← Chapters

သူဌေးချင်လှည့်စားခံရပြီ!

Vol. 4 Ch. 53

သူဌေးချင်လှည့်စားခံရပြီ!

Vol. 4 Ch. 53

ဆန်အစစ်ကိုအများကြီးဝယ်ရဖို့မဖြစ်နိုင်!

အရသာ၊ အနံ့၊ အာဟာရကြွယ်ဝခြင်းနှင့် အနံ့အရသာပြည့်စုံခြင်းတို့ကို ချင်လင်ကအမှတ်တမဲ့ထားလိုက်သည်။

သူ့အကြည့်တို့က ဗိုက်တာမင် VPP ၏အိုမင်းဆန့်ကျင်အာနိသင်ဆီရောက်နေ၏။

နောက်ဆုံးတော့ ရှန်းရွှေလက်ဆောင်ဆန်က ဘာလို့မြို့ထဲကစျေးကြီးတဲ့ဆန်အတော်များများကိုကျော်ပြီး ဂုဏ်သရေရှိတွေကိုဆက်သရတဲ့ဆန်ဖြစ်လာသလဲဆိုတာ သူနားလည်လိုက်ပြီ။

စနစ်ကပေးထားတဲ့အရည်အသွေးတွေအားလုံးက ပစ္စည်းရဲ့နဂိုမူလအရည်အသွေးကိုထပ်ပေါင်းထည့်ထားခြင်းဖြစ်၏။ တစ်နည်းဆိုရသော် ရှန်းရွှေလက်ဆောင်ဆန်ကိုယ်တိုင်ကိုက အိုမင်းဆန့်ကျင်အာနိသင်ရှိခြင်းပင်။

ဤသည်မှာ အမှန်တကယ်တန်ဖိုးဖြတ်မရသော ဆန်အမျိုးအစားဖြစ်လေသည်။ စျေးကြီးရုံသာမက အမြင်လည်းလှ၏။ စျေးထဲတွင်ရောင်းသောဆန်မှာ အတုအပဖြစ်ရင်ဖြစ်မည်။ ရှန်းရွှေဆန်ဆိုပါကလည်း ရှန်းရွှေလက်ဆောင်ဆန်မဟုတ်ပေ။

ရှန်းရွှေဆန်နှင့်ရှန်းရွှေလက်ဆောင်ဆန်မှာ စကားလုံးတစ်လုံးသာကွာသော်လည်း မတူကြချေ။ ဆီနှင့်ရေလိုပင်ဖြစ်သည်။

ဂိမ်းအပြင်အဆင်အရ သူ့ရှေ့ရှိဆန်မှာ အလိုအလျောက်အထုပ်ကလေးများထုပ်ပြီးသားဖြစ်သည်။ ၅၀ ကတ်တီအချိန်ရှိသော အထုပ်နှစ်ထုပ်ဖြစ်၏။ ထိုအပေါ်တွင် ''ရှန်းရွှေလက်ဆောင်ဆန်''ဟူသောစာလုံးကို ရှင်းရှင်းရေးထားသည်။

ချင်လင်ကရှေ့တိုးပြီး အိတ်တစ်အိတ်ကိုဖွင့်ကာ စစ်ကြည့်လိုက်၏။

ဆန်စေ့များမှာ ကျောက်စိမ်းကဲ့သို့စိမ်းနေပြီး သလင်းကျောက်လိုကြည်နေသည်။ သာမန်ဆန်နှင့် အနည်းငယ်ကွာခြားသည်မှာအမှန်ပင်။

သူက ရှန်းရွှေလက်ဆောင်ဆန်တစ်ထုပ်ကို ဂိမ်းအပြင်တန်းထုတ်လိုက်သည်။ မာလဲ့ဝမ်ကိုကတိပေးထားသော အရည်အသွေး ၂ ရုံးပတီ၊ ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းတို့ကိုလည်း ထုတ်လိုက်၏။

ကန်စွန်းဥနှင့်ပန်းပွင့်စိမ်းမှာ အများကြီးမရှိပေ။ ရုံးပတီသီးကိုပိုယူခဲ့သော်လည်း ၁၀ ကတ်တီကျော်မျှသာရှိတော့သည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကိုမျက်နှာသာပေးချင်လျှင်တောင် အများကြီးမပေး။

သည်တစ်ကြိမ်အများကြီးပေးလိုက်လျှင် နောင်တွင်မျက်နှာလုပ်ဖို့ခက်သွားလိမ့်မည်။

သုံးဘီးကားပေါ်အားလုံးတင်ပြီးနောက် စံအိမ်ဆီသို့မောင်းလာခဲ့သည်။

နေ့လယ်ရောက်ခါနီးလျှင် စံအိမ်မှာပို၍အသက်ဝင်လာလေသည်။

နိုင်ငံခြားခရီးသည်များမှာ သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ကိုကြည့်ရှုပြီးနောက် အဆောတလျင်မဟုတ်လျှင် ချက်ပြုတ်ရန်မီးဖို၊အကင်စက်များနှင့်နေခဲ့ကြပေမည်။

ဤသည်မှာ ဒီလိုနေရာမျိုးကိုလာရခြင်း၏ပြည့်စုံသောပျော်ရွှင်မှုပင်။

ချင်လင်က သုံးဘီးကားကိုခန်းမအပြင်မောင်းလာခဲ့ပြီး ချန်တပေက သူ့ကိုလာကြိုသည်။

''ဒီဆန်ကို အထဲသယ်သွားလိုက်'' ချင်လင်ကတန်းညွှန်ကြားလိုက်၏။ သူကလည်း အရည်အသွေး ၂ ရုံးပတီ၊ ကန်စွန်းဥ၊ ပန်းပွင့်စိမ်းများနှင့် လျှောက်ဝင်သွားလိုက်သည်။

ချန်တပေနှင့်လုံခြုံရေးအစောင့်က ချက်ချင်းလှုပ်ရှားလိုက်၏။

ချင်လင်လည်းခန်းမထဲဝင်လိုက်ရာ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့ကိုမြင်သည်။ ထို့နောက် သူကရှေ့ဆက်လျှောက်လိုက်ပြီး_ ''လူကြီးမင်းချန် လူကြီးမင်းမာ... ကျွန်တော် ရုံးပတီ ကန်စွန်းဥနဲ့ ပန်းပွင့်စိမ်းတွေယူလာခဲ့ပါတယ်... နေ့လယ်ကျရင် ရှန်းရွှေလက်ဆောင်ဆန်လည်း မြည်းကြည့်ခိုင်းပါဦးမယ်''

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်း ရှန်းရွှေလက်ဆောင်ဆန်ကိုစောင့်နေကြလေသည်။



သူတို့ကဇာတ်လမ်းကိုသိထားပြီး ဒီဆန်ရဖို့ဘယ်လောက်ခက်သလဲဆိုတာကိုလည်းသိ၏။ ဒေသခံတွေအတွက် ရှန်းရွှေလက်ဆောင်ဆန်အစစ်ကိုဝယ်နိုင်ဖို့ခက်ခဲသည်။

၄င်းဆန်မှာ ရိတ်သိမ်းပြီးသည်နှင့်တပြိုင်နက် မြို့ထဲပို့ရလေသည်။ မြို့တော်လိုနေရာမျိုးတွင် ဘယ်သူ့အတွက်တည်ခင်းရသည်မှာအထင်အရှား။ တစ်ခါကသူတို့ ထိပ်တန်းသူဌေးတစ်ဦး၏ပွဲတွင်တွေ့ခဲ့ဖူးသည်။ အကြီးအကျယ်ချမ်းသာသောသူဌေးတစ်ဦးက နာမည်ကြီးရှန်းရွှေလက်ဆောင်ဆန်အကြောင်းကြားဖူး၍ ၂၀ ကတ်တီလောက်စမ်းဝယ်ရမလားမေးခဲ့သည်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးရုံသာတတ်နိုင်ကြ၏။

ထိုအချိန်တွင် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်ကလည်း ချန်တပေဆန်အိတ်သယ်လာသည်ကိုမြင်သည်။ သူတို့က 'ရှန်းရွှေလက်ဆောင်ဆန်'ဟုရေးထားသောအိတ်ကိုမြင်လျှင် မှင်သက်သွား၏။

“???” ချန်ရှန်းဖေ။

“???” မာလဲ့ဝမ်။

ရှန်းရွှေလက်ဆောင်ဆန်?

ချင်လင်ကလည်း ချန်တပေအားညွှန်ကြားလိုက်သည်_ ''ဒီဆန်ကိုသက်သက်ထား... ဆရာလင်းကို လူကြီးမင်းချန်နဲ့လူကြီးမင်းမာအတွက် အထူးချက်ခိုင်းလိုက်''

''ကောင်းပါပြီ သူဌေး!'' ချန်တပေကခေါင်းညိမ့်ပြီး ဆန်ကိုမီးဖိုချောင်ထဲသယ်သွားလိုက်သည်။

ချန်ရှန်းဖေကမျက်မှောင်ကြုတ်လိုက်ပြီး_ ''သူဌေးချင်... မင်းအလိမ်ခံရပြီထင်တယ်''

မာလဲ့ဝမ်ကခေါင်းညိမ့်လိုက်ပြီး ပါးပါးနပ်နပ်ပြောလိုက်သည်_ ''ဟုတ်တယ်... ရှန်းရွှေလက်ဆောင်ဆန်ကအရမ်းရှားတယ်... လောင်ချန်နဲ့ငါက ရှားရှားပါးပါးဝယ်လို့ရဖူးတယ်... ရတာက ၁၀ ကတ်တီမကျော်ဘူး''

ဒီအိတ်က ကတ်တီ ၅၀ ဟုတ်လား? ရှန်းရွှေလက်ဆောင်ဆန်ဒီလောက်အများကြီးကို တစ်ကြိမ်တည်းနဲ့ဝယ်နိုင်တယ်ဆိုတာ ရယ်စရာကောင်းနေပြီ။

အများကြီးဝယ်လို့ရဖို့ဆိုတာ မဖြစ်နိုင်ဘူး။

စျေးထဲမှာ အတုအပပစ္စည်းတွေအများကြီးရှိတာအမှန်ပင်။ အကြောင်းမသိတဲ့သူက အချဉ်ဖမ်းခံရပြီး ပစ္စည်းမှားဝယ်မိနိုင်သည်။

အမှန်တော့ သေသေချာချာတွေးကြည့်လျှင် စုစုပေါင်းထုတ်ကုန်များကြောင်းသာ သိပေလိမ့်မည်။ မြို့တော်ကိုပို့သည်ကလွဲ၍ ဘယ်လိုလုပ်ပြီးစျေးထဲမှာရောင်းဖို့ဝေစုရပါ့မလဲ?

ချင်လင်ကသူတို့စကားကိုကြားလျှင် မှင်တက်သွားသည်။ သူကလှည့်စားခံရမည်ဟုမထင်ခဲ့။

သို့သော် သူ့ဆန်ကအစစ်ဖြစ်လေသည်။

သို့သော်သူထိုအကြောင်းတွေးကြည့်တော့ သူသာဆိုလျှင်လည်း ရှန်းရွှေလက်ဆောင်ဆန် ကတ်တီ ၅၀ ကျော်တွေ့ပါက လှည့်စးခံရပြီဟုပင်တွေးမိပေမည်။

ဤသည်ကသူ့အား ဆန်ပမာဏအများကြီးထုတ်ယူလာရန်မသင့်တော်ဟု သတိပေးလိုက်သလိုရှိ၏။ မဟုတ်လျှင် တစ်နေ့ကတ်တီ ၁၀၀ ဆိုပါက တစ်လကတ်တီ ၃၀၀၀ ဖြစ်သွားပေမည်။ တစ်နှစ်ကိုရှန်းရွှေလက်ဆောင်ဆန်ကတ်တီဘယ်လောက်များများထွက်နိုင်ပါသလဲ? သူတစ်လကို ၁.၅ ကတ်တီသာထုတ်၍ရပေမည်။

အရမ်းအံ့သြစရာကောင်းသွားမလား?

ဒါမှမဟုတ် သူကိုယ်တိုင်ထုတ်လို့ရမလား?

ထိုသို့တွေးမိသည်နှင့် ဂိမ်းထုတ်ကုန်မျိုးစေ့များကိုသတိရပြီး ဂိမ်းထဲမှမျိုးစေ့များကိုရယူရန် ချက်ချင်းဆုံးဖြတ်လိုက်၏။

တကယ်သူကိုယ်တိုင်ထုတ်နိုင်တယ်ဆိုရင်ရော?

သို့သော် ချန်ရှန်းဖေနှင့်မာလဲ့ဝမ်တို့၏စကားများကိုကြားသော် ချင်လင်ကအံ့သြချင်ယောင်ဆောင်လိုက်ပြီး_ ''မဖြစ်နိုင်ဘူး ဟုတ်တယ်မလား? ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက်သိလာတာကြာပြီ... အရင်ကကျွန်တော့်ကို တစ်ခါမှမလိမ်ခဲ့ဖူးဘူး''

သူကအမှန်ပင် ဘာမှမသိသလိုဟန်ဆောင်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ဦးကိုအရင်ဆန်တွေနှင့်ခွဲခြားစေချင်ကြောင်းမပြောသင့်သော်လည်း ထိုသို့သာအမှန်ဟုပြောလိုက်ရမည်မဟုတ်ပါလား?

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လည်းပြုံးပြီး ဘာမှမပြောတော့ချေ။ ဘာပဲဖြစ်ဖြစ် သူဌေးချင်လည်းလှည့်စားခံရတော့ စိတ်ပျက်နေမှာပဲဟုသာ။



ချင်လင်က သူတို့နှစ်ဦးကိုမနှောင့်ယှက်တော့ဘဲ ခြံဝင်းထဲတဖန်ဆင်းမည်အပြုတွင် ကျောက်မိုချင်းအပြင်မှဝင်လာသည်ကိုတွေ့လိုက်ရ၏။ သူမက ပလတ်စတစ်အိတ်ပါးလေးနှင့်ထုတ်ထားသော ဟန်လူမျိုးဝတ်စုံကိုပိုက်ထားသည်။ သူမကဝင်လာလာချင်းပင် ကောင်းယောင်ယောင်အား_ ''ယောင်ယောင်... နေ့လယ်အားတဲ့အချိန်ကျရင် ဒီအဝတ်အစားလေးလဲလိုက်... အစ်မမင်းကို ဗီဒီယိုရိုက်ပေးမယ်''

''ကောင်းပါပြီ အစ်မမိုချင်း'' ကောင်းယောင်ယောင်ကခေါင်းညိမ့်၍ ဟန်ဝတ်စုံကိုသေသေချာချာယူလိုက်သည်။

ချင်လင်ကကျောက်မိုချင်းရှေ့သို့လျှောက်သွားလိုက်ပြီး အပြုံးနှင့်မေးလိုက်၏_ ''မိုချင်း... ပြန်စဉ်းစားကြည့်ပြီးပြီလား? စံအိမ်ကိုလာပြီး ကိုယ့်ကိုကူညီဖို့... ကိုယ်တကယ်ပဲ ဘဏ္ဍာရေးကိစ္စတွေကို တခြားသူနဲ့လွှဲထားရမှာစိတ်ပူတယ်... ကိုယ့်ဇနီးကိုပဲစိတ်ချတယ်''

ကျောက်မိုချင်းက_ ''ဟွန့်... ကျွန်မကိုမလောပါနဲ့... ကျွန်မဦးလေးကို ဒီနေ့ညပြောလိုက်ပါ့မယ်... သူသဘောတူတာနဲ့ မနက်ဖြန်အလုပ်ထွက်မယ် ဟုတ်ပြီလား?''

…

မီးဖိုချောင်ထဲတွင်_

ဆရာလင်းမှာအလုပ်များနေသည်။ နေ့တိုင်းဒီလိုအချိန်ဆို အလုပ်ရှုပ်ရမြဲ။ ခရီးသည်အများစုက မည်သို့ချက်ပြုတ်ရမည်မသိကြချေ။ သုံးပွင့်ဆိုင်ပန်းပင်လယ်ကိုကြည့်ပြီးသည်နှင့် မှာစားကြလေ၏။

ထိုအချိန်တွင်ရုတ်တရက် ဆရာလင်းမှာ ထမင်းအိုးမှထွက်သောအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ ကြည့်ရတာ လူကြီးမင်းချန်နှင့်လူကြီးမင်းမာတို့အတွက် အထူးချက်သောဆန်ကြောင့်ဖြစ်ပုံရ၏။

“အနံ့ကအရမ်းမွှေးတာပဲ!''

''မင်းရောအနံ့ရလား... ငါစိတ်ထင်တယ်မှတ်နေတာ''

“…”

မီးဖိုချောင်အကူကလည်း ထိုအမွှေးနံ့ကိုရပြီး အံ့သြနေသည့်ပုံပင်။

ဆန်ကမွှေးရနံ့ရှိသော်လည်း ထမင်းပေါင်းအိုးနှင့်ချက်သည့်အခါ အနံ့မရတတ်ပေ။ အရင်ကဆန်မွှေးရနံ့မှာ ထင်းမီးနှင့်ပေါင်း၊ထင်းမီးနှင့်ချက်မှ အနံ့ရတတ်သည်။

သို့သော်ယခုမွှေးရနံ့မှာ လုံးဝမတူတော့ချေ။

ချက်သည့်ဆန်မှာ တစ်ကတ်တီပင်မပြည့်သော်လည်း အမှန်ပင်အလွန်နူးနူးညံ့ညံ့မွှေးနေသည်။ လူတိုင်းမအံ့သြဘဲမနေနိုင်ကြပေ။

နေ့လယ်ပိုင်းတွင်_

ခန်းမမှာ အသက်ဝင်လာသည်။ ထမင်းစားပွဲများတွင် လူများပြည့်နေသော်လည်း ထိုင်ခုံကအကန့်အသတ်ရှိနေ၏။ အတော်များများက စီရင်စုမြို့ထဲတွင်သွားစားရန် စံအိမ်မှထွက်လာကြရသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ အရည်အသွေး ၂ ဖရဲသီးနှင့်စတော်ဘယ်ရီများကိုစားနေကြ၏။

ထိုအရသာရှိသောအချိုတည်းစရာမှာလည်း စိတ်ကျေနပ်စရာပင်။

အရည်အသွေး ၂ ကကတစ်ငါးတည်ခင်းသောအခါ သူတို့နှစ်ယောက်လုံးတူကောက်ကိုင်ကာမြည်းလိုက်ကြသည်။

''လူကြီးမင်းတို့... ကျွန်တော်တို့သူဌေးက လူကြီးမင်းတို့အတွက် အထူးဆန်ကိုချက်ထားပါတယ်!'' စားပွဲထိုးက ထမင်းကိုတဖန်တည်ခင်းလိုက်၏။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။

ဒါသူဌေးချင်ရဲ့ရှန်းရွှေလက်ဆောင်ဆန်ပဲဖြစ်မယ် ဟုတ်တယ်မလား?

''အနံ့မွှေးလိုက်တာ'' မာလဲ့ဝမ်က အံ့သြစွာပြောလိုက်သည်။

ချန်ရှန်းဖေကလည်း_ ''ဟုတ်တယ်... ဒီအနံ့ကအရမ်းမွှေးတယ်''

သူတို့နှစ်ဦးစလုံးမှာ နူးညံ့သောအမွှေးနံ့ကြောင့် လုံးဝဆွဲဆောင်ခံလိုက်ရ၏။

သူတို့နှစ်ဦးက တူကောက်ကိုင်ပြီးစားလိုက်ကြသည်။ သို့သော်တခဏချင်း သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက်မယုံနိုင်စွာကြည့်လိုက်ကြ၏။

ဒီအရသာနဲ့အထိအတွေ့က။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

All Chapters