိုင်ရိုက်တဲ့ပန်းပင်လယ်ဗီဒီယိုတွေက တကယ်ကြည့်ကောင်းနေမယ်လို့ ဘယ်သူကထင်မှာလဲ? ခရီးသည်တွေပိုများလေလေ မင်းမှာလမ်းကြောင်းပိုရလေလေပဲ... မင်းမီးကောင်းတုန်းအရှိန်တက်အောင်လုပ်လို့ရတယ်... အရမ်းမိုက်မှာပဲ''

ချင်လင်ခေါင်းညိမ့်လိုက်သည်_ ''ငါလုပ်ပြီးပါပြီ... မိုချင်းက ကူလုပ်ပေးတယ်''

ထိုအချိန်တွင် ကောင်းယောင်ယောင်မှာ အပြင်မှဆတ်ခနဲဝင်လာပြီး_ ''သူဌေး... ဒီမနက်ရုံးပတီသီး ကတ်တီ ၃၀၀ ရောင်းထွက်သွားပါပြီ... ခရီးသည်တွေအများကြီး... အထူးသဖြင့် အမျိုးသားတွေက ဝယ်ချင်နေကြတယ်''

ပြောပြောဆိုဆိုပင် လှပသောသူမမျက်နှာကလေး နည်းနည်းရဲသွား၏။ သူမက ရုံးပတီသီး၏အကျိုးအာနိသင်နှင့် ဘာကြောင့်အမျိုးသားခရီးတွေက ဝယ်ချင်နေမှန်းသိသောကြောင့်ပင်။

ဤသည်မှာ အရည်အသွေး ၂ အထူးရုံးပတီသီး၏အာနိသင်ကို ခရီးသည်တစ်ဦးက ဖော်ထုတ်လိုက်ခြင်းကြောင့်ပင်။ ဘာပဲဖြစ်ဖြစ် စမ်းသပ်ကြည့်ချင်ကြသောခရီးသည်များမှာ ရှိတတ်စမြဲဖြစ်လေသည်။

၄င်းအတွက် ချင်လင်မှာ ကြော်ငြာရန်မလိုပါချေ။

မနေ့က အွန်လိုင်းပေါ်မှစိတ်ဝင်စားလာသည့် ချမ်းသာသောဒုတိယမျိုးဆက်သူဌေးသားတစ်ဦးက အမျိုးသမီးအဖော်နှစ်ယောက်ပင်ခေါ်လာပြီး အရည်အသွေး ၂ အထူးရုံးပတီသီးတစ်နပ်စာစားခဲ့သေးသည်။

ထို့နောက် ထိုချမ်းသာသောဒုတိယမျိုးဆက်သူဌေးသားက ရုံချန်းစီရင်စုတွင် တစ်ညတာကုန်ဆုံးခဲ့ပြီးနောက် မယုံနိုင်လောက်အောင်သိရှိသွားသည်။ ဤမနက်ပိုင်းတွင်သူက လိုင်းပေါ်တွင်တောင် တင်လိုက်သေး၏။ စံအိမ်၏ကျော်ကြားမှုနှင့်အတူ ထိုလူချမ်းသာဒုတိယမျိုးဆက်သူဌေးသားပါ ကျော်ကြားလာလေသည်!



ဤသည်က ချင်လင်ကိုနည်းနည်းစိတ်ရှုပ်ထွေးစေသည်။

အရည်အသွေး ၂ ရုံးပတီသီးမှာ နာမည်ကျော်လာသော်လည်း နေ့တိုင်းနေ့တိုင်းပမာဏနည်းနည်းသာရှိ၏။ ထို့ကြောင့် အရည်အသွေး ၁ ရုံးပတီသီးပင် အလွန်နာမည်ရလာသည်။

အရည်အသွေး ၁ ရုံးပတီသီးကလည်း အမှန်တကယ်အကျိုးရှိပေသည်။ ဘာပဲဖြစ်ဖြစ် သူကလည်း ကျောက်ကပ်အားကောင်းစေသည့်အာနိသင် +၁ ရှိ၏။

ထို့ကြောင့် ထိုရုံးပတီသီးမှာ ရုတ်တရက် စံအိမ်တွင်နာမည်အကျော်ကြားဆုံးဖြစ်လာလေသည်။

''ငါစီစဉ်လိုက်မယ်!'' ချင်လင်က ကောင်းယောင်ယောင်ကို ခေါင်းညိမ့်ပြလိုက်သည်။

ဤရုံးပတီသီးတစ်သုတ်မှာ မယုံနိုင်လောက်အောင်ပေါက်သွားပြီးနောက် သူကလက္ကားမပေးတော့ရန်ဆုံးဖြတ်လိုက်သည်။ စံအိမ်ကိုရုံးပတီသီးပို့သည့်အပြင် စံအိမ်အတွက်အခြားသီးနှံများစိုက်ပျိုးရန်မြေနေရာသုံးပြီး သီးနှံအမျိုးအစားလည်းတိုးလာမည်။

သို့သော် ကောင်းယောင်ယောင်က_ ''သူဌေး... အထူးအရည်အသွေးဖရဲသီးအပြင် တစ်ကတ်တီယွမ် ၄၀ တန်စတော်ဘယ်ရီလည်း ရောင်းကုန်သွားပါပြီ... ငါးကန်ထဲကငါးတွေလည်း ကုန်လုနီးနီးပဲ... မနက်တစ်ပိုင်းမကျိုးခင် ဧည့်သည် ၂၆၁ ယောက်ရှိသွားပြီ... အတော်များများက သုံးစရာပစ္စည်းနည်းတဲ့အကြောင်းပြောနေကြတယ်... ကျွန်မတို့မှာ မီးဖိုနဲ့အကင်စက်ငှားပေးဖို့ အလုံအလောက်မရှိဘူး... အလှည့်ကျစောင့်နေကြရတယ်... ခရီးသည်တွေက အဲဒါကိုပြောနေကြတာ''

''ဟင်း!'' ထိုစကားကြားလျှင် ချင်လင်က သက်ပြင်းချမိသည်။

ဘယ်သူ့ကိုအပြစ်တင်ရမလဲ?

အစကသူတို့ ကြော်ငြာဖို့အခွင့်အရေးသာယူချင်ခဲ့သော်လည်း ကြော်ကြားမှုက သူတို့ထင်ထားသည်ထက်ကျော်လွန်သွားခဲ့သည်။

နောက်ပြီး သူ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကလည်း အရည်အသွေးတွေရှိနေသည်။ လာသမျှဧည့်သည်တိုင်း အံ့သြရမြဲ၊ အံ့အားသင့်ရမြဲ။ နောက်ပိုင်း လူတွေပိုများလာလိမ့်မည်။ နောင်တွင် အင်တိုက်အားတိုက်တိုးလာနိုင်ဖွယ်ရှိ၏။

သို့သော် အဖြေက သူ့စံအိမ်တွင် ပစ္စည်းများများမထားနိုင်။ ခရီးသည်များအတိုင်းအတာတစ်ခုအထိလာကြသည့်အခါ လူကြပ်သိပ်လာပြီး ပန်းပင်လယ်ရှုခင်းအပေါ်သက်ရောက်စေလိမ့်မည်။ ပြဿနာများစွာလည်း ရှိလာပေလိမ့်မည်ဖြစ်၏။

ထိုအချိန်တွင် နေ့စဉ်လက်မှတ်အစောင်ရေကို ကန့်သတ်နေရလိမ့်မည်။

ခရီးသည်များပြားခြင်းအတွက်စိတ်ပူနေရမှာ သူတစ်ယောက်တည်းသာလျှင်ဖြစ်နေမည်မဟုတ်ပါလား?

ကောင်းယောင်ယောင်ကဆက်ပြီး_ ''သူဌေး... နောက်တစ်ခုရှိပါသေးတယ်... လူတွေကများလွန်းလို့ ပန်းပင်လယ်ထဲမှာ လုံခြုံအစောင့်နှစ်ယောက်တည်းနဲ့မနိုင်ပါဘူး... ဒီနေ့ဆို ခရီးသည်တစ်ယောက်က ရှဉ့်လေးကိုခဲနဲ့လှမ်းပစ်တာ တွေ့လိုက်ရတယ်''

ချင်လင်သက်ပြင်းချလိုက်သည်။

အဆင့်အတန်းရှိတဲ့ပညာရေးကွန်ရက်ကြားကနေ လွတ်ထွက်နေတဲ့သူတချို့ကတော့ ရှိစမြဲပါလား။ သူကချန်တပေကိုသာ ညွှန်ကြားလိုက်သည်_ ''နေ့လယ်ကျရင်... လိုင်းပေါ်က တစ်မြို့တည်းသားအဖွဲ့ဝင်သစ်စုဆောင်းတဲ့ဆီသွား... လုံခြုံရေးအစောင့်သစ်ခေါ်မယ့်အကြောင်းတင်လိုက်... ပြီးရင် မင်းတို့လုံခြုံရေးဌာနလည်း ကော်မရှင်ယူရမယ်... မင်းခေါ်ထားသလောက် ငါနောက်ကျရင်ကြည့်မယ်''

''ကောင်းပါပြီ သူဌေး!'' ချန်တပေက ပြုံးရွှင်နေသောမျက်နှာဖြင့် ချက်ချင်းပြန်ပြောလိုက်၏။

သူကလုံခြုံရေးခေါင်းဆောင်လုပ်ရသည်ကို ပိုပို၍ကျေနပ်လာသည်။ သူ့ကိုအလုပ်ပိုကြိုးစားစေမည့် လက်အောက်ငယ်သားများလည်းတိုးတိုးလာ၏။ သူကချက်ချင်းရေဘူးသွားယူလိုက်ပြီး ဖရဲမျိုးစေ့များကိုရေလောင်းလိုက်သည်။

ချင်လင်ခန်းမထဲမှထွက်လာလျှင် အရည်အသွေး ၁ ရုံးပတီသီးနှင့်စတော်ဘယ်ရီမှာ အမှန်တကယ်ကုန်သွားပြီဖြစ်ကြောင်းတွေ့လိုက်ရသည်။ နစ်ဖက်တွင် လူတချို့က အရည်အသွေး ၂ ဖရဲသီး ၂၀ ကိုမေးနေကြသည်။ အားလုံးရောင်းရမည်ဆိုပါက ထိုဖရဲသီးမှာ ယွမ်တစ်ထောင်ကျော်ကျပေမည်။

သူသာတစ်နေရာမှာခင်းကျင်းပြီး ဓားလေးတစ်ချောင်းနှင့်လှီးပြထားလျှင် ခရီးသည်များက ယွမ် ၂၀၀၀ ကိုဖြည်းဖြည်းချင်းသုံးဖို့ဝန်လေးနေမည်မဟုတ်။ သာမန်ခရီးသည်များမှာ ယွမ် ၁၀၀၀ ကိုတစ်လုံးတည်းသုံးရန် အမှန်လက်တွန့်ကြလေသည်။

နေ့လယ်တွင် ချင်လင်ကမှတ်တမ်းကိုကြည့်လိုက်သည်။

မနက်ပိုင်းနှင့်ပင် ခရီးသည် ၃၂၁ ယောက်လာပြီးသွားပြီ။ အများစုမှာ အွန်လိုင်းမှဗီဒီယိုကြည့်ပြီး လာကြခြင်းဖြစ်သည်။ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်ဖိုးတင် ၁၆၀၅၀ ယွမ်ရ၏။

ထို့အပြင် မနက်ပိုင်းသူတင်ပေးလိုက်သော အရည်အသွေး ၁ ရုံးပတီ၊ စတော်ဘယ်ရီနှင့် အရည်အသွေး ၂ ရုံးပတီ ၁၀ ကတ်တီအားလုံး ရောင်းကုန်သွားသည်။ အားလုံးစုစုပေါင်း ၄၃၃၅၀ ယွမ်တန်ဖိုးရှိသည်။

အခြားဝင်ငွေက ၂၁၄၇၆ ယွမ်ထပ်တိုး၏။

ဤမနက်ခင်းစုစုပေါင်းဝင်ငွေမှာ ယွမ် ၈၀၀၀၀ ကျော်နေပြီဖြစ်လေသည်။ ထို့အပြင် အများစုက အရင်းအနှီးမစိုက်ရဘဲရခြင်းဖြစ်၏။

ထိုခရီးသည်များ၏ငွေဖြုန်းအားကို လုံးဝဖိအားမပေးနိုင်ခြင်းအကြောင်းတစ်ရပ်လည်းရှိသေးသည်။ ခရီးသည်များငွေဖြုန်းနိုင်မည့်အရာများကိုရအောင် ထပ်လုပ်ရဦးပေမည်။

ဟင်းသီးဟင်းရွက်စံအိမ်ထဲတွင် ဟင်းသီးဟင်းရွက်ဥယျာဉ်ရှိခြင်းကြောင့် ထိုကိစ္စကိုလတ်တလောဖြေရှင်းနိုငိသေး၏။

တစ်ဖက်တွင် ထပ်တိုးလာမည့်ခရီးသည်များအတွက် သာမန်အသီးအနှံများပိုရရန် သီးနှံလက္ကားပေးသူများကိုဆက်သွယ်ရပေမည်။ ဂိမ်းကိုချည်းအားကိုးနေ၍မဖြစ်ပေ။

ငါးကန်ထဲကငါးများလည်းရှိသေးသည်။ ဂိမ်းထဲမှနေ့စဉ်ဖမ်း၍ရသောငါးများမှာမလုံလောက်။ ပင်လယ်စာလက္ကားရောင်းသူကိုဆက်သွယ်ရဦးမည်။

ထို့အပြင် ဧက ၃၀ ကျယ်သောသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ ခရီးသည်အကန့်အသတ်ရှိနေသည်။ လူကြပ်သိပ်မသွားခင် ထပ်ချဲ့မည်အစီအစဉ်လုပ်ရပေမည်။

သူစီစဉ်ထားသော ရွက်လွင့်ခြင်းအစီအစဉ်မှာလည်း စတော့မည်။

သို့မဟုတ်ပါက ခရီးသည်အရေအတွက်တိုးလာသည်နှင့်အမျှ ပန်းပင်လယ်ကိုကြည့်ရန်အကြာကြီးစောင့်ဆိုင်းနေရလျှင် စိတ်ကသိကအောက်ဖြစ်ရပေလိမ့်မည်။



All Chapters