← Chapters

မထင်မှတ်ထားသော အံ့သြဖွယ်ရာ!

Vol. 4 Ch. 52

မထင်မှတ်ထားသော အံ့သြဖွယ်ရာ!

Vol. 4 Ch. 52

ဗိုက်တာမင် VP! အိုမင်းခြင်းကိုဆန့်ကျင်ခြင်း?

ခန်းမနောက်ကျောဘက်တွင် ကွင်းပြင်ကြီးတစ်ခုရှိသည်။

ချင်လင်ကစာအုပ်တစ်အုပ်ကိုင်ထားပြီး စာအုပ်ပါအကြောင်းအရာအတိုင်း သုံးပွင့်ဆိုင်ဇီးပျိုးပင်ကို ပျိုးထောင်ကြည့်နေ၏။ သူကပန်းအိုးတစ်လုံးနှင့် မြေသြဇာထည့်ခြင်း၊ အပင်ကူးပြောင်းခြင်း၊ အဖုံးအုပ်ခြင်းတို့လုပ်နေသည်...

သူ့နံဘေးတွင် ချန်တပေကလည်း ဖရဲပျိုးပင်များကို ရေဘူးနှင့်ရေလောင်းနေသည်။

''သူဌေး... ဒီဖရဲမျိုးစေ့တွေက တကယ်အပင်ဖြစ်ပါ့မလား? ဆောင်းတောင်ဝင်နေပြီ'' ချန်တပေက ဇဝေဇဝါဖြစ်သော်လည်း သူ့သူဌေးစီမံသည့်အလုပ်မှာ အလွန်အလုပ်ဖြစ်နေဆဲပင်။

ချင်လင်ကပြုံးပြီး နောက်ထပ်ရှင်းမပြတော့ချေ။ သူက သုံးပွင့်ဆိုင်ဇီးကိုင်းကို ပန်းအိုးထဲထိုးလိုက်ပြီး ဘေးနားကရေကရားကိုယူကာ ပန်းအိုးထဲရေလောင်းလိုက်သည်။

ထိုအကိုင်းကို ဂိမ်းထုတ်ကုန်ဖြစ်သော သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပင်မှဖြတ်လာခြင်းဖြစ်၏။ ၄င်းမှာ အရည်အသွေး ၂ ဖရဲမျိုးစေ့စိုက်ထားသလိုပင်။ သူကဂိမ်းထုတ်ကုန်ကိုပျိုးထောင်ပြီးနောက် ဘာဆက်ဖြစ်မလဲသိချင်နေသည်။

ထိုအချိန်တွင်ကောင်းယောင်ယောင်မှာ လူနှစ်ယောက်နှင့်အတူ ရေးကြီးသုတ်ပျာရောက်လာ၏။

ကောင်းယောင်ယောင်က ချင်လင်ကိုမြင်သောအခါ အလျင်စလိုနှင့်_ ''သူဌေး... ဒီလူနှစ်ယောက်က ခရီးသွားဌာနကတဲ့... ရှင့်ကိုတွေ့ချင်လို့တဲ့''

''မင်္ဂလာပါ... ကျုပ်က ချန်လီပါ... ခရီးသွားဌာနရဲ့ညွှန်ကြားရေးမှူးပါ'' ချန်လီက ချင်လင်ကိုမြင်သည်နှင့် သူ့လက်ကိုဆန့်ထုတ်ပြီး သူ့ကိုယ်သူမိတ်ဆက်လိုက်သည်။

''ညွှန်ကြားရေးမှူးချန်... ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ?'' ချင်လင်ကလက်ဆွဲနှုတ်ဆက်လိုက်ရင်း အံ့အားသင့်နေ၏။

သူ့မှာစာရွက်စာတမ်းအားလုံးပြည့်စုံတယ်ဆိုတော့ ပြဿနာတော့မရှိလောက်ဘူးမလား?

ချန်လီကပြုံး၍_ ''သူဌေးချင်... ကျုပ်တို့ကဒီကိုလာကြည့်ရှုပြီး မင်းရဲ့စံအိမ်စီမံထားပုံကိုလေ့လာတာပါ... သူဌေးချင် မင်းလည်းသိထားသင့်တယ်... ငါတို့စီရင်စုက ခရီးသွားလုပ်ငန်းတစ်ခုလုံးရဲ့ စုပေါင်းစပ်ပေါင်းသရုပ်ပြတဲ့နေရာဖြစ်နေတယ်ဆိုတာ''

''ကျွန်တော်အကြမ်းဖျင်းနားလည်ထားပါတယ်!'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။

သူကခရီးသွားစီမံခန့်ခွဲရေးလေ့လာထားသဖြင့် သူ့မွေးရပ်မြေ၏ခရီးသွားအခြေအနေတိုးတက်မှုကိုသိထား၏။

ယခင်နှစ်များတွင်စီရင်စုက ရှုခင်းသာနေရာများမှာ သူတို့အိမ်ဟူ၍အသံလွှင့်ခဲ့သည်။ သူတို့က ခရီးသွားလုပ်ငန်း+၊ +ခရီးသွားလုပ်ငန်းကိုအသုံးချ၍ ပထမ၊ ဒုတိယ၊ တတိယလုပ်ငန်းများနှင့်ခရီးသွားလုပ်ငန်းပေါင်းစည်းလာစေရန် ကြော်ငြာခဲ့ပြီး စီရင်စုတစ်ခုလုံးတွင် အရည်အသွေးမြင့်တိုးတက်လာရေးအတွက် ယှဉ်ပြိုင်ရန် အင်တိုက်အားတိုက်လှုံ့ဆော်ခဲ့သည်။

ရှင်းရှင်းပြောရလျှင် ခရီးသွားလုပ်ငန်းနှင့် ခရီးသည်များကိုဆွဲဆောင်ကာ သူတို့လုပ်ငန်းလုပ်ဆောင်ချက်ကိုကြော်ငြာခြင်းဖြစ်၏။ ထို့ကြောင့် လွန်ခဲ့သောနှစ်များက စီရင်စုတစ်ခုလုံးခရီးသွားလုပ်ငန်းလုပ်ကြသည်။ စီရင်စုမြို့တော်တွင် အခြေခံဆွဲဆောင်မှုတစ်ခုအနေဖြင့် ဘုရားကျောင်းတချို့ကိုဆောက်ခဲ့သည်။ ခရီးသွားများလည်း နေရာအနှံ့များလာ၏။

အကျော်ကြားဆုံးမှာ သူရဲကောင်းတောင်ကြား၊ နဂါးငွေ့တန်းရှုခင်းသာ၊ လှေကားထစ်ရှုခင်းသာနှင့် ကျူးဇီယဉ်ကျေးမှုဥယျာဉ်တို့ဖြစ်သည်။

ရွာထဲနှင့်မြို့ထဲတွင် ကြီးကြီးသေးသေးရှုခင်းသာနေရာများစွာလည်းရှိသေး၏။ ဂင်ဂိုသစ်တောမှာလည်း နည်းနည်းကျော်ကြားသောရှုခင်းသာနေရာတွင် ဖွံ့ဖြိုးလာပြီဖြစ်သည်။

ယခုနှစ်များအတွင်း စီရင်စုတစ်ခုလုံး၏ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုမှာ လူဦးရေ ၇ သိန်းကျော်မှ ၇.၅ သန်းကျော်အထိရှိပြီး ဆက်လက်တိုးတက်နေဆဲဖြစ်၏။



ဖွံ့ဖြိုးသည့်အပြင် တခြားကောလာဟလများလည်းကြားသေးသည်။ ဖြစ်နိုင်ချေရှိသည်မှာ စီရင်စုကစျေးကွက်မြှင့်တင်ခြင်း၊ အလုပ်သမားခနည်းပါးခြင်းနှင့်နေထိုင်စရိတ်မြင့်မားသည့် အချိုးမကျသောအခြေအနေကိုပြောင်းလဲခြင်းတို့ကြောင့်ပင်။

အမှန်အတိုင်းဆိုရလျှင် သူလည်းသေချာမသိချေ။ ဤသည်မှာ သာမန်လူများစပ်စု၍ရသော ကိစ္စလည်းမဟုတ်။

သို့သော်ရုံချန်းစီရင်စုမှာ လစာနည်းပါးပြီး နေထိုင်စရိတ်မြင့်မားသည့် အချိုးမကျသောအခြေအနေတွင်ရှိနေသော်လည်း အကျိုးအမြတ်များစွာလည်းရှိပေသည်။

ပထမဆုံးအနေနှင့် ၄င်းမှာနှစ်ထောင်ချီတည်ရှိခဲ့သောရှေးဟောင်းမြို့ဖြစ်၏။ ဒုတိယအနေဖြင့် ရွှေပြား၊လဖက်အဆီနှင့်ဝါးစိမ်းထွက်သောနယ်ဖြစ်သည်။ စူးခရိုင်၏အချက်အချာနယ်မြေဖြစ်ပြီး ဘူတာ၊အမြန်လမ်းနှင့်တခြားအရာများအားလုံးရှိထားပြီးဖြစ်၏။

ကမ္ဘာ့ခရီးသွားလုပ်ငန်းကို သူတို့ကောင်းကောင်းလုပ်နိုင်ခဲ့လျှင် သေချာပေါက်ခရီးသွားဦးရေတိုးတက်ပြီး စီးပွားရေးကိုမြှင့်တင်နိုင်ပေမည်။

ဥပမာအနေနှင့်သူ့စံအိမ်တွင် ကောင်းယောင်ယောင်နှင့်တခြားလူများမှာ လစာ ၃၅၀၀ ယွမ်သာရကြသည်။ သူ့စီးပွားရေးသာကောင်းခဲ့လျှင် သူတို့လစာကိုတိုးပေးနိုင်မည်ဖြစ်၏။ ကော်မရှင်ခနှင့်ပေါင်းလျှင် သေချာပေါက်သူတို့မူလလစာထက်ကျော်သွားပေမည်။

အဲဒီတော့မှချင်လင်က သူ့စံအိမ်နာမည်ကျော်လာမှန်း သဘောပေါက်သွားသည်။ မနေ့ကဧည့်သည်ဦးရေမှာ အယောက် ၁၀၀၀ နီးနီးရှိခဲ့၏။ ဤသည်နှင့်ပင် တစ်နှစ်ကို ခရီးသည်အယောက်သုံးသိန်းနီးပါးစိတ်ဝင်စားအောင်လုပ်နိုင်ပြီဖြစ်လေသည်။

ဤပမာဏမှာ နေ့စဉ်သူရဲကောင်းတောင်ကြားသို့လာရောက်သောခရီးသည် ၃၀% နှင့် ၂၀% နီးပါးရှိပြီး ဆက်လက်တိုးလာပေဦးမည်။

စီရင်စု၏ဆွဲဆောင်မှုတစ်ခုလည်းဖြစ်သည်။

ဤသည်ကြောင့်သူက သတိလက်လွတ်နဖူးပေါ်လက်တင်မိသည်။ သူဘယ်လိုလုပ်ပြီး ဒီအချက်ကိုမေ့သွားရတာလဲ? သူကရွက်လွှင့်မည့်အစီအစဉ်စာတင်ခြင်းကြောင့် အမှန်တကယ်အခက်တွေ့နေ၏။

ပြီးခဲ့တဲ့နှစ်တွေအတွင်း စီရင်စုကစီစဉ်တဲ့ခရီးသွားရံပုံငွေကို သူလုံးဝလျှောက်၍ရသည်။

သူ့ခရီးသည်အဝင်အထွက်နှင့်ဆိုလျှင် စီရင်စုကပင်စတင်၍ သူ့အတွက်လုပ်ငန်းစဉ်ဖြေရှင်းပေးပြီး ထောက်ပံ့မည်အစီအစဉ်တောင်လုပ်လာနိုင်သည်။

ဤသည်မှာ သူပထမဆုံးအကြိမ်စီးပွားရေးစလုပ်ခြင်းဖြစ်၏။ အကျပ်ရိုက်စရာပင်။

''သူဌေးချင်... ကျုပ်အခုပဲ ခင်ဗျားစံအိမ်ကိုကြည့်ခဲ့ပြီးပြီ... ခင်ဗျားရဲ့ပန်းပင်လယ်က ရုံချန်းစီရင်စုရဲ့အမှတ်သင်္ကေတကြီးတစ်ခု သေချာပေါက်ဖြစ်လာနိုင်တယ်... လူအများကြီးကိုစိတ်ဝင်စားအောင်လည်းလုပ်နိုင်တယ်'' ချန်လီက စိတ်ရင်းအမှန်နှင့်ချီးကျူးလိုက်သည်။ ထို့နောက်သူက အကြောင်းအရာပြောင်းလိုက်ပြီး_ ''ဒါပေမဲ့ ခင်ဗျားစံအိမ်မှာ အပြင်အဆင်နည်းသေးတယ်... ပန်းပင်လယ်တစ်ခုတည်းနဲ့ ဖျော်ဖြေဖို့မလုံလောက်ဘူး... အကန့်အသတ်ရှိနေတယ်... သူဌေးချင် ခင်ဗျားလုပ်ငန်းချဲ့ထွင်ဖို့စဉ်းစားထားလား?''

''ကျုပ်အခုတစ်ချက်ကြည့်ခဲ့တာ... စံအိမ်က ဧက ၅၀၀ ကျယ်ပြီး အတော်များများကအလဟဿဖြစ်နေတယ်... ခင်ဗျားပန်းပင်လယ်နဲ့လိုက်ဖက်တဲ့ တခြားတစ်မျိုးစီစဉ်ထားလား? စံအိမ်ဘေးမှာ မြစ်လည်းရှိတယ်... ခရီးသည်အခြေအနေအရဆိုရင် ကျုပ်တို့ရှုခင်းသာရွက်လွှင့်အစီအစဉ်တစ်ခု လုံးဝဆောက်လို့ရတယ်''

ချန်လီက နည်းနည်းစိတ်ပူနေသည်။ ဘာပဲဖြစ်ဖြစ်စံအိမ်က မနေ့ကဧည့်သည် ၁၀၀၀ နီးနီးရှိခဲ့ပြီး ယနေ့ပိုများနိုင်၏။ အကယ်၍ ဤစံအိမ်ကို တစ်နေ့ဧည့်သည် ၂၀၀၀ မြဲအောင်လုပ်နိုင်ခဲ့လျှင် တစ်နှစ်ဆိုပါက စံအိမ်တွင် ဧည့်သည် ၇၅၀၀၀၀ တော့အထိုက်အလျောက်ရှိပေမည်။

အဓိကကစံအိမ်မှာ စီရင်စုမြို့နှင့် မိနစ် ၃၀ သာသွားရခြင်းဖြစ်သည်။ ဤသည်မှာ အခြားရှုခင်းသာနေရာများထက်သာသော အချက်ပင်။

ထိုသို့စဉ်းစားကြည့်ပါက ခရီးသည် ၇၅၀၀၀၀ မှာ ပန်းပင်လယ်ကိုသာကြည့်ပြီးပြန်သွားကြလျှင် ဆုံးရှုံးဖွယ်ရာသာဖြစ်တော့သည်။ သို့သော် ဤစံအိမ်တွင် အစီအစဉ်များများရှိပါက စံအိမ်ဝင်ငွေပိုကောင်းရုံသာမက အခွန်လည်းပိုရပေမည်။

ခရီးသည်များပန်းပင်လယ်ကြည့်ပြီးနောက် ဘေးပတ်ဝန်းကျင်ရွက်လွှင့်ပြီးပါက မိုးချုပ်ပြီဖြစ်သည်။ သူတို့တည်းခိုကြမလား? ရုံချန်စီရင်စုထဲမှာ စားသောက်လည်ပတ်ကြမလား? စီးပွားရေးဘယ်လောက်တောင် တိုးတက်လာမလဲ?

သူတို့က ခရီးသည်များဖြုန်းချင်သလောက် ဖြုန်းအားပေးနိုင်မည်။

လောလောဆယ်သူတို့စိုးရိမ်ရတာက စံအိမ်ရေပန်းစားမှုကျဆင်းသွားမှာကိုပင်။

နောက်ပိုင်းသူဌာနကိုပြန်ရောက်လျှင် ဤစံအိမ်ရေပန်းစားမှုကိုထိန်းသိမ်းဖို့အကြံဉာဏ်တချို့ပေးနိုင်ရန် အစည်းအဝေးလုပ်ရပေဦးမည်။



ဤအခွင့်အရေးမှာ ကံကောင်းမှသာရနိုင်လေသည်။

ချင်လင်က ချန်လီ၏စကားကိုကြားလျှင် မလေးစားဘဲမနေနိုင်တော့ချေ။ ခရီးသွားဌာန၏ခေါင်းဆောင်တစ်ဦးဖြစ်သည့်အတိုင်း ရှေ့ရေးမြင်တတ်ပေသည်။

နောက်ပြီးသူအသိပြန်ဝင်လာသည့်အခါ တစ်ဖက်လူ၏ရည်ရွယ်ချက်ကို အကြမ်းဖျင်းနားလည်လိုက်၏။ ကြည့်ရတာ ဒီစံအိမ်နာမည်ပေါက်သွားတာက သူထင်မှတ်မထားသောအကျိုးအမြတ်တွေယူဆောင်လာပေးတော့မည်။

ချန်လီက နောက်ထပ်စာရွက်စာတမ်းထုတ်လိုက်ပြီး ချင်လင်ထံကမ်းပေးလိုက်ကာ_ ''သူဌေးချင်... ဒီစာရွက်စာတမ်းကိုတစ်ချက်ကြည့်လိုက်ပါဦး... ခင်ဗျားစံအိမ်အစီအစဉ်ကိုချဲ့ထွင်ချင်တယ်ဆိုရင် စံအိမ်ကိုတိုးချဲ့ဖို့ စီရင်စုကအတိုးမဲ့ထောက်ပံ့ငွေ ဒါမှမဟုတ် ခရီးသွားလုပ်ငန်းအမတော်ကြေးထောက်ပံ့နိုင်တယ်''

ဤသည်ကို ချင်လင်ကခန့်မှန်းမိပြီးဖြစ်သော်လည်း ခရီးသွားလုပ်ငန်းထောက်ပံ့ကြေးနှင့် ခရီးသွားလုပ်ငန်းအမတော်ကြေးမှာ မတူပါချေ။ ခြားနားချက်မှာ တစ်ခုကပေးရပြီး နောက်တစ်ခုကအခမဲ့ဖြစ်သည်။ ပမာဏမှာလည်းမတူ။

ခရီးသွားလုပ်ငန်းထောက်ပံ့ကြေးမှာ ခရီးသွားလုပ်ငန်းအတွက်ချေးငွေပေးခြင်း (သို့) ခံဝန်ကတိပြုခြင်းဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံရန်သုံးသည့်ရံပုံငွေနှင့်သိပ်မတူပေ။

ရှင်းရှင်းပြောရလျှင် အစိုးရကချေးငွေချပေးခြင်းဖြစ်ပြီး ပြန်ဆပ်ရပေမည်။ ရင်းနှီးမြှုပ်နှံသည်ဆိုလျှင်တော့ ပြန်ဆပ်စရာမလိုချေ။ ကိုယ်ကလွှမ်းမိုးချုပ်ကိုင်ခွင့်အတော်များများကိုတော့ ဆုံးရှုံးရမည်ဖြစ်သည်။

ရုံချန်းစီရင်စုအတွင်း ရှုခင်းသာနေရာများစွာက ဤကဲ့သို့ထောက်ပံ့ကြေးမျိုးကိုရွေးချယ်ကြလေသည်။

ခရီးသွားလုပ်ငန်းအမတော်ကြေးမှာ ခရီးသွားလုပ်ငန်းအတွက် အထူးအမတော်ကြေးဖြစ်၏။ များသောအားဖြင့် အခွန်ဘဏ္ဍာရေးမှရံပုံငွေထောင်ပြီး ဘဏ္ဍာရေးလျှော့ချခြင်း၊ အခွန်ပြန်အမ်းငွေ စသည်ဖြစ်သည်။

ဤနည်းမှာ ငွေပမာဏနည်းပြီး အစိုးရကပြန်လည်စစ်ဆေးရသည်။ ဥပမာအားဖြင့် စံအိမ်၏ဝင်ငွေ၊ အခွန်ဆောင်ခြင်း၊ ပန်းပင်လယ်၏တန်ဖိုး။

၄င်းမှာအခမဲ့ဖြစ်သော်လည်း ချင်လင်ကစစ်ဆေးခံရမည်စိုး၍ လုံးဝလက်မခံရဲပေ။

''အကြီးအကဲချန်... ကျွန်တော့်စံအိမ်ကအတော်အသင့်ရှိတယ်ဆိုရင် ခရီးသွားလုပ်ငန်းထောက်ပံ့ကြေးလျှောက်ချင်ပါတယ်'' ချင်လင်က သူ့အတွေးကိုပြောပြလိုက်သည်။ ပိုက်ဆံပြန်ပေးရမည်ဆိုသော်လည်း စိတ်သက်သာရာရသေး၏။ ပိုက်ဆံအရင်ရအောင်လုပ်ခြင်းလည်းမည်သည်။

''ကောင်းပါပြီ!'' ချန်လီက အဖြေကိုလုံးဝကျေနပ်သွား၏။ သူကပြုံး၍_ ''ဒါဆိုကျုပ်အရင်ဆုံး စီရင်စုကိုပြန်ပြီး အစည်းအဝေးလုပ်ဦးမယ်... ကျုပ်တို့တိုင်ပင်ပြီးပြီဆိုမှ သူဌေးချင်နဲ့အသေးစိတ်ထပ်ဆွေးနွေးကြမလား?''

''ဟုတ်ကဲ့ပါ... အကြီးအကဲချန်ဆီကသတင်းကောင်းကို စောင့်နေပါ့မယ်'' ချင်လင်ကပြုံး၍ ခေါင်းညိမ့်လိုက်သည်။ အစိုးရ၏အထောက်အပံ့နှင့်ဆို သက်ဆိုင်ရာတောင်းဆိုမှုတချို့လုပ်၍ရနိုင်သည်။ အချိန်ကျလာလျှင် ဘယ်လိုဆွေးနွေးညှိနှိုင်းနိုင်မလဲကြည့်ရမည်။

လုပ်ငန်းစဉ်များအတွက် သူကပူပင်နေစရာမလိုချေ။ ခရီးသွားဌာနက အရင်ဆုံးသူ့ကိုကူညီဖြေရှင်းပေးလိမ့်မည်။

ချန်လီပြန်သွားပြီးနောက် ချင်လင်ကစိတ်ပျော်ရွှင်နေသည်။ ဤသည်မှာထင်မှတ်မထားသော ဝမ်းသာစရာတစ်ခုပင်။

ထိုအချိန်တွင် သူ့စိတ်ထဲမှဂိမ်းထဲတွင် အသိပေးစာတက်လာသည်: (ရှန်းရွှေလက်ဆောင်ဆန်မှည့်ပြီ!)

ချင်လင်က သူ့စိတ်ထဲကဖန်သားပြင်ကိုကြည့်ကာ ဂိမ်းဇာတ်ကောင်ကိုလယ်ရိတ်သိမ်းစေပြီး သိုလှောင်ခန်းထဲထည့်ခိုင်းလိုက်၏။

ချင်လင်က ဂိုဒေါင်ဆီမောင်းသွားလိုက်ပြီး ဂိမ်းထဲဝင်လိုက်သည်။ ပထမဆုံးသူမြင်သည်မှာ မှတ်ချက်စာပင်:

(ရှန်းရွှေလက်ဆောင်ဆန်: အရည်အသွေး ၁ _ ၁၀၀ ကတ်တီ)

(အထူးစိုက်ပျိုးထားသောဆန်မျိုးဖြစ်သည်။ အလွန်ရှားပါးပြီး အာဟာရတန်ဖိုးကြွယ်ဝသည်။ အာဟာရကြွယ်ဝခြင်း +၁၊ အရသာ +၁၊ နူးညံ့ခြင်း +၁၊ အနံ့အရသာပြည့်စုံခြင်း +၁၊ ဗိုက်တာမင် VPP အိုမင်းခြင်းကိုဆန့်ကျင်ခြင်း +၁)

(ရှန်းရွှေလက်ဆောင်ဆန်: အရည်အသွေး ၂ _ ၅ ကတ်တီ)

(အထူးစိုက်ပျိုးထားသောဆန်မျိုးဖြစ်သည်။ အလွန်ရှားပါးပြီး အာဟာရတန်ဖိုးကြွယ်ဝသည်။ အာဟာရကြွယ်ဝခြင်း +၂၊ အရသာ +၂၊ နူးညံ့ခြင်း +၂၊ အနံ့အရသာပြည့်စုံခြင်း +၂၊ ဗိုက်တာမင် VPP အိုမင်းခြင်းကိုဆန့်ကျင်ခြင်း +၂)

ဗိုက်တာမင် VPP?

‘အိုမင်းခြင်းကိုဆန့်ကျင်ခြင်း?’



All Chapters