← Chapters

တစ်နေ့ ယွမ်တစ်သိန်းခွဲကျော်!

Vol. 4 Ch. 48

တစ်နေ့ ယွမ်တစ်သိန်းခွဲကျော်!

Vol. 4 Ch. 48

သီးသန့်ဖြေရှင်းချင်တယ်ပေါ့!

''လူကြီးမင်းချန် လူကြီးမင်းမာ... ကျွန်တော်တို့မှာ ကတ်တွေ ကြိုတင်ဝန်ဆောင်မှုတွေ မရှိသေးပါဘူး'' ချင်လင်က အောင့်သက်သက်နှင့်သာ ပြောနိုင်တော့သည်။

ခရီးသည်အလည်အပတ်နေရာမှာ ကတ်စနစ်လုပ်ဖို့က ဟာသဖြစ်မနေဘူးလား?

တစ်နေ့ အထက်တန်းစားဧည့်သည်တွေအတွက်အစီအစဉ်မဆွဲနိုင်သေးခင်ပေါ့။

မာလဲ့ဝမ်က ညည်းတွား၍သာ အကြံပြုလိုက်နိုင်သည်_ ''သူဌေးချင်... မင်းကငါ့ကို ပိုက်ဆံဖြုန်းချင်ရင်တောင် မဖြုန်းနိုင်အောင်လုပ်လိုက်တာပဲ... အဲဒါအတွေ့အကြုံကိုထိခိုက်လိမ့်မယ်''

ချန်ရှန်းဖေကအကြံပေးလိုက်၏_ ''သူဌေးချင်... မင်းရဲ့စံအိမ်က တန်းလန်းပဲရှိသေးတယ်... စံအိမ်ထဲကနေရာအတော်များများက မဖွံ့ဖြိုးသေးဘူး... မင်းနေရာထိုင်ခင်းပြဿနာကိုလုံးဝဖြေရှင်းလို့ရတယ်... အခုဒီကိုလာကြတဲ့ခရီးသည်တွေမှအများကြီးပဲ''

အမှန်တော့အစောကတည်းက ချင်လင်မှာလည်းထိုအစီအစဉ်ရှိသည်။

သူကရွက်လွင့်မည့်အစီအစဉ်ဆွဲနေရင်း တည်းခိုနေရာအပါအဝင် အခြားလိုအပ်ချက်နေရာများတည်ဆောက်ရန်တွေးခဲ့ဖူး၏။ ဤသည်မှာ သဘာဝရှုခင်းနေရာတွင် လိုအပ်သည့်အချက်များထဲမှတစ်ခုလည်းဖြစ်သည်။

သို့သော် လက်ရှိရံပုံငွေနှင့်လုပ်ငန်းအစီအစဉ်မှာ ပြဿနာဖြစ်နေ၏။ သူတစ်ဆင့်ချင်းလုပ်ဆောင်ရပေမည်။

သူအချိန်ယူ၍ ဆက်စက်နေသောလုပ်ငန်းအစီအစဉ်များကိုအရင်ဖြေရှင်းရမည်ဖြစ်လေသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ အလွန်စိတ်ကျေနပ်ဖွယ် အစားတစ်နပ်စားခဲ့ရ၏။ ကုန်ကျစရိတ်မှာလည်း မြင့်ပေသည်။ အရည်အသွေး ၂ ဖရဲသီးတစ်လုံးက ယွမ် ၁၃၀၀၊ အရည်အသွေး ၂ စတော်ဘယ်ရီနှစ်ကတ်တီက ယွမ် ၄၀၀၊ အရည်အသွေး ၂ ရုံးပတီသီးနှစ်ကတ်တီက ယွမ် ၈၀၀၊ အရည်အသွေး ၂ ကန်စွန်းဥနှစ်ကတ်တီက ယွမ် ၈၀၀ နှင့် အရည်အသွေး ၂ ပန်းပွင့်စိမ်းနှစ်ကတ်တီက ယွမ် ၈၀၀ အသီးသီးဖြစ်၏။

အရည်အသွေး ၂ ကကတစ်ငါး ၁၁.၅ ကတ်တီရှိတစ်ကောင်မှာ ယွမ် ၄၆၀၀ ကျသည်။ စုစုပေါင်း သူတို့ ယွမ် ၁၀၇၀၀ သုံးခဲ့၏။

သာမန်ခရီးသည်တစ်ဦးအဖို့ ယွမ်တစ်သောင်းကျော်ဖိုးစားရန်မှာ စဉ်းစားမရပါချေ။

သို့သော် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်အတွက်မူ သာမန်ဖြစ်နေကျကဲ့သို့ပင်။ နေ့လယ်စာစားပြီးနောက် သူတို့နှစ်ဦးမှာအစာချေသည့်အနေနှင့် စံအိမ်တဝိုက်လျှောက်သွားကြသည်။

စံအိမ်တွင် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်အစီအစဉ်သာရှိသဖြင့် သူတို့နှစ်ဦးမှာ ပန်းပင်လယ်ထဲသို့သာ ဝင်လာခဲ့ရ၏။

ထုံးစံအတိုင်းပင် သူတို့နှစ်ဦးလည်း ပန်းပင်လယ်ကိုစိတ်ဝင်စားသွားကြသည်။

ဂိမ်း၏အရည်အသွေးရှိသောအကျိုးသက်ရောက်မှုကို မည်သူမှမဟန့်တားနိုင်ချေ။

ချန်ရှန်းဖေက အံ့သြစွာနှင့်_ ''လောင်မာ... ဒီပန်းပင်လယ်က တော်တော်လှတယ်လို့တော့ ပြောရမယ်''

မာလဲ့ဝမ်က ကြောင်သွားသည်_ ''လောင်ချန်... မင်းအရင်တစ်ခေါက်ကမှ လာကြည့်ခဲ့တာမဟုတ်ဘူးလား?''

ချန်ရှန်းဖေက ရှင်းပြလိုက်၏_ ''ငါအရင်တစ်ခေါက်က စားဖို့သောက်ဖို့ပဲအာရုံရောက်နေတာ... ပြီးတော့ ငါအရေးတကြီးသွားစရာလည်းရှိလို့ပြန်လာခဲ့တာ''

သူတို့နှစ်ဦးမှာ နေရာစုံခရီးထွက်ပြီး အပန်းဖြေနေရာအတော်များများကိုရောက်ခဲ့ဖူးသည်။ ရှုခင်းမျိုးစုံကိုမြင်ခဲ့သော်လည်း ဝင်လိုက်သည့်ခဏတွင်ပင် သူတို့၏ဇီဇာကြောင်သောမျက်စိက စိတ်မဝက်စားတော့ချေ။ ထို့အပြင် လှပသောရှုခင်းကိုမြင်လိုက်သည်နှင့် စိတ်ကြည်နူးသွားသည့်ခံစားချက်မှာ တကယ်ထူးဆန်းနေသည်။

ထိုအချိန်တွင် ချင်လင်အကြည့်တို့မှာလည်း ခရီးသည်တချို့ကိုစိတ်ဝင်စားနေသည်။ သူတို့အားလုံးမှာ ဟန်လူမျိုးအဝတ်အစားနှင့်မိန်းကလေးများဖြစ်ပြီး ပန်းပင်လယ်ထဲဝင်ရန် လက်မှတ်တန်းစီဝယ်နေကြ၏။

ဤသည်မှာ ပန်းပင်လယ်ကို ရှင်းရှင်းလင်းလင်းသေသေချာချာရိုက်ကူးထားသော ဗီဒီယိုနှင့်ဓာတ်ပုံဖြစ်သည်။

ယနေ့စံအိမ်သို့လာရောက်သူအရေအတွက်မှာ မနေ့ကထက်များ၏။

Tiktok တွင် သူ့စံအိမ်၏ရေပန်းစားမှုမှာဆက်လက်မြင့်တက်နေဆဲပင်။

ချင်ရန်စကားအတိုင်းဆိုလျှင် သူ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ Tiktok စီးကြောင်းတွင်ပေါက်သွားပြီး တကယ့်အင်တာနက်နာမည်ကျော်ဖြစ်လာပေပြီ။



အထူးသဖြင့် ခရီးသည်များမှာ လာရောက်ဖို့စိတ်ဝင်စားသွားကြပြီး ခရီးသွားတိုင်းလိုလိုက ဗီဒီယိုရိုက်ကြ၏။ အတော်များများက လိုင်းပေါ်တွင်နာမည်ကျော်ရန်ပြန်တင်ကြသည်။ အဓိကအကျဆုံးမှာ လူတိုင်းရိုက်သည့်ဗီဒီယိုများကအရမ်းကောင်းပြီး အနုပညာဆန်နေခြင်းပင်။ လူစိတ်ဝင်စားဖို့လည်း လွယ်ကူစေသည်။

မယုံနိုင်စရာပဲ!

ထို့ကြောင့် သူ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်မှာ လူစိတ်ဝင်စားမှုများလာသည်။ နောင်တွင် သက်ဆိုင်ရာများက လူပိုစိတ်ဝင်စားလာအောင်တွန်းပို့ပြီး အရှုံးမပေးသောမိန်းကလေး၊ သလဲသီးညီနောင်နှင့် တင့်ကျန်းကဲ့သို့သော ရေပန်းစားသည့်ခေါင်းစဉ်များဖြစ်အောင် ဖန်တီးကြပေဦးမည်။

ယခုအင်တာနက်မှာ အင်တာနက်နာမည်ကျော်များစွာကိုအသိအမှတ်ပြုနေသည်ဖြစ်ရာ အကောင်းဘက်ကဖြစ်ဖို့အရေးကြီးပေသည်။ Tiktok မှာ ထိုကဲ့သို့အင်တာနက်နာမည်ကျော်များကို ပရိသတ်တောင့်ရုံမျှနှင့် ရေပန်းစားရှာဖွေမှုဖြစ်စေရန် ကြော်ငြာမပေးရဲပါချေ။ ပန်းပင်လယ်အတွက်မူ သတ်မှတ်ထားမည်မဟုတ်။ အကန့်အသတ်မရှိကြော်ငြာပေးလိမ့်မည်။

ထို့ကြောင့် နောင်တွင်ချင်းလင်စံအိမ်ကို ပိုပိုပြီးလူစိတ်ဝင်စားမှုများလာမည်ဖြစ်၏။

မည်မျှပင်ကြာသည်ဖြစ်စေ သူ့စံအိမ်ကိုထိန်းသိမ်းထားနိုင်သည့်အပေါ်တွင်သာ မူတည်ပေသည်။ တစ်ပတ်နှစ်ပတ်ကြာသည်လည်းဖြစ်နိုင်သည် (သို့) အချိန်အကြာကြီးလည်းဖြစ်နိုင်ပေ၏။

ဥပမာဆိုရလျှင် ယခင်ကအရှုံးမပေးသောမိန်းကလေး၏နည်းစနစ်များမှာ သလဲသီးညီနောင်လောက်မကောင်းပေ။ အရှုံးမပေးသောမိန်းကလေးက လိုင်းပေါ်တွင်စပေါက်ပြီးချိန်မှ ပရိသတ် ၁.၅ သန်းကျော်ရခဲ့သည်။ သလဲသီးညီနောင်က အလွန်ဉာဏ်ကောင်းပြီး အခြေခံသရုပ်ပေါ်အောင်အမျိုးစုံတင်ခဲ့၏။ ဗီဒီယိုရိုက်ယူသည့်လူများရှေ့တွင် တောင်သူများကိုကူညီသည်ဟူသောဆင်ခြေဖြင့် နိုင်ငံခြားသားများနှင့် ဘာသာစကားကြွားဝါပြသည်။ ဤတစ်ကြိမ်တွင် လိုင်းပေါ်တွင်ပေါက်သည့်အချိန်ပိုကြာခဲ့ပြီး ပရိတ်သတ်သုံးသန်းကျော်စိတ်ဝင်စားခဲ့လေသည်။

တင့်ကျန်းမှာမူ မဖွံ့ဖြိုးသောစီရင်စုတစ်ခုကို လူစိတ်ဝင်စားရန်လိုအပ်သောကြောင့် စီချွမ်နယ်အစိုးရ၏ခရီးသွားပို့ဆောင်ရေးဌာနအကူအညီဖြင့် ပရိသတ်ဆယ်သန်းနီးပါးတန်းရခဲ့လေသည်။

ဤသည်ကြောင့် ချင်လင်က Tiktok တွင် စံအိမ်မီဒီယာကုမ္ပဏီကိုအရင်ဖော်ပြရန်အကြံပြုခဲ့သည်။ သို့နှင့် ထိုနာမည်ကျော်ကြားမှုကို သူ့နည်းသူ့ဟန်ဖြင့် ပိုကောင်းသည့်ပုံစံပြောင်းနိုင်မည်ဖြစ်၏။

အင်တာနက်ခေတ်တွင် ကြည့်ရှုသူပရိသတ်များရှိပါက နောင်တွင်ဧည့်သည်မရှိမှာပူစရာမလိုချေ။

ဥပမာအနေဖြင့် သလဲသီးညီနောင်မှာ ယခုဂီတပြိုင်ပွဲလုပ်နေသည်မဟုတ်ပါလား? သူ့ဗီဒီယိုကိုလွတ်မည့်သူမရှိသလောက်နီးပါးဖြစ်သော်လည်း သူ့တွင်ပရိသတ်ခိုင်မာနေပြီဖြစ်၍ နှစ်စဉ်နှစ်တိုင်း ယွမ်သန်းချီအလွယ်တကူရနိုင်လေသည်။

ညနေပိုင်းတွင်_

ချင်လင်က မှည့်လာသော အရည်အသွေး ၁ ရုံးပတီသီး၊ ကန်စွန်းဥနှင့် ပန်းပွင့်စိမ်းများကိုခူးဆွတ်လိုက်ပြီး စံအိမ်ဆီထပ်ပို့လိုက်၏။

မိုးမှောင်လာသောအခါ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ စံအိမ်တွင်ညစာစားရန် တဖန်စောင့်နေသည်။

ညနေပိုင်း သူတို့က သဘာဝငါးကြင်းစိမ်း ၂၀ ကတ်တီကိုထပ်မှာလိုက်ပြန်၏။

သူတို့နှစ်ဦးက ယွမ် ၉၈၀၀ တန်တစ်နပ်ကိုလည်းစားလိုက်သည်။ ဤစံအိမ်အတွင်း နှစ်ဦးပေါင်း နှစ်နပ်စာကို ယွမ် ၂၀၅၀၀ ကုန်ကျပြီဖြစ်လေသည်။

နှစ်နပ်စာပေါင်း ယွမ်နှစ်သောင်းကျော်ကျ၏။ အကြောင်းကောင်းကောင်းမသိသူသာဆိုလျှင် သူ့ကိုတရားမဝင်ဆိုင်ဖွင့်ထားသည်ဟုပင်ထင်ကြပေမည်။

ခရီးသည်များကုန်သွားသောအခါ ချန်ရှန်းဖေလည်း မာလဲ့ဝမ်နှင့်ကျန်ခဲ့သည်။

သူတို့က စီရင်စုမြို့ထဲဝင်လာခဲ့၏။ မည်သို့ပင်ဖြစ်စေ စံအိမ်ထဲတွင်တည်းခိုစရာနေရာလည်းမရှိပေ။

ချန်ရှန်းဖေက မာလဲ့ဝမ်ကို ရုံချန်းစီရင်စုရှိအကြီးဆုံးဟိုတယ်သို့ခေါ်လာခဲ့သည်။

သူတို့နှစ်ဦးကောင်တာခုံရောက်သောအခါ ခန်းမထဲရှိ သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက အံ့သြတကြီးကြည့်နေ၏_ ''ကြည့်ရတာ ချန်ရှန်းဖေနဲ့တူတယ်''

သူ့နံဘေးမှလူက ဇဝေဇဝါနှင့်မေးလိုက်သည်_ ''စာဖိုမှူးချန်... သူ့ကိုသိလို့လား?''

ညွှန်ကြားရေးမှူးချန်က ရှင်းပြလိုက်၏_ ''အခုတလောအရမ်းနာမည်ကြီးလာတဲ့ ချင်းလင်စံအိမ်လေ... ချန်ရှန်းဖေက ကလီကမာလို့အထင်မှားခံရတဲ့သူပေါ့... သူကပင်လယ်ပြာအဖွဲ့အစည်းရဲ့ဥက္ကဌလို့ဘယ်သူကထင်မှာလဲ? ဒီလိုလူမျိုးကိုစိတ်ဝင်စားအောင်လုပ်နိုင်တဲ့စံအိမ်က အရမ်းဆွဲဆောင်မှုရှိလို့ပဲဖြစ်ရမယ်''

''နောက်ပြီး သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကတကယ်မဆိုးဘူး... မင်းအဲဒီအကြောင်း ကျုံးချန်ဟိုတယ်မှာကြည့်လို့ရတယ်... တခြားဟိုတယ်နှစ်ခုလိုပဲ... အဲဒီမှာအပြင်လူတွေအများကြီးနေကြတာ... သူတို့လည်း ပန်းပင်လယ်ကိုကြည့်ဖို့စိတ်ဝင်စားကြလို့ဖြစ်မယ်''

သူ့နံဘေးမှလူက အံ့အားသင့်စွာနှင့်_ ''ဒါကြောင့်ခင်ဗျားက စီရင်စုအစည်းအဝေးမှာ ချင်းလင်စံအိမ်ကိုအထူးလမ်းညွှန်ခဲ့တာကိုး''

…

စံအိမ်တွင်_

ကောင်းယောင်ယောင်က ချင်လင်အား ယနေ့စာရင်းကိုပေးလိုက်သည်။



ထင်ထားသလိုပင် အင်တာနက်ရေပန်းစားမှုကြောင့် ယနေ့ခရီးသည်ပိုများလာ၏။ ခရီးသည်ဦးရေ ၉၂၃ ဦးရှိပြီး လက်မှတ်ဖိုးနှင့်ပင် ယွမ် ၄၇၆၅၀ အထိရရှိသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်သုံးတာအပြင် အရည်အသွေး ၁ ရုံးပတီ၊ ကန်စွန်းဥနှင့် ပန်းပွင့်စိမ်းအားလုံးနီးပါးရောင်းလိုက်ရ၏။ သူက နောက်ထပ်ယွမ် ၃၆၀၀ ရလိုက်သည်။

အရည်အသွေး ၁ စတော်ဘယ်ရီ ၆၁၀ ကတ်တီလည်းရှိသေး၏။ အရည်အသွေး ၂ စတော်ဘယ်ရီနှင့်ဖရဲသီးတချို့ပါပေါင်းလိုက်လျှင် စုစုပေါင်းယွမ် ၃၆၈၀၀ ဖြစ်သည်။

အရည်အသွေး ၁ သဘာဝငါး၊ ငါးမျှားတံငှားခြင်း၊ မီးဖိုငှားခြင်း... ၄င်းတို့က ယွမ် ၂၈၈၀၀ ယွမ်ထပ်ရ၏။

ထို့အပြင် လက္ကားရောင်းသောသီးနှံနှင့် ပင်လယ်စာများရှိသေးသည်။ ဤတစ်သုတ်အရောင်းအဝယ်မှာလည်း ယွမ် ၁၆၄၃၁ ရ၏။

တစ်နည်းဆိုရလျှင် တစ်နေ့လုံးစုစုပေါင်းဝင်ငွေမှာ ယွမ် ၁၃၅၀၈၁ အထိပင်ရှိနေပြီဖြစ်သည်။

မာလဲ့ဝမ်နှင့်ချန်ရှန်းဖေတို့သုံးသွားသည်ကိုထည့်ပေါင်းလိုက်လျှင် ယွမ်တစ်သိန်းခွဲကျော်ပြီဖြစ်သည်။ ဤသည်မှာ ရုံချန်းစီရင်စုအတွင်း လုံးဝမယုံနိုင်လောက်သောပမာဏတစ်ခုပင်။

နောက်ပြီးအများစုက အရင်းအနှီးမလိုသောလုပ်ငန်းများဖြစ်၏။

သို့သော်လက်ရှိပြဿနာတချို့တော့ရှိနေသည်။ လူဦးရေရုတ်တရက်တိုးပွားလာခြင်းကြောင့် ပန်းပင်လယ်ခရီးသည်များကြပ်သိပ်ပြီး မြင်ကွင်းကိုအနှောင့်အယှက်ဖြစ်စေမည့် အခြေအနေသို့ရောက်တော့မည်ဖြစ်၏။

နေရာတစ်ခုက မည်မျှပင်လှပပြီးကောင်းမွန်စေကာမူ တရှိန်ထိုးလူအများကြီးကျလာလျှင် လှပသောရှုခင်းမှာ အတော်အတန်အလှလျော့သွားပေလိမ့်မည်။

ချင်လင်က စာရင်းကိုစစ်ကြည့်ပြီးနောက် ဘေးကိုကြည့်လိုက်သည်။ ကျောက်မိုချင်းက စားပွဲတစ်လုံးတွင်ထိုင်ပြီး သူ့ဖုန်းနှင့်အသည်းအသန်အလုပ်ရှုပ်နေ၏။

မနက်ဖြန် စနေရုံးပိတ်ရက်ဖြစ်၍ ထပ်ပြီးကူညီရန်ရောက်လာခြင်းဖြစ်သည်။

''ကောင်းယောင်ယောင်... အထူးအရသာရှိဖရဲသီးခွဲပြီး ယူလာခဲ့ပါဦး'' ချင်လင်က ကောင်းယောင်ယောင်ကိုညွှန်ကြားလိုက်ပြီး ကျောက်မိုချင်းနံဘေးတွင် ပြုံးလျက်ဝင်ထိုင်လိုက်ကာ_ ''ဘာတွေကြည့်နေတာလဲ? ဘာလို့အသည်းအသန်လုပ်နေတာလဲ?''

ကျောက်မိုချင်းက_ ''ရှင့်ရဲ့စံအိမ်ကိုယ်ပိုင်မီဒီယာအကောင့်ပေါ့... တခြားခရီးသည်အကောင့်တွေရဲ့စိတ်ဝင်စားမှုအချက်အလက်တွေကိုတည်းဖြတ်ပြီး အသိမှတ်ပြုရဖို့လျှောက်တယ်... ချင်ရန်ကပြောတယ်... အသိအမှတ်ပြုရပြီးရင် ရှင့်ရဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ရေပန်းစားမှုက တရားဝင်စံအိမ်အကောင့်ရဲ့ပထမဆုံးတွန်းအားဖြစ်လိမ့်မယ်တဲ့''

''အရမ်းအလုပ်ကြိုးစားတာပဲ!'' ချင်လင်က ကောင်းယောင်ယောင်ဖရဲသီးယူလာသည်ကိုတွေ့လျှင် သူကိုယ်တိုင်တစ်စိတ်ယူ၍ ကျောက်မိုချင်းကိုကျွေးလိုက်သည်။

''ဟမ်!'' ကျောက်မိုချင်းက ချင်လင်အပြုအမူကိုမြင်လျှင် မျက်စောင်းထိုး၍ ဖရဲသီးတစ်ကိုက်ကိုက်လိုက်၏။

ဘာပဲဖြစ်ဖြစ်သူမက ချင်လင်ကိုကူညီရ၍ ပျော်နေသည်လေ။ ထို့နောက် သတင်းအချက်အလက်တချို့ထုတ်၍ ချင်လင်လက်ထဲထည့်လိုက်ကာ_ ''ပြီးတော့... ရှင်ရွက်လွင့်အစီအစဉ်အတွက် လုပ်ငန်းစဉ်တွေအများကြီးလျှောက်ဖို့လိုသေးတယ်... အရင်ဆုံး ခရီးသွားဌာနရဲ့ခွင့်ပြုချက်ရဖို့လျှောက်ရမယ်... အဲဒီမှာလည်း မြစ်ဥပဒေစာချုပ် မြစ်ကိုပြန်လည်ပြုပြင်ခွင့်နဲ့ သက်ဆိုင်ရာခရီးသွားလုပ်ငန်းဆောင်ရွက်ခွင့်တွေရှိသေးတယ်... နယ်မြေနဲ့သယံဇာတဌာနက အသုံးပြုခွင့်ပြလိမ့်မယ်...''

''လုပ်ငန်းစဉ်တွေများလိုက်တာ!'' ကျောက်မိုချင်းတောင်းဆိုချက်တွေတသီကြီးပြောပြလိုက်ရာ ချင်လင်ခေါင်းကိုက်သွားသည်။

အပြင်မှကြည့်လျှင်တော့ လုပ်ရတာအတော်လွယ်သည်ဟုထင်ကြပေမည်။ တကယ်တမ်းလုပ်ရချိန်ကျမှ အစစအရာရာအလွန်ခက်ခဲမှန်း သူသဘောပေါက်သွား၏။

လုပ်ငန်းစဉ်တွေ၊ ခွင့်ပြုချက်တွေအများကြီးနှင့် လိုက်လျှောက်ရင်း လုံးပါးပါးသွားနိုင်သည်။

ကျောက်မိုချင်းကလည်း လုပ်ငန်းစဉ်တွေဘယ်လောက်များမှန်းသိထား၏။ သူမကပြုံး၍_ ''မနက်ဖြန်ရုံးပိတ်ရက်ပဲ... ကျွန်မ တနင်္လါနေ့ခွင့်ယူပြီး ရှင့်ကိုလုပ်ပေးမယ်!''

''မင်းကအကောင်းဆုံးပဲ!''ချင်လင်ကပြောလိုက်သည်။

သူတို့နှစ်ဦးစကားပြောနေစဉ် ချန်တပေရုတ်တရက်ရောက်လာပြီး _ ''သူဌေး... အရင်ကပြဿနာပေးတဲ့စုံတွဲရောက်လာပြန်ပြီ... အပြင်မှာ''

“…” ချင်လင်မျက်မှောင်ကြုတ်သွားသည်။

အသရေဖျက်မှုမှာ ကိုယ်တိုင်သက်သေခံထွက်ဆိုခြင်းဖြစ်သော်လည်း အရင်တစ်ခေါက်ကသူ ရဲခေါ်ပြီးဖြစ်သည်။ ရဲကလည်း သက်သေစုဆောင်းပြီးနောက် တရားရုံးသို့အမှုအစီရင်ခံလိမ့်မည်။

ဒီရက်ပိုင်းအတွင်း အမှုအခြေအနေတိုးတက်မှုရှိလိမ့်မည်။

ခဏအကြာ လင်ချွန်းလန်နှင့်ကျန်းဟန်လမ်းလျှောက်ဝင်လာသည်။

ချင်လင်ကမျက်မှောင်ကြုတ်ပြီး ဒီစုံတွဲဘာလို့ဒီရောက်လာလဲ အကြမ်းဖျင်းသိလိုက်၏။

တရားရုံးတွင်အမှုမကြားနာခင် နှစ်ဦးနှစ်ဖက်သီးသန့်ဖြေရှင်းနိုင်ပြီး အမှုရုတ်သိမ်းလိုက်လျှင် အားလုံးတည်ငြိမ်သွားပေလိမ့်မည်။

ဤသည်မှာ လူအတော်များများက အသရေဖျက်သော်လည်း တရားရုံးမရောက်ရသည့်အကြောင်းတစ်ရပ်ပင်။ သူတို့က သီးသန့်ဖြေရှင်းလိုက်ကြ၍ဖြစ်လေသည်။

ရဲများက လုပ်ထုံးလုပ်နည်းအရ ထိုစုံတွဲကို သေချာပေါက်ဤအကြံပေးလိမ့်မည်။ သူတို့နှစ်ဦးက သီးသန့်ညှိနှိုင်းလို၍လာခြင်းပင်ဖြစ်ရပေမည်။

All Chapters