← Chapters

ချင်လင်ဆန်? ခရီးသွားဌာနမှလူတစ်ဦး!

Vol. 4 Ch. 51

ချင်လင်ဆန်? ခရီးသွားဌာနမှလူတစ်ဦး!

Vol. 4 Ch. 51

ရှန်းရွှေလက်ဆောင်ဆန်မှာ တစ်ကတ်တီ ယွမ် ၅၀၀ ကျသည်သာမက မဟာနန်းသုံးလည်းဖြစ်၏။ သို့သော် မြေအနေအထားပတ်ဝန်းကျင်ရွေးလွန်း၍ တစ်နှစ်ပတ်လုံးအထွက်နှုန်းအများကြီးမရှိပေ။ လူချမ်းသာများပင် ဝယ်၍မရနိုင်။

ရှန်းရွှေလက်ဆောင်ဆန်အစစ်ကို ခံတပ်စောင့်ကြပ်သည်ဟု ချဲ့ကားပြောကြသည်ကိုပင် သူကြားဖူးသည်။ စပါးရိတ်သိမ်းပြီးသည်နှင့် မြို့တော်သို့တန်းပို့ရလေသည်။ ပြင်ပတွင်အနည်းငယ်သာ ကျန်ရစ်သည်။

အပြင်လူတွေက ချဲ့ကားပြောသည်ဟုပင်မသိကြချေ။ သာမန်လူများမှာ မစားနိုင်သလို ဘာကြောင့်အဲသည်လောက်စျေးကြီးမှန်းလည်း မသိကြ။

ရှန်းရွှေလက်ဆောက်ဆန်မျိုးစေ့ကို တစ်နေရာရာမှာစိုက်ပြီးမစမ်းသပ်ရသေး၍မဟုတ်။ မရှင်တာမဟုတ်လျှင် အရသာ၊ ဆန်သားနှင့် အာဟာရတန်ဖိုးတို့မှာ ကွာခြားလွန်းပေသည်။

စျေးနှုန်းမှာ တစ်ကတ်တီ ယွမ် ၅၀၀ ဖြစ်၏။ စင်စစ်စျေးနှုန်းမှာ ထိုထက်ပိုမြင့်ပြီးဖြစ်လေသည်။ ထိုဆန်ကို တစ်ကတ်တီ ယွမ် ၅၀၀ နှင့်ဝယ်ရဖို့မဖြစ်နိုင်ချေ။

လွန်ခဲ့သော ၁၇ နှစ်က ဂျက်မားတွင်နည်းလမ်းတချို့ရှိခဲ့သည်။ သူက ရှန်းရွှေလက်ဆောင်ဆန်ဖြည့်ထားသောဝိုင်ခွက်လေးများ အရောင်းအဝယ်သုံးခါဖြစ်ခဲ့၏။ အရောင်းအဝယ်တစ်ခုတစ်ခုကို ယွမ်တစ်သောင်းကျော်ကျလေသည်။

ချင်လင်ကသူ့ဂိမ်းထဲတွင် ဒီလိုဆန်မျိုးစိုက်မည်မထင်ထားပေ။ ဂိမ်းထုတ်ကုန်များတွင် အထူးအရည်အသွေးရှိသည်။ သူကဒီဆန်ကို သာမန်ရှန်းရွှေလက်ဆောင်ဆန်နှင့် ယှဉ်ကြည့်ချင်နေ၏။

သူက ရှန်းရွှေလက်ဆောင်ဆန်ကိုတန်းဝယ်လိုက်ပြီး ဂိမ်းဇာတ်ကောင်ကို လယ်ကွက်ထဲတွင်စိုက်စေလိုက်သည်။ ဂိမ်းဖြစ်သောကြောင့် စိုက်ရသည်မှာရိုးရှင်း၏။

ထို့နောက်သူက ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကို ထပ်ကြည့်လိုက်သည်။

(ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့: အရည်အသွေး ၁)

(အထူးဆန်မျိုးစေ့ဖြစ်သည်။ ကြာရှည်သုတေသနပြုပြီးနောက် တသမတ်တည်းကောင်းလာသော အထူးအမျိုးအစားဖြစ်သည်။ အပင်စိုက်ပြီးလျှင် ရှန်းရွှေလက်ဆောင်ဆန်ကို ရိတ်သိမ်းနိုင်သည်! ဂိမ်းမှထူးကဲဖန်တီးထား၍ ရာသီမရွေးစိုက်ပျိုးနိုင်သည်။ မျိုးပြောင်းလဲနိုင်သည်။ ပတ်ဝန်းကျင်အခြေအနေလိုက်၍ ပြောင်းလဲနိုင်သည်။

(ကန့်သတ်ချက်: ဂိမ်းမျိုးစေ့)

ရင့်မှည့်သက်တမ်း: ၁၂ နာရီ)

မှတ်ချက်က သူ့ကိုစိတ်ဝင်စားစေသည်။ ဂိမ်းထဲတွင်ဝယ်သောမျိုးစေ့က မျိုးပြောင်းနိုင်ပြီး ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သည်တဲ့။

ဒီမျိုးစေ့ကိုအပြင်ယူပြီး မျိုးပြောင်းနိုင်စွမ်းရှိတယ်ဆိုရင် ရုံချန်းစီရင်စုမှာလည်း ဒီလိုဆန်မျိုးစိုက်နိုင်တယ်ဆိုတဲ့ သဘောလား?

ဒါဆို ရုံချန်းဆန်လို့ခေါ်ရမလား၊ ချင်လင်ဆန်လို့ခေါ်ရမလား?

…

နောက်တစ်နေ့ သူအိပ်ရာမှထလာသည်။

ချင်လင်က ရုံးပတီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်း ၂၄ ကွက်နှင့် စတော်ဘယ်ရီ ၆ ကွက်၊ အဆင့် ၃ မြေ ဖရဲသီး ၂ ကွက်တို့ကိုခူးဆွတ်ပြီး မျိုးစေ့အသစ်များစိုက်လိုက်သည်။

တခြားမြေကွက် ၆ ကွက်ရှိစတော်ဘယ်ရီများကမူ နောက်မှရင့်မှည့်ပေမည်။ လယ်ကွက်ထဲမှရှန်းရွှေလက်ဆောင်ဆန်မှာ နေ့လယ်မတိုင်ခင်အထိစောင့်ရပေဦးမည်။

ချင်လင်က စံအိမ်သို့အသုတ်ခွဲ၍ပို့လိုက်ပြီးနောက် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ပြန်ရောက်လာသည်။



''သူဌေးချင်.. ပစ္စည်းရပြီလား?'' မာလဲ့ဝမ်က အရေးကြီးနေပုံပေါ်သည်။

သူကထိုသီးနှံ၏အကျိုးရှိပုံကို မနေ့ညကိုယ်တွေ့ကြုံပြီးပြီဖြစ်၏။ သူ့ဇနီးက တစ်ညလုံးသူ့နားရှိမနေ။

''လူကြီးမင်းမာ... နေ့လယ်အထိစောင့်ရပါဦးမယ်'' ချင်လင်က တမင်ပြောလိုက်သည်။

ထိုသီးနှံက ဂိမ်းထဲမှာရှိသည်။ သူလှုပ်ရှားထားသည်ရှိသောကြောင့် ထပ်မေးလိုက်၏_ ''လူကြီးမင်းတို့... ရှန်းရွှေလက်ဆောင်ဆန်ကိုစားဖူးကြလား?''

မာလဲ့ဝမ်က ခေါင်းညိမ့်လိုက်ပြီး_ ''စားဖူးတယ်... အဲဒီဆန်က အရမ်းကောင်းတယ်... ဒါပေမဲ့ဝယ်ရခက်တယ်''

ချန်ရှန်းဖေက သိချင်စိတ်နှင့်_ ''သူဌေးချင်... မင်းမှာ ရှန်းရွှေလက်ဆောင်ဆန်ရှိတယ်လို့တော့ မပြောပါဘူးနော်''

''ကျွန်တော်နည်းနည်းရထားတယ်!'' ချင်လင်ကပြုံး၍ပြန်ဖြေလိုက်သည်_ ''ကျွန်တော်အလိမ်ခံရတာလားလို့ ဒီရှန်းရွှေလက်ဆောင်ဆန်ကိုစမ်းကြည့်ပေးပါဦး''

ဤသည်က သူ့ရည်ရွယ်ချက်ပင်။

ရှန်းရွှေလက်ဆောင်ဆန်စားဖူးသူတွေကိုပေးမြည်းကြည့်မှ ကွာခြားချက်ကိုသူသိရပေလိမ့်မည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ထိုစကားကြားလျှင် မျက်လုံးများအရောင်တောက်သွားကြသည်။

အထူးသဖြင့် ချန်ရှန်းဖေပင်။ သူကဒီမှာနှစ်ကြိမ်စားခဲ့ဖူးပြီ။ ဟင်းပွဲတွေကကောင်း၊ သီးနှံတွေကအရသာရှိပြီး ငါးကပိုတောင်အထက်တန်းကျသေးသည်။ ဆန်လေးပဲလိုနေတာ။

အခုတော့ ဒီသူဌေးက ရှန်းရွှေလက်ဆောင်ဆန်ကိုရလာပြီဆိုတော့ ပြည့်စုံသွားပြီပေါ့။

သူတို့သုံးဦးစကားပြောနေစဉ် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက လူငယ်တစ်ဦးကိုခေါ်ပြီး စံအိမ်ထဲဝင်လာသည်။

လူငယ်က သူ့နံဘေးမှခရီးသည်များကိုကြည့်လိုက်ပြီး_ ''အကြီးအကဲချန်... ကျွန်တော် ဒီလိုစံအိမ်မျိုးရုံချန်းစီရင်စုမှာရုတ်တရက်ပေါ်လာပြီး လိုင်းပေါ်မှာနာမည်ကြီးလာတယ်ဆိုတာ မယုံနိုင်ဘူးဗျာ... ကြည့်ပါဦး... မနက်အစောကြီးပဲရှိသေးတယ်... ခရီးသည်တွေအများကြီးရောက်နေပြီ''

''တကယ်မယုံနိုင်စရာပါပဲ'' သက်လတ်ပိုင်းအရွယ်အမျိုးသားက ငါးကန်ဆီလျှောက်သွားလိုက်သည်။ ငါးကန်တွင်ငါးမျှားနေသူများ မနည်းမနောပင်။ သူငယ်ချင်းတွေ ဒါမှမဟုတ် မိသားစုတွေဖြစ်မည်။ အားလုံးက တက်တက်ကြွကြွဆွေးနွေးနေကြ၏။ ကြည့်ရတာ ငါးကန်တွင် အရသာကောင်းပြီး အာဟာရကြွယ်ဝသောသဘာဝငါးကိုဖမ်းနိုင်ကြ၍ သူတို့ကံကောင်းသည်ဟုထင်နေကြပုံပင်။

သက်လတ်ပိုင်းအမျိုးသားက ခေါင်းညိမ့်လိုက်၏။ ငါးကန်သေးသေးလေးတွင် မျှော်လင့်ချက်အငွေ့အသက်တွေရှိနေသည်။ အလွန်ကောင်းသောနည်းစနစ်ပင်။ ပျော်စရာလည်းပိုကောင်း၏။

သူတို့နှစ်ဦးမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်လက်မှတ်ရုံသို့ရောက်လာကြသည်။

''ကြိုဆိုပါတယ် လူကြီးမင်း... လက်မှတ်ဘယ်နှစ်စောင်လိုချင်ပါသလဲ?'' လက်မှတ်ရောင်းသူက သူတို့နှစ်ဦးကိုမြင်သည်နှင့် လှိုက်လှိုက်လှဲလှဲမေးလိုက်သည်။

''နှစ်စောင်'' သက်လတ်ပိုင်းအမျိုးသားပြောလိုက်သည်။ လက်မှတ်ရောင်းသူက လက်မှတ်ရေနေစဉ် သူကတည်တည်ငြိမ်ငြိမ်မေးလိုက်၏_ ''ညီမ... စံအိမ်ထဲမှာ ခရီးသည်တွေအများကြီးပဲ... ပန်းငင်လယ်အတွက်လက်မှတ်က တစ်နေ့တစ်နေ့အများကြီးရောင်းရမှာပဲနော် ဟုတ်တယ်မလား?''

လက်မှတ်ရောင်းသူက ထိုအကြောင်းသိပ်မတွေးမိ။ ခရီးသည်တွေကိုနတ်ဘုရားလိုထင်ပြီး အမှန်အတိုင်းပြောလိုက်သည်_ ''အများကြီးပေါ့... မနေ့က လက်မှတ်အစောင် ၉၅၀ ကျော်ရောင်းရတယ်''

သက်လတ်ပိုင်းအမျိုးသားက မျက်လုံးများဝင်းလက်သွား၏။ ဒါကြောင့် ရုံချန်းစီရင်စုရဲ့ဟိုတယ်ကြီးသုံးခုမှာ ခရီးသည်တွေပိုများလာတာကိုး။

ရုံချန်းစီရင်စုတွင် တတိယပိုင်းအတွင်း ယွမ်သန်းသုံးရာကျော်ရင်းနှီးမြှုပ်နှံထားသော သူရဲကောင်းတောင်ကြားကို သေချာတည်ဆောက်ထားကြောင်းသိကြသည်။ မနှစ်က ခရီးသည်ဦးရေ ၆၅၀၀၀၀ ကျော်သာရှိခဲ့၏။ ပုံမှန်အားဖြင့် တစ်နေ့ကို လူ ၁၆၀၀ သာရသည်။

ယခုသုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ပေါက်သွားခြင်းကြောင့် ဤစံအိမ်တွင် တစ်နေ့လူဦးရေ ၁၀၀၀ နီးပါးထိရှိလာသည်။ အင်တာနက်၏စွမ်းရည်မှာ အံ့မခမ်းပင်။



ဤစံအိမ်က နာမည်ကျော်မှုကိုဘယ်လောက်ကြာကြာထိန်းထားနိုင်မလဲ သူမသိသေး။

သို့သော် လက်မှတ်ရောင်းသူကဆက်၍_ ''ဒီနေ့ပိုများလာတယ်... အဲလိုပဲရောင်းရတာကလည်း ဒီမနက် မနေ့ကထက်ပိုများတယ်... နောက်ပြီး အင်တာနက်ပေါ်ကနေ အွန်လိုင်းကြိုတင်စာရင်းပေးဖို့မေးတဲ့သူရှိတော့ ကုမ္ပဏီက သူတို့ကိုအုပ်စုဖွဲ့ပြီးဝယ်ချင်နေတာ... အကုန်လုံးကို ကျွန်တော်တို့သူဌေးကငြင်းလိုက်တော့ လက်ခံလို့မရတော့ဘူး''

''အိုး!'' သက်လတ်ပိုင်းအမျိုးသားက ထိုစကားကြားလျှင် နည်းနည်းနာကျင်သွားသည်။ လက်မှတ်ယူပြီးနောက် အစောင့်ဆီဝင်ဖြတ်ပြီး ပန်းပင်လယ်ထဲဝင်ခဲ့၏။

ပန်းပင်လယ်မှာ အလွန်အသက်ဝင်နေသည်။ နေရာတကာတွင် ဓာတ်ပုံရိုက်နေကြသောခရီးသည်များနှင့်။ အလွန်အားကျစရာကောင်း၏။

သူတို့နှစ်ဦးမှာ ယခင်ကပန်းပင်လယ်မြင်ဖူးကြသည်။ သူတို့ကမြို့ထဲနှင့်သဲမြို့တော်အထိပင်သွား၍ ပန်းပင်လယ်အမျိုးမျိုးကိုစုံစမ်းကြည့်ရှုခဲ့ဖူး၏။ သုံးပွင့်ဆိုင်ဇီးပန်းပင်များစွာလည်းရှိသဖြင့် အခြေခံအနေအထားတချို့ကိုသိထားကြငည်။

သို့သော်အတွင်းထဲပိုရောက်လေလေ သူတို့နှစ်ဦးလုံး လုံးဝအံ့သြရလေလေပင်။ သူတို့ရှေ့မှာမြင်နေရတဲ့ပန်းပင်လယ်ကို မည်သို့ဖော်ပြရမည်လဲ? ပိုပြီးအနုပညာကျသောတစ်ခုကို ပထမဆုံးမြင်လိုက်ရချိန်တွင် တခြားအရာများအတွက်နေရာမရှိတော့ပေ။

ဤပန်းပင်လယ်ကိုမြင်လိုက်ရချိန်တွင် အရင်မြင်ခဲ့ထူးသောပန်းပင်လယ်များမှာ လုံးဝသာမန်ကဲ့သို့ခံစားလိုက်ရသည်။ အနည်းဆုံးတော့ ဒီပန်းပင်လယ်ကသူတို့ကို မြင်မြင်ချင်းစိတ်ဝင်စားစေတာမဟုတ်ဘဲ စိတ်ကြည်နူးမှုကိုပေးသည်။

အလယ်နေရာသို့ရောက်သောအခါ ပို၍ပင်ပျော်ရွှင်စရာကောင်းလာ၏။ ခရီးသည်အတော်များများကခြံစည်းရိုးကိုဖြတ်ကာ ရှဉ့်လေးများနှင့်ကစားနေကြသည်။

တချို့ရှဉ့်လေးမျမှာပိုသေးပြီး ရှဉ့်ကြီးများကနောက်ကလိုက်နေသည်။

ထိုရှဉ့်များက လူမကြောက်ကြချေ။ ခရီးသည်တစ်ဦးက ထင်းရှူးသီးစေ့ထုတ်လိုက်လျှင် ထိုလူကိုတပြိုင်တည်းဝိုင်းကြည့်လိုက်ကြ၏။ ခရီးသည်က ထင်းရှူးသီးစေ့ကိုပခုံးပေါ်တင်လိုက်သောအခါ ရှဉ့်များကလူမကြောက်ဘဲခုန်တက်ကာ ထင်းရှူးသီးစေ့ကိုကောက်ယူလိုက်သည်။ ခရီးသည်များက ဓာတ်ပုံအမိအရရိုက်ကြ၏။

ထိုမြင်ကွင်းမှာ သဟဇာတဖြစ်ပြီး နွေးထွေးကြည်နူးရလေသည်။

ရှဉ့်များကိုဖမ်းပြီး နီးနီးကပ်ကပ်ဓာတ်ပုံရချင်သောခရီးသည်တချို့လည်းရှိစမြဲပင်။ ထိုအခါ ဘေးနားရှိလုံခြုံရေးအစောင့်များကလည်း ရှေ့ထွက်တားကြမည်ပင်။

သက်လတ်ပိုင်းအမျိုးသားက ကိုယ်တိုင်ရှေ့တိုးသွားပြီး ရှဉ့်ကိုထင်းရှူးသီးစေ့နှစ်စေ့ကျွေးလိုက်သည်။ သူတကယ်အံ့သြသွား၏။ ဒီစံအိမ်က ရှဉ့်တွေကိုဒီလောက်ယဉ်ပါးအောင် ဘယ်လိုများသင်ပေးထားပါလိမ့်? ကြည့်ရတာ အိမ်မွေးတိရစ္ဆာန်နှင့်ပင်တူနေသည်။

သူတို့နှစ်ဦးက ပန်းပင်လယ်အပြင်ထွက်ကြည့်လိုက်သည်။ ပန်းပင်လယ်ကိုကြည့်ရှုပြီးနောက် ဤပန်းပင်လယ်မှာ ဆက်လက်ကျော်ကြားလာဦးမည်ဟု သူတို့ကအတည်ပြုလိုက်၏။ တစ်ကြိမ်လာရောက်လည်ပတ်ဖူးသူများက အချိန်ရလျှင် နောက်တစ်ခေါက်ထပ်လာချင်မည်မှာအသေအချာပင်။ သူငယ်ချင်းတွေကိုမိတ်ဆက်ပေးပြီးဘခေါ်လာကြပေလိမ့်မည်။

ဒီလိုပန်းပင်လယ်မျိုးဖန်တီးနိုင်တဲ့သူဌေးက ပေါ့သေးသေးတော့မဟုတ်။

သို့သော် ပန်းပင်လယ်မှထွက်လာပြီးနောက် သက်လတ်ပိုင်းအမျိုးသားက စံအိမ်၏ မြေကွက်လပ်နှင့် တောထဲမှရိုးရိုးစွန့်စားခန်းနှင့်မြက်ခင်းလျှောအပြင်အဆင်တို့ကိုတွေ့သောအခါ နည်းနည်းနာကျင်သွားသည်။

ဘယ်လိုလုပ်ပြီး ခရီးသည်ဒီလောက်အများကြီးက...

''လာ... ဒီစံအိမ်ရဲ့သူဌေးကိုသွားတွေ့ရအောင်!'' သက်လတ်ပိုင်းအမျိုးသားက အလျင်စလိုလူငယ်ကိုခေါ်ပြီး စံအိမ်၏ခန်းမဆီသွားလိုက်သည်။

ခန်းမအပြင်ရောက်သည်နှင့် ပတ်ဝန်းကျင်တစ်ခုလုံးအသက်ဝင်နေသည်။ သူတို့ဘေးတွင် ခရီးသည်အတော်များများက မီးဖိုများ၊ အကင်စက်များနှင့်ပြင်ဆင်နေကြ၏။

ခန်းမထဲရောက်လျှင် သူတို့နှစ်ဦးမှာ ပုံရိပ်နှစ်ခုကိုမြင်ပြီး စိတ်ဝင်စားသွားကြသည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ပင်။

''အကြီးအကဲချန်... ဒီနှစ်ယောက်က တကယ်ဒီစံအိမ်ကိုစိတ်ဝင်စားနေတာပဲ'' လူငယ်ကပြောလိုက်သည်။

သက်လတ်ပိုင်းအမျိုးသားကခေါင်းညိမ့်လိုက်သည်။ ဒါဒီစံအိမ်က အရမ်းဆွဲဆောင်မှုရှိတယ်ဆိုတဲ့သဘောပဲမလား?

သူကဝန်ထမ်းတစ်ဦးဆီလျှောက်သွားလိုက်သည်_ ''ညီမ... ကျုပ်ကချန်လီပါ... ရုံချန်းခရီးသွားဌာနရဲ့ညွှန်ကြားရေးမှူး... မင်းတို့ရဲ့သူဌေးနဲ့ပေးတွေ့နိုင်မလား?''

ကောင်းယောင်ယောင်က လုံးဝမှင်တက်သွားသည်။

မိန်းမငယ်လေးမှာ အရင်ကအရာရှိနှင့်မတွေ့ဖူးသဖြင့် နည်းနည်းစိတ်လှုပ်ရှားသွား၏။

ခရီးသွားဌာနကလူတွေ သူ့ကိုလာရှာနေပြီ။ စံအိမ်များတစ်ခုခုဖြစ်လို့လား?



All Chapters