တခြားသူတွေက မစားနိုင်၊ ငါကစားမကုန်နိုင်!
Vol. 3 Ch. 45
စံအိမ်ခန်းမမှာ အလွန်အသက်ဝင်နေလေသည်။ စားပွဲများတွင် လူများပြည့်နှက်နေ၏။ အပြင်တွင်စောင့်နေသောလူများလည်းရှိသေးသည်။ ခရီးသည်များအတွက်မီးဖိုနှင့်အသားအကင်စက်များမှာမလုံလောက်။ အတော်များများ အစားအစာမှာရန် ရွေးချယ်နေကြ၏။
ဤသည်ကချင်လင်ကို အာရုံလွှဲမည့်အစီအစဉ်ထက် စံအိမ်ကိုပိုချဲ့ရန်ဆုံးဖြတ်လိုက်စေသည်။ မဟုတ်လျှင်လက်တွေ့မှာ အလွန်ဆိုးသွားလိမ့်မည်။
သူကမီးဖိုဆောင်အနောက်ဘက်လျှောက်လာပြီး အထဲတွင်စားပွဲနှစ်လုံးထည့်လိုက်သည်။
ဆရာလင်းက ဟင်းပွဲများကိုတစ်ခုပြီးတစ်ခုတည်ခင်းနေသည်။
ဝန်ထမ်းပိုများလာသည်နှင့် ဤနေရာမှာ ဝန်ထမ်းများစာသောက်ရာကဲ့သို့ဖြစ်သွား၏။ ပုံမှန်အားဖြင့် ဝန်ထမ်းများမှာအလှည့်ကျစားကြရသည်။ နောက်ပြီး ခရီးသည်များများလာသောကြောင့်ပင်။ အမြဲလိုလိုစီစဉ်ထားသည်က အတန်း၏အရေးကြီးနေရာကိုလက်လွှဲမယူခင် အရင်စားပြီး လဲလိုက်သောဝန်ထမ်းကိုစားစေသည်။
အထူးသဖြင့် ကောင်းယောင်ယောင်နှင့်ချန်တပေမှာ ယနေ့စိတ်လှုပ်ရှားနေကြပြီး မစောင့်နိုင်ကြ။ အကြောင်းမှာ ယနေ့ချင်လင်က ဆရာလင်းအား အားလုံးအတွက်ချက်ပေးရန် သဘာဝငါးကြင်းစိမ်း ၃၅ ကတ်တီပေးထားသောကြောင့်ပင်။
သူတို့မှာအရင်က ဤကဲသို့စျေးကြီးသောငါးမျိုးမစားဖူးကြ၍ မမျှော်ဘဲနေနိုင်ပါမည်လား?
''လင်ဇီ... ဒီလောက်ပစ္စည်းတွေအများကြီး ဘယ်ကများရလာလဲ?'' ချင်ရန်ကနောက်ကလိုက်လာပြီး သူ့လက်များကိုလက်ပူတိုက်နေလေပြီ။ သူ့မျက်လုံးများလည်းတောက်ပနေ၏။
အရင်တစ်ခေါက် ချင်လင်သူတို့အိမ်ကိုငါးပို့တုန်းကအရသာကို မှတ်မိနေဆဲပင်။ ငါးကြင်းစိမ်းနှပ်နေသည်ကိုကြည့်ပြီး မစောင့်နိုင်တော့။
''မင်းရဲ့ဟာစားလိုက်!'' ချင်လင်ကမဖြေ။
ဤကဲ့သို့ငါးမျိုးမှာ အမှန်တကယ်ရှား၏။ ဥပမာ ကကတစ်ငါးမျိုးဖြစ်သည်။ တစ်နှစ်ပတ်လုံးမှ ၁၀ ကတ်တီကျော်သောငါး တစ်ကောင်နှစ်ကောင်မျှသာတွေ့ရ၏။
ဂိမ်းကြောင့်သာ တစ်နေ့တစ်ကောင်နှစ်ကောင်စားနေရခြင်းဖြစ်လေသည်။
ထို့ကြောင့်သူက ငါးကြီးများကိုအတတ်နိုင်ဆုံးထိန်းချုပ်၍ထား၏။ မဟုတ်လျှင် ထိုအရေအတွက်ကြောင့် အံ့အားသင့်ကုန်ကြလိမ့်မည်။ ဂိမ်းထဲ့မှရေကန်ထဲတွင် တစ်အုပ်စုကျန်နေသေးသည်။
တခြားသူများစားတောင်မစားနိုင်သည်ကို သူကစားလို့မကုန်နိုင်။
ဤငါးမျိုးကို သီးသန့်စားလျှင်စား မစားလျှင် ချန်ရှန်းဖေကဲ့သို့ ငွေကြေးချမ်းသာသူများကိုဖျော်ဖြေရန်အသုံးချနိုင်ပေသည်။ ၄င်းက ထိုပုဂ္ဂိုလ်များကို ဂုဏ်ယူရစေလိမ့်မည်။
ချင်ရန်က ဟိတ်ဟန်ထုတ်မနေ။ သူကပန်းကန်ယူပြီး သဘာဝငါးကြင်းစိမ်းပန်းကန်ကိုလှမ်းလိုက်၏။
''သူဌေး... ဒီငါးကအရမ်းအရသာရှိတယ်... ကိုယ့်လျှာကိုယ်တောင်ကိုက်မိတော့မယ်'' ကောင်းယောင်ယောင်က စားရင်းရေရွတ်လိုက်သည်။ ဒီမိန်းကလေးက ဒီလိုအရသာရှိတဲ့ငါးမျိုးကို အခုမှစားဖူးတာမှန်းသိသာနေ၏။
ဆရာလင်းက သူမအား_ ''ကောင်မလေး... ဘာလို့စားရင်းသောက်ရင်း လျှာရှည်နေတာလဲ? မြန်မြန်သုတ်သုတ်စား... တခြားသူတွေစားပါစေဦး... အပြင်မှာအလုပ်ရှုပ်နေတယ်''
''သိပါပြီ'' ကောင်းယောင်ယောင်က လျှာထုတ်၍ပြောင်လိုက်သည်။
နေ့လယ်စာစားပြီးလျှင် ချင်လင်က ချန်တပေအား_ ''ဒါနဲ့ ညစာစားပြီးရင် လက္ကားစျေးကိုသွားပြီး အကြောင်းကြားပေးပါဦး... ငါတို့စံအိမ်က နေ့တိုင်းသီးနှံနဲ့ပင်လယ်စာတွေ လက္ကားယူချင်တဲ့အကြောင်းပြောပြလိုက်ပါ''
သူ့စံအိမ်တွင် ခရီးသည်များစွာရှိနေပြီဖြစ်ပြီး စျေးကွက််တည်ငြိမ်သည်ဟု ယူဆ၍ရသည်။ လက္ကားကိုယ်တိုင်သွားယူရန်မလိုအပ်တော့ချေ။ ကုန်သည်များအသင်းမှလက္ကားပေးသူများမှာ သူ့စံအိမ်တံခါးဝသို့ စျေးအနည်းဆုံးနှင့်လာပို့ကြပေမည်။ အရင်ကသူ RT စျေးသို့သွားတုန်းကကဲ့သို့ပင်ဖြစ်သည်။
''ကောင်းပါပြီ သူဌေး!'' ချန်တပေက ပါးစပ်နှင့်အပြည့်ငါးများကိုမျိုချပြီး ပြန်ဖြေလိုက်၏။
ထင်ထားသည့်အတိုင်း ချန်တပေလက္ကားစျေးသို့ သတင်းပို့လိုက်သည်နှင့် သီးနှံလက္ကားပေးသူနှင့် ပင်လယ်စာလက္ကားပေးများမှာ နေ့လယ်ပိုင်းတွင် သူ့ဆီပေါက်ချလာသည်။
သီးနှံလက္ကားပေးသူကို ချင်လင်သိသည်။ သူ့နာမည်မှာ လင်ဖန်းဖြစ်၏။
အရင်သစ်သီးဆိုင်ရောင်းတုန်းက သူ့ဆီကကုန်များယူနေကြဖြစ်သည်။
ပင်လယ်စာလက္ကားပေးသူမှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်၏။
''ဒီတော့ဒီစံအိမ်ကို သူဌေးချင်ပိုင်တာပေါ့'' လင်ဖန်းက ချင်လင်ပြုံးနေသည်ကိုတွေ့ရသည်_ ''သူဌေးချင်... တို့ကမိတ်ဟောင်းဆွေဟောင်းတွေပဲ... မင်းငါ့ကိုဆက်ပြီး အားပေးရမယ်''
''သူဌေးလင်... စျေးမှန်တယ်ဆို ငါတို့သေချာပေါက်ဆက်ပြီး အလုပ်လုပ်လို့ရတယ်'' ချင်လင်ကပြုံး၍ပြောလိုက်၏။ သူကအရင်ကတည်းက လင်ဖန်းကိုလေးစားပြီးသားဖြစ်သည်။
သက်လတ်ပိုင်းပင်လယ်စာလက္ကားပေးသူကလည်း_ ''သူဌေးချင် မင်္ဂလာပါ... ကျွန်တော့်နာမည်ကဝမ်ဝေပါ... ကျွန်တော့်ဆီမှာပင်လယ်စာအမယ်စုံရပါတယ်... အိမ်တိုင်ယာရောက်ပို့မယ့်အပြင် စျေးနှုန်းလည်းစစ်လို့ရပါတယ်''
''သူဌေးဝမ်... ကျွန်တော်တို့စကားပြောကြတာပေါ့'' ချင်လင်က သူနှင့်လက်ဆွဲနှုတ်ဆက်လိုက်၏။
အပြင်မှလက္ကားအမယ်များမှာ ငွေများများရမည်မဟုတ်သော်လည်း စျေးသက်သက်သာသာနှင့်ရောင်းနိုင်လျှင်တော့ ပိုက်ဆံပိုမသုံးချင်ပေ။
ထို့နောက်ချင်လင်က သူတို့နှစ်ဦးနှင့် အသေးစိတ်ဆွေးနွေးလိုက်သည်။ သူအရင်က သစ်သီးနှင့်ဟင်းသီးဟင်းရွက်ရောင်းခဲ့ဖူး၍ သီးနှံလက္ကားစျေးကိုသေသေချာချာသိ၏။ ပင်လယ်စာလက္ကားစျေးကိုလည်း သူကစုံစမ်းထားသည်။ တစ်ဖက်လူက သု့ကိုအမြတ်ထုတ်၍မရနိုင်။
သူတို့နှစ်ဦးလုံးက သူ့ကိုစျေးထဲမှာထက်ပိုပြီး စျေးလျှော့ပေးကြ၏။ သူကလက်ခံလိုက်ပြီး နောက်ဆုံးစာချုပ်လက်မှတ်ထိုးလိုက်ကြသည်။
မနက်ဖြန်ကစပြီး လင်ဖန်းကရှန်ကျွမ်းသို့ သီးနှံအမယ် ၁၀ မျိုးကျော်စပို့ရပေမည်။ ပမာဏမှာ နောက်လိုက်လာမည့်ဝယ်လိုအားအပေါ်မူတည်လေသည်။ ဝမ်ဝေကလည်း အထူးမွေးမြူထားသောငါး၊ ဂဏန်း၊ ပုစွန်တချို့နှင့် အခြားပင်လယ်စာများ စံအိမ်သို့နေ့စဉ်ပို့ပေးရပေမည်။
နောင်တွင် ငါးကန်တွင်ငါးမျှားခြင်းမှာ ကံကောင်းမကောင်းနှင့်ဆိုင်သွားပြီဖြစ်၏။
ညနေပိုင်းတွင်_
ဂိမ်းထဲမှရုံးပတီသီးများထပ်မှည့်လာသည်။ ချင်လင်က ဤတစ်သုတ်မှည့်သောရုံးပတီသီးများကို RT စျေးပို့ပြီး ဥက္ကဌချူအတွက် အရည်အသွေး ၂ ရုံးပတီ ၁၀ ကတ်တီယူလာခဲ့သည်။ သူကဖန်သားပြင်တွင် ဗီဒီယိုကြော်ငြာပြသခွင့်ရသည့်အတွက်ကျေးဇူးတင်နေသည်။ နောက်ပြီး နောင်တွင်ရုံးပတီသီးပို့တော့မည်မဟုတ်ကြောင်း သတင်းပေးရန်လည်းဖြစ်၏။
ဘာပဲဖြစ်ဖြစ် RT စျေးမှာက တစ်ကတ်တီကို ၆ ယွမ်သာရသည်။ သူ့စံအိမ်တွင် တစ်ကတ်တီကို ၁၅ ယွမ်ရလေသည်။ ဒီစျေးနှင့်ရောင်းနိုင်မှတော့ RT စျေးသို့သေချာပေါက်ပို့တော့မည်မဟုတ်ပေ။
''သူဌေးချင်... ကြည့်ရတာ နောက်ဆို ဒီလိုအထူးအရည်အသွေးရှိတဲ့ရုံးပတီသီးမျိုးစားရဖို့ မင်းစံအိမ်ကိုလာရတော့မယ်ထင်တယ်'' ဥက္ကဌချူက အရည်အသွေး ၂ ရုံးပတီသီး ၁၀ ကတ်တီကို ရတနာကဲ့သို့ပိုက်ထားလိုက်သည်။
ချင်လင်ကပြုံးပြီး_ ''အဲဒါဆို ဥက္ကဌချူကို အချိန်မရွေးကြိုဆိုပါ့မယ်ဗျာ''
…
RT စျေးမှပြန်လာပြီး ချင်လင်က မျိုးစေ့ဆိုင်တန်းသွားလိုက်ကာ RT စျေးသို့သို့ကုန်မပို့တော့။ နောင်တွင်စိုက်သမျှရုံးပတီသီးကို စံအိမ်သို့ပို့ရတော့မည်။
သို့သော် ဂိမ်းထဲတွင်ရွှေပြားရရန် မြေကွက် ၆ ကွက်ကိုအချိန်အကြာကြီးရောင်းနေခြင်းထက် တခြားမြေကွက် ၂၄ ကွက်မှ နေ့စဉ်ရုံးပတီသီး ကတ်တီ ၃၀၀၀ ကျော်ရနိုင်လေသည်။ ရုံးပတီသီးမည်မျှနာမည်ကျော်စေကာမူ စံအိမ်တွင်ထိုလောက်အများကြီးမလိုအပ်ပေ။
ထို့ကြောင့်သူက တခြားတစ်မျိုးမျိုးစိုက်ရန် စီစဉ်လိုက်သည်။
ဥပမာအားဖြင့် ကန်စွန်းဥမှာ လက်ရှိစျေးထဲတွင် ရုံးပတီသီးထက်စျေးမလျော့။ တစ်ကတ်တီ ၅ ယွမ်အထိရှိသည်။
ပန်းပွင့်စိမ်းလည်းရှိသေးသည်။ ပန်းပွင့်စိမ်းကို မတ်မှဂျူလိုင်အထိ စိုက်သိမ်းသည်။ ရာသီမရွေးသီးနှံဟုလည်း ယူဆ၍ရ၏။ စျေးကွက်စျေးနှုန်းမှာ ပြီးခဲ့သည့်နှစ်ရက်အတွင်း စတက်လာပြီး ရုံးပတီသီးထက်နည်းနည်းစျေးသက်သာသည်။
သူကမြေတချို့ကိုချန်လှပ်ပြီး ပန်းပွင့်စိမ်းနှင့်ကန်စွန်းဥစိုက်ရန်စီစဉ်လိုက်သည်။ အချိန်ကျလျှင် စံအိမ်တွင်ရုံးပတီသီးအတိုင်း တစ်ကတ်တီ ၁၅ ယွမ်နှင့်ရောင်းမည်။
စံအိမ်ပြန်ရောက်သောအခါ မမှောင်ခင်အထိလူစည်ကားနေဆဲပင်။ ယနေ့စာရင်းအရ ခရီးသည်ဦးရေ ၆၀၀ ကျော်လေသည်။
ဤအရေအတွက်မှာ စံအိမ်တစ်ခုအတွက် လုံးဝအံ့သြဖွယ်ပမာဏဖြစ်၏။ ဤသည်ကိုကြည့်လျှင် အွန်လိုင်းကြော်ငြာစနစ်၏စွမ်းအားကိုလည်းမြင်နိုင်ပေသည်။ သူဆောက်ထားတဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က ဂိမ်းအရည်အသွေးတွေရှိနေတာလည်းပါသည်ပေါ့။ ဤသည်လည်း အဓိကအချက်ပင်။
ညပိုင်းတွင်_
ချင်လင်အိမ်ပြန်ရောက်သော် လင်းဖန်ကသူ့ကိုမြင်သည်နှင့် စိုးရိမ်စွာမေးလိုက်သည်_ ''ရှောင်လင်... ဒီနှစ်ရက်အတွင်း စံအိမ်အခြေအနေဘယ်လိုလဲ?''
ချင်လင်ကပြုံး၍_ ''အမေ... အခုစီးပွားရေးက အရမ်းအဆင်ပြေပါတယ်... စိတ်မပူပါနဲ့!''
လင်းဖန်က ရုတ်တရက်အကြံပြုလိုက်၏_ ''ရှောင်လင်... ငါမင်းစံအိမ်ကိုလာကူပေးမယ်လေ? ငါမင်းယူလာတဲ့ကကတစ်ငါးတွေစားနေတာ... ကျန်းမာရေးအတော်ကောင်းနေပြီ''
ချင်လင်ကမျက်မှောင်ကြုတ်ပြီး_ ''အမေ... စံအိမ်မှာဝန်ထမ်းတွေရှိပါတယ်... ဘာလို့အမေကကူရမှာလဲ?''
''ရှောင်လင်... ငါတစ်နေကုန်အိမ်ထဲမှာပဲတကုပ်ကုပ်နဲ့ ပျင်းတယ်'' လင်းဖန်က ခေါင်းမာမာနှင့်ပြောလိုက်သည်။ နေပြန်ကောင်းလာပြီးမှတော့ အိမ်ထဲမှာပဲတစ်သက်လုံးမနေချင်ပေ။
သူ့သားက သူ့အတွက်မြေးတစ်ယောက်မမွေးပေးဘူးဆိုရင်ပေါ့!
ချင်လင်က သူ့မိခင်ခေါင်းမာနေပုံကိုကြည့်ပြီး လက်လျှော့လိုက်သည်။ သူ့မိခင်နှင့်ပြိုင်ပြီး ခေါင်းမမာနိုင်။ သူမက အလုပ်မရှိလျှင်မနေတတ်မှန်းလည်းသိသည်။ သူသာသဘောမတူလျှင် မနက်ဖြန်စံအိမ်ကိုထွက်သွားပြီး ပြန်လာမည်မဟုတ်။ စိတ်လည်းမကြည်ဖြစ်နေလိမ့်မည်။
ချင်လင်က သူ့မိခင်နှင့်အရင်ဖြေရှင်းလိုက်သည်။သူလည်းတော်တော်ဦးနှောက်ခြောက်သွား၏။
…
နောက်နေ့မနက်တွင် သူအိပ်ရာမှထလာသည်။
ချင်လင်က သူ့စိတ်ထဲမှဖန်သားပြင်ကို ချက်ချင်းကြည့်လိုက်၏။
ရုံးပတီ၊ ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းတို့မှာ ခူး၍ရနေပြီ။
သူကဂိမ်းဇာတ်ကောင်ကို ခူးစေပြီး မျိုးစေ့အသစ်များစိုက်စေလိုက်သည်။ ထို့နောက်သူက ဂိမ်းထဲဝင်လိုက်ပြီး သိုလှောင်ခန်းထဲတွင် ရိတ်သိမ်းထားသောအချက်အလက်ကိုတွေ့လိုက်ရ၏။
အရည်အသွေး ၁: ၉၀၀ ကတ်တီ
အရည်အသွေး ၂: ၄ ကတ်တီ
အရည်အသွေး ၁ ကန်စွန်းဥ: ၄၂၀ ကတ်တီ
အရည်အသွေး ၂ ကန်စွန်းဥ: ၂ ကတ်တီ
အရည်အသွေး ၁ ပန်းပွင့်စိမ်း: ၃၈၀ ကတ်တီ
အရည်အသွေး ၂ ပန်းပွင့်စိမ်း: ၂ ကတ်တီ
ချင်လင်က ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းတို့၏မှတ်ချက်များကိုကြည့်လိုက်သည်။
(ကန်စွန်းဥ: အရည်အသွေး ၁)
(အထူးသီးနှံတစ်မျိုးဖြစ်သည်။ အာဟာရပြည့်ဝစေသည်။ ကိုယ်လုံးကိုယ်ပေါက်ထွားစေခြင်း +၁၊ သရက်ရွက်နှင့်အစာအိမ်အကျိုးပြုခြင်း +၁၊ ကျောက်ကပ်အားကောင်းစေခြင်း +၁)
(ကန်စွန်းဥ: အရည်အသွေး ၂)
(အထူးသီးနှံတစ်မျိုးဖြစ်သည်။ အာဟာရပြည့်ဝစေသည့်အာနိသင်အလွန်ကြွယ်ဝသည်။ ကိုယ်လုံးကိုယ်ပေါက်ထွားစေခြင်း +၊၂ သရက်ရွက်နှင့်အစာအိမ်အကျိုးပြုခြင်း +၂၊ ကျောက်ကပ်အားကောင်းစေခြင်း +၂)
(ပန်းပွင့်စိမ်း: အရည်အသွေး ၁)
(အထူးသီးနှံတစ်မျိုးဖြစ်သည်။ အာဟာရပြည့်ဝစေသည်။ သွေးကြောများစင်ကြယ်စေခြင်း +၁၊ ဆီးချိုကျခြင်း +၁၊ သွေးကြောများဖွင့်ပေးခြင်း +၁၊ ကျောက်ကပ်အားကောင်းစေခြင်း +၁)
(ပန်းပွင့်စိမ်း: အရည်အသွေး ၂)
(အထူးသီးနှံတစ်မျိုးဖြစ်သည်။ အာဟာရပြည့်ဝစေသောအာနိသင်အလွန်ကြွယ်ဝသည်။ သွေးကြောများစင်ကြယ်စေခြင်း +၊၂ ဆီးချိုကျခြင်း +၊၂ သွေးကြောများဖွင့်ပေးခြင်း +၂၊ ကျောက်ကပ်အားကောင်းစေခြင်း +၂)
''???'' ချင်လင်က ထိုသီးနှံနှစ်မျိုးကို စျေးကွက်စျေးနှုန်းအရရွေးချယ်ခဲ့ခြင်းဖြစ်သော်လည်း မှတ်ချက်ကြည့်ပြီး ဘာကြောင့်သူတစ်ခုခုမှားနေသလိုခံစားနေရပါလိမ့်?
ကျောက်ကပ်အားကောင်းခြင်း?
ကျောက်ကပ်အားကောင်းခြင်း?
သူ့မှာဘာလို့ဒီအာနိသင်ရှိတာလဲ?
ကြည့်ရတာ ဒီသီးနှံနှစ်မျိုးက အကြောင်းမရှိဘဲ စျေးသက်သာနေပုံပေါ်နေသည်။